ENDLESS.....LOVE (Uni Code)
"ခွပ်...ခွမ်း"
" မင်းဘာဖြစ်နေတာလဲ မှူး...ဒါ ငါတို့နှစ်ယောက်ရဲ့ အမှတ်တရနာရီလေးကွ"
" ငါ့ကိုယ်ငါ မကျေနပ်လို့...စိတ်ရှုပ်နေလို့ကွာ....ဘာလဲမင်းက အဲ့နာရီကွဲသွားလို့ စိတ်ဆိုးတာလား...ခွန်းသျှင်ခ"
"မင်း ဘာ စိတ်တိုစရာရှိလို့လဲ...ငါ့ကိုမကျေနပ်တာဆိုရင်လဲ ပွင့်ပွင့်လင်းလင်းပြောကွာ...အခုလိုတွေ ဝုန်းဒိုင်းကြဲနေတာတော့ မဟုတ်သေးဘူး မှူးစစ်သွင်"
အပြင်က ပြန်လာပြီးကတည်းက ပေါက်ကွဲနေတဲ့ မှူးကို နားမလည်နိုင်တော့....ခါတိုင်းဆို ဘာဖြစ်ဖြစ်ပြောပြနေကျ ဒီနေ့မှ အရင်နဲ့မတူ...
" ခွန်းလေး...sorry ပါကွာ..နောက်မဖြစ်စေရဘူး ငါ အိမ်မှာ နည်းနည်းစိတ်တိုလာလို့ပါ..ပြီးတော့ နာရီလေး အစားပြန်ဝယ်ပေးမယ်နော်"
အော်လိုက်တော့လဲ လေသံရော မျက်နှာအမူရာပါပြောင်းသွားတဲ့မှူး..
" ပစ္စည်းတွေ ပေါက်ခွဲလိုစိတ်တိုတာမဟုတ်ဘူးမင်းငါအပေါ် မပွင့်လင်းလို့ ငါစိတ်တိုနေတာမှူး"
" ငါပြောပြီးပြီလေကွာ...မေမေတို့နဲ့အဆင်မပြေလာလို့ပါလို့"
" အဲ့တာပဲဆိုတာ သေချာလား"
" သေချာတယ်..."
ကျွန်တော့်အသေအချာသိလိုက်တာကတော့...မှူး ကျွန်တော်အပေါ် တစ်ခုခု လျှိဝှက်နေပြီဆိုတာပါပဲ...ခဏတော့ စောင့်ကြည့်လိုက်ပါအုံးမယ်....
"မင်းစိတ်မကြည်သေးရင်း...ငါတို့..bar သွားကြမလား..."
" Barတော့ မသွားချင်ဘူးကွာ နားညှီးတယ်... အိမ်မှာပဲbeerလေးနဲ့အမြည်းလေးနဲ့...."
" အမြည်းကတော့...အိမ်မှာ ကြက်ပေါင်တွေရှိသေးတယ်...မင်းကြော်ထားလိုက်...Beer နဲ့ တခြားစားစရာတွေ ငါသွားဝယ်လိုက်မယ်..."
" မင်းတစ်ယောက်တည်း...ဖြစ့်ပါမလား.."
" မှူး...ငါကကလေးလား...ပြီးတော့ ဒီရက်ကွက်ထဲ ကလေးကအစ ခွေးအဆုံး ငါ့ကိုမင်းကောင်လေးမှန်း အကုန်သိတယ်...ဘာကိုစိတ်ပူနေမှန်းမသိဘူး..."
" ခွန်းလေး....မင်းက ငါ့ကောင်လေးမို့ စိတ်ပူတာပေါ့ကွ...သွားမှာဆို...ဖုန်းယူသွားဖို့မမေ့နဲ့..ကားယူသွား..."
" ဒီလမ်းထိပ်လောက်ကို ငါက ကားယူသွားရမယ်..မှူးရာ... မဟုတ်တာတွေပြောပြီ...သွားပြီ...ငါလမ်းပဲလျှောက်သွားမှာ.."
ပြောရင်း ထွက်လာတော့.."ဖုန်းပါလား....ဖုန်း"
" ပါတယ်"
ဒီည မှူး ကျွန်တော့်ကို စကားတွေ အများကြီးပြောတယ်....ရေချိန်ထက်ကျော်နေတဲ့ မှူးရဲ့စကားတွေက မပီမသ....
" ခွန်းလေး....ငါ့ရဲ့ခွန်းလေး...မင်းကိုငါ အရမ်းချစ်တာ..ခွန်းလေးရာ..."
" ငါသိတယ်လေ...မှူးရ..သိတာပေါ့...မင်းငါ့ကို ဘယ်လောက်ချစ်လဲ...ငါအသိဆုံးပါ"
" ငါ...ငါလေ...မင်းကိုမထားခဲ့နိုင်ဘူး...မထားခဲ့ချင်ဘူးကွာ..."
" ငါတို့အခု အတူတူရှိနေတာလေ...မှူး မင်းဘာတွေ ပြောနေတာလဲ"
" ခွန်းလေး...ငါလေ အလုပ်မှာတောင်မှ မင်းအကြောင်းမတွေးဖြစ်တဲ့နေ့မရှိဘူး...သိလား..ငါအရမ်းချစ်တာ...မင်းကို.."
" အင်းပါကွာ....ငါသိပါတယ်...ငါသိတယ်ကွာ..."
" အီးးးဟီးးးဟီးးးးခွန်းလေး....ငါ့ရဲ့ခွန်းလေး...ငါဘယ်လိုလုပ်ရပါ့မလဲ...ငါ့ရဲ့ခွန်းးးးးးလေးးးးးး"
ပြောရင်းမှောက်သွားတဲ့ မှူး....
" သူ့အိမ်က လမ်းခွဲဖို့ပြောလိုက်ပြန်ပြီထင်တယ်"
ကျွန်တော့်ရဲ့ကောင်းကင်ကြီးကတော့...နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတာပါ...
သူ့ကိုသယ်ကာ အိပ်ယာပေါ်တင်ပေးပြီး..ကိုယ်လဲ ခြေလက်ဆေးအိပ်ဖို့ပြင်နေတုန်း....မှူးရဲ့ ကလေးတစ်ယောက်လို အိပ်နေပုံလေးကို ချစ်လွန်းလို့.....သူ့ပုံလေးတွေက ကျွန်တော့်ရဲ့ gallery ထဲမှာ နေရာယူသွားပြန်ပြီလေ.........
ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့တူညီတဲ့အကျင့်လေးက အခုလို ပုံလေးတွေ video လေးတွေ ရိုက်ပြီး အမှတ်တရ သိမ်းတတ်ကြတာပါ...
အိပ်ခါနီး...သူရဲ့နဖူးပေါ် အနမ်းလေးပေးလိုက်သည်....ဒါက အိပ်ယာဝင်တိုင်းပြုမှုနေကြ ကျွန်တော့်ရဲ့အပြုအမူလေး တစ်ခုပေါ့.......
အဲ့နေ့နောက်ပိုင်းကျွန်တော်လဲ program အသစ် ရေးနေရတာမို့ အလုပ်တွေက အိမ်အထိပါလာပြီး မှူးနဲ့စကားအေးအေးဆေးဆေးမပြောဖြစ်ခဲ့..
မှူးကလဲ သူ့မိဘတွေရဲ့ကုမ္ပဏီမှာ GM တစ်ယောက်ဖြစ်တာမို့ ဒီရက်ထဲ product အသစ်တင်သွင်းဖို့ အလုပ်ရှူပ်နေတာကြောင့် အိမ်ကို နောက်ကျမှ ပြန်လာဖြစ်တာကများနေတာ....ပြန်လာလို့ သူစကားလာပြောရင်လဲ ကျွန်တော်က ကောင်းကောင်းပြန်မပြောနိုင်တော့ အခုဆို ရောက်တာနဲ့ ခြေလက်ဆေးပြီး..ဂွတ်နိုက်တစ်ခွန်းပြော အနမ်းတစ်ချက်ပေးကာ အိပ်သွားတတ်သလို....ညစာ အိမ်မှာမစားတာပင် တစ်ပတ်လောက်ရှိပြီ........ကျွန်တော့်ကောင်းကင်ကြီးက တစ်ခါတစ်လေ အဲ့လိုကလေးဆန်စွာ... စိတ်ကောက်တတ်ပါသည်...
ကျွန်တော်လဲ program အတွက် စိတ်နှစ်နေရတော့ သူ့ကိုဂရုမစိုက်သလိုဖြစ်နေတာကတော့ အမှန်ပင်....
ဒီနေ့တော့ အလုပ်တွေလက်စသတ်နိုင်ခဲ့ပြီ....
ပြီးတော့ မနက်ဖန် နားရက်ဆိုတော့ စိတ်ကောက်နေတဲ့ ကလေးဆိုးကြီးကိုချော့ဖို့အတွက်..
အကြံထုတ် နေမိသည်.....
ဒီနေ့မနက် စောစောထကာ...မှူးအရမ်းကြိုက်တဲ့ နို့စိမ်းခေါက်ဆွဲလေး ကိုယ်တိုင်ချက်ရင်း ပျော်နေမိတယ်...အခုလို ချစ်ရသူအတွက် မနက်စာ ကိုယ်တိုင်ချက်ပေးရတဲ့ ခံစားချက်က အရမ်းပီတိဖြစ်ရပါတယ်....
မှူးက ကော်ဖီဆိုရင်လဲ နှပ်ကော်ဖီကိုမှ ကြိုက်တာလေ....အဲ့တာကြောင့် ကော်ဖီလေးနှပ်ထားခဲ့ပြီး....ကျွန်တော့်ကောင်းကင်ကြီးကိုနိုးဖို့ အိပ်ခန်းထဲ ဝင်လာလိုက်တယ်......
"မှူး...မှူး...ထတော့ကွာ"
နိုးနေတာကို နည်းနည်းလေးတောင်မလှုပ်တော့
"မွ...မွ..မွ"
ပါးနှစ်ဖက်နဲ့နဖူးလေးကို morning kiss ပေးရင်း နိုးနေမိသည်....
"မှူး...ထကွာ....ငါ..မင်းကြိုက်တဲ့ နို့စိမ်းခေါက်ဆွဲချက်ထားတယ်....ကော်ဖီလဲ နှပ်ပေးထားတယ်...
လာကွာ...ထတော့လို့"
"ခွန်း....ငါ...ခေါင်းကိုက်နေလို့...မထချင်သေးဘူး...အိပ်အုံးမယ်ကွာ.."
" မှူး...မှူး...ထပါကွာ....ငါ ဗိုက်ဆာနေပြီကွ.."
" ဆာရင်စားပေါ့ ခွန်းရာ...ငါမထချင်သေးပါဘူးဆို..."
" မှူးစစ်သွင်....."
စိတ်မကောင်းဖြစ်သွားလို့ အသံကျယ်ကျယ် အော်ခေါ်လိုက်တော့သည်...
ဟုတ်တယ်လေ..ကိုယ်က သူ့ကိုချော့ဖို့ အစောကြီးထ ချက်ပြုတ်ပြီး...ဒီလောက် လိုက်ခေါ်နေတာကို...သူက မလှုပ်....
" ထပြီ...ထပြီလို့...ခွန်းရာ...နော်...စိတ်ဆိုးသွားတာလား...ခွန်းလေး...ငါ တကယ် ခေါင်းကိုက်နေလို့ပါကွာ...အဲ့လိုမကြည့်နဲ့ ထပြီနော်..."
" စိတ်မကောင်းတာကွ...ငါ့မှာတော့ မင်းကို ပစ်ထားသလိုဖြစ်သွားလို့ စိတ်ကောက်နေတယ်ထင်ပြီး ချော့မလို့စီစဥ်ထားတာ..မင်းက...ငါအနားမှာမနေချင်လို့ သက်သက်ရှောင်နေသလိုကြီးလုပ်နေတော့"
" ဘယ်တော့မှ ဖြစ်မလာနိုင်တာကြီးကွာ....မှူးစစ်သွင်ဆိုတဲ့ငါက...မင်းအနားမှာ ဘယ်လောက်နေချင်လဲ သိရဲ့သားနဲ့.....ငါတကယ် ခေါင်းကိုက်နေလို့ပါကွာ...."
" မက်ခေါင်းက ခဏခဏကိုက်နေတာ ဆေးခန်းပြသင့်နေပြီ"
" မဟုတ်ပါဘူး...ဒီရက်ထဲ stress တွေများသွားလို့ပါ"
"အဲ့တာဆိုလဲ ထတော့ မျက်နှာသစ် မနက်စာ စားပြီးတော့မှ ဆေးသောက်ပြီး အိပ်လိုက်..."
" အင်းး.....ဒါနဲ့ စောစောက မင်းပြောတာ...ငါ့ကိုချော့မလို့ဆို...ဘယ်လိုချော့မှာလဲ..မဟုတ်မှ...မင်းဒီည...ငါ့ကို...."
"မှူးစစ်သွင်...."
သူ ဘာကိုတွေးလိုက်လဲဆိုတာ...သိတာမို့ စကားစဖြတ်လိုက်တာပါ..
" ခွန်းလေး...နော်...နော်လို့...ခွန်းလေး"
" ပြောတော့ ခေါင်းကိုက်နေတယ်ဆို..."
" ဆေးသောက်ပြီး အိပ်လိုက်ရင်ပျောက်သွားမှာ...နော်..ခွန်းလေး...ခွန်းလေးလို့"
ကုတင်ပေါ်ထိုင်နေတဲ့သူကို အနောက်ကနေ သိမ်းဖက်ရင်း ပခုံးပေါ် မေးစေ့လေးတင်ကာ....
