အစ
Chapter 1
Chapter 2
Chapter 2
Chapter 2

မောင့်လက်ထဲက အထုတ်တွေကို စားပွဲပေါ်တင်ပြီး ဆိုဖာကို ခြေပစ်လက်ပစ်‌ မောင်ကမှီချလိုက်လေသည်။ မောင် တော်တော်ပင်ပန်းနေပြီမှန်း သိလိုက်ပြီမို့ မောင့်ဂျူတီကုတ်ကို ချိတ်နှင့်ချိတ်ရင်း.......

‌"မောင် တအားပင်ပန်းလို့လား ဒီနေ့က "

"အင်း... Case တွေ များတယ်.. မောင် တခါမှ မကြားဖူးတဲ့ caseတွေပါလာတော့ ခါတိုင်းရက်တွေထက် ပိုပင်ပန်းတယ်..."

"တခုခုသောက်မလား ဇော် ဖျော်ပေးခဲ့မယ်"

" No... ဇော် မောင့်ကို တခုလောက်ကူညီပါလား"

ပြောလေဆိုပြီး မေးဆတ်‌ပြတော့

မောင့်ရဲ့မူပိုင်ပုံစံအတိုင်း ပုခုံးလေးတွေကျုံ့ပြီး သွားဖြူဖြူလေးတွေပေါ်အောင် ရယ်ပြပါတော့တယ်။
ဒီပုံစံဆို ရဒီဇော်တို့ အလိုက်သိရပါပြီ။ မောင်မှီချထားတဲ့ ‌ဆိုဖာပေါ်ထိုင်ပြီး ဇော်ရဲ့ပေါင်ပေါ် စောင်အပါးလေးတင်လိုက်ပါတော့သည်။ မောင်က အချိန်ကိုက်လဲချလာတာမို့ မောင့်နှုတ်ခမ်းတွေကို ဇော်ရဲ့နှုတ်ခမ်းလေးတွေနဲ့ ဖျတ်ခနဲထိလိုက်မိသည်။ ဆူညံနေတဲ့နှလူံးခုန်သံကို မောင်ကြားသွားမလား စိုးရိမ်စွာကြည့်မိတော့ မောင်က အသက်ရှုမှန်မှန်နဲ့ မှေးစက်နေပါပြီ။

"မောင် တခုခုစားဦးလေ... ပြီးမှ နားလေ "
ဘာမှမစားရသေးတာမို့ စိုးရိမ်စွာ ‌ပြောမိတော့
စိတ်မရှည်တဲ့လေသံလေးတွေ တန်းစီထွက်လာသော မောင်ပါ။

" Plz... Zaw , Just 10min ... Ok, Thanks a lot for your kindness"

၁၀မိနစ်လောက် မောင့်ကို ထိုင်ကြည့်ခွင့်ရတာမို့ တကယ်ကို ရှားပါးတဲ့အခွင့်အရေးတခုပါ။
မောင်က မချောပါဘူး.. ြကည့်ကောင်းရုံပဲ
‌ဒါပေမဲ့ မောင့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ဆွဲဆောင်မှုရှိတယ်
လက်ချောင်းသွယ်သွယ်... ဗလတောင်‌့တောင့် .. six-pack‌ေတွအပြင် မရဲတရဲနှုတ်ခမ်းပါးရယ်
အစီအရီရှိနေတဲ့သွားတန်းလေးတွေရယ်..
ဇော်ရဲ့မြတ်နိုးမှုတွေကို စုပြုံရနေတဲ့ မျက်၀န်းလေးရှိတယ်။
မောင့်မျက်၀န်းလေးတွေက တကယ်ကိုလှတာ

ဇော်ကတော့ မောင့်ကိုချောတဲ့ထဲမပါဘူးလို့သတ်မှတ်ထားဝာာပဲ။ တကယ်ကိုလှပတဲ့ မျက်၀န်းလေးကလွဲလို့ပေါ့။

မောင်ပြောတဲ့ ၁၀မိနစ်ပြည့်တဲ့အချိန်မှာ မောင်က စိတ်ကြည်စွာနိုးလာပေမဲ့ ဇော်က‌တော့ တကယ်ကိုအိပ်ချင်နေပါတော့သည်

"မောင်.... ဇော် တအားအိပ်ချင်နေလို့  သွားအိပ်တော့မယ်လေ... မောင် တစ်ယောက်တည်းစားလို့ဖြစ်လား"

