Part_1
Part_2
Part_2
ညနေတော့ ပစ္စည်းထွက်ဝယ်မည် ဆိုသည့်အတိုင်း ကျွန်တော့်တို့ ထွက်ခဲ့ ကြသည်။ ဗိုလ်ချုပ်လမ်း သစ္စာလမ်း ဘာလမ်း ညာလမ်း မသိတဲ့ ကျွန်တော့်အတွက် မကွေးမြို့ကြီး လေးထောင့်ဆန်နေသည်မှာ ကျေးဇူးတင်စရာ ကောင်းလှသည်။

ဇွဲဉာဏ်ရာ မကွေးသားဖြစ်ပြီး လမ်းမသိရလားဆိုပြီး နားပူနေတဲ့ လူတစ်ယောက်လည်း ရှိသေးသည်။ ထိုသူမှာ ကောင်းခန့်ပင်ဖြစ်သည်။

သူပြောလည်း ပြောချင်စရာ ကြီးကြီးမားမားဝင့်ဝင့်မထည်တထည်ရှိတဲ့ Kaung Mon ဆိုတဲ့ Mall ကြီးကို
ရှာမတွေ့အောင် ပျောက်နေသည်။ ကိုအံ့ဇော်တို့က ရှေ့က ဦးဆောင်သွားလို့ တော်သေးသည်။

ကောင်းမွန်ရောက်တော့ ကျွန်တော်ရယ် ရှိုင်းခန့်ရယ်က ညအတွက် ဘီယာတန်းဘက် ကြည့်နေကြသည်။ ကလေးနှစ်ယောက်ကတော့ စာရေးကိရိယာတန်းမှာ သူတို့လိုတာ သွားဝယ်နေကြသည်။

ဘီယာဗူးတွေ ကောင်တာမှာ ထားခဲ့ရင်း ရှိုင်းခန့်က ​အပေါ်သွားအုံးမယ်ဆိုကာ လက်ပြသွားသည်။ကျွန်တော်လည်း လိုက်သွားတော့ တွေ့ပါပြီ အရုပ်ကောက်တဲ့ နေရာမှာ။

ကျွန်တော်နဲ့ ရှိုင်းခန့် ပထမနှစ်မှာ စသိပုံကတော့ ရန်ကုန်သား မိဘမပါဘဲ ကျောင်းလာအပ် ထွေအုပ်လက်မှတ်ထိုးရမဲ့ ရုံးကို မသိလို့ မအူမလည်ရပ်နေရင်း မင်း ငါနဲ့ လိုက်မလားဆိုတော့ ဟုတ် လို့ တစ်လုံးထဲ ဖြေတဲ့ မြို့ကြီးသား။

အခုကတော့ တစ်ဆောင်တည်းနေတဲ့အထိ ပြောမနာဆိုနာ တစ်တွဲတွဲနေဖြစ်ကြည်သည်။ လုံးချင်းအဆောင်ဆိုတော့ အေးအေးဆေးဆေး နေလို့ရသည့်အပြင် ရှိုင်းခန့်သည် လူအေး အချေကောင်။

ဒီနှစ်တော့ ကျွန်တော့်ညီပါ အဆောင်ရောက်လာပြီဆိုတော့ သုံးယောက်ပေါင်း လောင်းကျော်တော့မည်မှာ အမှန်ပင် ။

ဇွဲဉာဏ်ဆိုသည့် ကလေးကို အဆောင်လာနေဖို့ လုံးဝခေါ်မရ။ အိမ်ကပ်တာလည်း မဟုတ် သူ့ခေါင်းအုံး သူ့စောင် နဲ့မှမဟုတ်ရင် မအိပ်တတ်တဲ့ ကောင်လေး။ ကျွန်တော့်တို့ အိမ်မှာ ညအိပ်သွားတဲ့ညက သူအပြင်းဖျားပြီးနောက်ပိုင်း သူ့ကို တခြားကို ညအိပ်မခေါ်ဖြစ်တော့။

လိုအပ်တာ အကုန် ဝယ်ပြီးပြီထင်တယ် ဒီဘက်လာနေကြတာတွေ့တော့ အတွေးတွေကို လက်စဖြတ်လိုက်ရသည်။

^ကိုအံံ့ ဘာတွေတွေးနေတာတုန်း ကျွန်တော်တို့အကုန်ပြီးစီးပြီ ဟိုအကိုရော^(ZN)

^အရုပ်ကောက်တဲ့ဘက်မှာ^(AZ)

ငွေရှင်းစရာရှိတာ အကုန်ပြီးစီး ပြန်အထွက်

^ဟျောင့် ခန ငါရေးစာအုပ်မပါသေးဘူး သွားယူလိုက်အုံးမယ်^(KK)

