Intro
Part(1)U+Z
Part(2)U+Z
Part(2)U+Z

unicode
အချိန်မူကား သန်းခေါင်ပင်ကျော်နေချေပြီ...
မွန်းတည့်တစ်ယောက်
တစ်ညလုံး ကောင်းကောင်းမွန်မွန် မအိပ်ရသေးချေ...

အကြောင်းမူကား
မိမိတိုက်ခန်းသို့ပါလာသော
လူငယ်ကောင်လေးကြောင့်ပင်...
မိမိကြောင့်ခေါင်းပေါက်သွားလေသူအား
ဆေးခန်းသို့လိုက်ပို့ပေးကာ
ဆေးဖိုးဘာညာကိုယ်ကသာအကုန်ရှင်းခဲ့လေသည်...
ဘယ်မှာနေတာလည်းပြောလိုက်ပို့ပေးမည်ဟု
ဟုဆိုလိုက်တော့ အဆောင်နေတာပါတဲ့
ခုချိန်ဆိုအဆောင်ကပိတ်နေပြီမို့ပြန်လို့မရပါဘူးတဲ့လေ
အာ့ဆိုအိပ်လိပ်စာပေးဟုပြောပြန်တော့
အိမ်လိမ်စာပဲချက်ချင်းမေ့သွားပြန်ရော...
နောက်ဆုံး ကိုယ့်တိုက်ခန်းလာပြီးသောင်တင်နေသည်...
တစ်ယောက်တည်းမို့
အိပ်ခန်းကိုတစ်ခန်းသာပါပြီး ဧည့်ခန်း ရေချိုးခန်း
မီးဖိုချောင် အိမ်သာ စသည်တို့ကျယ်ဝန်းသည်ကို
အဓိကထားကာ ဤတိုက်ခန်းကိုဝယ်ခဲ့ခြင်း
ခုတော့ကောင်းလေစွ...
ကိုယ့်အိပ်ခန်းသူ့ပေးပြီး ကိုယ်ကဧည့်ခန်းကဆိုဖာပေါ်မှာ..

တစ်ယောက်တည်းကြောက်ပါသည်ဟုဆိုလာသောကြောင့်
အိပ်ခန်းတံခါးကိုမပိတ်ဘဲဖွင့်ထားရသေးသည်.....
ကိုယ်အိပ်နေတဲ့ဆိုဖာကနေ ကုတင်ပေါ်ကသူ့ကို
အတိုင်းသားလှမ်းမြင်နေရသည်..

"သားလေး ပါးပါးကသားလေးကိုလွမ်းနေပြီ...''
မွန်းတည့်သူ၏ကုတင်အားကြည့်ကာပြောနေခြင်းပင်

ညက လူကအစားကလည်းမစားရသေး
အိပ်ချင်သော်ငြားလည်းအိပ်၍မပျော်တာကြောင့်
မိမိကုတင်ပေါ်တွင်ဆန့်ဆန့်ကြီးအိပ်ခါ
ဟောက်နေသော ထိုလူသားအားကြည့်ကာ
ကုတင်ပေါ်က ကန်ကန်ချပစ်ချင်စိတ်ကတစ်ဖွားဖွား
ပေါ်လာသည်.....
ကွဲနေသောခေါင်းကို ထပ်ကွဲအောင်ရိုက်ချင်လောက်အောင်
စိတ်အစုံတို့ကဒေါသရိပ်လွှမ်းလာပြန်လေသည်...

"ဟူး...စိတ်ကိုလျှော့ မွန်းတည့်မှူးငယ်
မနက်ကျ သူပြန်ရတော့မှာ....
ဒီတစ်ညပဲသည်းခံလိုက်...ဒီတစ်ညပဲ....''ကိုယ့်ကိုကိုယ်
စိတ်လျှော့စေလိုက်ရင်းမျက်လုံးတို့ကိုအတင်းမှိတ်ကာ
အိပ်စက်ရန်ဦးတည်လိုက်၏...

နောက်နာရီဝက်ကျော်ကျော်လောက်မှာတော့
မွန်းတည့်မှူးငယ် တစ်ယောက်ဟောက်သံ ရေးရေးလေးထွက်ခါ အိပ်ပျော်သွားလေတော့သည်......

.................

"အင်း.....ဝှား....''
"အိပ်လို့ကောင်းလိုက်တာ.....''ဟုညည်းလိုက်ရင်း
ခွန်းတစ်ယောက်နိုးလာလေသည်....
နောက်မှ အခန်းထဲကိုဝေ့ဝဲကြည့်မိတော့
"အော်....ငါဦးအခန်းထဲရောက်နေတာပဲ..."

ဦးဆိုကာမှ ဘေးကိုကြည့်လိုက်တော့
ဦးကိုမတွေ့...အခန်းထဲကထွက်လာကာ
မျက်လုံးကစားပြီးကြည့်လိုက်တော့ ဆိုဖာပေါ်မှာ
ကွေးကွေးလေးအိပ်နေသော....ဦး.....

"ဦး....ဦးငယ်....ဦးငယ်လို့...
ထ..ထတော့ဗျာ....''

ထိုအခါ''အင်း.....အဲ...''ဖြင့်ဦးငယ်ကနိုးလာလေသည်...

မွန်းတည့် တစ်ယောက်ယောက်ကနှိုးနေသံကြားလို့
အိပ်ပျော်ရာမှာနိုးလာပြီး မျက်လုံးဖွင့်ကြည့်မိတော့
တွေ့လိုက်ရသည်က အသားအရေနုနယ်ချောမွတ်ပြီး
နတ်သားဟုပင်ထင်မှတ်ရလောက်အောင်
ချောမောခန့်ညားလှသည့် မျက်နှာတစ်ခု...
နဖူးပေါ်သို့နီညိုရောင် ဆံပင်တို့ကဝဲကျလျက်...

မျက်ခုံးမွေးမထူမပါးခပ်ရှည်ရှည်နှစ်ခုက
သွယ်သွယ်လေးနှင့်ယောကျာ်းဆန်လှသည်
မျက်တောင်ရှည်တို့ကလည်း စင်းစင်းစိပ်စိပ်လေး
မျက်လုံးကလည်း မျက်ကပ်မှန်မကူပါဘဲအညိုရောင်ရှိနေသည်
ဖြောင့်စင်းသောနှာတံ အောက်က
မရယ်မပြုံးနှုတ်ခမ်းတစ်စုံမှာ ဆိုးဆေးကူခြင်းမရှိ..
ပင်ကိုရဲထွေးထွေးအရောင်နှင့် နှုတ်ခမ်းတို့အားကြည့်ကာ
မွန်းတည့် အာခေါင်တွေခြောက်ခါ ရေဆာလာသည်....

ခွန်းတစ်ယောက် သူ၏မျက်နှာကိုအသေအချာ
အကဲခတ်နေသော ဦးငယ်အားကြည့်ကာ
အတော်ပင်သဘောခွေ့နေတော့သည်...
""""ကျနော့်ရဲ့ချောမောမှုအောက်မှာ
ဦးငယ်ကျရှုံးလေစ...'''''''

"ဦးငယ်..ကြည့်လို့ဝရင်လဲထတော့
ဗိုက်ဆာနေပြီ မုန့်သွားစားရအောင်လေဗျာ...
နောက်လဲကြည့်လို့ရတာပဲကို''
ခွန်း ကခပ်မြူးမြူးရွတ်နောက်နောက်လေးပြောလိုက်တော့
ဦးဆီမှမထင်မှတ်ထားသောအသံတစ်သံထွက်လာလေသည်..

"ဘောကိုကြည့်ရမှာလား...ဘောကို ဦးနေလိုက်
ငါ့အသက်၂၅ကွ၃၅မဟုတ်ဘူး...''

"ဟား...ဟား....ဦးကလည်း..ကျနော်ကခုမှ
၁၉နှစ်ရှိသေးတယ် မသိဘူးဦးလို့ပဲခေါ်မယ်....''

"ထားတော့ ခေါ်ချင်သလိုသာခေါ်တော့
နောက်တွေ့ဖို့ရာမဖြစ်နိုင်လို့ ထားလိုက်တော့မယ်...''ဟု
ပြောရင်း မျက်နှာသစ်အဝန်အစားလဲရန်ထွက်ခဲ့တော့သည်..

နောက်မှကျန်တဲ့တယ်ကောင်လေးကတော့
ခပ်ရေးရေးလေးပြုံးကာ
''စိတ်ချ ဦးနဲ့ကျွန်တော်နဲ့
နောင်လည်း တွေ့ကိုတွေ့ရအုံးမှာ...ဦးက ကျွန်တော့်အပိုင်ဖြစ်လာတဲ့အထိ....ဟင်း..ဟင်း..''ဟု
တိုးတိုးရေရွတ်လိုက်သည်....

ခနကြာတော့ မွန်းတည့်မျက်နှာသစ်အဝတ်အစားလဲကာ
ထွက်လာလေတော့ တွေ့လိုက်ရသည်က...
"မင်း...မင်း...ငါ့အကျီတွေယူဝတ်ထားတာလား...''
ထိုကောင်လေးသည် သူဖြင့်ကြီးနေသောကြောင့်
မဝတ်ဘဲသိမ်းထားသည့် ရှပ်အကျီလက်ရှည်နှင့်
ဘောင်းဘီအပျော့သားအရှည်တို့ကို စမတ်ကျစွာ
ဝတ်ဆင်ထားလေသည်...
ကိုယ်နဲ့မတော်တဲ့အကျီကသူနဲ့တော်နေတဲ့အပြင်
သူဝတ်လိုက်လို့လား မသိ နဂိုကထက်ကြည့်၍လှသည်...

"ဟုတ်တယ်ဦး...ကျွန်တော့်အဝတ်တွေကအနံ့ထွက်နေပြီ
ခနယူဝတ်ထားတာ...ဦးအဝတ်တွေထဲကျွန်တော်နဲ့တော်တာ
ဒီဟာပဲရှိတယ်...''ဟုဆိုရင်း လက်ကလည်း
အကျီနှင့်ဘောင်းဘီစတို့ကိုကိုင်ပြကာပြောလေသည်....

နဂိုထဲက အမြင်မကြည်သည့်အတွက်ကြောင့်
မွန်းတည့်တစ်ယောက် ထိုကောင်လေးအား
ညစ်ပတ်ချင်စိတ်ကလေးက ဖြစ်ပေါ်လာသည်....
ထို့ကြောင့်..
"မင်းဝတ်ချင်လဲဝတ်ပေါ့
အဲ့အကျီကငါ့သူငယ်ချင်းလာတုန်းကပေးဝတ်ထားတာ
အဲ့ကောင်က ပွေးပေါက်နေတာမလို့
ငါတောင်ပြန်မဝတ်ဘူး..မင်းဝတ်ချင်ရင်တော့ဝတ်ပါ..''

မွန်းတည့်စကားပင်မဆုံးလိုက်
ထိုကောင်လေးမှာ...''အား...ဟာဗျာ...''ဟုအော်ရင်း
အကျီကိုအမြန်ချွတ်ခါ ရေချိုးခန်းထဲသို့ပြေးလေသည်...

"ဟော...မုန့်သွားစားမယ်ဆို
ရေချိုးခန်းထဲဘာဝင်လုပ်ပြန်တာလဲ...''

"ရေချိုးမလို့ပေါ့ဗျ....တော်ကြာ ကျွန်တော့်ကို
ပွေးတွေကူးကုန်ရင်ဘယ်လိုလုပ်မလဲဗျ...နောက်ပြီး ဦးငယ်
ကျွန်တော့်ဖို့အဝတ်ကလေးထုတ်ပေးထားပါအုံးဗျာ...
ဝတ်စရာမရှိလို့ပါဗျ...''

"ဟားဟား..ဟား...အေး ငါမင်းနဲ့.
တော်လောက်မယ့်ဟာ ထုတ်ပေးထားမယ်...''

"Thank' ဦးငယ်...''
အမှန်တော့ ထိုကောင်လေးရေချိုးခန်းထဲပြေးဝင်ကာ
ရေချိုးသည်ဆိုသည်မှာ မွန်းတည့်မမေးလဲသိသည်...
တမင် မသိချင်ယောင်ဆောင်ကာ မေးလိုက်ခြင်းပင်..

....
ခွန်း ရေချိုးပြီးထွက်အလာမှာတော့ ကုတင်ပေါ်တွင်
တွေ့လိုက်ရသော အဝတ်ကြောင့်အသံပင်မထွက်နိုင်တော့..

ဦးကသူ့ကိုထုတ်ပေးထားသည်မှာ အဝါနုရောင်ပိုးသား
ညဝတ်အကျီကိုမှ pokemon ရုပ်လေးတွေနှင့်
ကလေးဆန်ဆန်အကျီတစ်စုံသာ...

ခွန်း ဗီဇအတိုင်းသာဆိုလျှင် ထိုသို့သော
ကလေးကလား အကျီများကိုဆုတ်ဖြဲပစ်ပြီးသား
ဖြစ်သော်လည်း ယခုအခါတွင်တော့ ဦးငယ်ထုတ်ပေး
ထားသည်မို့ ဝတ်လိုက်သည်....

"ဟိုကောင်လေး...မပြီးသေး......ခွီး...ဟားဟား...''
မွန်းတည့် အခန်းထဲသို့ဝင်ကာ ထိုကောင်လေးအား
လာခေါ်ခြင်းဖြစ်သော်လည်း မြင်လိုက်ရတဲ့ ပုံစံကြောင့်
ဟန်မဆောင်နိုင်ရယ်မိလေသည်....

"ဘာလဲဦးငယ် ကျွန်တော်ချောလွန်းနေလို့
ကြွေသွားတာလား...
ဖြေးဖြေးကြွေနော် ကျွန်တော်ကဦးငယ်ကို
တဖြေးဖြေးချင်း ခြွေမှာမို့...''

"လာစမ်းပါကွာ ကိုယ့်ကိုကိုယ်အထင်ကြီးလိုက်တာလည်း
လွန်ရော..လာ မုန့်သွားစားမယ် နောက်ပြီးမင်းအိမ်ကို
လိုက်ပို့မယ်...
အော် မလိုက်ပို့ခင် ဆေးခန်းမှာခေါင်းပတ်တီးအသစ်
ဝင်လဲကြမယ် ဟုတ်ပြီလား..''

"ဟုတ်...ဦးငယ်..
""
နှစ်ယောက်သား ရှမ်းဆိုင်လေးတစ်ခုသို့သွားရောက်ခါ
ရှမ်းခေါက်ဆွဲကို မှာယူစားသောက်ကြသည်....

"ဦးငယ်...ကျွန်တော် ဒါစားပြီးရင်
Marketထဲသွားပြီး မုန့်ဝယ်ချင်သေးတယ်
လိုက်ပို့ပေးနော်...''

"အေး ပြီးရော..''

"ဦးငယ် ကျွန်တော့်နာမည်သိလားဗျ...''

"ဟမ်....အဲ မသိဘူး...
နေပါစေတော့ နောက်လည်းတွေ့မယ့်သူတွေ
မဟုတ်ဘူး မသိလည်းဖြစ်တယ်...''

