bunny baby
2022-02-17 13:40:23
အဖြူရောင်လေး
Новини
အဖြူရောင်လေးရေ
မင်းကိုသူများတွေက ပြောကြတယ်
အဲ့ကလေးမက အရမ်း တလွဲတွေလုပ်တာပဲတဲ့ ရှပ်ပြာပြာနဲ့ အရမ်း ကလက်တယ် တဲ့
သူတို့က မင်းရဲ့ အပေါ်ယံတွေကိုပဲကြည့်ပြီးပြောတာ ငါသိတာပေါ့
အဖြူရောင်လေးရေ
မင်းက မင်းကိုယ်မင်းလည်း ပြောတယ်နော်
ဟုတ်တယ် ကျမ က အရမ်းကလေးဆန်တယ် ရှပ်တီးရှပ်ပြာနိုင်ပြီးတော့ ဘာလုပ်လုပ် အမြဲမှားနေတာတဲ့ ငါသိတာပေါ့ မင်း အဲ့လိုတွေပြောနေပေမယ့် မင်းရဲ့ အတွင်းစိတ်ထဲမှာ သူများတွေပြောလို့ ဝမ်းနည်းနေမှန်း
အဖြူရောင်လေးရေ
မင်းရဲ့ လူတွေကို မပြတဲ့ တစ်ဘက်ခြမ်းကို
ငါသိတာပေါ့ မင်းရဲ့ ပတ်ဝန်းကျင်ကလူတွေကိုအရွဲ့တိုက်ပြီး သူတို့ဘာပဲပြောပြော ပြုံးနေပေမယ့် ဂရုမစိုက်ဟန်ဆောင်နေပေမယ့်
မင်းလည်း လူသားတွေထဲက လူသားပဲမို့
ဝမ်းနည်းတတ်မှန်း
အားငယ်တတ်မှန်း
သိမ်ငယ်စိတ်တွေရှိမှန်း ငါသိတာပေါ့
အဖြူရောင်လေးရေ
မင်းက ဘာလုပ်လုပ် တိကျတယ်
စေ့စပ်သေချာတယ် ဒါပေမယ့် အလွဲလေးတစ်ခုကြောင့် ပတ်ဝန်းကျင်က မင်းကို မကောင်းပြောကြတယ်
အဖြူရောင်လေးရေ
မင်းသိမလားတော့ ငါ မသိဘူး
ဒါပေမယ့်လေ အဲ့လူတွေက မင်းကို မနာလိုလို့ ပြောကြတာလို့ပဲ မင်းသိထားရင် ရပြီ
အဖြူရောင်လေးရေ
အားမငယ်ပါနဲ့
ဝမ်းမနည်းပါနဲ့
ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်မဝင်ပါနဲ့
မင်းရဲ့ဘေးနားလေး မင်း မမြင်ရတဲ့ အခြားလောကမှာ မင်းကို အရမ်းဂရုစိုက်ပြီး အရမ်းချစ်တဲ့ ငါ ရှိတာမို့ မင်း စိတ်ချလို့ရတယ်နော်
အဖြူရောင်လေးရေ
ငါပြောတဲ့စကားတွေကို မင်း မကြားရမှန်းသိပေမယ့် ငါ့ကို မင်းမြင်နိုင်တဲ့တစ်နေ့ကျရင်
ငါမင်းရဲ့ မေတ္တာကို တောင်းခံမှာမို့ မင်းဘက်က အခြားတစ်ယောက် ကို မချစ်မိစေဖို့ပဲ ကြိုးစားပေးပါ
အဖြူရောင်လေးရေ
အရမ်း ချစ်တယ်နော်