Chapter (0)
Chapter (1)
Chapter (0)
ကျင့်ကြံရေးလောကအတွင်း ဒီတစ်နှစ်ထဲတင် အထူးဆန်းဆုံးကိစ္စရပ် နှစ်ခုဖြစ်သွား၏။

လော့ထျန်းချူးဂိုဏ်း၏ ပထမသခင်လေး ဇာမဏီတို့၏အရှင် ဟွေ့ရှင်းလေး၏သခင် လော့ပိုင်ဟွမ် ရွှေအမြုတေဒုတိယအဆင့်သို့တက်လှမ်းသွားသည်။

ကွမ်းမင်ရန်၏ အကျဉ်းထောင် အဲ့မော်တောင်ကိုဗဟိုပြုလျက် အလွန်ပြင်းထန်သောငလျင် လှုပ်ခတ်သွားသည်။

ထိုသတင်းနှစ်ရပ်မှာ အလွန်တရာထူးခြားလှပေရာ ကျင့်ကြံရေးလောကတစ်ခုလုံး အုပ်အုပ်ကြွပ်ကြွပ်ညံသွားတော့သည်။လော့သခင်လေးမှာကား ကျင့်ကြံရေးလောက၏အမြင့်ဆုံးဟုပင်သတ်မှတ်ရမည့် ရွှေအမြုတေဒုတိယအဆင့်ကို ဆယ်ကျော်သက်အရွယ်ဖြင့်တက်ရောက်နိုင်သည့် တစ်ဦးတည်းသောသူသာဖြစ်၏။ကျင့်ကြံရေးသမိုင်းကြောင်းတစ်လျှောက်တွင် ထိုကဲ့သို့ဖြစ်ရပ်မျိုးမရှိခဲ့ဖူးသလို နောင်လည်းရှိလာဖို့မသေချာပေ။ထိုသခင်လေးမှာ ရာစုနှစ်နဲ့ချီ၍ မည်သူမှမတက်လှမ်းနိုင်ခဲ့သည် ရွှေအမြုတေတတိယအဆင့်သာမက အမတနတ်ဘုရားအတင့်ထိတက်လှမ်းနိုင်ပြီး ကောင်းကင်ဘုံတက်ခွင့်ရဖို့အထိ အခွင့်အရေးရှိလေသည်။ရွှေအမြုတေဒုတိယအဆင့်အောင်ပြီးသော ဆံဖြူအဘိုးအိုများကြားတွင် ဆယ့်ရှစ်နှစ်အရွယ်ကောင်ငယ်လေးတစ်ယောက်ပါလာသည်မှာ ကို့ယို့ကားယားနိုင်သည့်အပြင် အလွန်အံ့ဩစရာကောင်းနေသေး၏။

ထျန်းချူးတောင်ထိပ်ကား အလွန်လှ၏။ပေါများလှသော ချောက်ကမ်းပါးများမှကြည့်လျှင် ချောက်အတွင်းရှိတိမ်တို့မှာ ခြေဖျားအောက်ရောက်နေ၍ တိမ်ပင်လယ်ကြီးထဲရောက်နေသလိုခံစားချက်မျိုးကို ပေးစွမ်းပေလိမ့်မည်။ပင်လယ်ကိုကျောပေးထားသောတောင်တန်းများကြောင့် တောင်ထိပ်အတွင် အမြဲတစေမိုးဖွဲဖွဲကျကာ မြူခိုးများဖြင့်မှုန်မှိုင်းနေလေ့ရှိသည်။ချောက်ကမ်းပါးအစွန်းတွင်ထိုင်ရင်း အောက်ရှိတိမ်များထဲသို့ ခြေထောက်နှစ်ချောင်းချကာ လွှဲရမ်းဆော့ကစားရသည်မှာလည်း လော့ပိုင်ဟွမ်၏အကြိုက်ဆုံးအရာများထဲကတစ်ခုပင်။ပုံမှန်အားဖြင့် လော့ထျန်းချူးကဲ့သို့သော တောင်ပေါ်ရှိဂိုဏ်းများမှာ တောင်ထိပ်တွင်သာတည်လေ့ရှိသော်လည်း ပင်လယ်နဲ့နီး၍ အမြဲတစေမိုးရွာနေသည်ကတစ်ကြောင်း လော့ပိုင်ဟွမ်၏ငှက်ကလေးများ ကျက်စားရန်နေရာလိုသည်ကတစ်ကြောင်းဖြင့် လော့အိမ်တော်မှာ အနည်းငယ်နိမ့်သောနေရာသို့ ရွှေ့ပြောင်းတည်ထောင်ထားလေသည်။လော့ပိုင်ဟွမ်ရှိသောနေရာမှာ မိုးရွာလောက်အောင်လည်းမမြင့်သလို ဂိုဏ်းသားများနှင့်နီးလောက်အောင်လည်းမနိမ့်သဖြင့် တစ်ယောက်တည်းအချိန်ဖြုန်းလို့ကောင်းသောနေရာပင်ဖြစ်သည်။ဘေးပတ်ပတ်လည် စိမ်းစိုနေသောတောင်တန်းများမှာလည်း စိတ်ကိုအလွန်ကြည်လင်စေ၏။

