Intro
Part 1
Part 1
Unicode

အချိန်သည် မနက်လေးနာရီခန့်လောက်တော့ရှိမည်။ Busကားပေါ်မှတစ်ဆင့် အပြင်ဘက်အား တွေတွေလေးငေးနေမိသည်။ တွေ့ရာbusကိုတက်စီးလာတာကြောင့် ဘယ်သွားလို့ ဘယ်ရောက်နေမှန်းလည်း မသိတော့ပါ။

နေရာအတည်တကျမရှိဘဲ ယခုလိုလျှောက်သွားနေမိခြင်းကို ကိုယ်တိုင်ကတောင် သတိမထားမိပေ။

အရာရာကို လက်လွှတ်လိုက်ရတော့မည်ဆိုသည့် အတွေးလည်း စိတ်ထဲမှာမရှိ။ အရာအားလုံး ဗလာနတ္ထိသာ ဖြစ်နေပေသည်။

သူမသိလိုက်ချိန်မှာပဲ သူရိန်နေမင်းကြီးက ကောင်းကင်ထက်ဝယ် တောက်ပကာ နေခြည်လေးများပင် သူ့အပေါ်လွှမ်းခြုံဖြာကျလျက် ရှိပေသည်။ နေမင်းကြီးသည် သူ၏စိတ်အဖြာဖြာအားလှုပ်နှိုးရန် တမန်တော်စေလွှတ်လိုက်သည့်အလား။

ဒီအချိန်ဆို သူထလောက်ရောပေါ့~

အအိပ်ကြီးတဲ့သူက အခုချိန်ထပါ့ဦးမလား...ကြာကြာအိပ်ရင်လည်း ခေါင်းကိုက်တတ်တဲ့ သူ့ကိုနှိုးမယ့်သူရောရှိပါ့မလား...

မနက်စာရော သူကစားပါ့မလား...သူဟိုနေ့က ခြေချော်ကျမိလို့ ရောင်သွားတဲ့ ခြေထောက်ကိုရော ဆေးလိမ်းပါ့မလား...စသည်ဖြင့် သူ့အကြောင်းများကိုသာတွေးနေမိသည်။

အရာအားလုံး ဘယ်ကစပြီးမှားယွင်းသွားတာလဲ?

သူ့နဲ့တွေ့ဆုံမိခဲ့တုန်းကလား

မိဘတွေကြောင့်လား

ချစ်ခဲ့မိတဲ့ သူကမှားတာလား

ငါ့တို့ဟာ မှားယွင်းစွာ တွေဆုံမိခဲ့ကြတာပဲ jongin...

ကားမှန်လေးကို အသာဆွဲဖွင့်လိုက်ရင်း မွန်းကြပ်နေသော စိတ်အစုံကို အပြင်ဘက်သို့ ရှူထုတ်မိလိုက်သည်။

မြို့ကိုကျော်လာသည်နှင့် သူ့အား လတ်ဆတ်သောလေအေး၊ အမြင်အေးချမ်းဖွယ် စိမ်းစိုစိုလယ်ကွင်းနှင့် မြင့်မားသောတောင်တန်းတို့က ကြိုဆိုနေလေသည်။

ခဏကြာတော့ ကားမှတ်တိုင်တစ်ခုမှာ ရပ်လိုက်တာကြောင့် ကျွန်တော်ပါလိုက်ဆင်းလိုက်သည်။

ခပ်ပြေပြေတိုက်ခတ်လာတဲ့ လေအေးတစ်ချက်...။ စိတ်သက်သာလို သက်သာငြား အသက်ပြင်းပြင်းရှူထုတ်လိုက်သော်လည်းကျွန်တော့်၏ အပူမီးကိုငြိမ်းပေးနိုင်ရန်အလို့ငှာတော့ မစွမ်းသာပါ။

ဒီခံစားချက်...ကျွန်တော့်ကို အမျိုးမျိုးနှိပ်စက်တဲ့ ဒီခံစားချက်တွေက အရင်တုန်းကအတိုင်းပဲ။

ဆက်လျှောက်လာတော့ လယ်ကွင်းအချို့နှင့်အတူ အိမ်ခြေအနည်းစုကိုပါ တွေ့လာရသည်။

"အာ့...''