"ကျွန်တော့်နာမည်က ခွန်းလရောင်လွှမ်း
မှတ်ထားနော် ဦးငယ်...''

"အင်း...''
ထို့နောက် စကားဝိုင်းလေးကာ တိတ်ဆိတ်သွားကာ
အစားအသောက်များကိုသာ အာရုံတစိုက်စားနေ
ကြတော့သည်...

စားသောက်ပြီးစီးသည်နှင့်
24 hours Supermarket ထဲသို့သွားကာ
မုန့်ဝယ်ချင်သေးသည် ဆိုသော ကောင်လေးကြောင့်
မုန့်ဝင်ဝယ်ရသေးသည်....
ကိုယ့်အိမ်မှ ဘာစားစရာမှ မရှိတော့သော
ရေခဲသေတ္တာကိုပါသတိရသွားသဖြင့် လိုအပ်တာတွေပါ
တစ်ခါထဲ ဝယ်ခဲ့လိုက်သည်....

ဆေးခန်းသို့လည်းဝင်ကာ မိမိကြောင့်
ခေါင်းကွဲသွားလေသော ခွန်းလရောင်လွှမ်းအား
ပတ်တီးအသစ်လဲဆေးထည့်စေပြီးသည့်အခါမှာတော့
သူ၏ အိမ်သိို့လိုက်ပို့လိုက်သည်....

"ခွန်းလရောင်လွှမ်း...
မင်းပြောတဲ့လိပ်စာက ဟုတ်ရောဟုတ်လား...''
မွန်းတည့် ထိုကောင်လေးပြောပြလေသော
လိပ်စာအတိုင်း taxiဖြင့်လိုက်ပို့လေရာ
တွေ့လိုက်ရသော နေရာကြောင့် အံ့သြကာမယုံသက်ာဖြင့်
မေးမိသည်.....
အလွန်ကြီးမားပြီး တစ်သီးတစ်ခြား ရှိနေလေသော
ခြံကြီးထဲ၏ ခန့်ညားထည်ဝါလေသော အိမ်ကြီးကို
တွေ့လိုက်ရသောကြောင့်ပင်....

"ဟာ..ဦးငယ်က နောက်နေတယ် ထင်လို့လား...''

"ဟုတ်ရင်လည်းပြီးရော ငါပြန်တော့မယ်..
မင်းလည်းအထဲဝင်တော့...
အော်...ဒါနဲ့ ခေါင်းတွေဘာတွေမလျှော်နဲ့အုံးနော်..
ရော့ ဆေးတွေ....''

"ဟုတ်...ဦးငယ်က စိတ်ပူနေတာလား..''

"ဝေးသေး...
ငါလုပ်လို့ဖြစ်သွားတဲ့ကိစ္စအတွက် တာဝန်သိတာလို့
ခေါ်တယ်......''

မွန်းတည့်စကားကြောင့် ခွန်း မျက်နှာကြီးရှုံ့သွား
လေတော့သည်....
"ဘယ်လိုတွေတောင် ဒဲ့ကြီးပြောချလိုက်တာလဲ...''

"ကဲ ငါပြန်ပြီ...''

"ခနခန ဦးငယ် အိမ်ထဲဝင်ပါအုံးဗျ
ဦးငယ် အကျီလည်းတစ်ခါထဲပြန်ပေးလိုက်ချင်လို့...''

"ရတယ် မဝင်တော့ဘူး
အကျီကတော့ ပြန်မပေးပါနဲ့ မင်းနဲ့လိုက်တယ်
ယူထားလိုက်...ကဲ ငါသွားပြီ... ဘိုင့်..''
ဟုဆိုကာ taxiပေါ်အမြန်တက်ပြီး ထွက်သွားလေတော့သည်.....

"ဟူး....ဦးငယ်က မလွယ်ကြောပဲ..
ဟ နေပါအုံး ငါကဘာလို့ အတည်ပေါက်ကြီး
လိုက်ခံစားနေတာလဲ.....
ဟူး....မဖြစ်သေးဘူး ခနနေကျရင် ဆူဇီလေးနဲ့ချိန်း
ပြီး ပျော်ရမယ်...''

.........................................................

မွန်းတည့် မိမိတိုက်ခန်းသို့ပြန်ရောက်သည်နှင့်
ဝယ်လာသော စားစရာ အထုတ်ကြီးငယ်အသီးသီးနှင့်
အသီးအရွက်တို့ကို ရေခဲသေတ္တာထဲသို့အစီအရီ
ထည့်ထားလိုက်သည်....

ဒီနေ့တော့ မွန်းတည့် ကိုယ့်ဘာသာချက်ပြုတ်စားချင်စိတ်
လုံးဝမရှိ...
ထို့ကြောင့် သူငယ်ချင်းဖြစ်သူအား အပူကပ်ရန်
ဖုန်းဆက်လိုက်တော့သည်....

"ဟဲလို....မွန်းတည့်...
မင်းကလည်း ခုမှပဲဖုန်းဆက်တော့တယ်ကွာ
ငါမင်းကို စိတ်ပူနေတာ...
ဟိုကောင်လေးရော ဘယ်လိုလဲ....''
ဖုန်းဝင်သည်နှင့် တန်းကိုင်ကာ စကားတွေ
တရစပ် ပြောလိုက်မေးလိုက် လုပ်နေသည့် မဟာ မှာ
မွန်းတည့်အတွက်အစ်ကိုတစ်ယောက်ပမာ....

"အင်း...သူအဆင်ပြေတယ်...
ညကတော့ အိမ်မှာအိပ်တယ်... ခုတော့
သူ့အိမ်ကိုပြန်လိုက်ပို့လိုက်ပြီ...''

"အာ...အေးပါ...ဒါနဲ့ ခုငါ့ကို ဖုန်းဆက်ရတဲ့
အကြောင်းအရင်းလေး ပြောပါအုံး...''

"အာ....ဟီး..ဟီး...မဟာ...သူငယ်ချင်း''
လေပြေသွေးကာ တဟီးဟီးလုပ်လျက် စကား
ဆိုလာသော မွန်းတည့်အား မည်သည်ကိုပြောတော့
မည်မှန်း မဟာရိပ်မိပါသည်...
ပိတ်ရက်တိုင်း သူ့အား ဟင်းချက်ကျွေးရသည်မှာ
မဟာ၏ တာဝန်တစ်ခုနှယ်....
အစားသရမ်းတတ်သော ကောင်ဆိုးလေးအား
စိတ်ပူရသည်မို့ မဟာသည်လည်းဤတာဝန်ကို
ကျေကျေနပ်နပ်သာလျှင် ခံယူထားသည်....

"ကဲ....ခင်ဗျား ဘာပြောမလဲဆိုတာ ကျွန်တော်မျိုးက
သိပါတယ်ဗျာ...ဟင်းချက်ကျွေးရမယ်..ဟုတ်လား..''

"အေး..သူငယ်ချင်းလေး..
ငါက မင်းလက်ရာလေးကိုလွမ်းနေတာ...''

"အေး..အဲ့လိုပြောပြီး ညာစားပေါင်းများပြီ...''

"မဟာကလည်း...''
ခပ်ဆူဆူ အသံလေးအားကြားလိုက်ရတော့လည်း
မနေနိုင်သူမှာ မင်းမဟာပင်....
ချစ်ရသူ မျက်နှာတော်ညှိုးသည်မပြောနှင့်
အလိုမကျ ဖြစ်သော အသံကိုပင် သူမခံစားနိုင်
ထို့ကြောင့် မစတော့ဘဲ သဘောတော်ကျသာ
ပြောလိုက်တော့သည်....

"ကဲ...အစ်ကိုတော်...စိတ်ဆိုးတော်မမူပါနဲ့ဗျာ...
ကျွန်တော်မျိုးအမြန်ဆုံးနည်းနဲ့ ကားစီးပြီး လာပါပြီ
တဲ့ဗျာ...''

"ဟဲ..ဟဲ...ဒါမှ...ငါ့ရဲ့မဟာလေး....''

တစ်ဖက်မှ ဖုန်းချသွားသည့်တိုင် ဖုန်းအားစကား
ပြောနေသည့်ပုံစံနှင့်သာ ယောင်နနကိုင်ထားမိသည်မှာ
မဟာပင်.....
မွန်းတည့်ပြောခဲ့လေသော..''ငါ့ရဲ့ မဟာလေး..''
ဟူသော စကားကိုသာအထပ်ထပ်ကြားယောင်လျက်...

"ဟုတ်တယ်...မွန်းတည့်... ငါကမင်းရဲ့မဟာ...
မင်းကလည်းငါ့ရဲ့မွန်းတည့်ပဲ ဖြစ်ပေးရမယ်....''

ပြတ်သားသော စကားတစ်ခွန်းကို ခပ်တိုးတိုးရေရွတ်လျက်
ကားသော့အားယူကာ နှလုံးသားသခင်ရှိရာသို့ အပြေးနှင်ရ
ပြန်လေသည်.....

တိုက်ခန်းသို့ရောက်လေတော့ ကိုယ်တော်ချောက
ဆိုဖာပေါ်မှာ ဇိမ်နဲ့လှဲကာ အိပ်ပင်ပျော်နေချေတော့သည်..
TV ကိုလည်းဖွင့်လို့ ရေခဲမုန့်ဗူးကြီးမှာလဲ တစ်ဝက်ပင်
ကျိုးနေချေတော့သည်....

အသက် ၂၅ ဆိုသည်မှာ ဘုရားစူးကျိန်ပြရမည်..
အခုထိ မရင့်ကျက်ဘဲ အပြုအမူတိုင်းမှာ ပီဘိ
ကလေးတစ်ယောက်နှယ် ဖြစ်သော မွန်းတည့်မှာ
မဟာ့အတွက်တော့ တစ်ဦးတည်းသော
အဖိုးတန် သက်ရှိရုပ်ကြွင်းလေးတစ်ခုနှယ်.....

အိပ်ပျော်နေသော လူကြီးပေါက်အား
မနှိုးတော့ဘဲ မဟာ မီးဖိုဆောင်သို့သာဝင်ကာ
ဟင်းချက်ရန် စီစဥ်လိုက်တော့သည်......
လိုအပ်သည်တို့ကို မိမိမှာဝယ်စရာမလိုပေ...
အစားကြိုက်သော မောင်မွန်းတည့်မှူးငယ်မှာ
ရေခဲသေတ္တာထဲ အစားအသောက်ပြတ်သည်နှင့်
အပြည့်ပြန်ဖြည့်ထားတတ်သောကြောင့်ပင်......

ငယ်ငယ်က မိခင်နှင့်အတူ ပျော်ရွှင်စွာ
ဟင်းချက်ဖူးခဲ့သမျှမှာ ယခုတော့ဤလူသားလေးအား
ချက်ပြုတ်ကျွေးမွေးရာတွင် အထောက်အကူကောင်း
တစ်ခုဖြစ်နေတော့သည်......

မင်းမဟာ တစ်ယောက်ထဲ ဟင်းလျာများကို
ချက်ပြုတ်နေလေတော့သည်....
အကောင်းကြိုက်သော မောင်မင်းကြီးသား အတွက်
ချက်ပြုတ်ရသည်မှာတော့ မလွယ်ကူလှ......

အချိန်တစ်နာရီကျော်ခန့်ကြာပြီးသည့် နောက်မှာတော့
မင်းမဟာ ချက်ပြုတ်၍ပြီးစီးခါနီးဖြစ်ပေသည်.......

နှာခေါင်းထဲသို့ ဝင်လာသော ဟင်းလျာနံ့မွှေးမွှေးကြောင့်
မွန်းတည့်အိပ်နေရာမှ ကောက်ခနဲနိုးလာသည်.....
မီးဖိုဆောင်ဘက်သို့ ဝင်ခါကြည့်လိုက်လေတော့
အေပရွန်ကြီးတစ်ကားကားနှင့် ဟင်းရည်အိုးအရသာ
မြည်းနေပုံရသော မဟာ့အားတွေ့လိုက်လေသည်......

"ဟာ....မဟာ...မွှေးလှချည်လားကွာ...''

"ကဲ...နိုးလာပြီလား..
ဒီမှာစားဖို့သောက်ဖို့ အဆင်သင့်ဖြစ်ပါပြီတဲ့ဗျာ..
ရော့...ကြက်သောက်စမ်း လေးမြည်းကြည့်အုံး
ဘာလိုသေးလဲလို့....''

ဟင်းရည်အိုးထဲမှဟင်းရည်အား ယောက်မဖြင့် ခပ်ကာ
မိမိကိုယ်တိုင်ဖြင် အပူလျော့အောင်မှုတ်ပြီး မြည်းခိုင်း
လေတော့ ကိုယ်တော်က လက်ဖြင့်မယူဘဲ မိမိကိုင်ပေး
ထားသည့်အတိုင်း ယူမြည်းလေသည်....

ထို့နောက် လက်မ နှစ်ချောင်းထောင်ပြကာဖြင့်
ပြောလာသည်က
''ကောင်းလိုက်တာ မင်းကတော့ အိမ်ရှင်ထီးကောင်း
တစ်ယောက်ဖြစ်မှာသေချာတယ်...ဟီးဟီး..''ဟူ၍...

"အေး...စားနေသောက်နေရ ရမယ်ဆိုရင်တော့
မင်းမျက်နှာက ပြုံးဖြီးနေတာပဲ....
ကဲကဲ စားရအောင်အကုန်အဆင်သင့်ဖြစ်နေပြီ...''

"Ok..''

ဒီလိုနဲ့ပဲ နှစ်ယောက်သား ပိတ်ရက်တိုင်း ထမင်းလက်စုံ
စားနေကြဖြစ်ပေသည်.....

မိမိချက်ကျွေးသည်ကို အားပါးတရ ခေါင်းမဖော်စတမ်း
စားနေလေသော မွန်းတည့်အားကြည့်ကာ မင်းမဟာ
ပြုံးမိသည်......
သူ့အဖြစ်မှာ ချစ်ရသူစားနေတာကိုပင် ကြည့်နေရင်း
အလိုလိုဗိုက်ပြည့်သွားသည်မျိုးသာ......
ဖြစ်နိုင်လျှင် မင်းမဟာ သူနဲ့အခုလိုလေးသာ
သက်ဆုံးတိုင်ရှိနေချင်ပေတော့သည်.....

သို့သော် ကံကြမ္မာ ဆိုသည်မှာ ကိုယ်တိုင်ရေးဆွဲသလို
ဖြစ်လာတတ်သည့်အရာမဟုတ်ပေ.....
သို့ပေမယ့် မွန်းတည့်အား တစ်ချိန်ချိန်တော့ မဟာ
ဖွင့်ပြောမည်ဖြစ်သည်....

"ဟေ့ကောင်...မဟာ စားလေ အားမနာပါနဲ့ ''

"သေလေ...ငါချက်ကျွေးတာကို စားနေတာကမင်းပါ
အားနာစရာလား...
မင်းကအများကြီးစားတော့ ငါစားဖို့မရှိတော့လို့ကွ....''