လေတိုက်နေ၍ မြားတံအချင်းချင်းရိုက်ကာထွက်နေသော တချွင်ချွင်အသံလေးများကိုရပ်တန့်သွားစေရန် လော့ပိုင်ဟွမ် ​သစ်ပေါ်ပင်တွင်ချိတ်ထားသော မြားကျည်တောက်လေးကို ဖြုတ်ယူလိုက်သည်။ ကျည်တောက်အတွင်းရှိ အဖြူရောင်အရိုးတွင် ဖန်သားအလားကြည်လင်ကာ ဖောက်မြင်နိုင်သည့်အပြာရင့်ရောင်သတ္တုဖြင့်ပြုလုပ်ထားသော ​မြှားခေါင်းနှင့် မြှားရွက်တို့မှာ ဆည်းလည်းကဲ့သို့ သာယာသောအသံလေးများကိုဖြစ်တည်စေ၏။ဘေးတွင်ချထားသည့် တူညီသည့်သတ္တုဖြင့်လုပ်ထားသော လေးကိုင်းမှာလည်း ၎င်းမြားရွက်လေးများကဲ့သို့ပင် မြားတစ်ချောင်းလုံး အပြာရင့်ရောင်ကြည်လင်နေကာ အလယ်တွင်ထွင်းထားသော ဟွေ့ရှင်းဆိုသည့်စကားလုံးလေးကို ခပ်ရေးရေးမြင်ရသည်။

​မြားကျည်တောက်ကိုလွယ်ကာ လေးကိုကောက်ကိုင်ပြီး ထိုင်နေရတာညောင်းသွားဟန် လော့ပိုင်ဟွမ်မတ်တပ်ထရပ်လိုက်၏။ထိုင်နေစဉ်ကမသိသာသည့် မြင့်မားလှသောအရပ်နှင့် ကျယ်ပြန့်သောပုခုံးတို့မှာ အထင်းသားထွက်ပေါ်လာတော့သည်။အပြာနုရောင်တွင် အပြာရင့်ရောင်ဖြင့်အနားကွတ်ထားသောဂိုဏ်းဝတ်စုံမှာ လော့ပိုင်ဟွမ်ကိုင်ထားသောလေးနှင့်ကွက်တိကျလျက် လွန်စွာလိုက်ဖက်ညီလှပေသည်။လော့ပိုင်ဟွမ်သည် ချောမောခန့်ညားသောရုပ်ရည်မျိုးရှိ၏။အဖျားတွင်အသာကော့တက်သွားသော ဇာမဏီမျက်ဝန်းများမှာ အမြဲတစေစူးရှနေလေ့ရှိသည်။ထူထဲသောမျက်ခုံးနှင့် တိကျသောမေးရိုးတို့က ယောက်ျားပီသသောအသွင်ကိုဆောင်သည်။ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စည်းကာ နဖူးပေါ်ဝဲကျနေသောရှေ့ဆံစတစ်ချို့ကို ဘေးသို့ခွဲထားသောကြောင့် လူငယ်ဆန်သည့်ပုံစံလည်းရှိပေ၏။လက်နှစ်ဖက်ကိုဆန့်ကာ အညောင်းဆန့်ပြီးသော် လက်ခေါက်တစ်ချက်မှုတ်သံထွက်လာပြီး ငွေရောင်တစ်လက်လက်တောက်လျှက်ရှိသော ဇာမဏီငှက်ဖြူတစ်ကောင်မှာ အတောင်တို့ကိုဖြန့်လျက် လော့ပိုင်ဟွမ်ရှေ့ လာရောက်ခစားလေတော့သည်။

