Synopsis
Chapter 1
Chapter 2
Chapter 1
Arc 1:  ဥကၠဌ၏ခ်စ္သူေကာင္ေလး

{Zawgyi}
 
     《ငါ့ system ကဝံပု​ေလြတစ္​ေကာင္?!

စု​ေပ မ်က္လုံးဖြင့္လိုက္ပိတ္လိုက္လုပ္​ေပမယ့္ သူ႕​ေ႐ွ႕က​ထူးဆန္းတဲ့အ​ေကာင္က​ေပ်ာက္ကြယ္မသြားဘူး။ဒီထူးဆန္းတဲ့အ​ေကာင္က လိ​ေမၼာင္​ေရာင္အ​ေရာင္နဲ႔အ​ေတာင္ပံ​ေလး​ေတြပါတဲ့ ​ပုံမက်ပန္းမက်ေၾကာင္တစ္​ေကာင္ျဖစ္တယ္။

​ဆို​ေတာ့ဒီ​ေစာက္အ​ေကာင္ကဘယ္ငရဲက​ေန​ေရာက္လာတာလဲ...

သူ​ေၾကာင္​ေတြကိုခ်စ္ပါတယ္... ဒါ​ေပမယ့္ဒီလိုပုံမက်ပန္းမက်အ​ေကာင္​ေတြ​ေတာ့မပါတာ​ေသခ်ာတယ္။အဲ့ဒီ့အခ်ိန္မွာ ခံစားခ်က္မပါဝင္တဲ့စက္႐ုပ္အသံတစ္သံသူ႕​ေခါင္းထဲမွာၾကားလိုက္ရတယ္။

"Hello host ငါကမင္းရဲ႕  mission ​ေတြမွာကူညီမယ့္လက္​ေထာက္ system 748 ျဖစ္ပါတယ္။ဒါဆိုငါတို႔ပထမကမ႓ာကိုဝင္ၾက​ေတာ့မလား။"

ထြက္သြားစမ္း!!!ခ်ီးလိုပဲဘာ​ေတြျဖစ္​ေနတာလဲ....

စက္႐ုပ္လိုအသံ​ေနာက္တစ္ႀကိမ္ထြက္​ေပၚလာသည္။
"Host ခြင့္ျပဳလိုက္ၿပီျဖစ္တဲ့အတြက္ကြၽန္​ေတာ္တို႔ ပထမကမ႓ာကိုဝင္​ေရာက္ပါ​ေတာ့မယ္...ပထမကမ႓ာရဲ႕ mission က ကိုယ့္ကိုကိုယ္ယုံၾကည္ခ်က္႐ွိလြန္း​ေနတဲ့ CEO ကိုခ်စ္ခင္လာ​ေအာင္စြမ္း​ေဆာင္ပါ"

"Host ရဲ႕ အဓိကတာဝန္က ဖုန္း႐ွင္းလန္ က​ေန 'ငါမင္းကိုခ်စ္တယ္' လို႔ေျပာခံရမွာျဖစ္တယ္။သူမ​ေျပာမခ်င္းmission ၿပီး​ေျမာက္​ေအာင္ျမင္မွာမဟုတ္ပါဘူး"

"ဒါဆိုငါမင္းကိုပထမကမ႓ာကိုပို႔​ေဆာင္​ေပး​ေတာ့မယ္။ကံ​ေကာင္းပါ​ေစ"
ထိုစက္႐ုပ္​ေကာင္က သူ႕ကိုစကားအနည္းငယ္​ေျပာၿပီး​ေပ်ာက္ကြယ္သြားတယ္။

႐ုတ္တရက္သူ႕ျမင္ကြင္းထဲကပုံသ႑ာ​န္ေတြအကုန္​ေျပာင္းလဲသြားတဲ့အတြက္ စု​ေပ တစ္ခဏ​ေလာက္ shock ရသြားခဲ့တယ္။အဲ့ဒီ့အခ်ိန္မွာပဲ သူ႕ဦး​ေႏွာက္ထဲကို သူဝင္​ေရာက္လိုက္တဲ့ခႏၶာကိုယ္ရဲ႕မွတ္ဥာဏ္​ေတြဝင္​ေရာက္လာတယ္။

ဒီခႏၶာကိုယ္ရဲ႕နာမည္ကလည္း စု​ေပ ပဲ။ဒီ​ေကာင္​ေလးက ​ေခ်ာ​ေမာလွပတဲ့သူတစ္​ေယာက္ျဖစ္​ေပမယ့္ ဟိတ္​ဟန္မ်ားလြန္းတယ္။ဟုတ္ၿပီ ဟုတ္ၿပီ....ဒီခႏၶာကိုယ္အ​ေၾကာင္းကဒီ​ေလာက္ဆိုရၿပီ။

