A_Mon
2020-12-29 08:25:05
I'll giving up for your happiness but ...
Новини
" မောင် ငါ လူသတ်မိပြီ။ မဟုတ်ဘူး ငါ လူသတ်ခဲ့ပြီ "
Cigaretteတစ်လိပ်ကို သိပ်လှတဲ့
လက်ချောင်းလေးတွေကြား ညှပ်လို့ ခပ်ဆွေးဆွေးလေး
သူမ ဆိုမိတယ်။ထို့နောက် 'ဖူး' ခနဲ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကြား သူမရဲ့ အတိတ်တွေကို
ဝေဝေဝါးဝါးပြန်လည် မြင်ယောင်လာမိလေတော့သည်။
××××××××××
ပထမဆုံး တက္ကသိုလ် စတက်တဲ့နေ့
ဆံပင်ရှည်ရှည် အသားညိုညို မျက်နှာတည်တည်နဲ့
ကျွန်မကို ဘယ်သူမှမခင်ချင်ဘူးထင်ပါတယ်။ဘာအရေးလဲ။
ဒါမျိုးဆို စိမ်းတို့က ပိုတောင်ကြိုက်သေး။ဘေးမှာ
လာထိုင်တဲ့သူတစ်ချို့နဲ့တော့ မေးတစ်ခွန်းခေါ်တစ်ခွန်း
ပြောဖြစ်ပါတယ်။
ကျောင်းတက်လာတာတစ်ပတ်ပြည့်တဲ့နေ့
"ဟို ကျွန်တော် ဒီမှာထိုင်လို့ရလားခင်မျ"
အိုး လူတစ်ယောက် အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့
5'8 ကျွန်မတောင် မော့ကြည့်နေရတဲ့ အရပ်ပိုင်ရှင်
တစ်ဆိတ်လောက်သူ့မျက်ဝန်းတွေထဲမှာ
ကြယ်လေးတွေလားလို့။
"ဟို တစ်ခြားခုံတွေ လူပြည့်နေလို့ပါ" အသံကြားမှ
အသိပြန်ဝင်တော့တယ်။
"ဟုတ်သားပဲ ဒီနေ့မှ ဘာလို့ကန်တင်းက
လူပြည့်နေပါလိမ့် ဘာပွဲရှိလို့ပါလဲ"
"ဒီနေ့ ကျောင်းကို ကျောင်းပြီးသွားတဲ့စီနီယာတွေ
မိန့်ခွန်း လာပြောမှာလေ အာ့ကြောင့် အကုန်
ကျောင်းလာတက်ကြတာထင်တယ်"
သေစမ်း စိတ်ထဲက ပြောတယ်ထင်နေတာအပြင်မှာပါ
တကယ် ပြောထွက်မိသွားတာပဲ။
"အာ့ဆို ကျွန်တော် ထိုင်လို့ရတယ်မလားခင်မျ"
"အာ ထိုင်ပါ ထိုင်ပါ"
အဲ့ဒီနောက် သူက အနီးနားက ခုံပြာလေးဆွဲပြီး
ထိုင်လိုက်ကာ "အန်တီ ထုံးစံအတိုင်းထမင်းကြော်နဲ့
Coke ပဲပေးပါ" နေ့လည်စာ မှာလိုက်တဲ့ သူ့အသံက
ကျွန်မအား သူ့ကို သတိထားမိစေသည်။
ကိုယ့်ထမင်း ကိုယ်ဆက်စားနေစဥ်
"ကျွန်တော့နာမည် ပိုင်အေးချမ်းမောင် ပါ
First Year Phys Bio ပါ"
"အာ ဟုတ် စိမ်းကလည်း First Year ပါပဲ။
မေဂျာက Phys Chem ပါ"
လူတစ်ယောက်လာမိတ်ဆက်ရင် ပြန်မိတ်မဆက်တဲ့
အထိ ကျွန်မ လူမှုရေး မခေါင်းပါးပါဘူး။
"သားရေ ထမင်းကြော်ရပြီ "ဆိုင်ရှင်အန်တီရဲ့ အသံကြားမှ
ကျွန်မဆိုင်မှ ထသွားရန်ပြင်ချေတော့သည်။ ရုတ်တရက်
"ဟို စိမ်း နောက်ဆို တွေ့ရင် ကျွန်တော့်ကို နှုတ်ဆက်နော်" တဲ့လေ။ကျွန်မလည်း "အင်း"လို့ပြန်ဖြေခဲ့ပါတယ်။