ဆော့ကစားနေတဲ့ ကလေးအချို့က ပြေးရင်းလွှားရင်း ကျွန်တော့်အား ဝင်တိုက်သွားသည်။ ကျော်တက်သွားတဲ့ ထိုကလေးအုပ်စုကို လှည့်ကြည့်မိတော့ ထိုကလေးများထဲမှ တစ်ယောက်ဟာ ချော်လဲကျနေသည်။

"မင်းဘာလို့ ငါ့ကိုတွန်းတာလဲ"

လဲကျသွားတဲ့ကလေးက သူ့အပေါ်ကနေ ငုံ့မိုးပြီးကြည့်နေတဲ့ ကောင်လေးကို ပြောနေသည်။

"Sorry...မတော်တဆ ဖြစ်သွားတာ"

"မဟုတ်ဘူး မင်းညာပြောနေတာ။ မင်းငါ့ကိုတမင်လုပ်တာ ငါသိတယ်''

ထိုကောင်လေးရဲ့ မျက်နှာက ပြိုတော့မည့်မိုးလိုမျိုး ငိုမဲ့မဲ့ဖြစ်နေလေသည်။ တစ်ဖက်ကကောင်လေးကတော့ ဂျစ်ကန်ကန်ပုံလေးနှင့် သူမဟုတ်ကြောင်းငြင်းကာ ဘေးရှိကလေးများကိုပါ သူမလုပ်ကြောင်းပြောပြနေသေး၏။

မကြာပါဘူး။ ထိုလဲကျနေတဲ့ကလေးထံမှ ငိုသံစူးစူးလေး ထွက်လာတယ်။ ကျွန်တော်တောင်ကြောင်ပြီး ကလေးကိုသွားချော့ရနိုးနိုး၊ သွားရာလမ်းအတိုင်းပဲ ဆက်သွားရနိုးနိုးဖြစ်နေလေသည်။

ဒါတွေကိုမြင်တော့ တစ်ချိန်က အကြောင်းအရာများမှာ စိတ်အာရုံထဲသို့ ခပ်ရေးရေးမှသည် တစ်ဖြေးဖြေးပုံပေါ်လာ၏။

◻◻◻◻◻◻◻◻◻

"Yarr...မင်းငါ့ကို ဘာလို့တွန်းတာလဲ''

"မတွန်းပါဘူး...မင်းဟာမင်းလဲတာကို''

ယခုအချိန်မှာသူ့မျက်နှာကို ဆွဲကုတ်ပစ်ချင်သည်။ လဲထားလို့နာကျင်နေတဲ့ ခြေထောက်ဒဏ်ရာကတစ်ကြောင်း၊ ပြိုင်ပွဲရှုံးလို့ စိတ်ညစ်တာကတစ်ကြောင်းကြောင့် မျက်ရည်ဝဲလာသည်။

Kyungsooကသူ့ကိုအမြဲတမ်း ရှောင်ခဲ့တယ်။ သူနဲ့အဝေးဆုံးမှာနေတယ်။ သူနဲ့တတ်နိုင်သလောက် မပတ်သက်မိအောင် ကြိုးစားတယ်။

ယခုအချိန်မှာလည်း ဒီလိုပဲ။

ကျောင်းမှာကျင်းပတဲ့ အပျော်တမ်းအားကစားပြိုင်ပွဲမှာ Kyungsooက သူနဲ့ဝေးအောင် အပြေးပြိုင်ပွဲအတွက် စာရင်းပေးခဲ့သည်။ Basketball team ကသူနှင့်ဝေးအောင်ပေါ့။

