Chapter 1
Chapter 2
Chapter 2
Unicode

' Hello '

' ဘုန်း '

ဒီအသံ ကျွန်တော် ကောင်းကောင်းသိတာပေါ့ ကျွန်တော့်ကို ဒီလိုမျိုး ခေါ်တတ်တာ နှစ်ယောက်မရှိတဲ့ငယ်သူငယ်ချင်းလေး သော်ခန့်

' ဟမ် မင်း...မင်း....သော်ခန့် မလား ဟျောင့် '

' ဟား..ဟား... ဟုတ်တယ် ငါ သော်ခန့် '

' ဒါနဲ့ နေစမ်းပါဦး မင်း ငါ့ဖုန်းနံပါတ် ဘယ်လိုသိလဲ '

' အဲ့တာ ငါ နောက်မှပြောပြမယ် အခုငါ့ကို Airport မှာလာကြိုပေးနိုင်မလား '

' ဟမ် အော် အေး အေး ခဏစောင့် ငါ မြန်မြန်တော့ လာခဲ့မယ် '

' ok '

သော်ခန့်နဲ့က မူကြိုတည်းက ပေါင်းလာတာ အခုချိန်ထိပဲ ကောင်း ပြီးရင် သူ့ကိုအခင်ဆုံး
ကောင်းနဲ့က အထက်တန်းနောက်ဆုံးနှစ်မှာသူငယ်ချင်းဖြစ်ကြတာ မှတ်မှတ်ရရ အဲ့တုန်းက ငသော့်မိဘတွေဆုံးလို့ U.S မှာနေတဲ့ သူ့အဘွားက ငသော့်ကို ကျောင်းလာတတ်ဖို့ခေါ်ရင်း ကျွန်တော်လည်း သော်ခန့် မရှိတော့လို့ ကျောင်းပြောင်းတာပေါ့ ပထမဆုံးကျောင်းတက်တဲ့နေ့မှာ ကျောင်းကားပေါ်မှာ အိမ်မြှောင်တွေ့လို့ ထခုန်တာ အနောက်မှာ ကောင်း ရှိနေတာ မတွေ့ပဲ သူ့ပေါ်ပြုတ်ကျတာ သူ့ပုဆိုးစကိုတက်နင်းထားတာမသိတော့ ရုတ်တရက်ထရပ်လိုက်တာ ကောင်းရဲ့ပုဆိုး ကွင်းလုံး ကျွတ်ကျတာ အဲ့တုန်းက အဲ့ကောင် ရှက်ကိုးရှက်ကန်းနဲ့ ကျွန်တော့်ကို လက်သီးစာ ကျွေးလိုက်တာ တစ်ပတ်လောက် ကျောင်းမတက်နိုင်ပဲ ဖြစ်သွားတာလေ ဟား...ဟား..
နောက်တော့ သူ့မိဘတွေနဲ့ အိမ်တိုင်ရာရောက် လာတောင်းပန်တာ အဲ့တာနဲ့ ကျွန်တော်တို့ သူငယ်ချင်း ဖြစ်ခဲ့ကြတာ

' ဘုန်း '

' ဟာ သော်ခန့် မင်း... မင်းကွာ ချောလာလိုက်တာ  ငါတောင် မမှတ်မိဘူး '

ရုတ်တရက် ဆွဲဖက်လိုက်တော့ သော်ခန့်ရယ်လေ အင်းပေါ့လေ မတွေ့တာ ကြာပြီဆိုတော့
ဒီကောင် ဖတ်တာ အရေးမကြီးဘူး ဖက်ခံထားရတဲ့ ကျွန်တော်က အီးထွက်ပြီးသေတော့မယ် သူ့ bodyမှ အားမနာ အရပ်ကလည်း ၆ပေကျော်လောက်ရှိမယ် ၅ပေ ၈လက်မ ရှိတဲ့ ကျွန်တော်တောင် သူနဲ့ယှဥ်ရင် သိမ်ငယ်သွားသလို

' အေ ငါက အရင်လိုမဟုတ်တော့ဘူး မင်းသာ ကျောင်းတုန်းကလို အရပ်မထွက်လာပဲ ဖြူလုံးလေး ဖြစ်နေတာ '