တွေ့ရင် နှုတ်ဆက်ဖြစ်မှာပါ သူ့မျက်ဝန်းထဲက
ကြယ်လေးတွေကို..။
××××××××××
ဒီလောက်ပါပဲ ကျွန်မနဲ့ မောင် စတွေ့ခဲ့တာ
ဒီလိုရိုးရိုးရှင်းရှင်းလေးပါပဲ။
ဟက် ဘယ်ကစမှားသွားသလဲ။
ဘယ်သူတွေကမှားခဲ့သလဲတော့ ကျွန်မမသိတော့ပါဘူး။
တကယ်တော့ မသိချင်တော့တာလည်း ဖြစ်နိုင်ပါတယ်။
အဲ့ဒီနေ့နောက်ပိုင်းကစ စာကြည့်တိုက်မှာဖြစ်စေ
ကျောင်းကာယလေ့ကျင့်ခန်းမမှာ ဖြစ်စေ ကျွန်မနဲ့
မောင် မတော်တဆ ဆုံဖြစ်ခဲ့ကြတယ်။
မေးတစ်ခွန်း ခေါ်တစ်ခွန်းကနေအစပြုလို့
သူငယ်ချင်း အင် သူငယ်ချင်းပဲ ဆိုပါတော့
သုံးနှစ်လုံးလုံး ကျွန်မနဲ့ မောင် တစ်ယောက်နဲ့
တစ်ယောက်ကူညီရိုင်းပင်းရင်း ဖြတ်သန်းခဲ့ကြတယ်။
××××××××××
"ကိုယ် စိမ်းကို ချစ်တယ်" စကားလုံးလေး ငါးလုံးက
ကျွန်မ ရူးသွပ်နိုင်ဖို့ လုံလောက်တယ်။
တစ်ပတ်ပင်မကြာလိုက် အနေအေးပြီး
မာနကြီးတယ်ဆိုတဲ့ကျွန်မက
"ကျွန်မလည်း မောင့်ကိုချစ်တယ်" တဲ့လေ။
ဘယ်ချိန်ကတည်းက မောင်ချစ်ခဲ့လည်း မသိပေမယ့်
ကျွန်မကတော့ စတွေ့ကတည်းက ထင်ပါရဲ့။
သူ့မျက်ဝန်းထဲက ကြယ်လေးတွေ သွေးကြောစိမ်းစိမ်းတွေ
ထင်းနေပြီး လက်ချောင်းရှည်ရှည်လေးနဲ့ သူ့လက်လေးတွေ
အင် အကုန်လုံး မြတ်နိုးနေမိတာ။
×××××××××××
ချစ်သူသက်တမ်း တစ်လ နှစ်လ မောင်နဲ့တူတူ
ရုပ်ရှင်တွေကြည့်တယ်။ မန်းလေး၊ မကွေး စုံနေအောင်
မောင့်လက်လေးတွဲပြီး အတူသွားခဲ့ဖူးတယ်။
မောင်ကလေ ကျွန်မကိုဆို သိပ်ချစ်သလို
သိပ်ဂရုစိုက်တတ်သေးတာ။
ချစ်သူသက်တမ်း 1နှစ် နဲ့ 8လပြည့်တဲ့နေ့
တစ်နည်းအားဖြင့် ကျွန်မတို့ ဘွဲ့ယူတဲ့နေ့
လူတကာ ပျော်နေပေမယ့် ကျွန်မမပျော်နိုင်ခဲ့ပါဘူး။
အိမ်က ဖေဖေနဲ့ မေမေနဲ့ကတော့ ကျွန်မရဲ့ နဂို
အကျင့်လေးကြောင့် မပြုံးဘူးလို့ထင်နေတယ်နဲ့တူပါရဲ့။
"ကိုယ် တောင်းပန်ပါတယ်" ဟင် စကားလုံးလေးငါးလုံးပါပဲ။
ဒါပေမယ့် ဒီတစ်ခါတော့ အသည်းတွေနာလိုက်တာ
ဘာလို့ပါလိမ့်။
"မဟုတ်ဘူးလို့ ပြော၊ အဲ့နေ့က ကျွန်မ ကြားခဲ့တာ
မဟုတ်ဘူးလို့ ပြော"
"ကိုယ် တောင်းပန်ပါတယ် ကိုယ် အဲ့တစ်ခွန်းပဲ
ပြောနိုင်တော့တယ် စိမ်း"
"ဘာလို့လဲ ဘာလို့ လမ်းခွဲရမှာလဲ
မောင် စိမ်းကို စနေတာမလား"
"အဲ့နေ့က စိမ်းနဲ့ မိတ်ဆက်ပေးခဲ့တာ
ကိုယ့်အမျိုးသမီးဖြစ်လာမယ့်သူ ကိုယ်သူ့ကိုပဲချစ်တယ် စိမ်း"
ကျောင်းစတက်ကတည်းက သီးသန့်နေတတ်တဲ့ကျွန်မ
အမြဲလိုလို နားကြပ်လေးတပ်ပြီး မိန်းဆောင်ရှေ့က
တမာပင်အောက်မှာ ထိုင်နေတတ်တဲ့ကျွန်မ