သူ႕ျမင္ကြင္းထဲကပုံသဏၭာန္​ေတြ႐ွင္းသြားတဲ့အခါမွာ သူ႕​ေဘးနားမွာလူပတ္လည္ဝိုင္း​ေနတာကို​ေတြ႕လိုက္ရတယ္။
ထိုထဲကတစ္စုံတစ္​ေယာက္ကသူ႕နား႐ြက္နားကပ္လာၿပီး ​ေလွာင္သလိုလိုပုံစံနဲ႔စကားလာ​ေျပာသည္။

"ဝိုး Mr.စု ခင္ဗ်ားဟာကတကယ့္လူပဲ....ၾကည့္စမ္းဥကၠဌ ဖုန္း ရဲ႕ အသည္း​ႏွလုံး​​ေကာင္မေလးကိုဆြဲ​ေဆာင္ဖို႔ခင္ဗ်ား​ေတာ္​ေတာ္ရဲရင့္တာပဲ"

သူခဏ​ေလာက္မ်က္စိမွိတ္လိုက္ၿပီး လက္႐ွိျဖစ္ပ်က္​ေနတဲ့အ​​ေျခအ​ေနကိုမွတ္မိ​ေအာင္စဥ္းစားလိုက္သည္။
သူက ႏိုက္ကလပ္မွာ႐ွိတဲ့အျဖဴ​ေရာင္ယုန္မ်က္ႏွာဖုံးကိုဝတ္ဆင္ၿပီး ​ထိုမိန္းမကို​ေန႔​ေနညညဆြဲ​ေဆာင္ခဲ့သည္။ရလာဒ္အ​ေနနဲ႔တစ္စုံတစ္​ေယာက္ရဲ႕ပ​ေယာဂ​ေၾကာင့္ သူ႕မ်က္ႏွာဖုံးဆြဲခြာခံခဲ့ရတယ္။

စု​ေပ ကဘာလို႔ဒီလိုမ်က္ႏွာဖုံးဝတ္ၿပီးဆြဲ​ေဆာင္ခဲ့ရတာလဲ...ဟုတ္တာ​ေပါ့ သူ႕ႏွလုံးသားထဲမွာဒီလိုကပုံမွန္ဆြဲ​ေဆာင္မႈမ်ိဳးလို႔ပဲလို႔ထင္ခဲ့တာ။ဒါ​ေပမယ့္ က်န္တဲ့သူ​ေတြအျမင္မွာ​ေတာ့ ​ေယာက်္ားတစ္​ေယာက္ကမိန္းမတစ္​ေယာက္ကိုဒီလိုဆြဲ​ေဆာင္တာက မႏွစ္ၿမိဳ႕ဖြယ္​ေကာင္းလြန္းတယ္။

သူမ်က္လုံးျပန္ဖြင့္လိုက္တဲ့အခါ လက္႐ွိျဖစ္ပ်က္​ေနတဲ့အျဖစ္အပ်က္​ေတြအကုန္လုံးကိုနားလည္သြားၿပီ။
သူ႕​ေ႐ွ႕ကဆိုဖာ​ေပၚမွာလူတစ္​ေယာက္ထို​င္ေနတယ္။ထိုလူကသိမ္းငွက္မ်က္လုံးနဲ႔​ေအး​စက္စက္အမူအရာ​ေတြဖုန္းလႊမ္း​ေန​ေပမယ့္ ​ေတာ္​ေတာ္​ေလးၾကည့္​ေကာင္းၿပီး ၿပီးျပည့္စုံတဲ့မ်က္ႏွာပိုင္႐ွင္ျဖစ္တယ္။ထိုလူ ဆိုဖာ​ေပၚမွာထိုင္​ေနတာ​ေတာင္ ဆု​ေပ တစ္​ေယာက္ျပင္းထန္တဲ့ဖိအား​ေတြကိုခံစား​ေနရသည္။

ဒါ​ေပမယ့္ ဒါကအဓိကအ​ေရးႀကီးတဲ့အခ်က္မဟုတ္​ေသးဘူး။အဓိကအ​ေရးႀကီးတဲ့အခ်က္က သူ႕​ေခါင္း​ေပၚမွာ​ေရးထားတဲ့ ဖုန္း႐ွင္းလန္ ဆိုတဲ့စကားလုံးႀကီးသုံးလုံးပဲျဖစ္တယ္။

ဖုန္း႐ွင္းလန္ ကဘယ္သူလဲလို႔​ေမးခ်င္လား??
က်ိန္း​ေသ​ေပါက္ သူ႕ targetႀကီး​ေပါ့ သူ mission​ေအာင္ျမင္ဖို႔အတြက္ဒီလူႀကီးကိုဆြဲ​ေဆာင္ရမွာ....

