Chapter (0)
Chapter (1)
Chapter (1)
ရာသီဥတု သာယာနေ၏။ခပ်ငြိမ့်ငြိမ့်လေပြည်လေးတိုက်ခတ်နေ၍ သစ်ရွက်လေးများလည်း အသာအယာလှုပ်လျက်ရှိသည်။ကောင်းကင်မှာလည်း တိမ်ကင်းစင်ကာကြည်လင်နေသည်။တစ်ချိန်တည်းမှာပင် ပုစဉ်းရင်ကွဲသံကဲ့သို့ နားမခံနိုင်စရာ စူးရှသောအသံတစ်သံလည်းထွက်ပေါ်နေလေသည်။အသံထွက်ပေါ်ရာကား တောင်ထိပ်ရှိ မြက်ခင်းပေါ်မှဖြစ်၏။မြက်ခင်းပေါ်တွင် အနီရောင်အင်းကွက်စက်ဝိုင်းတစ်ခုပေါ်လျက်ရှိပြီး မီးကင်ထားသောသတ္တုကဲ့သို့ ရဲရဲနီနေလေသည်။အနီရောင်မှာ ဖြည်းဖြည်းချင်းပိုရင့်လာသလို အသံမှာလည်း ပို၍စူးရှလာ၏။စက်ဝိုင်းမှာလည်း တုန်ခါလျက် အချိန်မရွေးကွဲထွက်သွားတော့မည့်ဟန်ပေါ်နေလေသည်။မကြာမီမှာပင် စက်ဝိုင်းကအမှန်တကယ်ကိုကွဲထွက်သွားပြီး အပိုင်းအစများ နေရာအနှံသို့ပြန့်ကျဲကုန်တော့သည်။ကွဲထွက်သည့်အရှိန်ကြောင့်ပင် ၎င်းနေရာကိုဗဟိုပြု၍ တောင်တစ်ခုလုံးကိုဖြတ်ကျော်ကာ အနီးနားရှိမြို့များထိ လှိုင်းများရိုက်ခက်လျက် အလွန်ပြင်းထန်သော ငလျင်တစ်ခုကို ဖြစ်ပေါ်စေတော့၏။

တောင်ပေါ်ရှိ ကျိုးပျက်သွားသော အင်းကွက်စက်ဝိုင်း၏အပိုင်းအစများမှာမူ ရဲရဲတောက်နီနေရာမှ မှိန်ကျသွားပြီး သာမန်အနီရောင်ဖျော့ဖျော့သို့ပြောင်းလဲသွားလေတော့သည်။အလားတူပင် တောင်တစ်ခုလုံးမှလည်း အခိုးအငွေ့အချို့ထွက်လာပြီး ကျိုးပျက်သွားသောစက်ဝိုင်း၏တစ်နေရာတွင် လာစုကြ၏။အငွေ့များမှ တဖြည်းဖြည်းစုပေါင်းကာ မပီပြင်သောယောက်ျားတစ်ယောက်၏ ပုံရိပ်ကိုပေါ်လာစေတော့သည်။ထိုပုံရိပ်မှာ ဖောက်မြင်နိုင်လောက်အောင် မှုန်ဝါးလွန်းသည့်အပြင် အစိတ်အပိုင်းတစ်ချို့လစ်လပ်နေသေးသဖြင့် ဆက်၍မပြီးသေးသော ဉာဏ်စမ်းပန်းချီကားနှင့်ပင်တူနေသေးသည်။ဤသည်ကား နှစ်ပေါင်း တစ်ရာလေးဆယ့်ခြောက်နှစ်တိုင် အဲ့မော်တောင်တွင် "အန့်ဟယ်တောင်ကြားသခင် ကွမ်းမင်ရန်" အားအကျဉ်းချထားလျက်ရှိသော "ရုပ်နာမ်ပေါင်းစည်းချုပ်နှောင်ခြင်း" အစီအရင် ပျက်စီးသွားခြင်းပေတည်း။

အဲ့မော်တောင် ပတ်ပတ်လည်ရှိမြို့များတွင် ကြီးကျယ်သောငလျင်လှုပ်သွားပြီးသည်မှစ၍ ကျင့်ကြံရေးလောက၌ ကွမ်းမင်ရန်လွတ်မြောက်လာကြောင်းသတင်းမှာ တစ်စတစ်စပြန့်နှံသွားတော့သည်။ငလျင်လှုပ်ရခြင်း၏အကြောင်းကို မည်သူမှရေရေရာရာမသိသည့်တိုင် ကွမ်းမင်ရန်အားတွေခဲ့ပါသည်ဟု အခိုင်အမာဆိုသောသူများပင် ပေါ်ထွက်လာသေးသည်။

"လူတွေပြောကြတော့ ကျုပ်လည်း အဲ့မကောင်းဆိုးဝါးကောင်ကိုမြင်ဖူးချင်တာနဲ့ အရဲစွန့်ပြီးသွားတာပေါ့ အဲ့မှာတောင်ခြေလည်းရောက်ရော ကျုပ်တန်းတွေ့တော့တာပဲ ဖြူဖွေးနေတဲ့ဆံပင်တွေနဲ့အဘိုးကြီး ပါးရေတွေကလည်းတွန့်လို့ လူကလည်းသွေးမရှိသလိုဖြူစုတ်နေပြီး ဖုန်တွေအလိန်းလိန်းနဲ့ လူနဲ့တောင်မတူဘူး တောကောင်ကိုအစိမ်းလောက်ဝါးစားနေတာမှ တကယ်ကိုမကောင်းဆိုးဝါးအစစ်ပဲဗျာ သူ့ရဲ့နီရဲနေတဲ့မျက်လုံးကြီးတွေနဲ့ ကျုပ်ကိုစားချင်နေသလိုအကြည့်နဲ့ လှမ်းကြည့်လို့ ကျုပ်မှာအမြန်လှည့်ပြေးလာခဲ့ရတာ"

စားသောက်ဆိုင်တစ်ဆိုင်လုံးရှိလူများထဲမှ အာမေဋိတ်သံများ အစုံအလင်ထွက်လာတော့၏။

"အမလေး ကြောက်စရာကြီးနေမှာ"

"ဒီလိုမကောင်းဆိုးဝါး မိဆ်စာကောင်ကို အကြီးအကဲတွေက ဘာလို့အရှင်ထားခဲ့ကြတာလည်းမသိဘူး တစ်ခါတည်းသတ်ပစ်ခဲ့ရမှာ"

