bunny baby
2022-02-25 12:27:28
just memory
Новини
နွေမှာ မနက်ပိုင်း ကျေးငှက်သံလေးတွေနဲ့ နိုးထရတာကိုကြိုက်တယ်
ငါချစ်တဲ့ သူမကတော့ နွေရာသီကို အရမ်းမုန်းပါသတဲ့
သူမက အပူဒဏ်မခံနိုင်ဘူးလေ
မိုးမှာ မိုးသံလေးတွေကို နားထောင်ပြီး အိပ်ရတာကို ကြိုက်တယ်
သူမကတော့ မိုးကို စိုစိုစွတ်စွတ်နဲ့မို့ မနှစ်သက်ဘူး လို့ ပြောလေ့ရှိတယ်
ဟုတ်တာပေါ့ သူမက ရေကို အရမ်းကြောက်တတ်တာလေ
ဆောင်းညတွေမှာ ညလယ်ပိုင်း တစ်ရေးနိုး
မီးထလှုံရတာကို ကြိုက်တယ်
သူမကတော့ မီးလှုံရတာကို မုန်းတယ်တဲ့
ငါမေ့သွားတာ သူမက မီးခိုးငွေ့တွေကို သဘောမကျတတ်တဲ့သူ
အဲ့လိုပါပဲ ငါချစ်တဲ့သူမကတော့ အရာရာတိုင်းကို အမြဲ အမြင်မကြည်လေ့ရှိတယ်
ဒါပေမယ့် ငါကတော့ သူမရဲ့ ချွင်းချက်တစ်ခုပါတဲ့