ဒါပေမယ့် သူကအဲ့ဒီ့ကိုမသွားပဲ အပြေးပြိုင်ပွဲအတွက် စာရင်းပေးခဲ့သည်တဲ့လေ။

ဒါဟာ သူတမင်လုပ်နေသည်လား။ မသိပဲဒီအတိုင်းစာရင်းပေးလိုက်တာလား။ သူလည်းမသိတော့ပါ။

ပြိုင်ပွဲမှာတော့ သူတို့နှစ်ယောက်လုံး တာထွက်ကောင်းခဲ့သည်။ အပြေးမြန်တဲ့ Kyungsooကလည်း အားကုန်သုံး၍ပြေးနေခြင်းကြောင့် ပထမနေရာကိုမှန်းလို့ရတယ်။ ထိုပြိုင်ပွဲမှာ Kyungsooရဲ့ ပြိုင်ဖက်က တစ်ယောက်ထဲ။ jongin ...သူပဲ Kim jongin

ရုတ်တရက်ပြေးနေရာကနေ Kyungsooလဲကျသွားတယ်။ အားကစားဘောင်းဘီအတိုနှင့် ပြေးခြင်းကြောင့် ဒူးထောက်လျက်သား ကျလိုက်မိသည်နှင့် ဒူးပြဲကာ သွေးထွက်လာတော့တာပဲ။

နာကျင်နေတာကို မသိဟန်ဆောင်ရင်း ခပ်သွက်သွက်ပြန်ရပ်လိုက်ကာ ဆက်ပြေးမိသည်။ အင်း...ပြိုင်ပွဲမှာ ရှုံးသွားသည်ပေါ့။

ဒါjonginတမင်လုပ်တာ။ မင်းကိုမုန်းတယ် jongin..။ မင်းစရောက်လာကတည်း ငါကအသုံးမကျတဲ့ လူတစ်ယောက်လိုဖြစ်သွားတာကြောင့် မင်းကိုမုန်းတယ်။

အခုလည်း သူငြင်းနေပြန်ပြီလေ။ သူဟာတာဝန်သိပ်မဲ့လွန်းသည်။ မဟုတ်ဘူး။ သူဟာလူလိမ်တစ်ယောက်သာ...။ သူ့ရဲ့ယခုလို ဂျစ်ကန်ကန်ပုံစံက ဘယ်လောက်တောင် အသည်းယားစရာကောင်းလိုက်သည်လဲ။

ဒေါသလည်းထွက် ခြေထောက်ဒဏ်ရာဟာလည်း နာတာကြောင့် မျက်ရည်ဝဲတက်လာသည်။

ဟင့်အင်း...သူ့အရှေ့မှာ ဒီလိုပုံစံမျိုးမဖြစ်ချင်ဘူး။ အကယ်၍ သူသာဒီလိုမျိုးမျက်ရည်ကျတာကို မြင်သွားရင် သူကိုယ့်ကိုလှောင်ရယ်လိမ့်မယ်။ သူ့ရှေ့မှာမကျရှုံးချင်ဘူး။

သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ ကိုယ့်ကိုတစ်ချက်ခနဲ့ပြုံးပြုံးကာ လှည့်ထွက်သွားလေပြီ။

သူဟာကိုယ့်ကို ငယ်ငယ်ကတည်းက ဒီလိုအနိုင်ယူခဲ့သူ။

သူအလယ်တန်းတုန်းက Kyungsooတို့ကျောင်းကို ပြောင်းလာခဲ့တာ။ အနေတည်ပြီး စာတော်တဲ့kyungsooက သူ့ကိုအမှုမဲ့အမှတ်မဲ့ပဲထားကာ သတိမပြုမိပေ။

နောက်တော့စာတော်တယ်၊ ရုပ်ချောတယ်၊ ချမ်းသာတယ်ဟု အမည်ထွက်နေတဲ့သူ့ကို သတိမထားမိပဲ မနေနိုင်တော့။