"ဒီနေ့လည်းလေပြင်းပြန်ပြီ ပေါက်စလေးတွေ အပြန်မသင်ရပြန်ဘူးမလား"

သူ့ရှေ့ရှိ ဇာမဏီငှက်ဖြူထံမှ အသံတစ်ချို့ထွက်လာပြီးသော် လော့ပိုင်ဟွမ်က သူ့ရဲ့သွားတက်ကလေးတစ်ဖက် ပေါ်လာသည်အထိပြုံးပြီး ပြန်ဖြေလေသည်။

"မနက်ဖြန်လောက်ဆို လေငြိမ်လောက်ပါပြီ"

ပြောရင်းဆိုရင်း လော့ပိုင်ဟွမ်သည် ဇာမဏီငှက်၏ကျောပေါ်သို့အသာခုန်တက်လိုက်၏။ထို့နောက် တောင်၏နိမ့်ရာအပိုင်းသို့ အတူပျံသန်းသွားကြတော့သည်။အဲ့မော့တောင် အစည်းအဝေးအတွက် လော့စံအိမ်ကိုပြန်ပြီထင်ပါရဲ့။








Name - Luo BaiHuan (洛白凰)
Last Name - Luo
First Name - BaiHuan(White Phoenix)
HuiXing - Comet (彗星)
Age - 18
Heigh - 183 cm












က်င့္ႀကံေရးေလာကအတြင္း ဒီတစ္ႏွစ္ထဲတင္ အထူးဆန္းဆုံးကိစၥရပ္ ႏွစ္ခုျဖစ္သြား၏။

ေလာ့ထ်န္းခ်ဴးဂိုဏ္း၏ ပထမသခင္ေလး ဇာမဏီတို႔၏အရွင္ ေဟြ႕ရွင္းေလး၏သခင္ ေလာ့ပိုင္ဟြမ္ ေ႐ႊအျမဳေတဒုတိယအဆင့္သို႔တက္လွမ္းသြားသည္။

ကြမ္းမင္ရန္၏ အက်ဥ္းေထာင္ အဲ့ေမာင့္ေတာင္ကိုဗဟိုျပဳလ်က္ အလြန္ျပင္းထန္ေသာငလ်င္ လႈပ္ခတ္သြားသည္။

ထိုသတင္းႏွစ္ရပ္မွာ အလြန္တရာထူးျခားလွေပရာ က်င့္ႀကံေရးေလာကတစ္ခုလုံး အုပ္အုပ္ႂကြပ္ႂကြပ္ညံသြားေတာ့သည္။ေလာ့သခင္ေလးမွာကား က်င့္ႀကံေရးေလာက၏အျမင့္ဆုံးဟုပင္သတ္မွတ္ရမည့္ ေ႐ႊအျမဳေတဒုတိယအဆင့္ကို ဆယ္ေက်ာ္သက္အ႐ြယ္ျဖင့္တက္ေရာက္နိုင္သည့္ တစ္ဦးတည္းေသာသူသာျဖစ္၏။က်င့္ႀကံေရးသမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္ ထိုကဲ့သို႔ျဖစ္ရပ္မ်ိဳးမရွိခဲ့ဖူးသလို ေနာင္လည္းရွိလာဖို႔မေသခ်ာေပ။ထိုသခင္ေလးမွာ ရာစုႏွစ္နဲ႕ခ်ီ၍ မည္သူမွမတက္လွမ္းနိုင္ခဲ့သည္ ေ႐ႊအျမဳေတတတိယအဆင့္သာမက အမတနတ္ဘုရားအတင့္ထိတက္လွမ္းနိုင္ၿပီး ေကာင္းကင္ဘုံတက္ခြင့္ရဖို႔အထိ အခြင့္အေရးရွိေလသည္။ေ႐ႊအျမဳေတဒုတိယအဆင့္ေအာင္ၿပီးေသာ ဆံျဖဴအဘိုးအိုမ်ားၾကားတြင္ ဆယ့္ရွစ္ႏွစ္အ႐ြယ္ေကာင္ငယ္ေလးတစ္ေယာက္ပါလာသည္မွာ ကို႔ယို႔ကားယားနိုင္သည့္အျပင္ အလြန္အံ့ဩစရာေကာင္းေနေသး၏။