အခြား မိန်းမလှလေးတွေနဲ့ မတူ ထူးခြားတဲ့ကျွန်မက
မောင့်အား သတိထားမိစေသည်။
မောင့်အားရင်ခုန်စေသည် ဟု တဖွဖွပြောခဲ့တဲ့
ကျွန်မရဲ့ မောင်က အခု ကျွန်မနဲ့ လမ်းခွဲပါရစေတဲ့လား။
"မောင် ပျော်မှာ သေချာလား "
"ကိုယ် မဖြေပါရစေနဲ့လား"
မောင်က သတ္တိမရှိလိုက်တာ သူသာရင်ခွင်သစ်မှာ
မပျော်နိုင်တာ သေချာရင် ကျွန်မကိုယ် ကျွန်မရော
မောင့်ကိုရော သတ်ပစ်ဖို့ ဝန်မလေးဘူး ဆိုတာသူမသိဘူး။
"ဟုတ်ပြီ မောင်...ဒါမဲ့မောင် မပျော်တဲ့တစ်နေ့
ကျွန်မ မောင့်ကို လာပြန်ယူမယ်"
အဲ့နေ့ကစပြီး ကျွန်မအကျင့်တွေပျက်တော့တာပဲ။
အမေကတော့ ပုံမှန်မဟုတ်တဲ့ ကျွန်မကိုအပမှီတယ်ဆိုပြီး
ဟိုဆရာပင့် ဒီဆရာပင့်နဲ့ပေါ့။
တကယ်တော့ ချစ်လွန်းလို့ ပုံမှန်မဟုတ်တော့တာပါ။
နှစ်နှစ် တိတိကျကျပြောရရင် မောင်နဲ့
အဆက်ပြတ်သွားတာ နှစ်နှစ်ရှိပြီ။
ခုလက်ရှိမှာတော့ Phys ဆရာမ ဒေါ် စိမ်းဆိုရင်
ကလေးတွေအစ လူကြီးအဆုံး ချစ်ကြောက်ရိုသေနေပြီ။
"မောင် သိလားခု ကျွန်မ အဆင်ပြေနေပြီ။
အင်မောင့်ကိုတော့ လွမ်းနေသေးတာပေါ့"
××××××××××
တစ်နေ့ မမျှော်လင့်ဘဲ မောင့်အမျိုးသမီးကို
တောင်ကြီးမှာ တွေ့ လိုက်တယ်။
ဒါပေမယ့် အဲ့အမျိုးသမီးဘေးကယောကျ်ားက
မောင် ဟုတ်မနေခဲ့ဘူး။
မရဘူးနော် မောင်ပျော်စေချင်လို့
ငါလက်လွှတ်ပေးခဲ့တာ သူမပျော်လို့မရဘူးနော်။
ကျွန်မဟာ ကျွန်မပါပဲ။
မောင်နဲ့ပတ်သတ်တဲ့အရာအားလုံး အခုထိသိချင်နေတုန်း။
ကျွန်မမောင့်အကြောင်းတွေကို စုံစမ်းခဲ့တယ်။
တစ်ပတ်မကြာပါဘူး အကုန်သိခွင့်ရခဲ့တယ်။
မောင်နဲ့ သူ့အမျိုးသမီး လွန်ခဲ့တဲ့တစ်နှစ် ကတည်းက
ကွာရှင်းပြီးပြီတဲ့လေ။ ကျွန်မ မောင့်ဌာနေ စစ်ကိုင်းကို
ချက်ချင်း လိုက်သွားခဲ့တယ်။
ဪ မောင်က တစ်ဦးတည်းသောသား
သူ့မိဘတွေက အမေရိကန်မှာ
မောင်က စစ်ကိုင်းကချင်းစုရပ်ကွက်မှာ နေတာ
ကျောင်းတက်တုန်းက မောင့်အိမ်ခဏ ခဏ
ရောက်ဖြစ်တယ်။ အတွေးတွေနဲ့ နစ်မွန်းနေတာ
ဪ မောင့်အိမ်ရှေ့တောင် ရောက်လာပါကော။
-အိမ်အမှတ် 95 စိတ္တသုခလမ်း- မောင်ပြောဖူးတယ်
ဒီအိမ်လေးမှာ ကျွန်မရယ် သားသားမီးမီးလေးတွေရယ်
နဲ့အတူ သက်ဆုံးတိုင် နေသွားချင်တာတဲ့လေ။
"လူရှိလား လူရှိလား"
မကြာပါဘူး မောင်ထွက်လာပါပြီ။
ဟင် မောင်မဟုတ်ဘူး မောင့်ဆီမှာ ထမင်းချက်တဲ့ အန်တီ။
ခြံတံခါး အနီလေးဖွင့်ပြီးသည်နှင့်တပြိုက်နက်
"ကြီးမေ သမီးကို မှတ်မိလား သမီး.."