"ဟုတ်တယ်ဟုတ်တယ် အဲ့ကတည်းကသတ်ပစ်ခဲ့ရမှာ အခုလွတ်လာပြီဆိုတော့ ကျုပ်တို့တော့ တကယ်စိုးရိမ်စရာပဲ"

ထိုကျင့်ကြံသူအမျိုးသားအား ဝိုင်းထောက်ခံသူများနှင့်တစ်ဆိုင်လုံးပြည့်သွားလေသည်။သူ၏ ကွမ်းမင်ရန်အားတွေ့ခဲ့ပုံဇာတ်လမ်းကိုပြောပြနေသူမှာလည်း လူပုံအလယ်မှာရပ်လျှက် လက်သီးလက်မောင်းတန်းလို့။ဆိုင်အတွင်းရှိသူများမှာလည်း နေ့လည်စာပင်ဆက်မစားနိုင်ပဲ ထိုအထက်ပိုင်းကျင့်ကြံရေးဂိုဏ်းတစ်ခု၏တပည့်ဖြစ်ဟန်တူသောသူကိုသာ စိတ်ဝင်စားစွာနားထောင်နေကြတော့သည်။ထိုစဉ် ဆိုင်အတွင်းတစ်နေရာမှ ရယ်သံလွင်လွင်လေးတစ်ခုထွက်ပေါ်လာပေ၏။ရယ်သံလာရာကား စုပြုံနေသောလူအုပ်အတွင်းမဝင်ဘဲ ဇာတ်လမ်းတစ်ပုဒ်လုံးကို သူ့စားပွဲတွင်သူ အသာလေးနားထောင်နေသော လူငယ်လေးထံမှဖြစ်လေသည်။

"နောင်တော်က တကယ်ကြီးအန့်ဟယ်အရှင်နဲ့တွေ့ခဲ့တာလား"

"ဒါပေါ့ အဲ့မကောင်းဆိုးဝါးကို ကျုပ်ကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ"

"အဲ့တာဆိုရင်တော့ ဒီကညီငယ်က နောင်တော့ကိုမချီးကျူးပဲမနေနိုင်တော့ပါဘူး အထက်ကျင့်ကြံရေးဂိုဏ်းကြီး ခုနှစ်ဂိုဏ်းရဲ့အကြီးအကဲတွေတောင် ဒီနေ့မှအဲ့မော်တောင်ကိုစစ်ဆေးမှာကို နောင်တော်က အရင်ကျိုပြီးရောက်နှင့်​နေပြီးပြီဆိုတော့ တကယ်တော်တဲ့သူပဲ ဒါ့အပြင် အန့်ဟယ်အရှင်လို "ချင်းကျောင်"ကိုယ်ဖော့ပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူဆီက ဘယ်လိုများလွတ်အောင်ပြေးထွက်နိုင်ခဲ့သလဲ ညီငယ့်ကိုလည်းပညာလေးမျှဝေပါဦး"

လူငယ်လေး၏ အပြုံးနှင့်ဆိုသည့်စကားကြောင့် ထိုလူမှာမျက်နှာသိသိသာသာပျက်ယွင်းသွားသော်လည်း သူ့ရဲ့ဟန်ပန်ကိုပြန်ထိန်းကာ ဂုဏ်ယူဝင့်ကြွားနေသောဟန်ပန်ကိုပြန်ထိန်းလေသည်။အဲ့မော်တောင်ခြေပတ်ပတ်လည်၌ အရင်အကြီးအကဲများလက်ထပ်ကထားရှိခဲ့သည့် အချက်ပေးအစီအရင်များရှိပေ၏။အကယ်၍သာ ကွမ်းမင်ရန်လွတ်လာပြီး လှုပ်ရှားမှုပြုခဲ့လျှင် ထိုအစီအရင်များမှ ချက်ချင်းအချက်ပေးပေလိမ့်မည်။ငလျင်လှုပ်ချိန်မှစ၍ ခုနှစ်ရက်လုံးလုံး အဲ့မော်တောင်၌ လှုပ်ရှားမှုမပြသေးချေ။ထို့အပြင် ငလျင်လှုပ်ရသည့်အကြောင်းအရင်းကိုလည်းတိတိကျကျမသိရသေးရာ ထိုဇာတ်လမ်းများမှာ လုပ်ဇာတ်များသာဖြစ်လေ၏။အန့်ဟယ်အရှင် ကွမ်းမင်ရန်ချုပ်နှောင်ခြင်းခံရသည်မှာ မျိုးဆက်တစ်ဆက်စာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် မည်သည့်ပုံစံရှိသည်ကိုလည်း မည်သူမျှရေရေရာရာမသိကြသည့်အပြင် မည်သည့်ပညာရပ်များတက်ကျွမ်းကာ မည်မျှထိအစွမ်းထက်ကြောင်းကိုလည်း သိသူအလွန်ရှားလေသည်။

"အဟမ်း! ချင်ကျောင်းပညာတတ်လည်း သူချုပ်ခံထားရတာပဲနှစ်ပေါင်းဘယ်လောက်ကြာပြီလဲ သူ့ပညာတွေအလေ့အကျင့်မရှိတော့လျော့ကုန်ပြီလေ ကျုပ်က မြန်မြန်ထွက်လာနိုင်တာလည်းပါတာပေါ့ သာမန်ကိုယ်ဖော့ပညာကိုတော့ မင်းတို့ဂိုဏ်းကသင်ပေးမှာပါ"

"ဒါပေါ့ ဒီကညီငယ်က အဓိပ္ပါယ်မရှိတဲ့မေးခွန်းကိုမေးမိတာပဲ နောင်တော်စိတ်မကွက်ဖို့မျှော်လင့်ပါတယ်"

လူငယ်လေး၏နှိမ့်ချသည့်စကားကြောင့် တစ်ဖက်မှလူမှာ သဘောအလွန်ကျသွားကာ သူ၏ပုံရိပ်ကိုပို၍မြှင့်တင်ရန် အရေးပါအရောက်သူပုံဖမ်းတော့၏။

"မင်းရဲ့ဂိုဏ်းဝတ်စုံကိုကြည့်ရတာ လော့ထျန်းချူးဂိုဏ်းကပဲ နာမည်ဘယ်လိုခေါ်လဲ မင်းကဘယ်လောက်ရည်မွန်ကြောင်း ငါ့သူငယ်ချင်းကောင်းမင်းတို့သခင်လေးကိုစာပို့ပေးမယ်"

လူငယ်လေးထံမှ ရယ်သံလွင်လွင်လေးထပ်မံထွက်ပေါ်လာပြီး တစ်ဖက်မှလူကိုကြည့်ကာ သူ၏သွားတက်ကလေးတစ်ဖက်ပေါ်သည်အထိပြုံးပြရင်းဆိုလေသည်။

"နောင်တော်က တကယ်ကိုဗဟုသုတကြွယ်ဝတာပဲ ညီငယ်က တကယ်ကိုလော့ထျန်းချူးဂိုဏ်းကပါ နာမည်က ပိုင်ဟွမ်လို့ခေါ်ပါတယ် အဖြူရောင်ပိုင်နဲ့ ဇာမဏီငှက်ရဲ့ဟွမ်ပါ ညီငယ်က ပထမသခင်လေးဆိုတော့ နောင်တော်တကယ်စာရေးပေးချင်ရင် ညီငယ်ရဲ့ဖခင်လော့ဂိုဏ်းချုပ်ကိုသာပို့ပေးလိုက်ပါ"

"လော့..လော့ပိုင်ဟွမ်လား!"