^မင်းဟာလေ အရာရာနဲ့ အကြောင်းကြောင်း ငါပါ လိုက်ခဲ့မယ် ^(AZ)

လက်ထဲ Stitch ရုပ်တစ်ရုပ်နဲ့ ဘေးနားရပ်နေတဲ့ အကိုကြီးဟာ တကယ်ကြည့်လို့ကောင်းသည်။ သူ့လက်ထဲက stitchရုပ်လေးသည် ကျွန်တော်ကို ခေါ်ရန် ပြောနေသည့်အလား ချစ်စရာကောင်းလိုက်တာ။

^ကြိုက်လို့လား ယူမလား^ (SK)

^ပေးရင်တော့ ကျေးဇူးပေါ့^(ZN)

^စကားကို ဘုကလန့် မပြောရရင် မနေနိုင်ဘူးလား ညီ^ (SK)

အရုပ်ကို လာကြည့်နေလို့ ယူမလား မေးမိသည့် ပါးစပ်ကိုပဲ ဖြတ်ရိုက်ချင်စိတ်ပေါက်သည်။
တကယ့်ကို ဘုကလန့်ပဲ

^ဘာလဲဗျ စကားပြန်ပြောရင်တောင် ကျေးဇူးတင်ရမှာ^(ZN)

ယူမလား မေးလို့ ပေးရင် ကျေးဇူးတင်စကားတစ်ဆက်တည်းပြောတာလေ အဲ့လို့မပြောလို့ ဘယ်လိုပြောရမှာလည်း။

^အေးပါကွာ^(SK)

နှစ်ယောက်သား ဘာမှ ဆက်မပြောဖြစ်ကြပဲ ကျန်တဲ့ နှစ်ယောက်ကို စောင့်ပြီး အိမ်ပြန်လာခဲ့ကြသည်။

....................................

^ကောင်းခန့်ရော အစ်ကို^

^ရှိုင်းခန့်နဲ့ အပြင်ခဏ ထွက်သွားတယ် ဘာဖြစ်လို့လဲ^

^သောက်မယ် ပြောထားပြီး အမြည်းမပါလို့ ဝယ်ခဲ့ ခိုင်းမလို့^

^aww အစ်ကို ဖုန်းဆက်ပြောလိုက်အုံးမယ်^

^ဟုတ်ကဲ့ ကျွန်တော် သွားအိပ်လိုက်အုံးမယ် သောက်တော့မယ်ဆို နှိုးနော် ညကျ သီချင်းဆိုပြမယ်^

^ ဟုတ်ပြီဗျာ^

ဇွဲဉာဏ်က အိပ်မယ်ဆိုပြီး အပေါ်ထပ်က သူ့အခန်းထဲ ဝင်သွားတာတွေ့တော့ ကျွန်တော် သိလိုက်သည်က ဒီကလေးက တစ်ခုခုဆို သူတစ်ယောက်ထဲပင်။

အခန်းထဲပဲ တစ်နေကုန် နေပုံထောက်ရင် ဒီကောင်လေး လူတွေနဲ့ သိပ်ပြီးရင်းနှီးပုံမရ။ အခုမှပဲ သေချာသိတော့သည်။ နေ့လည်က ကောင်းမွန်သွားတော့ ဇွဲဉာဏ် စာအုပ်ကျန်ခဲ့တာကို ကောင်းခန့်ကိုပဲ မှာလိုက်သည်ကို အမှတ်ရသည်။

နေ့လည်က လူတွေရှုပ်နေတာ မြင်ရတော့ အသက်ရှုမဝတာနဲ့ စာအုပ်တောင် ယူမလာမိ။ ကံကောင်းသည်က ကောင်းခန့်စာအုပ်ကျန်ခဲ့သည်ဟု ပြောချင်းပင်။

ကျွန်တော် လူတွေကို ကြောက်ပါသည်။ တခြားတော့မဟုတ် မျက်စိရှေ့ ရှုပ်ယှက်ခတ်နေတဲ့အခါ တစ်ခုခု ကနေ ချုပ်ထိန်းခံလိုက်ရသလို အသက်ရှုကြပ်ပြီး မူးဝေလာခြင်းပင်။

ကျွန်တော့်အသိုင်းအဝိုင်းက ကျဥ်းလိုက်တာလို့ တွေးမိတိုင်း လူကြောက်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိသည်။

မကောင်းတဲ့ အကျင့်တစ်ခုက တခြားသူတစ်ယောက်ရဲ့ သွင်ပြင်ကို တစ်ခါကြည့်တာနဲ့ မှတ်မိနေပြီး အားမလို အားမရ ဖြစ်ခြင်းပင်။

ကောင်းခန့်ဆိုရင် ကျွန်တော့်ထက် အရပ်ပုပေမဲ့ သူ့အရပ်နဲ့ သူ ကြည့်ကောင်းသည်။ အသားအရမ်းမညိုပေမဲ့ သွားစွယ်လေးက ဆွဲဆောင်မှု့ရှိသည်။

