Chapter 1/နောက်ဆုံးအကြိမ်နှုတ်ဆက်ခြင်း
Unicode
"When we meet again...oneday!"
♥Part 1/နောက်ဆုံးအကြိမ်နှုတ်ဆက်ခြင်း♥
အုံ့မှိုင်းနေသည့်တောတန်းကြီး၏အဆုံးတစ်ဖက်ဖြစ်သည့်ချောက်ကမ်းပါးကြီးတစ်ခု...
ချောက်ကမ်းပါးကြီးရဲ့အောက်မှာတော့အပြာရောင်ပင်လယ်ရေတွေကဝန်းရံထားသည်...
ထိုချောက်ကမ်းပါးကြီးပေါ်တွင်ကားအနက်ရောင်တစ်စီးနှင့်ထိုကားအဖြူရောင်လေးရဲ့နောက်မှာတော့ကားအဖြူရောင်လေးတစ်စီးရပ်ထားသည်...
ကားအဖြူရောင်လေးပေါ်ရှိလူများကားပေါ်မှအလောတကြီးဆင်းသွားခဲ့ပုံရသည်။ဘာကြောင့်လဲဆိုတော့ကားတံခါးပွင့်ရက်နှင်ပင်ဖြစ်နေသောကြောင့်ပင်.....
ချောက်ကမ်းပါးပေါ်တွင်လူငါးယောက်ရှိနေသည်။
ချောက်ကမ်းပါးအစွန်းမှာလူနှစ်ယောက်
ထိုသူတို့..သူတို့နှစ်ယောက်ရဲ့အနောက်ကိုသာလှည့်ကြည့်မယ်ဆိုလျှင်ချောက်ကမ်းပါးအောက်ရှိပင်လယ်ကြီးသာမြင်ရမည်ဖြစ်သည်...
ထိုသူနှစ်ယောက်အနက်တစ်ယောက်မှာတော့...
နဖူးပေါ်မှာပျော့ပျောင်းဖြောင့်စင်းနေတဲ့ဆံနွယ်တွေဝဲကျနေပြီးအနောက်မှာရှိတဲ့ဆံပင်တွေကလည်းဂုတ်ပေါ်အထိကျဆင်းနေတယ်
လေတဟူးဟူးနှင့်တိုက်ခတ်နေသည့်အတွက်ဆံပင်ရှည်တွေဟာတစ်ခါတစ်ခါထိုသူရဲ့မျက်နှာပေါ်မှာရှုပ်ထွေးစွာယှက်နွယ်နေကြပြန်ပေသည်..
အနက်ရောင်ရှပ်အင်္ကျီနဲ့အနက်ရောင်ဘောင်းဘီရှည်ကိုတွဲဖက်ဝတ်ဆင်ထားသည်။ထိုလူသားစီးထားသည့်ဖိနပ်မှာလည်းအနက်ရောင်ပင်...
ဒီနေ့ဝတ်ဆုံဟာသူ့အတွက်နောက်ဆုံးအချိန်ဆိုတာကိုနမိတ်ပြနေခြင်းလော???
မဟုတ်ပါဘူး.......သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ပင်ဖြစ်သည်....
ဆန့်ကျင်ဘက်မြားနှစ်စင်းဟာခဏတာအချိန်ကလေးမှာအတူဆုံဆည်းခွင့်ရနိုင်ပေမယ့်နောက်ဆုံးမှာသူတို့ရဲ့ဦးတည်ရာတွေကဘယ်နည်းနဲ့မှတူညီနေမှာမဟုတ်ဘူးလေ...
...ဒါဟာအမှန်တရား...ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး...