ပိုင်ဟွမ်၏မျက်နှာပေါ်ရှိ အပြုံးလေးမှာပိုပြီးအသက်ဝင်လာတစ်လောက် တစ်ဖက်ကလူ၏မျက်နှာမှာမူ ဖြူစုတ်သွားတော့သည်။လော့ပိုင်ဟွမ်အရှေ့မှသွားပြီး အာချောင်မိရလေခြင််းဆိုပြီး သေချာပေါက်ရှက်စိတ်ဖြင့် သွေးပျက်နေပေလိမ့်မည်။သူ့ကိုယ်သူတောင် လော့ပိုင်ဟွမ်နဲ့သူငယ်ချင်းကောင်းတွေလို့ပြောလိုက်သေးသည်မဟုတ်လား။ဆိုင်အတွင်းရှိလူများမှာ ချက်ချင်းပင် အုံးအုံးကြွက်ကြွက်ဖြစ်သွားသောကြောင့် အခြားသူများပါအာရုံစိုက်မခံရခင် ပိုင်ဟွမ်ထိုနေရာမှအမြန်ထွက်လာခဲ့တော့သည်။ဘာကြောင့်ရယ်မသိ ကွမ်းမင်ရန်က လူတွေပြောသလိုအဘိုးကြီးတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာကို သူ့စိတ်ကယုံကြည်နေလေသည်။ငယ်စဉ်ကတည်းက ထိုအန့်ဟယ်တောင်ကြားအရှင်အကြောင်းကို စိတ်ဝင်စား၍သူ့အကြောင်းကိုနှံ့စပ်အောင်လေ့လာခဲ့တာလည်းပါပေလိမ့်မည်။ပိုင်ဟွမ်ထင်သည့်အတိုင်းတာဆိုလျှာင် ကွမ်းမင်ရန်မှာ ဖမ်းချုပ်ခံခဲ့ရသည့် 31 နှစ်အရွယ်မှာပင် ရွှေအမြုတေတတိယအဆင့်ကိုကျော်လွန်၍ နတ်ဝိဇ်ဇာအမြုတေပင်ရပြီးသားဖြစ်ပေလိမ့်မည်။ပိုင်ဟွမ်၏ဆရာဖြစ်သူ ကျိုးကျန့်ဝမ်ပင်လျှင် ကွမ်းမင်ရန်ကိုချုပ်နှောင်စဉ်ကပါဝင်ခဲ့ပြီး ယခုထိတိုင် သက်ရှိထင်ရှားရှိသေးရုံသာမက အသက် သုံးဆယ်ကျော်အရွယ်ကဲ့သို့ နုပျိုနေသေးသည်ပင်။ကျိုးကျန့်ဝမ်သည်ကား ဂူပိတ်ကျင့်ကြံနေသည်ဖြစ်ရာ ပိုင်ဟွမ်ပင်ဆရာဖြစ်သူကိုမမြင်ရသည်မှာ နှစ်နှစ်ရှိပြီဖြစ်၏။ကျိုးကျန့်ဝမ်၏ တရားဝင်အဆင့်သတ်မှတ်ချက်မှာ အမြုတေဒုတိယအဆင့်ပင်ဖြစ်သော်ငြား မြင်ဖူးသူတိုင်း ထိုမျှမကမှန်းသိလေသည်။ဒီလိုနေ့မျိုးတွင် ဆရာဖြစ်သူကိုမျှော်မိသော်ငြား ဂူပိတ်ကျင့်ကြံရာက ထွက်လာမည့်ပုံတော့မပေါ်ပေ။

အဲ့မော်တောင်ငလျင်လှုပ်သည့်နေ့မှစ၍ ကွမ်းမင်ရန်လွတ်ပြီဆိုသည့်သတင်းမှာ တစ်တစ်စပြန့်နှံသွားသလို အန့်ဟယ်တောင်ကြားအတွင်း ပျောက်ဆုံးသွားသောမိဆ်စာဂိုဏ်း၏အရိပ်အယောင်များ ရုတ်တရက်ကြီးပြန်ပေါ်လာလေသည်။အထက်ပိုင်းကျင့်ကြံရေးဂိုဏ်းကြီး 7 ဂိုဏ်းမှာ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ကွမ်းမင်ရန်နှင့်ပတ်သတ်၍ သေချာသည့်ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ဖို့ပြင်ဆင်ရတော့သည်။ထို့ကြောင့်ပင် ယနေ့အဲ့မော်တောင်ခြေရှိ တစ်ချိန်က ဖန်ကျန်းမြို့ဟုအမည်တွင်ခဲ့သည့် ကျစ်ချူးမြို့မှာ အထက်ပိုင်းကျင့်ကြံရေးလောက၏အတော်ဆုံးတပည့်များနှင့် အကြီးအကဲများစုဝေးကြလေသည်။အဓိကအကြောင်းအရင်းမှာမူ အဲ့မော်တောင်အတွင်း စစ်ဆေးကြည့်ရှုရန်သာဖြစ်ပေ၏။

"စားပွဲတွေကိုသေချာချ ဧည့်သည်တွေအတွက် အကုန်လုံးအဆင်ပြေနေတယ်ဆိုတာပဲဖြစ်နေရမယ်
မြောက်ဘက်က ဧည့်ဆောင်တွေကော အဆင်သင့်ဖြစ်ပြီလား ဟုန်းလူဂိုဏ်းကအချိန်မရွေးရောက်လာတော့မှာ ဧည့်ဆောင်မလောက်တာမျိုးမဖြစ်စေနဲ့
ထျန်းချူးဂိုဏ်းကတပည့်တွေအတွက် အဆောင်တွေက နေရောင်ကျပြီးပူမနေစေနဲ့နော်
အော် ဟဲ့ဟဲ့!! အဲ့စားပွဲကဟိုဘက်မှာထားရမှာ
အဲ့နားသာချခဲ့တော့ ငါကိုယ်တိုင်ပဲရွှေ့တော့မယ်"

