Chapter 1
Chapter 2
Chapter 1
🎶သံယောဇဉ်..... သံယောဇဉ်...... လူကို အရူးတစ်ပိုင်း ဖြစ်စေတယ်.....သံယောဇဉ်...သံယောဇဉ်....နေမြင့်လို အရူးရင့်ခဲ့တယ်...ဒီသံယော...ဇဥ်🎶

'Hello'

'အေး ငဘုန်း မင်းမလာသေးဘူးလား ငါစောင့်ရတာကြာနေပြီဟ'

'ငါ ကျောင်းထိပ်ရောက်တော့မယ် ခဏနေတွေ့မယ်'

'အေး အေး ဒါပဲ'

တီ..တီ

ကျွန်တော့်ဘက်က မပြောရသေးခင်မှာပဲ ဖုန်းချသွားတယ် 'ကောင်း' ကအဲ့လိုပါပဲ ကျွန်တော့်ကိုဆို ရှိတယ်လိုတောင် မထင်တာ ဒီကကောင်ကတော့ သူလိုသမျှ လိုက်ဖြည့်ဆည်းနေရတာ စောက်ရူးကြီးကျလို့....ဟက်

' ပိုင်လေး '

' ဘာလဲ '

' မင်းကလည်း ဖြည်းဖြည်းသာသာ ထူးစမ်းပါကွာ '

' မင်းကို အဲ့နာမည် မခေါ်ဖို့ ငါ ဘယ်နှခါ ပြောရမလဲ ကောင်းမြတ်အောင် '

'မင်းကလည်း မင်းနာမည်က ဘုန်းခန့်ပိုင်မလို့ ပိုင်လေး လို့ခေါ်တာလေ ဒါမှမဟုတ် ချစ်လေး လို့ခေါ်ရမလား '

' မင်း! '

' ဟဲ ဟဲ စတာပါကွာ စိတ်လျှော့ ငါ မင်းကို အကူညီတောင်းစရာရှိလို့ '

' ဘာလဲ မြန်မြန်ပြော '

' ဒီလိုကွာ ညနေကျရင် ငါ ဟန်နီသိမ့် နဲ့ ရုပ်ရှင်သွားကြည့်မလို့ အဲ့တာ '

' ဘာလဲ ငါက မင်းကို လာခေါ်ပေးရမှာပေါ့ သေတောင်မရဘူး '

' ဟာ မင်းကလည်း လုပ်ပါကွာ အိမ်က မားသားကြီးက မင်းပါမှ ငါ့ကို စိတ်ချတာလေ လာခေါ်ပါကွာ..နော်...နော်..'

ဒီကောင်ကလေ ကျွန်တော့်ကို နှိပ်စက်မလို့များ မွေးလာတာလား မသိ အခုလည်း သူ့ကောင်မလေးနဲ့ ရုပ်ရှင်သွားကြည့်မလို့ ကျွန်တော်က ရင်နာနာနဲ့ လိုက်သွားပေးရဦးမယ် ကောင်း ကိုချစ်မိတဲ့ ကျွန်တော်ကိုက ရူးတာပါ
ကျွန်တော်လေ ကောင်း ကို ဘယ်ချိန်က စချစ်မိသွားလည်း မသိပေမယ့် သူ့ကို ချစ်မိပြီးဆိုတာ သေချာသွားချိန်မှန်း ကျွန်တော်ဟာ နွံအိုင်ထဲက နွားတစ်ကောင်လိုပါပဲ ဘယ်လောက်ပဲ ရုန်းထွက် ရုန်းထွက် သူ့အပြော သူ့အကြည့် တစ်ချက်မှာ အမြဲခေါင်းငြိမ့်ပြီး နားဖားကြိုးထိုးခံရမြဲပါ

' ပိုင်လေး လို့ နော်...နော် '

' အေးပါကွာ လာခေါ်မယ် ဟုတ်ပြီးလား ညနေ ၅နာရီ အဆင့်သင့်လုပ်ထား '

