Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-2
(Zawgyi)

ေဆာင္းရာသီအစ၏ မနက္ခင္းဟာ ခ်မ္းေအးေနခဲ့၏။ အိမ္မွန္တံခါးမွ တစ္ဆင့္ လွမ္းျမင္ေနရေသာ သစ္႐ြက္ကေလးမ်ားေပၚ၌ ႏွင္းေရ ၊ ႏွင္းစက္ကေလးမ်ားက ဖြဲ႕သီေနၾက၏။ မနက္ေစာေစာ ႏွင္းေရေသာက္ထားရေသာေၾကာင့္ ၿခံထဲရွိ ျမက္ပင္ေလးေတြဟာ စိမ္းစိမ္းစိုစို....။

မိုတစ္ေယာက္ကေတာ့ မနက္၅နာရီထ၍ အိမ္သန႔္ရွင္းေရးလုပ္ေနရၿပီ။ ၆နာရီထိုးခါနီးၿပီဆိုတာႏွင့္ အစ္ကိုေလးအလုပ္မသြားခင္စားဖို႔ မနက္စာအတြက္ ေပါင္မုန႔္မီးကင္ၿပီး ေကာ္ဖီေဖ်ာ္ေပးရသည္။ အနားမွာေန၍ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးရ၏။ အစ္ကိုေလး၏ေန႔စဥ္ကိစၥမ်ားကို မိုကသာ လိုက္စီမံေပးတာကို အစ္ကိုေလးက ႀကိဳက္သည္။ မိုကလြဲ၍ တျခားလူလုပ္ေပးလွ်င္ နည္းနည္းမွ မႀကိဳက္။ သူ႔အနားဘယ္သူမွ လာကပ္တာ လက္မခံပါ။ အစ္ကိုေလး မနက္စာစားေနခ်ိန္တိုင္း မို႔မွာခိုးၾကည့္ရတာအေမာ။ 
ေကာ္ဖီခြက္ကိုင္ထားသည့္ ေယာက်ာ္းပီသေသာလက္ခုံေပၚရွိ အေၾကာမ်ားကလည္း အထူးၾကည့္ေကာင္းေနသည္။ အေနာက္တိုင္းဝတ္စုံကိုသာ ဝတ္ၿမဲဝတ္တတ္ေသာ အစ္ကိုေလး၏ နက္တိုင္ကိုလည္း သူကသာ ခ်ည္ေပးရသည္။ မနက္စာစားၿပီးတိုင္း အစ္ကိုေလးက နက္တိုင္ကိုကိုင္၍ သူ႔အနားေရာက္လာၿပီး နက္တိုင္စည္းခိုင္းတိုင္း သူ႔မွာရင္ခုန္ရလြန္း၍ လက္မ်ားမတုန္ေအာင္ ထိန္းရသည္။ အစ္ကိုေလးမ်က္ႏွာေခ်ာေခ်ာကို သူေမာ့မၾကည့္ရဲပါ။

မေန႔ညက အေၾကာင္းျပန္ေတြးမိေတာ့ အစ္ကိုေလးက သူ႔ကို အရင္လိုဆက္ဆံပါ့မလား။ ေနာက္ၿပီး အစ္ကိုေလးက သူ႔ခံစားခ်က္မ်ားကို ရိပ္မိသြားသည္မို႔ သူ႔ကို ဒီအိမ္ကေမာင္းခ်လွ်င္ ဘယ္လိုလုပ္ရပါ့မလဲေလ။ သူမနက္စာျပင္ေနတုန္း အေပၚထပ္မွဆင္းလာေသာ အစ္ကိုေလးကို လွမ္းျမင္ရသည္။ အစ္ကိုေလးက သူ႔ဘက္ကို တစ္ခ်က္ၾကည့္ၿပီး အိမ္အျပင္ကို ထြက္သြားသည္။ အစ္ကိုေလးက တစ္ခါမွမဝတ္ဖူးေသာ ေယာပုဆိုးနဲ႔အက်ႌအျဖဴေရာင္ကို တြဲဖက္ဝတ္ဆင္ထားသည္။

" အစ္ကိုေလး အစ္ကိုေလး ဟို မနက္စာ"

"မစားေတာ့ဘူး ငါ ခ်ိဳ႕ကို သြားေခၚၿပီးဟိုမွာပဲစားေတာ့မယ္ " 

ေျပာၿပီး ကားေမာင္းထြက္သြားေသာ အစ္ကိုေလး ......