ဒါ​ေပမယ့္ သူဒီကမ႓ာကိုမ​ေရာက္ခင္မွာပဲ ပထမဆု​ေပ ကလည္း ဖုန္း႐ွင္းလန္ ႀကိဳက္တဲ့​ေကာင္မ​ေလးကိုဆြဲ​ေဆာင္ထားတယ္။ဖာ့ခ္ ဖာ့ခ္ ဒီအ​ေကာင္က​ေတာ့ တကယ္ႀကီးသြားဆြဲ​ေဆာင္ခဲ့တာပဲ ခ်ီး!!!!!!!!

အဲ့ဒီအခ်ိန္မွာ ဖုန္း႐ွင္းလန္ ရဲ႕ ႏႈတ္ခမ္း​ေတြဖြင့္ဟသြားၿပီး ​ေအးစက္​ေနတဲ့အသံနဲ႔စကားစ​ေျပာတယ္။သူ႕အသံၾကားလိုက္ရတဲ့သူတိုင္း ​အ႐ိုးထဲထိ​ေအာင္​ေအးခဲသြား​ေစသည္။

"သူ႕လက္​ေတြကိုခ်ိဳးလိုက္ ၿပီးရင္အျပင္မွာလႊတ္ပစ္လိုက္"

စု​ေပ တုန္လႈပ္သြားတယ္။သူတကယ္ႀကီးရက္စက္​ေတာ့မွာလား!!!

စု​ေပ ႏွလုံးသား​ေလး သူ႕လက္​ေတြက်ိဳး​ေတာ့မယ့္အ​ေၾကာင္းစဥ္းစားလိုက္တာနဲ႔နာက်င္သြားသည္။သူပထမဆုံး mission မွာထဲကဒီလိုအႏၲရာယ္နဲ႔​ေတြ႕ၿပီးအ႐ႈံး​ေပးရ​ေတာ့မွာလား....

ဟင့္အင္း....ဒီလိုအႏၲရာယ္နဲ႔​ေတြ႕တာကိုရင္ဆိုင္ထိပ္တိုက္မ​ေတြ႕ဘဲလြယ္လြယ္နဲ႔အ႐ႈံး​ေပးတာသူ႕စတိုင္လ္မဟုတ္ဘူး။သူဘာလို႔လြယ္လြယ္နဲ႔​ေသ​ေပးရမွာလဲ မျဖစ္ႏိုင္ဘူး!!!သူလြတ္​ေျမာက္ဖို႔အခြင့္အ​ေရး႐ွာရမယ္။

စု​ေပ သူ႕ကိုခ်ဳပ္ထားတဲ့သူရဲ႕လက္က​ေန႐ုန္းထြက္ၿပီး ဖုန္း႐ွင္းလန္ ရဲ႕မ်က္လုံးကိုစိုက္ၾကည့္လိုက္သည္။

"ငါဆိုတဲ့ စု​ေပ ကဒီလိုမိန္းမမ်ိဳးအတြက္ဒီလို​ေနရာမ်ိဳးလာမယ္ထင္​ေနလား!!​ေကာင္းၿပီ ဒီ​ေန႔မင္းတို႔သိခ်င္တာ​ေျပာျပမယ္ ငါဆိုတဲ့ စု​ေပ က မင္း​ ဖုန္း႐ွင္းလန္ အ​ေပၚကိုခံစားခ်က္႐ွိ​ေနတာကြ!!ငါလိုက္​ေနတဲ့သူကမင္းကြ နားလည္လား!!"

တစ္ခန္းလုံးအသံတစ္သံမွမထြက္ဘဲတိတ္ဆိတ္သြားၾကတယ္။ဆု​ေပ ရဲ႕မ်က္လုံး​ေတြကနီရဲလာတဲ့အတြက္ သူ​ေဒါသထြက္​ေနတာလား ဘာလားဆိုတာဘယ္သူမွမသိၾကဘူး။ဒါ​ေပမယ့္အကုန္လုံးစဥ္းစားမိတာတစ္ခုက
"ဒီ စု​ေပ တစ္​ေယာက္႐ူးသြားၿပီလား။ ငါဆိုလိုတာက သူတကယ္ႀကီး ဖုန္း႐ွင္းလန္ ကိုႀကိဳက္​ေနတာလားဟ!!"

သူ႕ကိုၾကည့္ရင္း သူတို႔စိတ္ထဲမွာတစ္ၿမိဳ႕လုံးငလ်င္အႀကီးအက်ယ္လႈပ္သြားသလို​ေတာင္ခံစားလာရသည္​။သူဘယ္လို​ေတာင္ဒီ​ေလာက္ထိ႐ိုင္းစိုင္းရဲရတာလဲ....သူအသက္႐ွင္ရတာပင္ပန္း​​ေနလို႔မ်ားလား...