အမှန်ဆိုလျှင် မွန်းတည့် စားသည်မှာ များသော်လည်း
သူဖို့မကျန်လောက်အောင်ထိတော့ မဟုတ်....
တမင် စချင်သောကြောင့်သာပြောလိုက်ခြင်းပင်...

"ဟဲဟဲ...မဟာကလည်း.မင်းချက်တာကစားကောင်း
တာကိုး...အဲ့ဒါကြောင့် ငါကအများကြီးစားလိုက်တာ..''

"ကဲပါကွာ..တမင်ပြောနေတာ အိုးထဲမှာလည်း ဟင်းတွေ
ကျန်သေးတယ်....
အဝသာစား...ဟုတ်ပြီလား....''
ထို့သို့ပြောလိုက်တော့လည်း သွားစွယ်ချွန်ချွန်လေးများ
ပေါ်အောင်ရယ်ပြကာ စားနေပြန်သည်....

မင်းမဟာ ဒီလူသားအားအမှန်တကယ်ကိုပင် ချစ်မြတ်နိုး
လှပါသည်.....
မည်သည့်သူငယ်ချင်းကောင်လေးကိုမှ စိတ်မဝင်စားခဲ့ဖူး
သော်လည်း မွန်းတည့်ကျတော့မတူပေ.....

မတွေ့ရရင် လွမ်းသည်.....
အသံလေးကြားရရင် ပျော်နေတတ်ရသည်....
အခြားသူများအားပြုံးပြလျှင် သဝန်တိုရပြန်သည်....
ဒါတွေသည် အခြားမည်သူ့အပေါ်တွင်မှ မခံစားရသော
မွန်းတည့်တစ်ယောက်အတွက်သာလျှင်ဖြစ်ပေါ်လာသည့်
ခံစားချက်များပင်......

ပေးဆပ်ချစ်သည်
ရယူပိုင်ဆိုင်လိုစိတ်မရှိဘဲစွန့်လွှတ်ချစ်နှင့်
ချစ်သည်.....
ဒါမျိုးတွေကတော့ မင်းမဟာအတွက်တော့ မဖြစ်နိုင်ပေ...
ချစ်မိသည့်ဆိုသည်အလျောက် အနည်းနှင့်အများတော့
ပိုင်ဆိုင်ချင်ကြသူချည်းသာ.....

မွန်းတည့်အပေါ် မိမိ၏အချစ်ခံစားမှုမှာ ပိုင်ဆိုင်လိုခြင်း
ကင်းမဲ့သည်ဟုဆိုလျှင် မုသားဆိုရာရောက်ပေလိမ့်မည်...
မိမိချစ်သောသူကိုတော့ မဟာပိုင်ဆိုင်ချင်ပါသည်.....

နှစ်ယောက်သားစားသောက်ပြီးစီးလေတော့
အပျင်းတစ်နေသည့် မွန်းတည့်အား ရုံးအလုပ်များ
ကူလုပ်ပေရသေးသည်.....
အလုပ်သင်ဖြစ်သည့်အလျောက် အလုပ်များစုံပုံ
ခိုင်းခံရသောကြောင့် မွန်းတည့်တစ်ယောက် ပင်ပန်း
မည်မှန်း မဟာသိပါသည်......
ထို့ကြောင့် သူ၏အလုပ်များကို တစ်ဖက်တစ်လမ်းမှ
ဝင်ရောက်လုပ်ကိုင်ပေးခြင်းဖြင့် မွန်းတည့်အား
အနည်းငယ်မျှ သက်သာစေလိုပါသည်........

"မွန်းတည့် ဖုန်းလာနေတယ် ကိုင်လိုက်လေ.....''

ဖုန်းလာနေသည်ကိုမကြားချင်ယောင်ဆောင်ကာ
တမင်ပေကပ်နေသော သူအားမဟာ လှမ်းသတိပေးရသည်..

"Hello daddy..''

".......''

"ဟာ.....ဒယ်ဒီကလည်း..သားကဒယ်ဒီ့ company
မှာ အလုပ်လုပ်နေတာမှမဟုတ်ဘဲ...
ဘာလို့ ဒယ်ဒီ့company ပါတီကိုလာရမှာလဲ....''

"........''

"ဟာဗျာ...ပြီးရော
လာခဲ့မယ်...နောက်မှ ဒယ်ဒီ့ကိုမာမီနဲ့တိုင်ပြောမယ်
ဒါပဲ....''
နှုတ်ခမ်းဆူလိုက် မျက်နှာကိုရှုံ့မဲ့လိုက်နှင့် ဖခင်ဖြစ်သူ
နှင့်ဖုန်းပြောနေလေသော မွန်းတည့်မှာ သူ့ကိုယ်သူ
ချစ်စရာကောင်းအောင် တမင်များလုပ်နေသည်လား
ထင်မှတ်ရသည်.......

"ကဲ...ကိုယ်တော် ပြော...
ဘာလို့ဒီလောက်ရုပ်ကြီးကရှုံ့မဲ့နေတာလဲ...''

"ဒယ်ဒီကွာ..မနက်ဖြန်.သူ့ကုမ္ပဏီပါတီပွဲကို လာရမယ်တဲ့..
မလာရင် အိမ်ထောင်ဘက် တွေ့ခိုင်းမယ်ဆိုလို့....''

"အဲ့တော့ မင်းက ဘယ်လိုလုပ်မှာ....''

"ဟာ...မိန်းမတော့ မယူချင်သေးပါဘူးကွာ...
ပါတီပွဲပဲ သွားတက်မှာပေါ့....
မင်းလည်းလိုက်ခဲ့ရမယ် ကြားလား....''

"ဟ...မင်းဘာသာသွားလေ ငါကဘာလို့လိုက်ရမှာ..''

"မင်းကလည်းလိုက်ခဲ့စမ်းပါ...ဟိုမှာလုပ်ငန်းရှင်တွေက
သူတို့ရဲ့သားပျိုသမီးပျိုလေးတွေပါ ခေါ်လာမှာ...
မင်းချိတ်ချင်ချိတ်လို့ရတာပေါ့....နော့်လေ...''

"ဟင်း....ပြီးရော...လိုက်ခဲ့မယ် အဲ့ဒါ ဆိုလည်း...''

"ဟီးဟီး ဒါမှငါ့သူငယ်ချင်းကြီး... ''ဟုဆိုကာ
လည်ပင်းကို လာဖက်လေတော့ အသက်ရှူတောင်ကြပ်
သွားရတော့သည်.....
"ကောင်မလေးတွေနဲ့ချိတ်ချင်လို့လိုက်တာမဟုတ်ဘဲ
မင်းကိုစိတ်မချလို့ လိုက်တာ''ဆိုသည်ကိုတော့
မဟာ မပြောဖြစ်ပါပေ....

.................................................................

"ကို....ဆူဇီနဲ့လာမတွေ့တာတောင်ကြာပြီနော်....''

"ကိုမအားလို့ပါဆူဇီရဲ့ မယုံရင်ဒီကောင်တွေမေးကြည့်''

သီးသန့်စားသောက်ဆိုင်အခန်းအတွင်း
စိတ်ကောက်နေလေသော ချစ်သူအသစ်စက်စက်လေးအား
ခွန်း ချော့နေလေသည်....
ဘေးမှသူငယ်ချင်းသုံးယောက်မှာတော့ အစားအသောက်
ဘက်ကိုသာ အာရုံစိုက်ထားကြလေသည်....

"ဟုတ်ပါပြီ..ယုံပါတယ်ကိုရဲ့ ဆူဇီက လွမ်းလို့ပါ....''

"ဟားဟား...ဟုတ်ပါပြီကွာ...
ကိုယ့်ရဲ့ဆူဇီလေးကို ကိုယ်ကအချိန်ပေးပါ့မယ်
ဟုတ်ပြီလား....''

"ဟီးဟီး..ကို့ကို ဆူဇီက အဲ့ဒါတွေချစ်နေရတာ''ဟု
ဆိုကာ ပါးတစ်ဖက်ကိုရွှတ်ခနဲမြည်အောင် နမ်းလိုက်
သော ဆူဇီကြောင့် ခွန်းတစ်ယောက်
ပြုံးလိုက်သော်လည်း ရှုံ့မဲ့သွားသည်က မင်းမှူး..ခန့်သူနှင့်ဇေယျာတို့သုံးယောက်သာ.......

ဗိုလ်မရုပ်လေးဆူဇီကတော့ play boyခွန်းအား
အကြီးကြီးချစ်နေတော့သည်.....

ခွန်းတစ်ယောက်သည် play boyဟုဆိုသော်လည်း
မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်သာ တွဲခြင်းပင်...
မည်သူတစ်ဦးတစ်ယောက်ကိုမှ ကိုယ်ထိလက်ရောက်
မကျူးလွန်ဖူးပေ....
ယုတ်စွအဆုံး နှုတ်ခမ်းကိုတောင်မနမ်းဖူးပေ.....
လက်ကိုင်သည် ခါးကိုဖက်သည်...
ထိုမျှသာ မိန်းကလေးများနှင့်ရင်းနှီးကျွမ်းဝင်ဖူးသည်ပင်...

ခွန်း အား အသိုင်းအဝိုင်း ကြီးကြီးကမှန်းသိလို့
လာကပ်သူများရှိသလို ရုပ်ရည်ကိုကြွေသောကြောင့်
လာကပ်သူများလည်းရှိသည်......
မည်သို့ရည်ရွယ်ချက်ဖြင့် အနားလာသည်ဖြစ်စေ
ခွန်းကတော့ သဘောကျလျှင်တွဲလိုက်သည်ချည်းသာ.....

သို့သော် play boyဟုနာမည်ကြီးသော
ခွန်း၏ အများမသိသော တစ်ဖက်ခြမ်းမှာတော့
ဖခင်ဖြစ်သူ၏ အားကိုးယုံကြည်ခြင်းကို အပြည့်အဝ
ရထားလေသော အရည်အချင်းရှိ လုပ်ငန်းရှင်
တစ်ယောက်ပေပင်......
ဤအရာသည် သူငယ်ချင်းသုံးယောက်သာလျှင်
သိသော ခွန်း၏အခြားတစ်ဖက်ခြမ်းပင်....

"ကဲ....ဆူဇီ..ကိုယ်တို့ပြန်ကြစို့...
မနက်ဖြန် ကိုယ်ဆူဇီ့ကိုလာတွေ့မယ် ဟုတ်ပြီလား...''

ခွန်းလရောင်လွှမ်း ပြောသည်ကို ဗိုလ်မရုပ်လေးဆူဇီက
နှုတ်ခမ်းလေးဆူကာ စိတ်ကောက်ပြသည်....

"ကဲပါ...ဆူဇီရဲ့..အချိန်ကိုကြည့်အုံး
မှောင်တော့မယ် ကိုယ်ကဘာမဖြစ်ပေမယ့် ဆူဇီက
မိကောင်းဖခင်သမီးလေးတစ်ယောက်လေ....
ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့မိန်းကလေး...
အဲ့ဒါကြောင့် ကိုယ်ကအထိအခိုက်အပြောအဆိုနည်းနည်း
လေးမှမခံနိုင်ဘူး...
ကိုယ်ပြောတာနားလည်လား....''
ထိုသို့ စကားများနှင့်ချုပ်လိုက်တော့လည်း ဆူဇီမှာ
ကျေနပ်ပြုံးလေးပြုံးကာဖြင့် သဘောတူခေါင်းညှိမ့်သည်....

ထိုသို့နှင့် ခွန်း တစ်ယောက်ဆူဇီ့အား သူမ နေထိုင်ရာ
တိုက်ခန်းသို့ လိုက်ပို့ပေးခဲ့ပြီး သူငယ်ချင်းဖြစ်သူများနှင့်
ကလပ်ကို သွားတော့လေသည်......

................................................................

"အား...ကျွတ်စ်..ကျွတ်စ်...''
အရက်ဒဏ်ကြောင့် မူးနောက်နေသောခေါင်းမှာ
အတော့်ကိုပင်မသက်သာ.....

"ဒေါက်...ဒေါက်..ဒေါက်...
သား...ပါးပါးရယ်ဝင်ခဲ့မယ်........''

"အာ...ဟုတ်ကဲ့ပါးပါး....''
အခန်းထဲသို့ တံခါးခေါက်ခါ ဝင်လာသော
ဖခင်ဖြစ်သူအား ခွန်းကြည့်လိုက်သည်....

ဥပတိရုပ်က သန့်ပြန့်ကာ လူကြီးလူကောင်း
တစ်ယောက်ဖြစ်လေသော ဖခင်ဖြစ်သူမှာ
ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရှိန်အဝါများ
လည်း ဖြာထွက်နေသေးသည်.....

"ပါးပါး...ဘာကိစ္စရှိလို့လဲ... ''

"ညက အရက်တွေအများကြီးသောက်လာတယ်နော်
သား....ပါးပါး မကြိုက်ဘူး....''

"ဟုတ်...သားနောက်တစ်ခါမဖြစ်စေရပါဘူး ပါးပါး..''

"အင်း...ဟုတ်ပြီ....
ညကျ ပါးပါးတို့ Blue Star Company ရဲ့
Party ကိုသွားရမယ်သား...''

"Blue Star..ဟုတ်လားပါးပါး...''

"ဟုတ်တယ်သား.ပါးပါးတို့အပါအဝင်...
ထိပ်တန်း ကုမ္ပဏီဆယ်ခုထဲမှာ သူတို့လည်း
အပါအဝင်ပဲသား...အဲ့ဒါ ပါးပါးတို့ကို သူတို့နဲ့
လုပ်ငန်းတစ်ခုလုပ်ဖို့ ကမ်းလှမ်းထားတယ်သား...
ခုတလော သားကကျောင်းလည်းတက်နေရတာဆိုတော့
အဲ့အကြောင်းကို ပါးမပြောဖြစ်တာ.....
နောင်သူတို့နဲ့အလုပ်လုပ်ရင် သားကပဲဦးဆောင်ပေးရမှာ
အဲ့ဒါကြောင့် သားညကျပါးပါးနဲ့အတူ ပါတီတက်ရမယ်...''

"အာ...ဟုတ်ပြီ...ပါးပါး...
သားညကျပါးပါးနဲ့အတူလိုက်ခဲ့မယ် နောက်ပြီးလုပ်ငန်း
စာချုပ်ချုပ်ဖို့ကတော့ သားကိုတစ်ချက်ပြအုံး...
သားစဥ်းစားစရာရှိသေးတယ်ပါးပါး...''

"Ok..ပါးပါးက သားကိုယုံတယ်...
ကဲ..ခုတော့ မင်းရဲ့မားကို သွားချော့လိုက်အုံး...
ညက အများကြီးသောက်လာလို့ မင်းရဲ့မား စိတ်ဆိုး
နေတယ်.....''

"အာ...ဟုတ်ကဲ့ပါး...
မျက်နှာသစ်ရေချိုးပြီးရင် မားဆီလာခဲ့မယ်..
အိမ်တော်ထိန်းကိုပြောပေးအုံး ပါးပါး..
သားဖို့ ပျားရည်တစ်ခွက်ဖျော်ထားပေးအုံးလို့...''