ကလေးတစ်ယောက်လို ပူဆာနေတဲ့ကျွန်တော့်ကောင်းကင်ကြီးကြောင်....ဒီထက်ပိုပြီးကျွန်တော် ငြင်းဆန်နိုင်မယ်မထင်တော့ပါ.....
ခေါင်းညိမ့်ပြလိုက်တော့...
"မွ...အား...ချစ်တယ်ခွန်းလေး...ချစ်လိုက်တာ"
ပါးပြင်ပေါ်ရောက်လာတဲ့ အနမ်းတစ်ပွင့်နဲ့အတူ သိမ့်ခနဲခုန်သွားတဲ့ နှလုံးသားတစ်စုံ....
လူသားနှစ်ယောက် ချစ်လို့အတူနေကြပြီဆိုမှတော့ ဒီလိုဆက်ယှက်မှုမျိုးက ရှိနေမှာပဲလေ...
တစ်မိုးအောက်ထဲမှာအတူနေပြီး....
တစ်ယောက်လိုအပ်တာကိုတစ်ယောက်ဖြည်းဆည်းရင်း... တစ်ယောက်စိတ်ကိုတစ်ယောက်နားလည်ရင်း...လိုအပ်ချက်တွေကို ဖြည့်တွေးပေးရင်း...အခတ်အခဲတွေကို အတူတူရင်ဆိုင်ရင်း...အခုဆို သုံးနှစ်တောင်ပြည့်တော့မယ်လေ.....
**ခွန်းလေးရယ်...ငါတို့တွေ ဒီလိုမျိုးပျော်ရမယ့်အချိန်တွေက ပိုပိုနည်းလာပြီ....မင်းကို အခု ငါရင်ဆိုင်နေရတဲ့ပြသနာကို ပြောပြဖို့ ငါ့မှာသတ္တိမရှိဘူး ခွန်းလေး....မင်း ငါ့ကြောင့်ခံစားသွားရမှာ အရမ်းကြောက်တယ်.....မင်း မျက်ရည်တွေကိုလဲ ငါမမြင်ရက်ဘူး...ငါဘာလုပ်ရမလဲ ခွန်းလေးရယ်.....**
"မှူး..မပြီးသေးဘူးလား.."
"ပြီးပြီ ခွန်းလေး...ငါ toilet ဝင်နေလို့...လာပြီ.."
ခွန်းလေးရဲ့ အသံကြောင့် အတွေးစကို ဖြတ်လိုက်ရသည်....
" နို့စိမ်းခေါက်ဆွဲက..စားလို့ကောင်းလိုက်တာ..ခွန်းလေးရာ..."
" တကယ်စားကောင်းလား...."
" တကယ်ပေါ့ကွ...မင်လက်ရာက ငါ့အကြိုက်နဲ့ကွက်တိပဲ"
" အင်းပါ....မင်း နည်းနည်းပိန်သွားတယ်...sorry ပါကွာ..ဒီရက်တွေ...ငါ မင်းကို ဂရုမစိုက်မိလို့"
" ရပါတယ်ကွာ...မင်းလဲ အလုပ်ရှုပ်နေတာ ငါသိတာပဲ...ငါက ဝိတ်ချချင်နေတာနဲ့ အတော်ဖြစ်သွားတာပေါ့"
" ဝဝပိန်ပိန် ကျန်းမာနေဖို့ကအဓိကပါကွာ..
ဘာလို့ဝိတ်ချချင်နေတာလဲ"
" ငါ့ချစ်သူလေး အချစ်တွေလျော့သွားမှာစိုးလို့"
" အပိုစကားတွေ မပြောစမ်းနဲ့ မှူးရာ..."
" ဟား..ဟား..ဟား"
ချစ်ရသူနဲ့အတူရှိနေတဲ့ မနက်ခင်းလေး ...
ကြည်နူးလွန်းလို့ ဒီအခိုက်အတန့်လေးကို ရပ်တန့်ထားလိုက်ချင်တယ်.............
...............................
အချိန်တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးရင်း... ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ သုံးနှစ်ပြည့် anniလေး မနက်ဖန်ဆို ရောက်လာပြန်ပြီ....
လွန်ခဲ့တဲ့ သုံးနှစ် ကျွန်တော်တို့ဘွဲ့ယူတဲ့နေ့လေးမှာပဲ....မှူးနဲ့ကျွန်တော် တစ်နှစ်ကျော်လောက်မြိုသိပ်ထားတဲ့ အချစ်တွေ ဖွင်ဟဝန်ခံခဲ့ကြတယ်..
သူ့မိဘတွေကို ဖွင့်ပြောတော့ ယောက်ျားနှစ်ယောက်ရဲ့ချစ်ခြင်းကို လက်မခံနိုင်လို့ အပြင်းအထန်ကန့်ကွက်ကြတယ်လေ......
မှူးက အဲ့နေ့မှာပဲ မိဘတွေကိုဆန့်ကျင်ပြီး တစ်ကောင်ကြွက်ကျွန်တော့်ဘဝထဲကို ဝင်လာခဲ့တာ.....မှူးကြောင့် ကျွန်တော် လုံခြုံမှု နွေးထွေးမှုတွေကို ခံစားခဲ့ရတယ်....ကျွန်တော့်က 13နှစ်ကတည်းက ဘဝကို တစ်ယောက်တည်းဖြတ်သန်းခဲ့ရတာ မှူးနဲ့မတွေ့ခင်အချိန်အထိပေါ့...
သူငယ်ချင်းတွေစဖြစ်ကတည်းက ကျွန်တော့်ကိုအမြဲကွာကွယ်ပေး ဂရုစိုက်ပေးခဲ့တယ်...
အခုဆို ချစ်သူဘဝနဲ့အတူနေလာခဲ့တာ သုံးနှစ်တောင် ပြည့်တော့မှာပဲ.......
" မမခက်...ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါဗျာ..."
" စစ်...မင်းရဲ့အကြိတ်က ဒီတစ်လအတွင်းမှာ ပိုပြီးကြီးလာနေပြီ...မမကတော့ မင်းကို အမြန်ဆုံး ခွဲစိတ်စေချင်တာပဲ...."
" ကျွန်တော်....ကျွန်တော် မခွဲစိတ်ရင်ရော..."
" စစ်.... မမ မင်းကိုနားမလည်တော့ဘူး... တကယ်ဆို ဒီကိစ္စစသိကတည်းက ခွဲစိတ်ဖို့ပြင်ဆင်ရမှာ....မင်း ဘာဖြစ်နေတာလဲ"
" လုံးဝ ပြန်ကောင်းလာမှာလား....မမ ပြောနိုင်လား...ကျွန်တော် အဆင်ပြေလာမယ်လို့...
မမလဲ သိတယ်...အောင်မြင်နိုင်ချေ နည်းတယ်ဆိုတာကို....ကျွန်တော်....ကျွန်တော်....ခွန်းလေးနဲ့ အတူရှိနေချင်သေးတယ်...."
" စစ်ရာ.."
" မခွဲစိတ်ပဲ ဒီအတိုင်းနေရင် ခွန်းလေးနဲ့အတူနေရမယ့်အချိန် ပိုရတယ်လေ...ကျွန်တော်သာ ခွဲစိတ်မယ်ဆို...ခွန်လေးနားမှာ နေဖို့အချိန်အရမ်းနည်းသွားမှာ....အောင်မြင်နိုင်ချေများရင်တောင် ကျွန်တော်စွန့်စားမိမှာ....ဒါပေမယ့်..ဒါပေမယ့် မမခက်ရယ်..."
" မမ အတွေးကတော့....မင်း..ခွန်းကိုပြောပြသင့်တယ်....နောက်မှသိရရင် သူပိုပြီးခံစားရလိမ့်မယ်...ပြီးတော့...မမကတော့ ကြိုးစားကြည့်စေချင်တယ်....အရမ်းကြီး အာမမခံနိုင်ပေမယ့်ပေါ့"
"ကျွန်တော်ပြောပြလိုက်ရင် သူအရမ်းလန့်သွားမှာ..အားငယ်သွားမှာ..သူ့မှာကျွန်တော်ပဲရှိတာ"
" စစ်...နောက်ဆို မင်းခေါင်းကိုက်တာ ပိုစိပ်လာတော့မှာ....ပြီးတော့တခြားလက္ခဏာတွေလဲ ပြလာတော့မှာ...ဘယ်လောက်ကြာကြာဖုံးကွယ်ထားနိုင်မယ် ထင်နေတာလဲ....ပြီးတော့ အန်တီတို့အန်ကယ်တို့ကိုလဲ မြန်မြန်ပြောပြတော့....အန်တီကမေးနေတာ...မမ ညာနေရတာ စိတ်မကောင်းဘူး....မင်းကမပြောနဲ့ဆိုလို့သာ....."
"ကျွန်တော် ပြောပြမှာပါ...မမခက်ကိုလဲ အားနာပါတယ်"
" အင်းပါ....မမပြောတာကို သေချာပြန်စဥ်းစားပါ.."
"ကျွန်တော်သွားတော့မယ် .."
"အင်း...တစ်ခုခုဆို မမကို ဖုန်းဆက် စစ်"
"ဟုတ်ကဲ့"
မမဆူးခက်....
လက်ရှိ ကျွန်တော့်မှာ brain tumor ဖြစ်နေတာ သိတဲ့ တစ်ဦးတည်းသောသူ...
ဆရာဝန်တစ်ယောက်ဖြစ်သလို......ကျွန်တော်နဲ့တချိန်က လူကြီးချင်းသဘောတူထားတဲ့သူဖြစ်ပေမယ့် သူကိုယ်တိုင်က ကျွန်တော့်ကိုမောင်လေးတစ်ယောက်လိုပဲ သဘောထားခဲ့တဲ့သူ..ပြီးတော့
ကျွန်တော်နဲ့ ခွန်းလေးကို နားလည်ပေးပြီး အခုချိန်အထိ ကျွန်တော်တို့ဘက်မှာရှိနေပေးတဲ့ သူ...
......
ဒီရောဂါဖြစ်တာ စသိခဲ့ရတာက...
လွန်ခဲ့တဲ့ နှစ်လလောက်....
ကျွန်တော် ရုံးမှာ မေ့လဲသွားခဲ့တယ်...အဲ့တာနဲ့ပဲ မမခက်ရှိတဲ့ဆေးရုံကို မာမီတို့ကခေါ်လာခဲ့တာ....
ဆေးစစ်ချက်တွေလုပ်ခဲ့ရပေမယ့် result ကိုတော့ အခုထိ သူတို့ကိုမပြောပြဖြစ်သေးဘူး....
ကျွန်တော်မိဘတွေ စိတ်ဆင်းရဲသွားမှာကို တကယ်မလိုလားဘူး.....အချစ်အတွက် မိဘတွေကိုဆန့်ကျင်ခဲ့တာကလွဲလို့ သူတို့ကိုကျွန်တော်ကြောင့် စိတ်ချမ်းသာမှုတွေပဲ ရှိစေချင်ခဲ့တာ.....
အခုတော့...ကျွန်တော်ချစ်ရတဲ့သူတွေ ကျွန်တော့်ကြောင့် နာကျင်ရတော့မယ်.. ခံစားရတော့မယ်...
ကျွန်တော့်ကံတရားကိုပဲ...မကျေမနပ်ဖြစ်မိတယ်
"အားးးးကျွတ်...ကျွတ်..ကျွတ်"
ခေါင်းထဲက ကိုက်ခဲမှုကြောင့် အိပ်နေရာကနေ နိုးလာရပြီ....ဖွက်ထားတဲ့ဆေးဘူးထဲကဆေးကို အသံမကြားအောင် ယူပြီးသောက်လိုက်သည်....
ဆေးသောက်ပြီးခဏကြာ သက်သာလာတာနဲ့ နာရီကြည့်မိတော့ မနက် 5နာရီ...
"စောသေးတာပဲ...."
အိပ်မောကျနေတဲ့ ခွန်းလေးကို ကြည့်မိတော့ ရင်ထဲမှာ နာကျင်လာတယ်......
**ဒီအကောင်ပေါက်လေးကို ဘယ်လို စိတ်ချပြီး ထားခဲ့နိုင်မှာလဲ.....ခွန်းလေးရယ်..ငါတို့ကံကြမ္မာကြီးကလဲကွာ...ဘာလို့များ ဒီလောက်ဆိုးရွားနေရတာလဲ....ငါ့ရဲ့ခွန်းလေး...ခွန်းလေးရာ...မင်းအနားမှာ အချိန်အကြာကြီးအတူရှိမနေနိုင်တော့လို့ ငါစိတ်မကောင်းပါဘူး မင်းအရင်ထွက်သွားရတော့မှာမို့ ငါတကယ်မင်းကိုအားနာပါတယ်...
ကတိတွေမတည်နိုင်တော့လို့လဲ ငါတောင်းပန်ပါတယ်.....ငါ့ရဲ့ကလေးလေးရယ်................... **
စိတ်ထဲကနေစကားတွေအများကြီးပြောနေမိတယ်....မျက်လုံးထဲမှာပြည့်လာတဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး ထပ်အိပ်လို့လဲမရတော့တာမို့ ခွန်းလေးနဖူးလေးကို တစ်ချက်နမ်းကာ အိပ်ခန်းထဲက ထွက်လာလိုက်သည်.........
ဒီနေ့က ကျွန်တော်တို့ချစ်သူဖြစ်တာ သုံးနှစ်ပြည့်
တဲ့နေ့လေး....ကျွန်တော့်အတွက်နောက်ဆုံးဖြတ်သန်းရတဲ့anniလေးလဲဖြစ်ချင်ဖြစ်နေမှာ....