ဒီလိုနဲ့သူဟာ ကိုယ့်ရဲ့ပြိုင်ဖက်သဘောမျိုး ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။ သူကိုယ့်ကို အရာရာယှဥ်ပြိုင်လာတာကိုလည်း သတိထားမိလာသည်။

သူရောက်လာသည့်အချိန်မှစလို့ ကိုယ်ဟာအရှုံးသမားတစ်ယောက်လို့ ခံစားလာရတယ်။ ဒီလိုခံစားရအောင်လုပ်တဲ့သူ့ကိုလည်း မုန်းတယ်။

အရင်ကအတန်းထဲမှာဆို Kyungsoo သည်သာပထမ။ ဆရာမက စာပြိုင်ခိုင်းရင် Kyungsooပဲ အရင်ရခဲ့၊ နိုင်ခဲ့တာ။

ကိုယ့်အပေါ်ဆရာမတွေကရော၊ ကျောင်းသားတွေကပါ ယုံကြည်ကြတယ်။

သူရောက်လာတော့ ကိုယ့်ရဲ့မြူတစ်မှုန်စာလောက် အားနည်းချက်တွေကြောင့် ကိုယ်ဟာသူနဲ့ယှဥ်တဲ့အခါ ဒုတိယနေရာကို ရောက်သွားခဲ့တယ်။

အရင်က ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ စာမေးတဲ့ကျောင်းသားအချို့ဟာလည်း သူ့ဘက်ကိုရောက်သွားခဲ့တယ်။

ဒါတင်မက သူဟာအရာရာမှာ ကိုယ့်ကိုပြိုင်ဆိုင်အနိုင်ပိုင်းနေတယ်လို့လည်း ခံစားလာရသည်။

မုန်းတယ် jongin မင်းကိုသိပ်မုန်းတယ်။

အဲ့ဒီ့တုန်းက Kyungsooလည်း ကလေးပီပီ သူ့အားမနာလိုဖြစ်ခဲ့ဖူးသည်။

သူ့ကိုကျရှုံးတဲ့အခါတိုင်း ငိုချင်သည်။ မျက်ရည်ဝဲတတ်သည်။ ယောက်ျားလေးတန်မဲ့ မျက်ရည်လွယ်နေသည့် ကိုယ့်ကိုယ်ကိုယ်လည်း သိပ်မုန်းပါ၏။ ဒီလိုပုံစံမျိုးကို သူမြင်သွားမည်ကိုလည်း သိပ်စိုးရိမ်သည်။