"ဟုတ်ပြီ..ကဲကဲ လုပ်စရာရှိတာလုပ်တော့...''

ခွန်းတစ်ယောက် ဖခင်ဖြစ်သူထွက်သွားသည်နှင့်
ရေမိုးချိုးလိုက်တော့သည်....
ထို့နောက် မိမိ၏ ပင်တိုင်desinger Orchid အား
ဖုန်းဆက်ကာ ပါတီပွဲတက်ရန်အတွက် ဝတ်စုံကိုလည်း
အဆင်သင့်ပြင်ခိုင်းထားလိုက်သည်....

ထို့နောက်အိမ်အောက်ထပ်သို့ဆင်းလာလေတော့
အိမ်တော်ထိန်းက ပျားရည်ခွက်ကိုအဆင့်သင့်ကိုင်ကာ
စောင့်နေသည်ကိုတွေ့ရလေသည်...
ပျားရည်အားယူသောက်လိုက်ပြီး ထမင်းစားခန်းထဲမှ
မနက်စာ စားနေလေသော ပါးပါးနှင့်မားဆီသို့ဝင်ခဲ့လေ
တော့ မိမိနှင့်မောင်နှမသဖွယ်အရွယ်တင်နုပျိုလှသော
မားက မျက်စောင်းလေးလှမ်းထိုးကာ မသိချင်ယောင်
ဆောင်နေသည်....
ပါးပါးကတော့ သူ့ချစ်ဇနီးလေး၏ချစ်စဖွယ်အပြုအမူ
အား ခပ်ပြုံးပြုံးဖြင့်သာ ကြည့်နေပေတော့သည်......

"မား......''
မားပခုံးလေးအားနောက်မှသိုင်းဖက်ကာ ခပ်ချွဲချွဲ
ခေါ်လိုက်လေတော့ မားကကြိတ်ပြုံးသည်.....

"မား....လို့...''

"ပြော...ကောင်စုတ်လေး...ခုမှအသက်က၁၉ ကျော်ကျော်
ရယ်ကို အရက်တွေအသေသောက်နေတယ်ပေါ့လေ...
သွား...အနားမကပ်နဲ့...မင်းပါးပါးတောင် မားမကြိုက်
မှန်းသိလို့ မသောက်ဘူး...
မင်းက မားစကားနားမထောင်ဘူး....''

"မား...ကလည်း.....သားက တစ်ခါတစ်လေ ခေါင်းဆေး
တဲ့သဘောပါမားရဲ့....
မားမကြိုက်ရင် သားအဲ့လောက်မသောက်တော့ဘူးနော်မား..
မွ..မွ...စိတ်ဆိုးပြေတော့နော်..''

ပါးလေးကိုနမ်းလျက် ရင်ခွင်ထဲသို့ခေါင်းလေးတိုးဝင်ကာ
ချွဲလေတော့ မားက သူ့လက်ချောင်းသွယ်သွယ်လေး
များနှင့် ဆံပင်ကြားထဲသို့ခပ်ဖွဖွထိုးဖွသည်....

"ကဲ....ဟုတ်ပြီ...ခွန်းစုတ်လေး...
လာ breakfast အတူလာစား...မားတို့နဲ့...''

"မားခွံံ့ ကျွေး...အာ....''

"အမလေး ခုမှ မားကိုလာချွဲနေတာ...
ကဲ ရော့ရော့...''

အတည့်မြန်သော သားအမိနှစ်ယောက်ကိုကြည့်ကာ
ဖခင်ဖြစ်သူ ဦးသက်ဘုန်းထက်မှာတော့ ခေါင်းတခါခါ
နှင့်သာ............

..............................................................

မြန်မာနိုင်ငံ၏ ခရီသွားtouristများ အများဆုံး
တည်းခိုရာ blue star companyပိုင်
Dream Land Hotel ကြီးဆီသို့ လုင်ငန်းရှင်
အသီးသီး လာရောက်ကာ ပါတီပွဲတက်ကြလေသည်....

စီးပွားရေးဘုရင်များ စုဝေးရာပါတီပွဲဖြစ်သဖြင့်
သူ့ထက်ငါကောင်း ဝတ်ကောင်းစားလှများဖြင့်
အပြိုင်အဆိုင်တက်ရောက်လာကြသည်.......

ရွှေရောင်မီးဆိုင်းလှလှကြီးများချိတ်ဆွဲကာ
စားပွဲဝိုင်းများကိုလည်း ရွှေရောင်ပိုးသားစားပွဲခင်းများ
ခင်းကျင်းထားလေပြီး ရှားပါးသော ကျူးလစ်ပန်းများ
ဖြင့်အလှဆင်ကာထားသည့် အပြင်အဆင်ကိုကြည့်
ခြင်းအားဖြင့် ခမ်းနားထည်ဝါသောအရှိန်အဝါ
ရှိသည်ကို ခံစားမိနိုင်သည်.......

လုပ်ငန်းရှင်များအသီးသီးကလည်း မိမိတို့လုပ်ငန်း
တိုးတက်ရာဆွေးနွေးကြရင်း မိမိတို့သားသမီးများအတွက်
ရွှေလမ်းငွေလမ်း ဖောက်နေကြလေသည်......

ထို့အထဲတွင် မွန်းတည့်တစ်ယောက်ကတော့
အထေဖြစ်သူနားမကပ်ဘဲ မင်းမဟာနှင့်သာ
အစားအသောက်များခင်းကျင်းထားရာသို့သွားကာ
ဟိုဟာစားလိုက်သည်ဟာစားလိုက်နှင့် အလုပ်များ
နေပေတော့သည်.......

"ကဲ ကိုသက်ဘုန်းထက် ခုလိုပါတီပွဲတက်ရောက်
ပေးတဲ့အတွက်ကျေးဇူးပါဗျာ.....''

"မလိုပါဘူးဗျာ ကိုမွန်းတည့်ရှိန်ကလည်း...
နောင်လည်းစီးပွားရေးမိတ်ဖက်တွေ ဖြစ်တော့မှာပဲ
ကျေးဇူးတင်စရာမလိုပါဘူး....''

"ဟားဟား...ဟုတ်ပါပြီဗျာ...ဒါနဲ့ဘေးက''

"အော်..ဒါ ကျွန်တော့်သား..
မောင်ခွန်းလရောင်လွှမ်း....တဲ့ဗျာ..မှတ်ထားပါအုံး..''

"မဂ်လာပါ အန်ကယ် တွေ့ရတာဝမ်းသာပါတယ်.. ''

"အန်ကယ်လည်းတွေ့ရတာ ဝမ်းသာပါတယ်ကွာ..
စီးပွားရေးစျေးကွက်မှာဆို နာမည်ကြီးဖြစ်တဲ့
မောင်ခွန်းလရောင်လွှမ်း ကို အန်ကယ်ခုမှမြင်ဖူး
တော့တယ်....''

"ခွန်းလို့တရင်းတနှီးခေါ်လို့ရပါတယ် အန်ကယ်... လိုအပ်ချက်တွေရှိပါသေးတယ် အန်ကယ်..
အန်ကယ်ကပဲ သင်ကြားပေးပါအုံးဗျာ....''

"ဟား.ဟား..ဟုတ်ပြီကွာ..
ကိုသက်ဘုန်းထက် ခင်ဗျားသားက
အတော် ရည်မွန်တာပဲဗျာ....ခုလိုအားကိုးရတဲ့
သားမျိုးရှိတာ ခင်ဗျားကိုအားကျတယ်ဗျာ...''

"ဟာဗျာ...ကိုမွန်းတည့်ရှိန်ကလည်း..
ခင်ဗျားမှာလည်း သားရှိတယ်လို့ကြားပါတယ်ဗျာ...''

"ရှိသပါ့ဗျာ....ကျုပ်သားက ဝရမ်းပြေးလေဗျာ...''

"ဘယ်လိုဗျ...''

"ဟားဟား..ဒီလိုဗျာ...ခုဆိုသူဘွဲ့ရပညာစုံနေပြီ
အဲ့ဒါကို ကိုယ့်အဖေလုပ်ငန်းမှာ ဝင်ကူမလုပ်ဘဲ
အိမ်ကနေပြေးပြီး အခြားလုပ်ငန်းမှာ အလုပ်သင်လုပ်နေတယ်ဗျာ.....
တကယ့်ကို ဂွကျတဲ့သားတစ်ယောက်ရထားတာပဲ..''

"ပါမလာဘူးလားဗျ...ပါတီကို...''

"ပါပါ့ဗျာ....ခုလောက်ဆို
အစားအသောက်တန်းကိုသွားပြီး စားသောက်နေလောက်ပြီ
သူကအစားသရဲလေ....ဟားဟား...''

"ကြုံရင်တော့ မိတ်ဆက်ပေးပေါ့ဗျာ...''

"အာ...မိတ်ဆက်ပေးရမှာပေါ့ဗျာ...
နေအုံး ကျွန်တော်သွားခေါ်လိုက်အုံးမယ်...''

"နေနေ အန်ကယ် နာမည်ပြော
ကျွန်တော်သွားရှာပေးမယ်....''

"ဟာ...နာမည်က မွန်းတည့်မှူးငယ် တဲ့သားရေ
သားသွားခေါ်လို့ဖြစ်ပါ့မလား သားကမမြင်ဖူးဘူးလေ...''

"ကိစ္စမရှိပါဘူးအန်ကယ် ကျွန်တော်သွားခေါ်လိုက်မယ်...''

"Okဗျာ....''

ခွန်းတစ်ယောက်မြောက်ကြွမြောက်ကြွဖြင့်သာ
ထွက်လာခဲ့တော့သည်....
ဦးမွန်းတည့်ရှိန်နှင့်စကားပြောနေတုန်း အစားအသောက်
များခင်းကျင်းထားရာ စားပွဲနားတွင် တွေ့လိုက်ရသော
အရိပ်ကလေးကြောင့် လူကစိတ်လှုပ်ရှားသွားသည်....
"ဦးငယ် ကိုသူတွေ့လိုက်သည်မဟုတ်လား...''
ထို့နောက် အန်ကယ်ရဲ့ ''အစားအသောက်
တန်းကို သွားစားနေလောက်ပြီ အစားသရဲလေး''ဟူသော
စကားအရ ဦးငယ်သည် အန်ကယ်မွန်းတည့်ရှိန်၏
သားတော်မောင်မှန်း ခွန်းရိပ်မိလိုက်သည်.....

အစားအသောက်တန်းဘက်တွင် အစားသောင်းကျန်း
နေသူဆိုလို့ ဦးငယ်တစ်ယောက်ကိုသာ တွေ့ရသည်
မဟုတ်လား.....

ခုတော့ အစားသရဲလေး ဦးငယ်ဆီကို သွားခေါ်ရပါ
အုံးမည်.....

စားသောက်နေရင်း ခါးတွင်သွယ်ဖက်လာသော
လက်တစ်စုံကြောင့် မွန်းတည့်လန့်သွားလေသည်....
မဟာ့ကိုကြည့်လိုက်တော့လည်း ကိုယ့်အတွက်
အစားအစာတို့ကိုရွေးပေးနေလေသည်.....

ကိုယ်အားအနည်းငယ်ရုန်းကြည့်သော်လည်း
ကိုယ့်ထက်ပိုသန်မာသော သူ၏လက်ချောင်းများကြား
လှုပ်၍ပင်မရ....
ထို့နောက် နားနားသို့ကပ်ခါ ခေါ်လာသောနာမည်
ကြောင့် မွန်းတည့် လန့်သွားတော့သည်...

"ဦးငယ်.....''

♥<~~♥~~ ~~♥~~ ~~♥~~ ~~♥~~ ~~♥~~>♥
Next part🙋🙋
အားပေးကြပါဦးနော် 😙
Sandy💜


Zawgyi

အခ်ိန္မူကား သန္းေခါင္ပင္ေက်ာ္ေနေခ်ၿပီ...

မြန္းတည့္တစ္ေယာက္
တစ္ညလုံး ေကာင္းေကာင္းမြန္မြန္ မအိပ္ရေသးေခ်...

အေၾကာင္းမူကား
မိမိတိုက္ခန္းသို႔ပါလာေသာ
လူငယ္ေကာင္ေလးေၾကာင့္ပင္...
မိမိေၾကာင့္ေခါင္းေပါက္သြားေလသူအား
ေဆးခန္းသို႔လိုက္ပို႔ေပးကာ
ေဆးဖိုးဘာညာကိုယ္ကသာအကုန္ရွင္းခဲ့ေလသည္...
ဘယ္မွာေနတာလည္းေျပာလိုက္ပို႔ေပးမည္ဟု
ဟုဆိုလိုက္ေတာ့ အေဆာင္ေနတာပါတဲ့
ခုခ်ိန္ဆိုအေဆာင္ကပိတ္ေနၿပီမို႔ျပန္လို႔မရပါဘူးတဲ့ေလ
အာ့ဆိုအိပ္လိပ္စာေပးဟုေျပာျပန္ေတာ့
အိမ္လိမ္စာပဲခ်က္ခ်င္းေမ့သြားျပန္ေရာ...
ေနာက္ဆုံး ကိုယ့္တိုက္ခန္းလာၿပီးေသာင္တင္ေနသည္...
တစ္ေယာက္တည္းမို႔
အိပ္ခန္းကိုတစ္ခန္းသာပါၿပီး ဧည့္ခန္း ေရခ်ိဳးခန္း
မီးဖိုေခ်ာင္ အိမ္သာ စသည္တို႔က်ယ္ဝန္းသည္ကို
အဓိကထားကာ ဤတိုက္ခန္းကိုဝယ္ခဲ့ျခင္း
ခုေတာ့ေကာင္းေလစြ...
ကိုယ့္အိပ္ခန္းသူ႕ေပးၿပီး ကိုယ္ကဧည့္ခန္းကဆိုဖာေပၚမွာ..

တစ္ေယာက္တည္းေၾကာက္ပါသည္ဟုဆိုလာေသာေၾကာင့္
အိပ္ခန္းတံခါးကိုမပိတ္ဘဲဖြင့္ထားရေသးသည္.....
ကိုယ္အိပ္ေနတဲ့ဆိုဖာကေန ကုတင္ေပၚကသူ႕ကို
အတိုင္းသားလွမ္းျမင္ေနရသည္..

"သားေလး ပါးပါးကသားေလးကိုလြမ္းေနၿပီ...''
မြန္းတည့္သူ၏ကုတင္အားၾကည့္ကာေျပာေနျခင္းပင္

ညက လူကအစားကလည္းမစားရေသး
အိပ္ခ်င္ေသာ္ျငားလည္းအိပ္၍မေပ်ာ္တာေၾကာင့္
မိမိကုတင္ေပၚတြင္ဆန့္ဆန့္ႀကီးအိပ္ခါ
ေဟာက္ေနေသာ ထိုလူသားအားၾကည့္ကာ
ကုတင္ေပၚက ကန္ကန္ခ်ပစ္ခ်င္စိတ္ကတစ္ဖြားဖြား
ေပၚလာသည္.....
ကြဲေနေသာေခါင္းကို ထပ္ကြဲေအာင္ရိုက္ခ်င္ေလာက္ေအာင္
စိတ္အစုံတို႔ကေဒါသရိပ္လႊမ္းလာျပန္ေလသည္...