နောက်နှစ်ဆိုတာ ကျွန်တော်မျှော်လင့်လို့မရတဲ့အခြေနေတစ်ခုလေ.....အဲ့တာကြောင့်.....ဒီနေ့လေးမှာ ခွန်းလေးအတွက် ပျော်ရွှင်စရာ အမှတ်တရကောင်းတွေ ဖန်တီးပေးခဲ့ချင်တယ်.............................................
မနက်စာအတွက် ခွန်းလေးသိပ်ကြိုက်တဲ့ ကြက်သားပလာတာချက်လိုက်တယ်....အရသာပျောက်တာမျိုးမဖြစ်သေးတာကို ကျေးဇူးတင်မိတယ်...ဒီလိုနေ့လေးမှာ ခွန်းလေးအတွက် စာဖိုမှုးလုပ်ခွင့်ရနေသေးလို့......
ပြီးတော့ ကျွန်တော်တို့နှစ်ယောက်စလုံး သိပ်ကြိုက်တဲ့ နှပ်ကော်ဖီလေး....
ကော်ဖီနှပ်နေတုန်း အနားရောက်လာတဲ့ ခွန်းလေး....
"Morning မှူး"
" Morning ခွန်းလေး...မင်းကနိုးလာပြီလား...ငါကအခုပဲလာနှိုးတော့မလို့...."
" မင်း အစောကြီးနိုးနေတာလား....ရုံးစောစောသွားရမှာမိုလိုလား"
" မဟုတ်ပါဘူး...ခွန်းလေး...မေ့နေတယ်လို့ပြောရင် ငါစိတ်ဆိုးမှာနော်....ဒီနေ့ ငါက ရုံးသွားရမှာလား....ပြော..."
anniတိုင်း နှစ်ယောက်တည်းအချိန်ဖြုန်းနေကြမို့....ရုပ်တည်နဲ့ပြောရင်း ခွန်းလေးကို စိုက်ကြည့်လိုက်သည်....
"ဘာကိုမေ့ရမှာလဲ...မှူး.... ဘာပြောတာလဲ"
သူမှတ်မိနေလို့ ကျေနပ်သွားပေမယ့် စချင်တာကြောင့် မသိဟန်ဆောင်ကာ ပြန်မေးလိုက်သည်...
"ခွန်းလေး...တကယ်ကြီးမေ့နေတာလား...ငါစိတ်မကောင်းဖြစ်သွားပြီ..."
မျက်နှာ ပျက်ပျက်နှင့်ပြောလာတဲ့ မှူးကြောင့် ဆက်ပြီး မစ,ရက်တော့တာမို....
နောက်မှာ ဖွက်ထားတဲ့ လက်ဆောင်လေးကို သူ့ရှေ့တိုးပေးရင်း.....
"Happy anniversary ပါ မှူး...ဒီသုံးနှစ်လုံး ငါဆိုးသမျှသည်းခံပေးပြီး...အများကြီးချစ်ပေးဂရုစိုက်ပေး ကာကွယ်ပေးခဲ့လို့ မင်းကို အရမ်းကျေးဇူးတင်ပါတယ်...ပြီးတော့ အရမ်းလဲချစ်ရပါတယ်ငါရဲ့ကောင်းကင်ကြီးရေ....အိုမင်းသွားတဲ့အထိ မင်းအနားမှာ အမြဲရှိနေမယ်...."
စကားဆုံးတော့ ကျွန်တော့်ကို ရင်ခွင်ထဲဆွဲသွင်းကာ...." Happy anniversary ပါ ခွန်းလေး...ငါတို့အတူတူဖြတ်သန်းခဲ့တဲ့ ဒီသုံးနှစ်မှာ မင်းကို စိတ်ညစ်စေခဲ့တာတွေရှိခဲ့ရင် ငါတောင်းပန်တယ်နော်....ငါလေ မင်းကိုချစ်တယ်ဆိုတာထက်ပိုတယ် အရမ်းမြတ်နိုးရတဲ့ ငါ့ရဲ့ကလေးလေး....
ငါ မင်းကြောင့်အများကြီးပျော်ရွှင်ခဲ့ရတယ်....မင်းအချစ်တွေကို ရခဲ့တဲ့ ငါ့ကိုယ်ငါ အရမ်းဂုဏ်ယူခဲ့ရတယ်....မင်းရဲ့အနားမှာနေခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်...ငါ....ငါလေ.."
ကျောပြင်ပေါ်ကျလာတဲ့ အေးစက်စက်ထိတွေ့မှု
" မှူး.....မင်း ငိုနေတာလား..."
ပြောရင်း လူချင်းခွာကာ ကြည့်လိုက်တော့
တကယ်ကို ငိုနေတာပါ....
"ဘာလို့လဲ... မှူး"
" ငါ.... ပျော်လို့ပါ...ပျော်လို့...မျက်ရည်က ကျလာတာ..."
" ဟုတ်ရဲ့လား..မှူးရာ....မင်း ငါ့ကို လျှိဝှက်ထားတာများရှိနေတာလား...ဘာကိစ္စပဲရှိရှိ ငါတို့အတူရင်ဆိုင်ကြမယ်လို့ ကတိပေးထားကြတာလေ..."
ခွန်းလေး အမူအရာကိုကြည့်တာနဲ့ ကျွန်တော့်ကို ဘယ်လောက်စိုးရိမ်နေလဲဆိုတာ သိတာပေါ့.....
" ငါ...တကယ်ပျော်လို့ပါကွ....မင်းနဲ့အတူရှိခွင့်ရနေတာကို....ငါအရမ်းပျော်နေလို့ပါ..."
မှူး ညာနေတာ သိတာပေါ့....
ဒါပေမယ့် ဒီလိုနေ့မျိုးများ နှစ်ယောက်သား စကားမများချင်တာမို့.....
" အင်းပါ..ငါမမေးတော့ဘူး..ဒါပေမယ့် ..မင်းသိထားရမှာက...... ငါကလေ....ဘဝကို အေးအတူပူအမျှ မင်းနဲ့အတူ ဖြတ်သန်းချင်တာ..
ပျော်စရာတွေပဲပေးသိပြီး စိတ်ညစ်စရာ ဝမ်းနည်းစရာတွေမိုလို့ ငါ့ကိုပေးမသိဘူးဆိုရင် အဲ့ဒီ relationship မျိုးမှာ ငါပျော်နိုင်မှာမဟုတ်ဘူး....မင်း ငါ့စိတ်ကို နားလည်မှာပါ မှူး......"
"ငါ နားလည်တာပေါ့ ခွန်းရာ..."
" ပြီးရော...ဒီနေ့တော့ ငါတို့ ဒီအကြောင်း ခဏမေ့ထားကြရအောင်...ငါ့လက်ဆောင်လေး ကြည့်ပါအုံး ကြိုက်ရဲ့လား မှူး"
ပုံတူပန်းချီလေးကို မြင်တော့.....
"ဟာ...ခွန်းလေး...ဒါ မင်းကိုယ်တိုင်ဆွဲထားတာလား..."
" အင်း...အရမ်းတော့မတူပေမယ့် ငါ ကြိုးစားပြီးဆွဲထားတာ.."
" တူပါတယ်...ခွန်းလေးရ...တော်လိုက်တာ...မင်း သင်တန်းတတ်တာဖြင့်မကြာသေးဘူး..."
" မင်းကြိုက်ရဲ့လား..."
" အရမ်းကြိုက်တယ်......ခဏနော်...ခွန်းလေး"
အပြင်ထွက်သွားပြီး ပြန်ဝင်လာတော့.....
" ဒါက ငါ့ရဲ့လက်ဆောင်"
" လက်ပတ်လေး..."
" မင်းကြိုက်တဲ့ အဖြူနဲ့အပြာကို သုံးပေးထားတာ အဲ့နှစ်ကွင်းရဖို့ ငါ တစ်ပတ်လောက်အချိန်ယူလိုက်ရတာ...."
" မင်းရဲ့ handmadeလေးပေါ့...."
" အင်း...ကြိုက်ရဲ့လား..."
" ကြိုက်တာပေါ့...အရမ်းပဲ"
" ကြိုက်ရင်ဆုချလေ..."
ပါးလေးဖောင်းပေးကာ ပြောလာတာမို့...
" မွ...မွ..."
"မွ..မွ...မွ"
ရုတ်တရက် ပြန်နမ်းလာတော့
" ဘာလုပ်တာလဲ..."
" ငါလဲ ဆုပြန်ချတာလေ..."
"မင်းကတော့...ဟင်း...ဟင်း"
အဲ့နေ့က ကျွန်တော်ချက်ကျွေးတဲ့ မနက်စာကို အတူတူစားကြပြီး....ဘုရားသွား ကုသိုလ်ယူ....
ရုပ်ရှင်ကြည့်....ကာရာအိုကေဆို....ပြီးတော့....
စားစရာနဲ့ဘီယာဝယ်ပြီး အိမ်ပြန်လာခဲ့ကြသည်.
အိမ်ရောက်တော့...မှူးသူ့မေမေဆီကဖုန်းဝင်လာတာနဲ့ အိမ်အပြင်ထွက်သွားကာ...ဖုန်းသွားပြောနေသည်....တော်တော်ကြာအောင်ပြောပြီး...အိမ်ထဲပြန်ဝင်လာတော့ မျက်နှာမကောင်း....
ဘီယာနဲ့အမြည်းတွေပြင်ကာ ဧည့်ခန်းမှာ တီဗွီကြည့်ရင်း....သောက်ကြတော့....မှူးက တစ်လုံးပြီးတစ်လုံးဆက်တိုက်သောက်နေသည်....
**သား ဖေဖေတို့ကတော့ သားကိုဒီအတိုင်းထိုင်ကြည်မနေနိုင်ဘူး...မင်း ခွန်းကြောင့်ဒီလိုဖြစ်နေတာဆို ဖေဖေကိုယ်တိုင်ခွန်းကိုပြောရလိမ့်မယ်..ဖေဖေတို့ကိုမပြောစေချင်ရင် မင်းကိုယ်တိုင်ဖွင့်ပြောပါ...သားရယ် မိဘတွေလဲသိနေပြီ....သူခံစားရမှာစိုးတာနဲ့ မိဘတွေရင်ကို မခွဲပါနဲ့ကွာ...မင်းစဥ်းစားပါသားရယ်..**ဖုန်းဆက်တုန်းကပြောသွားတဲ့ ဖေဖေ့ရဲ့စကားသံတွေက နားထဲမှာ ပဲ့တင်နေသည်.....
"မှူး......မင်းများနေပြီး...တော်တော့...မနက်ရုံးသွားရအုံးမှာကို..."
" ငါ့ကို သောက်ခွင့်ပေးပါ...ဒီညပဲ....နောက်မသောက်တော့ဘူး....နော်"
" နောက်မသောက်စရာမလိုဘူး....ဒီညတော့ တော်သင့်နေပြီး မင်းအရမ်းများနေပြီ...ငါ မင်းလောက်မသောက်တာတောင် တော်တော်မူးနေတာ.."
" ခွန်းလေး....ငါ့ရဲ့ ခွန်းလေး.....လာပါအုံး...ငါ့ရင်ခွင်ထဲ..လာပါအုံး..."
ကျွန်တော့်ကောင်းကင်ကြီးကတော့ ရစ်ပါတော့မည်....
" ဘာလဲကွာ...မှူး"
" ခွန်းလေး...ကလေးလေး..."
" ဟေ့ရောင်...ငါ မင်းထက် ရှစ်လပဲငယ်တာ ဘာကလေးလေးလဲ"
" ငါ့ ကလေးလေး...ငါဘယ်လိုလုပ်ရမလဲ....ငါ မင်းကိုသနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ...ငါက
ဘာလို့မင်းကို ထားခဲ့ရမှာလဲ..."
အငိုသည်းရင်း ပြောနေတဲ့ မပီမသစကားတွေ...
" မင်းဒီနေ့ မျက်ရည်တွေအရမ်းပေါနေတယ်နော်..ဘာဖြစ်နေတာလဲ မှူးရာ...ငါစိတ်ပူတယ်လို့
ဘာလဲ မင်းအိမ်က လမ်းခွဲဖို့ပြောပြန်ပြီလား"
"ခွန်းလေး....ငါလေ..မင်းအနားမှာ အချိန်အကြာကြီးရှိမနေပေးနိုင်တော့ဘူး....ငါကလေ...ငါက...
မင်းအနားကထွက်သွားရတော့မယ်တဲ့...ခွန်းလေးရာ...ငါ..ငါ...တောင်းပန်ပါတယ်...ငါစိတ်မကောင်းပါဘူး..."
" မှူး...မှူး...မင်းဘာတွေပြောနေတာလဲ.... ငါ့ကိုသေချာကြည့်စမ်း....မှူး...ငါပြောနေတယ်လေ..."
" ခွန်းလေး.....တကယ်တော့လေ...ငါ့မှာ...ငါ့မှာ
Brain Tumor ဖြစ်နေတယ်တဲ့...."
" ဘာ....မှူး....မင်း လျှောက်ပြောနေတာမှတ်လား..."
" ငါ တကယ်ပြောနေတာ....တကယ်လို့"
" ဘယ်တုန်းကသိတာလဲ...အခြေနေကကော..ဘယ်လိုတဲ့လဲ..."
" 2လလောက်ရှိပြီ...."
" ဘာလို့..ဘာလို့ ငါ့ကိုမပြောပြခဲ့တာလဲ...မှူး..
