Synopsis
Chapter 1
Chapter 2
Chapter 2
Arc 1 : ဥက္ကဌ၏ချစ်သူ​ကောင်​လေး

[Unicode]

ငါဆွဲ​ဆောင်ရမယ့်လူကြီးကအရမ်းယုတ်မာတယ်!》

​နောက်တစ်​နေ့နံနက်ခင်းမှာဖုန်းရှင်းလန်တစ်​ယောက်သူ့ရုံးခန်းမှာထိုင်ပြီးအလုပ်လုပ်​နေသည်။

သူ့အတွင်း​ရေးမှူးမ​လေးကငြင်သာစွာတံခါး​ခေါက်ပြီး သူခွင့်ပြုလိုက်တဲ့အခါအခန်းထဲကိုဝင်လာသည်။သူမကသူ့​ရှေ့တည့်တည့်ရပ်​နေ​ကာ ​ပြောစရာစကားရှိ​နေ​ပေမယ့် သူမboss ကို​ကြည့်ကာ ထိုအ​ကြောင်းအရာပြောပြဖို့ရာတွန့်ဆုံ့နေခဲ့သည်။

နည်းနည်းကြာ​တော့ ဖုန်းရှင်းလန်စိတ်မရှည်​တော့ပဲမျက်​မှောင်ကြုပ်ကာသူ့အတွင်း​ရေးမှုးမ​လေးကို​ပြောလိုက်သည်။
"​ပြောစရာရှိတာမြန်မြန်​ပြောစမ်း!"

သူမBoss စိတ်မရှည်​တော့တာကိုသိလိုက်ရတဲ့အတွက်သူမတုန်တုန်ရီရီနဲ့​ပြောပြရရှာသည်။
"ဟို...ဥက္ကဌကိုယ်တိုင်​...အောက်ထပ်ကို...လိုက်ကြည့်လိုက်တာကပိုသင့်​တော်မယ်ထင်တယ်"

သူမ​ပြောလိုက်တာနဲ့ ဖုန်းရှင်းလန်ရုံးခန်းအပြင်သို့ သူမကို​တောင်မ​စောင့်ဘဲ ထွက်သွားသည်။သို့ရာတွင်သူသည် ​အောက်ထပ်သို့သွားရာလမ်းတစ်​လျှောက်မှာ​အေးစက်စက်အ​ငွေ့အသက်​တွေကိုလည်း မ​မေ့မ​လျော့ထုတ်လွှတ်သွား​သေးသည်။

ဓါတ်​လှေကားပွင့်သွားတာနဲ့ သူ့​ရှေ့ကမြင်လိုက်ရသည့်မြင်ကွင်း​တစ်ခုကြောင့် ဖုန်းရှင်းလန်မျက်နှာတစ်ခုလုံးမဲ​မှောင်သွား​​လေသည်။

နှင်းဆီ​တွေ...နှင်းဆီ​တွေ​မြောက်မြားစွာဓါတ်​လှေကားအပြင်ဘက်ကခန်းမကြီးထဲမှာပြန့်ကြဲ​နေတယ်။ရနံ့ပြင်းလွန်းတဲ့နှင်းဆီအနံ့​​တွေကြောင့် သူစိတ်ရှုပ်သွားတယ်။ဒါ့ပြင်နှင်းဆီ​တွေကလည်းအ​ရောင်မျိုးစုံ!!.....အဆိုးဆုံးကလား အဲ့ဒီ့​မြောက်များစွာ​သော နှင်းဆီအ​ရောင်ပေါင်းစုံ​​ကြောင့် သူဓါတ်​လှေကားအပြင်ဘက်ကို​​ခြေချစရာ​နေရာမကျန်​တော့တာဘဲ။ဒီဖြစ်ရပ်ကိုတင်စား​ပြောရမယ်ဆိုရင်​တော့ ဒါက " နှင်းဆီပင်လယ်ကြီး! "

ဧည့်ကြိုစာ​ရေးမ​လေး​က ကတ်​လေးတစ်ကတ်ကိုင်ပြီးသူမ boss ဆီ​ရောက်ဖို့ ဒီနှင်းဆီပင်လယ်ကြီးကိုဖြတ်လာခဲ့ရတယ်။သူမက ဖုန်းရှင်းလန်ကို ​ကြောက်ရွံ့​နေ​သော​လေသံ​လေးနဲ့ စကား​ပြောပြီး သူမကိုင်လာတဲ့ကတ်​လေးကိုလှမ်း​ပေးလိုက်သည်။
"ဥက္ကဌ ဒီကတ်က Mr.စု ဆီကပါ သူ​ကဥက္ကဌကို​ပေး ​ပေးဖို့​ပြောလို့ပါ"

ဖုန်းရှင်းလန်ကသူမလက်ထဲက ကတ်ကိုလှမ်းမယူလိုက်သလို ဂရုလည်းမစိုက်ဘူး။အဲ့ဒီ့အစား သူ့​ဘေးနားကိုလူတိုင်းကို​​အေးသွား​စေနိုင်တဲ့​​လေသံနဲ့စကား​ပြောလိုက်တယ်။
"သူဘယ်မှာလဲ"

ဧည့်ကြိုစာ​ရေးမ​လေး တံတွေးမြိုချလိုက်သည်။သူမ boss ဘာလုပ်​တော့မည်မှန်းမသိတဲ့အတွက် သူမသတိကြီးကြီးထားရ​တော့မည်။
"သူကုမ္ပဏီအပြင်ဘက်မှာရှိပါတယ် ဥက္ကဌ"

ဖုန်းရှင်းလန် ​မျက်​မှောင်ကြုပ်သွားသည်။
"သုံးမိနစ်"

ဧည့်ကြိုစာ​ရေးမ​လေးက​တော့ ဘာလုပ်ခိုင်းသည်ကိုသိလိုက်ရသည့်အတွက်လျှင်လျှင်မြန်မြန်ပြန်​ဖြေရှာသည်။
"ဟုတ်ကဲ့ပါ ဥက္ကဌ"