' ဟဲ ဟဲ ဒါကြောင့် မင်းကို ချစ်နေရတာ '

' ဖွီး..ရွံစရာကြီးကွာ ရုပ်ကြမ်းကြီးနဲ့ လာနွဲ့နေတယ် '

' ဟား ဟား အခု ငါ သွားစရာရှိသေးတယ် လစ်ပြီ '

' ဟာ ဟရောင့် ဘယ်သွားမလို့လဲ '

' ငါ့ဟန်နီဆီလေ bye '

လိုချင်တာ ရသွားတာနဲ့ ကျွန်တော့်ကို ထားပြီး ထွက်သွားပြန်ပြီ ငါကလည်း ငါပဲ ခုထက်ထိ စိတ်မှတ်မရှိသေးဘူး

' အန်တီရေ အန်တီ '

' ဟယ် သားပိုင်လေး လာ လာ  အိမ်ထဲဝင်လေ '

' မဝင်တော့ဘူး အန်တီမြတ်  ကောင်းနဲ့ အပြင်သွားမလို့ ဒီကောင်ကို လာခေါ်တာ '

' ဟုတ်တယ် မားရေ သား ငဘုန်းနဲ့ မုန့်သွားစားမလို့  မား ဘာမှာဦးမလဲ '

' ဘာမှမမှာတော့ဘူး သားတို့ သွားရင် ဆိုင်ကယ် သေချာမောင်းကြနော် '

' ဟုတ်ကဲ့ အန်တီမြတ် '

' ဟျောင့် ငဘုန်း JCGV နော် '

'အေးပါကွ '

*******************************

' သဲ စောင့်ရတာ ကြာသွားပြီးလား '

' မကြာသေးဘူး မောင်ရဲ့ သဲလည်း ခုမှ ရောက်တာ '

' ok မောင် လက်မှတ် သွားဝယ်လိုက်ဦးမယ် ခဏ ဟိုဟာလေ ဘုန်း '

' အင်း ပြောလေ '

' အခု ငါတို့ ရုပ်ရှင်ကြည့်မယ်မလား အဲ့တာ ငါတို့ ၂ယောက်တည်း..အဲ့..တာ..'

ကျွန်တော် သိပါတယ် ကောင်း မလိုက်စေချင်တာ ဒီကကောင်ကလည်း သူ မျက်နှာတစ်ချက် ပျက်တာ မလိုချင်တော့ ရင်နာနာနဲ့ ရှောင်ပေးလိုက်ပါ့မယ်

' ရုပ်ရှင် ပြီးရင် ဖုန်းခေါ်လိုက် ငါ မုန့်သွားစားလိုက်ဦးမယ် '

' မင်း တစ်ယောက်တည်း အဆင်ပြေပါ့မလား '

ဟင့်အင်း မပြေဘူး ခုချိန် ငါ့ရင်ထဲ ဘယ်လောက်တောင် ကြွေကွဲနေလဲဆိုတာ မင်းသိလား ဒီစကားတွေကိုတော့ ကျွန်တော် စိတ်ထဲမှာပဲ ပြောလိုက်ပါတယ် အပြင်မှာတော့ ထုတ်မပြောပင်မယ်လို့ပေါ့

' မင်းကလည်း ငါ ယောကျာ်းပါကွ '

' အေး အဲ့တာဆိုလည်း ငါတို့ သွားပြီ '

ပြောပြီးတာနဲ့ လှည့်ထွက်သွားသော ကျွန်တော့်ရဲ့ ကောင်း သူကတော့ ပျော်နေပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ဆူးပန်းတွေ ပွင့်နေတယ်ဆိုတာ သူ ဘယ်သိပါ့မလဲ

ဒီနေ့လည်း ကျွန်တော် မျက်ရည်တွေကို အဖော်ပြုရဦးမှာပေါ့

Zawgyi


'Hello'


































*******************************














© Moon ,
книга «သံယောဇဉ်».
Коментарі