မင်းရက်စက်တယ်မှူးရာ...ငါ့ကို..ငါ့ကို..ဘာလို့အစောကြီးကတည်းကမပြောပဲ...တစ်ယောက်ထဲ
ကြိတ်ခံစားနေတာလဲ..."
မှူးကို တင်းကြပ်နေအောင်ဖက်ထားရင်း
" ဘာမှမဖြစ်ဘူး...ငါတို့အတူတူရင်ဆိုင်ကြမယ်...နော်...အခုခေတ်မှာ ဒီလိုရောဂါကို ပျောက်အောင်ကုလို့ရနေတာပဲ...နော် မှူး...မင်းက ဘာလို့ ငါ့ကို ထားခဲ့ရမှာလဲ....မင်းထွက်သွားချင်ရင်တောင် ငါက သွားခွင့်မပြုဘူး....မင်းကို ငါမရ,ရအောင် ဆွဲထားမှာမိုလို့....မင်းလဲ ငါ့အနားမှာနေဖို့ပဲတွေးပါနော်...မှူး...ငါတို့အဖိုးကြီးတွေဖြစ်တဲ့အချိန်အထိအတူတူနေမယ်လို့ကတိပေးထားကြတာလေ....မင်းကတိတည်ရမယ်....ကတိဖျက်ရင်....ငါကမင်းကို တစ်သက်လုံးမုန်းနေမှာ"
"ငါလဲ မင်းနဲ့အချိန်တွေအကြာကြီးအတူနေချင်တာပါ...ခွန်းရာ..."
" သိတာပေါ့...ငါ့ရဲ့ကောင်းကင်ကြီးက ငါ့ကို ဘယ်လောက်တောင်ချစ်လိုက်လဲ...ကဲ...အခုတော့ မင်းအိပ်လိုက်တော့နော်...မနက်မှ ငါတို့ ဘာလုပ်သင့်လဲ စဥ်းစားကြတာပေါ့...."
" အင်း....မင်းကရော..."
" ငါက ဒါတွေသိမ်းရအုံးမယ်...ရေလဲချိုးချင်သေးတယ်....ပြီးတော့...မနက်ခွင့်ယူမှာဆိုတော့..
အလုပ်လေးနည်းနည်းလုပ်လိုက်အုံးမယ်လေ.....မင်းကအနားယူသင့်နေပြီ...အိပ်နှင့်လိုက်နော်"
" အင်းပါ...အရမ်းနောက်မကျစေနဲ့..."
"အင်း...goodnight...မှူး"
" goodnight"
မှူးအိပ်ခန်းထဲဝင်သွားပြီး....ခဏကြာတော့ သောက်ထားတဲ့အရှိန်ကြောင့်ထင်တယ် အိပ်ပျော်သွားပြီလေ.................
တကယ်တော့ အရမ်းငိုချင်နေတာ...မှူးရှေ့မှာမို့ ကိုယ်ငိုရင် သူပိုပြီးခံစားရမှာစိုးလို့ မာန်တင်းနေခဲ့ရတာ....ပြီးတော့ သူအခုလိုဖြစ်နေချိန်မှာ ကိုယ်က သန်မာနေမှဖြစ်မှာလေ.....
မှူးအိပ်သွားပြီမို့.....အားရအောင်ငိုပစ်လိုက်သည်...မနက်ဖန်မှာ ဘာတွေဖြစ်လာမယ်ဆိုတာမသိပေမယ့် မှူးအနားမှာနေပြီးမှူးအတွက်အားတစ်ခုဖြစ်စေရမယ်လို့ဆုံးဖြတ်ထားတယ်.................
"အန်တီ ဦးနဲ့ခွန်း ခက် တောင်းပန်ပါတယ်...
တကယ်ဆို စောစောပြောပြခဲ့ရမှာ....စစ်က အတင်းတောင်းဆိုတာနဲ့...."
" မမခက်ကို ခွန်းအပစ်မတင်ပါဘူး....မှူးကို...မမခက် မနိုင်တာသိနေတာပဲ...."
"ခွန်းလေးရာ..မင်းကလဲ"
" မဟုတ်လို့လား...2လဆိုတဲ့အချိန်က နည်းလားမှူး....တော်ပြီ...မင်းကိုငါအပစ်မပြောတော့ပါဘူး. .မင်းအတွေးနဲ့မင်းကတော့ မှန်နေခဲ့တာကိုး"
" မမခက်....ခွန်းတို့ အခြေနေမှန်ကို သိပါရစေ"
မှူးဖေဖေနဲ့မေမေက လိုက်လာကြပေမယ့် သားသမီးအပူကြောင့် ဘာမှမပြောနိုင်တာ သိနေတာမို့ ဒီအချိန်မှာ ခွန်းသာဦးဆောင်ရတော့မည်...
" ခက် ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနှစ်လမှာ သူ့ရဲ့အကြိတ်ကပိုကြီးလာတယ်...
ပြီးတော့ တကယ့် အန္တရာယ်များတဲ့ zone နားမှာဖြစ်နေတာဆိုတော့ ခွဲစိတ်မယ်ဆိုရင် အောင်မြင်နိုင်ချေ 25% လောက်ပဲရှိမယ်...ကျန်တာကတော့ ကံပေါ်မှာပဲမူတည်တယ်....တကယ်လို့မခွဲစိတ်ပဲနေမယ်ဆိုရင်လဲ နောက်ထပ် ကိုးလလောက်ပဲ..."
" တော်ပါတော့ မမခက်ရယ်...ခွန်းတို့ခွဲစိတ်မှာပါ..."
" ခွန်း..." မှူးကဝင်တားနေတော့
" မှူး....ငါတို့စကားပြောရအောင်....အန်တီနဲ့ဦး ခွန်းတို့ ခဏလောက်စကားသွားပြောလိုက်အုံးမယ်.."
မှူးလက်ကိုဆွဲကာ ကားရှိရာကို ထွက်လာလိုက်သည်....
"ခွန်းလေး....ငါ မခွဲစိတ်ချင်ဘူး....မအောင်မြင်ရင်ဘယ်လိုလုပ်မလဲ"
မှူးရဲ့အေးစက်နေတဲ့လက်ကလေးတွေကို ဆုပ်ကိုင်ရင်း.....
" ဘာလို့ အဆိုးဘက်ကိုပဲတွေးနေရတာလဲမှူး....ငါတို့ဘက်မှာ 25% တောင်ရှိတာလေ....ပြီးတော့ မင်းမိဘတွေရဲ့မေတ္တာတရား....ငါတို့နှစ်ယောက်ရဲ့ စစ်မှန်တဲ့ချစ်ခြင်း...အဲ့ဒီမမြင်နိုင်တဲ့ စွမ်းအားတွေက မင်းကို ငါတို့အနားမှာဆက်ရှိနေနိုင်ဖို့ ဆွဲခေါ်ပေးလိမ့်မယ်....ငါကတော့ ယုံကြည်တယ်....အဲ့တာကြောင့် မင်းလက်ခံလိုက်ပါ...မင်းမိဘတွေကိုလဲ စဥ်းစားပါအုံးမှူးရာ...."
" ဒါပေမယ့်....ငါခွဲစိတ်မယ်ဆို မင်းနဲ့အကြာကြီးခွဲနေရမှာ..."
" တစ်သက်လုံးဝေးရမှာထက်စာရင် ဒီလောက်က ဘာဖြစ်မှာလဲကွာ...မဟုတ်ဘူးလား...မင်းပြန်လာရင် ငါအနားမှာတစ်သက်လုံးနေသွားရမှာ စိတ်ချ..."
" မင်းက ငါ့ကိုတကယ်ပဲ ခွဲစိတ်သစချင်တယ်ပေါ့..."
" ဒါပေါ့ကွ....ကိုးလလောက်ကိုကျေနပ်မယ်ထင်နေတာလား....ငါကလောဘအရမ်းကြီးတာလေ.."
"မင်းကနောက်နေသေးတယ်..."
"မင်းအပြုံးလေး မြင်ချင်လို့ပါကွာ..."
ခပ်ယဲ့ယဲ့ပြုံးပြလာတဲ့မှူးကြောင့် ကျွန်တော်ပါလိုက်ပြုံးမိသွားသည်.....
ကျွန်တော့်ကိုအမြဲကာကွယ်ပေးခဲ့တဲ့ ကျွန်တော်ကောင်းကင်ကြီး.....အခုတော့ သူကိုယ်တိုင်တောင် ခွန်အားမဲ့နေသလို......
ခွဲစိတ်ဖို့သဘောတူပြီးနောက်ပိုင်း ဆေးစစ်ချက်တွေလုပ်ရတယ်.... မမခက်က UKက ဦးနှောက်အထူးကုပါရဂူဆီ ဆက်သွယ်ပြီး လုပ်ပေးနေတာမို့တော်သေးသည်....
ကျွန်တော့်လဲ အလုပ်ကို ခွင့်ရက်ရှည်ယူထားလိုက်ပြီး...အရေးကြီးတဲ့အလုပ်တွေဆိုလဲ အိမ်ကနေပဲလုပ်ရင်း မှူးအနားမှာ နေပေးဖြစ်ခဲ့တယ်...
ခွဲစိတ်ဖို့ဟိုကိုသွားရင် ကျွန်တော့်ကို မလိုက်ခဲ့ရဘူးတဲ့လေ....ဒီအိမ်လေးကနေပဲ သူပြန်အလာကို စောင့်နေရမယ်တဲ့....မှူးမိဘတွေကလဲ အရင်ကလောက်တော့ ခါးခါးသီးမဟုတ်တော့...သူတို့လဲ သားကြောင့် စိတ်လျော့ထားကြတယ်ထင်ပါတယ်....အိမ်မှာ လာနေတဲ့ရက်တွေတောင် ရှိနေပြီလေ.....
"ခွမ်း"
အိပ်ခန်းထဲက အသံကြောင့် အပြေးဝင်သွားတော့ ဖန်ခွက်အကွဲဘေးမှာ ထိုင်နေတဲ့ မှူး......
" မှူး....ဘာဖြစ်တာလဲ..."
" ခွန်းလေး...ငါ့လက်တွေ....ငါ့လက်တွေ....မခိုင်တော့ဘူး....ဖန်ခွက်လေးတောင် သေချာမကိုင်နိုင်တော့ဘူး.......ခွန်းလေး..."
" ဘာမှမဖြစ်ဘူး....မှူး...ဘာမှမဖြစ်ဘူးနော်...ငါတို့ဒါတွေဖြစ်လာမယ်ဆိုတာ...သိပြီးသားလေ...
မှူးရဲ့....စိတ်လျော့လိုက်နော်....အဆင်ပြေတယ်....ဘာမှမဖြစ်ဘူး...."
သူ့ကိုသာနှစ်သိမ့်နေရပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ ကြောက်နေမိတာ...ဒီရက်တွေမှာ မှူး အရသာလဲပျောက်နေပြီလေ........မှူးက ရိပ်မိသွားလို့ထင်ပါရဲ့...
" ငါ....ငါ အဆင်ပြေပါတယ်ခွန်းလေး....ငါ ခဏ လန့်သွားလို့ပါ.... "
"အင်း...မင်းထ..ကုတင်ပေါ်တက်လိုက် ငါဒါတွေရှင်းလိုက်အုံးမယ်..."
" သတိထားနော်...ရှအုံးမယ်..."
" အင်းပါ..."
** ကျွန်တော်ရဲ့ကောင်းကင်ကြီးက အခုလိုအချိန်မျိုးမှာတောင် ကျွန်တော်ကို ပူပန်နေတုန်းလေ...ဒီလိုချစ်သူမျိုးကို ဘယ်တော့မှလက်လွှတ်ခံမှာမဟုတ်ဘူး...သူ့လက်ကိုအမိအရဆုပ်ကိုင်ထားမှာ....**
ခွဲစိတ်ဖို့ရက် confirm ဖြစ်တော့ ဆယ်ရက်လောက်ကြိုပြီးသွားကြဖို့ စီစဥ်ကြတယ်.. မှူးအားပြန်ပြည့်လာဖို့ အချိန်ယူရအုံးမှာဆိုတော့လေ....မမခက်,မှူးဖေဖေနဲ့မေမေ လိုက်ကြမှာ...
ကျွန်တော်ကတော့ မှူးဆန္ဒအရ ဒီမှာပဲ ကျန်နေခဲ့ရမှာပါ.....
ဒီနေ့ မှူးတို့ သွားရမယ့်နေ့....
" ခွန်းလေး...ငါ့တို့ video ရိုက်ရအောင်ကွာ"
" မင်းကလဲ ဘာလို့လဲ..."
" မင်း အလွမ်းပြေကြည့်ရအောင်လို့လေ..."
" ငါ video call ခေါ်လို့ရတာကို..."
" ငါက social network မသုံးရတဲ့ အချိန်တွေဘာတွေရှိနေနိုင်တယ်လေ....လာပါကွာ..ရိုက်ရအောင်..."
" အဲ့ဒါဆိုလဲ... အရင် videoတွေ ပုံတွေကြည့်မှာပေါ့ကွာ..."
" update လေးနဲ့ လွမ်းစမ်းပါကွာမင်းကလဲ"
မှူးက နောက်သလိုပြောနေပေမယ့် တကယ်တော့ ကျွန်တော်တို့နှစ်ယောက်စလုံး ငိုချင်နေကြတာပါ..ပြောလို့မရတဲ့အဆုံး....video ရိုက်ပေးလိုက်ရသည်....
" ဟိုင်း...ငါ့ရဲ့ခွန်းလေး...ငါ့ကို့လွမ်းတော့လွမ်းပေါ့ကွာ...အများကြီးတော့လွမ်းမနေနဲနော်...