ရွှေရောင်တဝင်းဝင်းတောက်လျက်ရှိသော ခန်းမ၏အလယ်၌ တစ်ယောက်တည်းအလုပ်အများဆုံးဖြစ်နေသူမှာကား အခြားမဟုတ်။ကျိုးရုန်ယောင်ဂိုဏ်း၏ ဒုတိယသခင်မလေး ကျိုးရှဲ့​မင် ပင်ဖြစ်၏။သူမ၏ခေါက်ယပ်တောင်ကို လက်ထဲတွင်ထည့်၍ ဟိုထိုးလိုက် ဒီညွှန်လိုက်နှင့် ပါးစပ်မှလည်းမနားတမ်း မှာကြားချက်များထုတ်နေတော့သည်။နေရာအနှံအပြားမှဂိုဏ်းများစုဝေးကြမည်ဖြစ်ရာ အဲ့မော်တောင်နှင့်အနီးဆုံး၌ရှိသော ကျိုးရုန်ယောင်ဂိုဏ်းမှ နေရာထိုင်ခင်းစီစဉ်ပေးရလေသည်။ဘာမဆိုစေ့စေ့စပ်စပ်လုပ်တတ်သောသူမက ဧည့်ခံဖို့တာဝန်ယူထားရသဖြင့် အဆောင်များတွင်ဖုန်တစ်စက်မရှိသည်ပင်သေချာအောင် လိုက်စစ်ဆေးနေတော့၏။ထျန်းချူးတောင်မှာ ကျစ်ချူးမြို့နှင့် အရမ်းကြီးဝေးကွာလှသည်မဟုတ်သောကြောင့် လော့ထျန်းချူးဂိုဏ်းမှာ အစောဆုံးရောက်ရှိနေလေသည်။ပိုင်ဟွမ်လည်း လုပ်စရာမရှိ၍ ကျစ်ချူးမြို့ထဲလှည့်ပတ်သွားကာ  ပြန်လာလာချင်း အလုပ်ရှုပ်နေသော ဆရာတူညီမဖြစ်သူအားတွေ့လိုက်ရတော့သည်။အခုအချိန် သူ့နားနေဆောင်ကိုပြန်သွားလျှင် အဆောင်အတွင်းလိုအပ်တာတွေစစ်ဆေးဖို့အခက်တွေ့နိုင်တာမလို့ ရှောင်ပေးသည့်အနေနှင့် ပိုင်ဟွမ်မြို့ထဲကိုသာပြန်ထွက်လာခဲ့တော့သည်။

အဲ့မော်တောင်ရှိ အရင်အကြီးအကဲများထားရစ်ခဲ့သည့်အစီအရင်များ၏သက်ရောက်မှုကြောင့် တောင်ခြေရှိမြို့များတွင် ဓားပျံသုံးလို့မရပေ။ပိုင်ဟွမ်အတွက်တော့ ဒါကပြဿနာမဟုတ်။သူ့မှာလည်း ဓားပျံရှိတာမှမဟုတ်ဘဲ။ကျစ်ချူးမြို့မှာ ခံတပ်သဏ္ဍန်ပြန်လည်တည်ထောင်ထားသည်ဖြစ်ရာ ပိုင်ဟွမ်အတွက် အပျင်းပြေလျှောက်သွားစရာနေရာ များများစားစားမရှိ။မြို့ထဲသို့သွားလျှင်လည်း နေ့ခင်းဘက်ဖြစ်နေသောကြောင့် ညစျေးရယ်တောင်မရှိ။မြို့အပြင်မှာလည်း အဲ့မော်တောင်ကလွဲ၍ဘာမှမရှိပေ။

//အဲ့မော်တောင်..... မြို့အပြင်မှာအဲ့မော်တောင်ရှိတာပဲ//

ပိုင်ဟွမ် ရုတ်တရက်အနောက်ကိုပြန်လှည့်ကြည့်လိုက်မိသည်။သူ့နောက်ကောဘက်တွင်ကား မြင့်မားလှသော အဲ့မော်တောင်နှင့်အတူ တောင်တန်းများမှာ ငွားငွားစွင့်စွင့်ရှိနေပေ၏။

//ခနတဖြုတ်လှည့်ပတ်ကြည့်ရုံလေးပဲလေ ဘာမှမဖြစ်လောက်ပါဘူး ဟုတ်တယ်မလား//





















ရာသီဥတု သာယာေန၏။ခပ္ၿငိမ့္ၿငိမ့္ေလျပည္ေလးတိုက္ခတ္ေန၍ သစ္႐ြက္ေလးမ်ားလည္း အသာအယာလႈပ္လ်က္ရွိသည္။ေကာင္းကင္မွာလည္း တိမ္ကင္းစင္ကာၾကည္လင္ေနသည္။တစ္ခ်ိန္တည္းမွာပင္ ပုစဥ္းရင္ကြဲသံကဲ့သို႔ နားမခံနိုင္စရာ စူးရွေသာအသံတစ္သံလည္းထြက္ေပၚေနေလသည္။အသံထြက္ေပၚရာကား ေတာင္ထိပ္ရွိ ျမက္ခင္းေပၚမွျဖစ္၏။ျမက္ခင္းေပၚတြင္ အနီေရာင္အင္းကြက္စက္ဝိုင္းတစ္ခုေပၚလ်က္ရွိၿပီး မီးကင္ထားေသာသတၱဳကဲ့သို႔ ရဲရဲနီေနေလသည္။အနီေရာင္မွာ ျဖည္းျဖည္းခ်င္းပိုရင့္လာသလို အသံမွာလည္း ပို၍စူးရွလာ၏။စက္ဝိုင္းမွာလည္း တုန္ခါလ်က္ အခ်ိန္မေ႐ြးကြဲထြက္သြားေတာ့မည့္ဟန္ေပၚေနေလသည္။မၾကာမီမွာပင္ စက္ဝိုင္းကအမွန္တကယ္ကိုကြဲထြက္သြားၿပီး အပိုင္းအစမ်ား ေနရာအႏွံသို႔ျပန့္က်ဲကုန္ေတာ့သည္။ကြဲထြက္သည့္အရွိန္ေၾကာင့္ပင္ ၎ေနရာကိုဗဟိုျပဳ၍ ေတာင္တစ္ခုလုံးကိုျဖတ္ေက်ာ္ကာ အနီးနားရွိၿမိဳ႕မ်ားထိ လွိုင္းမ်ားရိုက္ခက္လ်က္ အလြန္ျပင္းထန္ေသာ ငလ်င္တစ္ခုကို ျဖစ္ေပၚေစေတာ့၏။