ခ်ိဳဟု ေခၚေသာ မယာခ်ိဳဟာ အစ္ကိုေလး၏ဇနီးေလာင္းပါ။ တစ္ခ်ိန္ အစ္ကိုေလးလက္ထပ္ရမည့္မိန္းကေလး...။ မယာခ်ိဳႏွင့္အစ္ကိုေလးက အစ္ကိုေလးမိဘမ်ားမဆုံးခင္ကတည္းကရင္းႏွီးက်ၿပီး မိဘခ်င္းလည္း သားသမီးမ်ားကို တစ္ခ်ိန္လက္ထပ္ေပးဖို႔ ကတိစကားခံထားၾကသည္။ ဖခင္ကလည္းဆုံး၊ မိခင္ကလည္း ေထာင္ထဲ၌ဆုံးသြားခ်ိန္ အစ္ကိုေလးတို႔ ညီအစ္ကိုႏွစ္ေယာက္ႏွင့္ က်န္ရစ္ခဲ့ေသာကုမၸဏီကိစၥအဝဝကို ကူညီေစာင့္ေရွာက္ေပးခဲ့သည္။ အခုခ်ိန္မွာ မာယာခ်ိဳတို႔မိသားစု၏ စီးပြားေရးကလည္း တျဖည္းျဖည္းက်ဆင္းလာသည္မို႔ မာယာခ်ိဳ၏မိဘမ်ားက အစ္ကိုေလးကို အတင္းဖိအားေပး၍ သူတို႔သမီးႏွင့္ေစ့စပ္ခိုင္းခဲ့သည္။ အစ္ကိုေလးကလည္း ေက်းဇူးတရားေတြ ငဲ့ကြက္ၿပီး အားလုံးကိုလက္ခံေပးခဲ့သည္။

" အင္းး သက္တံ့ကဒီေန႔ မယာခ်ိဳ အတင္းေခၚလို႔ ဘုရားကို လိုက္သြားရတယ္ေလ ဦးေလးထြန္းေျပာဖို႔ ေမ့ေနတာ "

အိမ္ေတာ္ထိန္းအသံေၾကာင့္ အစ္ကိုေလးကားကို မ်က္စိတစ္ဆုံးလိုက္ၾကည့္ေနရာမွ ဦးေလးထြန္းကို ျပန္လွည့္ၾကည့္မိသည္။

"ဟုတ္ကဲ့ ရပါတယ္ "

မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ႏွင့္ အိမ္ထဲျပန္ဝင္မည္လုပ္ေနေသာ သူ႔ကို ဦးေလးထြန္းက လက္ေမာင္းမွလွမ္းဆြဲလိုက္ၿပီး....

" ေကာင္ေလး မင္းအေတာ္ စိတ္မေကာင္းျဖစ္ေနသလား "

ေအာ္... ဦးေလးထြန္းက သူ႔ရင္ထဲက ခံစားခ်က္ေတြကို ထြင္းေဖာက္အျမင္ႏိုင္ဆုံး၊ သူ႔ကိုယ္သူစိတ္မာလြန္းသည္ဟု သတ္မွတ္ထားေသာ္လည္း အစ္ကိုေလးႏွင့္ပတ္သတ္လာလ်င္ ခံစားခ်က္မ်ားက ေရစီးကမ္းၿပိဳမထိန္းခ်ဳပ္ႏိုင္။

"ကြၽန္ေတာ္ အဆင္ေျပပါတယ္ ဦးေလးထြန္း "

"ေအးကြာ မင္းလည္း လုပ္စရာရွိတာသာ သြားဆက္လုပ္ေတာ့ "

"ဟုတ္ကဲ့"

သူလည္း မီးဖိုေခ်ာင္ကို ျပန္ဝင္လာလိုက္ၿပီး ဟင္းခ်က္အေဒၚႀကီးအား ဝိုင္းကူလုပ္ေပးလိုက္သည္။ဘာပဲျဖစ္ျဖစ္ အစ္ကိုေလးဘက္က သူ႔ကိုေမာင္းမခ်၍ သူေက်နပ္မိသည္။ အစ္ကိုေလးထိုးခဲ့တဲ့ သူ႔ႏႈတ္ခမ္းေထာင့္ကေတာ့  အခုထိေယာင္ကိုင္းေနတုန္း.....။

သက္တံ့သည္ မယာခ်ိဳကို အိမ္ျပန္ပို႔ေပးၿပီး ျပန္လာေတာ့ အခ်ိန္က ညေနေစာင္းပိုင္းကို နည္းနည္းေလးေတာင္ ေက်ာ္ေနၿပီ။ ဒီႏွစ္ေဆာင္းရာသီဝင္ေရာက္လာတာ အရင္ႏွစ္ကထက္ ေစာသည္ဟု ေျပာရမည္။ ျပင္ဦးလြင္ၿမိဳ႕ေလးဟာလည္း သာမန္ထက္ပို၍ တိတ္ဆိတ္ေအးစက္ေနသည္။ သက္တံ့အိမ္ျပန္ဖို႔ ဆႏၵမရွိ၍ နီးစပ္ရာ ဘားတစ္ခု၏ေရွ႕ဘက္က်က်ေနရာမွာ ဝင္ထိုင္မိသည္။ ျမန္မာဝတ္စုံႏွင့္ သူ႔ပုံစံက ဘားႏွင့္သိပ္အပ္စပ္မႈမရွိ၍ လူတခ်ိဳ႕၏ အကဲခတ္မႈကို ရသည္။