ဖုန်းရှင်းလန် ကုမ္ပဏီအပြင်ဘက်သို့ထွက်သွားတဲ့အချိန် ဧည့်ကြိုစာ​ရေးမ​လေးမှာ ချက်ချင်းသန့်ရှင်း​ရေး​တွေကို​ခေါ်ကာအ​ရောင်စုံနှင်းဆီတွေကိုရှင်းခိုင်းရသည်။ သုံးမိနစ်အတွင်းမြန်မြန်ပြီး​အောင်ရှင်းကြပါလို့လည်း ​လော်​ဆောရ​သေးသည်။ သုံးမိနစ်အတွင်းမပြီးလို့မဖြစ် boss ကတိကျမှကြိုက်သည်။ အကယ်၍သူခိုင်းခဲ့သည့်အတိုင်း သုံးမိနစ်အတွင်းမပြီးရင် သူမတို့အတွက်​နောက်တစ်​နေ့​နေ​ရောင်ကို ဘိုင့် ဘိုင့် လုပ်ကာနှုတ်ဆက်ရလိမ့်မည်။

ကုမ္ပဏီအပြင်ဘက်မှာ​တော့ စုပေတစ်​ယောက် sport ကားအနီ​​​လေးကို​ကျောမှီကာ ရပ်​နေသည်။ သူဒီ​နေ့ အပြာ​ရောင် shirt အင်္ကျီ​​လေးနဲ့ စီးကရက်ကိုပါးစပ်က ကိုက်ကာ ဟန်အပြည့်နဲ့ရှိုးထုတ်​နေသည်။သူ့လို​လူမျိူးအတွက်က​တော့ ဘယ်လို​နေ​နေ​ချော​​မောပြီးသား......

သို့ရာတွင် ဖုန်းရှင်းလန်တစ်​ယောက်အမြင်တွင်​တော့ထိုသို့မဟုတ်ခဲ့ပါ​ချေ။သူ့လို​ရေခဲတုံး​တောင်လူမျိုး​တောင်မှ သည်းမခံနိုင်​တော့ဘဲ မျက်ခုံး​တွေကျုံ့ကာ​ခပ်မာမာ​လေသံနဲ့​​ပြောတော့သည်။
"ငါ့​​ရှေ့ကထွက်သွားစမ်း!!"

ဖုန်းရှင်းလန် ကိုမြင်တာနဲ့ စုပေသူ​သောက်လက်စစီးကရက်​လေးကိုချက်ချင်းသိမ်းစည်းလိုက်သည်။ ဖုန်းရှင်းလန်​နှင်ထုတ်ထုတ် ​အော်​ပြော​ပြော ဘာလုပ်လုပ် စုပေတစ်​ယောက်ဂရုမစိုက်ပါ​​ချေ။​ပြောင်​ပြောင်စပ်စပ်အကြည့်နဲ့ မျက်နှာချို​သွေးတဲ့အမူအရာလုပ်ကာ သူ​ပြောချင်တာ​ပြောသည်။
"ခင်ဗျား နှင်းဆီကိုဘာအ​ရောင်ကြိုက်လဲကျွန်​တော်မသိဘူး။ အဲ့တာ​ကြောင့်ကျွန်​တော် အ​ရောင်စုံဝယ်လာ​ပေးတာ ဘယ်လိုလဲကြိုက်လားဟင်"

​​ပြောရမယ်ဆိုရင် မူလစုပေဆိုတဲ့​ကောင်က ပိုက်ဆံ​တော်​တော်ချမ်းသာသည်။သူဒီပိုက်ဆံ​တွေကို အလကားထိုင်ကြည့်​နေရတဲ့​လောက်ထိ သမာဓိမခိုင်​တော့ နည်းနည်း​လောက်​တော့ဖြုန်းတီးပေးရမှာ​ပေါ့။ အကျိုးမရှိတာ​တော့မသုံးပါဘူး မူလဆု​ပေ​ကောင်ရဲ့ပိုက်ဆံ​တွေကို ဖုန်းရှင်းလန်ကိုပိုးပန်းဖို့သုံးလိုက်ယုံပါ။ မပူပါနဲ့ ​နောက်လည်းပိုး​ကြေးပန်း​ကြေး​တွေ​အတွက်သုံးပြီး ဖြုန်း​ပေးဦးမှာ။

ဖုန်းရှင်းလန်က​တော့မည်သည့်စကားမှမဆို ထို​နေရာကချက်ချင်း​နောက်ပြန်လှည့်ထွက်သွားသည်။ သူ​ခြေလှမ်းအနည်းငယ်သွားပြီး တစ်ခုခုမှားယွင်း​နေမှန်းသိလိုက်တဲ့အတွက် ရပ်တန့်သွားသည်။ စုပေက​တော့ သူ့မူလ​နေရာမှာပဲရပ်တန့်​နေတုန်း....ဒါကို​တွေ့လိုက်ရတဲ့ ဖုန်းရှင်းလန် က​တော့ ​ဒေါသထွက်လာကာ ​​လေသံမာမာဖြင့်​ပြောပြန်သည်။
"ငါ့​နောက်ကလိုက်ခဲ့စမ်း!"

ထိုစကားကိုကြားလိုက်တာနဲ့ စုပေတစ်​ယောက် ​​*pekingese (ခြေတိုအ​မွှေးဖွားဖွား​​ခွေး​) လေးတစ်​ကောင်လိုလျှင်မြန်စွာ​ပြေးလာသည်။
"​ဟေ့ 748 ဘယ်လိုလည်း ငါနဲ့သူ့ကြားမှာအ​​ခြေအ​နေတိုးတက်လာတယ်မလား။ဟင်း...ဟင်း မင်းသိလား ငါမလုပ်နိုင်တာမရှိပါဘူး ဒီလိုမျိုးလူတစ်​ယောက်ကိုလိုက်တာက ငါ့အတွက်လွယ်လွယ်​လေးပါ အခု​တောင်​တွေ့လားအ​​ခြေအ​နေတိုးတက်​နေပြီ"

System က​တော့ဂရုမစိုက်စွာစကားလုံးတစ်လုံးသာပြန်​​ဖြေသည်။
"Oh"

System က သာမာန်စကားလုံးတစ်လုံးနဲ့သာတုံ့ပြန်​ပေမယ့် စုပေနားထဲမှာ​တော့ သာမာန်စကားလုံးအ​နေနဲ့မဟုတ်ဘဲ 30% ​လှောင်​ပြောင်ခြင်းနဲ့ 70%အထင်​သေးမှုအပြည့်ပါဝင်သည့် စကားလုံးအ​နေနဲ့သာကြားလိုက်ရသည်။တကယ်လည်း system ကဆု​ပေကြားသည့်အတိုင်း ​လှောင်​ပြောင်ခြင်းနဲ့အထင်​သေးခြင်း​ရော​နှောကာ​ပြောလိုက်ခြင်းဖြစ်သည်။system သည်ဆု​ပေအ​ပေါ်လုံးဝအထင်ကြီးခြင်းမရှိပါ​​ပေ။

ဟင်!!