ေတာင္ေပၚရွိ က်ိဳးပ်က္သြားေသာ အင္းကြက္စက္ဝိုင္း၏အပိုင္းအစမ်ားမွာမူ ရဲရဲေတာက္နီေနရာမွ မွိန္က်သြားၿပီး သာမန္အနီေရာင္ေဖ်ာ့ေဖ်ာ့သို႔ေျပာင္းလဲသြားေလေတာ့သည္။အလားတူပင္ ေတာင္တစ္ခုလုံးမွလည္း အခိုးအေငြ႕အခ်ိဳ႕ထြက္လာၿပီး က်ိဳးပ်က္သြားေသာစက္ဝိုင္း၏တစ္ေနရာတြင္ လာစုၾက၏။အေငြ႕မ်ားမွ တျဖည္းျဖည္းစုေပါင္းကာ မပီျပင္ေသာေယာက္်ားတစ္ေယာက္၏ ပုံရိပ္ကိုေပၚလာေစေတာ့သည္။ထိုပုံရိပ္မွာ ေဖာက္ျမင္နိုင္ေလာက္ေအာင္ မႈန္ဝါးလြန္းသည့္အျပင္ အစိတ္အပိုင္းတစ္ခ်ိဳ႕လစ္လပ္ေနေသးသျဖင့္ ဆက္၍မၿပီးေသးေသာ ဉာဏ္စမ္းပန္းခ်ီကားႏွင့္ပင္တူေနေသးသည္။ဤသည္ကား ႏွစ္ေပါင္း တစ္ရာေလးဆယ့္ေျခာက္ႏွစ္တိုင္ အဲ့ေမာ္ေတာင္တြင္ "အန့္ဟယ္ေတာင္ၾကားသခင္ ကြမ္းမင္ရန္" အားအက်ဥ္းခ်ထားလ်က္ရွိေသာ "႐ုပ္နာမ္ေပါင္းစည္းခ်ဳပ္ႏွောင္ျခင္း" အစီအရင္ ပ်က္စီးသြားျခင္းေပတည္း။

အဲ့ေမာ္ေတာင္ ပတ္ပတ္လည္ရွိၿမိဳ႕မ်ားတြင္ ႀကီးက်ယ္ေသာငလ်င္လႈပ္သြားၿပီးသည္မွစ၍ က်င့္ႀကံေရးေလာက၌ ကြမ္းမင္ရန္လြတ္ေျမာက္လာေၾကာင္းသတင္းမွာ တစ္စတစ္စျပန့္ႏွံသြားေတာ့သည္။ငလ်င္လႈပ္ရျခင္း၏အေၾကာင္းကို မည္သူမွေရေရရာရာမသိသည့္တိုင္ ကြမ္းမင္ရန္အားေတြခဲ့ပါသည္ဟု အခိုင္အမာဆိုေသာသူမ်ားပင္ ေပၚထြက္လာေသးသည္။

"လူေတြေျပာၾကေတာ့ က်ဳပ္လည္း အဲ့မေကာင္းဆိုးဝါးေကာင္ကိုျမင္ဖူးခ်င္တာနဲ႕ အရဲစြန့္ၿပီးသြားတာေပါ့ အဲ့မွာေတာင္ေျခလည္းေရာက္ေရာ က်ဳပ္တန္းေတြ႕ေတာ့တာပဲ ျဖဴေဖြးေနတဲ့ဆံပင္ေတြနဲ႕အဘိုးႀကီး ပါးေရေတြကလည္းတြန့္လို႔ လူကလည္းေသြးမရွိသလိုျဖဴစုတ္ေနၿပီး ဖုန္ေတြအလိန္းလိန္းနဲ႕ လူနဲ႕ေတာင္မတူဘူး ေတာေကာင္ကိုအစိမ္းေလာက္ဝါးစားေနတာမွ တကယ္ကိုမေကာင္းဆိုးဝါးအစစ္ပဲဗ်ာ သူ႕ရဲ႕နီရဲေနတဲ့မ်က္လုံးႀကီးေတြနဲ႕ က်ဳပ္ကိုစားခ်င္ေနသလိုအၾကည့္နဲ႕ လွမ္းၾကည့္လို႔ က်ဳပ္မွာအျမန္လွည့္ေျပးလာခဲ့ရတာ"

စားေသာက္ဆိုင္တစ္ဆိုင္လုံးရွိလူမ်ားထဲမွ အာေမဋိတ္သံမ်ား အစုံအလင္ထြက္လာေတာ့၏။

"အမေလး ေၾကာက္စရာႀကီးေနမွာ"

"ဒီလိုမေကာင္းဆိုးဝါး မိဆ္စာေကာင္ကို အႀကီးအကဲေတြက ဘာလို႔အရွင္ထားခဲ့ၾကတာလည္းမသိဘူး တစ္ခါတည္းသတ္ပစ္ခဲ့ရမွာ"

"ဟုတ္တယ္ဟုတ္တယ္ အဲ့ကတည္းကသတ္ပစ္ခဲ့ရမွာ အခုလြတ္လာၿပီဆိုေတာ့ က်ဳပ္တို႔ေတာ့ တကယ္စိုးရိမ္စရာပဲ"

ထိုက်င့္ႀကံသူအမ်ိဳးသားအား ဝိုင္းေထာက္ခံသူမ်ားႏွင့္တစ္ဆိုင္လုံးျပည့္သြားေလသည္။သူ၏ ကြမ္းမင္ရန္အားေတြ႕ခဲ့ပုံဇာတ္လမ္းကိုေျပာျပေနသူမွာလည္း လူပုံအလယ္မွာရပ္လွ်က္ လက္သီးလက္ေမာင္းတန္းလို႔။ဆိုင္အတြင္းရွိသူမ်ားမွာလည္း ေန႕လည္စာပင္ဆက္မစားနိုင္ပဲ ထိုအထက္ပိုင္းက်င့္ႀကံေရးဂိုဏ္းတစ္ခု၏တပည့္ျဖစ္ဟန္တူေသာသူကိုသာ စိတ္ဝင္စားစြာနားေထာင္ေနၾကေတာ့သည္။ထိုစဥ္ ဆိုင္အတြင္းတစ္ေနရာမွ ရယ္သံလြင္လြင္ေလးတစ္ခုထြက္ေပၚလာေပ၏။ရယ္သံလာရာကား စုၿပဳံေနေသာလူအုပ္အတြင္းမဝင္ဘဲ ဇာတ္လမ္းတစ္ပုဒ္လုံးကို သူ႕စားပြဲတြင္သူ အသာေလးနားေထာင္ေနေသာ လူငယ္ေလးထံမွျဖစ္ေလသည္။