လက္ထဲမွဝီစကီခြက္၏ ခါးသက္မႈကို ခံစားရင္းမွ သူ႔ဘဝ၏ခါးသက္မႈမ်ားကိုလည္း ျပန္ေတြးမိ၏။ ပလက္ေဖာင္းေပၚမွာလက္ခ်င္းတြဲ၍ သြားလာေနၾကေသာ အတြဲမ်ား မိသားစုမ်ားကို ေတြ႕ရသည္။ မိသားစုဆိုသည့္စကားလုံး၏ စစ္မွန္သည့္ေႏြးေထြးမႈက ဘာလဲ ဟု ကိုယ့္ကိုယ္ကိုယ္အေမးထုတ္မိသည္။ သူကိုယ္တိုင္လည္း ေႏြးေထြးမႈဟူသည္ မည္သည့္အရာမွန္းမသိ။ သူ႔ညီေလးလား။  သူ႔အိမ္ေတာ္ထိန္းလား။ မည္သည့္အရာမွ မဟုတ္။ သူ႔ဘဝက အသက္မဲ့ေနသည္။ ငယ္႐ြယ္စဥ္ကတည္းက ပညာကို ႀကိဳးစားပမ္းစားသင္ယူရၿပီး စီးပြားေရးႏွင့္သာ ဇာတ္ျမဳပ္ေနခဲ့သည္။ သာမန္လူငယ္လို အခ်စ္ဆိုတာ ဘာမွန္းပင္မသိ။ အခ်ိန္တန္ မိမိလက္ထပ္ရမည့္ လက္တြဲေဖာ္ကလည္း အနားမွာရွိေန၍ သူ႔ဘဝက အပူအပင္ကင္းေနသည္လား။ မဟုတ္ႏိုင္ သူ မေပ်ာ္ေသာဘဝတစ္ခုႏွင့္သာ အသက္ဆက္ရွင္ေနရျခင္း ျဖစ္၏။ ဝီစကီႏွစ္ခြက္ေက်ာ္ေက်ာ္ေလာက္သာ ဝင္သြားေပမယ့္ လူက အေတာ္ေနာက္က်ိက်ိျဖစ္လာ၍ ဆက္ေသာက္ေနလွ်င္ ကားမေမာင္းႏိုင္ေတာ့မည္ဆိုး၍ ပိုက္ဆံရွင္းၿပီး ထြက္လာလိုက္သည္။

ကားကိုသတိႏွင့္ ေမာင္းေနေပမယ့္ မူးေနာက္ေနေသာ ေခါင္းကသိပ္မဟန္။
အိမ္ေရာက္သည္ႏွင့္ အိမ္အဝ၌ ေစာင့္ေနေသာ မိန္းမယုတ္သားကို ျမင္ရ၍ မၾကည္လင္ေသာစိတ္က ပိုၿပီးေတာ့ ရႈပ္လာ၏။ မီးခိုးေရာင္မ်က္လုံးမ်ားက သူ႔အေပၚစိုးရိမ္စိတ္အျပည့္ျဖင့္ စီးမိုးၾကည့္လာသည္။ သူ႔အေမႏွင့္တူေသာ ထိုမ်က္ဝန္းမ်ားက သူ႔အေမလို ေကာက္က်စ္ဟန္မရွိေပမယ့္ ထိုမ်က္ဝန္းမ်ားကိုျမင္ရတိုင္း စိတ္ကတိကေအာက္ျဖစ္ရၿမဲ။ ေလွကားနားေရာက္ေတာ့ ယိုင္ေနသာ သူ႔ကိုယ္လုံးကို ခ်ိဳင္းေအာက္ကထိန္းေပးလာသည္။

"ရတယ္ ငါ့အသားလာမထိနဲ႔ ေသာက္ေျခာက္ "

"မရဘူး အစ္ကိုေလးက မူးေနတာ "

"အဲ့တာမင္းနဲ႔ မဆိုင္ဘူး ဖယ္"

တျဖည္းျဖည္းႏွင့္ အေပၚထပ္ေရာက္လာသည္။

အစ္ကိုေလးကို သူ႔အခန္းထဲပို႔ေပးလိုက္ၿပီး ကုတင္ေပၚ၌ အိပ္ေမာၾကသြားေသာေၾကာင့္ အဝတ္အစားမ်ားကို သူကပင္ကူလဲေပးရသည္။ အစ္ကိုေလး၏ အက်ႌၾကယ္သီးကိုျဖဳတ္သည့္ သူ႔လက္မ်ားကလည္း တုန္လာသည္။ ခ်က္ခ်င္းအစ္ကိုေလးကမ်က္လုံးဖြင့္လာၿပီး သူ႔လက္မ်ားအား ဆုပ္ကိုင္လိုက္၏။

"ေသာက္ေျခာက္ အခုဘာႀကံေနတာလဲ... ငါမူးေနတယ္ဆိုၿပီး အခြင့္ေကာင္းယူမလို႔ေပါ့ ဟုတ္လား.... "

"ဟို... ဟို... မဟုတ္...အစ္ကိုေလး ကြၽန္ေတာ္က "

"ေတာ္စမ္း မင္းက မင္းအေမ မိန္းမယုတ္အတိုင္းပဲ "

ခုတင္ေပၚက သူ႔ကိုကန္ခ်လိုက္ၿပီး ေဘးနားက ပန္းအိုးကလည္း သူ႔ထံသို႔.....