ခန်းမကြီးထဲမှာ နှင်းဆီပန်း​တွေတစ်ပွင့်မှမရှိ​တော့ဘူး။တစ်ပွင့်​တောင်မှ!!.......တကယ်ဘဲဒီကုမ္ပဏီက သန့်ရှင်း​ရေး​တွေဘယ်လို​တောင် အလုပ်လုပ်တာတော်ရတာလဲ။
အင်း​ပေါ့ အင်း​ပေါ့ ဒီလိုသန့်ရှင်း​ရေး​တွေကအစ တိတိကျကျနဲ့အချိန်တိုအတွင်းအလုပ်ပြီး​အောင် လုပ်နိုင်မှ​တော့ ဒီလိုနာမည်ကြီးကုမ္ပဏီကြီးတစ်ခုဖြစ်လာတာမဆန်း​​တော့ပါဘူး​လေ။

စုပေ ဖုန်းရှင်းလန်အ​နောက်ကလိုက်​သွားရင်း ရုံးခန်းထဲ​ရောက်တဲ့အခါ သူမ​နေနိုင်​တော့ဘဲဖုန်းရှင်းလန်ကို​မေးလိုက်သည်။
"Mr.ဖုန်း ကျွန်​တော်ခင်ဗျားကို ကျွန်​တော်နဲ့အတူညစာစားဖို့ဖိတ်ချင်တယ်။ခင်ဗျားကျွန်​တော်နဲ့အတူတူညစာလိုက်စားနိုင်မလား"

ဖုန်းရှင်းလန်သူ့ကိုပြန်လှည့်ကြည့်ပြီး မျက်​မှောင်​တွေပိုပိုကျုံ့လာသည်။
"ပလုတ်သွားကျင်းစမ်း!!"

စုပေနှုတ်ခမ်း​တွေအာ​စေးမိသလိုပိတ်သွားသည်။စွကျိုးနည်း ငါ့ခံတွင်းနံ့ကအဲ့လိုဆိုးရွား​နေလို့လား...ဟမ်....ဘာကိစ္စငါကပလုတ်သွားကျင်းရမှာလဲ ...ငါကသန့်ပါတယ်ကွ!! စုပေရင်ထဲမှာမချင့်မရဲအထွန့်တက်​နေမိ​ပေမယ့် အပြင်မှာ​တော့ထုတ်မ​​ပြောရဲ။စုပေနှလုံးသား​လေးအလွန်နာကျင်​နေမိသည်။

အလွန်စိတ်ဆက်​သော သခင်​လေးဖုန်းရှင်းလန်က​တော့
စုပေဘာပြန်​ပြောမလဲ​ဆိုတာတောင်မ​စောင့်​တော့ဘဲ ဂုတ်က​နေ​စောင့်ဆွဲကာ တစ်ခါထဲ​ရေချိုးခန်းထဲကိုဆွဲ​ခေါ်သွားသည်။

သူစုပေ​ခေါင်းကို​ရေပိုက်​ခေါင်း​အောက်သို့ထိုးထည့်ပြီး​အ​ပေါ်က​နေပြင်းပြင်းထန်ထန်ဖိထားသည်။သူခလုတ်ဖွင့်လိုက်တာကာ စုပေ​​ပေါ်ကို​​ရေ​အေး​တွေ​လောင်းချသည်။

စုပေပြင်းပြင်းထန်ထန်ရုန်းကန်လှုပ်ရှား​လေ သူကပိုပြီးလည်ပင်းညှစ်ကာဖိထား​လေဖြစ်သည်။​ဆု​ပေတစ်ဖြည်းဖြည်းကြက်​ပေါက်စ​လေးတစ်​ကောင်နဲ့​တောင်တူလာသည်။​နောက်ဆုံး ဆု​ပေမခံနိုင်​တော့​.....
"လွှတ်....ငါ့ကိုလွှတ်​ပေး....ငါ...ငါ့ဟာငါလုပ်လိုက်မယ် လွှတ်​ပေးပါ"

စုပေမခံနိုင်​တော့မှန်းသိ၍ ဖုန်းရှင်းလန်လွှတ်​ပေးလိုက်သည်။ဆု​ပေဘာမှမဖြစ်ခဲ့သလိုရုပ်ပြန်လုပ်ရင်း ပလုတ်ကျင်းကာ ဖုန်းရှင်းလန်ကိုခပ်တည်တည်ကြည့်ပလိုက်သည်။

စုပေရဲ့မျက်လုံးဝိုင်းစက်​နေတဲ့မျက်လုံးတစ်စုံက မကြာ​သေးခင်ကမှ​ရေမွန်းထားတယ်လို့ဘယ်သူမှမထင်ရ​လောက်​အောင် ကြယ်တစ်လုံးခဲ့သို့​တောက်ပ​နေခဲ့သည်။
သူ့မျက်လုံး​လေး​တွေက တစ်စုံတစ်​ယောက်ရဲ့နှလုံးသားကို အသဲယား​အောင်ကုတ်ခြစ်​နေခဲ့သည်။ထိုမျက်လုံး​လေး​တွေကိုကြည့်ရင်း ကြည့်ရင်းချစ်ခင်လာ​​အောင်ဆွဲ​ဆောင်​နေသည်။

ဖုန်းရှင်းလန် မျက်လုံး​တွေမဲနက်လာတယ်။ပိုပိုပြီး....ပိုပိုပြီးမဲနက်လာတယ်။​နောက်ဆုံးမဟူရာည​အ​ရောင်ကဲ့သို့မဲ​မှောင်သွားသည်။

ထိုမျက်လုံး​တွေကအရမ်းလှ​ကြောင်း ဖုန်းရှင်းလန်​တောင်အသိအမှတ်ပြုမိသည်။တကယ်​တော့ သူကလူ​တွေကိုလွယ်လွယ်နဲ့အသိအမှတ်မပြုတတ်ဘူး။ဒါ​ပေမယ့် သူ့​ရှေ့စုပေက​တော့ပြိုင်ဘက်ကင်းလှပတဲ့အသွင်အပြင်ရှိ​ကြောင်း သူဝန်ခံတယ်။​ချော​ပေ့လှ​ပေ့ဆိုတဲ့မိန်းမ​တွေ​တောင် သူနဲ့ယှဥ်ရင်​မှေးမိန်သွားသလိုပဲ။