"ေနာင္ေတာ္က တကယ္ႀကီးအန့္ဟယ္အရွင္နဲ႕ေတြ႕ခဲ့တာလား"

"ဒါေပါ့ အဲ့မေကာင္းဆိုးဝါးကို က်ဳပ္ကိုယ္တိုင္မ်က္စိနဲ႕တပ္အပ္ျမင္ခဲ့တာ"

"အဲ့တာဆိုရင္ေတာ့ ဒီကညီငယ္က ေနာင္ေတာ့ကိုမခ်ီးက်ဴးပဲမေနနိုင္ေတာ့ပါဘူး အထက္က်င့္ႀကံေရးဂိုဏ္းႀကီး ခုႏွစ္ဂိုဏ္းရဲ႕အႀကီးအကဲေတြေတာင္ ဒီေန႕မွအဲ့ေမာ္ေတာင္ကိုစစ္ေဆးမွာကို ေနာင္ေတာ္က အရင္က်ိဳၿပီးေရာက္ႏွင့္ေနၿပီးၿပီဆိုေတာ့ တကယ္ေတာ္တဲ့သူပဲ ဒါ့အျပင္ အန့္ဟယ္အရွင္လို "ခ်င္းေက်ာင္"ကိုယ္ေဖာ့ပညာကို တစ္ဖက္ကမ္းခတ္ကြၽမ္းက်င္တဲ့သူဆီက ဘယ္လိုမ်ားလြတ္ေအာင္ေျပးထြက္နိုင္ခဲ့သလဲ ညီငယ့္ကိုလည္းပညာေလးမွ်ေဝပါဦး"

လူငယ္ေလး၏ အၿပဳံးႏွင့္ဆိုသည့္စကားေၾကာင့္ ထိုလူမွာမ်က္ႏွာသိသိသာသာပ်က္ယြင္းသြားေသာ္လည္း သူ႕ရဲ႕ဟန္ပန္ကိုျပန္ထိန္းကာ ဂုဏ္ယူဝင့္ႂကြားေနေသာဟန္ပန္ကိုျပန္ထိန္းေလသည္။အဲ့ေမာ္ေတာင္ေျခပတ္ပတ္လည္၌ အရင္အႀကီးအကဲမ်ားလက္ထပ္ကထားရွိခဲ့သည့္ အခ်က္ေပးအစီအရင္မ်ားရွိေပ၏။အကယ္၍သာ ကြမ္းမင္ရန္လြတ္လာၿပီး လႈပ္ရွားမႈျပဳခဲ့လွ်င္ ထိုအစီအရင္မ်ားမွ ခ်က္ခ်င္းအခ်က္ေပးေပလိမ့္မည္။ငလ်င္လႈပ္ခ်ိန္မွစ၍ ခုႏွစ္ရက္လုံးလုံး အဲ့ေမာ္ေတာင္၌ လႈပ္ရွားမႈမျပေသးေခ်။ထို႔အျပင္ ငလ်င္လႈပ္ရသည့္အေၾကာင္းအရင္းကိုလည္းတိတိက်က်မသိရေသးရာ ထိုဇာတ္လမ္းမ်ားမွာ လုပ္ဇာတ္မ်ားသာျဖစ္ေလ၏။အန့္ဟယ္အရွင္ ကြမ္းမင္ရန္ခ်ဳပ္ႏွောင္ျခင္းခံရသည္မွာ မ်ိဳးဆက္တစ္ဆက္စာၾကာျမင့္ခဲ့ၿပီျဖစ္ေသာေၾကာင့္ မည္သည့္ပုံစံရွိသည္ကိုလည္း မည္သူမွ်ေရေရရာရာမသိၾကသည့္အျပင္ မည္သည့္ပညာရပ္မ်ားတက္ကြၽမ္းကာ မည္မွ်ထိအစြမ္းထက္ေၾကာင္းကိုလည္း သိသူအလြန္ရွားေလသည္။

"အဟမ္း! ခ်င္ေက်ာင္းပညာတတ္လည္း သူခ်ဳပ္ခံထားရတာပဲႏွစ္ေပါင္းဘယ္ေလာက္ၾကာၿပီလဲ သူ႕ပညာေတြအေလ့အက်င့္မရွိေတာ့ေလ်ာ့ကုန္ၿပီေလ က်ဳပ္က ျမန္ျမန္ထြက္လာနိုင္တာလည္းပါတာေပါ့ သာမန္ကိုယ္ေဖာ့ပညာကိုေတာ့ မင္းတို႔ဂိုဏ္းကသင္ေပးမွာပါ"

"ဒါေပါ့ ဒီကညီငယ္က အဓိပ္ပါယ်မရှိတဲ့မေးခွန်းကိုမေးမိတာပဲ ေနာင္ေတာ္စိတ္မကြက္ဖို႔ေမွ်ာ္လင့္ပါတယ္"

လူငယ္ေလး၏ႏွိမ့္ခ်သည့္စကားေၾကာင့္ တစ္ဖက္မွလူမွာ သေဘာအလြန္က်သြားကာ သူ၏ပုံရိပ္ကိုပို၍ျမႇင့္တင္ရန္ အေရးပါအေရာက္သူပုံဖမ္းေတာ့၏။

"မင္းရဲ႕ဂိုဏ္းဝတ္စုံကိုၾကည့္ရတာ ေလာ့ထ်န္းခ်ဴးဂိုဏ္းကပဲ နာမည္ဘယ္လိုေခၚလဲ မင္းကဘယ္ေလာက္ရည္မြန္ေၾကာင္း ငါ့သူငယ္ခ်င္းေကာင္းမင္းတို႔သခင္ေလးကိုစာပို႔ေပးမယ္"

လူငယ္ေလးထံမွ ရယ္သံလြင္လြင္ေလးထပ္မံထြက္ေပၚလာၿပီး တစ္ဖက္မွလူကိုၾကည့္ကာ သူ၏သြားတက္ကေလးတစ္ဖက္ေပၚသည္အထိၿပဳံးျပရင္းဆိုေလသည္။

"ေနာင္ေတာ္က တကယ္ကိုဗဟုသုတႂကြယ္ဝတာပဲ ညီငယ္က တကယ္ကိုေလာ့ထ်န္းခ်ဴးဂိုဏ္းကပါ နာမည္က ပိုင္ဟြမ္လို႔ေခၚပါတယ္ အျဖဴေရာင္ပိုင္နဲ႕ ဇာမဏီငွက္ရဲ႕ဟြမ္ပါ ညီငယ္က ပထမသခင္ေလးဆိုေတာ့ ေနာင္ေတာ္တကယ္စာေရးေပးခ်င္ရင္ ညီငယ္ရဲ႕ဖခင္ေလာ့ဂိုဏ္းခ်ဳပ္ကိုသာပို႔ေပးလိုက္ပါ"

"ေလာ့..ေလာ့ပိုင္ဟြမ္လား!"

