အစ
Chapter 1
Chapter 2
Chapter 1
Chapter 1

🎶🎶 ငါသေလို့ရတယ်ကွာ သတိရတယ်ကြားရုံနဲ့ အရူးတစ်ယာက်လိုပါ  🎶🎶🎶🎶🎶🎶

ကျစ်  ဘယ်ကဖုန်းလဲကွာ...

ရဒီဇော် စိတ်ရှုပ်စွာ ညည်းညူမိသည်။ သူမအတွက် ဒီရက်ပိုင်းတွေဟာ အိပ်ချိန်ရှားပါးနေသည်။ အလုပ်ပင်ပန်းလွန်း၍ စားချိန်၊ အိပ်ချိန် မမှန်သည်မှာ နှစ်ပတ်ခန့်ရှိ‌‌ေနပြီ။  အခုလဲ ညသန်းခေါင်ယံ ထမြည်တဲ့ဖုန်းကို တော်တော်လေး ကျိန်ဆဲနေမိသည်။ Ringtoneသံ မကြားရတော့မှ သူမ ပြန်အိပ်စက်မည်ဟု တွေးနေသည့်အချိန်
🎶🎶 ငါသေလို့ရတယ်ကွာ သတိရတယ်ကြားရုံနဲ့ အရူးတစ်ယာက်လိုပါ  🎶🎶🎶🎶🎶🎶

ကျစ် များသွားြပီ

အိပ်ချင်နေသည့်စိတ်ကို ထိန်းချုပ်လျက် ဖုန်းကိုင်လိုက်ပြီး

"ဟဲလို ရဒီဇော် ပြောနေပါတယ် "

ဟမ် ဘာလဲ ဘာမှပြန်မပြောဘူးလား
ဖုန်းကို ကြည့်လိုက်မိတော့ Unknown Number
မျက်မှောင်ကအလိုလိုကျုံ့လာသော သူမနှင့် တရစပ်ထွက်လာသာ စကားသံများသည်

" ဟဲလို .... ဟဲလို.... 
ညသန်းခေါင်ယံကြီး သူများအိပ်ချိန်ကို နှောက်ယှက်ရသလား ဘယ်ကဟာတွေမှန်းမသိ "

သူမ ‌စိတ်ရှုပ်စွာနဲ့ ဖုန်းပိတ်ရန်ပြင်လိုက်ချိန်

" Happy birthday ဇော်.... မောင့်ကို တံခါးလာဖွင့်ပေးပါဦး"

ဒီအသံ ဒီအခေါ်အဝေါ်‌ေတ‌ွ သူမ မြတ်နိုးရတဲ့လေသံလေးတွေနဲ့

"ဟင် မောင်လား....... "

တဖက်မှ ရယ်သံသဲ့သဲ့လေး၏နောက်တွင်
" မောင်ပေါ့ ဇော်ရဲ့ ဘယ်သူဖြစ်ရဦးမှာလဲ...
တံခါးလာဖွင့်ဦး မောင် ‌စားစရာတွေကိုင်ထားရတာ‌ လေးနေပြီ"

ရဒီဇော်ရဲ့ စိတ်ရှုပ်မှုတွေ အိပ်ရေးမ၀တာတွေဟာ   မောင့်ရယ်သံလေးတွေနောက်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ရှသွားခဲ့ပါပြီ ။
အခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန် ပြုံးနေတဲ့ မောင့်မျက်နှာနှင့် လက်ထဲတွင်ဆွဲထားသော စားစရာများအပါအ၀င် ဘယ်ဘက်လက်တွင် ချိတ်ထားသော ဂျူတီကုတ်အဖြူ။
မောင်က ဆေးရုံကနေ လာတာလား....

"အိပ်ပျော်နေတာလား .. so sorryပါကွာ မောင် ဇော့်ကို wish လုပ်ချင်လို့ လာခဲ့တာ....နောက်ပြီးတော့ မောင် ဘာမှမစားခဲ့ရသေးလို့... အဟီး"

"ထားပါတော့... ပေးခဲ့ စားစရာတွေ ဇော် သယ်ပေးမယ်.... "

" No....No ... BD Girl လေးကို မသယ်ခိုင်းရက်ပါဘူး... သိပ်သယ်ချင်တယ်ဆိုရင်  မောင့့်ဂျုတီကုတ်လေး သယ်ပေး... မနက်ဖန်‌အလုပ်ပြန်သွားရမှာ"

" Oki မောင် "

ဘာပဲဖြစ်ဖြစ် သူမရဲ့ ၂၃နှစ်ပြည့်မွေးနေ့ဟာ မောင့်ကြောင့်ပြည့်စုံသွားခဲ့ရပြီ။
ကျေးဇူးတင်ပါတယ်မောင်....
✳️✳️✳️✳️✳️✳️✳️

Chapter 2 is coming
ဝေဖန်ပေးကြပါဦးနော်
ကျေးဇူးများကြီးတင်ပါတယ်ရှင့် 🌼









© Nyan ,
книга «ဝေး.........».
Коментарі