မင်းအပေါ်ကျရှုံးရတာကိုမကြိုက်ဘူး jongin ~

~~~တကယ်တော့ အဲ့ဒီ့တုန်းက ကျရှုံးမှုတွေက အသေးစားလေးပဲ ရှိသေးတယ်ဆိုတာ မသိခဲ့ဘူး~~~


TBC...💗
Thanks for reading
Thanks for voting and comments 🙆

---------------

Zawgyi

အခ်ိန္သည္ မနက္ေလးနာရီခန့္ေလာက္ေတာ့ရွိမည္။ Busကားေပၚမွတစ္ဆင့္ အျပင္ဘက္အား ေတြေတြေလးေငးေနမိသည္။ ေတြ႕ရာbusကိုတက္စီးလာတာေၾကာင့္ ဘယ္သြားလို႔ ဘယ္ေရာက္ေနမွန္းလည္း မသိေတာ့ပါ။

ေနရာအတည္တက်မရွိဘဲ ယခုလိုေလွ်ာက္သြားေနမိျခင္းကို ကိုယ္တိုင္ကေတာင္ သတိမထားမိေပ။

အရာရာကို လက္လႊတ္လိုက္ရေတာ့မည္ဆိုသည့္ အေတြးလည္း စိတ္ထဲမွာမရွိ။ အရာအားလုံး ဗလာနတၳိသာ ျဖစ္ေနေပသည္။

သူမသိလိုက္ခ်ိန္မွာပဲ သူရိန္ေနမင္းႀကီးက ေကာင္းကင္ထက္ဝယ္ ေတာက္ပကာ ေနျခည္ေလးမ်ားပင္ သူ႕အေပၚလႊမ္းၿခဳံျဖာက်လ်က္ ရွိေပသည္။ ေနမင္းႀကီးသည္ သူ၏စိတ္အျဖာျဖာအားလႈပ္ႏွိုးရန္ တမန္ေတာ္ေစလႊတ္လိုက္သည့္အလား။

ဒီအခ်ိန္ဆို သူထေလာက္ေရာေပါ့~

အအိပ္ႀကီးတဲ့သူက အခုခ်ိန္ထပါ့ဦးမလား...ၾကာၾကာအိပ္ရင္လည္း ေခါင္းကိုက္တတ္တဲ့ သူ႕ကိုႏွိုးမယ့္သူေရာရွိပါ့မလား...

မနက္စာေရာ သူကစားပါ့မလား...သူဟိုေန႕က ေျခေခ်ာ္က်မိလို႔ ေရာင္သြားတဲ့ ေျခေထာက္ကိုေရာ ေဆးလိမ္းပါ့မလား...စသည္ျဖင့္ သူ႕အေၾကာင္းမ်ားကိုသာေတြးေနမိသည္။

အရာအားလုံး ဘယ္ကစၿပီးမွားယြင္းသြားတာလဲ?

သူ႕နဲ႕ေတြ႕ဆုံမိခဲ့တုန္းကလား

မိဘေတြေၾကာင့္လား

ခ်စ္ခဲ့မိတဲ့ သူကမွားတာလား

ငါ့တို႔ဟာ မွားယြင္းစြာ ေတြဆုံမိခဲ့ၾကတာပဲ jongin...

ကားမွန္ေလးကို အသာဆြဲဖြင့္လိုက္ရင္း မြန္းၾကပ္ေနေသာ စိတ္အစုံကို အျပင္ဘက္သို႔ ရႉထုတ္မိလိုက္သည္။

ၿမိဳ႕ကိုေက်ာ္လာသည္ႏွင့္ သူ႕အား လတ္ဆတ္ေသာေလေအး၊ အျမင္ေအးခ်မ္းဖြယ္ စိမ္းစိုစိုလယ္ကြင္းႏွင့္ ျမင့္မားေသာေတာင္တန္းတို႔က ႀကိဳဆိုေနေလသည္။

ခဏၾကာေတာ့ ကားမွတ္တိုင္တစ္ခုမွာ ရပ္လိုက္တာေၾကာင့္ ကြၽန္ေတာ္ပါလိုက္ဆင္းလိုက္သည္။