ပိုင္ဟြမ္၏မ်က္ႏွာေပၚရွိ အၿပဳံးေလးမွာပိုၿပီးအသက္ဝင္လာတစ္ေလာက္ တစ္ဖက္ကလူ၏မ်က္ႏွာမွာမူ ျဖဴစုတ္သြားေတာ့သည္။ေလာ့ပိုင္ဟြမ္အေရွ႕မွသြားၿပီး အာေခ်ာင္မိရေလျခင္္းဆိုၿပီး ေသခ်ာေပါက္ရွက္စိတ္ျဖင့္ ေသြးပ်က္ေနေပလိမ့္မည္။သူ႕ကိုယ္သူေတာင္ ေလာ့ပိုင္ဟြမ္နဲ႕သူငယ္ခ်င္းေကာင္းေတြလို႔ေျပာလိုက္ေသးသည္မဟုတ္လား။ဆိုင္အတြင္းရွိလူမ်ားမွာ ခ်က္ခ်င္းပင္ အုံးအုံးႂကြက္ႂကြက္ျဖစ္သြားေသာေၾကာင့္ အျခားသူမ်ားပါအာ႐ုံစိုက္မခံရခင္ ပိုင္ဟြမ္ထိုေနရာမွအျမန္ထြက္လာခဲ့ေတာ့သည္။ဘာေၾကာင့္ရယ္မသိ ကြမ္းမင္ရန္က လူေတြေျပာသလိုအဘိုးႀကီးတစ္ေယာက္မျဖစ္နိုင္ဘူးဆိုတာကို သူ႕စိတ္ကယုံၾကည္ေနေလသည္။ငယ္စဥ္ကတည္းက ထိုအန့္ဟယ္ေတာင္ၾကားအရွင္အေၾကာင္းကို စိတ္ဝင္စား၍သူ႕အေၾကာင္းကိုႏွံ႕စပ္ေအာင္ေလ့လာခဲ့တာလည္းပါေပလိမ့္မည္။ပိုင္ဟြမ္ထင္သည့္အတိုင္းတာဆိုလွ်ာင္ ကြမ္းမင္ရန္မွာ ဖမ္းခ်ဳပ္ခံခဲ့ရသည့္ 31 ႏွစ္အ႐ြယ္မွာပင္ ေ႐ႊအျမဳေတတတိယအဆင့္ကိုေက်ာ္လြန္၍ နတ္ဝိဇ္ဇာအျမဳေတပင္ရၿပီးသားျဖစ္ေပလိမ့္မည္။ပိုင္ဟြမ္၏ဆရာျဖစ္သူ က်ိဳးက်န့္ဝမ္ပင္လွ်င္ ကြမ္းမင္ရန္ကိုခ်ဳပ္ႏွောင္စဥ္ကပါဝင္ခဲ့ၿပီး ယခုထိတိုင္ သက္ရွိထင္ရွားရွိေသး႐ုံသာမက အသက္ သုံးဆယ္ေက်ာ္အ႐ြယ္ကဲ့သို႔ ႏုပ်ိဳေနေသးသည္ပင္။က်ိဳးက်န့္ဝမ္သည္ကား ဂူပိတ္က်င့္ႀကံေနသည္ျဖစ္ရာ ပိုင္ဟြမ္ပင္ဆရာျဖစ္သူကိုမျမင္ရသည္မွာ ႏွစ္ႏွစ္ရွိၿပီျဖစ္၏။က်ိဳးက်န့္ဝမ္၏ တရားဝင္အဆင့္သတ္မွတ္ခ်က္မွာ အျမဳေတဒုတိယအဆင့္ပင္ျဖစ္ေသာ္ျငား ျမင္ဖူးသူတိုင္း ထိုမွ်မကမွန္းသိေလသည္။ဒီလိုေန႕မ်ိဳးတြင္ ဆရာျဖစ္သူကိုေမွ်ာ္မိေသာ္ျငား ဂူပိတ္က်င့္ႀကံရာက ထြက္လာမည့္ပုံေတာ့မေပၚေပ။

အဲ့ေမာ္ေတာင္ငလ်င္လႈပ္သည့္ေန႕မွစ၍ ကြမ္းမင္ရန္လြတ္ၿပီဆိုသည့္သတင္းမွာ တစ္တစ္စျပန့္ႏွံသြားသလို အန့္ဟယ္ေတာင္ၾကားအတြင္း ေပ်ာက္ဆုံးသြားေသာမိဆ္စာဂိုဏ္း၏အရိပ္အေယာင္မ်ား ႐ုတ္တရက္ႀကီးျပန္ေပၚလာေလသည္။အထက္ပိုင္းက်င့္ႀကံေရးဂိုဏ္းႀကီး 7 ဂိုဏ္းမွာ လက္ပိုက္ၾကည့္မေနနိုင္ေတာ့ဘဲ ကြမ္းမင္ရန္ႏွင့္ပတ္သတ္၍ ေသခ်ာသည့္ထုတ္ျပန္ခ်က္တစ္ခုထုတ္ျပန္ဖို႔ျပင္ဆင္ရေတာ့သည္။ထို႔ေၾကာင့္ပင္ ယေန႕အဲ့ေမာ္ေတာင္ေျခရွိ တစ္ခ်ိန္က ဖန္က်န္းၿမိဳ႕ဟုအမည္တြင္ခဲ့သည့္ က်စ္ခ်ဴးၿမိဳ႕မွာ အထက္ပိုင္းက်င့္ႀကံေရးေလာက၏အေတာ္ဆုံးတပည့္မ်ားႏွင့္ အႀကီးအကဲမ်ားစုေဝးၾကေလသည္။အဓိကအေၾကာင္းအရင္းမွာမူ အဲ့ေမာ္ေတာင္အတြင္း စစ္ေဆးၾကည့္ရႈရန္သာျဖစ္ေပ၏။

