Cranesbill 25
@eaindray_oo
Everything has their own value..So, U never underestimate them..........
Блог Всі
Новини
7
6
85
Книги Всі
Вірші Всі
My existence ....
မပြည့်မစုံနေရမှာထက် မင်းနဲ့ဝေးရမှာကိုပိုကြောက်တယ်.... ကဲ့ရဲ့သံ​တွေထက် မင်းရဲ့စကားသံတွေ တိတ်ဆိတ်သွားမှာပိုကြောက်တယ်.... လှောင်ရယ်မှုတွေထက် မင်းအပြုံးတွေပျောက်ကွယ်သွားမှာ ပိုကြောက်တယ်.... ငါရင်ကိုဓါးစိုက်လာမှာထက် မင်းလက်ကလေးဆူးစူးမှာကိုပိုကြောက်တယ်..... ယုံကြည်ပေးပါ ငါ့ရဲ့ဖြစ်တည်မှုက မင်းဆိုတာ................ မင်းသာ နေမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါကနေကြာပန်းလေးပဲ​ဖြစ်ချင်တာ.... အဲ့တာမှ မင်းဆိုတဲ့နေမင်းကြီးရှိရာအရပ်ကို အမြဲမျက်နှာမူပြီးငေးကြည့်ခွင့်ရနေမှာ..... နှလုံးသားဖြင့်ဖန်တီးသည်💜 ကူးယူခြင်းသည်းခံပါ 💜
2
0
341
Love Weather.....
ဒီနေ့...ကိုယ့်နှလုံးသားမြို့အနီးတစ်ဝိုက်မှာ... သာယာပါမယ်တဲ့...... အလွမ်းတိမ်တွေကင်းစင်မှာမို့.....အဆွေးမျက်ရည်တွေလဲ မရွာသွန်းနိုင်ပါဘူးတဲ့.... ဘာလို့ဆို့.... ချစ်ခြင်းရောင်ခြည်လေး.... ကိုယ့်နှလုံးသားဆီ...ဖြာလင်းတော့မှာမို့ပါတဲ့လေ........ နှလုံးသားဖြင့်ဖန်တီးသည်💜 ကူးယူခြင်းသည်းခံပါ💜
8
0
401
အလိုအပ်ဆုံး.......
ဒီချစ်ခြင်းဆိုတဲ့သစ်ပင်လေးကို မင်းကြောင့်ပဲ စိုက်ပျိုးခဲ့တာ...ငယ်....... အခုတော့ ငါ့နှလုံးသားရဲ့..ဟိုး..အတွင်းဆုံးအထိ တိုးဝင်အမြစ်တွယ်နေလို့ ဆွဲနုတ်လို့မရတော့ဘူး...ငယ်.......... ရှင်သန်နေအုံးမှာပါ.....ငါနှလုံးသွေးတွေကိုသောက်သုံးစေမှာမို့လေ...ငယ်........ ဆုတစ်ခုအနေနဲ့ အပြုံးလေးတော့ နေတိုင်း ပေးသနားပါလား...ငယ်........ ငါနှလုံးသားလေး ဆက်ပြီးခုန်နေနိုင်ဖို့ နင့်အပြုံးက oxygenမို့ပါ...ငယ်........ နှလုံးသားဖြင့်ဖန်တီးသည်💜 ကူးယူခြင်းသည်းခံပါ💜
5
0
297