ခပ္ေျပေျပတိုက္ခတ္လာတဲ့ ေလေအးတစ္ခ်က္...။ စိတ္သက္သာလို သက္သာျငား အသက္ျပင္းျပင္းရႉထုတ္လိုက္ေသာ္လည္းကြၽန္ေတာ့္၏ အပူမီးကိုၿငိမ္းေပးနိုင္ရန္အလို႔ငွာေတာ့ မစြမ္းသာပါ။

ဒီခံစားခ်က္...ကြၽန္ေတာ့္ကို အမ်ိဳးမ်ိဳးႏွိပ္စက္တဲ့ ဒီခံစားခ်က္ေတြက အရင္တုန္းကအတိုင္းပဲ။

ဆက္ေလွ်ာက္လာေတာ့ လယ္ကြင္းအခ်ိဳ႕ႏွင့္အတူ အိမ္ေျခအနည္းစုကိုပါ ေတြ႕လာရသည္။

"အာ့...''

ေဆာ့ကစားေနတဲ့ ကေလးအခ်ိဳ႕က ေျပးရင္းလႊားရင္း ကြၽန္ေတာ့္အား ဝင္တိုက္သြားသည္။ ေက်ာ္တက္သြားတဲ့ ထိုကေလးအုပ္စုကို လွည့္ၾကည့္မိေတာ့ ထိုကေလးမ်ားထဲမွ တစ္ေယာက္ဟာ ေခ်ာ္လဲက်ေနသည္။

"မင္းဘာလို႔ ငါ့ကိုတြန္းတာလဲ"

လဲက်သြားတဲ့ကေလးက သူ႕အေပၚကေန ငုံ႕မိုးၿပီးၾကည့္ေနတဲ့ ေကာင္ေလးကို ေျပာေနသည္။

"Sorry...မေတာ္တဆ ျဖစ္သြားတာ"

"မဟုတ္ဘူး မင္းညာေျပာေနတာ။ မင္းငါ့ကိုတမင္လုပ္တာ ငါသိတယ္''

ထိုေကာင္ေလးရဲ႕ မ်က္ႏွာက ၿပိဳေတာ့မည့္မိုးလိုမ်ိဳး ငိုမဲ့မဲ့ျဖစ္ေနေလသည္။ တစ္ဖက္ကေကာင္ေလးကေတာ့ ဂ်စ္ကန္ကန္ပုံေလးႏွင့္ သူမဟုတ္ေၾကာင္းျငင္းကာ ေဘးရွိကေလးမ်ားကိုပါ သူမလုပ္ေၾကာင္းေျပာျပေနေသး၏။

မၾကာပါဘူး။ ထိုလဲက်ေနတဲ့ကေလးထံမွ ငိုသံစူးစူးေလး ထြက္လာတယ္။ ကြၽန္ေတာ္ေတာင္ေၾကာင္ၿပီး ကေလးကိုသြားေခ်ာ့ရနိုးနိုး၊ သြားရာလမ္းအတိုင္းပဲ ဆက္သြားရနိုးနိုးျဖစ္ေနေလသည္။

ဒါေတြကိုျမင္ေတာ့ တစ္ခ်ိန္က အေၾကာင္းအရာမ်ားမွာ စိတ္အာ႐ုံထဲသို႔ ခပ္ေရးေရးမွသည္ တစ္ေျဖးေျဖးပုံေပၚလာ၏။

◻◻◻◻◻◻◻◻◻◻◻

"Yarr...မင္းငါ့ကို ဘာလို႔တြန္းတာလဲ''

"မတြန္းပါဘူး...မင္းဟာမင္းလဲတာကို''

ယခုအခ်ိန္မွာသူ႕မ်က္ႏွာကို ဆြဲကုတ္ပစ္ခ်င္သည္။ လဲထားလို႔နာက်င္ေနတဲ့ ေျခေထာက္ဒဏ္ရာကတစ္ေၾကာင္း၊ ၿပိဳင္ပြဲရႈံးလို႔ စိတ္ညစ္တာကတစ္ေၾကာင္းေၾကာင့္ မ်က္ရည္ဝဲလာသည္။

Kyungsooကသူ႕ကိုအၿမဲတမ္း ေရွာင္ခဲ့တယ္။ သူနဲ႕အေဝးဆုံးမွာေနတယ္။ သူနဲ႕တတ္နိုင္သေလာက္ မပတ္သက္မိေအာင္ ႀကိဳးစားတယ္။

ယခုအခ်ိန္မွာလည္း ဒီလိုပဲ။