ကျောင်းတုန်းက အသားညိုညို မျက်မှန်နဲ့ ဆံပင်ဘေးခွဲကောင်က အခုတော့ ချောလာတော့ ပြောအားရှိတာပေါ့ ကျွန်တော်ကသာ အရပ်လေး မဆိုသလောက်ရှည်လာတာက လွဲရင် ဒုန်းရင်းက ဒုန်းရင်းပဲ

' မင်းကလည်း ငါ့ကိုဆို ဖဲ့ဖို့ပဲ အော် ဒါနဲ့ မင်း ငါ့အိမ်မှာပဲ တည်းမှာမလား အထုပ်တွေ စုံပြီးမလား '

' အေ စုံပြီ သွားရအောင် '

' ပိုင်လေး '

ငယ်သူငယ်ချင်းနှစ်ယောက် တစ်ယောက်ပုခုံး တစ်ယောက်ဖက်ရင်း စကား တပြောပြောနဲ့ airport ကထွက်ခါနီး အနောက်ပါးမှ သြရှရှအသံတစ်ခု ဒီအသံ ဘယ်သူဆိုတာ မပြောရလောက်အောင် ကျွန်တော့်နှလုံးသားက စွဲသိနေပြီ

' ကောင်း မင်းက ဒီကို ဘယ်လို ရောက်လာတာလဲ '

' ဟန်နီ့မိဘတွေ Japan ကပြန်လာမယ်ဆိုလို့ လာကြိုတာ '

ကောင်း ပြောမှ ကျွန်တော် သတိထားမိတာ ကောင်း ဘေးမှာ လက်ကိုတွဲရင်း ပြုံးပြနေတဲ့ ဟန်နီသိမ့် တဆိတ် ကျွန်တော်ပဲ ထင်မိတာလား သူမက ကျွန်တော့်ကို လှောင်ပြုံးနဲ့လေ

' အော် ဟန်နီသိမ့်လည်း ပါတာပဲ မတွေ့လိုက်လို့နော် Sorry '

' ရပါတယ် ကိုဘုန်းရဲ့ အဟင်း...ဟင်း.'

' ပိုင် သူက.... '

' သူက ငါ့သူငယ်ချင်း ဒီနေ့မှ U.S ကပြန်လာတာ '

' မင်းသူငယ်ချင်းသာဆိုတာ ငါတောင် မသိရပါလား '

' ဟုတ်တယ် ကျွန်တော်က U.S မှာ နေတာကြာပြီလေ ဘုန်းနဲ့ အဆက်သွယ် ပြတ်နေတော့ ခုမှ ပြန်တွေ့ရတာ '

' အော် ဒါဆို ငါတို့ သွားပြီ လေယာဥ်ချိန်နီးနေပြီး '

' အင်း '

' သွားမယ် ဘုန်း မင်းကား ဘယ်မှာလဲ '

' ဟမ် ဟင် ငါ့နောက် လိုက်ခဲ့ '

ကားစီးလာတဲ့ တစ်လျှောက်လုံး တိတ်ဆိတ်နေတဲ့ ဘုန်း ခုနက သူငယ်ချင်းဆိုတဲ့ကောင်နဲ့ သူ့ကောင်မလေး တွဲထားတဲ့လက်ကို ကြည့်ပြီး မျက်နှာပျက်နေတာ ကျွန်တော်သိသားပဲ အဲ့ဒါကြောင့် မြန်မြန်ဆွဲခေါ်လာတာ မဟုတ်ရင် ငိုတော့မယ့်ရုပ်နဲ့

' ဘုန်း မင်း အဆင်ပြေလား '

' အင်း ပြေပါတယ် '

' ok မပြေရင် ငါ့ကိုပြော ကြိတ်မခံစားနဲ့ '

' အင်း ငါ တချက် မှေးဦးမယ် အိမ်ရောက်ရင်ပြော '

'  ok '

Zawgyi

' Hello '

' ဘုန်း '







' ok '


' ဘုန်း '






' အေ စုံပြီ သွားရအောင် '

' ပိုင်လေး '







' ပိုင် သူက.... '





' အင်း '




' ဘုန်း မင်း အဆင်ပြေလား '

' အင်း ပြေပါတယ် '



'  ok '
© Moon ,
книга «သံယောဇဉ်».
Коментарі