"ဟူး...စိတ္ကိုေလွ်ာ့ မြန္းတည့္မႉးငယ္
မနက္က် သူျပန္ရေတာ့မွာ....
ဒီတစ္ညပဲသည္းခံလိုက္...ဒီတစ္ညပဲ....''ကိုယ့္ကိုကိုယ္
စိတ္ေလွ်ာ့ေစလိုက္ရင္းမ်က္လုံးတို႔ကိုအတင္းမွိတ္ကာ
အိပ္စက္ရန္ဦးတည္လိုက္၏...

ေနာက္နာရီဝက္ေက်ာ္ေက်ာ္ေလာက္မွာေတာ့
မြန္းတည့္မႉးငယ္ တစ္ေယာက္ေဟာက္သံ ေရးေရးေလးထြက္ခါ အိပ္ေပ်ာ္သြားေလေတာ့သည္......

.................

"အင္း.....ဝွား....''
"အိပ္လို႔ေကာင္းလိုက္တာ.....''ဟုညည္းလိုက္ရင္း
ခြန္းတစ္ေယာက္နိုးလာေလသည္....
ေနာက္မွ အခန္းထဲကိုေဝ့ဝဲၾကည့္မိေတာ့
"ေအာ္....ငါဦးအခန္းထဲေရာက္ေနတာပဲ..."

ဦးဆိုကာမွ ေဘးကိုၾကည့္လိုက္ေတာ့
ဦးကိုမေတြ႕...အခန္းထဲကထြက္လာကာ
မ်က္လုံးကစားၿပီးၾကည့္လိုက္ေတာ့ ဆိုဖာေပၚမွာ
ေကြးေကြးေလးအိပ္ေနေသာ....ဦး.....

"ဦး....ဦးငယ္....ဦးငယ္လို႔...
ထ..ထေတာ့ဗ်ာ....''

ထိုအခါ''အင္း.....အဲ...''ျဖင့္ဦးငယ္ကနိုးလာေလသည္...

မြန္းတည့္ တစ္ေယာက္ေယာက္ကႏွိုးေနသံၾကားလို႔
အိပ္ေပ်ာ္ရာမွာနိုးလာၿပီး မ်က္လုံးဖြင့္ၾကည့္မိေတာ့
ေတြ႕လိုက္ရသည္က အသားအေရႏုနယ္ေခ်ာမြတ္ၿပီး
နတ္သားဟုပင္ထင္မွတ္ရေလာက္ေအာင္
ေခ်ာေမာခန့္ညားလွသည့္ မ်က္ႏွာတစ္ခု...
နဖူးေပၚသို႔နီညိုေရာင္ ဆံပင္တို႔ကဝဲက်လ်က္...

မ်က္ခုံးေမြးမထူမပါးခပ္ရွည္ရွည္ႏွစ္ခုက
သြယ္သြယ္ေလးႏွင့္ေယာက်ာ္းဆန္လွသည္
မ်က္ေတာင္ရွည္တို႔ကလည္း စင္းစင္းစိပ္စိပ္ေလး
မ်က္လုံးကလည္း မ်က္ကပ္မွန္မကူပါဘဲအညိုေရာင္ရွိေနသည္
ေျဖာင့္စင္းေသာႏွာတံ ေအာက္က
မရယ္မၿပဳံးႏႈတ္ခမ္းတစ္စုံမွာ ဆိုးေဆးကူျခင္းမရွိ..
ပင္ကိုရဲေထြးေထြးအေရာင္ႏွင့္ ႏႈတ္ခမ္းတို႔အားၾကည့္ကာ
မြန္းတည့္ အာေခါင္ေတြေျခာက္ခါ ေရဆာလာသည္....

ခြန္းတစ္ေယာက္ သူ၏မ်က္ႏွာကိုအေသအခ်ာ
အကဲခတ္ေနေသာ ဦးငယ္အားၾကည့္ကာ
အေတာ္ပင္သေဘာေခြ႕ေနေတာ့သည္...
""""က်ေနာ့္ရဲ႕ေခ်ာေမာမႈေအာက္မွာ
ဦးငယ္က်ရႈံးေလစ...'''''''

"ဦးငယ္..ၾကည့္လို႔ဝရင္လဲထေတာ့
ဗိုက္ဆာေနၿပီ မုန့္သြားစားရေအာင္ေလဗ်ာ...
ေနာက္လဲၾကည့္လို႔ရတာပဲကို''
ခြန္း ကခပ္ျမဴးျမဴး႐ြတ္ေနာက္ေနာက္ေလးေျပာလိုက္ေတာ့
ဦးဆီမွမထင္မွတ္ထားေသာအသံတစ္သံထြက္လာေလသည္..

"ေဘာကိုၾကည့္ရမွာလား...ေဘာကို ဦးေနလိုက္
ငါ့အသက္၂၅ကြ၃၅မဟုတ္ဘူး...''

"ဟား...ဟား....ဦးကလည္း..က်ေနာ္ကခုမွ
၁၉ႏွစ္ရွိေသးတယ္ မသိဘူးဦးလို႔ပဲေခၚမယ္....''

"ထားေတာ့ ေခၚခ်င္သလိုသာေခၚေတာ့
ေနာက္ေတြ႕ဖို႔ရာမျဖစ္နိုင္လို႔ ထားလိုက္ေတာ့မယ္...''ဟု
ေျပာရင္း မ်က္ႏွာသစ္အဝန္အစားလဲရန္ထြက္ခဲ့ေတာ့သည္..

ေနာက္မွက်န္တဲ့တယ္ေကာင္ေလးကေတာ့
ခပ္ေရးေရးေလးၿပဳံးကာ
''စိတ္ခ် ဦးနဲ႕ကြၽန္ေတာ္နဲ႕
ေနာင္လည္း ေတြ႕ကိုေတြ႕ရအုံးမွာ...ဦးက ကြၽန္ေတာ့္အပိုင္ျဖစ္လာတဲ့အထိ....ဟင္း..ဟင္း..''ဟု
တိုးတိုးေရ႐ြတ္လိုက္သည္....

ခနၾကာေတာ့ မြန္းတည့္မ်က္ႏွာသစ္အဝတ္အစားလဲကာ
ထြက္လာေလေတာ့ ေတြ႕လိုက္ရသည္က...
"မင္း...မင္း...ငါ့အက်ီေတြယူဝတ္ထားတာလား...''
ထိုေကာင္ေလးသည္ သူျဖင့္ႀကီးေနေသာေၾကာင့္
မဝတ္ဘဲသိမ္းထားသည့္ ရွပ္အက်ီလက္ရွည္ႏွင့္
ေဘာင္းဘီအေပ်ာ့သားအရွည္တို႔ကို စမတ္က်စြာ
ဝတ္ဆင္ထားေလသည္...
ကိုယ္နဲ႕မေတာ္တဲ့အက်ီကသူနဲ႕ေတာ္ေနတဲ့အျပင္
သူဝတ္လိုက္လို႔လား မသိ နဂိုကထက္ၾကည့္၍လွသည္...

"ဟုတ္တယ္ဦး...ကြၽန္ေတာ့္အဝတ္ေတြကအနံ႕ထြက္ေနၿပီ
ခနယူဝတ္ထားတာ...ဦးအဝတ္ေတြထဲကြၽန္ေတာ္နဲ႕ေတာ္တာ
ဒီဟာပဲရွိတယ္...''ဟုဆိုရင္း လက္ကလည္း
အက်ီႏွင့္ေဘာင္းဘီစတို႔ကိုကိုင္ျပကာေျပာေလသည္....

နဂိုထဲက အျမင္မၾကည္သည့္အတြက္ေၾကာင့္
မြန္းတည့္တစ္ေယာက္ ထိုေကာင္ေလးအား
ညစ္ပတ္ခ်င္စိတ္ကေလးက ျဖစ္ေပၚလာသည္....
ထို႔ေၾကာင့္..
"မင္းဝတ္ခ်င္လဲဝတ္ေပါ့
အဲ့အက်ီကငါ့သူငယ္ခ်င္းလာတုန္းကေပးဝတ္ထားတာ
အဲ့ေကာင္က ေပြးေပါက္ေနတာမလို႔
ငါေတာင္ျပန္မဝတ္ဘူး..မင္းဝတ္ခ်င္ရင္ေတာ့ဝတ္ပါ..''

မြန္းတည့္စကားပင္မဆုံးလိုက္
ထိုေကာင္ေလးမွာ...''အား...ဟာဗ်ာ...''ဟုေအာ္ရင္း
အက်ီကိုအျမန္ခြၽတ္ခါ ေရခ်ိဳးခန္းထဲသို႔ေျပးေလသည္...

"ေဟာ...မုန့္သြားစားမယ္ဆို
ေရခ်ိဳးခန္းထဲဘာဝင္လုပ္ျပန္တာလဲ...''

"ေရခ်ိဳးမလို႔ေပါ့ဗ်....ေတာ္ၾကာ ကြၽန္ေတာ့္ကို
ေပြးေတြကူးကုန္ရင္ဘယ္လိုလုပ္မလဲဗ်...ေနာက္ၿပီး ဦးငယ္
ကြၽန္ေတာ့္ဖို႔အဝတ္ကေလးထုတ္ေပးထားပါအုံးဗ်ာ...
ဝတ္စရာမရွိလို႔ပါဗ်...''

"ဟားဟား..ဟား...ေအး ငါမင္းနဲ႕.
ေတာ္ေလာက္မယ့္ဟာ ထုတ္ေပးထားမယ္...''

"Thank' ဦးငယ္...''
အမွန္ေတာ့ ထိုေကာင္ေလးေရခ်ိဳးခန္းထဲေျပးဝင္ကာ
ေရခ်ိဳးသည္ဆိုသည္မွာ မြန္းတည့္မေမးလဲသိသည္...
တမင္ မသိခ်င္ေယာင္ေဆာင္ကာ ေမးလိုက္ျခင္းပင္..

....
ခြန္း ေရခ်ိဳးၿပီးထြက္အလာမွာေတာ့ ကုတင္ေပၚတြင္
ေတြ႕လိုက္ရေသာ အဝတ္ေၾကာင့္အသံပင္မထြက္နိုင္ေတာ့..

ဦးကသူ႕ကိုထုတ္ေပးထားသည္မွာ အဝါႏုေရာင္ပိုးသား
ညဝတ္အက်ီကိုမွ pokemon ႐ုပ္ေလးေတြႏွင့္
ကေလးဆန္ဆန္အက်ီတစ္စုံသာ...

ခြန္း ဗီဇအတိုင္းသာဆိုလွ်င္ ထိုသို႔ေသာ
ကေလးကလား အက်ီမ်ားကိုဆုတ္ၿဖဲပစ္ၿပီးသား
ျဖစ္ေသာ္လည္း ယခုအခါတြင္ေတာ့ ဦးငယ္ထုတ္ေပး
ထားသည္မို႔ ဝတ္လိုက္သည္....

"ဟိုေကာင္ေလး...မၿပီးေသး......ခြီး...ဟားဟား...''
မြန္းတည့္ အခန္းထဲသို႔ဝင္ကာ ထိုေကာင္ေလးအား
လာေခၚျခင္းျဖစ္ေသာ္လည္း ျမင္လိုက္ရတဲ့ ပုံစံေၾကာင့္
ဟန္မေဆာင္နိုင္ရယ္မိေလသည္....

"ဘာလဲဦးငယ္ ကြၽန္ေတာ္ေခ်ာလြန္းေနလို႔
ေႂကြသြားတာလား...
ေျဖးေျဖးေႂကြေနာ္ ကြၽန္ေတာ္ကဦးငယ္ကို
တေျဖးေျဖးခ်င္း ေႁခြမွာမို႔...''

"လာစမ္းပါကြာ ကိုယ့္ကိုကိုယ္အထင္ႀကီးလိုက္တာလည္း
လြန္ေရာ..လာ မုန့္သြားစားမယ္ ေနာက္ၿပီးမင္းအိမ္ကို
လိုက္ပို႔မယ္...
ေအာ္ မလိုက္ပို႔ခင္ ေဆးခန္းမွာေခါင္းပတ္တီးအသစ္
ဝင္လဲၾကမယ္ ဟုတ္ၿပီလား..''

"ဟုတ္...ဦးငယ္..
""
ႏွစ္ေယာက္သား ရွမ္းဆိုင္ေလးတစ္ခုသို႔သြားေရာက္ခါ
ရွမ္းေခါက္ဆြဲကို မွာယူစားေသာက္ၾကသည္....

"ဦးငယ္...ကြၽန္ေတာ္ ဒါစားၿပီးရင္
Marketထဲသြားၿပီး မုန့္ဝယ္ခ်င္ေသးတယ္
လိုက္ပို႔ေပးေနာ္...''

"ေအး ၿပီးေရာ..''

"ဦးငယ္ ကြၽန္ေတာ့္နာမည္သိလားဗ်...''

"ဟမ္....အဲ မသိဘူး...
ေနပါေစေတာ့ ေနာက္လည္းေတြ႕မယ့္သူေတြ
မဟုတ္ဘူး မသိလည္းျဖစ္တယ္...''

"ကြၽန္ေတာ့္နာမည္က ခြန္းလေရာင္လႊမ္း
မွတ္ထားေနာ္ ဦးငယ္...''

"အင္း...''
ထို႔ေနာက္ စကားဝိုင္းေလးကာ တိတ္ဆိတ္သြားကာ
အစားအေသာက္မ်ားကိုသာ အာ႐ုံတစိုက္စားေန
ၾကေတာ့သည္...

စားေသာက္ၿပီးစီးသည္ႏွင့္
24 hours Supermarket ထဲသို႔သြားကာ
မုန့္ဝယ္ခ်င္ေသးသည္ ဆိုေသာ ေကာင္ေလးေၾကာင့္
မုန့္ဝင္ဝယ္ရေသးသည္....
ကိုယ့္အိမ္မွ ဘာစားစရာမွ မရွိေတာ့ေသာ
ေရခဲေသတၱာကိုပါသတိရသြားသျဖင့္ လိုအပ္တာေတြပါ
တစ္ခါထဲ ဝယ္ခဲ့လိုက္သည္....

ေဆးခန္းသို႔လည္းဝင္ကာ မိမိေၾကာင့္
ေခါင္းကြဲသြားေလေသာ ခြန္းလေရာင္လႊမ္းအား
ပတ္တီးအသစ္လဲေဆးထည့္ေစၿပီးသည့္အခါမွာေတာ့
သူ၏ အိမ္သိို႔လိုက္ပို႔လိုက္သည္....