ခြမ္း!

အသံႏွင့္အတူ မို႔ေခါင္းတစ္ခုလုံး ပူထူသြားရၿပီး ခဏေနေတာ့ ေသြးမ်ားက ေခါင္းမွအဆမတန္ထြက္လာေတာ့သည္။

" ဟာ သက္တံ့ ေကာင္ေလးကို ဘယ္လိုလုပ္လိုက္တာလဲ "

ဦးေလးထြန္းမွာလည္း အသံေၾကာင့္ အခ်ိန္ကိုက္ေရာက္ခ်လာၿပီး သူ႔ေခါင္းမွ ေသြးမ်ားကိုတိတ္ေစရန္ လက္ျဖင့္ဖိသုတ္ေပးေန၏။

"အဟက္ ဒီမိန္းမယုတ္သား ေသာက္ေျခာက္က ကြၽန္ေတာ့္ကို မေကာင္းႀကံမလို႔ ကြၽန္ေတာ္ဆုံးမလိုက္တာ အန္ကယ္ "

"သက္တံ့  မင္း မူးေနတယ္မလား ေတာ္ၿပီ ဒီအေၾကာင္းေတြမနက္မွ ထပ္ေျပာမယ္ သားထ ဦးေလးထြန္းတို႔ ေဆးသြားထည့္ရေအာင္ "

ဦးေလးထြန္းက သူ႔ကို အစ္ကိုေလးအခန္းထဲမွ အတင္းေခၚထုတ္ေသာ္လည္း သူမသြားႏိုင္ေသးပါ။ မနက္မိုးလင္း၍ အစ္ကိုေလးအိပ္ရာႏိုးလာခ်ိန္တြင္ ညကေသာက္ထားသည့္ အရွိန္ျဖင့္ ေခါင္းကမူးေနာက္ေနာက္ဆက္ျဖစ္ေနဦးမည္။ အကယ္၍ အစ္ကိုေလးသာ သူေပါက္ခြဲခဲ့သည့္ဖန္ကြဲစေတြကို သူျပန္နင္းမိလွ်င္ ဘယ္လိုလုပ္မလဲ။ လက္တစ္ဖက္က ေခါင္းကေသြးမ်ားကိုဖိ၍ ေနာက္လက္တစ္ဖက္ျဖင့္ ဖန္ကြဲစမ်ားကို ေကာက္သိမ္းေပးေနမိသည္။ လက္ကိုလာရွေသာ ဖန္ကြဲစမ်ားကို သူ မမႈပါ။ ခ်စ္ရသူ၏ ေျခဖဝါးႏုႏု၌ ဆံခ်ည္မွ်င္မွ်ဖန္ကြဲစစူးမည္ကို သူအလြန္ စိုးရိမ္မိပါသည္။

"ေတာ္ေတာ့ ေကာင္ေလး ဒါေတြမနက္မွ ရွင္းလို႔ရတာပဲကြာ မင္းေခါင္းက ဒဏ္ရာက ေသြးထြက္လြန္ေတာ့မယ္ "

သူေျပာေနတာကိုပင္မမႈဘဲ သူ႔အစ္ကိုေလးအခန္းထဲက ဖန္ကြဲစမ်ားကိုသာ လက္တစ္ဖက္ျဖင့္ သိမ္းက်ဳံးေကာက္ေနေသာ ဒီေကာင္ေလးေၾကာင့္ ရင္ထဲ၌ အေတာ္စို႔နင့္လာရသည္။ ေကာင္ေလးရယ္ မင္းအစ္ကိုေလးကို မင္းဒီေလာက္ေတာင္ခ်စ္ရသလားကြာ။ ဦးထြန္းတင္လည္း အိမ္အကူေတြကို အျမန္ေခၚလိုက္ၿပီး ဖန္ကြဲစေတြကို ဝိုင္းရွင္းခိုင္းမွ ေနရာမွထ၍ သူ႔ေနာက္လိုက္လာသည္။