ေက်ာင္းမွာက်င္းပတဲ့ အေပ်ာ္တမ္းအားကစားၿပိဳင္ပြဲမွာ Kyungsooက သူနဲ႕ေဝးေအာင္ အေျပးၿပိဳင္ပြဲအတြက္ စာရင္းေပးခဲ့သည္။ Basketball team ကသူႏွင့္ေဝးေအာင္ေပါ့။

ဒါေပမယ့္ သူကအဲ့ဒီ့ကိုမသြားပဲ အေျပးၿပိဳင္ပြဲအတြက္ စာရင္းေပးခဲ့သည္တဲ့ေလ။

ဒါဟာ သူတမင္လုပ္ေနသည္လား။ မသိပဲဒီအတိုင္းစာရင္းေပးလိုက္တာလား။ သူလည္းမသိေတာ့ပါ။

ၿပိဳင္ပြဲမွာေတာ့ သူတို႔ႏွစ္ေယာက္လုံး တာထြက္ေကာင္းခဲ့သည္။ အေျပးျမန္တဲ့ Kyungsooကလည္း အားကုန္သုံး၍ေျပးေနျခင္းေၾကာင့္ ပထမေနရာကိုမွန္းလို႔ရတယ္။ ထိုၿပိဳင္ပြဲမွာ Kyungsooရဲ႕ ၿပိဳင္ဖက္က တစ္ေယာက္ထဲ။ jongin ...သူပဲ Kim jongin

႐ုတ္တရက္ေျပးေနရာကေန Kyungsooလဲက်သြားတယ္။ အားကစားေဘာင္းဘီအတိုႏွင့္ ေျပးျခင္းေၾကာင့္ ဒူးေထာက္လ်က္သား က်လိဳက္မိသည္ႏွင့္ ဒူးၿပဲကာ ေသြးထြက္လာေတာ့တာပဲ။

နာက်င္ေနတာကို မသိဟန္ေဆာင္ရင္း ခပ္သြက္သြက္ျပန္ရပ္လိုက္ကာ ဆက္ေျပးမိသည္။ အင္း...ၿပိဳင္ပြဲမွာ ရႈံးသြားသည္ေပါ့။

ဒါjonginတမင္လုပ္တာ။ မင္းကိုမုန္းတယ္ jongin..။ မင္းစေရာက္လာကတည္း ငါကအသုံးမက်တဲ့ လူတစ္ေယာက္လိုျဖစ္သြားတာေၾကာင့္ မင္းကိုမုန္းတယ္။

အခုလည္း သူျငင္းေနျပန္ၿပီေလ။ သူဟာတာဝန္သိပ္မဲ့လြန္းသည္။ မဟုတ္ဘူး။ သူဟာလူလိမ္တစ္ေယာက္သာ...။ သူ႕ရဲ႕ယခုလို ဂ်စ္ကန္ကန္ပုံစံက ဘယ္ေလာက္ေတာင္ အသည္းယားစရာေကာင္းလိုက္သည္လဲ။

ေဒါသလည္းထြက္ ေျခေထာက္ဒဏ္ရာဟာလည္း နာတာေၾကာင့္ မ်က္ရည္ဝဲတက္လာသည္။

ဟင့္အင္း...သူ႕အေရွ႕မွာ ဒီလိုပုံစံမ်ိဳးမျဖစ္ခ်င္ဘူး။ အကယ္၍ သူသာဒီလိုမ်ိဳးမ်က္ရည္က်တာကို ျမင္သြားရင္ သူကိုယ့္ကိုေလွာင္ရယ္လိမ့္မယ္။ သူ႕ေရွ႕မွာမက်ရႈံးခ်င္ဘူး။

သူ႕မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ကိုယ့္ကိုတစ္ခ်က္ခနဲ႕ၿပဳံးၿပဳံးကာ လွည့္ထြက္သြားေလၿပီ။

သူဟာကိုယ့္ကို ငယ္ငယ္ကတည္းက ဒီလိုအနိုင္ယူခဲ့သူ။