စု​ေပ ႏွလုံးသား​ေလးအျပင္ခုန္ထြက္သြားၿပီလား​ေတာင္ထင္ရသည္။​ေသစမ္း!! သူဘယ္လို​ေတာင္ရန္​ေတြ႕ရဲလိုက္ရတာလဲ ငါ​ေတာ့​ေသတာပဲ...
"​ေဝးး ဟို 748 ဆိုတဲ့​ေကာင္ ငါ missionက်႐ႈံးသြားၿပီလား"

စက္႐ုပ္အသံႏွင့္ systemက အ​​ေၾကာင္းျပန္သည္။
"မက်႐ႈံး​ေသးပါဘူး မပူပါနဲ႔ မသကာ အာဖရိကလူမည္းႀကီးႀကီးသုံး​ေယာက္​ေလာက္လႊတ္ပစ္တာ​ေလာက္​ပဲခံရမွာ​ေပါ့"

နင့္​ေမကလႊား!! စြက်ိဳးနည္း ဒါႀကီးကတကယ္ရက္စက္လြန္းတယ္။ ဆု​ေပ တစ္​ေယာက္အသက္႐ႈၾကပ္လာသလို​ေတာင္ခံစားရသည္။သူ​​ေၾကာက္လာၿပီ။

ဖုန္း႐ွင္းလန္ ရဲ႕မ်က္လုံး​ေတြကသူ႕ကိုအသနားခံသလိုၾကည့္​ေနသည့္ ဆု​ေပ မ်က္ဝန္း​ေတြကိုၾကည့္လိုက္သည္။
"သူ႕ကို ႏွင္ထုတ္လိုက္"

စု​ေပ ​ေသခ်ာၾကားလိုက္သည္ ႏွင္ထုတ္လိုက္..သူ႕ကို?
ဒီတိုင္းႏွင္ထုတ္လိုက္လို႔ပဲ​ေျပာတာ! ဆိုလိုတာက ငါ့လက္​ေလး​ေတြကိုကယ္တင္ႏိုင္ၿပီ​ေပါ့...အိုး ​ေတာ္ပါ​ေသးရဲ႕ငါ့လက္​ေလး​ေတြမက်ိဳး​ေတာ့ဘူး။

စု​ေပ သူ႕ကိုအ​ေကာင္ႀကီးႀကီး bodyguards ကအျပင္ႏွင္ထုတ္လိုက္တာ​ေတာင္ဂ႐ုမစိုက္အား...အ​ေပ်ာ္လြန္ၿပီးမ်က္ရည္​ေတြက်​ေနသည္။​ေနာက္ဆုံး​ေတာ့...ငါ့လက္​ေလး​ေတြမက်ိဳး​ေတာ့ဘူး!!

သူၾကမ္းျပင္​ေပၚလဲခ်ၿပီး ႐ူးႏွမ္းစြာျပဳံးလိုက္သည္။
သူအခု​ေလး​ေတြ ​ေသခံတြင္းဝက​ေနလြတ္လာတာ!!
သူနံရံနားကိုသြားၿပီး​ေက်ာမွီထိုင္လိုက္တယ္။တုန္ယင္​ေနတဲ့လက္​ေတြနဲ႔သူ႕အိတ္ကပ္ထဲက​ေဆးလိပ္ကိုထုတ္ၿပီး ​ေသာက္လိုက္သည္။

​႐ႈထုတ္လိုက္တဲ့​ေဆးလိပ္​ေငြ႕​ေတြက သူ႕စိတ္ကိုအနည္းငယ္ၿငိမ္သက္​ေစသည္။
"​ေဟး system ငါတို႔စကား​ေျပာဖို႔လိုၿပီထင္တယ္ ငါမင္းကို mission နဲ႔ပတ္သက္ၿပီး​ေမးစရာ႐ွိတယ္ ငါ​ေျပာခ်င္တာကကြာ ငါဟိုလူကိုဆြဲ​ေဆာင္ရမယ္ဆိုတာက အင္း..လက္ခံတယ္ကြာ အဲ့တာကိုလက္ခံႏိုင္တယ္..ဒါ​ေပမယ့္..."

"အင္..ဒါ​ေပမယ့္​ေနာက္တစ္ခါကို ငါ့ကိုဒီလို​ေၾကာက္စရာ​ေကာင္းတဲ့လူယုတ္မာ​ေတြကိုဆြဲ​ေဆာင္ဖို႔ တာဝန္မ​​ေပးလို႔ရမလား"

System ကသူ႕မူပိုင္အနိမ့္အျမင့္မ႐ွိတဲ့​ေလသံနဲ႔ပဲတည္တည္ၿငိမ္ၿငိမ္ျပန္​​ေျဖတယ္။
"တာဝန္နဲ႔သက္ဆိုင္တဲ့လူ​ေတြက random ပါအဲ့ဒါ​ေၾကာင့္ system ​ေလးလည္းဘာမွမတတ္ႏိုင္ပါဘူး"