အစ္ကိုေလး၏ အခန္းတံခါးဝအေရာက္ အစ္ကိုေလးကို တစ္ခ်က္ျပန္ၾကည့္မိေတာ့ ေလွာင္ၿပဳံးတစ္ခုႏွင့္ သူ႔ကို ျပန္ၾကည့္ေနခဲ့သည္။ အစ္ကိုေလးက သူ႔အခန္းကို ဘယ္အိမ္အေစခံမွ ဝင္တာမႀကိဳက္ပါ။ သူ႔အခန္းကိုဝင္ခြင့္ရွိသူက မိုႏွင့္အိမ္ေတာ္ထိန္း ႏွစ္ေယာက္သာ။ အခုအစ္ကိုေလးအခန္းကို တျခားအေစခံေတြက ဖန္ကြဲစေတြ ဝင္ရွင္းေပးေနေတာ့ အစ္ကိုေလးစိတ္အေႏွာက္အယွက္မ်ားျဖစ္ေနမလားေလ။

       ခ်စ္ျခင္းေမတၱာဟုအမည္တပ္ထားေသာအရာကား မိမိကိုနာက်င္မႈေပးေနသည့္တိုင္ ထိုခ်စ္ျခင္းတရားကို ရင္၌ တယုတယပိုက္ထားမိဆဲပါ.....။

                                     မို

(Unicode)

ဆောင်းရာသီအစ၏ မနက်ခင်းဟာ ချမ်းအေးနေခဲ့၏။ အိမ်မှန်တံခါးမှ တစ်ဆင့် လှမ်းမြင်နေရသော သစ်ရွက်ကလေးများပေါ်၌ နှင်းရေ ၊ နှင်းစက်ကလေးများက ဖွဲ့သီနေကြ၏။ မနက်စောစော နှင်းရေသောက်ထားရသောကြောင့် ခြံထဲရှိ မြက်ပင်လေးတွေဟာ စိမ်းစိမ်းစိုစို....။

မိုတစ်ယောက်ကတော့ မနက်၅နာရီထ၍ အိမ်သန့်ရှင်းရေးလုပ်နေရပြီ။ ၆နာရီထိုးခါနီးပြီဆိုတာနှင့် အစ်ကိုလေးအလုပ်မသွားခင်စားဖို့ မနက်စာအတွက် ပေါင်မုန့်မီးကင်ပြီး ကော်ဖီဖျော်ပေးရသည်။ အနားမှာနေ၍ လိုအပ်သည်များကို ဆောင်ရွက်ပေးရ၏။ အစ်ကိုလေး၏နေ့စဉ်ကိစ္စများကို မိုကသာ လိုက်စီမံပေးတာကို အစ်ကိုလေးက ကြိုက်သည်။ မိုကလွဲ၍ တခြားလူလုပ်ပေးလျှင် နည်းနည်းမှ မကြိုက်။ သူ့အနားဘယ်သူမှ လာကပ်တာ လက်မခံပါ။ အစ်ကိုလေး မနက်စာစားနေချိန်တိုင်း မို့မှာခိုးကြည့်ရတာအမော။ 
ကော်ဖီခွက်ကိုင်ထားသည့် ယောကျာ်းပီသသောလက်ခုံပေါ်ရှိ အကြောများကလည်း အထူးကြည့်ကောင်းနေသည်။ အနောက်တိုင်းဝတ်စုံကိုသာ ဝတ်မြဲဝတ်တတ်သော အစ်ကိုလေး၏ နက်တိုင်ကိုလည်း သူကသာ ချည်ပေးရသည်။ မနက်စာစားပြီးတိုင်း အစ်ကိုလေးက နက်တိုင်ကိုကိုင်၍ သူ့အနားရောက်လာပြီး နက်တိုင်စည်းခိုင်းတိုင်း သူ့မှာရင်ခုန်ရလွန်း၍ လက်များမတုန်အောင် ထိန်းရသည်။ အစ်ကိုလေးမျက်နှာချောချောကို သူမော့မကြည့်ရဲပါ။

မနေ့ညက အကြောင်းပြန်တွေးမိတော့ အစ်ကိုလေးက သူ့ကို အရင်လိုဆက်ဆံပါ့မလား။ နောက်ပြီး အစ်ကိုလေးက သူ့ခံစားချက်များကို ရိပ်မိသွားသည်မို့ သူ့ကို ဒီအိမ်ကမောင်းချလျှင် ဘယ်လိုလုပ်ရပါ့မလဲလေ။ သူမနက်စာပြင်နေတုန်း အပေါ်ထပ်မှဆင်းလာသော အစ်ကိုလေးကို လှမ်းမြင်ရသည်။ အစ်ကိုလေးက သူ့ဘက်ကို တစ်ချက်ကြည့်ပြီး အိမ်အပြင်ကို ထွက်သွားသည်။ အစ်ကိုလေးက တစ်ခါမှမဝတ်ဖူးသော ယောပုဆိုးနဲ့အင်္ကျီအဖြူရောင်ကို တွဲဖက်ဝတ်ဆင်ထားသည်။

" အစ်ကိုလေး အစ်ကိုလေး ဟို မနက်စာ"

"မစားတော့ဘူး ငါ ချို့ကို သွားခေါ်ပြီးဟိုမှာပဲစားတော့မယ် " 

ပြောပြီး ကားမောင်းထွက်သွားသော အစ်ကိုလေး ......