"ခြန္းလေရာင္လႊမ္း...
မင္းေျပာတဲ့လိပ္စာက ဟုတ္ေရာဟုတ္လား...''
မြန္းတည့္ ထိုေကာင္ေလးေျပာျပေလေသာ
လိပ္စာအတိုင္း taxiျဖင့္လိုက္ပို႔ေလရာ
ေတြ႕လိုက္ရေသာ ေနရာေၾကာင့္ အံ့ၾသကာမယုံသက္ာျဖင့္
ေမးမိသည္.....
အလြန္ႀကီးမားၿပီး တစ္သီးတစ္ျခား ရွိေနေလေသာ
ၿခံႀကီးထဲ၏ ခန့္ညားထည္ဝါေလေသာ အိမ္ႀကီးကို
ေတြ႕လိုက္ရေသာေၾကာင့္ပင္....

"ဟာ..ဦးငယ္က ေနာက္ေနတယ္ ထင္လို႔လား...''

"ဟုတ္ရင္လည္းၿပီးေရာ ငါျပန္ေတာ့မယ္..
မင္းလည္းအထဲဝင္ေတာ့...
ေအာ္...ဒါနဲ႕ ေခါင္းေတြဘာေတြမေလွ်ာ္နဲ႕အုံးေနာ္..
ေရာ့ ေဆးေတြ....''

"ဟုတ္...ဦးငယ္က စိတ္ပူေနတာလား..''

"ေဝးေသး...
ငါလုပ္လို႔ျဖစ္သြားတဲ့ကိစၥအတြက္ တာဝန္သိတာလို႔
ေခၚတယ္......''

မြန္းတည့္စကားေၾကာင့္ ခြန္း မ်က္ႏွာႀကီးရႈံ႕သြား
ေလေတာ့သည္....
"ဘယ္လိုေတြေတာင္ ဒဲ့ႀကီးေျပာခ်လိဳက္တာလဲ...''

"ကဲ ငါျပန္ၿပီ...''

"ခနခန ဦးငယ္ အိမ္ထဲဝင္ပါအုံးဗ်
ဦးငယ္ အက်ီလည္းတစ္ခါထဲျပန္ေပးလိုက္ခ်င္လို႔...''

"ရတယ္ မဝင္ေတာ့ဘူး
အက်ီကေတာ့ ျပန္မေပးပါနဲ႕ မင္းနဲ႕လိုက္တယ္
ယူထားလိုက္...ကဲ ငါသြားၿပီ... ဘိုင့္..''
ဟုဆိုကာ taxiေပၚအျမန္တက္ၿပီး ထြက္သြားေလေတာ့သည္.....

"ဟူး....ဦးငယ္က မလြယ္ေၾကာပဲ..
ဟ ေနပါအုံး ငါကဘာလို႔ အတည္ေပါက္ႀကီး
လိုက္ခံစားေနတာလဲ.....
ဟူး....မျဖစ္ေသးဘူး ခနေနက်ရင္ ဆူဇီေလးနဲ႕ခ်ိန္း
ၿပီး ေပ်ာ္ရမယ္...''

.........................................................

မြန္းတည့္ မိမိတိုက္ခန္းသို႔ျပန္ေရာက္သည္ႏွင့္
ဝယ္လာေသာ စားစရာ အထုတ္ႀကီးငယ္အသီးသီးႏွင့္
အသီးအ႐ြက္တို႔ကို ေရခဲေသတၱာထဲသို႔အစီအရီ
ထည့္ထားလိုက္သည္....

ဒီေန႕ေတာ့ မြန္းတည့္ ကိုယ့္ဘာသာခ်က္ျပဳတ္စားခ်င္စိတ္
လုံးဝမရွိ...
ထို႔ေၾကာင့္ သူငယ္ခ်င္းျဖစ္သူအား အပူကပ္ရန္
ဖုန္းဆက္လိုက္ေတာ့သည္....

"ဟဲလို....မြန္းတည့္...
မင္းကလည္း ခုမွပဲဖုန္းဆက္ေတာ့တယ္ကြာ
ငါမင္းကို စိတ္ပူေနတာ...
ဟိုေကာင္ေလးေရာ ဘယ္လိုလဲ....''
ဖုန္းဝင္သည္ႏွင့္ တန္းကိုင္ကာ စကားေတြ
တရစပ္ ေျပာလိုက္ေမးလိုက္ လုပ္ေနသည့္ မဟာ မွာ
မြန္းတည့္အတြက္အစ္ကိုတစ္ေယာက္ပမာ....

"အင္း...သူအဆင္ေျပတယ္...
ညကေတာ့ အိမ္မွာအိပ္တယ္... ခုေတာ့
သူ႕အိမ္ကိုျပန္လိုက္ပို႔လိုက္ၿပီ...''

"အာ...ေအးပါ...ဒါနဲ႕ ခုငါ့ကို ဖုန္းဆက္ရတဲ့
အေၾကာင္းအရင္းေလး ေျပာပါအုံး...''

"အာ....ဟီး..ဟီး...မဟာ...သူငယ္ခ်င္း''
ေလေျပေသြးကာ တဟီးဟီးလုပ္လ်က္ စကား
ဆိုလာေသာ မြန္းတည့္အား မည္သည္ကိုေျပာေတာ့
မည္မွန္း မဟာရိပ္မိပါသည္...
ပိတ္ရက္တိုင္း သူ႕အား ဟင္းခ်က္ေကြၽးရသည္မွာ
မဟာ၏ တာဝန္တစ္ခုႏွယ္....
အစားသရမ္းတတ္ေသာ ေကာင္ဆိုးေလးအား
စိတ္ပူရသည္မို႔ မဟာသည္လည္းဤတာဝန္ကို
ေက်ေက်နပ္နပ္သာလွ်င္ ခံယူထားသည္....

"ကဲ....ခင္ဗ်ား ဘာေျပာမလဲဆိုတာ ကြၽန္ေတာ္မ်ိဳးက
သိပါတယ္ဗ်ာ...ဟင္းခ်က္ေကြၽးရမယ္..ဟုတ္လား..''

"ေအး..သူငယ္ခ်င္းေလး..
ငါက မင္းလက္ရာေလးကိုလြမ္းေနတာ...''

"ေအး..အဲ့လိုေျပာၿပီး ညာစားေပါင္းမ်ားၿပီ...''

"မဟာကလည္း...''
ခပ္ဆူဆူ အသံေလးအားၾကားလိုက္ရေတာ့လည္း
မေနနိုင္သူမွာ မင္းမဟာပင္....
ခ်စ္ရသူ မ်က္ႏွာေတာ္ညွိုးသည္မေျပာႏွင့္
အလိုမက် ျဖစ္ေသာ အသံကိုပင္ သူမခံစားနိုင္
ထို႔ေၾကာင့္ မစေတာ့ဘဲ သေဘာေတာ္က်သာ
ေျပာလိုက္ေတာ့သည္....

"ကဲ...အစ္ကိုေတာ္...စိတ္ဆိုးေတာ္မမူပါနဲ႕ဗ်ာ...
ကြၽန္ေတာ္မ်ိဳးအျမန္ဆုံးနည္းနဲ႕ ကားစီးၿပီး လာပါၿပီ
တဲ့ဗ်ာ...''

"ဟဲ..ဟဲ...ဒါမွ...ငါ့ရဲ႕မဟာေလး....''

တစ္ဖက္မွ ဖုန္းခ်သြားသည့္တိုင္ ဖုန္းအားစကား
ေျပာေနသည့္ပုံစံႏွင့္သာ ေယာင္နနကိုင္ထားမိသည္မွာ
မဟာပင္.....
မြန္းတည့္ေျပာခဲ့ေလေသာ..''ငါ့ရဲ႕ မဟာေလး..''
ဟူေသာ စကားကိုသာအထပ္ထပ္ၾကားေယာင္လ်က္...

"ဟုတ္တယ္...မြန္းတည့္... ငါကမင္းရဲ႕မဟာ...
မင္းကလည္းငါ့ရဲ႕မြန္းတည့္ပဲ ျဖစ္ေပးရမယ္....''

ျပတ္သားေသာ စကားတစ္ခြန္းကို ခပ္တိုးတိုးေရ႐ြတ္လ်က္
ကားေသာ့အားယူကာ ႏွလုံးသားသခင္ရွိရာသို႔ အေျပးႏွင္ရ
ျပန္ေလသည္.....

တိုက္ခန္းသို႔ေရာက္ေလေတာ့ ကိုယ္ေတာ္ေခ်ာက
ဆိုဖာေပၚမွာ ဇိမ္နဲ႕လွဲကာ အိပ္ပင္ေပ်ာ္ေနေခ်ေတာ့သည္..
TV ကိုလည္းဖြင့္လို႔ ေရခဲမုန့္ဗူးႀကီးမွာလဲ တစ္ဝက္ပင္
က်ိဳးေနေခ်ေတာ့သည္....

အသက္ ၂၅ ဆိုသည္မွာ ဘုရားစူးက်ိန္ျပရမည္..
အခုထိ မရင့္က်က္ဘဲ အျပဳအမူတိုင္းမွာ ပီဘိ
ကေလးတစ္ေယာက္ႏွယ္ ျဖစ္ေသာ မြန္းတည့္မွာ
မဟာ့အတြက္ေတာ့ တစ္ဦးတည္းေသာ
အဖိုးတန္ သက္ရွိ႐ုပ္ႂကြင္းေလးတစ္ခုႏွယ္.....

အိပ္ေပ်ာ္ေနေသာ လူႀကီးေပါက္အား
မႏွိုးေတာ့ဘဲ မဟာ မီးဖိုေဆာင္သို႔သာဝင္ကာ
ဟင္းခ်က္ရန္ စီစဥ္လိုက္ေတာ့သည္......
လိုအပ္သည္တို႔ကို မိမိမွာဝယ္စရာမလိုေပ...
အစားႀကိဳက္ေသာ ေမာင္မြန္းတည့္မႉးငယ္မွာ
ေရခဲေသတၱာထဲ အစားအေသာက္ျပတ္သည္ႏွင့္
အျပည့္ျပန္ျဖည့္ထားတတ္ေသာေၾကာင့္ပင္......

ငယ္ငယ္က မိခင္ႏွင့္အတူ ေပ်ာ္႐ႊင္စြာ
ဟင္းခ်က္ဖူးခဲ့သမွ်မွာ ယခုေတာ့ဤလူသားေလးအား
ခ်က္ျပဳတ္ေကြၽးေမြးရာတြင္ အေထာက္အကူေကာင္း
တစ္ခုျဖစ္ေနေတာ့သည္......

မင္းမဟာ တစ္ေယာက္ထဲ ဟင္းလ်ာမ်ားကို
ခ်က္ျပဳတ္ေနေလေတာ့သည္....
အေကာင္းႀကိဳက္ေသာ ေမာင္မင္းႀကီးသား အတြက္
ခ်က္ျပဳတ္ရသည္မွာေတာ့ မလြယ္ကူလွ......

အခ်ိန္တစ္နာရီေက်ာ္ခန့္ၾကာၿပီးသည့္ ေနာက္မွာေတာ့
မင္းမဟာ ခ်က္ျပဳတ္၍ၿပီးစီးခါနီးျဖစ္ေပသည္.......

ႏွာေခါင္းထဲသို႔ ဝင္လာေသာ ဟင္းလ်ာနံ႕ေမႊးေမႊးေၾကာင့္
မြန္းတည့္အိပ္ေနရာမွ ေကာက္ခနဲနိုးလာသည္.....
မီးဖိုေဆာင္ဘက္သို႔ ဝင္ခါၾကည့္လိုက္ေလေတာ့
ေအပ႐ြန္ႀကီးတစ္ကားကားႏွင့္ ဟင္းရည္အိုးအရသာ
ျမည္းေနပုံရေသာ မဟာ့အားေတြ႕လိုက္ေလသည္......

"ဟာ....မဟာ...ေမႊးလွခ်ည္လားကြာ...''

"ကဲ...နိုးလာၿပီလား..
ဒီမွာစားဖို႔ေသာက္ဖို႔ အဆင္သင့္ျဖစ္ပါၿပီတဲ့ဗ်ာ..
ေရာ့...ၾကက္ေသာက္စမ္း ေလးျမည္းၾကည့္အုံး
ဘာလိုေသးလဲလို႔....''

ဟင္းရည္အိုးထဲမွဟင္းရည္အား ေယာက္မျဖင့္ ခပ္ကာ
မိမိကိုယ္တိုင္ျဖင္ အပူေလ်ာ့ေအာင္မႈတ္ၿပီး ျမည္းခိုင္း
ေလေတာ့ ကိုယ္ေတာ္က လက္ျဖင့္မယူဘဲ မိမိကိုင္ေပး
ထားသည့္အတိုင္း ယူျမည္းေလသည္....

ထို႔ေနာက္ လက္မ ႏွစ္ေခ်ာင္းေထာင္ျပကာျဖင့္
ေျပာလာသည္က
''ေကာင္းလိုက္တာ မင္းကေတာ့ အိမ္ရွင္ထီးေကာင္း
တစ္ေယာက္ျဖစ္မွာေသခ်ာတယ္...ဟီးဟီး..''ဟူ၍...

"ေအး...စားေနေသာက္ေနရ ရမယ္ဆိုရင္ေတာ့
မင္းမ်က္ႏွာက ၿပဳံးၿဖီးေနတာပဲ....
ကဲကဲ စားရေအာင္အကုန္အဆင္သင့္ျဖစ္ေနၿပီ...''

"Ok..''

ဒီလိုနဲ႕ပဲ ႏွစ္ေယာက္သား ပိတ္ရက္တိုင္း ထမင္းလက္စုံ
စားေနၾကျဖစ္ေပသည္.....

မိမိခ်က္ေကြၽးသည္ကို အားပါးတရ ေခါင္းမေဖာ္စတမ္း
စားေနေလေသာ မြန္းတည့္အားၾကည့္ကာ မင္းမဟာ
ၿပဳံးမိသည္......
သူ႕အျဖစ္မွာ ခ်စ္ရသူစားေနတာကိုပင္ ၾကည့္ေနရင္း
အလိုလိုဗိုက္ျပည့္သြားသည္မ်ိဳးသာ......
ျဖစ္နိုင္လွ်င္ မင္းမဟာ သူနဲ႕အခုလိုေလးသာ
သက္ဆုံးတိုင္ရွိေနခ်င္ေပေတာ့သည္.....

သို႔ေသာ္ ကံၾကမၼာ ဆိုသည္မွာ ကိုယ္တိုင္ေရးဆြဲသလို
ျဖစ္လာတတ္သည့္အရာမဟုတ္ေပ.....
သို႔ေပမယ့္ မြန္းတည့္အား တစ္ခ်ိန္ခ်ိန္ေတာ့ မဟာ
ဖြင့္ေျပာမည္ျဖစ္သည္....

"ေဟ့ေကာင္...မဟာ စားေလ အားမနာပါနဲ႕ ''

"ေသေလ...ငါခ်က္ေကြၽးတာကို စားေနတာကမင္းပါ
အားနာစရာလား...
မင္းကအမ်ားႀကီးစားေတာ့ ငါစားဖို႔မရွိေတာ့လို႔ကြ....''

