Part_1
Part_2
Part_1
^TELL ME SOMETHING GIRL....
ARE YOU HAPPY IN THIS MODERN WORD
OR DO YOU NEED MORE?
IS THERE SOMETHING ELSE YOU'EE SEARCHING FOR
I'M FALLING IN ALL THE GOOD TIMES I FIND MYSELF FOR LONGING FOR CHANGE
AND IN THE BAD TIMES I FEAR MYSELF

TELL ME SOMETHING BOY...
AREN'T YOU TIRED TRYING TO FILL THAT VOID?
OR DO YOU NEED MORE
AIN'T IT HARD KEEPING IT SO HARDCORE?

^ဟာ ဟိတ်ကောင် သီချင်းဆိုနေတာလား^

^မဟုတ်ဘူး ဖွန်ကြောင်နေတာ^

^ငါ့ဆို အကောင်းကို မပြောဘူး မင်းက^

^ ပြောချင်စရာကောင်းနေလို့လား^

ဂစ်တာတီးနေရင်း သီချင်းဆိုနေတဲ့ ကျွန်တော့်ကို မြင်ရက်နဲ့ မေးနေတဲ့ ကောင် ကို အကောင်းမပြောတာ ကျွန်တော့် အမှားမဟုတ် ။

ဒင်းလာမယ် ပြောထားတာ မနက် ၇ နာရီ ရောက်လာတော့ နေ့လည် ၁၁ နာရီ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သူငယ်ချင်းလည်း ။မနက်စာလေး မှာလိုက်မိသည်မှာ နေ့လည်စာ ဖြစ်သွားသည်။

^မင်း ဗိုက်ဆာနေပြီမလား ငါတို့ ပြင်ထားလိုက်မယ်
မင်းမှာလိုက်တဲ့ အတိုင်း အုန်းနို့ခေါက်ဆွဲကို ငရုတ်သီး နည်းနည်း နဲ့ ဝယ်လာပေးတယ်^

^ဝယ်လာပေးလို့ ကျေးဇူးကို အကြီးကြီးတင်တယ် မနက်စာနဲ့ နေ့လည်စာပေါင်းစားရပြန်ပြီ ပြန်ဆင်းခဲ့မယ် ^

မနက်ဖြန် ကျောင်းအပ်ရမယ် ဖြစ်တာကြောင့် ဒီနေ့ကျွန်တော့်အိမ်မှာ လာသောင်တင်နေကြတဲ့ ညီအစ်ကိုနှစ်ယောက်

သုံးယောက်ဟ နောက် တစ်ယောက်ပါသေးသည်။ သေချာကြည့်ပေမဲ့လည်း နောက်တစ်ယောက်ကို ကျွန်တော် မသိခဲ့ပါဘူး။ သေချာတာကတော့ အရပ်ရှည်သည်။ ကောင်းခန့် အစ်ကို ဆိုသူကိုလည်း ကျွန်တော်မသိပါဘူး။

^ဟိုကောင် ရပ်မနေနဲ့ လာထိုင် တစ်ကောင်ထဲနေပြီး ခေါက်ဆွဲထုပ်နဲ့ ဘီယာပဲ ရှိရတယ်လို့ မြန်မြန်သေမဲ့ အသက်မပြည့်ကောင်^

^နားငြီးလိုက်တာ ကောင်းခန့်ရာ မင်းဟာလေ တစ်နေ့တခြား စကားများလာတယ် မင်းအစ်ကို မင်းအနားနေရတာ နားမပူဘူးလားမသိဘူး^

^ဟိုနှစ်ကောင် ကိုက်တာတော်တော့ စားစရာရှိတာ အရင်စားဖို့ပြင်^

^အာ ဟုတ်သားပဲ မေးချင်နေတာ သူက ဘယ်သူတုန်း အစ်ကိုကရော ဘယ်သူတုန်း

တကယ်မေးချင်နေခဲ့တာ ဟိုကောင်နဲ့ စကားပြောနေလို့သာ ကောင်းခန့်အကိုကို သိပါသည်။ နာမည်မေ့သွားလို့ တစ်ခါတည်း မေးလိုက်တာ