ကိုရှိုင်းခန့်ဆိုရင် ပြောစရာမလို ရန်ကုန်သားဖြစ်သည့်အတွက်ကြောင့်လားတော့မသိ အသားက ဖြူသည်။ V shape မေးရိုးကြောင့် ခပ်တည်တည်နေတဲ့ပုံစံတောင်ပင် ခန့်ညားနေဆဲပင်။

ကျွန်တော်ကတော့ ဗန်ပိုင်းယား အသားက ဖြူ မဆိုသလောက်လေး Six pack ရှိပေမဲ့ လူကြောက်တာက ကျွန်တော်ကို အဆင်မပြေဖြစ်စေသည်။

ကျွန်တော့် ဘယ်ဘက်ပါးမှာ အမြတ်နိုးရဆုံး မှဲ့တစ်လုံးရှိနေသည်။ တကယ်က Idol producer က Cai XuKun နဲ့ တူညီတဲ့ပါးပြင်မှာ မှဲ့ရှိရတဲ့ အကြောင်းကြောင့်ပင်။



လွန်ခဲ့တဲ့လပိုင်းက Debut သွားတဲ့ Nine Percent အဖွဲ့ထဲက Kun ကို ကျွန်တော်အရမ်းသဘောကျသည်။ ဂစ်တာတီး သင်ဖြစ်သည်မှာလဲ သူ့ကြောင့်
အကတွေ စ က ဖြစ်တာလဲ သူ့ကြောင့်ဆိုရင် မမှားပေ။

တစ်ယောက်တည်းနေရတာကို သဘောကျတဲ့အကြောင်းကတော့ ကျွန်တော်က အေးဆေးနေရတာ သဘောကျခြင်းကြောင့်ပင်။

^ညီ သောက်ရအောင် အမြည်းတွေလဲ ပါလာပြီ^(SK)

^မြန်သားပဲ ကောင်းခန့်ကိုလာခေါ်ခိုင်းလိုက်တာတော့မဟုတ်ဘူး^(ZN)

^သူပင်ပန်းနေလို့ဆိုပြီး အစ်ကို့ကိုလွှတ်လိုက်တာ^(SK)

^အားနာစရာကြီးကိုဗျာ^ (ZN)

^လှေကားလေး တက်ရင်ရောက်နေပြီကို ဘာအားနာစရာရှိ^

^ဘာပဲ ဖြစ်ဖြစ် ကျေးဇူးဗျာ^(ZN)

^ဟုတ်ပြီဗျာ ခနနေ ဆင်းခဲ့တော့ အောက်မှာ စောင့်နေမယ် အပေါ်ထပ်ဝတ်ခဲ့ဦး^(SK)

^ဟုတ် အစ်ကို ကျွန်တော် ခနနေ ဆင်းခဲ့မယ်^(ZN)

စသောက်ဖြစ်တော့ ၉ နာရီကျော်နေပြီ  ကျွန်တော်ကလွဲ အပေါ်ထပ်ကိုယ်စီနဲ့ ဆောင်းရာသီဆိုပေမဲ့လဲ ဘီယာသောက်ပြီးချွေးထွက်မှာကို သက်သက်မဲ့ ဝတ်နေကြသေးသည် ဟု တွေးလိုက်မိသည်။

နာရီဝက်လောက်ကြာတော့ ကျွန်တော် အေးနေပြီ စကားနားမထောင်မိတာ မှားသွားပြီဟု အတွေးက တန်းဝင်လာတာပါပဲ။

ဆောင်းအအေးမဟုတ်ပဲ ကောင်းခန့်က A/C ဖွင့်ထားခြင်းပင်။ အခန်းလေးခန်းရှိတာဖြစ်လို့ တစ်ခန်းထဲ ဝင်သောက်နေကြခြင်းဖြစ်သည်။

မီးဖိုးချောင်က အလှကြည့်ဖို့လားမေးမိတော့ ပူလို့တဲ့လေဗျာ။

^ဇွဲဉာဏ် ဂစ်တာ တီးကွာ ဒီအတိုင်းဆို ပျင်းစရာကြီး^(KK)

^သွားယူရမှာ ပျင်းတယ် မင်းသွားယူ^(ZN)

^ အစ်ကိုသွားယူလိုက်မယ် မင်းတို့သောက်နှင့် ^(SK)

^ကျေးဇူး အစ်ကို^

အံ့ဇော်တစ်ယောက်ကတော့  သောက်တာမကြာသေးဘူး မှောက်နေပြီ ။ ဒီကောင်လေး သီချင်းဆိုတာ ထပ်နားထောင်ရတော့မှာပဲ။

^ရော့ ညီ ^(SK)