အမွန္ဆိုလွ်င္ မြန္းတည့္ စားသည္မွာ မ်ားေသာ္လည္း
သူဖို႔မက်န္ေလာက္ေအာင္ထိေတာ့ မဟုတ္....
တမင္ စခ်င္ေသာေၾကာင့္သာေျပာလိုက္ျခင္းပင္...

"ဟဲဟဲ...မဟာကလည္း.မင္းခ်က္တာကစားေကာင္း
တာကိုး...အဲ့ဒါေၾကာင့္ ငါကအမ်ားႀကီးစားလိုက္တာ..''

"ကဲပါကြာ..တမင္ေျပာေနတာ အိုးထဲမွာလည္း ဟင္းေတြ
က်န္ေသးတယ္....
အဝသာစား...ဟုတ္ၿပီလား....''
ထို႔သို႔ေျပာလိုက္ေတာ့လည္း သြားစြယ္ခြၽန္ခြၽန္ေလးမ်ား
ေပၚေအာင္ရယ္ျပကာ စားေနျပန္သည္....

မင္းမဟာ ဒီလူသားအားအမွန္တကယ္ကိုပင္ ခ်စ္ျမတ္နိုး
လွပါသည္.....
မည္သည့္သူငယ္ခ်င္းေကာင္ေလးကိုမွ စိတ္မဝင္စားခဲ့ဖူး
ေသာ္လည္း မြန္းတည့္က်ေတာ့မတူေပ.....

မေတြ႕ရရင္ လြမ္းသည္.....
အသံေလးၾကားရရင္ ေပ်ာ္ေနတတ္ရသည္....
အျခားသူမ်ားအားၿပဳံးျပလွ်င္ သဝန္တိုရျပန္သည္....
ဒါေတြသည္ အျခားမည္သူ႕အေပၚတြင္မွ မခံစားရေသာ
မြန္းတည့္တစ္ေယာက္အတြက္သာလွ်င္ျဖစ္ေပၚလာသည့္
ခံစားခ်က္မ်ားပင္......

ေပးဆပ္ခ်စ္သည္
ရယူပိုင္ဆိုင္လိုစိတ္မရွိဘဲစြန့္လႊတ္ခ်စ္ႏွင့္
ခ်စ္သည္.....
ဒါမ်ိဳးေတြကေတာ့ မင္းမဟာအတြက္ေတာ့ မျဖစ္နိုင္ေပ...
ခ်စ္မိသည့္ဆိုသည္အေလ်ာက္ အနည္းႏွင့္အမ်ားေတာ့
ပိုင္ဆိုင္ခ်င္ၾကသူခ်ည္းသာ.....

မြန္းတည့္အေပၚ မိမိ၏အခ်စ္ခံစားမႈမွာ ပိုင္ဆိုင္လိုျခင္း
ကင္းမဲ့သည္ဟုဆိုလွ်င္ မုသားဆိုရာေရာက္ေပလိမ့္မည္...
မိမိခ်စ္ေသာသူကိုေတာ့ မဟာပိုင္ဆိုင္ခ်င္ပါသည္.....

ႏွစ္ေယာက္သားစားေသာက္ၿပီးစီးေလေတာ့
အပ်င္းတစ္ေနသည့္ မြန္းတည့္အား ႐ုံးအလုပ္မ်ား
ကူလုပ္ေပရေသးသည္.....
အလုပ္သင္ျဖစ္သည့္အေလ်ာက္ အလုပ္မ်ားစုံပုံ
ခိုင္းခံရေသာေၾကာင့္ မြန္းတည့္တစ္ေယာက္ ပင္ပန္း
မည္မွန္း မဟာသိပါသည္......
ထို႔ေၾကာင့္ သူ၏အလုပ္မ်ားကို တစ္ဖက္တစ္လမ္းမွ
ဝင္ေရာက္လုပ္ကိုင္ေပးျခင္းျဖင့္ မြန္းတည့္အား
အနည္းငယ္မွ် သက္သာေစလိုပါသည္........

"မြန္းတည့္ ဖုန္းလာေနတယ္ ကိုင္လိုက္ေလ.....''

ဖုန္းလာေနသည္ကိုမၾကားခ်င္ေယာင္ေဆာင္ကာ
တမင္ေပကပ္ေနေသာ သူအားမဟာ လွမ္းသတိေပးရသည္..

"Hello daddy..''

".......''

"ဟာ.....ဒယ္ဒီကလည္း..သားကဒယ္ဒီ့ company
မွာ အလုပ္လုပ္ေနတာမွမဟုတ္ဘဲ...
ဘာလို႔ ဒယ္ဒီ့company ပါတီကိုလာရမွာလဲ....''

"........''

"ဟာဗ်ာ...ၿပီးေရာ
လာခဲ့မယ္...ေနာက္မွ ဒယ္ဒီ့ကိုမာမီနဲ႕တိုင္ေျပာမယ္
ဒါပဲ....''
ႏႈတ္ခမ္းဆူလိုက္ မ်က္ႏွာကိုရႈံ႕မဲ့လိုက္ႏွင့္ ဖခင္ျဖစ္သူ
ႏွင့္ဖုန္းေျပာေနေလေသာ မြန္းတည့္မွာ သူ႕ကိုယ္သူ
ခ်စ္စရာေကာင္းေအာင္ တမင္မ်ားလုပ္ေနသည္လား
ထင္မွတ္ရသည္.......

"ကဲ...ကိုယ္ေတာ္ ေျပာ...
ဘာလို႔ဒီေလာက္႐ုပ္ႀကီးကရႈံ႕မဲ့ေနတာလဲ...''

"ဒယ္ဒီကြာ..မနက္ျဖန္.သူ႕ကုမၸဏီပါတီပြဲကို လာရမယ္တဲ့..
မလာရင္ အိမ္ေထာင္ဘက္ ေတြ႕ခိုင္းမယ္ဆိုလို႔....''

"အဲ့ေတာ့ မင္းက ဘယ္လိုလုပ္မွာ....''

"ဟာ...မိန္းမေတာ့ မယူခ်င္ေသးပါဘူးကြာ...
ပါတီပြဲပဲ သြားတက္မွာေပါ့....
မင္းလည္းလိုက္ခဲ့ရမယ္ ၾကားလား....''

"ဟ...မင္းဘာသာသြားေလ ငါကဘာလို႔လိုက္ရမွာ..''

"မင္းကလည္းလိုက္ခဲ့စမ္းပါ...ဟိုမွာလုပ္ငန္းရွင္ေတြက
သူတို႔ရဲ႕သားပ်ိဳသမီးပ်ိဳေလးေတြပါ ေခၚလာမွာ...
မင္းခ်ိတ္ခ်င္ခ်ိတ္လို႔ရတာေပါ့....ေနာ့္ေလ...''

"ဟင္း....ၿပီးေရာ...လိုက္ခဲ့မယ္ အဲ့ဒါ ဆိုလည္း...''

"ဟီးဟီး ဒါမွငါ့သူငယ္ခ်င္းႀကီး... ''ဟုဆိုကာ
လည္ပင္းကို လာဖက္ေလေတာ့ အသက္ရႉေတာင္ၾကပ္
သြားရေတာ့သည္.....
"ေကာင္မေလးေတြနဲ႕ခ်ိတ္ခ်င္လို႔လိုက္တာမဟုတ္ဘဲ
မင္းကိုစိတ္မခ်လိဳ႕ လိုက္တာ''ဆိုသည္ကိုေတာ့
မဟာ မေျပာျဖစ္ပါေပ....

.................................................................

"ကို....ဆူဇီနဲ႕လာမေတြ႕တာေတာင္ၾကာၿပီေနာ္....''

"ကိုမအားလို႔ပါဆူဇီရဲ႕ မယုံရင္ဒီေကာင္ေတြေမးၾကည့္''

သီးသန့္စားေသာက္ဆိုင္အခန္းအတြင္း
စိတ္ေကာက္ေနေလေသာ ခ်စ္သူအသစ္စက္စက္ေလးအား
ခြန္း ေခ်ာ့ေနေလသည္....
ေဘးမွသူငယ္ခ်င္းသုံးေယာက္မွာေတာ့ အစားအေသာက္
ဘက္ကိုသာ အာ႐ုံစိုက္ထားၾကေလသည္....

"ဟုတ္ပါၿပီ..ယုံပါတယ္ကိုရဲ႕ ဆူဇီက လြမ္းလို႔ပါ....''

"ဟားဟား...ဟုတ္ပါၿပီကြာ...
ကိုယ့္ရဲ႕ဆူဇီေလးကို ကိုယ္ကအခ်ိန္ေပးပါ့မယ္
ဟုတ္ၿပီလား....''

"ဟီးဟီး..ကို႔ကို ဆူဇီက အဲ့ဒါေတြခ်စ္ေနရတာ''ဟု
ဆိုကာ ပါးတစ္ဖက္ကို႐ႊတ္ခနဲျမည္ေအာင္ နမ္းလိုက္
ေသာ ဆူဇီေၾကာင့္ ခြန္းတစ္ေယာက္
ၿပဳံးလိုက္ေသာ္လည္း ရႈံ႕မဲ့သြားသည္က မင္းမႉး..ခန့္သူႏွင့္ေဇယ်ာတို႔သုံးေယာက္သာ.......

ဗိုလ္မ႐ုပ္ေလးဆူဇီကေတာ့ play boyခြန္းအား
အႀကီးႀကီးခ်စ္ေနေတာ့သည္.....

ခြန္းတစ္ေယာက္သည္ play boyဟုဆိုေသာ္လည္း
မိန္းကေလးတစ္ေယာက္ၿပီးတစ္ေယာက္သာ တြဲျခင္းပင္...
မည္သူတစ္ဦးတစ္ေယာက္ကိုမွ ကိုယ္ထိလက္ေရာက္
မက်ဴးလြန္ဖူးေပ....
ယုတ္စြအဆုံး ႏႈတ္ခမ္းကိုေတာင္မနမ္းဖူးေပ.....
လက္ကိုင္သည္ ခါးကိုဖက္သည္...
ထိုမွ်သာ မိန္းကေလးမ်ားႏွင့္ရင္းႏွီးကြၽမ္းဝင္ဖူးသည္ပင္...

ခြန္း အား အသိုင္းအဝိုင္း ႀကီးႀကီးကမွန္းသိလို႔
လာကပ္သူမ်ားရွိသလို ႐ုပ္ရည္ကိုေႂကြေသာေၾကာင့္
လာကပ္သူမ်ားလည္းရွိသည္......
မည္သို႔ရည္႐ြယ္ခ်က္ျဖင့္ အနားလာသည္ျဖစ္ေစ
ခြန္းကေတာ့ သေဘာက်လွ်င္တြဲလိုက္သည္ခ်ည္းသာ.....

သို႔ေသာ္ play boyဟုနာမည္ႀကီးေသာ
ခြန္း၏ အမ်ားမသိေသာ တစ္ဖက္ျခမ္းမွာေတာ့
ဖခင္ျဖစ္သူ၏ အားကိုးယုံၾကည္ျခင္းကို အျပည့္အဝ
ရထားေလေသာ အရည္အခ်င္းရွိ လုပ္ငန္းရွင္
တစ္ေယာက္ေပပင္......
ဤအရာသည္ သူငယ္ခ်င္းသုံးေယာက္သာလွ်င္
သိေသာ ခြန္း၏အျခားတစ္ဖက္ျခမ္းပင္....

"ကဲ....ဆူဇီ..ကိုယ္တို႔ျပန္ၾကစို႔...
မနက္ျဖန္ ကိုယ္ဆူဇီ့ကိုလာေတြ႕မယ္ ဟုတ္ၿပီလား...''

ခြန္းလေရာင္လႊမ္း ေျပာသည္ကို ဗိုလ္မ႐ုပ္ေလးဆူဇီက
ႏႈတ္ခမ္းေလးဆူကာ စိတ္ေကာက္ျပသည္....

"ကဲပါ...ဆူဇီရဲ႕..အခ်ိန္ကိုၾကည့္အုံး
ေမွာင္ေတာ့မယ္ ကိုယ္ကဘာမျဖစ္ေပမယ့္ ဆူဇီက
မိေကာင္းဖခင္သမီးေလးတစ္ေယာက္ေလ....
ကိုယ္ျမတ္နိုးတန္ဖိုးထားရတဲ့မိန္းကေလး...
အဲ့ဒါေၾကာင့္ ကိုယ္ကအထိအခိုက္အေျပာအဆိုနည္းနည္း
ေလးမွမခံနိုင္ဘူး...
ကိုယ္ေျပာတာနားလည္လား....''
ထိုသို႔ စကားမ်ားႏွင့္ခ်ဳပ္လိုက္ေတာ့လည္း ဆူဇီမွာ
ေက်နပ္ၿပဳံးေလးၿပဳံးကာျဖင့္ သေဘာတူေခါင္းညွိမ့္သည္....

ထိုသို႔ႏွင့္ ခြန္း တစ္ေယာက္ဆူဇီ့အား သူမ ေနထိုင္ရာ
တိုက္ခန္းသို႔ လိုက္ပို႔ေပးခဲ့ၿပီး သူငယ္ခ်င္းျဖစ္သူမ်ားႏွင့္
ကလပ္ကို သြားေတာ့ေလသည္......

................................................................

"အား...ကြၽတ္စ္..ကြၽတ္စ္...''
အရက္ဒဏ္ေၾကာင့္ မူးေနာက္ေနေသာေခါင္းမွာ
အေတာ့္ကိုပင္မသက္သာ.....

"ေဒါက္...ေဒါက္..ေဒါက္...
သား...ပါးပါးရယ္ဝင္ခဲ့မယ္........''

"အာ...ဟုတ္ကဲ့ပါးပါး....''
အခန္းထဲသို႔ တံခါးေခါက္ခါ ဝင္လာေသာ
ဖခင္ျဖစ္သူအား ခြန္းၾကည့္လိုက္သည္....

ဥပတိ႐ုပ္က သန့္ျပန့္ကာ လူႀကီးလူေကာင္း
တစ္ေယာက္ျဖစ္ေလေသာ ဖခင္ျဖစ္သူမွာ
ေခါင္းေဆာင္ေကာင္းတစ္ေယာက္၏ အရွိန္အဝါမ်ား
လည္း ျဖာထြက္ေနေသးသည္.....

"ပါးပါး...ဘာကိစၥရွိလို႔လဲ... ''

"ညက အရက္ေတြအမ်ားႀကီးေသာက္လာတယ္ေနာ္
သား....ပါးပါး မႀကိဳက္ဘူး....''

"ဟုတ္...သားေနာက္တစ္ခါမျဖစ္ေစရပါဘူး ပါးပါး..''

"အင္း...ဟုတ္ၿပီ....
ညက် ပါးပါးတို႔ Blue Star Company ရဲ႕
Party ကိုသြားရမယ္သား...''

"Blue Star..ဟုတ္လားပါးပါး...''