^ငါ့နာမည်ကိုတော့ မှတ်မိနေလို့ ကျေးဇူး ဇွဲဉာဏ်
ငါ့အစ်ကို အံကောင်းဇော်လေကွာ ဟိုတစ်ယောက်က သူ့သူငယ်ချင်း ရှိုင်းနေမင်းခန့်တဲ့ ^

^တွေ့ရတာ ဝမ်းသာတယ် ငါ့ညီ လူတစ်ယောက်လုံးကို မတွေ့လို့ ကျေးဇူး^

ဒီကောင်လေး ဝင်လာတဲ့ သုံးယောက်မှာ ကျွန်တော်က ပထမဆုံး ဝင်လိုက်တဲ့ သူကို မမြင်ပဲ ကောင်းခန့်လို နောက်ဆုံးက ဝင်လာတဲ့ လူကိုကျ သတိထားမိသည်တဲ့လား။

^Sorry ဗျာ ကျွန်တော်က လူတွေကို သတိထားတတ်တဲ့ လူမဟုတ်ဘူး ကျွန်တော်က ဇွဲဉာဏ်လင်းပါ You can Call me Zwel Nyan^

ပြောပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။တခြားသူတွေ ဝင်ထိုင်သည် မထိုင်သည်ကို ကျွန်တော် မကြည့်အား။ ကျွန်တော် ဗိုက်ဆာနေတာ ကျွန်တော်ပဲ သိသည်မဟုတ်လား။ အုန်းနို့ခေါက်ဆွဲက ကျွန်တော့်အကြိုက်မို့ ဘယ်အချိန်စားစား အရသာရှိသည် ဆိုတာ အမှန်ပင်။

^ဟေ့ကောင် အဲ့တာ ငါတို့မေဂျာရဲ့ Senior King ကွ^

^aww ဟို ရှိုင်းနေမင်းခန့်ဆိုတဲ့ အစ်ကိုလား ချောသားပဲ ကြည့်ကောင်းတယ်ဆို ပိုမှန်မယ်^

^အေးလေ ငါမင်းကို ခုနက မိတ်ဆက်ပေးလိုက်ပါ့ရော^

ဗိုက်ဆာနေတာမို့ သတိမထားလိုက်မိသည်မှာ အမှန် ။
ကျွန်တော်ဆိုတဲ့ ကောင်ကလဲ ကိုယ်ကလွဲ ဘယ်သူမှမကြည့်တဲ့ ပုံစံ ဆိုတော့ တစ်ဖက်ရဲ့ နာမည်ကို သေချာမမှတ်ထားမိ။

ကောင်းခန့် အစ်ကို CIVIL ကဆိုတော့ သူ့သူငယ်ချင်းဖြစ်တဲ့ သူကို Civil ပဲဟု ထင်သွားခဲ့သည်။
ကျောင်းက စီနီယာဆိုတော့လည်း တစ်ခုကောင်းသည် မသိတာရှိမေးလို့ရသည်မဟုတ်လား။

^ကောင်းတာပေါ့ဗျာ major senior ဆိုတော့လည်း မနက်ဖြန် ကျောင်းအပ် ကူညီပါဦးဗျာ^

^Ok ညီ မနက်ဖြန် ကျောင်းမှာ ဆုံတာပေါ့^

မေဂျာ ရောက်လာမဲ့ ပထမနှစ်တွေပါလား ခွေးနှစ်ကောင်ကို ထိန်းရမဲ့ လမ်းတော့ မြင်နေယောင်နေသည်။