အဟက် အခုဒီ​ကောင်​လေးကသူ့ကို purpose လုပ်ထားတယ်​ပေါ့။

သူမြင်တာ​တော့ ဒီ​ကောင်​လေးကသူ့ကို​ကြောက်​နေတယ်။ ဒီ​ကောင်​လေးရဲ့မျက်လုံး​တွေထဲမှာ သူ့နဲ့​​ဝေးရာကိုပဲထွက်​ပြေးချင်တယ်ဆိုတဲ့ ဆန္ဒ​တွေ​ပေါ်လွင်​နေတယ်။ဒါ​ပေမယ့်....အဲ့ဆန္ဒ​တွေနဲ့ဆန့်ကျင်စွာပဲဒီ​ကောင်​လေးက သူ့​ဘေးနားကပ်ဖို့ကိုကြိုးစား​နေတယ်။စိတ်ဝင်စားဖို့​ကောင်းသားပဲ စိတ်ထဲမှာ​တော့သူနဲ့အ​ဝေးကိုထွက်​ပြေးချင်တယ် ဒါ​ပေမယ့်လက်​တွေ့ မှာ​တော့သူ့​ဘေးနားကိုပဲကပ်ဖို့ကြိုးစား​နေတယ်တဲ့လား။

Humm!! စိတ်ဝင်စားဖို့​ကောင်းတယ်....တကယ့်ကိုစိတ်ဝင်စားဖို့​ကောင်းတဲ့​ကောင်​လေးပဲ!!

"မင်းငါ့ကို​ကြောက်​နေတာမဟုတ်ဘူးလား"
သူရဲ့ပါးလွှာတဲ့နှုတ်ခမ်းပါး​လေးကိုဖွင့်ပြီး​မေးလိုက်တယ်။

စုပေနှလုံးသား​လေးပြင်းထန်စွာခုန်လှုပ်​နေတဲ့အတွက် စည်းချက်​တွေ​တောင်မှား​နေပြီ။ဖုန်းရှင်းလန်က သူ့ကိုတကယ် အတည်​ပေါက်ကြီး​ကိုမေး​နေတာ.....
"Mr.ဖုန်းက ကျွန်​တော်ဘယ်လို​​ဖြေတာကိုလိုချင်တာတုန်း အမှန်တစ်ရားလား ဒါမှမဟုတ်....."

ဖုန်းရှင်းလန်မျက်လုံး​တွေ​မှေးကျဥ်းသွားတယ်။ ဒါကိုမြင်တဲ့ဆု​ပေက ဖုန်းရှင်းလန်ဘာမှပြန်မ​ဖြေဘဲသူအရင်ဦး​အောင်​ပြောလိုက်သည်။
"အမှန်တစ်ရားက​တော့ ဟုတ်တယ် ကျွန်​တော်ခင်ဗျားကို အရမ်း အရမ်း​ကြောက်တယ်"

"ကျွန်​တော်ဘာကို​ကြောက်တာလဲသိလား Mr.ဖုန်းက ကျွန်​တော့်ကိုမုန်းသွားပြီး ကျွန်​တော့်ခန္ဓာကိုယ်ကို​သေတ္တာအလုံပိတ်ထဲထည့်ပြီးရင် ပင်လယ်​ရေထဲပစ်ချလိုက်မှာကိုပဲ!!"

သူ့​အ​ဖြေက ဖုန်းရှင်းလန်ကိုအနည်းငယ်ရယ်​မောသွား​စေတယ်။ဖုန်းရှင်းလန် သူ့ကိုယ်သူဘယ်လိုခံစားလိုက်ရမှန်းမသိနိုင်​မ​​အောင်ထိဖြစ်သွားတယ်။
"ဒါဆို မင်းအခု​ရော ငါ့ကိုမ​ကြောက်​တော့ဘူးလားဟမ်"

စုပေသူ့ရဲ့မရှိမဲ့ရှိမဲ့သတ္တိ​လေး​တွေကိုဆွဲထုတ်ပြီးပြန်​ဖြေရှာသည်။
"အိုရပါတယ်မ​ကြောက်​တော့ဘူး ကျွန်​တော်က လှပတဲ့သူ​လေး​(*peonies)ကြောင့်​သေသွားခဲ့ရင် အနည်းဆုံးမကျွတ်မလွတ်သရဲ​လေးတစ်​ကောင်ဘဝ​​ရောက်သွား​သေးနိုင်​သေးလို့​လေ"

(* ဒီစာလုံးကကွာ တရုတ်စကားလုံးတစ်လုံး မြန်မာလိုဘာသာပြန်ရင် လှပတဲ့မိန်းမ​လှ​လေးလို့အဓိပ္ပါယ်ရတယ်။ဒီမှာ ဖုန်းရှင်းလန်က ​ယောကျ်ား​လေးဖြစ်​နေလို့ လှတဲ့သူ​လေးလို့ပဲသုံးလိုက်တာပါ)

_______________________________________

#Thanks for reading
#90°bow
________________________________________

Arc 1:ဥကၠဌ၏ခ်စ္သူေကာင္ေလး

[Zawgyi]

《ငါဆြဲေဆာင္ရမယ့္လူႀကီးကအရမ္းယုတ္မာ
  တယ္!》

​ေနာက္တစ္​ေန႔နံနက္ခင္းမွာဖုန္း႐ွင္းလန္တစ္​ေယာက္သူ႕႐ုံးခန္းမွာထိုင္ၿပီးအလုပ္လုပ္​ေနသည္။

သူ႕အတြင္း​ေရးမႉးမ​ေလးကျငင္သာစြာတံခါး​ေခါက္ၿပီး သူခြင့္ျပဳလိုက္တဲ့အခါအခန္းထဲကိုဝင္လာသည္။သူမကသူ႕​ေ႐ွ႕တည့္တည့္ရပ္​ေန​ကာ ​ေျပာစရာစကား႐ွိ​ေန​ေပမယ့္ သူမboss ကို​ၾကည့္ကာ ထိုအ​ေၾကာင္းအရာေျပာျပဖို႔ရာတြန္႔ဆုံ႔ေနခဲ့သည္။

နည္းနည္းၾကာ​ေတာ့ ဖုန္း႐ွင္းလန္စိတ္မ႐ွည္​ေတာ့ပဲမ်က္​ေမွာင္ၾကဳပ္ကာသူ႕အတြင္း​ေရးမႈးမ​ေလးကို​ေျပာလိုက္သည္။
"​ေျပာစရာ႐ွိတာျမန္ျမန္​ေျပာစမ္း!"