အစားအသောက်လဲ မှန်မှန်စား..ငါပြန်လာလို့ မင်းရဲ့ပါးလေးပိန်နေရင် အပစ်ပေးခံရမယ်..
အရမ်းညနက်တဲ့အထိလဲ အလုပ်တွေလုပ်မနေနဲ့အုံး...မင်းကို အိပ်ရာထဲအတင်းဆွဲခေါ်မယ့် ငါကရှိနေတာမဟုတ်ဘူး...အဲ့တာကြောင့် စောစောအိပ်ပါကလေးလေး.....ညဘက်တွေ ရေအကြာကြီးမချိုးနဲ့..မင်းအအေးပတ်ရင် ဂရုစိုက်မယ့်
ငါမရှိဘူးလေ...ကိုယ့်ကိုကိုယ်ဂရုစိုက်အုံး...
ပြီးတော့ အိပ်ရင်လဲ စောင်သေချာခြုံအိပ်....မင်းကိုဖက်အိပ်မယ့်ငါကအနားမှာရှိတာမဟုတ်ဘူး...ပြီးတော့...ခေါက်ဆွဲပြုတ်တွေအများကြီးစားမနေနဲ့...အဲ့တာတွေက အစာအိမ်အတွက်မကောင်းဘူးကွ...ပြီးတော့...ကားကို ဂရုစိုက်မောင်းနော်....မင်းခန္တာကိုယ်မှာဘာထိခိုက်ဒါဏ်ရာမှ ငါမမြင်ချင်ဘူး....ပြီးတော့...ပြီးတော့...ငါမင်းကို အရမ်းချစ်တယ်ဆိုတာကိုလဲ မမေ့နဲ့နော်...ပြီးတော့...."
သူ့စကားတွေကို ဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့ဘူး..ယောက်ျားတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော် ငိုနေပါပြီ..သူလဲ အသံတွေတုန်တဲ့အထိ ခံစားနေရတာ...
" တော်ပါတော့ မှူးရာ...တော်ပါတော့ကွာ...
မှူး မင်းသိတယ်နော်....ငါအတွက်က....မင်းရှိမှဖြစ်မယ်ဆိုတာ...အဲ့တာကြောင့် မင်းပြန်လာမှဖြစ်မှာ...မင်းပြန်လာမှဖြစ်မှာလို့..."
" ပြန်လာမှာပေါ့ ငါ့ရဲ့နှလုံးသားလေးက ဒီမှာကျန်ခဲ့တာ ငါပြန်လာခဲ့မှာပါ...နော်" တစ်ယောက်
ကိုတစ်ယောက်နှစ်သိမ့်နေမိကြတာ.....
လေဆိပ်ရောက်တော့ ဖျော့တော့နေတဲ့ကျွန်တော့်ကောင်းကင်ကြီးက...
" မင်းကို စိတ်ပူတယ်....ငါစိတ်ဖြောင့်ဖြောင့်နဲ့ဆေးကုနိုင်အောင် မင်းက က်ိုယ့်ကိုကိုယ်ဂရုစိုက်ပြီးနေရမယ်နော်....နေမကောင်းမဖြစ်နဲ့...ငါစိတ်ချမယ်...ငါ့ကလေးလေး...."
" ငါ့ကိုစိတ်ချ...မင်းသာပျောက်အောင်ကုပြီး.
..ကျန်းကျန်းမာမာနဲ့ပြန်လာခဲ့....တကယ်ဆို ငါကလိုက်ချင်တာ.. မင်းက...."
" ခွန်းလေး..လာပါအုံး..ငါ့ကိုခွန်အားတွေပေးပါအုံး..."
ဘေးလူတွေကိုလဲ ဂရုမစိုက်နိုင်တော့ပါ.....
မှူးကို ရင်ခွင်ထဲမှာ ခပ်တင်းတင်းဖက်ထားရင်း..
" ငါက ကတိမတည်တဲ့သူဆို တစ်သက်လုံးမုန်းသွားမှာနော်....မင်းကတိတည်ရမယ်နော်...မှူး"
" ငါ....ပြန်လာမှာပါ..."
စကားတွေပြောနေရင်း...ခဏကြာတော့ မှူးတို့ လေယာဥ်ချိန်နီးလို့ အထဲဝင်သွားကြတယ်...နှစ်ယောက်ကြားမှာခြားထားတဲ့မှန်ချက်ကြီးကို မုန်းလိုက်တာ...ကျွန်တော့်ကို ကြည့်နေရင်းငိုနေတဲ့မှူး...မမခက်လာခေါ်ကာ အပေါ်ထပ်ကို စက်လှေကားနဲ့တက်နေသည့်အချိန်မှာလဲ ကျွန်တော့်ကိုသာလှည့်ကြည့်နေတဲ့မှူး...သူမျက်ဝန်းတွေကအရမ်းဝမ်းနည်းနေသလိုကြီး.... အရာရာအဆင်ပြေဖို့ပဲ ဆုတောင်းနေရတော့တယ်....မှူးတို့လေယာဥ်လေးထွက်သွားတဲ့အချိန်ထိ သူ့ကိုနုတ်ဆက်တဲ့နေရာလေးမှာပဲ ရပ်နေမိတုန်း....
ရင်ထဲမှာလဲ...နေလို့မကောင်း.... လွမ်းလိုက်တာမှူးရာ..ပြီးတော့...စိတ်ပူလိုက်တာ..
မှူးတို့ ရောက်ပြီဆိုတဲ့အကြောင်းကို မမခက်က msg ပို့မှသိရတယ်...မှူးက ခရီးပမ်းပြီးအားနည်းနေလို့ ဆေးရုံရောက်နေတယ်တဲ့......
စိတ်ပူလိုက်တာ အနားမှာရှိမနေတော့ ပိုပြီးစိုးရိမ်နေရပြီ....မမခက်ဆီကိုဖုန်းခေါ်တော့လဲ line out နေတော့ ခေါ်လို့မရ.... msg တွေသာတောက်လျှောက်ပို့နေမိတော့တယ်.....အစားလဲမစားနိုင်အိပ်လဲမအိပ်နိုင်လောက်အောင် မှူးကို စိတ်ပူနေမိတာ....
နောက်နေ့ နေ့လည်လောက်မှ....
" ခွန်းရေ....မှူး သက်သာလာပြီ...ဒါပေမယ့် ဖုန်းပြောဖို့အဆင်မပြေသေးလို့ နောက်မှခေါ်လိုက်မယ်....စိတ်ပူမနေနဲ့... မှူးက မင်းကိုစိတ်မပူစေချင်ဘူး....မမလဲ ဒီမှာ တစ်ယောက်ထဲအလုပ်ရှုပ်နေတာမို့ ဒါပဲနော်...."
သက်သာလာပြီဆိုလို့ အခုမှပဲ စိတ်နည်းနည်းအေးသွားတော့တယ်....ဒါပေမယ့် ခွဲစိတ်တာမပြီးမချင်း ပူပန်နေရအုံးမှာ..အရမ်းလဲသတိတွေရနေပြီ...မှူးရယ်....
တစ်နေ့ပြီးတစ်နေ့အချိန်တွေသာကုန်သွားပြီး ခွဲစိတ်ရမယ့်ရက်သာရောက်လာတယ်.....အခုချိန်ထိ မှူး မျက်နှာလေးမပြောနဲ့ အသံလေးတောင်မကြားရသေး..လွမ်းတိုင်းကြည့်ရလွန်းလို့ ဖုန်းထဲက မှူးရဲ့videoတွေလဲ အလွတ်တောင်ရနေပြီ...ဘယ်လောက်ပဲကြည့်ကြည့် သတိရတဲ့စိတ်က လျော့မသွားပဲတိုးတိုးလာနေတော့ ဘယ်လိုလုပ်ရပါမလဲ...စိတ်ပူရလွန်းလို့ အလုပ်လဲမသွားနိုင်တော့...ခွင့်ယူပြီး အိမ်မှာပဲနေဖြစ်တော့တယ်.. မမခက်ဆီက msg လေး နေ့တိုင်းရောက်နေလို့တော်သေးတယ်..........
ဒီနေ့ မှူးခွဲစိတ်မယ့်နေ့မို့ စိတ်တွေက ဂယောက်ဂယက်..... အောင်မြင်ပါစေ....အောင်မြင်မှာပါ...အဆင်ပြေသွားမှာပါ....တစ်ယောက်တည်း အားပေးရင်း ဆုတောင်းရင်း online ပေါ်က ရောက်လာမယ့် msg လေးကိုသာ ရင်တမမနဲ့ မျှော်နေမိတော့သည်.....
ဒီနေ့မှပဲ အချိန်တွေကနှေးနေသလို......
"တီ..တီ"
msg ဝင်လာတဲ့အသံကြောင့် အမြန်ကြည်မိတော့....
" ခွန်းရေ....ခွဲစိတ်တာပြီးသွားပြီ....အချိန်တော့ နည်းနည်းပိုကြာသွားတယ်....အကြိတ်ကိုတော့ ထုတ်လိုက်နိုင်ပြီလို့ပြောတယ်....မင်း စိတ်ပူနေမှာစိုးလို့...လှမ်းပြောတာ...မမခက်သေချာမေးပြီးမှထပ်ပြောပြမယ်....စစ်ကတော့ မေ့ဆေးမပျယ်သေးလို့ သတိမရသေးဘူး....ဒါပဲနော်"
မမခက်ရဲ့ msg လေး ဖတ်ပြီးသွားချိန်မှာ...ရင်ထဲက လေးလံလွန်းတဲ့အလုံးကြီးပြုတ်ကျသွားသလို....ပျော်လွန်းလို့ မျက်ရည်တွေတောင်ကျလို့....
"အား....ပြီးသွားပြီ..မှူး...မင်းသတိပြန်ရလာရင် အားလုံးပြီးပြီ...ပျော်လိုက်တာ...မှူး...မင်းမြန်မြန် သတိရလာတော့...ငါ ပြေးသာလိုက်ချင်တယ် မှူးရာ...."
" ကျေးဇူးအရမ်းတင်ပါတယ်...မမခက်ရယ်...
ကျွန်တော်တို့အတွက် မမခက်က တကယ်ကို ကျေးဇူးရှင်ပါဗျာ..."
" ငါတို့တွေ......နောက်ဆုံးတော့ ဖြတ်ကျော်နိုင်ခဲ့ပြီမှူး....မင်းလုပ်နိုင်ခဲ့ပြီ...."
အခုမှပဲ ဗိုက်ဆာတာကို သတိထားမိတော့တယ်....အလွယ်ခေါက်ဆွဲပြုတ်စားပြီး.....
ဒီရက်ထဲ ရက်ဆက်မအိပ်ထားတော့...အခု စိတ်ကိုလဲလျော့ချလိုက်ရော...အိပ်ချင်လာပြီလေ.
........
မှူးကလဲ မနက်လောက်မှ သတိရမှာပါ...ငါအခုတော့ မျက်လုံးကိုအနားပေးသင့်နေပြီ....အိပ်လိုက်ပါအုံးမယ်.....
အပူအပင်ကင်းသွားလို့ ထင်တယ်..မနက်လင်းတဲ့အထိတစ်ရေးပင်....
msg ဝင်ထားလားစစ်ကြည့်တော့ မဝင်သေး...
* မှူးက ဒီအချိန်လောက်ဆိုရင်တော့သတိရလောက်ပါပြီ... အင်းလေ....မမခက်လဲ တစ်ယောက်တည်း အလုပ်တွေရှုပ်နေမှာပေါ့....အန်တီနဲဦးက ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...*
မှူး acc လေးများ active ဖြစ်နေမလားကြည့်မိတော့လဲ.....12days ago..တဲ့...
ဒီနေ့တော့ ရုံးတတ်မှဖြစ်တော့မှာမို့....ရုံးကိုထွက်လာလိုက်သည်......
ညနေရောက်တဲ့အထိ မမခက်ဆီက ဘာမှ ပို့မလာတော့ စိတ်နည်းနည်းပူလာမိတယ်....
msg တွေ တောက်လျှောက်ပို့ကာ မေးနေမိပေမယ့်....မမခက် acc ကလဲ offline ဖြစ်နေတာလေ.....
တစ်ညလုံးလဲ မအိပ်နိုင်......
အခု့နေ့လည်တောင်ရောက်နေပြီ.....မှူးရေ...ငါရင်တွေပူလှပြီကွာ.....
"တီ....တီ.."
မမခက်ရဲ့ ............voice msg.......
" ခွန်းရေ..ဒီလိုစကားမျိုး မင်းကိုပြောဖို့မဖြစ်လာပါစေနဲ့လို့ဆုတောင်းမိပေမယ့် မမခက်ဆုတောင်းမပြည့်ခဲ့ဘူး...........စစ် အခုထိသတိမရလာသေးဘူး...ဆရာဝန်ကြီးက....coma ဝင်သွားတာလို့ ပြောတယ်ခွန်း....ခွဲစိတ်တာခတ်ခဲခဲ့လို့အချိန်ပိုကြာသွားတာရော.....အကြိတ်ရဲ့ကြီးထွားနှုန်းကြောင့်ရော.. နောက်ဆက်တွဲဆိုးကျိုးဖြစ်တာလို့ပြောတယ်.....သတိရလာမယ်အချိန်ထိ စောင့်ကြည့်နေဖို့ကလွဲပြီး....ဘာမှလုပ်လို့မရဘူးတဲ့...ခွန်းရယ်...မမခက်...မမခက်...စိတ်မကောင်းပါဘူး....ဒီလိုမျိုးတွေဖြစ်လာနိုင်တာသိပေမယ့်....တကယ်ဖြစ်လာတော့ လက်မနိုင်ဘူး..