^ဆုံစရာမလိုဘူး အစကတည်းက တူတူသွားမှာ^

^ဘာ အံဇော် ဒီမှာအိပ်ကြမှာလား^

^အေးလေ မင်း အဆင် မပြေလို့လား^

^ မဟုတ်ပါဘူး^

ခွေးနှစ်ကောင် ထိန်းရမဲ့ လမ်းမြင်ရုံရှိသေးသည်မှာ မကြာသေး။ ဒီညပင် အမူးကောင်ထိန်းရတော့မည် ပုံစံမို့ ကိုယ့်ကိုကိုယ် ပြောလိုက်တာ

^သေစမ်း ရှိုင်းခန့်ရေ^

စားသောက်ပြီးတော့ ဇွဲဉာဏ်က အပေါ်ထပ် ပြန်တက်သွားသည်။ ခနနေတော့ ပြန်ဆင်းလာသည်။ လက်ထဲမှာ ဂစ်တာ ကိုင်လျက် လှေကားမှာ ရပ်နေသည်။

ကောင်းခန့်နဲ့ အံ့ဇော်ကတော့ သိမ်းစရာရှိတာ သိမ်းပြီး TV ရှေ့ ရောက်နေကြပြီ မရောက်သေးတာက ဟိုတစ်ယောက်။

^ခင်ဗျားက ကျွန်တော့်ထပ် အရပ်ရှည်တာပဲ^

အသံကြားရာကြည့်လိုက်တော့ ဇွဲဉာဏ်ဆိုတဲ့ တစ်ယောက်။ သူ့ထက် ခေါင်းတစ်လုံးစာတောင် မရှည်တဲ့ ကျွန်တော်နဲ့ အရပ်လာတိုင်းနေသည်။ အနီးကပ်ကြည့်မိမှာ ဒီကောင်လေး ကြည့်ကောင်းသားပဲ
သေချာသည် King လောင်းပဲ။

^ရပ်ကြည့်မနေနဲ့ အရပ်ဘယ်လောက်လဲ မေးနေတာကြာပြီ နားလေးနေတာလား^

အပေါ်က ကြည့်ကောင်းတယ် တွေးခဲ့သမျှ ဖျက်သိမ်းတယ် အပေါက်ဆိုး ဘုကလန့်ကောင်

^6'2"^

^Aww ကျွန်တော့်ထက် 4လက်မလောက် ရှည်တာပဲ^

လှေကားပေါ်ကနေ ကြည့်မိတော့ ကြည့်ကောင်းသည်။ အရပ်ရှည််သည်ဆိုတာ သိပေမဲ့ 6' ကျော်မည်လို့ မထင်ထားခဲ့။5'10"လေး အားငယ်သွားပြီ

^မင်း အရပ်ရှည်တာ ငါသိတယ် ဇွဲဉာဏ် တစ်ဖက်ကို နည်းနည်းလေးရိုသေးစမ်းကွာ စက်ကွင်းမလွတ်တဲ့နေရာမှာ ဆင်ခြင်စမ်း^

^ December လကြီးမှာ မိုးရွာရအောင် သိကြားမင်းက မင်းအဖေလား^

^ငါ့အဖေ မဟုတ်လို့ပေါ့^

^တော်ကြတော့ မင်းတို့လုပ်မှ ငါအဖေနှစ်ယောက် ရှိတယ် ဖြစ်နေမယ်^

ဒီကလေး နှစ်ကောင်က တွေ့တာနဲ့ သတ်နေတော့တာပဲ မပျင်းကြဘူးလားမသိ။ သူတို့အနေနဲ့ကတော့ ပျော်စရာကြီးပေါ့ ဒါပေမဲ့လည်း ရှိုင်းခန့်ရှိနေသည်မလား။

တွေ့မြင်နေကြ ဖြစ်တဲ့ ကျွန်တော့်အတွက်က ဘာမှမဖြစ်ပေမဲ့ တကယ် ထသတ်မည်ထင်ကာ ဆွဲဖို့ပြောနေသည့် ရှိုင်းခန့်ကြောင့် ကျွန်တော်ကပဲ ဝင်ဖြေပေးလိုက်ရသည်။