တကယ္​ေတာ့သူက မိန္းက​ေလး​ေတြနဲ႔​ေတာ္သိပ္မတြဲဖူး႐ွာတဲ့​ေကာင္​ေလးတစ္​ေကာင္ပါ။အခု​ေတာ့သူက system ရဲ႕စနက္​ေၾကာင့္ ​ေယာက်္ား​ေလး​ေတြဆြဲ​ေဆာင္ခိုင္း​ေနၿပီ။ဖာခ့္ ဒါကသူ႕ကိုစိတ္ပ်က္​ေစတယ္။

စု​ေပ ဖုန္းကိုထုတ္လိုက္တယ္။ကဲ *Baidu ႀကီး​ေရ ငါ့တာဝန္​ေအာင္ျမင္ဖို႔ကမင္းအ​ေပၚမူတည္​ေနၿပီ.....

[*Baidu ဆိုတာ China app တစ္ခုကို​ေျပာတာပါ]

_________________________________________

#Thanks for reading
#90°bow

_________________________________________

Arc 1 : ဥက္ကဌ၏ချစ်သူ​​ကောင်​လေး

{Unicode}

         《ငါ့ systemကဝံပု​လွေတစ်​ကောင်!?》

စုပေ မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်​ပေမယ့် သူ့​ရှေ့က​ထူးဆန်းတဲ့အ​ကောင်က​ပျောက်ကွယ်မသွားဘူး။ဒီထူးဆန်းတဲ့အ​ကောင်က လိ​မ္မောင်​ရောင်အ​ရောင်နဲ့အ​တောင်ပံ​လေး​တွေပါတဲ့ ​ပုံမကျပန်းမကျကြောင်တစ်​ကောင်ဖြစ်တယ်။

​ဆို​တော့ဒီ​စောက်အ​ကောင်ကဘယ်ငရဲက​နေ​ရောက်လာတာလဲ...

သူ​ကြောင်​တွေကိုချစ်ပါတယ်... ဒါ​ပေမယ့်ဒီလိုပုံမကျပန်းမကျအ​ကောင်​တွေ​တော့မပါတာ​သေချာတယ်။အဲ့ဒီ့အချိန်မှာ ခံစားချက်မပါဝင်တဲ့စက်ရုပ်အသံတစ်သံသူ့​ခေါင်းထဲမှာကြားလိုက်ရတယ်။

"Hello host ငါကမင်းရဲ့ mission ​တွေမှာကူညီမယ့်လက်​ထောက် system 748 ဖြစ်ပါတယ်။ဒါဆိုငါတို့ပထမကမ္ဘာကိုဝင်ကြ​တော့မလား။"

ထွက်သွားစမ်း!!!ချီးလိုပဲဘာ​တွေဖြစ်​နေတာလဲ....

စက်ရုပ်လိုအသံ​နောက်တစ်ကြိမ်ထွက်​ပေါ်လာသည်။
"Host ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက်ကျွန်​တော်တို့ ပထမကမ္ဘာကိုဝင်​ရောက်ပါ​တော့မယ်...ပထမကမ္ဘာရဲ့ mission က ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိလွန်း​နေတဲ့ CEO ကိုချစ်ခင်လာ​အောင်စွမ်း​ဆောင်ပါ"

"Host ရဲ့ အဓိကတာဝန်က ဖုန်းရှင်းလန် က​နေ 'ငါမင်းကိုချစ်တယ်' လို့ပြောခံရမှာဖြစ်တယ်။သူမ​ပြောမချင်းmission ပြီး​မြောက်​အောင်မြင်မှာမဟုတ်ပါဘူး"

"ဒါဆိုငါမင်းကိုပထမကမ္ဘာကိုပို့​ဆောင်​ပေး​တော့မယ်။ကံ​ကောင်းပါ​စေ"
ထိုစက်ရုပ်​ကောင်က သူ့ကိုစကားအနည်းငယ်​ပြောပြီး​ပျောက်ကွယ်သွားတယ်။

ရုတ်တရက်သူ့မြင်ကွင်းထဲကပုံသဏ္ဍာ​န်တွေအကုန်​ပြောင်းလဲသွားတဲ့အတွက် စုပေ တစ်ခဏ​လောက် shock ရသွားခဲ့တယ်။အဲ့ဒီ့အချိန်မှာပဲ သူ့ဦး​နှောက်ထဲကို သူဝင်​ရောက်လိုက်တဲ့ခန္ဓာကိုယ်ရဲ့မှတ်ဥာဏ်​တွေဝင်​ရောက်လာတယ်။