မျက်ခုံးထူထူကိုတွန့်ချိုးပြီး မျက်လုံး‌တွေစူးရဲလာသောမောင်....
အေးစက်စက်နဲ့ ထွက်လာသောလေသံတချို့

"ရဒီဇော်.....ငါဗိုက်ဆာနေတာနော်... ငါနဲ့အတူစားပြီးမှအိပ်"

"ကျစ်... ခန့်ငြိမ်းရာ မရစ်နဲ့ဟာ..
နာရီကြည့်ဦး ၁နာရီခွဲနေပြီ ... ၂နာရီကျော်ရင်ငါအိပ်လို့မပျော်နိုင်မှန်း နင်သိရဲ့သားနဲ့"

"မရဘူးနော်.... စားပြီးမှအိပ်"

"ငါအခုအိပ်ချင်နေတာလေ... နင်စားပြီးတဲ့အထိမစောင့်နိုင်ဘူး... စောင့်လို့လဲမရဘူး.. ငါ အိပ်ပြီ"

ဘယ်နှယ့်ရှင်
အိပ်ချင်နေတာကို ထမင်းစားပြီးတဲ့အထိ‌ထိုင်စောင့်ရမယ်တဲ့
မောင့်ရဲ့အတ္တတွေဟာ တခါတလေ စိတ်ပျက်ဖို့ကောင်းတယ်။ 
စိတ်ပေါက်ပေါက်နဲ့ပြောပြီး ထိုင်နေရာက ထလိုက်တော့
မောင်ဟာလေ မပြောမဆိုနဲ့  ဇော့်ခါးကို ဆွဲဖက်လိုက်ပါတော့တယ်။ အရှိန်လွန်ပြီး မောင့်ပုခုံးပေါ် မျက်နှာအပ်မိတော့ မောင့်အသက်ရှုသံလေးတွေက ဇော့်ရဲ့ လည်တိုင်လေးပေါ်မှာ ။ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ဗျောက်အိုးဖျောက်သလို ဆူညံနေတဲ့ ရင်ခုန်သံတွေကြား

"မောင်... ဒါဘာလုပ်တာလဲ လွှတ်စမ်း ... "

ခါးကိုဖက်ထားတဲ့လက်တွေက ပိုတင်းကြပ်လာပြီး...

"မောင်ပြောရင် ‌နားထောင်လိုက်လေ ဇော်ရဲ့..
မောင့်ကို စိတ်တိုအောင်မလုပ်နဲ့ မွေးနေ့ရှင်.. "

မောင့်လေသံလေးတွေက အေးစက်စက်...
အဲ့ဒီစကားတွေကို မောင်က ဇော့်နားရွက်ဖျားတွေဆီ ထိကပ်ပြီး ပြောတာမို့ ဇော်တကယ်ကို ကြက်သီးတွေထလာပါတယ်။
အတတ်နိုင်ဆုံး လေသံကိုလျော့ပြီး

" မောင်ရယ်... ၂နာရီကျော်သွားရင် ငါဘလိုမှအိပ်လို့မရတော့ဘူးလေ နင်သိနေတာပဲ ... Plzလေနော်... ငါ ကောင်းကောင်းမအိပ်ရတာ ၂ပတ်လောက်ရှိနေပြီ"

ဒီလိုလေသံပျော့ပျော့လေးတွေကို မောင် ခံနိုင်ရည်မရှိဘူးလေ။

တင်းနေအောင်ဖက်ထားတဲ့လက်ကလေးလျော့သွားပြီး မောင်က ဇော့်မျက်နှာကို စိုက်ကြည့်လာတယ်။ မောင့်မျက်လုံးလေးတွေက မီးရောင်အောက်မှာဆို သိပ်ကြည့်လို့ကောင်းတာပဲ ။

" ဒါဖြင့်... 5မိနစ်လောက်ပဲ နေပေးနော်.. ပြီးရင် မောင်ကိုယ်တိုင်ဇော်အိပ်ပျော်တဲ့အထိ ထိုင်စောင့်ပေးမယ်... အခုတော့ မအိပ်နဲ့ဦး‌ေနာ်... 5မိနစ်ပဲ..ဒီနေ့က နင့်မွေးနေ့မို့ လျော့ပေးလိုက်မယ် ... Oki "

မအိုကေလို့မရဘူး ... ခန့်ြငိမ်း ဂျစ်ရင် တော်တော်ဆိုးတာမို့ ဇော် စိတ်လျော့ပြီး နာရီကြည့်မိ‌တော့ ည 1း40 ။

✳️✳️✳️✳️✳️✳️











© Nyan ,
книга «ဝေး.........».
Коментарі