အခု အန်တီနဲ့ဦးလဲ စိတ်အရမ်းထိခိုက်ပြီး နေမကောင်းဖြစ်နေကြပြီ...ခွန်းကိုလဲ မမခက် စိတ်ပူတယ်.....အားတင်းထားပါလို့ပဲ မမပြောနိုင်တော့တယ်....စစ်က မင်းကိုအရမ်းချစ်တာ...သူသတိပြန်ရလာမှာပါ...အရမ်းပင်ပန်းသွားလို့ သူအနားယူနေတာပါ...နော်..ခွန်း...အရမ်းစိတ်ဓာတ်ကျမသွားပါနဲ့...ငါ့မောင်ရယ်....နော်"
" မဟုတ်ဘူး...မဟုတ်ဘူး....မှူး....မနောက်ပါနဲ့မှူးရာ....ငါ့ကို အဲ့လို့မနောက်ပါနဲ့ကွာ....မမခက်..ညာနေတာ...မှူးက....မှူးက..ဘာလို့ အဲ့လိုဖြစ်ရမှာလဲ..
မှူး....မှူးရေ....ငါ..ငါရင်တွေကွဲပါပြီကွာ...ငါမယုံဘူး....ငါ...ကိုယ်တိုင်မြင်ရမှ....ကိုယ်တိုင်မြင်ရမှ...အီး...ဟီး..ဟီး...."
အခုဖြစ်နေတာတွေကို ယုံလိုက်ဖို့မဖြစ်နိုင်တာမို့..အရူးတစ်ယောက်လို အော်ဟစ်ပြီး ငိုနေမိတယ်....
မှူးပြောခဲ့တဲ့ စကားတွေကိုလဲ ပြန်ကြားနေမိတယ်....
" မင်းအနားမှာ...အကြာကြီးရှိနေချင်လို့....ငါ့အချိန်တွေကို မင်းနဲ့ပဲအတူကုန်ချင်လို့....ငါ့မခွဲစိတ်ချင်ဘူး......"
" မင်းအနားမှာ နေရမယ့်အချိန်နည်းသွားမှာ...ငါမသွားချင်ဘူး ခွန်းလေး"
* မှူးရာ...ငါ ဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲကွာ....ငါ့ရဲ့ကောင်းကင်ကြီး....ပြိုကျသွားပြီလား....*
" တူ....တူ...တူ"
" တူ...တူ...တူ"
" ဟယ်လို....မမခက်..."
" ခွန်း"
" အမှန်မဟုတ်ဘူးမှတ်လား....မမခက် ညာနေတာမှတ်လား"
"ခွန်း...စိတ်ကိုထိန်းလေ....ဒီလိုမျိုးတွေဖြစ်လာနိုင်တယ်ဆိုတာ...ခွန်း အစကတည်းက သိပြီသားလေ...မမခက်တို့...ဒါကိုလက်ခံရမှာပဲ.."
" ဒါပေမယ့်...ခွဲစိတ်တာ အောင်မြင်ခဲ့တာပဲလေ.."
" အောင်မြင်တယ်ဆိုတာက...အကြိတ်ကိုထုတ်လိုက်နိုင်တာ...ဒါပေမယ့်...အဲ့အကြိတ်ရဲ့နောက်ဆက်တွဲဆိုးကျိုးကိုတော့ မမခက်တို့မကျော်လွှားနိုင်ခဲ့ဘူးခွန်း.......အခု မမခက် ပြောချင်တာက စစ်ကို မမခက်တို့ ဘန်ကောက်ကို သယ်လာမှာ...အဲ့ကဆေးရုံမှာ...ထားပြီးစောင့်ကြည့်ရမယ်....စစ်အတွက် အခုချိန်မှာ မင်းလုပ်ပေးနိုင်တာက စောင့်နေဖို့ပဲ....မမခက် အလုပ်အရမ်းရှုပ်နေလို့....msg တွေ ထပ်ပို့မနေနဲ့ ပြီးတော့...မင်းဘာလုပ်သင့်လဲ သေချာစဥ်းစားပါ ခွန်း....စိတ်မကောင်းဖြစ်ရပေမယ့်....လုပ်သင့်တာကို လုပ်ရမှာပဲလေ...."
အဲ့နောက်ပိုင်း မှူး ကိုဘန်ကောက်ပြန်မခေါ်လာခင် ရက်အတွင်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်တည်ငြိမ်လာအောင် ကြိုးစားနိုင်ခဲ့တယ်.....
ခံစားခဲ့ရတာတော့ အလဲလဲအကွဲကွဲပါပဲ....ဒီရက်တွေမှာ.....စိတ်ဓာတ်တွေ အောက်ဆုံးအထိထိုးကျနေခဲ့တာ....ဒါပေမယ့် ....မှူးတစ်နေ့ပြန်လာမှာဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ ကျွန်တော်ကြိုးစားရပ်တည်ခဲ့တယ်.......
ဒီနေ့ မှူးရှိရာ ဘန်ကောက်ကဆေးရုံကို ကျွန်တော် လိုက်သွားဖြစ်တယ်.....
ဆေးရုံးထဲရောက်တော့...မှူးဖေဖေနဲ့မေမေကို အရင်ဆုံးတွေ့ရသည်...
"အန်တီ...ဦး..."
" ခွန်း"
" ခွန်း.....အန်တီတို့ ဘယ်လိုလုပ်ကြမလဲ...သားလေးကို မြန်မြန်သတိရလာအောင် ဘယ်သူမှ လုပ်မပေးနိုင်ကြဘူးတဲ့".
" မငိုပါနဲ့ အန်တီရယ်...မှူးက...မှူးက ခဏ အနားယူနေတာပါ...သူအရမ်းပင်ပန်းခဲ့လို့ သူအနားယူနေတာပါ....မှူးက ကျွန်တော်ဆီကို ပြန်လာမှာ...ကျွန်တော်တို့က သူ့ကို ယုံပြီးစောင့်နေကြမယ်နော်..."
" ဟုတ်သားပဲ...မိန်းမရာ....ကိုယ်တို့သားက ပြန်သတိရလာမှာပါ...."
" မှူးကအခု ဘယ်မှာလဲ ဦး..."
" check up လုပ်နေတယ် ဆူးခက် စောင့်နေတယ်...3လွှာမှာ....ခွန်း လိုက်သွားချင်လိုက်သွားလေ..."
" ဟုတ်ကဲ့...ကျွန်တော်လိုက်သွားလိုက်အုံးမယ်..."
"မမခက်"
" ခွန်း...ရောက်လာပြီလား..."
" ဟုတ်ကဲ့...မှူးရော.."
" အထဲမှာ....ခဏနေပြီးတော့မှာ.."
" ခွန်း...အဆင်ပြေသွားပြီလား...."
" ဟုတ်ကဲ့....ကျွန်တော်ကြိုးစားနေပါတယ်..."
"အန်တီနဲ့ဦးကိုလဲ နောက်ပိုင်းမင်းပဲဂရုစိုက်ရတော့မှာ...."
" ကျွန်တော်သိပါတယ်....မမခက်...ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ...မှူး သတိပြန်ရလာတဲ့အချိန်အထိ ကျွန်တော် မှူးအစား သူတို့ကို စောင့်ရှောက်မှာပါ...."
" တွေ့ပြီးခဲ့ပြီလား...."
" ဟုတ်ကဲ့...."
" စစ်...ခွဲခန်းမဝင်ခင် မမခက်ကို ပြောသွားတဲ့စကားတွေရှိတယ်...သူ့မိဘတွေက အနားမှာရှိနေတာမို့ သူပြောချင်တာတွေပြောခွင့်ရပေမယ့်....
မင်းကိုတော့ သူ့အနားမှာရှိမနေလို့ မမခက်ကတဆင့်ပြန်ပြောစေချင်ခဲ့တာ....မမခက် record လုပ်ထားတယ်...ရော့...."
မမခက်ပေးတဲ့ ဖုန်းထဲက record ဖိုင်လေးကို ဖွင့်လိုက်တော့ အချိန်အကြာကြီးလွမ်းနေခဲ့ရတဲ့ ကျွန်တော့်ကောင်းကင်ကြီးရဲ့ အသံလေး......
" သူ့ကိုပြောပေးပါ..."
"ဘာလို့...အခုလို စကားတွေပြောနေရတာလဲ စစ်ရာ..."
" တစ်ခုခုသာလွဲချော်သွားခဲ့ရင် ...သူ့ကိုပြောချင်တဲ့စကားတွေ ပြောခွင့်မရတော့မှာစိုးတယ်..အဲ့တာကြောင့်ပါ"
" အင်းပါ....စစ်ရယ်.."
" သူ့ကို ပြိုလဲမသွားစေချင်ဘူး....ကျွန်တော်မရှိလဲ ရပ်တည်နိုင်အောင်ကြိုးစားပါလို့...ပြီးတော့ မေမေနဲ့ဖေဖေ့ကိုလဲ စောင့်ရှောက်ပေးပါလို့....ကျွန်တော့်ကိုလဲ အချိန်အကြာကြီး သတိရနေတာမျိုး မဖြစ်စေချင်ဘူး....အချိန်တစ်ခုရောက်ရင်...မေ့ပစ်ပြီးဘဝအသစ်,စစေချင်တယ်...... သူ့ကိုကျွန်တော် လွတ်လပ်ခွင့်ပေးပါတယ်လို့.....ပြီးတော့ စိတ်မကောင်းပါဘူး...အားနာပါတယ်လို့ပြောပေးပါ မမခက်ရယ်"
" အင်းပါ...မမခက် မှတ်ထားပါ့မယ်...ဒီစကားတွေက လိုအပ်မယ်မထင်ပါဘူး...အဆင်ပြေသွားမှာပါ..."
" အဲ့လိုဖြစ်လာရင် အကောင်းဆုံးပေါ့ မမခက်ရယ်"
.....................
"မှူးရယ်....ဘာလို့များ...ငါ့အတွက်အမြဲတွေးပေးနေရတာလဲ...."
" မင်းတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့မေတ္တာတရားကို မမခက် လေးစားတယ်....မင်းတို့အချစ်တွေမှန်ရင် ပြန်ဆုံကြရမှာပါ....".
" ကျွန်တော်လဲ အဲ့လိုပဲ ယုံကြည်ထားတယ်...သူပြန်လာမှာပါ...."
.........
မှူးကို အခန်းထဲပြန်သယ်လာပြီးတော့...ဆရာဝန်တွေက လိုအပ်တဲ့စက်တွေ လာတပ်သွားကြတယ်....
အိပ်မောကျနေတဲ့ သူတစ်ယောက်လို....မှူးမျက်နှာလေးက အပစ်ကင်းလိုက်တာ.....
မှူး အနားမှာထိုင်ရင်း.....
" မှူး...မင်း ဝအောင်အနားယူပြီးရင်...နိုးလာတော့နော်....ငါက အပျင်းကြီးတဲ့သူတွေဆို ကြည့်မရတာ မင်းသိရက်နဲ့.....ပြီးတော့ မင်းကိုငါ့ကမေပစ်ဖို့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး....မင်းမပါတဲ့ ဘဝအသစ်မှာကော ငါကပျော်နေနိုင်မယ်လို့မင်းထင်နေတာလား.....မှူး ဒီတစ်ခုတော့ မင်းကိုငါ အပစ်တင်မယ်...မင်း ငါ့အချစ်တွေကို အထင်သေးလို့.......မင်းကိုပဲ စောင့်နေတာမို့ မြန်မြန်နိုးလာတော့...ငါရဲ့ကောင်းကင်ကြီး...."
ကျွန်တော်အများကြီးပြောင်းလဲပစ်ခဲ့ရတယ်......
မှူးမိဘတွေကို စောင့်ရှောက်ရင်း....ဝါသနာပါတဲ့ programmer အလုပ်ကို ထွက်လိုက်တယ်....
..Tradingပိုင်းကိုလေ့လာပြီး...မှူးမိဘတွေ ကုမ္ပဏီမှာ တတ်နိုင်တဲ့ဘက်က ဝင်ကူညီပေးခဲ့တယ်....
အန်တီနဲ့ဦးကတော့ စီးပွားရေးဘက်ကို သိပ်ဝင်မပါတော့ပဲ....မှူး အနားမှာနေဖို့နဲ့....တရားဘာဝနာအားထုတ်ဖို့ကိုပဲ ပိုပြီး အချိန်ပေးနေကြတော့တာမို့.....အလုပ်တာဝန်တော်တော်များများကို ကျွန်တော်ကပဲတာဝန်ယူပေးနေရတော့တာ......
အခုဆို အရာအားလုံးက ပုံမှန်နီးပါးအခြေတကျဖြစ်နေပြီလေ....မှူး အနားမှာရှိမနေလို့ လွမ်းနေရတာကလွဲရင်ပေါ့.........တစ်ခါတစ်လေ အလုပ်မှာ
stress တွေ အရမ်းများလာတဲ့အခါမျိုးဆို...မှူးဆီကိုသွား...ရင်ဖွင့်ရင်း...အားရအောင်ငိုပစ်လိုက်တယ်.....အခုချိန်မှာ စိတ်ရောလူရော အရမ်းပင်ပန်းနေပေမယ့်.....မှူးကြောင့်ပဲ ကျွန်တော် ဖြတ်ကျော်နိုင်နေတာပါ.....