ထိုလူသားရဲ့ဘေးမှာရှိတဲ့လူတစ်ယောက်ကတော့လက်များကိုနောက်ပြန်ကြိုးတုပ်ခံထားရပြီးပါးစပ်မှာလည်းတိပ်ဖြင့်ပိတ်ထားခြင်းခံထားရသည်။ထိုသူကဒူးထောက်လျှက်အနေအထားဖြစ်သည်။
အနက်ရောင်ဝတ်ဆုံနှင့်သူရဲ့ညာဘက်လက်ထဲမှာပစ္စတိုသေနတ်တစ်လက်ကိုင်ထားပြီးသူ့ဘေးနားဒူးထောက်လျှက်ရှိနေတဲ့သူရဲ့နားထင်ကိုချိန်ထားသည်။
ထိုသူတို့နှစ်ယောက်နှင့်မျက်နှာချင်းဆိုင်ခြေလှမ်းနှစ်ဆယ်လောက်ကွာဝေးသောနေရာတွင်လူသုံးယောက်ရှိနေသည်။
ထိုသူသုံးယောက်လုံးရဲ့လက်ထဲမှာလည်းပစ္စတိုများဖြင့်အနက်ရောင်အင်္ကျီနှင့်လူသားကိုချိန်ရွယ်ထားသည်။
လေပြင်းတွေတိုက်ခတ်နေသည်။ချောက်ကမ်းပါးအောက်ကကျောက်ဆောက်နှင့်ရေလှိုင်းတွေရဲ့ရိုက်ခတ်သံတွေကိုလည်းကြားနေရသည်။
ထိုစဉ်မိုးကရွာမည်မပြုပါပဲနှင့်သည်းထန်စွာရွာချလာသည်....
......ကျွန်တော့်ချစ်ရသူနဲ့စဆုံတဲ့အချိန်လေးမှာလည်းမိုးရွာခဲ့တယ်......
......အခုကျွန်တော်တို့နှစ်ယောက်ရဲ့အဆုံးသတ်အချိန်မှာလည်းမိုးရွာလာခဲ့ပြန်ပါပြီ....
ကော...မိုးတိတ်သွားရင်ကျွန်တော့်ရဲ့အဆုံးသတ်ခြင်းနဲ့အတူကောရဲ့အမုန်းတွေလွင့်ပါသွားနိုင်ပါစေ..
ထိုစဉ်စကားတစ်ခွန်းကသူရဲ့အတွေးတွေကိုဖြိုခွင်းလိုက်သည်။
"ဝမ်ရိပေါ်..သေနတ်ချလိုက်ပါ
မင်းသူ့ကိုသတ်လိုက်လို့လည်းဘာမှထူးလာမှာမဟုတ်ဘူးလေ
သူ့ရဲ့အပြစ်တွေအကုန်ပေါ်နေပြီပဲဥပဒေနဲ့ပဲအပြစ်ပေးဆပ်ခိုင်းလိုက်ပါရိပေါ်
သူ့ကိုအဆုံးသတ်လိုက်ရင်မင်းဘဝကြီးလည်ပိုပျက်စီးသွားလိမ့်မယ်
ကောပြောတာကိုနားလည်စမ်းပါကွာ..."
ကောရဲ့အသံတွေတုန်ယင်နေသလား???
သူလှမ်းကြည့်လိုက်သည်။အဖြူရှောင်ရှပ်နှင့်အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်။မိုးမရွာခင်ကနဖူးပေါ်သပ်ရပ်စွာလှန်တင်ထားတဲ့ဆံပင်တွေကအခုတော့မိုးရေကြောင့်နဖူးပေါ်ကျဆင်းနေသည်။
ရှပ်အင်္ကျီလေးကိုသေချာကြည့်တော့
ထုံးစံအတိုင်းအပေါ်ကြယ်သီးနှစ်လုံးကိုမတပ်ထားတာကြောင့်ကောရဲ့ဖြူဖွေးနေတဲ့ရင်ဘက်လေးကိုအနည်းငယ်မြင်နေရတယ်
ကောရဲ့ထိုအချက်ကသူ့ကိုအရမ်းဆွဲဆောင်နိုင်သောအချက်ဖြစ်သည်။ကျွန်တော်အရမ်းချစ်ရတဲ့ကော...
"မဟုတ်ဘူးကော...သူ့အပြစ်တွေကအချိန်နဲ့ပြန်ပေးဆပ်ရုံနဲ့တင်မကျေနိုင်ဘူး
အနှစ်နှစ်ဆယ်လား..ဒါမှမဟုတ်
အနှစ်သုံးဆယ်လား?..ဟက်"
သူတစ်ချက်ရယ်လိုက်တယ်။သူ့ရဲ့ရယ်သံကတော့အသက်မပါခြောက်ကပ်နေခဲ့ပါတယ်..