"စားပြဲေတြကိုေသခ်ာခ် ဧည့္သည္ေတြအတြက္ အကုန္လုံးအဆင္ေျပေနတယ္ဆိုတာပဲျဖစ္ေနရမယ္
ေျမာက္ဘက္က ဧည့္ေဆာင္ေတြေကာ အဆင္သင့္ျဖစ္ၿပီလား ဟုန္းလူဂိုဏ္းကအခ်ိန္မေ႐ြးေရာက္လာေတာ့မွာ ဧည့္ေဆာင္မေလာက္တာမ်ိဳးမျဖစ္ေစနဲ႕
ထ်န္းခ်ဴးဂိုဏ္းကတပည့္ေတြအတြက္ အေဆာင္ေတြက ေနေရာင္က်ၿပီးပူမေနေစနဲ႕ေနာ္
ေအာ္ ဟဲ့ဟဲ့!! အဲ့စားပြဲကဟိုဘက္မွာထားရမွာ
အဲ့နားသာခ်ခဲ့ေတာ့ ငါကိုယ္တိုင္ပဲေ႐ႊ႕ေတာ့မယ္"

ေ႐ႊေရာင္တဝင္းဝင္းေတာက္လ်က္ရွိေသာ ခန္းမ၏အလယ္၌ တစ္ေယာက္တည္းအလုပ္အမ်ားဆုံးျဖစ္ေနသူမွာကား အျခားမဟုတ္။က်ိဳး႐ုန္ေယာင္ဂိုဏ္း၏ ဒုတိယသခင္မေလး က်ိဳးရွဲ႕မင္ ပင္ျဖစ္၏။သူမ၏ေခါက္ယပ္ေတာင္ကို လက္ထဲတြင္ထည့္၍ ဟိုထိုးလိုက္ ဒီၫႊန္လိုက္ႏွင့္ ပါးစပ္မွလည္းမနားတမ္း မွာၾကားခ်က္မ်ားထုတ္ေနေတာ့သည္။ေနရာအႏွံအျပားမွဂိုဏ္းမ်ားစုေဝးၾကမည္ျဖစ္ရာ အဲ့ေမာ္ေတာင္ႏွင့္အနီးဆုံး၌ရွိေသာ က်ိဳး႐ုန္ေယာင္ဂိုဏ္းမွ ေနရာထိုင္ခင္းစီစဥ္ေပးရေလသည္။ဘာမဆိုေစ့ေစ့စပ္စပ္လုပ္တတ္ေသာသူမက ဧည့္ခံဖို႔တာဝန္ယူထားရသျဖင့္ အေဆာင္မ်ားတြင္ဖုန္တစ္စက္မရွိသည္ပင္ေသခ်ာေအာင္ လိုက္စစ္ေဆးေနေတာ့၏။ထ်န္းခ်ဴးေတာင္မွာ က်စ္ခ်ဴးၿမိဳ႕ႏွင့္ အရမ္းႀကီးေဝးကြာလွသည္မဟုတ္ေသာေၾကာင့္ ေလာ့ထ်န္းခ်ဴးဂိုဏ္းမွာ အေစာဆုံးေရာက္ရွိေနေလသည္။ပိုင္ဟြမ္လည္း လုပ္စရာမရွိ၍ က်စ္ခ်ဴးၿမိဳ႕ထဲလွည့္ပတ္သြားကာ ျပန္လာလာခ်င္း အလုပ္ရႈပ္ေနေသာ ဆရာတူညီမျဖစ္သူအားေတြ႕လိုက္ရေတာ့သည္။အခုအခ်ိန္ သူ႕နားေနေဆာင္ကိုျပန္သြားလွ်င္ အေဆာင္အတြင္းလိုအပ္တာေတြစစ္ေဆးဖို႔အခက္ေတြ႕နိုင္တာမလို႔ ေရွာင္ေပးသည့္အေနႏွင့္ ပိုင္ဟြမ္ၿမိဳ႕ထဲကိုသာျပန္ထြက္လာခဲ့ေတာ့သည္။

အဲ့ေမာ္ေတာင္ရွိ အရင္အႀကီးအကဲမ်ားထားရစ္ခဲ့သည့္အစီအရင္မ်ား၏သက္ေရာက္မႈေၾကာင့္ ေတာင္ေျခရွိၿမိဳ႕မ်ားတြင္ ဓားပ်ံသုံးလို႔မရေပ။ပိုင္ဟြမ္အတြက္ေတာ့ ဒါကျပႆနာမဟုတ္။သူ႕မွာလည္း ဓားပ်ံရွိတာမွမဟုတ္ဘဲ။က်စ္ခ်ဴးၿမိဳ႕မွာ ခံတပ္သ႑န္ျပန္လည္တည္ေထာင္ထားသည္ျဖစ္ရာ ပိုင္ဟြမ္အတြက္ အပ်င္းေျပေလွ်ာက္သြားစရာေနရာ မ်ားမ်ားစားစားမရွိ။ၿမိဳ႕ထဲသို႔သြားလွ်င္လည္း ေန႕ခင္းဘက္ျဖစ္ေနေသာေၾကာင့္ ညေစ်းရယ္ေတာင္မရွိ။ၿမိဳ႕အျပင္မွာလည္း အဲ့ေမာ္ေတာင္ကလြဲ၍ဘာမွမရွိေပ။

//အဲ့ေမာ္ေတာင္..... ၿမိဳ႕အျပင္မွာအဲ့ေမာ္ေတာင္ရွိတာပဲ//

ပိုင္ဟြမ္ ႐ုတ္တရက္အေနာက္ကိုျပန္လွည့္ၾကည့္လိုက္မိသည္။သူ႕ေနာက္ေကာဘက္တြင္ကား ျမင့္မားလွေသာ အဲ့ေမာ္ေတာင္ႏွင့္အတူ ေတာင္တန္းမ်ားမွာ ငြားငြားစြင့္စြင့္ရွိေနေပ၏။

//ခနတျဖဳတ္လွည့္ပတ္ၾကည့္႐ုံေလးပဲေလ ဘာမွမျဖစ္ေလာက္ပါဘူး ဟုတ္တယ္မလား//





















© Alexander Hermes,
книга «အရူးတစ်ကောင်က ငါ့ကိုလူကောင်းလို့ထင်နေတယ်».
Коментарі