ကျွန်တော်တို့နှစ်ယောက်ရဲ့ လေးနှစ်ပြည့် anni တုန်းကလဲ မှူးအနားမှာ တစ်နေလုံးတစ်ညလုံးနေပြီး အချိန်ဖြုန်းခဲ့တယ်.....အခုလဲ ငါးနှစ်ပြည့် anniလေးက နီးလာပြန်ပြီ...ကျွန်တော့်ရဲ့ ကောင်းကင်ကြီးကတော့....အခုထိ အနားယူလို့မဝသေးဘူးထင်ပါရဲ့....................ဘယ်အချိန်မှ သတိပြန်ရလာမယ်မသိပေမယ့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေကတော့ အခုထိ ခိုင်မာနေဆဲပါပဲ......
"တူ.....တူ....
....တူ.....တူ"
ဝင်လာတဲ့ ဖုန်းကိုကြည့်လိုက်တော့....မှူး ဖေဖေ
ဆီက.....
"ဟယ်လို....ဦး...."
" ခွန်းရေ....သား...ညနေရုံးပြန်ရင် အိမ်ကိုလာခဲ့ပါအုံးကွယ်...."
" ဟုတ်ကဲ..ဦး...."
" ညစာ အပြင်ကစားမလာနဲ့နော်...မင်းအန်တီက ညစာအတွက်ပြင်ပြီးနေပြီ.....ဆူးခက်ကိုလဲ....ဦး...ခေါ်ထားတယ်..."
" ဟုတ်ကဲ့..ဦး..ကျွန်တော် စောစောလာခဲ့ပါ့မယ်.."
" အေး...အေး....ဒါပဲနော်....သား"
မှူး နဲ့ပတ်သက်ပြီး တစ်ခုခုပြောချင်လို့ဖြစ်မယ်..
မမခက်ကိုပါ ခေါ်ထားတယ်ဆိုတော့.....
ဒီကိုများ...ပြန်ခေါ်ချင်လို့လား...
ဘာမှန်းမသိပေမယ့်...မှူးကိစ္စဆိုတာ သေချာနေတာမို့... သိချင်ဇောကများနေမိတယ်....
"သား...ခွန်း...ရောက်လာပြီပဲ...လာ....ဆူးခက်တောင် အခုလေးတင်ရောက်တာ..."
" ဟုတ်ကဲ့....အန်တီ...."
" ခွန်း....အဆင်ပြေရဲ့လား...".
" ဟုတ်ကဲ့....မမခက် "
" ကဲ... စကားပြောကြအုံး......ခဏနေမှ ထမင်းစားကြတာပေါ့"
" ဟုတ်ကဲ့...အန်တီ.."
အလုပ်ကိစ္စ မမခက်ရဲ့ ဆေးရုံကိစ္စတွေ ပြောဖြစ်ကြတယ်.....ပြီးတော့ ညစာစားကြတယ်.....
ညစာစားပြီးလို့....ဧည့်ခန်းမှာ ပြန်ထိုင်ပြီးစကားပြောတော့မှ ဦးက စကားစလာတယ်.....
" ဦး..မင်းတို့နှစ်ယောက်စလုံးကို ခေါ်တယ်ဆိုမှတော့...သားကိစ္စဆိုတာ မင်းတို့လဲ ခန့်မှန်းမိမှာပါ..."
" ဟုတ်ကဲ့...."
" အခုပြောမယ့်ကိစ္စကို...ဦးနဲ့မင်းတို့အန်တီနဲ့ အကြာကြီး စဥ်းစားပြီးဆုံးဖြတ်ခဲ့ကြရတာ...."
" ပြောချင်တာက.....ဦးတို့.....သားလေးကို...သွားခွင့်ပြုလိုက်ချင်ပြီ...".
"ဗျာ"..." ရှင်".
" ဟုတ်တယ်....သားလေး အခုလိုကြီးနဲ့ နှစ်နှစ်ပြည့်တော့မယ်....သူ့ကို...စောင့်နေခဲ့တဲ့ အချိန် လုံ့လောက်ပြီ...လက်လွှတ်သင့်ပြီလို့ ထင်တယ်....ဒီလို ဆုံးဖြတ်ရတာ...ဦးတို့အတွက်လဲ အရမ်းခတ်ခဲပါတယ်....ဒါပေမယ့်...ဒီနှစ်တွေမှာ ရလာတဲ့တရားတွေကြောင့် ဦးတို့ ဖြေနိုင်နေပါပြီ....အဓိကပြောချင်တာက သား.... ခွန်း...မင်းကိုပဲ....မင်းကို အခုလိုကြီးမနေစေချင်တော့ဘူး...
အခုဆို မင်းအသက်လဲ 25 ကျော်ပြီ....မင်းဘဝသစ် တစ်ခုမှာ ပျော်နေသင့်ပြီ...သားကလဲ မင်းကို အဲ့လိုပဲဖြစ်စေချင်မှာ.."
" ခဏလေးပါ...ဦး...ကျွန်တော်...နည်းနည်းလောက်ပြောပါရစေ...."
" ပြောပါ...ခွန်း..."
" မှူးရဲ့နှလုံးက ခုန်နေတုန်းပါဗျာ....မှူးအသက်ရှင်နေတုန်းပါ....ကျွန်တော်ကတော့ လက်မလွှတ်နိုင်ဘူး....အန်တီတို့ဦးတို့က မိဘတွေမို့ ဒီကိစ္စနဲ့ဆိုင်တဲ့သူတွေဆိုပေမယ့် ပြောကြကြေးဆို....ကျွန်တော်က ကျွန်တော်က ပိုင်တဲ့သူပါ...ကျွန်တော့်စကားရိုင်းသွားရင် တောင်းပန်ပါတယ်....ဒါပေမယ့် ပြန်စဥ်းစားပေးကြပါ...ဒီလိုကြီးတော့ မဆုံးဖြတ်ကြပါနဲ့ဗျာ...."
" ခွန်း...စိတ်အေးအေးထားပါခွန်းရယ်...ဦးတို့လဲ တော်ရုံနဲ့ဒီလိုဆုံးဖြတ်နိုင်ပါ့မလား....သားအရင်းကိုလေ...ခွန်း ခံစားချက်ကိုလဲ မမခက် နားလည်တယ်....နော်...စိတ်ထိန်းအုံးး"
" ကျွန်တော် ဒီနှစ်တွေမှာ အများကြီးကြိုးစားခဲ့တာ...မှူးကြောင့်ပါ...သူ ပြန်သတိရလာမယ့်အချိန်ကိုတွေးပြီး အားမွေးရင်း ရှေ့ဆက်နေရတာပါ..."
" သားရယ်....အန်တီတို့သိပါတယ်ကွယ်...မင်း သားလေးအပေါ်မှာထားတဲ့ မေတ္တာတရားကို အန်တီတို့မြင်ပါတယ် ကလေးရယ်....
သားလေးကလေ...အန်တီတို့ကြောင့်များ သူ့သွားရမယ့် နောက်ဘဝကို မသွားနိုင်ပဲ ဖြစ်နေမှာကို စိုးရိမ်နေလို့ပါ...သူ့ကိုဆွဲထားမိလို့ အခုလိုကြီး ဖြစ်နေတာများလားလို့...တွေးမိသွားလို့ပါ...သူ့ကိုလဲ နောက်ဘဝသစ်မှာ ပျော်ရွှင်သေချင်လို့ပါ...အရမ်းခံစားခဲ့ရတာပါ...အခုလိုဆုံးဖြတ်ဖို့...တကယ်ကို ခံစားခဲ့ရတာပါ..."
ရှိုက်သံ....ငိုသံကလွဲပြီး...ဘာအသံမှ ထပ်မကြားရတော့......
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ.....
" ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး..ခုနက စကားမှားသွားရင် ကျွန်တော်...တောင်းပန်ပါတယ်...
မှူးကိစ္စကို ဦးတို့အဆင်ပြေသလို ဆုံးဖြတ်ကြပါ..ကျွန်တော်...ဘာမှ မပြောတော့ပါဘူး...."
အိမ်ကို ဘယ်လိုပြန်ရောက်လို့ရောက်လာမှန်းမသိ....
ဒီရက်တွေမှာ အရမ်းကို ပင်ပန်းနေခဲ့တာ.....
မှူးအကြောင်းစဥ်းစားပြီး လွမ်းနေရရင် သက်သာသွားသလို.....အလွမ်းသီချင်းတွေနားထောင်ပြီး မှူးမျက်နှာလေး...မှူး အသံလေး ပြန်ကြားယောင်နေရတာကပဲ....ပြည့်စုံနေသလို....ဘာလို့ဆို မှူးက အချိန်တန်ရင် ပြန်လာမှာသိနေလို့လေ.....
အခုတော့....အခုတော့....လက်လွှတ်ရမယ်တဲ့....
ငါ့အသက်ကိုသာ ယူသွားလိုက်ကြပါတော့.....
နောက်တစ်နေ့ အလုပ်မသွားပဲ အိမ်မှာတစ်နေ့လုံးနေပြီး ခေါင်းမီးတောက်အောင် စဥ်းစားနေမိတာက....မှူး သတိပြန်ရလာအောင်...ဘယ်လိုလုပ်ရမလဲဆိုတာပဲ....
ညနေစောင်းလာတော့ ကျွန်တော်တို့နှစ်ယောက်ထိုင်နေကျ cafe' ဆိုင်လေးကို သွားထိုင်မိတော့....
ဆိုင်ထဲမှာ ဖွင့်နေတဲ့ သီချင်းလေးက ကျွန်တော့်ကိုရည်ရွယ်နေသလို တိုက်ဆိုင်လွန်းလို့ မျက်ရည်ကျမိတဲ့အထိ....
သီချင်းလေးဆုံးသွားတော့ ဆိုင်ရှင်ကို ထပ်ဖွင့်ပေးဖို့ပြောမိတဲ့အထိ.....ကျွန်တော်ကလေ...မှူးနဲ့ပတ်သက်လာရင် လွမ်းရမျက်ရည်ကျရတာကိုတောင် မက်မောနေမိတဲ့အဖြစ်....ဒါကလဲ သူကျွန်တော်ဆီုပြန်လာမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုက ခိုင်မြဲနေခဲ့လို့လေ......
ဘယ်လိုမှ မခံစားနိုင်တဲ့အဆုံး နောက်တစ်နေ့ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချပြီးမှူးဆီကို ကျွန်တော် ထွက်လာခဲ့သည်......
မှူးဆီရောက်တော့....စောင့်ပေးနေတဲ့ နာစ်လေးကို ပြန်ခိုင်းလိုက်တယ်........ အရက်တွေ မူးအောင်သောက်ပစ်လိုက်ပြီးတော့...မှူးကို ပြောချင်နေတဲ့ မြိုသိပ်ထားတဲ့ စကားတွေ အကုန်ပြောပစ်လိုက်တယ်.....
ဒါနောက်ဆုံးအကြိမ်ပါပဲ.....
" မှူး.....မင်းသိပ်နေနိုင်တယ်ကွာ....မင်းလဲငါ့ကို ရက်စက်တယ်.....မင်း မိဘတွေလဲ ရက်စက်ကြတယ်....ဘာတဲ့ မင်းကို လက်လွှတ်လိုက်တော့မယ်တဲ့...ငါ့ဘက်ကို မတွေးကြဘူး....မင်းတို့ ငါ့ဘက်ကို မတွေးပေးကြဘူး....မှူး....မင်းက ငါ့ကိုထားခဲ့ချင်ပြီလား....ဟုတ်လား.....မင်းပြော...မင်း ထပြီးပြောလို့.... အဲ့လိုကြီး...ဘယ်အချိန်ထိ နေနေမှာလဲ....ငါ...ငါအရမ်းပင်ပန်းနေပြီ....ငါ မင်းကို အရမ်းလွမ်းနေပြီး....ငါ့ဖုန်းထဲက မင်းပုံတွေ video တွေလဲ ငါအကုန်အလွတ်ရနေပြီ.
...မင်း...သိလား...မင်းမရှိပဲ ငါရှင်သန်နိုင်မယ်မထင်ဘူး.....မင်းမရှိတဲ့ ဘဝအသစ်မှာလဲ....ငါပျော်နိုင်မှာ.....မဟုတ်ဘူး....မှူး.....ငါ...ငါစောင့်နေတယ်လေ....မင်းသာပြန်လာမယ်ဆို....အလွမ်းဆိုတာကြီးကို ငါကျေကျေနပ်နပ်ကြီးခံယူမှာ...
အခုတော့....မင်းကို ဆက်မဆွဲထားပါနဲ့တော့တဲ့...
အဲ့လိုဆွဲထားမိလို့ မင်းနောက်ဘဝကိုမသွားနိုင်ဖြစ်နေတာတဲ့.....ဟုတ်လား...မှူး...မင်းကတကယ်ပဲဘဝသစ်ကို သွားချင်နေတာလား....
မင်းသွားချင်နေတာဆို....ငါက...ငါက...ခွင့်ပြုပေးမှာပါ...မင်းတစ်ယောက်တည်းတော့မဟုတ်ဘူး....မှူး....ငါပါလိုက်ခဲ့မှာ....မင်းကို နောက်ဘဝအထိ ငါကလိုက်ပြီးတွယ်ကပ်နေအုံးမှာ....မင်း..တကယ်ပဲ သတိမရလာတော့ဘူးဆိုရင် ငါ့ကိုယ်ငါသတ်သေပြီး မင်းနောက်ကိုလိုက်ခဲ့တော့မယ်.....ငါတို့အတူတူသွားကြမယ်...