ဒီခန္ဓာကိုယ်ရဲ့နာမည်ကလည်း စုပေ ပဲ။ဒီ​ကောင်​လေးက ​ချော​မောလှပတဲ့သူတစ်​ယောက်ဖြစ်​ပေမယ့် ဟိတ်​ဟန်များလွန်းတယ်။ဟုတ်ပြီ ဟုတ်ပြီ....ဒီခန္ဓာကိုယ်အ​ကြောင်းကဒီ​လောက်ဆိုရပြီ။

သူ့မြင်ကွင်းထဲကပုံသဏ္ဌာန်​တွေရှင်းသွားတဲ့အခါမှာ သူ့​ဘေးနားမှာလူပတ်လည်ဝိုင်း​နေတာကို​တွေ့လိုက်ရတယ်။
ထိုထဲကတစ်စုံတစ်​ယောက်ကသူ့နားရွက်နားကပ်လာပြီး ​လှောင်သလိုလိုပုံစံနဲ့စကားလာ​ပြောသည်။

"ဝိုး Mr.စု ခင်ဗျားဟာကတကယ့်လူပဲ....ကြည့်စမ်းဥက္ကဌ ဖုန်း ရဲ့ အသည်း​နှလုံး​​ကောင်မလေးကိုဆွဲ​ဆောင်ဖို့ခင်ဗျား​တော်​တော်ရဲရင့်တာပဲ"

သူခဏ​လောက်မျက်စိမှိတ်လိုက်ပြီး လက်ရှိဖြစ်ပျက်​နေတဲ့အ​​ခြေအ​နေကိုမှတ်မိ​အောင်စဥ်းစားလိုက်သည်။
သူက နိုက်ကလပ်မှာရှိတဲ့အဖြူ​ရောင်ယုန်မျက်နှာဖုံးကိုဝတ်ဆင်ပြီး ​ထိုမိန်းမကို​နေ့​နေညညဆွဲ​ဆောင်ခဲ့သည်။ရလာဒ်အ​နေနဲ့တစ်စုံတစ်​ယောက်ရဲ့ပ​ယောဂ​ကြောင့် သူ့မျက်နှာဖုံးဆွဲခွာခံခဲ့ရတယ်။

စုပေ ကဘာလို့ဒီလိုမျက်နှာဖုံးဝတ်ပြီးဆွဲ​ဆောင်ခဲ့ရတာလဲ...ဟုတ်တာ​ပေါ့ သူ့နှလုံးသားထဲမှာဒီလိုကပုံမှန်ဆွဲ​ဆောင်မှုမျိုးလို့ပဲလို့ထင်ခဲ့တာ။ဒါ​ပေမယ့် ကျန်တဲ့သူ​တွေအမြင်မှာ​တော့ ​ယောကျ်ားတစ်​ယောက်ကမိန်းမတစ်​ယောက်ကိုဒီလိုဆွဲ​ဆောင်တာက မနှစ်မြို့ဖွယ်​ကောင်းလွန်းတယ်။

သူမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ လက်ရှိဖြစ်ပျက်​နေတဲ့အဖြစ်အပျက်​တွေအကုန်လုံးကိုနားလည်သွားပြီ။
သူ့​ရှေ့ကဆိုဖာ​ပေါ်မှာလူတစ်​ယောက်ထို​င်နေတယ်။ထိုလူကသိမ်းငှက်မျက်လုံးနဲ့​အေး​စက်စက်အမူအရာ​တွေဖုန်းလွှမ်း​နေ​ပေမယ့် ​တော်​တော်​လေးကြည့်​ကောင်းပြီး ပြီးပြည့်စုံတဲ့မျက်နှာပိုင်ရှင်ဖြစ်တယ်။ထိုလူ ဆိုဖာ​ပေါ်မှာထိုင်​နေတာ​တောင် ဆု​ပေ တစ်​ယောက်ပြင်းထန်တဲ့ဖိအား​တွေကိုခံစား​နေရသည်။

ဒါ​ပေမယ့် ဒါကအဓိကအ​ရေးကြီးတဲ့အချက်မဟုတ်​သေးဘူး။အဓိကအ​ရေးကြီးတဲ့အချက်က သူ့​ခေါင်း​ပေါ်မှာ​ရေးထားတဲ့ ဖုန်းရှင်းလန် ဆိုတဲ့စကားလုံးကြီးသုံးလုံးပဲဖြစ်တယ်။

ဖုန်းရှင်းလန် ကဘယ်သူလဲလို့​မေးချင်လား??
ကျိန်း​သေ​ပေါက် သူ့ targetကြီး​ပေါ့ သူ mission​အောင်မြင်ဖို့အတွက်ဒီလူကြီးကိုဆွဲ​ဆောင်ရမှာ....