^ခနနေ လိုတာ သွားဝယ်မှာ အပျင်းတစ်နေမနေနဲ့ ^

^နေပူတယ် ညနေမှ ထွက်မယ်^

^ငါ့အကိုကြီး က တော်သွားပြီ ဒါမျိုးကျ^

ဘယ့်နှယ့် ဒီကလေးတွေ မကွေးမြို့ရဲ့ နေ့လည်ခင်းအပူချိန်ကို လသာနေတယ်များ ထင်နေလား မသိ။
ရှိုင်းခန့်ကို ကြည့်တော့လည်း သူဘာမှနားမလည်တဲ့ ပုံစံမျိုး။

ခနကြာတော့ ဇွဲဉာဏ်ရဲ့ သီချင်းဆိုပြတာ နားထောင်ရင်း ကျွန်တော် အိပ်ချင်လာတာနဲ့ အိပ်ပစ်လိုက်သည်။

^ ဒီကောင်လေး ဆိုတာ နားထောင်လို့ ကောင်းသားပဲ^

________________
_Zatokhi_

အပေါ်ဆုံးက သီချင်းက Lady Ga Ga ရဲ့ SHALLOW ဆိုတဲ့ သီချင်းပါ

I really want feedback
ThankYou
F.R.I.E.N.D 8.10.20 11 PM



........

Zawgyi

^TELL ME SOMETHING GIRL....
ARE YOU HAPPY IN THIS MODERN WORD
OR DO YOU NEED MORE?
IS THERE SOMETHING ELSE YOU'EE SEARCHING FOR
I'M FALLING IN ALL THE GOOD TIMES I FIND MYSELF FOR LONGING FOR CHANGE
AND IN THE BAD TIMES I FEAR MYSELF

TELL ME SOMETHING BOY...
AREN'T YOU TIRED TRYING TO FILL THAT VOID?
OR DO YOU NEED MORE
AIN'T IT HARD KEEPING IT SO HARDCORE?

^ဟာ ဟိတ္ေကာင္ သီခ်င္းဆိုေနတာလား^

^မဟုတ္ဘူး ဖြန္ေၾကာင္ေနတာ^

^ငါ့ဆို အေကာင္းကို မေျပာဘူး မင္းက^

^ ေျပာခ်င္စရာေကာင္းေနလို႔လား^

ဂစ္တာတီးေနရင္း သီခ်င္းဆိုေနတဲ့ ကြၽန္ေတာ့္ကို ျမင္ရက္နဲ႕ ေမးေနတဲ့ ေကာင္ ကို အေကာင္းမေျပာတာ ကြၽန္ေတာ့္ အမွားမဟုတ္ ။

ဒင္းလာမယ္ ေျပာထားတာ မနက္ ၇ နာရီ ေရာက္လာေတာ့ ေန႕လည္ ၁၁ နာရီ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ သူငယ္ခ်င္းလည္း ။မနက္စာေလး မွာလိုက္မိသည္မွာ ေန႕လည္စာ ျဖစ္သြားသည္။

^မင္း ဗိုက္ဆာေနၿပီမလား ငါတို႔ ျပင္ထားလိုက္မယ္
မင္းမွာလိုက္တဲ့ အတိုင္း အုန္းနို႔ေခါက္ဆြဲကို င႐ုတ္သီး နည္းနည္း နဲ႕ ဝယ္လာေပးတယ္^

^ဝယ္လာေပးလို႔ ေက်းဇူးကို အႀကီးႀကီးတင္တယ္ မနက္စာနဲ႕ ေန႕လည္စာေပါင္းစားရျပန္ၿပီ ျပန္ဆင္းခဲ့မယ္ ^

မနက္ျဖန္ ေက်ာင္းအပ္ရမယ္ ျဖစ္တာေၾကာင့္ ဒီေန႕ကြၽန္ေတာ့္အိမ္မွာ လာေသာင္တင္ေနၾကတဲ့ ညီအစ္ကိုႏွစ္ေယာက္