ထ်န္းခ်ဴးေတာင္ထိပ္ကား အလြန္လွ၏။ေပါမ်ားလွေသာ ေခ်ာက္ကမ္းပါးမ်ားမွၾကည့္လွ်င္ ေခ်ာက္အတြင္းရွိတိမ္တို႔မွာ ေျခဖ်ားေအာက္ေရာက္ေန၍ တိမ္ပင္လယ္ႀကီးထဲေရာက္ေနသလိုခံစားခ်က္မ်ိဳးကို ေပးစြမ္းေပလိမ့္မည္။ပင္လယ္ကိုေက်ာေပးထားေသာေတာင္တန္းမ်ားေၾကာင့္ ေတာင္ထိပ္အတြင္ အၿမဲတေစမိုးဖြဲဖြဲက်ကာ ျမဴခိုးမ်ားျဖင့္မႈန္မွိုင္းေနေလ့ရွိသည္။ေခ်ာက္ကမ္းပါးအစြန္းတြင္ထိုင္ရင္း ေအာက္ရွိတိမ္မ်ားထဲသို႔ ေျခေထာက္ႏွစ္ေခ်ာင္းခ်ကာ လႊဲရမ္းေဆာ့ကစားရသည္မွာလည္း ေလာ့ပိုင္ဟြမ္၏အႀကိဳက္ဆုံးအရာမ်ားထဲကတစ္ခုပင္။ပုံမွန္အားျဖင့္ ေလာ့ထ်န္းခ်ဴးကဲ့သို႔ေသာ ေတာင္ေပၚရွိဂိုဏ္းမ်ားမွာ ေတာင္ထိပ္တြင္သာတည္ေလ့ရွိေသာ္လည္း ပင္လယ္နဲ႕နီး၍ အၿမဲတေစမိုး႐ြာေနသည္ကတစ္ေၾကာင္း ေလာ့ပိုင္ဟြမ္၏ငွက္ကေလးမ်ား က်က္စားရန္ေနရာလိုသည္ကတစ္ေၾကာင္းျဖင့္ ေလာ့အိမ္ေတာ္မွာ အနည္းငယ္နိမ့္ေသာေနရာသို႔ ေ႐ႊ႕ေျပာင္းတည္ေထာင္ထားေလသည္။ေလာ့ပိုင္ဟြမ္ရွိေသာေနရာမွာ မိုး႐ြာေလာက္ေအာင္လည္းမျမင့္သလို ဂိုဏ္းသားမ်ားႏွင့္နီးေလာက္ေအာင္လည္းမနိမ့္သျဖင့္ တစ္ေယာက္တည္းအခ်ိန္ျဖဳန္းလို႔ေကာင္းေသာေနရာပင္ျဖစ္သည္။ေဘးပတ္ပတ္လည္ စိမ္းစိုေနေသာေတာင္တန္းမ်ားမွာလည္း စိတ္ကိုအလြန္ၾကည္လင္ေစ၏။

ေလတိုက္ေန၍ ျမားတံအခ်င္းခ်င္းရိုက္ကာထြက္ေနေသာ တခြၽင္ခြၽင္အသံေလးမ်ားကိုရပ္တန့္သြားေစရန္ ေလာ့ပိုင္ဟြမ္ သစ္ေပၚပင္တြင္ခ်ိတ္ထားေသာ ျမားက်ည္ေတာက္ေလးကို ျဖဳတ္ယူလိုက္သည္။ က်ည္ေတာက္အတြင္းရွိ အျဖဴေရာင္အရိုးတြင္ ဖန္သားအလားၾကည္လင္ကာ ေဖာက္ျမင္နိုင္သည့္အျပာရင့္ေရာင္သတၱဳျဖင့္ျပဳလုပ္ထားေသာ ျမႇားေခါင္းႏွင့္ ျမႇား႐ြက္တို႔မွာ ဆည္းလည္းကဲ့သို႔ သာယာေသာအသံေလးမ်ားကိုျဖစ္တည္ေစ၏။ေဘးတြင္ခ်ထားသည့္ တူညီသည့္သတၱဳျဖင့္လုပ္ထားေသာ ေလးကိုင္းမွာလည္း ၎ျမား႐ြက္ေလးမ်ားကဲ့သို႔ပင္ ျမားတစ္ေခ်ာင္းလုံး အျပာရင့္ေရာင္ၾကည္လင္ေနကာ အလယ္တြင္ထြင္းထားေသာ ေဟြ႕ရွင္းဆိုသည့္စကားလုံးေလးကို ခပ္ေရးေရးျမင္ရသည္။

