(0) a mistake in my life
(1)father is mad
(0) a mistake in my life
(unicode)
ငါဘယ်နေရာရောက်နေတာလဲ ။ဘာမှမမြင်ရဘူး။ အမှောင်ထုကြီးပဲ ။ အေးလိုက်တာ။အတွင်းထိစိမ့်အောင်အေးလာတယ် ။ငါနှလုံးသားမှာတခုခုပျောက်ဆုံးနေသလိုပဲ။
် "ဟက်" ငါသေသွားပြီပဲ။ငါ​​သေ သွားတာတောင် ဒီလို ဘာမှန်းမသိတဲ့နေရာကိုရောက်နေပါလား။
သူတို့ပျော်ရွှင်နေလောက်ပြီ။ငါတော်တော်တုံးခဲ့တာပဲ။
အေးတယ်။
××××××××××××××
ငါဘယ်အချိန်မ​ှ ဒီအမှောင်ထုထဲကလွတ်မြာက်မှာလဲ။အလင်းရောင်နဲ့သူရဲ့နွေးထွေးမှုကိုတောင် ငါမေ့နေပြီ။
" ဟန်ယွင်" အမှောင်ထုထဲမှ သူရဲ့နာမည်ကိုကြားလိုက်တယ်။
"ဘယ်သူလဲ"
"တစ်စုံတစ်ယောက်ပေါ့"
"ငါဘယ်နေရာကိုရောက်နေတာလဲ"လို့သူမေးလိုက်မိတယ်။ အဖြေမရနိုင်ဘူးလို့တွေးမိပေမယ့်လည်း ရလိုရငြားမေးမိတယ်။
"မင်း ကိုအခွင့်အရေးတစ်ခုပေးမယ်။ ပြန်လည်ရှင်သန်လာဖို့ပေါ့။ဒါပေမယ့် မင်းဇာတ်လမ်းတစ်ပုဒ်ကို အရင်ပြောပြမယ်"
"ဘာဇာတ်လမ်းလဲ"
"မင်းသိလာမှာပါ"ဆိုတဲ့အသံနှင့်အတူ ဦးခေါင်းတစ်ခုလုံးရုတ်တရက်ထိုးကိုက်လာပြီး
ဇာတ်လမ်းတစ်ပုဒ်ကိုမြင်ရလာတယ်။
ဒီဇာတ်လမ်းမှာလည်း ကောင်လေးနာမည်က ဟန်ယွင်ပဲ။ဒီကောင်လေးက မွေးကတည်းကကံကောင်းမှုတွေနဲ့မွေးလာပေမယ့် ဒီကံကောင်းမှုကို သူကိုယ်တိုင် ဖျက်ဆီးခဲ့တယ်။အမှားတစ်ခုကြောင့်မို့။ ဒီကောင်လေးက သူနဲ့တူတယ် ရုပ်ရည်ရော အကျင့်စရိုက်ရော သူကိုယ်တိုင်ပဲလို့တောင်ထင်မိတယ်။
ဒီကောင်လေးရဲ့ ဘဝကိုပျက်စီးစေတဲ့အမှားကလည်း အမျိုးသမီးတစ်ယောက်ကြောင့်တဲ့။ သူနဲ့တူတာပဲ။
"မင်း သူ့ကိုဘယ်လိုမြင်လဲ"
"တော်တော်တုံးတယ်" သူ ခါးသက်သက်ပြုံးလျက် ဖြေလိုက်တယ်။သူနဲ့လည်းတော်တော်တူတာကိုတော့ စိတ်ထဲမှာပဲ ထားလိုက်တယ်။
"မင်းနဲ့မတူဘူးလား"လို့ အမှောင်ထဲက အသံပိုင်ရှင်ကမေးလိုက်တယ်။
"ဒီကောင်လေးက မင်းပဲ" သူပြန်ဖြေတာကိုမစောင့်ဘဲ ဒီအသံပိုင်ရှင်က ပြောလိုက်တယ်။
"ဟက်၊ ငါကတော်တော်တုံးခဲ့တာပဲ"
"မင်း ရဲ့ အရင်ဘဝကိုပြန် မပြင်ချင်ဘူးလား"
.........................................................................
[Zawgyi]
အေးတယ်။
××××××××××××××
"ဘယ်သူလဲ"
"တစ်စုံတစ်ယောက်ပေါ့"
"ဘာဇာတ်လမ်းလဲ"
© Par Par Phyu,
книга «My little husband and so cute when he bullys other.».
Коментарі