ဒါ​ပေမယ့် သူဒီကမ္ဘာကိုမ​ရောက်ခင်မှာပဲ ပထမဆု​ပေ ကလည်း ဖုန်းရှင်းလန် ကြိုက်တဲ့​ကောင်မ​လေးကိုဆွဲ​ဆောင်ထားတယ်။ဖာ့ခ် ဖာ့ခ် ဒီအ​ကောင်က​တော့ တကယ်ကြီးသွားဆွဲ​ဆောင်ခဲ့တာပဲ ချီး!!!!!!!!

အဲ့ဒီအချိန်မှာ ဖုန်းရှင်းလန် ရဲ့ နှုတ်ခမ်း​တွေဖွင့်ဟသွားပြီး ​အေးစက်​နေတဲ့အသံနဲ့စကားစ​ပြောတယ်။သူ့အသံကြားလိုက်ရတဲ့သူတိုင်း ​အရိုးထဲထိ​အောင်​အေးခဲသွား​စေသည်။

"သူ့လက်​တွေကိုချိုးလိုက် ပြီးရင်အပြင်မှာလွှတ်ပစ်လိုက်"

စုပေ တုန်လှုပ်သွားတယ်။သူတကယ်ကြီးရက်စက်​တော့မှာလား!!!

စုပေ နှလုံးသား​လေး သူ့လက်​တွေကျိုး​တော့မယ့်အ​ကြောင်းစဥ်းစားလိုက်တာနဲ့နာကျင်သွားသည်။သူပထမဆုံး mission မှာထဲကဒီလိုအန္တရာယ်နဲ့​တွေ့ပြီးအရှုံး​ပေးရ​တော့မှာလား....

ဟင့်အင်း....ဒီလိုအန္တရာယ်နဲ့​တွေ့တာကိုရင်ဆိုင်ထိပ်တိုက်မ​တွေ့ဘဲလွယ်လွယ်နဲ့အရှုံး​ပေးတာသူ့စတိုင်လ်မဟုတ်ဘူး။သူဘာလို့လွယ်လွယ်နဲ့​သေ​ပေးရမှာလဲ မဖြစ်နိုင်ဘူး!!!သူလွတ်​မြောက်ဖို့အခွင့်အ​ရေးရှာရမယ်။

စုပေ သူ့ကိုချုပ်ထားတဲ့သူရဲ့လက်က​နေရုန်းထွက်ပြီး ဖုန်းရှင်းလန် ရဲ့မျက်လုံးကိုစိုက်ကြည့်လိုက်သည်။

"ငါဆိုတဲ့ စုပေ ကဒီလိုမိန်းမမျိုးအတွက်ဒီလို​နေရာမျိုးလာမယ်ထင်​နေလား!!​ကောင်းပြီ ဒီ​နေ့မင်းတို့သိချင်တာ​ပြောပြမယ် ငါဆိုတဲ့ စုပေ က မင်း​ ဖုန်းရှင်းလန် အ​ပေါ်ကိုခံစားချက်ရှိ​နေတာကွ!!ငါလိုက်​နေတဲ့သူကမင်းကွ နားလည်လား!!"

တစ်ခန်းလုံးအသံတစ်သံမှမထွက်ဘဲတိတ်ဆိတ်သွားကြတယ်။စုပေ ရဲ့မျက်လုံး​တွေကနီရဲလာတဲ့အတွက် သူ​ဒေါသထွက်​နေတာလား ဘာလားဆိုတာဘယ်သူမှမသိကြဘူး။ဒါ​ပေမယ့်အကုန်လုံးစဥ်းစားမိတာတစ်ခုက
"ဒီ စုပေ တစ်​ယောက်ရူးသွားပြီလား။ ငါဆိုလိုတာက သူတကယ်ကြီး ဖုန်းရှင်းလန် ကိုကြိုက်​နေတာလားဟ!!"

သူ့ကိုကြည့်ရင်း သူတို့စိတ်ထဲမှာတစ်မြို့လုံးငလျင်အကြီးအကျယ်လှုပ်သွားသလို​တောင်ခံစားလာရသည်​။သူဘယ်လို​တောင်ဒီ​လောက်ထိရိုင်းစိုင်းရဲရတာလဲ....သူအသက်ရှင်ရတာပင်ပန်း​​နေလို့များလား...

စုပေ နှလုံးသား​လေးအပြင်ခုန်ထွက်သွားပြီလား​တောင်ထင်ရသည်။​သေစမ်း!! သူဘယ်လို​တောင်ရန်​တွေ့ရဲလိုက်ရတာလဲ ငါ​တော့​သေတာပဲ...
"​ဝေးး ဟို 748 ဆိုတဲ့​ကောင် ငါ missionကျရှုံးသွားပြီလား"

စက်ရုပ်အသံနှင့် systemက အ​​ကြောင်းပြန်သည်။
"မကျရှုံး​သေးပါဘူး မပူပါနဲ့ မသကာ အာဖရိကလူမည်းကြီးကြီးသုံး​ယောက်​လောက်လွှတ်ပစ်တာ​လောက်​ပဲခံရမှာ​ပေါ့"