သူမBoss စိတ္မ႐ွည္​ေတာ့တာကိုသိလိုက္ရတဲ့အတြက္သူမတုန္တုန္ရီရီနဲ႔​ေျပာျပရ႐ွာသည္။
"ဟို...ဥကၠဌကိုယ္တိုင္​...ေအာက္ထပ္ကို...လိုက္ၾကည့္လိုက္တာကပိုသင့္​ေတာ္မယ္ထင္တယ္"

သူမ​ေျပာလိုက္တာနဲ႔ ဖုန္း႐ွင္းလန္႐ုံးခန္းအျပင္သို႔ သူမကို​ေတာင္မ​ေစာင့္ဘဲ ထြက္သြားသည္။သို႔ရာတြင္သူသည္ ​ေအာက္ထပ္သို႔သြားရာလမ္းတစ္​ေလွ်ာက္မွာ​ေအးစက္စက္အ​ေငြ႕အသက္​ေတြကိုလည္း မ​ေမ့မ​ေလ်ာ့ထုတ္လႊတ္သြား​ေသးသည္။

ဓါတ္​ေလွကားပြင့္သြားတာနဲ႔ သူ႕​ေ႐ွ႕ကျမင္လိုက္ရသည့္ျမင္ကြင္း​တစ္ခုေၾကာင့္ ဖုန္း႐ွင္းလန္မ်က္ႏွာတစ္ခုလုံးမဲ​ေမွာင္သြား​​ေလသည္။

ႏွင္းဆီ​ေတြ...ႏွင္းဆီ​ေတြ​ေျမာက္ျမားစြာဓါတ္​ေလွကားအျပင္ဘက္ကခန္းမႀကီးထဲမွာျပန္႔ႀကဲ​ေနတယ္။ရနံ႔ျပင္းလြန္းတဲ့ႏွင္းဆီအနံ႔​​ေတြေၾကာင့္ သူစိတ္႐ႈပ္သြားတယ္။ဒါ့ျပင္ႏွင္းဆီ​ေတြကလည္းအ​ေရာင္မ်ိဳးစုံ!!.....အဆိုးဆုံးကလား အဲ့ဒီ့​ေျမာက္မ်ားစြာ​ေသာ ႏွင္းဆီအ​ေရာင္ေပါင္းစုံ​​ေၾကာင့္ သူဓါတ္​ေလွကားအျပင္ဘက္ကို​​ေျခခ်စရာ​ေနရာမက်န္​ေတာ့တာဘဲ။ဒီျဖစ္ရပ္ကိုတင္စား​ေျပာရမယ္ဆိုရင္​ေတာ့ ဒါက " ႏွင္းဆီပင္လယ္ႀကီး! "

ဧည့္ႀကိဳစာ​ေရးမ​ေလး​က ကတ္​ေလးတစ္ကတ္ကိုင္ၿပီးသူမ boss ဆီ​ေရာက္ဖို႔ ဒီႏွင္းဆီပင္လယ္ႀကီးကိုျဖတ္လာခဲ့ရတယ္။သူမက ဖုန္း႐ွင္းလန္ကို ​ေၾကာက္႐ြံ႕​ေန​ေသာ​ေလသံ​ေလးနဲ႔ စကား​ေျပာၿပီး သူမကိုင္လာတဲ့ကတ္​ေလးကိုလွမ္း​ေပးလိုက္သည္။
"ဥကၠဌ ဒီကတ္က Mr.စု ဆီကပါ သူ​ကဥကၠဌကို​ေပး ​ေပးဖို႔​ေျပာလို႔ပါ"

ဖုန္း႐ွင္းလန္ကသူမလက္ထဲက ကတ္ကိုလွမ္းမယူလိုက္သလို ဂ႐ုလည္းမစိုက္ဘူး။အဲ့ဒီ့အစား သူ႕​ေဘးနားကိုလူတိုင္းကို​​ေအးသြား​ေစႏိုင္တဲ့​​ေလသံနဲ႔စကား​ေျပာလိုက္တယ္။
"သူဘယ္မွာလဲ"

ဧည့္ႀကိဳစာ​ေရးမ​ေလး တံေတြးၿမိဳခ်လိုက္သည္။သူမ boss ဘာလုပ္​ေတာ့မည္မွန္းမသိတဲ့အတြက္ သူမသတိႀကီးႀကီးထားရ​ေတာ့မည္။
"သူကုမၸဏီအျပင္ဘက္မွာ႐ွိပါတယ္ ဥကၠဌ"

ဖုန္း႐ွင္းလန္ ​မ်က္​ေမွာင္ၾကဳပ္သြားသည္။
"သုံးမိနစ္"

ဧည့္ႀကိဳစာ​ေရးမ​ေလးက​ေတာ့ ဘာလုပ္ခိုင္းသည္ကိုသိလိုက္ရသည့္အတြက္လွ်င္လွ်င္ျမန္ျမန္ျပန္​ေျဖ႐ွာသည္။
"ဟုတ္ကဲ့ပါ ဥကၠဌ"

ဖုန္း႐ွင္းလန္ ကုမၸဏီအျပင္ဘက္သို႔ထြက္သြားတဲ့အခ်ိန္ ဧည့္ႀကိဳစာ​ေရးမ​ေလးမွာ ခ်က္ခ်င္းသန္႔႐ွင္း​ေရး​ေတြကို​ေခၚကာအ​ေရာင္စုံႏွင္းဆီေတြကို႐ွင္းခိုင္းရသည္။ သုံးမိနစ္အတြင္းျမန္ျမန္ၿပီး​ေအာင္႐ွင္းၾကပါလို႔လည္း ​ေလာ္​ေဆာရ​ေသးသည္။ သုံးမိနစ္အတြင္းမၿပီးလို႔မျဖစ္ boss ကတိက်မွႀကိဳက္သည္။ အကယ္၍သူခိုင္းခဲ့သည့္အတိုင္း သုံးမိနစ္အတြင္းမၿပီးရင္ သူမတို႔အတြက္​ေနာက္တစ္​ေန႔​ေန​ေရာင္ကို ဘိုင့္ ဘိုင့္ လုပ္ကာႏႈတ္ဆက္ရလိမ့္မည္။

ကုမၸဏီအျပင္ဘက္မွာ​ေတာ့ စုေပတစ္​ေယာက္ sport ကားအနီ​​​ေလးကို​ေက်ာမွီကာ ရပ္​ေနသည္။ သူဒီ​ေန႔ အျပာ​ေရာင္ shirt အက်ႌ​​ေလးနဲ႔ စီးကရက္ကိုပါးစပ္က ကိုက္ကာ ဟန္အျပည့္နဲ႔႐ိႈးထုတ္​ေနသည္။သူ႕လို​လူမ်ိဴးအတြက္က​ေတာ့ ဘယ္လို​ေန​ေန​ေခ်ာ​​ေမာၿပီးသား......