သုံးေယာက္ဟ ေနာက္ တစ္ေယာက္ပါေသးသည္။ ေသခ်ာၾကည့္ေပမဲ့လည္း ေနာက္တစ္ေယာက္ကို ကြၽန္ေတာ္ မသိခဲ့ပါဘူး။ ေသခ်ာတာကေတာ့ အရပ္ရွည္သည္။ ေကာင္းခန့္ အစ္ကို ဆိုသူကိုလည္း ကြၽန္ေတာ္မသိပါဘူး။

^ဟိုေကာင္ ရပ္မေနနဲ႕ လာထိုင္ တစ္ေကာင္ထဲေနၿပီး ေခါက္ဆြဲထုပ္နဲ႕ ဘီယာပဲ ရွိရတယ္လို႔ ျမန္ျမန္ေသမဲ့ အသက္မျပည့္ေကာင္^

^နားၿငီးလိုက္တာ ေကာင္းခန့္ရာ မင္းဟာေလ တစ္ေန႕တျခား စကားမ်ားလာတယ္ မင္းအစ္ကို မင္းအနားေနရတာ နားမပူဘူးလားမသိဘူး^

^ဟိုႏွစ္ေကာင္ ကိုက္တာေတာ္ေတာ့ စားစရာရွိတာ အရင္စားဖို႔ျပင္^

^အာ ဟုတ္သားပဲ ေမးခ်င္ေနတာ သူက ဘယ္သူတုန္း အစ္ကိုကေရာ ဘယ္သူတုန္း

တကယ္ေမးခ်င္ေနခဲ့တာ ဟိုေကာင္နဲ႕ စကားေျပာေနလို႔သာ ေကာင္းခန့္အကိုကို သိပါသည္။ နာမည္ေမ့သြားလို႔ တစ္ခါတည္း ေမးလိုက္တာ

^ငါ့နာမည္ကိုေတာ့ မွတ္မိေနလို႔ ေက်းဇူး ဇြဲဉာဏ္
ငါ့အစ္ကို အံေကာင္းေဇာ္ေလကြာ ဟိုတစ္ေယာက္က သူ႕သူငယ္ခ်င္း ရွိုင္းေနမင္းခန့္တဲ့ ^

^ေတြ႕ရတာ ဝမ္းသာတယ္ ငါ့ညီ လူတစ္ေယာက္လုံးကို မေတြ႕လို႔ ေက်းဇူး^

ဒီေကာင္ေလး ဝင္လာတဲ့ သုံးေယာက္မွာ ကြၽန္ေတာ္က ပထမဆုံး ဝင္လိုက္တဲ့ သူကို မျမင္ပဲ ေကာင္းခန့္လို ေနာက္ဆုံးက ဝင္လာတဲ့ လူကိုက် သတိထားမိသည္တဲ့လား။

^Sorry ဗ်ာ ကြၽန္ေတာ္က လူေတြကို သတိထားတတ္တဲ့ လူမဟုတ္ဘူး ကြၽန္ေတာ္က ဇြဲဉာဏ္လင္းပါ You can Call me Zwel Nyan^

ေျပာၿပီး စားပြဲမွာ ဝင္ထိုင္လိုက္သည္။တျခားသူေတြ ဝင္ထိုင္သည္ မထိုင္သည္ကို ကြၽန္ေတာ္ မၾကည့္အား။ ကြၽန္ေတာ္ ဗိုက္ဆာေနတာ ကြၽန္ေတာ္ပဲ သိသည္မဟုတ္လား။ အုန္းနို႔ေခါက္ဆြဲက ကြၽန္ေတာ့္အႀကိဳက္မို႔ ဘယ္အခ်ိန္စားစား အရသာရွိသည္ ဆိုတာ အမွန္ပင္။

^ေဟ့ေကာင္ အဲ့တာ ငါတို႔ေမဂ်ာရဲ႕ Senior King ကြ^

^aww ဟို ရွိုင္းေနမင္းခန့္ဆိုတဲ့ အစ္ကိုလား ေခ်ာသားပဲ ၾကည့္ေကာင္းတယ္ဆို ပိုမွန္မယ္^