"ဟုတ္တယ္သား.ပါးပါးတို႔အပါအဝင္...
ထိပ္တန္း ကုမၸဏီဆယ္ခုထဲမွာ သူတို႔လည္း
အပါအဝင္ပဲသား...အဲ့ဒါ ပါးပါးတို႔ကို သူတို႔နဲ႕
လုပ္ငန္းတစ္ခုလုပ္ဖို႔ ကမ္းလွမ္းထားတယ္သား...
ခုတေလာ သားကေက်ာင္းလည္းတက္ေနရတာဆိုေတာ့
အဲ့အေၾကာင္းကို ပါးမေျပာျဖစ္တာ.....
ေနာင္သူတို႔နဲ႕အလုပ္လုပ္ရင္ သားကပဲဦးေဆာင္ေပးရမွာ
အဲ့ဒါေၾကာင့္ သားညက်ပါးပါးနဲ႕အတူ ပါတီတက္ရမယ္...''

"အာ...ဟုတ္ၿပီ...ပါးပါး...
သားညက်ပါးပါးနဲ႕အတူလိုက္ခဲ့မယ္ ေနာက္ၿပီးလုပ္ငန္း
စာခ်ဳပ္ခ်ဳပ္ဖို႔ကေတာ့ သားကိုတစ္ခ်က္ျပအုံး...
သားစဥ္းစားစရာရွိေသးတယ္ပါးပါး...''

"Ok..ပါးပါးက သားကိုယုံတယ္...
ကဲ..ခုေတာ့ မင္းရဲ႕မားကို သြားေခ်ာ့လိုက္အုံး...
ညက အမ်ားႀကီးေသာက္လာလို႔ မင္းရဲ႕မား စိတ္ဆိုး
ေနတယ္.....''

"အာ...ဟုတ္ကဲ့ပါး...
မ်က္ႏွာသစ္ေရခ်ိဳးၿပီးရင္ မားဆီလာခဲ့မယ္..
အိမ္ေတာ္ထိန္းကိုေျပာေပးအုံး ပါးပါး..
သားဖို႔ ပ်ားရည္တစ္ခြက္ေဖ်ာ္ထားေပးအုံးလို႔...''

"ဟုတ္ၿပီ..ကဲကဲ လုပ္စရာရွိတာလုပ္ေတာ့...''

ခြန္းတစ္ေယာက္ ဖခင္ျဖစ္သူထြက္သြားသည္ႏွင့္
ေရမိုးခ်ိဳးလိုက္ေတာ့သည္....
ထို႔ေနာက္ မိမိ၏ ပင္တိုင္desinger Orchid အား
ဖုန္းဆက္ကာ ပါတီပြဲတက္ရန္အတြက္ ဝတ္စုံကိုလည္း
အဆင္သင့္ျပင္ခိုင္းထားလိုက္သည္....

ထို႔ေနာက္အိမ္ေအာက္ထပ္သို႔ဆင္းလာေလေတာ့
အိမ္ေတာ္ထိန္းက ပ်ားရည္ခြက္ကိုအဆင့္သင့္ကိုင္ကာ
ေစာင့္ေနသည္ကိုေတြ႕ရေလသည္...
ပ်ားရည္အားယူေသာက္လိုက္ၿပီး ထမင္းစားခန္းထဲမွ
မနက္စာ စားေနေလေသာ ပါးပါးႏွင့္မားဆီသို႔ဝင္ခဲ့ေလ
ေတာ့ မိမိႏွင့္ေမာင္ႏွမသဖြယ္အ႐ြယ္တင္ႏုပ်ိဳလွေသာ
မားက မ်က္ေစာင္းေလးလွမ္းထိုးကာ မသိခ်င္ေယာင္
ေဆာင္ေနသည္....
ပါးပါးကေတာ့ သူ႕ခ်စ္ဇနီးေလး၏ခ်စ္စဖြယ္အျပဳအမူ
အား ခပ္ၿပဳံးၿပဳံးျဖင့္သာ ၾကည့္ေနေပေတာ့သည္......

"မား......''
မားပခုံးေလးအားေနာက္မွသိုင္းဖက္ကာ ခပ္ခြၽဲခြၽဲ
ေခၚလိုက္ေလေတာ့ မားကႀကိတ္ၿပဳံးသည္.....

"မား....လို႔...''

"ေျပာ...ေကာင္စုတ္ေလး...ခုမွအသက္က၁၉ ေက်ာ္ေက်ာ္
ရယ္ကို အရက္ေတြအေသေသာက္ေနတယ္ေပါ့ေလ...
သြား...အနားမကပ္နဲ႕...မင္းပါးပါးေတာင္ မားမႀကိဳက္
မွန္းသိလို႔ မေသာက္ဘူး...
မင္းက မားစကားနားမေထာင္ဘူး....''

"မား...ကလည္း.....သားက တစ္ခါတစ္ေလ ေခါင္းေဆး
တဲ့သေဘာပါမားရဲ႕....
မားမႀကိဳက္ရင္ သားအဲ့ေလာက္မေသာက္ေတာ့ဘူးေနာ္မား..
မြ..မြ...စိတ္ဆိုးေျပေတာ့ေနာ္..''

ပါးေလးကိုနမ္းလ်က္ ရင္ခြင္ထဲသို႔ေခါင္းေလးတိုးဝင္ကာ
ခြၽဲေလေတာ့ မားက သူ႕လက္ေခ်ာင္းသြယ္သြယ္ေလး
မ်ားႏွင့္ ဆံပင္ၾကားထဲသို႔ခပ္ဖြဖြထိုးဖြသည္....

"ကဲ....ဟုတ္ၿပီ...ခြန္းစုတ္ေလး...
လာ breakfast အတူလာစား...မားတို႔နဲ႕...''

"မားခြံံ့ ေကြၽး...အာ....''

"အမေလး ခုမွ မားကိုလာခြၽဲေနတာ...
ကဲ ေရာ့ေရာ့...''

အတည့္ျမန္ေသာ သားအမိႏွစ္ေယာက္ကိုၾကည့္ကာ
ဖခင္ျဖစ္သူ ဦးသက္ဘုန္းထက္မွာေတာ့ ေခါင္းတခါခါ
ႏွင့္သာ............

..............................................................

ျမန္မာနိုင္ငံ၏ ခရီသြားtouristမ်ား အမ်ားဆုံး
တည္းခိုရာ blue star companyပိုင္
Dream Land Hotel ႀကီးဆီသို႔ လုင္ငန္းရွင္
အသီးသီး လာေရာက္ကာ ပါတီပြဲတက္ၾကေလသည္....

စီးပြားေရးဘုရင္မ်ား စုေဝးရာပါတီပြဲျဖစ္သျဖင့္
သူ႕ထက္ငါေကာင္း ဝတ္ေကာင္းစားလွမ်ားျဖင့္
အၿပိဳင္အဆိုင္တက္ေရာက္လာၾကသည္.......

ေ႐ႊေရာင္မီးဆိုင္းလွလွႀကီးမ်ားခ်ိတ္ဆြဲကာ
စားပြဲဝိုင္းမ်ားကိုလည္း ေ႐ႊေရာင္ပိုးသားစားပြဲခင္းမ်ား
ခင္းက်င္းထားေလၿပီး ရွားပါးေသာ က်ဴးလစ္ပန္းမ်ား
ျဖင့္အလွဆင္ကာထားသည့္ အျပင္အဆင္ကိုၾကည့္
ျခင္းအားျဖင့္ ခမ္းနားထည္ဝါေသာအရွိန္အဝါ
ရွိသည္ကို ခံစားမိနိုင္သည္.......

လုပ္ငန္းရွင္မ်ားအသီးသီးကလည္း မိမိတို႔လုပ္ငန္း
တိုးတက္ရာေဆြးႏြေးၾကရင္း မိမိတို႔သားသမီးမ်ားအတြက္
ေ႐ႊလမ္းေငြလမ္း ေဖာက္ေနၾကေလသည္......

ထို႔အထဲတြင္ မြန္းတည့္တစ္ေယာက္ကေတာ့
အေထျဖစ္သူနားမကပ္ဘဲ မင္းမဟာႏွင့္သာ
အစားအေသာက္မ်ားခင္းက်င္းထားရာသို႔သြားကာ
ဟိုဟာစားလိုက္သည္ဟာစားလိုက္ႏွင့္ အလုပ္မ်ား
ေနေပေတာ့သည္.......

"ကဲ ကိုသက္ဘုန္းထက္ ခုလိုပါတီပြဲတက္ေရာက္
ေပးတဲ့အတြက္ေက်းဇူးပါဗ်ာ.....''

"မလိုပါဘူးဗ်ာ ကိုမြန္းတည့္ရွိန္ကလည္း...
ေနာင္လည္းစီးပြားေရးမိတ္ဖက္ေတြ ျဖစ္ေတာ့မွာပဲ
ေက်းဇူးတင္စရာမလိုပါဘူး....''

"ဟားဟား...ဟုတ္ပါၿပီဗ်ာ...ဒါနဲ႕ေဘးက''

"ေအာ္..ဒါ ကြၽန္ေတာ့္သား..
ေမာင္ခြန္းလေရာင္လႊမ္း....တဲ့ဗ်ာ..မွတ္ထားပါအုံး..''

"မဂ္လာပါ အန္ကယ္ ေတြ႕ရတာဝမ္းသာပါတယ္.. ''

"အန္ကယ္လည္းေတြ႕ရတာ ဝမ္းသာပါတယ္ကြာ..
စီးပြားေရးေစ်းကြက္မွာဆို နာမည္ႀကီးျဖစ္တဲ့
ေမာင္ခြန္းလေရာင္လႊမ္း ကို အန္ကယ္ခုမွျမင္ဖူး
ေတာ့တယ္....''

"ခြန္းလို႔တရင္းတႏွီးေခၚလို႔ရပါတယ္ အန္ကယ္... လိုအပ္ခ်က္ေတြရွိပါေသးတယ္ အန္ကယ္..
အန္ကယ္ကပဲ သင္ၾကားေပးပါအုံးဗ်ာ....''

"ဟား.ဟား..ဟုတ္ၿပီကြာ..
ကိုသက္ဘုန္းထက္ ခင္ဗ်ားသားက
အေတာ္ ရည္မြန္တာပဲဗ်ာ....ခုလိုအားကိုးရတဲ့
သားမ်ိဳးရွိတာ ခင္ဗ်ားကိုအားက်တယ္ဗ်ာ...''

"ဟာဗ်ာ...ကိုမြန္းတည့္ရွိန္ကလည္း..
ခင္ဗ်ားမွာလည္း သားရွိတယ္လို႔ၾကားပါတယ္ဗ်ာ...''

"ရွိသပါ့ဗ်ာ....က်ဳပ္သားက ဝရမ္းေျပးေလဗ်ာ...''

"ဘယ္လိုဗ်...''

"ဟားဟား..ဒီလိုဗ်ာ...ခုဆိုသူဘြဲ႕ရပညာစုံေနၿပီ
အဲ့ဒါကို ကိုယ့္အေဖလုပ္ငန္းမွာ ဝင္ကူမလုပ္ဘဲ
အိမ္ကေနေျပးၿပီး အျခားလုပ္ငန္းမွာ အလုပ္သင္လုပ္ေနတယ္ဗ်ာ.....
တကယ့္ကို ဂြက်တဲ့သားတစ္ေယာက္ရထားတာပဲ..''

"ပါမလာဘူးလားဗ်...ပါတီကို...''

"ပါပါ့ဗ်ာ....ခုေလာက္ဆို
အစားအေသာက္တန္းကိုသြားၿပီး စားေသာက္ေနေလာက္ၿပီ
သူကအစားသရဲေလ....ဟားဟား...''

"ႀကဳံရင္ေတာ့ မိတ္ဆက္ေပးေပါ့ဗ်ာ...''

"အာ...မိတ္ဆက္ေပးရမွာေပါ့ဗ်ာ...
ေနအုံး ကြၽန္ေတာ္သြားေခၚလိုက္အုံးမယ္...''

"ေနေန အန္ကယ္ နာမည္ေျပာ
ကြၽန္ေတာ္သြားရွာေပးမယ္....''

"ဟာ...နာမည္က မြန္းတည့္မႉးငယ္ တဲ့သားေရ
သားသြားေခၚလို႔ျဖစ္ပါ့မလား သားကမျမင္ဖူးဘူးေလ...''

"ကိစၥမရွိပါဘူးအန္ကယ္ ကြၽန္ေတာ္သြားေခၚလိုက္မယ္...''

"Okဗ်ာ....''

ခြန္းတစ္ေယာက္ေျမာက္ႂကြေျမာက္ႂကြျဖင့္သာ
ထြက္လာခဲ့ေတာ့သည္....
ဦးမြန္းတည့္ရွိန္ႏွင့္စကားေျပာေနတုန္း အစားအေသာက္
မ်ားခင္းက်င္းထားရာ စားပြဲနားတြင္ ေတြ႕လိုက္ရေသာ
အရိပ္ကေလးေၾကာင့္ လူကစိတ္လႈပ္ရွားသြားသည္....
"ဦးငယ္ ကိုသူေတြ႕လိုက္သည္မဟုတ္လား...''
ထို႔ေနာက္ အန္ကယ္ရဲ႕ ''အစားအေသာက္
တန္းကို သြားစားေနေလာက္ၿပီ အစားသရဲေလး''ဟူေသာ
စကားအရ ဦးငယ္သည္ အန္ကယ္မြန္းတည့္ရွိန္၏
သားေတာ္ေမာင္မွန္း ခြန္းရိပ္မိလိုက္သည္.....

အစားအေသာက္တန္းဘက္တြင္ အစားေသာင္းက်န္း
ေနသူဆိုလို႔ ဦးငယ္တစ္ေယာက္ကိုသာ ေတြ႕ရသည္
မဟုတ္လား.....

ခုေတာ့ အစားသရဲေလး ဦးငယ္ဆီကို သြားေခၚရပါ
အုံးမည္.....

စားေသာက္ေနရင္း ခါးတြင္သြယ္ဖက္လာေသာ
လက္တစ္စုံေၾကာင့္ မြန္းတည့္လန့္သြားေလသည္....
မဟာ့ကိုၾကည့္လိုက္ေတာ့လည္း ကိုယ့္အတြက္
အစားအစာတို႔ကိုေ႐ြးေပးေနေလသည္.....

ကိုယ္အားအနည္းငယ္႐ုန္းၾကည့္ေသာ္လည္း
ကိုယ့္ထက္ပိုသန္မာေသာ သူ၏လက္ေခ်ာင္းမ်ားၾကား
လႈပ္၍ပင္မရ....
ထို႔ေနာက္ နားနားသို႔ကပ္ခါ ေခၚလာေသာနာမည္
ေၾကာင့္ မြန္းတည့္ လန့္သြားေတာ့သည္...

"ဦးငယ္.....''

♥<~~♥~~ ~~♥~~ ~~♥~~ ~~♥~~ ~~♥~~>♥
Next part🙋🙋
အားေပးၾကပါဦးေနာ္ 😙
Sandy💜

© May Thingyan (Sandy),
книга «ဂျစ်တူးချစ်သောဦးငယ်».
Коментарі