"အဲအချိန်တွေကုန်ပြီးပြန်လွှတ်လာလည်းသူရဲ့အပြစ်တွေမကျေနိုင်ဘူးကျွန်တော့်အပေါ်ကို..
ပြီးတော့သူအခြားအပြစ်တွေထပ်ကျူးလွန်ချင်ရင်တောင်ကျူးလွန်အုံးမှာလေ
အသက်ကိုအသက်နဲ့ပြန်ပေးဆပ်တာပဲကောင်းပါတယ်..."
စကားရဲ့ဆုံးသတ်မှာတော့သူ့အသံတွေအနည်းငယ်တိမ်ဝင်သွားခဲ့ပါတယ်
"မင်းကရော?"ကောရဲ့မျက်နှာဟာတည့်တံနေခဲ့ပါတယ်
"ကျွန်တော်လား...?"သူပြုံးမိသည်။
"သူ့ရဲ့အသက်နဲ့ပြန်ပေးဆပ်ပြီးချိန်လောက်ဆိုကျွန်တော်လည်းကောနဲ့လောကကြီးကိုနှုတ်ဆက်သွားလောက်ပါပြီ"
သူရှည်ကြာတဲ့သက်ပြင်းတစ်ချက်ချလိုက်ရင်းဆက်ပြောလိုက်သည်။
"ကော!
ကြားချင်တယ်..နောက်ဆုံးအနေနဲ့ပါ
ဝမ်လေးလို့ခေါ်ပါအုံး"
သူတောင်းဆိုနေပေမယ့်ထိုသူကတော့တိတ်ဆိတ်ငြိမ်သက်နေဆဲပင်ဖြစ်သည်။
သူ့ကိုသေနတ်နဲ့ချိန်ထားတဲ့ထိုသူရဲ့ဘယ်ဘက်လက်သန်းကြွယ်လေးဆီအကြည့်ရောက်သွားတော့"YZ"စကားလုံးလေးနဲ့ပုံဖော်ထားတဲ့လက်စွပ်လေးဝတ်ထားဆဲဖြစ်သည်။
သူ့ရဲ့ကောထိုလက်စွပ်လေးဝတ်ထားသည့်အချက်နှင့်ပင်သူ့ရဲ့နောက်ဆုံးအချိန်အတွက်သူကျေနပ်သည်။
သူ့ပါးပြင်ပေါ်မှာတော့မျက်ရည်များစီးကြလာသည်။သူ့ရဲ့မျက်ရည်တွေကိုကောမြင်နိုင်ပါ့မလား...
မျက်နှာပေါ်သည်းထန်စွာကျဆင်းနေတဲ့မိုးစက်တွေနဲ့အတူရောသွားတာကြောင့်ကောမြင်နိုင်မှာမဟုတ်တာတော့သေချာသည်။
"ကော...အရမ်းချစ်တယ်
နောက်ဆုံးအကြိမ် နှုတ် ဆက် ခြင်း ပါ...."
သူ့ရင်ထဲနာကျင်ခြင်းတွေနဲ့အတူကောအတွက်နောက်ဆုံးစကားပြောလိုက်သည်။
ထိုစကားရဲ့အဆုံးမှာတော့....."ဒိုင်း..."