^ကျေးဇူး အစ်ကို ဟိုကောင် ဘာနားထောင်မှာလဲ^(ZN)

^ရပါတယ်ဗျာ^(SK)

^ ဟိုသီချင်းကွာ မင်းမရှိရင် အသက်မရှင်နိုင်ဘူး ဘာဆိုလား^(KK)

^သားကြီး မင်းကွဲနေတာလား^(ZN)

^ အေး ကွဲချင်နေတာ အေ့^(KK)

^ အစ်ကိုရော အဲ့တာပဲနားထောင်မလား ^(ZN)

^အစ်ကိုက ဘာဖြစ်ဖြစ်ရတယ်^

ကိုယ်က မင်းဆိုပြတာ နားထောင်ချင်သူမို့ ဘာပဲ ဖြစ်ဖြစ် ရတယ် ညီ။

^အာ့ဆို ကျွန်တော် မင်းမရှိတဲ့နောက် ဆိုပြမယ်
ခွေးကောင် သေချာနားထောင်^(ZN)

^Omm^

အေးအေးလေးထွက်လာတဲ့ သံစဥ်လေးနဲ့ ညီ့ အသံဟာ သိပ်ကို လိုက်ဖက်လွန်းတယ်

...^မေ့မရသူ စိတ်မှာစွဲ ညခင်းဆည်းဆာလေးပါပဲ
  မင်းလမ်းခွဲသွားတယ်
နှုတ်ခမ်းပါးမှာ တောက်ပအပြုံးနဲ့ ဘာကြောင့်မျက်လုံးများ ငိုကြလဲ နှလုံးသားတွေ ကွဲကြေပြီ
မပြောလဲ သိတယ်

မနက်ခင်းလေးမှာနိုးလာခဲ့ အရင်ဆုံး မင်းကိုလွမ်းပါတယ်
အား ဝမ်းနည်းမိတယ်
ငါ့စိတ်တွေ ထိန်းမရတော့ဘူးကွယ်
အတွေးထဲမှာနှိပ်စက်တာ မင်းပဲ
အိမ်မက်သာ ဖြစ်မယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲ

အို တစ်ယောက်ထဲ မင်းမရှိရင် အသက်မရှင်ဘူးအချစ်ရယ် အချစ်ရယ် မနေ့က ငါသေဆုံးသွားခဲ့
မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် မနေ့က ငါသေဆုံးသွားခဲ့
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ် ဘယ်မှာ လိုက်လို့ရှာမယ်
ကြင်နာသူ မင်းမရှိတဲ့နောက်မှာ

အို တစ်ယောက်ထဲ မင်းမရှိရင် အသက်ရှင်ချင်ဘူး အချစ်ရယ် မနေ့က ငါသေဆုံးသွားခဲ့
မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် မနေ့က ငါသေဆုံးသွားခဲ့

ရှင်သန်ခြင်း အဓိပ္ပါယ် မရှိတော့ပြီကွယ်... ^

သံစဥ်အေးအေးလေးနဲ့ ညီ့အသံက နားထောင်လို့ကောင်းလိုက်တာ....


_______
Zatokhi
16.10.2020

ဒီထဲက သီချင်းလေးက လူတိုင်းသိကြမယ်ထင်ပါတယ်
ဦးငှက်ရဲ့ မင်းမရှိတဲ့နောက် ပါ


Zawgyi











^ကိုအံ့ ဘာတွေတွေးနေတာတုန်း ကျွန်တော်တို့အကုန်ပြီးစီးပြီ ဟိုအကိုရော^(ZN)









တကယ့်ကို ဘုကလန့်ပဲ



^အေးပါကွာ^(SK)


....................................

^ကောင်းခန့်ရော အစ်ကို^





^ ဟုတ်ပြီဗျာ^





























^ကျေးဇူး အစ်ကို^


^ရော့ ညီ ^(SK)


^ရပါတယ်ဗျာ^(SK)



^ အေး ကွဲချင်နေတာ အေ့^(KK)





^Omm^


  မင်းလမ်းခွဲသွားတယ်
မပြောလဲ သိတယ်

အား ဝမ်းနည်းမိတယ်

ရှင်သန်ခြင်းရဲ့ အဓိပ်ပါယျ ဘယ်မှာ လိုက်လို့ရှာမယ်


ရှင်သန်ခြင်း အဓိပ်ပါယျ မရှိတော့ပြီကွယ်... ^



_______
Zatokhi
16.10.2020



© Kun_Zato _Zato_,
книга «F.R.I.E.N.D».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Moon
Part_2
ဟိုကလေးက ဘုဂလန့်မဟုတ်ဘူး ချေနေတာ စကားပြန်ပြောတာတောင် ကျေးဇူးတင်ဆိုတော့ကား🙄
Відповісти
2020-10-18 16:22:31
Подобається