သို႔ရာတြင္ ဖုန္း႐ွင္းလန္တစ္​ေယာက္အျမင္တြင္​ေတာ့ထိုသို႔မဟုတ္ခဲ့ပါ​ေခ်။သူ႕လို​ေရခဲတုံး​ေတာင္လူမ်ိဳး​ေတာင္မွ သည္းမခံႏိုင္​ေတာ့ဘဲ မ်က္ခုံး​ေတြက်ံဳ႕ကာ​ခပ္မာမာ​ေလသံနဲ႔​​ေျပာေတာ့သည္။
"ငါ့​​ေ႐ွ႕ကထြက္သြားစမ္း!!"

ဖုန္း႐ွင္းလန္ ကိုျမင္တာနဲ႔ ဆု​ေပသူ​ေသာက္လက္စစီးကရက္​ေလးကိုခ်က္ခ်င္းသိမ္းစည္းလိုက္သည္။ ဖုန္း႐ွင္းလန္​ႏွင္ထုတ္ထုတ္ ​ေအာ္​ေျပာ​ေျပာ ဘာလုပ္လုပ္ စုေပတစ္​ေယာက္ဂ႐ုမစိုက္ပါ​​ေခ်။​ေျပာင္​ေျပာင္စပ္စပ္အၾကည့္နဲ႔ မ်က္ႏွာခ်ိဳ​ေသြးတဲ့အမူအရာလုပ္ကာ သူ​ေျပာခ်င္တာ​ေျပာသည္။
"ခင္ဗ်ား ႏွင္းဆီကိုဘာအ​ေရာင္ႀကိဳက္လဲကြၽန္​ေတာ္မသိဘူး။ အဲ့တာ​ေၾကာင့္ကြၽန္​ေတာ္ အ​ေရာင္စုံဝယ္လာ​ေပးတာ ဘယ္လိုလဲႀကိဳက္လားဟင္"

​​ေျပာရမယ္ဆိုရင္ မူလစုေပဆိုတဲ့​ေကာင္က ပိုက္ဆံ​ေတာ္​ေတာ္ခ်မ္းသာသည္။သူဒီပိုက္ဆံ​ေတြကို အလကားထိုင္ၾကည့္​ေနရတဲ့​ေလာက္ထိ သမာဓိမခိုင္​ေတာ့ နည္းနည္း​ေလာက္​ေတာ့ျဖဳန္းတီးေပးရမွာ​ေပါ့။ အက်ိဳးမ႐ွိတာ​ေတာ့မသုံးပါဘူး မူလစုေပ​ေကာင္ရဲ႕ပိုက္ဆံ​ေတြကို ဖုန္း႐ွင္းလန္ကိုပိုးပန္းဖို႔သုံးလိုက္ယုံပါ။ မပူပါနဲ႔ ​ေနာက္လည္းပိုး​ေၾကးပန္း​ေၾကး​ေတြ​အတြက္သုံးၿပီး ျဖဳန္း​ေပးဦးမွာ။

ဖုန္း႐ွင္းလန္က​ေတာ့မည္သည့္စကားမွမဆို ထို​ေနရာကခ်က္ခ်င္း​ေနာက္ျပန္လွည့္ထြက္သြားသည္။ သူ​ေျခလွမ္းအနည္းငယ္သြားၿပီး တစ္ခုခုမွားယြင္း​ေနမွန္းသိလိုက္တဲ့အတြက္ ရပ္တန္႔သြားသည္။ ဆု​ေပက​ေတာ့ သူ႕မူလ​ေနရာမွာပဲရပ္တန္႔​ေနတုန္း....ဒါကို​ေတြ႕လိုက္ရတဲ့ ဖုန္း႐ွင္းလန္ က​ေတာ့ ​ေဒါသထြက္လာကာ ​​ေလသံမာမာျဖင့္​ေျပာျပန္သည္။
"ငါ့​ေနာက္ကလိုက္ခဲ့စမ္း!"

ထိုစကားကိုၾကားလိုက္တာနဲ႔ စုေပတစ္​ေယာက္ ​​*pekingese (ေျခတိုအ​ေမႊးဖြားဖြား​​ေခြး​) ေလးတစ္​ေကာင္လိုလွ်င္ျမန္စြာ​ေျပးလာသည္။
"​ေဟ့ 748 ဘယ္လိုလည္း ငါနဲ႔သူ႕ၾကားမွာအ​​ေျခအ​ေနတိုးတက္လာတယ္မလား။ဟင္း...ဟင္း မင္းသိလား ငါမလုပ္ႏိုင္တာမ႐ွိပါဘူး ဒီလိုမ်ိဳးလူတစ္​ေယာက္ကိုလိုက္တာက ငါ့အတြက္လြယ္လြယ္​ေလးပါ အခု​ေတာင္​ေတြ႕လားအ​​ေျခအ​ေနတိုးတက္​ေနၿပီ"

System က​ေတာ့ဂ႐ုမစိုက္စြာစကားလုံးတစ္လုံးသာျပန္​​ေျဖသည္။
"Oh"

System က သာမာန္စကားလုံးတစ္လုံးနဲ႔သာတုံ႔ျပန္​ေပမယ့္ ဆု​ေပနားထဲမွာ​ေတာ့ သာမာန္စကားလုံးအ​ေနနဲ႔မဟုတ္ဘဲ 30% ​ေလွာင္​ေျပာင္ျခင္းနဲ႔ 70%အထင္​ေသးမႈအျပည့္ပါဝင္သည့္ စကားလုံးအ​ေနနဲ႔သာၾကားလိုက္ရသည္။တကယ္လည္း system ကဆု​ေပၾကားသည့္အတိုင္း ​ေလွာင္​ေျပာင္ျခင္းနဲ႔အထင္​ေသးျခင္း​ေရာ​ေႏွာကာ​ေျပာလိုက္ျခင္းျဖစ္သည္။system သည္ဆု​ေပအ​ေပၚလုံးဝအထင္ႀကီးျခင္းမ႐ွိပါ​​ေပ။

ဟင္!!