^ေအးေလ ငါမင္းကို ခုနက မိတ္ဆက္ေပးလိုက္ပါ့ေရာ^

ဗိုက္ဆာေနတာမို႔ သတိမထားလိုက္မိသည္မွာ အမွန္ ။
ကြၽန္ေတာ္ဆိုတဲ့ ေကာင္ကလဲ ကိုယ္ကလြဲ ဘယ္သူမွမၾကည့္တဲ့ ပုံစံ ဆိုေတာ့ တစ္ဖက္ရဲ႕ နာမည္ကို ေသခ်ာမမွတ္ထားမိ။

ေကာင္းခန့္ အစ္ကို CIVIL ကဆိုေတာ့ သူ႕သူငယ္ခ်င္းျဖစ္တဲ့ သူကို Civil ပဲဟု ထင္သြားခဲ့သည္။
ေက်ာင္းက စီနီယာဆိုေတာ့လည္း တစ္ခုေကာင္းသည္ မသိတာရွိေမးလို႔ရသည္မဟုတ္လား။

^ေကာင္းတာေပါ့ဗ်ာ major senior ဆိုေတာ့လည္း မနက္ျဖန္ ေက်ာင္းအပ္ ကူညီပါဦးဗ်ာ^

^Ok ညီ မနက္ျဖန္ ေက်ာင္းမွာ ဆုံတာေပါ့^

ေမဂ်ာ ေရာက္လာမဲ့ ပထမႏွစ္ေတြပါလား ေခြးႏွစ္ေကာင္ကို ထိန္းရမဲ့ လမ္းေတာ့ ျမင္ေနေယာင္ေနသည္။

^ဆုံစရာမလိုဘူး အစကတည္းက တူတူသြားမွာ^

^ဘာ အံေဇာ္ ဒီမွာအိပ္ၾကမွာလား^

^ေအးေလ မင္း အဆင္ မေျပလို႔လား^

^ မဟုတ္ပါဘူး^

ေခြးႏွစ္ေကာင္ ထိန္းရမဲ့ လမ္းျမင္႐ုံရွိေသးသည္မွာ မၾကာေသး။ ဒီညပင္ အမူးေကာင္ထိန္းရေတာ့မည္ ပုံစံမို႔ ကိုယ့္ကိုကိုယ္ ေျပာလိုက္တာ

^ေသစမ္း ရွိုင္းခန့္ေရ^

စားေသာက္ၿပီးေတာ့ ဇြဲဉာဏ္က အေပၚထပ္ ျပန္တက္သြားသည္။ ခနေနေတာ့ ျပန္ဆင္းလာသည္။ လက္ထဲမွာ ဂစ္တာ ကိုင္လ်က္ ေလွကားမွာ ရပ္ေနသည္။

ေကာင္းခန့္နဲ႕ အံ့ေဇာ္ကေတာ့ သိမ္းစရာရွိတာ သိမ္းၿပီး TV ေရွ႕ ေရာက္ေနၾကၿပီ မေရာက္ေသးတာက ဟိုတစ္ေယာက္။

^ခင္ဗ်ားက ကြၽန္ေတာ့္ထပ္ အရပ္ရွည္တာပဲ^

အသံၾကားရာၾကည့္လိုက္ေတာ့ ဇြဲဉာဏ္ဆိုတဲ့ တစ္ေယာက္။ သူ႕ထက္ ေခါင္းတစ္လုံးစာေတာင္ မရွည္တဲ့ ကြၽန္ေတာ္နဲ႕ အရပ္လာတိုင္းေနသည္။ အနီးကပ္ၾကည့္မိမွာ ဒီေကာင္ေလး ၾကည့္ေကာင္းသားပဲ
ေသခ်ာသည္ King ေလာင္းပဲ။