"စိမ်း သမီးက စိမ်းမလား"
"ဟုတ်တယ် သမီး စိမ်းပါ မောင်ရောဟင်"
"သမီး သား အေးချမ်းလေးက အေးချမ်းလေးက ဆုံးပြီကွဲ့"
"ကြီးမေ မောင်က ဘာလို့ ဆုံးရမှာလဲ သမီးသူ့ကို
လာပြန်ခေါ်တာ သူဘယ်မှာလဲ သူဘယ်မှာလဲ ကြီးမေ"
မောင်ရေ ကြီးမေက မဖြေပဲ သူ့ဖျင်အင်္ကျီအပန်းလေးကို
ကျစ်ကျစ်ပါအောက်စုတ်ပြီး ငိုနေတယ် မောင်။
မောင်ရေ မောင် ကျွန်မကြောက်တယ်။
မောင်ပုန်းမနေပါနဲ့ ကျွန်မမောင့်ကို မမုန်းဘူးလေ။
ကျွန်မ မောင့်ကို လာပြန်ခေါ်တာလေ မောင်ရယ်...
အတော်ကြာပြီးနောက် ကြီးမေရဲ့ ရှင်းပြချက်တွေကို
သိခဲ့ရတယ်။မောင် ကျွန်မနဲ့တွဲနေတဲ့ အကြောင်း
မောင့်မိဘတွေဖွင့်ပြောတဲ့ ညမှာပဲ
သူတို့သူငယ်ချင်းရဲ့ သမီးဖြစ်တဲ့ "မေခေတ်ဖူးဟန် "ဆိုတဲ့
အမျိုးသမီးနဲ့ အတင်း လက်ထပ်ဖို့ စီစဥ်တယ်တဲ့လေ။လက်မခံရင် ကျွန်မကို သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်တဲ့လေ။
မောင်ကတကယ်သတ္တိမရှိတာပဲ။
ဘာလို့သူမချစ်တဲ့ မိန်းမတစ်ယောက်ကို လက်ခံခဲ့ရတာလဲ။
ခုကြည့် မေခေတ်ဖူးဟန်က လက်ထပ်ပြီးမကြာဘူး
ဖောက်ပြန်တယ်တဲ့လေ။မောင်နဲ့ သူ့အမျိုးသမီး
ပြဿနာတွေတက်ပြီး မောင်ကအိမ်ပေါ်ကဆင်းသွားသတဲ့။
ဘဝက ရုပ်ရှင်ဆန်လိုက်တာ မောင်ရယ်
လမ်းမှာ ကားမှောက်ပြီး မောင်က ပွဲချင်းပြီး
ဆုံးသွားတယ်တဲ့လေ။
မောင်ရေ ကျွန်မ လက်ဆောင်ပေးထားခဲ့တဲ့
ဒိုင်ယာရီ စာအုပ်လေးကို ခုထိုင်ဖတ်နေတယ်။
မောင်က ဆိုးလိုက်တာ။ ညတိုင်း ကျွန်မကိုသတိရတယ်တဲ့။
ဒါများ ဘာလို့ ကျွန်မရှိတဲ့ဆီ လိုက်မလာသလဲ...မောင်ရယ်။
ရတယ်...မောင်ကျွန်မဆီမလိုက်လာရင်
မောင့်ဆီ ကျွန်မလိုက်လာမယ်...။
××××××××××
"ဟယ်လို မေခေတ်ဖူးဟန် လားမသိဘူးရှင့်"
"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"
"ကျွန်မ နာမည် စိမ်းပါ မောင့်ရဲ့ သူငယ်ချင်း"
"မောင်ဆိုတာ ဘယ်သူလဲ ကျွန်မ စိမ်းဆိုတာလည်း
မကွားဖူးပါဘူး"