သေနတ်သံတစ်ချက်နှင့်အတူသူ့ရဲ့ဘေးနားရှိဒူးထောက်လျှက်ရှိသောသူမှာကျောက်ဆောင်ပေါ်သို့လဲကျသွားကာသွေးများအိုင်ကြလာသည်။
ထိုသေနတ်သံနှင့်တစ်ဆက်တည်းမှာပဲနောက်ထပ်သေနတ်သံများထွက်ပေါ်လာသည်။
"ဒိုင်း.....ဒိုင်း"
ထိုပစ်ချက်များကသူ့ရဲ့ဝမ်းဗိုက်ဘေးကိုတစ်ချက်နှင့်နောက်တစ်ချက်မှာတော့သူ့ရဲ့ဘယ်ဘက်ရင်ဘက်ကိုပင်ဖြစ်သည်။
"မလုပ်နဲ့..........မဖြစ်ရဘူး"
ဒါကောရဲ့အသံ!!!!ကောရဲ့စကားအဆုံးမှာတော့နာကျင်မှုတွေနဲ့အတူသူ့ရဲ့ခြေထောက်တွေယိုင်နဲ့လာသည်။
ခြေလှမ်းတွေယိုင်နဲ့ယိုင်နဲ့နဲ့နောက်ဆုတ်လာခဲ့ရင်းနောက်ဆုံးတော့သူ့ရဲ့ခန္ဓာကိုယ်လေးလေထဲသို့အရှိန်နှင့်လွှင့်ကျသွားခဲ့သည်....
သူ့ခန္ဓာကိုယ်လေးဦးတည်နေသည်ကချောက်ကမ်းပါးအောက်ရှိပင်လယ်ဆီသို့ပင်ဖြစ်သည်။
ထိုစဉ်သူ့ရဲ့လက်ကလေးကိုနူးညံတဲ့လက်ကလေးထိတွေ့တာကြောင့်လေးလံနေတဲ့မျက်ခွံလေးတွေကိုကြိုးစားရင်းဖွင့်ကြည့်လိုက်တော့...
ပြုတ်ကျသွားတဲ့သူ့ကိုကောကမမှီမှီအောင်လှမ်းဆွဲလိုက်ခြင်းပင်.....
ဒါပေမယ့်....ကောရဲ့လက်တွေကကျွန်တော့်ရဲ့လက်တွေကိုလှမ်းမမှီခဲ့ပါဘူး....
"ဝမ်လေး......ဝမ်လေး"
ရှိုက်သံတွေရောနေပြီးကျွန်တော့်နာမည်လေးကိုခေါ်တေဲ့ကောရဲ့အသံလေး
ကျွန်နော်ကြားလိုက်နိုင်သေးသည်။
ဒါပေမယ့်ကျွန်တော်ရဲ့မျက်လုံးလေးတွေတဖြည်းဖြည်းမှေးစင်းလာတယ်....
ကျွန်တော်မြင်နေရတဲ့ကောရဲ့ပုံရိပ်ဟာလည်းတဖြည်းဖြည်းဝေဝါးလာတယ်...
နောက်ဆုံးမှာတော့လုံးဝအမှောင်အတိဖြစ်သွားခဲ့လေပြီ
ကျွန်တော်ကောကိုအပြီးအပိုင်နှုတ်ဆက်ခဲ့ရပြီလား????
လောကကြီးထဲကနေတကယ်ပဲထွက်ခွာလာရပြီလား????
ထိုစဉ်သူ့ခန္ဓာကိုယ်လေးတစ်ခုလုံးအေးစက်မှုကိုခံစားလိုက်ရသည်....
ဒါကတော့သေချာပါသည်..ပင်လယ်ရေရဲ့အေးစက်မှုတွေဖြစ်မည်ဆိုမှာ....
ကော...တစ်နေ့မှာပြန်ဆုံဆည်းခွင့်ရမယ်ဆိုခဲ့ရင်
နောင်ဘဝဆိုတဲ့အချိန်မျိုးမှာဖြစ်ဖြစ်ပေါ့...
"ရိုးရှင်းတဲ့သာမန်ကောင်လေးတစ်ယောက်အနေနဲ့တွေ့ဆုံချင်ပါတယ်......
......ကျွန်တော်ချစ်ရတဲ့ကော...."
ဒါကတော့ကျွန်တော်ရဲ့နောက်ဆုံးဆန္ဒပါ....
Part 2 Coming soon...
Zawgyi
"When we meet again...oneday!"
အနှစ်သုံးဆယ်လား?..ဟက်"
"ကော!
"ကော...အရမ်းချစ်တယ်
"ဒိုင်း.....ဒိုင်း"
"မလုပ်နဲ့..........မဖြစ်ရဘူး"
"ဝမ်လေး......ဝမ်လေး"

Коментарі