Intro
Unicode
ညကဖြစ်ခဲ့တဲ့ အခြေအနေတွေကို ပြန်တွေးမိတော့ မျက်ဝန်းအိမ်၏ထောင့်စွန်းမှ မျက်ရည်စက်ဟာ ပေါက်ကနဲ~
သူကိုယ့်ကို နာကျင်အောင်လုပ်ခဲ့တာများပြီ။ ကိုယ်လည်း သူ့ဒဏ်ကို ခံသင့်သလောက်ခံခဲ့ပြီးပြီပဲ။ ဒီထက်ပိုပြီး အချစ်ဆိုတဲ့ ရူးကြောင်ကြောင်ခံစားချက်တွေကြောင့် ဒီနေရာမှာ ဆက်နေဖို့ရန်မရှိသင့်တော့။
လစ်ဟာနေတဲ့ ခန္ဓာကိုယ်ကို အဝတ်အစားများပြန်ဝတ်စေပြီး နေရာမှထလိုက်သည်။
ရုတ်တရက်ထလိုက်မိတာကြောင့် ခါးအောက်ပိုင်းမှ နာကျင်မှုတို့က ကျင်ကနဲစူးတက်လာသည်။
သူ့ကိုစိတ်နာစွာဖြင့် ကြည့်မိတော့ သူကအိပ်ရာပေါ်မှ အခန့်သားအိပ်နေဆဲ။ ကိုယ့်အားပြုမူချင်တိုင်း ပြုမူပြီးမှ မသိသလိုနေနေတတ်သည့်သူ့အား အလွန်မုန်းပါ၏။
ဒါနောက်ဆုံးပဲ jongin...
မင်းအပေါ်ထားတဲ့ ရူးကြောင်ကြောင်ခံစားချက်တွေက ဒါနောက်ဆုံးပဲ...
--------------------
Zawgyi
ဒါနောက်ဆုံးပဲ jongin...

Коментарі