ခန္းမႀကီးထဲမွာ ႏွင္းဆီပန္း​ေတြတစ္ပြင့္မွမ႐ွိ​ေတာ့ဘူး။တစ္ပြင့္​ေတာင္မွ!!.......တကယ္ဘဲဒီကုမၸဏီက သန္႔႐ွင္း​ေရး​ေတြဘယ္လို​ေတာင္ အလုပ္လုပ္တာေတာ္ရတာလဲ။
အင္း​ေပါ့ အင္း​ေပါ့ ဒီလိုသန္႔႐ွင္း​ေရး​ေတြကအစ တိတိက်က်နဲ႔အခ်ိန္တိုအတြင္းအလုပ္ၿပီး​ေအာင္ လုပ္ႏိုင္မွ​ေတာ့ ဒီလိုနာမည္ႀကီးကုမၸဏီႀကီးတစ္ခုျဖစ္လာတာမဆန္း​​ေတာ့ပါဘူး​ေလ။

စုေပ ဖုန္း႐ွင္းလန္အ​ေနာက္ကလိုက္​သြားရင္း ႐ုံးခန္းထဲ​ေရာက္တဲ့အခါ သူမ​ေနႏိုင္​ေတာ့ဘဲဖုန္း႐ွင္းလန္ကို​ေမးလိုက္သည္။
"Mr.ဖုန္း ကြၽန္​ေတာ္ခင္ဗ်ားကို ကြၽန္​ေတာ္နဲ႔အတူညစာစားဖို႔ဖိတ္ခ်င္တယ္။ခင္ဗ်ားကြၽန္​ေတာ္နဲ႔အတူတူညစာလိုက္စားႏိုင္မလား"

ဖုန္း႐ွင္းလန္သူ႕ကိုျပန္လွည့္ၾကည့္ၿပီး မ်က္​ေမွာင္​ေတြပိုပိုက်ံဳ႕လာသည္။
"ပလုတ္သြားက်င္းစမ္း!!"

စုေပႏႈတ္ခမ္း​ေတြအာ​ေစးမိသလိုပိတ္သြားသည္။စြက်ိဳးနည္း ငါ့ခံတြင္းနံ႔ကအဲ့လိုဆိုး႐ြား​ေနလို႔လား...ဟမ္....ဘာကိစၥငါကပလုတ္သြားက်င္းရမွာလဲ ...ငါကသန္႔ပါတယ္ကြ!! ဆု​​ေပရင္ထဲမွာမခ်င့္မရဲအထြန္႔တက္​ေနမိ​ေပမယ့္ အျပင္မွာ​ေတာ့ထုတ္မ​​ေျပာရဲ။ဆု​ေပႏွလုံးသား​ေလးအလြန္နာက်င္​ေနမိသည္။

အလြန္စိတ္ဆက္​ေသာ သခင္​ေလးဖုန္း႐ွင္းလန္က​ေတာ့
စုေပဘာျပန္​ေျပာမလဲ​ဆိုတာေတာင္မ​ေစာင့္​ေတာ့ဘဲ ဂုတ္က​ေန​ေစာင့္ဆြဲကာ တစ္ခါထဲ​ေရခ်ိဳးခန္းထဲကိုဆြဲ​ေခၚသြားသည္။

သူစုေပ​ေခါင္းကို​ေရပိုက္​ေခါင္း​ေအာက္သို႔ထိုးထည့္ၿပီး​အ​ေပၚက​ေနျပင္းျပင္းထန္ထန္ဖိထားသည္။သူခလုတ္ဖြင့္လိုက္တာကာ စုေပ​​ေပၚကို​​ေရ​ေအး​ေတြ​ေလာင္းခ်သည္။

စုေပျပင္းျပင္းထန္ထန္႐ုန္းကန္လႈပ္႐ွား​ေလ သူကပိုၿပီးလည္ပင္းညႇစ္ကာဖိထား​ေလျဖစ္သည္။​ဆု​ေပတစ္ျဖည္းျဖည္းၾကက္​ေပါက္စ​ေလးတစ္​ေကာင္နဲ႔​ေတာင္တူလာသည္။​ေနာက္ဆုံး ဆု​ေပမခံႏိုင္​ေတာ့​.....
"လႊတ္....ငါ့ကိုလႊတ္​ေပး....ငါ...ငါ့ဟာငါလုပ္လိုက္မယ္ လႊတ္​ေပးပါ"

စုေပမခံႏိုင္​ေတာ့မွန္းသိ၍ ဖုန္း႐ွင္းလန္လႊတ္​ေပးလိုက္သည္။ဆု​ေပဘာမွမျဖစ္ခဲ့သလို႐ုပ္ျပန္လုပ္ရင္း ပလုတ္က်င္းကာ ဖုန္း႐ွင္းလန္ကိုခပ္တည္တည္ၾကည့္ပလိုက္သည္။

စုေပရဲ႕မ်က္လုံးဝိုင္းစက္​ေနတဲ့မ်က္လုံးတစ္စုံက မၾကာ​ေသးခင္ကမွ​ေရမြန္းထားတယ္လို႔ဘယ္သူမွမထင္ရ​ေလာက္​ေအာင္ ၾကယ္တစ္လုံးခဲ့သို႔​ေတာက္ပ​ေနခဲ့သည္။
သူ႕မ်က္လုံး​ေလး​ေတြက တစ္စုံတစ္​ေယာက္ရဲ႕ႏွလုံးသားကို အသဲယား​ေအာင္ကုတ္ျခစ္​ေနခဲ့သည္။ထိုမ်က္လုံး​ေလး​ေတြကိုၾကည့္ရင္း ၾကည့္ရင္းခ်စ္ခင္လာ​​ေအာင္ဆြဲ​ေဆာင္​ေနသည္။

ဖုန္း႐ွင္းလန္ မ်က္လုံး​ေတြမဲနက္လာတယ္။ပိုပိုၿပီး....ပိုပိုၿပီးမဲနက္လာတယ္။​ေနာက္ဆုံးမဟူရာည​အ​ေရာင္ကဲ့သို႔မဲ​ေမွာင္သြားသည္။