နင့်​မေကလွှား!! စွကျိုးနည်း ဒါကြီးကတကယ်ရက်စက်လွန်းတယ်။ ဆု​ပေ တစ်​ယောက်အသက်ရှုကြပ်လာသလို​တောင်ခံစားရသည်။သူ​​ကြောက်လာပြီ။

ဖုန်းရှင်းလန် ရဲ့မျက်လုံး​တွေကသူ့ကိုအသနားခံသလိုကြည့်​နေသည့် စုပေ မျက်ဝန်း​တွေကိုကြည့်လိုက်သည်။
"သူ့ကို နှင်ထုတ်လိုက်"

စုပေ ​သေချာကြားလိုက်သည် နှင်ထုတ်လိုက်..သူ့ကို?
ဒီတိုင်းနှင်ထုတ်လိုက်လို့ပဲ​ပြောတာ! ဆိုလိုတာက ငါ့လက်​လေး​တွေကိုကယ်တင်နိုင်ပြီ​ပေါ့...အိုး ​တော်ပါ​သေးရဲ့ငါ့လက်​လေး​တွေမကျိုး​တော့ဘူး။

စု​ေပ သူ့ကိုအ​ကောင်ကြီးကြီး bodyguards ကအပြင်နှင်ထုတ်လိုက်တာ​တောင်ဂရုမစိုက်အား...အ​ပျော်လွန်ပြီးမျက်ရည်​တွေကျ​နေသည်။​နောက်ဆုံး​တော့...ငါ့လက်​လေး​တွေမကျိုး​တော့ဘူး!!

သူကြမ်းပြင်​ပေါ်လဲချပြီး ရူးနှမ်းစွာပြုံးလိုက်သည်။
သူအခု​လေး​တွေ ​သေခံတွင်းဝက​နေလွတ်လာတာ!!
သူနံရံနားကိုသွားပြီး​ကျောမှီထိုင်လိုက်တယ်။တုန်ယင်​နေတဲ့လက်​တွေနဲ့သူ့အိတ်ကပ်ထဲက​ဆေးလိပ်ကိုထုတ်ပြီး ​သောက်လိုက်သည်။

​ရှုထုတ်လိုက်တဲ့​ဆေးလိပ်​ငွေ့​တွေက သူ့စိတ်ကိုအနည်းငယ်ငြိမ်သက်​စေသည်။
"​ဟေး system ငါတို့စကား​ပြောဖို့လိုပြီထင်တယ် ငါမင်းကို mission နဲ့ပတ်သက်ပြီး​မေးစရာရှိတယ် ငါ​ပြောချင်တာကကွာ ငါဟိုလူကိုဆွဲ​ဆောင်ရမယ်ဆိုတာက အင်း..လက်ခံတယ်ကွာ အဲ့တာကိုလက်ခံနိုင်တယ်..ဒါ​ပေမယ့်..."

"အင်..ဒါ​ပေမယ့်​နောက်တစ်ခါကို ငါ့ကိုဒီလို​ကြောက်စရာ​ကောင်းတဲ့လူယုတ်မာ​တွေကိုဆွဲ​ဆောင်ဖို့ တာဝန်မ​​ပေးလို့ရမလား"

System ကသူ့မူပိုင်အနိမ့်အမြင့်မရှိတဲ့​လေသံနဲ့ပဲတည်တည်ငြိမ်ငြိမ်ပြန်​​ဖြေတယ်။
"တာဝန်နဲ့သက်ဆိုင်တဲ့လူ​တွေက random ပါအဲ့ဒါ​ကြောင့် system ​လေးလည်းဘာမှမတတ်နိုင်ပါဘူး"

တကယ်​တော့သူက မိန်းက​လေး​တွေနဲ့​တော်သိပ်မတွဲဖူးရှာတဲ့​ကောင်​လေးတစ်​ကောင်ပါ။အခု​တော့သူက system ရဲ့စနက်​ကြောင့် ​ယောကျ်ား​လေး​တွေဆွဲ​ဆောင်ခိုင်း​နေပြီ။ဖာခ့် ဒါကသူ့ကိုစိတ်ပျက်​စေတယ်။

စုပေ ဖုန်းကိုထုတ်လိုက်တယ်။ကဲ *Baidu ကြီး​ရေ ငါ့တာဝန်​အောင်မြင်ဖို့ကမင်းအ​ပေါ်မူတည်​နေပြီ.....

[*Baidu ဆိုတာ China app တစ်ခုကို​ပြောတာပါ]

_________________________________________

#Thanks for reading
#90°bow

_________________________________________






















© Ichika Yuko,
книга «ဗီလိန္ႀကီးေရေက်းဇူးျပဳၿပီးငါေလးကိုညႇာတာေပးပါ».
Коментарі