^ရပ္ၾကည့္မေနနဲ႕ အရပ္ဘယ္ေလာက္လဲ ေမးေနတာၾကာၿပီ နားေလးေနတာလား^

အေပၚက ၾကည့္ေကာင္းတယ္ ေတြးခဲ့သမွ် ဖ်က္သိမ္းတယ္ အေပါက္ဆိုး ဘုကလန့္ေကာင္

^6'2"^

^Aww ကြၽန္ေတာ့္ထက္ 4လက္မေလာက္ ရွည္တာပဲ^

ေလွကားေပၚကေန ၾကည့္မိေတာ့ ၾကည့္ေကာင္းသည္။ အရပ္ရွည္္သည္ဆိုတာ သိေပမဲ့ 6' ေက်ာ္မည္လို႔ မထင္ထားခဲ့။5'10"ေလး အားငယ္သြားၿပီ

^မင္း အရပ္ရွည္တာ ငါသိတယ္ ဇြဲဉာဏ္ တစ္ဖက္ကို နည္းနည္းေလးရိုေသးစမ္းကြာ စက္ကြင္းမလြတ္တဲ့ေနရာမွာ ဆင္ျခင္စမ္း^

^ December လႀကီးမွာ မိုး႐ြာရေအာင္ သိၾကားမင္းက မင္းအေဖလား^

^ငါ့အေဖ မဟုတ္လို႔ေပါ့^

^ေတာ္ၾကေတာ့ မင္းတို႔လုပ္မွ ငါအေဖႏွစ္ေယာက္ ရွိတယ္ ျဖစ္ေနမယ္^

ဒီကေလး ႏွစ္ေကာင္က ေတြ႕တာနဲ႕ သတ္ေနေတာ့တာပဲ မပ်င္းၾကဘူးလားမသိ။ သူတို႔အေနနဲ႕ကေတာ့ ေပ်ာ္စရာႀကီးေပါ့ ဒါေပမဲ့လည္း ရွိုင္းခန့္ရွိေနသည္မလား။

ေတြ႕ျမင္ေနၾက ျဖစ္တဲ့ ကြၽန္ေတာ့္အတြက္က ဘာမွမျဖစ္ေပမဲ့ တကယ္ ထသတ္မည္ထင္ကာ ဆြဲဖို႔ေျပာေနသည့္ ရွိုင္းခန့္ေၾကာင့္ ကြၽန္ေတာ္ကပဲ ဝင္ေျဖေပးလိုက္ရသည္။

^ခနေန လိုတာ သြားဝယ္မွာ အပ်င္းတစ္ေနမေနနဲ႕ ^

^ေနပူတယ္ ညေနမွ ထြက္မယ္^

^ငါ့အကိုႀကီး က ေတာ္သြားၿပီ ဒါမ်ိဳးက်^

ဘယ့္ႏွယ့္ ဒီကေလးေတြ မေကြးၿမိဳ႕ရဲ႕ ေန႕လည္ခင္းအပူခ်ိန္ကို လသာေနတယ္မ်ား ထင္ေနလား မသိ။
ရွိုင္းခန့္ကို ၾကည့္ေတာ့လည္း သူဘာမွနားမလည္တဲ့ ပုံစံမ်ိဳး။

ခနၾကာေတာ့ ဇြဲဉာဏ္ရဲ႕ သီခ်င္းဆိုျပတာ နားေထာင္ရင္း ကြၽန္ေတာ္ အိပ္ခ်င္လာတာနဲ႕ အိပ္ပစ္လိုက္သည္။

^ ဒီေကာင္ေလး ဆိုတာ နားေထာင္လို႔ ေကာင္းသားပဲ^

________________
_Zatokhi_

အေပၚဆုံးက သီခ်င္းက Lady Ga Ga ရဲ႕ SHALLOW ဆိုတဲ့ သီခ်င္းပါ

I really want feedback
ThankYou
F.R.I.E.N.D 8.10.20 11 PM




© Kun_Zato _Zato_,
книга «F.R.I.E.N.D».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Moon
Part_1
Waiting for next episode
Відповісти
2020-10-18 16:14:22
1