ချိုဟု ခေါ်သော မယာချိုဟာ အစ်ကိုလေး၏ဇနီးလောင်းပါ။ တစ်ချိန် အစ်ကိုလေးလက်ထပ်ရမည့်မိန်းကလေး...။ မယာချိုနှင့်အစ်ကိုလေးက အစ်ကိုလေးမိဘများမဆုံးခင်ကတည်းကရင်းနှီးကျပြီး မိဘချင်းလည်း သားသမီးများကို တစ်ချိန်လက်ထပ်ပေးဖို့ ကတိစကားခံထားကြသည်။ ဖခင်ကလည်းဆုံး၊ မိခင်ကလည်း ထောင်ထဲ၌ဆုံးသွားချိန် အစ်ကိုလေးတို့ ညီအစ်ကိုနှစ်ယောက်နှင့် ကျန်ရစ်ခဲ့သောကုမ္ပဏီကိစ္စအဝဝကို ကူညီစောင့်ရှောက်ပေးခဲ့သည်။ အခုချိန်မှာ မာယာချိုတို့မိသားစု၏ စီးပွားရေးကလည်း တဖြည်းဖြည်းကျဆင်းလာသည်မို့ မာယာချို၏မိဘများက အစ်ကိုလေးကို အတင်းဖိအားပေး၍ သူတို့သမီးနှင့်စေ့စပ်ခိုင်းခဲ့သည်။ အစ်ကိုလေးကလည်း ကျေးဇူးတရားတွေ ငဲ့ကွက်ပြီး အားလုံးကိုလက်ခံပေးခဲ့သည်။

" အင်းး သက်တံ့ကဒီနေ့ မယာချို အတင်းခေါ်လို့ ဘုရားကို လိုက်သွားရတယ်လေ ဦးလေးထွန်းပြောဖို့ မေ့နေတာ "

အိမ်တော်ထိန်းအသံကြောင့် အစ်ကိုလေးကားကို မျက်စိတစ်ဆုံးလိုက်ကြည့်နေရာမှ ဦးလေးထွန်းကို ပြန်လှည့်ကြည့်မိသည်။

"ဟုတ်ကဲ့ ရပါတယ် "

မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် အိမ်ထဲပြန်ဝင်မည်လုပ်နေသော သူ့ကို ဦးလေးထွန်းက လက်မောင်းမှလှမ်းဆွဲလိုက်ပြီး....

" ကောင်လေး မင်းအတော် စိတ်မကောင်းဖြစ်နေသလား "

အော်... ဦးလေးထွန်းက သူ့ရင်ထဲက ခံစားချက်တွေကို ထွင်းဖောက်အမြင်နိုင်ဆုံး၊ သူ့ကိုယ်သူစိတ်မာလွန်းသည်ဟု သတ်မှတ်ထားသော်လည်း အစ်ကိုလေးနှင့်ပတ်သတ်လာလျင် ခံစားချက်များက ရေစီးကမ်းပြိုမထိန်းချုပ်နိုင်။

"ကျွန်တော် အဆင်ပြေပါတယ် ဦးလေးထွန်း "

"အေးကွာ မင်းလည်း လုပ်စရာရှိတာသာ သွားဆက်လုပ်တော့ "

"ဟုတ်ကဲ့"

သူလည်း မီးဖိုချောင်ကို ပြန်ဝင်လာလိုက်ပြီး ဟင်းချက်အဒေါ်ကြီးအား ဝိုင်းကူလုပ်ပေးလိုက်သည်။ဘာပဲဖြစ်ဖြစ် အစ်ကိုလေးဘက်က သူ့ကိုမောင်းမချ၍ သူကျေနပ်မိသည်။ အစ်ကိုလေးထိုးခဲ့တဲ့ သူ့နှုတ်ခမ်းထောင့်ကတော့  အခုထိယောင်ကိုင်းနေတုန်း.....။

သက်တံ့သည် မယာချိုကို အိမ်ပြန်ပို့ပေးပြီး ပြန်လာတော့ အချိန်က ညနေစောင်းပိုင်းကို နည်းနည်းလေးတောင် ကျော်နေပြီ။ ဒီနှစ်ဆောင်းရာသီဝင်ရောက်လာတာ အရင်နှစ်ကထက် စောသည်ဟု ပြောရမည်။ ပြင်ဦးလွင်မြို့လေးဟာလည်း သာမန်ထက်ပို၍ တိတ်ဆိတ်အေးစက်နေသည်။ သက်တံ့အိမ်ပြန်ဖို့ ဆန္ဒမရှိ၍ နီးစပ်ရာ ဘားတစ်ခု၏ရှေ့ဘက်ကျကျနေရာမှာ ဝင်ထိုင်မိသည်။ မြန်မာဝတ်စုံနှင့် သူ့ပုံစံက ဘားနှင့်သိပ်အပ်စပ်မှုမရှိ၍ လူတချို့၏ အကဲခတ်မှုကို ရသည်။