"မကြာခင် သိရမှာပါ ချင်းစုက ပိုင်အေးချမ်းမောင်အိမ်
မနက်ဖြန် အစ်မ လာခဲ့ပါလား"
"ဪ ကိုပိုင့်သူငယ်ချင်းကို တို့ မင်းကိုအားနာပေမယ့်
သူနဲ့တို့ ကွာရှင်းတာကြာပြီ အကြွေးတွေ ဘာတွေ
ဆပ်ဖို့ရှိနေတာလား သူက"
"ဘယ်ကသာ ကျွန်မက မောင့်ကို ပေးရမှာ
ပေးရမယ့်တန်ဖိုးက များနေလို့ မောင်က
မရှိတော့ဘူးဆိုတော့ အဲ့တာအစ်မကိုပဲဖြစ်ဖြစ်ပေးချင်လို့ပါ"
"အို ဟုတ်လား ရတယ် ညီမ အစ်မလာခဲ့မယ်
မနက်ဖြန်နော်"
"ဟုတ်ကဲ့"
××××××××××
ကြမ်းပြင်ပေါ်မှာ မိန်းမလှလေးတစ်ယောက်ရဲ့
သွေးတွေအိုင်နေတယ်။
ထိုမိန်းမလှလေးဘေးမှာ Cigarette ကို
လက်ကြားညှပ်လို့ နာကျင်နေတဲ့ မျက်ဝန်းပိုင်ရှင်
မိန်းမလှလေးတစ်ဦးထိုင်နေပြန်တယ်။
သူက တိတ်တိတ်လေးရေရွတ်တယ်။
"မောင် ငါ လူသတ်မိပြီ။ မဟုတ်ဘူး ငါ လူသတ်ခဲ့ပြီ။
စိမ်းကို စိတ်မဆိုးနဲ့။ မောင့်ကို မပျော်အောင်ထားလို့
စိမ်းက အပြစ်ပေးလိုက်တာ " တဲ့လေ။
ချစ်ရတဲ့သူကို မပျော်အောင်ထားလို့
အပြစ်ပေးလိုက်ရတဲ့အတွက် သူမ တကယ်ပဲ
ကျေနပ်နေမှာလား။
သူမရဲ့ချစ်သူကကော သူမလုပ်ရပ်အတွက်
ခွင့်လွှတ်ပေးနိုင်မှာလားဆိုတာ ဘယ်သူမှမသိပေမယ့်
သေချာတာတော့ နောက်တစ်နေ့မနက်
"ချင်းစုရပ်ကွက်တွင် အမျိုးသမီးတစ်ဦးဓါးထိုးမှုဖြင့်သေဆုံး
နောက်တစ်ဦးမှာ ဆွဲကြိုးချလျက်သေဆုံးနေတဲ့
သတင်းက စစ်ကိုင်းတစ်မြို့လုံး ပြန့်သွားလေတော့သည်။
အစကောင်းတဲ့ ဇာတ်လမ်းလေးရဲ့ အဆုံးကို
ဘယ်သူမှကြိုတင်ခန့်မှန်းလို့မရနိုင်တာအမှန်ပါပဲ..မောင်
ကျွန်မကတော့ မောင့်အတွက် လုပ်ခဲ့သမျှအရာအားလုံးဟာ
အမှန်တရားပဲ နောင်တလား...မရဘူးလို့ပြောရင်
လိမ်ပြောရာကျမှာ မောင် လမ်းခွဲစကားပြောတဲ့နေ့က
မောင့်ကိုသတ်ပြီး ကျွန်မပါ သတ်သေခဲ့ရမှာ
အနည်းဆုံးတော့နှစ်ယောက်လုံး မလွမ်းရတော့ဘူးပေါ့။
အဲ့နေ့က မောင့်ကို စိမ်းလက်လွှတ်ပေးခဲ့တာ မောင့်ကို
ပျော်စေချင်ခဲ့လို့...ဒီလို အဆုံးသတ်ကို မြင်ရဖို့မဟုတ်ဘူး။
@yisean_lili 🌸