သူအလယ္တန္းတုန္းက Kyungsooတို႔ေက်ာင္းကို ေျပာင္းလာခဲ့တာ။ အေနတည္ၿပီး စာေတာ္တဲ့kyungsooက သူ႕ကိုအမႈမဲ့အမွတ္မဲ့ပဲထားကာ သတိမျပဳမိေပ။

ေနာက္ေတာ့စာေတာ္တယ္၊ ႐ုပ္ေခ်ာတယ္၊ ခ်မ္းသာတယ္ဟု အမည္ထြက္ေနတဲ့သူ႕ကို သတိမထားမိပဲ မေနနိုင္ေတာ့။

ဒီလိုနဲ႕သူဟာ ကိုယ့္ရဲ႕ၿပိဳင္ဖက္သေဘာမ်ိဳး ျဖစ္မွန္းမသိျဖစ္လာခဲ့သည္။ သူကိုယ့္ကို အရာရာယွဥ္ၿပိဳင္လာတာကိုလည္း သတိထားမိလာသည္။

သူေရာက္လာသည့္အခ်ိန္မွစလို႔ ကိုယ္ဟာအရႈံးသမားတစ္ေယာက္လို႔ ခံစားလာရတယ္။ ဒီလိုခံစားရေအာင္လုပ္တဲ့သူ႕ကိုလည္း မုန္းတယ္။

အရင္ကအတန္းထဲမွာဆို Kyungsoo သည္သာပထမ။ ဆရာမက စာၿပိဳင္ခိုင္းရင္ Kyungsooပဲ အရင္ရခဲ့၊ နိုင္ခဲ့တာ။

ကိုယ့္အေပၚဆရာမေတြကေရာ၊ ေက်ာင္းသားေတြကပါ ယုံၾကည္ၾကတယ္။

သူေရာက္လာေတာ့ ကိုယ့္ရဲ႕ျမဴတစ္မႈန္စာေလာက္ အားနည္းခ်က္ေတြေၾကာင့္ ကိုယ္ဟာသူနဲ႕ယွဥ္တဲ့အခါ ဒုတိယေနရာကို ေရာက္သြားခဲ့တယ္။

အရင္က ကိုယ့္ကိုယုံယုံၾကည္ၾကည္နဲ႕ စာေမးတဲ့ေက်ာင္းသားအခ်ိဳ႕ဟာလည္း သူ႕ဘက္ကိုေရာက္သြားခဲ့တယ္။

ဒါတင္မက သူဟာအရာရာမွာ ကိုယ့္ကိုၿပိဳင္ဆိုင္အနိုင္ပိုင္းေနတယ္လို႔လည္း ခံစားလာရသည္။

မုန္းတယ္ jongin မင္းကိုသိပ္မုန္းတယ္။

အဲ့ဒီ့တုန္းက Kyungsooလည္း ကေလးပီပီ သူ႕အားမနာလိုျဖစ္ခဲ့ဖူးသည္။

သူ႕ကိုက်ရႈံးတဲ့အခါတိုင္း ငိုခ်င္သည္။ မ်က္ရည္ဝဲတတ္သည္။ ေယာက္်ားေလးတန္မဲ့ မ်က္ရည္လြယ္ေနသည့္ ကိုယ့္ကိုယ္ကိုယ္လည္း သိပ္မုန္းပါ၏။ ဒီလိုပုံစံမ်ိဳးကို သူျမင္သြားမည္ကိုလည္း သိပ္စိုးရိမ္သည္။

မင္းအေပၚက်ရႈံးရတာကိုမႀကိဳက္ဘူး jongin ~

~~~တကယ္ေတာ့ အဲ့ဒီ့တုန္းက က်ရႈံးမႈေတြက အေသးစားေလးပဲ ရွိေသးတယ္ဆိုတာ မသိခဲ့ဘူး~~~


TBC...💗
Thanks for reading
Thanks for voting and comments 🙆


© Sunny_Fanfan,
книга «Mellifluus».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
augustblessing
Part 1
အပိုငျးတဈနဲ့တငျရငျထဲထိလိုကျတာ နောက်တစ်ပိုင်းမျှော်နေပါပြီ🤧
Відповісти
2020-10-18 16:58:28
1