လက်ထဲမှဝီစကီခွက်၏ ခါးသက်မှုကို ခံစားရင်းမှ သူ့ဘဝ၏ခါးသက်မှုများကိုလည်း ပြန်တွေးမိ၏။ ပလက်ဖောင်းပေါ်မှာလက်ချင်းတွဲ၍ သွားလာနေကြသော အတွဲများ မိသားစုများကို တွေ့ရသည်။ မိသားစုဆိုသည့်စကားလုံး၏ စစ်မှန်သည့်နွေးထွေးမှုက ဘာလဲ ဟု ကိုယ့်ကိုယ်ကိုယ်အမေးထုတ်မိသည်။ သူကိုယ်တိုင်လည်း နွေးထွေးမှုဟူသည် မည်သည့်အရာမှန်းမသိ။ သူ့ညီလေးလား။  သူ့အိမ်တော်ထိန်းလား။ မည်သည့်အရာမှ မဟုတ်။ သူ့ဘဝက အသက်မဲ့နေသည်။ ငယ်ရွယ်စဉ်ကတည်းက ပညာကို ကြိုးစားပမ်းစားသင်ယူရပြီး စီးပွားရေးနှင့်သာ ဇာတ်မြုပ်နေခဲ့သည်။ သာမန်လူငယ်လို အချစ်ဆိုတာ ဘာမှန်းပင်မသိ။ အချိန်တန် မိမိလက်ထပ်ရမည့် လက်တွဲဖော်ကလည်း အနားမှာရှိနေ၍ သူ့ဘဝက အပူအပင်ကင်းနေသည်လား။ မဟုတ်နိုင် သူ မပျော်သောဘဝတစ်ခုနှင့်သာ အသက်ဆက်ရှင်နေရခြင်း ဖြစ်၏။ ဝီစကီနှစ်ခွက်ကျော်ကျော်လောက်သာ ဝင်သွားပေမယ့် လူက အတော်နောက်ကျိကျိဖြစ်လာ၍ ဆက်သောက်နေလျှင် ကားမမောင်းနိုင်တော့မည်ဆိုး၍ ပိုက်ဆံရှင်းပြီး ထွက်လာလိုက်သည်။

ကားကိုသတိနှင့် မောင်းနေပေမယ့် မူးနောက်နေသော ခေါင်းကသိပ်မဟန်။
အိမ်ရောက်သည်နှင့် အိမ်အဝ၌ စောင့်နေသော မိန်းမယုတ်သားကို မြင်ရ၍ မကြည်လင်သောစိတ်က ပိုပြီးတော့ ရှုပ်လာ၏။ မီးခိုးရောင်မျက်လုံးများက သူ့အပေါ်စိုးရိမ်စိတ်အပြည့်ဖြင့် စီးမိုးကြည့်လာသည်။ သူ့အမေနှင့်တူသော ထိုမျက်ဝန်းများက သူ့အမေလို ကောက်ကျစ်ဟန်မရှိပေမယ့် ထိုမျက်ဝန်းများကိုမြင်ရတိုင်း စိတ်ကတိကအောက်ဖြစ်ရမြဲ။ လှေကားနားရောက်တော့ ယိုင်နေသာ သူ့ကိုယ်လုံးကို ချိုင်းအောက်ကထိန်းပေးလာသည်။

"ရတယ် ငါ့အသားလာမထိနဲ့ သောက်ခြောက် "

"မရဘူး အစ်ကိုလေးက မူးနေတာ "

"အဲ့တာမင်းနဲ့ မဆိုင်ဘူး ဖယ်"

တဖြည်းဖြည်းနှင့် အပေါ်ထပ်ရောက်လာသည်။

အစ်ကိုလေးကို သူ့အခန်းထဲပို့ပေးလိုက်ပြီး ကုတင်ပေါ်၌ အိပ်မောကြသွားသောကြောင့် အဝတ်အစားများကို သူကပင်ကူလဲပေးရသည်။ အစ်ကိုလေး၏ အင်္ကျီကြယ်သီးကိုဖြုတ်သည့် သူ့လက်များကလည်း တုန်လာသည်။ ချက်ချင်းအစ်ကိုလေးကမျက်လုံးဖွင့်လာပြီး သူ့လက်များအား ဆုပ်ကိုင်လိုက်၏။

"သောက်ခြောက် အခုဘာကြံနေတာလဲ... ငါမူးနေတယ်ဆိုပြီး အခွင့်ကောင်းယူမလို့ပေါ့ ဟုတ်လား.... "

"ဟို... ဟို... မဟုတ်...အစ်ကိုလေး ကျွန်တော်က "

"တော်စမ်း မင်းက မင်းအမေ မိန်းမယုတ်အတိုင်းပဲ "

ခုတင်ပေါ်က သူ့ကိုကန်ချလိုက်ပြီး ဘေးနားက ပန်းအိုးကလည်း သူ့ထံသို့.....