နော်....မှူး...ငါတို့နှစ်ယောက်ကြားက ချစ်ခြင်းက မင်းကိုဆွဲမခေါ်နိုင်ဘူးဆိုမှတော့ မင်းရှိတဲ့နေရာကို ငါကလိုက်လာရတော့မှာပေါ့.........
ငါ...ငါကြိုသွားနှင့်ပြီး မင်းကိုစောင့်နေမယ်နော်..
မွ...မွ..မွ....ငါ့ရဲ့ကောင်းကင်ကြီး....ဒီဘဝအတွက် နုတ်ဆက်တယ်နော်....နောင်ဘဝမှာ ငါတို့ဆုံကြမယ်......."
ပြောရင်း...ဓါးနဲ့ လက်ကောက်ဝတ်ကို လှီးလိုက်တယ်.....ပြီးတော့ ကျွန်တော်ကြားလိုက်ရတာက
မှူးကိုယ်မှာတပ်ထားတဲ့ စက်တွေမြည်လာပြီး အခန်းထဲက အရေးပေါ် alarm မြည်သံကိုပါပဲ...
ပြီးတော့ ဝေဝါးလာတဲ့ အမြင်အာရုံထဲမှာ....မှူးရဲ့လက်ကလေး လှုပ်သွားတာကို ကျွန်တော်မြင်လိုက်တယ်....အဲ့နောက်တော့ ကျွန်တော်ကမ္ဘာကြီး အမှောင်ကျသွားတော့တယ်.....
" အရမ်းကိုသာယာတဲ့နေရာလေးတစ်ခုမှာ ကျွန်တော်ရောက်နေတာ....ဒီနေရာလေးမှာ..ရေတံခွန်လေးလဲရှိတယ်...ငှက်ကလေးတွေလဲရှိတယ်...ပြီးတော့ ရောင်စုံသက်တန့်ကြီးကလဲ ကောင်းကင်မှာထင်းလို့....ကျွန်တော် ဒီနေရာလေးမှာ အရမ်းပျော်နေတာ....ရုတ်တရက် ကျွန်တော့်စိတ်ထဲ ဝမ်းနည်းလာလို့ ဘေးဘက်ကိုကြည့်လိုက်တော့....သူ....ကျွန်တော်...သိနေသလိုပဲ....သူငိုနေတယ်....သူ့နာမည်တစ်ခုကို ဆက်တိုက်ခေါ်ပြီးငိုနေတာ....မှူး....မှူး...တဲ့....
မှူး..က....မှူးက ငါပဲ...ဒါဆို သူက ဘယ်သူလဲ...
ငါသူ့ကို....ရင်းနှီးနေသလိုပဲ....သူ...သူ.....ငါ့ရဲ့ကလေးလေး....ငါ့ရဲ့ခွန်းလေး...ခွန်းလေး....မင်းဘာလို့ငိုနေတာလဲ....ငါမေးနေတယ်လေ....ခွန်းလေး....ငါဘာလုပ်မိလို့လဲ....ငါ...တောင်းပန်ပါတယ်ခွန်းလေးရယ်...မင်းမငိုပါနဲ့....မင်းဘာတွေပြောနေတာလဲ.....ဘာလို့နုတ်ဆက်နေတာလဲ...
ဘာလို့နောက်ဘဝလဲ....မလုပ်ပါနဲ့...မလုပ်ပါနဲ့ခွန်းရယ်.... အား....ခွန်း...ခွန်းရေ....သွေး...သွေးတွေ...လုပ်ကြပါအုံး.....ဘယ်သူမှမရှိကြဘူးလား....ခွန်းရေ...ခွန်း.........."
ပထမဦးဆုံး ခံစားမိတာက မျက်ခွံပေါ်ကျနေတဲ့ အလင်းစူးစူး...ပြီးတော့...ဆေးနံ့တွေ...လည်ချောင်းထဲက ခြောက်ကပ်ကပ်ခံစားမှု....နားထဲမှာကြားနေရတဲ့ ခပ်သဲ့သဲ့စကားသံတွေ....
မျက်လုံးက အားယူပြီးဖွင့်ကြည့်ကာ....လက်တွေကို လှုပ်ကြည့်လိုက်တော့....
" ဟော....သတိရလာပြီ...သူတကယ်သတိပြန်ရလာပြီ..."ကိုယ်မရင်းနှီးတဲ့ ဘာသာစကားတစ်ခု
" သား...သားလေး....မင်းတကယ် သတိရလာပြီပေါ့....အဟင့်....ဟင့်...ကျေးဇူးတင်ပါတယ်သားရယ်....မေမေတို့ဆီကို ပြန်လာပေးလို့...."
" ဖေဖေ့သားလေးရယ်..."
" စစ်...မင်း မမခက်တို့ကို မှတ်မိတယ်မှတ်လား..."
ကျွန်တော် ခေါင်းငြိမ်ပြလိုက်သည်....
"လူနာကို ကျွန်တော်တို့ စစ်ဆေးဖို့ ခဏနေရင် ခေါ်သွားရပါမယ်...သူစိတ်ရှုပ်ထွေးစေမယ့် စကားတွေမပြောမိပါစေနဲ့..."
" ဟုတ်ကဲ့....ဒေါက်တာ..."
Check up လုပ်ပြီးသွားချိန်....ကျွန်တော်လဲ...နေလို့အဆင်ပြေလာပါပြီ.....
အခန်းထဲပန်ရောက်လာတော့ ကျွန်တော်ပထမဆုံးရှာမိတာ...ခွန်းလေး.....
"မေမေ ခွန်းလေးရော....."
မျက်နှာပျက်သွားတာမို့.....
" ခွန်းလေး.....ဘာဖြစ်လို့လဲ.."
" စစ်....ခွန်းလေးက မြန်မာပြည်မှာပဲ ရှိသေးတယ်......."
" ဟုတ်လို့လား....မမခက်ရယ်....ကျွန်တော်သတိရလာတာ သိရက်နဲ့ သူမလာတာဟုတ်ရဲ့လား.....ကျွန်တော့်ကို တစ်ခုခုများ လိမ်ထားကြတာလား...."
" ခွန်းက အရင်တုန်းကလို မဟုတ်တော့ဘူး စစ်ရဲ့....မင်းရဲ့ကုမ္ပဏီကို သူပဲဦးဆောင်နေရတာ အလုပ်အရမ်းရှုပ်နေတာ...ပြီးတော့ မင်းသတိရတာကိုလဲ မမခက် စောစောကမှ လှမ်းပြောထားတာ...."
" တကယ်ပါနော်....မမခက်"
" တကယ်ပေါ့ကွ..."
" ဒါဆို ကျွန်တော်မြင်ခဲ့တာက အိပ်မက်လား...."
" မင်းက ဘာမြင်ခဲ့လို့လဲ"
" ခွန်းလေးလေ...အရမ်းငိုနေတာ..ပြီးတော့ ကျွန်တော့်ကို နောက်ဘဝမှာဆုံမယ်လို့နုတ်ဆက်ပြီး...ဓါးနဲ့ လက်ကိုလှီးလိုက်တာ....သွေးတွေအများကြီးထွက်ပြီး လဲကျသွားတာ...."
" စစ်ရယ်...."
" တော်သေးတာပေါ့....ကျွန်တော့်မှာ အော်ပြီးအကူအညီတွေတောင်းလိုက်ရတာ...တကယ်သာဆို....ကျွန်တော်လဲသေမှာ...ခွန်းလေးသာတစ်ခုခုဖြစ်သွားရင်.....ကျွန်တော်လဲ... ကျွန်တော်လဲ...သေသွားလိမ့်မယ်ထင်တယ်....."
" တော်ပါတော့....သားရယ်..."
" ဟုတ်တယ် စစ်... မင်းနှလုံးခုန်တာ အရမ်းမြန်နေတယ်.....မစဥ်းစားနဲ့တော့ အဲ့ဒီအိပ်မက်ကို.."
" ဟုတ်ကဲ့...မမခက်"
............................
အခုချိန်မှာ စစ်ရဲ့အခြေနေတည်ငြိမ်လာဖို့က အဓီကပဲလေ.....
စစ် အခန်းထဲက ထွက်လာပြီး....ခွန်းရှိရာအခန်းကို လာခဲ့လိုက်သည်.......
" သူ သတိမရလာသေးဘူးနော်...."
" အကုန်လုံး အဆင်ပြေနေတာပဲ...ခဏကြာရင် သတိရလာတော့မှာပါ...."
" ဟုတ်ကဲ့....ကျေးဇူးပါ...ရှင့်"
ခွန်း....မင်းသတိရလာပစေအုံး....မမခက် မင်းကို အရမ်းဒေါသထွက်နေတာ....
ခဏကြာတော့...." အင်းးးဟင်း..ဟင်း..."
" ခွန်း သတိရလာပြီလား"
" မမခက်...ဒါဆို ကျွန်တော် မသေသေးဘူးပေါ့"
" မင်း ဘာတွေ လျှောက်လုပ်နေတာလဲ ခွန်း..."
" ကျွန်တော်....ကျွန်တော် မှူးမရှိရင်...အသက်မရှင်ချင်တော့လို့ပါဗျာ...ဒါနဲ့.... ကျွန်တော် မှူးလက်ကလေးတွေ လှုပ်သွားတာတွေ့လိုက်ရတယ်....အဲ့တာ...အဲ့တာ...တကယ်လားဟင်..."
" ဟုတ်တယ်....ခွန်း....မှူး သတိရလာပြီ...."
" တကယ်..မှူး...မှူးဆီသွားချင်တယ်.."
" တကယ်ပေါ့...သွားလို့မရသေးဘူး....မင်းအခြေနေမှန်ကို မှူးသိလို့မရသေးဘူး....သူ ရှော့ဖြစ်သွားနိုင်လို့....အဲ့တာကြောင့် မနက်မှ သွားတွေ့ရမယ်..."
" မှူးက ကျွန်တော့်ကို မမေးဘူးလား..."
" မေးတာပေါ့....အလုပ်အရမ်းရှုပ်နေလို့ပါလို့ပြောထားတယ်...မှူးအတွက်စဥ်းစားပြီး ဒီတစ်နေ့တော့ သည်းခံလိုက်ပါ ခွန်းရယ်..."
" သူ အားလုံး အဆင်ပြေတယ်မှတ်လား.."
" ပြေတယ်..ဘာလို့သတိရလာလဲဆိုတာမင်းသိရင် အရမ်းအံသြသွားမှာ...."
" ဘာလို့တဲ့လဲ..."
" သူက မင်းရဲ့လုပ်ရပ်အားလုံးကို မြင်နေရတာကြားနေရတာ....မင်းလက်ကိုလှီးလိုက်တာမြင်တော့ အော်ပြီးအကူအညီတောင်းတာတဲ့လေ...မမခက်ထင်တာတော့...အဲ့အချိန်မှာ သူသတိရလာတာပဲဖြစ်မယ်...မင်းတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လွန်းပြီး...လှုပ်နှိုးလိုက်သလိုဖြစ်သွားတာနေမှာ....အကုန်လုံးလဲအံသြနေကြတာ..သူ့စက်တွေမြည်လာလို့ မင်းအသက်ကိုကယ်နိုင်ခဲ့တာ...မဟုတ်ရင် သွေးထွက်လွန်ပြီး...မင်းသေသွားမှာ...."
" တကယ်ကြီး....မှူးက ကျွန်တော့်ကြောင့်နိုးလာပြီး ကျွန်တော်က မှူးကြောင့်အသက်ရှင်ခဲ့တာပေါ့..."
" အင်းပါဆို...."
" မှူးရာ...."
နောက်နေ့ညနေ...ကျွန်တော့်လက်က ဒါဏ်ရာကို မှူးမမြင်အောင် သေချာလုပ်ပြီး မှူးဆီကိုသွားခဲ့တယ်.....
ကျွန်တော့်ကိုမြင်တော့ ကုတင်ပေါ်ကနေ လကကမ်းကြိုနေတဲ့ ကျွန်တော့်ရဲ့ကောင်းကင်ကြီး..
"ခွန်းလေး...."
" မှူး...."
တစ်ယောက်နဲ့တစ်ယောက် လွတ်ထွက်သွားမှာစိုးလို့ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြသည်....
တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်ရင်း
ဘာစကားမှ ထုတ်မပြောကြပေမယ့်..နှလုံးသားချင်း စကားတွေ အများကြီးပြောနေကြပြီလေ....
သူတို့နှစ်ဦးသာနားလည်နိုင်မယ့် ဘာသာစကားမျိုးနဲ့ပေါ့.........
နောက်ရက်တွေမှာ...တစ်ယောက်ကြုံတွေရသမျှတစ်ယောက်ကို ပြန်ပြောကြမယ်.....
အတူတူပျော်ကြမယ်..... အတူတူငိုကြမယ်......
ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် အတူတူရင်ဆိုင်ကြရင်း....နှစ်တွေအကြာကြီးနှစ်ယောက်အတူနေထိုင်သွားကြလိမ့်မယ်............
တစ်ယောက်အပေါ်တစ်ယောက် နားလည်ရင်း
အတူတူအိုမင်းသွားကြလိမ့်မယ်.............
ခွန်းသျှင်ခ နဲ့ မှူးစစ်သွင်တို့ နှစ်ယောက်ကြားက
ကြီးမားတဲ့ချစ်ခြင်းရဲ့ စွမ်းအားက သူတို့နှစ်ယောက်ကို ပြန်ဆုံဆည်းခွင့်ပေးခဲသလို.............
.....................................
စစ်မှန်တဲ့ချစ်ခြင်းတရားနဲ့ ချစ်ကြသူတိုင်း ကွဲကွာခြင်းမှကင်းဝေးကြပါစေ......

Коментарі