ထိုမ်က္လုံး​ေတြကအရမ္းလွ​ေၾကာင္း ဖုန္း႐ွင္းလန္​ေတာင္အသိအမွတ္ျပဳမိသည္။တကယ္​ေတာ့ သူကလူ​ေတြကိုလြယ္လြယ္နဲ႔အသိအမွတ္မျပဳတတ္ဘူး။ဒါ​ေပမယ့္ သူ႕​ေ႐ွ႕စုေပက​ေတာ့ၿပိဳင္ဘက္ကင္းလွပတဲ့အသြင္အျပင္႐ွိ​ေၾကာင္း သူဝန္ခံတယ္။​ေခ်ာ​ေပ့လွ​ေပ့ဆိုတဲ့မိန္းမ​ေတြ​ေတာင္ သူနဲ႔ယွဥ္ရင္​ေမွးမိန္သြားသလိုပဲ။

အဟက္ အခုဒီ​ေကာင္​ေလးကသူ႕ကို purpose လုပ္ထားတယ္​ေပါ့။

သူျမင္တာ​ေတာ့ ဒီ​ေကာင္​ေလးကသူ႕ကို​ေၾကာက္​ေနတယ္။ ဒီ​ေကာင္​ေလးရဲ႕မ်က္လုံး​ေတြထဲမွာ သူ႕နဲ႔​​ေဝးရာကိုပဲထြက္​ေျပးခ်င္တယ္ဆိုတဲ့ ဆႏၵ​ေတြ​ေပၚလြင္​ေနတယ္။ဒါ​ေပမယ့္....အဲ့ဆႏၵ​ေတြနဲ႔ဆန္႔က်င္စြာပဲဒီ​ေကာင္​ေလးက သူ႕​ေဘးနားကပ္ဖို႔ကိုႀကိဳးစား​ေနတယ္။စိတ္ဝင္စားဖို႔​ေကာင္းသားပဲ စိတ္ထဲမွာ​ေတာ့သူနဲ႔အ​ေဝးကိုထြက္​ေျပးခ်င္တယ္ ဒါ​ေပမယ့္လက္​ေတြ႕ မွာ​ေတာ့သူ႕​ေဘးနားကိုပဲကပ္ဖို႔ႀကိဳးစား​ေနတယ္တဲ့လား။

Humm!! စိတ္ဝင္စားဖို႔​ေကာင္းတယ္....တကယ့္ကိုစိတ္ဝင္စားဖို႔​ေကာင္းတဲ့​ေကာင္​ေလးပဲ!!

"မင္းငါ့ကို​ေၾကာက္​ေနတာမဟုတ္ဘူးလား"
သူရဲ႕ပါးလႊာတဲ့ႏႈတ္ခမ္းပါး​ေလးကိုဖြင့္ၿပီး​ေမးလိုက္တယ္။

စုေပႏွလုံးသား​ေလးျပင္းထန္စြာခုန္လႈပ္​ေနတဲ့အတြက္ စည္းခ်က္​ေတြ​ေတာင္မွား​ေနၿပီ။ဖုန္း႐ွင္းလန္က သူ႕ကိုတကယ္ အတည္​ေပါက္ႀကီး​ကိုေမး​ေနတာ.....
"Mr.ဖုန္းက ကြၽန္​ေတာ္ဘယ္လို​​ေျဖတာကိုလိုခ်င္တာတုန္း အမွန္တစ္ရားလား ဒါမွမဟုတ္....."

ဖုန္း႐ွင္းလန္မ်က္လုံး​ေတြ​ေမွးက်ဥ္းသြားတယ္။ ဒါကိုျမင္တဲ့စုေပက ဖုန္း႐ွင္းလန္ဘာမွျပန္မ​ေျဖဘဲသူအရင္ဦး​ေအာင္​ေျပာလိုက္သည္။
"အမွန္တစ္ရားက​ေတာ့ ဟုတ္တယ္ ကြၽန္​ေတာ္ခင္ဗ်ားကို အရမ္း အရမ္း​ေၾကာက္တယ္"

"ကြၽန္​ေတာ္ဘာကို​ေၾကာက္တာလဲသိလား Mr.ဖုန္းက ကြၽန္​ေတာ္႕ကိုမုန္းသြားၿပီး ကြၽန္​ေတာ္႕ခႏၶာကိုယ္ကို​ေသတၱာအလုံပိတ္ထဲထည့္ၿပီးရင္ ပင္လယ္​ေရထဲပစ္ခ်လိုက္မွာကိုပဲ!!"

သူ႕​အ​ေျဖက ဖုန္း႐ွင္းလန္ကိုအနည္းငယ္ရယ္​ေမာသြား​ေစတယ္။ဖုန္း႐ွင္းလန္ သူ႕ကိုယ္သူဘယ္လိုခံစားလိုက္ရမွန္းမသိႏိုင္​မ​​ေအာင္ထိျဖစ္သြားတယ္။
"ဒါဆို မင္းအခု​ေရာ ငါ့ကိုမ​ေၾကာက္​ေတာ့ဘူးလားဟမ္"

ဆု​ေပသူ႕ရဲ႕မ႐ွိမဲ့႐ွိမဲ့သတၱိ​ေလး​ေတြကိုဆြဲထုတ္ၿပီးျပန္​ေျဖ႐ွာသည္။
"အိုရပါတယ္မ​ေၾကာက္​ေတာ့ဘူး ကြၽန္​ေတာ္က လွပတဲ့သူ​ေလး​(*peonies)ေၾကာင့္​ေသသြားခဲ့ရင္ အနည္းဆုံးမကြၽတ္မလြတ္သရဲ​ေလးတစ္​ေကာင္ဘဝ​​ေရာက္သြား​ေသးႏိုင္​ေသးလို႔​ေလ"

(* ဒီစာလုံးကကြာ တ႐ုတ္စကားလုံးတစ္လုံး ျမန္မာလိုဘာသာျပန္ရင္ လွပတဲ့မိန္းမ​လွ​ေလးလို႔အဓိပၸါယ္ရတယ္။ဒီမွာ ဖုန္း႐ွင္းလန္က ​ေယာက်္ား​ေလးျဖစ္​ေနလို႔ လွတဲ့သူ​ေလးလို႔ပဲသုံးလိုက္တာပါ)

_______________________________________

#Thanks for reading
#90°bow
________________________________________

© Ichika Yuko,
книга «ဗီလိန္ႀကီးေရေက်းဇူးျပဳၿပီးငါေလးကိုညႇာတာေပးပါ».
Коментарі