ခွမ်း!

အသံနှင့်အတူ မို့ခေါင်းတစ်ခုလုံး ပူထူသွားရပြီး ခဏနေတော့ သွေးများက ခေါင်းမှအဆမတန်ထွက်လာတော့သည်။

" ဟာ သက်တံ့ ကောင်လေးကို ဘယ်လိုလုပ်လိုက်တာလဲ "

ဦးလေးထွန်းမှာလည်း အသံကြောင့် အချိန်ကိုက်ရောက်ချလာပြီး သူ့ခေါင်းမှ သွေးများကိုတိတ်စေရန် လက်ဖြင့်ဖိသုတ်ပေးနေ၏။

"အဟက် ဒီမိန်းမယုတ်သား သောက်ခြောက်က ကျွန်တော့်ကို မကောင်းကြံမလို့ ကျွန်တော်ဆုံးမလိုက်တာ အန်ကယ် "

"သက်တံ့  မင်း မူးနေတယ်မလား တော်ပြီ ဒီအကြောင်းတွေမနက်မှ ထပ်ပြောမယ် သားထ ဦးလေးထွန်းတို့ ဆေးသွားထည့်ရအောင် "

ဦးလေးထွန်းက သူ့ကို အစ်ကိုလေးအခန်းထဲမှ အတင်းခေါ်ထုတ်သော်လည်း သူမသွားနိုင်သေးပါ။ မနက်မိုးလင်း၍ အစ်ကိုလေးအိပ်ရာနိုးလာချိန်တွင် ညကသောက်ထားသည့် အရှိန်ဖြင့် ခေါင်းကမူးနောက်နောက်ဆက်ဖြစ်နေဦးမည်။ အကယ်၍ အစ်ကိုလေးသာ သူပေါက်ခွဲခဲ့သည့်ဖန်ကွဲစတွေကို သူပြန်နင်းမိလျှင် ဘယ်လိုလုပ်မလဲ။ လက်တစ်ဖက်က ခေါင်းကသွေးများကိုဖိ၍ နောက်လက်တစ်ဖက်ဖြင့် ဖန်ကွဲစများကို ကောက်သိမ်းပေးနေမိသည်။ လက်ကိုလာရှသော ဖန်ကွဲစများကို သူ မမှုပါ။ ချစ်ရသူ၏ ခြေဖဝါးနုနု၌ ဆံချည်မျှင်မျှဖန်ကွဲစစူးမည်ကို သူအလွန် စိုးရိမ်မိပါသည်။

"တော်တော့ ကောင်လေး ဒါတွေမနက်မှ ရှင်းလို့ရတာပဲကွာ မင်းခေါင်းက ဒဏ်ရာက သွေးထွက်လွန်တော့မယ် "

သူပြောနေတာကိုပင်မမှုဘဲ သူ့အစ်ကိုလေးအခန်းထဲက ဖန်ကွဲစများကိုသာ လက်တစ်ဖက်ဖြင့် သိမ်းကျုံးကောက်နေသော ဒီကောင်လေးကြောင့် ရင်ထဲ၌ အတော်စို့နင့်လာရသည်။ ကောင်လေးရယ် မင်းအစ်ကိုလေးကို မင်းဒီလောက်တောင်ချစ်ရသလားကွာ။ ဦးထွန်းတင်လည်း အိမ်အကူတွေကို အမြန်ခေါ်လိုက်ပြီး ဖန်ကွဲစတွေကို ဝိုင်းရှင်းခိုင်းမှ နေရာမှထ၍ သူ့နောက်လိုက်လာသည်။

အစ်ကိုလေး၏ အခန်းတံခါးဝအရောက် အစ်ကိုလေးကို တစ်ချက်ပြန်ကြည့်မိတော့ လှောင်ပြုံးတစ်ခုနှင့် သူ့ကို ပြန်ကြည့်နေခဲ့သည်။ အစ်ကိုလေးက သူ့အခန်းကို ဘယ်အိမ်အစေခံမှ ဝင်တာမကြိုက်ပါ။ သူ့အခန်းကိုဝင်ခွင့်ရှိသူက မိုနှင့်အိမ်တော်ထိန်း နှစ်ယောက်သာ။ အခုအစ်ကိုလေးအခန်းကို တခြားအစေခံတွေက ဖန်ကွဲစတွေ ဝင်ရှင်းပေးနေတော့ အစ်ကိုလေးစိတ်အနှောက်အယှက်များဖြစ်နေမလားလေ။

       ချစ်ခြင်းမေတ္တာဟုအမည်တပ်ထားသောအရာကား မိမိကိုနာကျင်မှုပေးနေသည့်တိုင် ထိုချစ်ခြင်းတရားကို ရင်၌ တယုတယပိုက်ထားမိဆဲပါ.....။

                                     မို

© အမရာခွန်း (Ten),
книга «The Star Of Mo».
Коментарі