ျမားက်ည္ေတာက္ကိုလြယ္ကာ ေလးကိုေကာက္ကိုင္ၿပီး ထိုင္ေနရတာေညာင္းသြားဟန္ ေလာ့ပိုင္ဟြမ္မတ္တပ္ထရပ္လိုက္၏။ထိုင္ေနစဥ္ကမသိသာသည့္ ျမင့္မားလွေသာအရပ္ႏွင့္ က်ယ္ျပန့္ေသာပုခုံးတို႔မွာ အထင္းသားထြက္ေပၚလာေတာ့သည္။အျပာႏုေရာင္တြင္ အျပာရင့္ေရာင္ျဖင့္အနားကြတ္ထားေသာဂိုဏ္းဝတ္စုံမွာ ေလာ့ပိုင္ဟြမ္ကိုင္ထားေသာေလးႏွင့္ကြက္တိက်လ်က္ လြန္စြာလိုက္ဖက္ညီလွေပသည္။ေလာ့ပိုင္ဟြမ္သည္ ေခ်ာေမာခန့္ညားေသာ႐ုပ္ရည္မ်ိဳးရွိ၏။အဖ်ားတြင္အသာေကာ့တက္သြားေသာ ဇာမဏီမ်က္ဝန္းမ်ားမွာ အၿမဲတေစစူးရွေနေလ့ရွိသည္။ထူထဲေသာမ်က္ခုံးႏွင့္ တိက်ေသာေမးရိုးတို႔က ေယာက္်ားပီသေသာအသြင္ကိုေဆာင္သည္။ဆံပင္ကို ခပ္ျမင့္ျမင့္ျမႇောက္စည္းကာ နဖူးေပၚဝဲက်ေနေသာေရွ႕ဆံစတစ္ခ်ိဳ႕ကို ေဘးသို႔ခြဲထားေသာေၾကာင့္ လူငယ္ဆန္သည့္ပုံစံလည္းရွိေပ၏။လက္ႏွစ္ဖက္ကိုဆန့္ကာ အေညာင္းဆန့္ၿပီးေသာ္ လက္ေခါက္တစ္ခ်က္မႈတ္သံထြက္လာၿပီး ေငြေရာင္တစ္လက္လက္ေတာက္လွ်က္ရွိေသာ ဇာမဏီငွက္ျဖဴတစ္ေကာင္မွာ အေတာင္တို႔ကိုျဖန့္လ်က္ ေလာ့ပိုင္ဟြမ္ေရွ႕ လာေရာက္ခစားေလေတာ့သည္။

"ဒီေန႕လည္းေလျပင္းျပန္ၿပီ ေပါက္စေလးေတြ အျပန္မသင္ရျပန္ဘူးမလား"

သူ႕ေရွ႕ရွိ ဇာမဏီငွက္ျဖဴထံမွ အသံတစ္ခ်ိဳ႕ထြက္လာၿပီးေသာ္ ေလာ့ပိုင္ဟြမ္က သူ႕ရဲ႕သြားတက္ကေလးတစ္ဖက္ ေပၚလာသည္အထိၿပဳံးၿပီး ျပန္ေျဖေလသည္။

"မနက္ျဖန္ေလာက္ဆို ေလၿငိမ္ေလာက္ပါၿပီ"

ေျပာရင္းဆိုရင္း ေလာ့ပိုင္ဟြမ္သည္ ဇာမဏီငွက္၏ေက်ာေပၚသို႔အသာခုန္တက္လိုက္၏။ထို႔ေနာက္ ေတာင္၏နိမ့္ရာအပိုင္းသို႔ အတူပ်ံသန္းသြားၾကေတာ့သည္။အဲ့ေမာ့ေတာင္ အစည္းအေဝးအတြက္ ေလာ့စံအိမ္ကိုျပန္ၿပီထင္ပါရဲ႕။








Name - Luo BaiHuan(洛白凰)
Last Name - Luo
First Name - BaiHuan(White Phoenix)
HuiXing - Comet (彗星)
Age - 18
Heigh - 183 cm










© Alexander Hermes,
книга «အရူးတစ်ကောင်က ငါ့ကိုလူကောင်းလို့ထင်နေတယ်».
Коментарі