Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-6
(Zawgyi)

ည၉နာရီေလာက္ေရာက္ေတာ့ မိုသည္ အစ္ကိုေလးအခန္းကို ႏြားႏို႔တစ္ခြက္ကိုင္ၿပီး ဝင္သြားလိုက္၏။ အစ္ကိုေလးက သူ႔ကုတင္ေပၚမွာ ဖုန္းေျပာေနရာမွ မို႔ကို လွမ္းၾကည့္သည္။ ဖုန္းေျပာတာၿပီးသြားေတာ့ မို႔လက္ထဲက ႏြားႏို႔ခြက္ကို လွမ္းယူသည္။

" အစ္ကိုေလး ေန႔ခင္းကေလ...မယာခ်ိဳလာသြားတယ္ "

"ခ်ိဳလာသြားတယ္"

အစ္ကိုေလးက သူ႔ကို အေမးသေဘာျဖင့္ျပန္ေျပာၿပီး တစ္ခ်က္ေတြေဝသြား၏။

"ဟုတ္တယ္ အစ္ကိုေလး"

" မင္းကို ဘာမွာသြားေသးလဲ " 

" ဘာမွမေျပာသြားဘူး..... အစ္ကိုေလးအခန္းထဲကို ခဏဝင္သြားၿပီး ျပန္ထြက္သြားတယ္ "

"ဟမ္....ငါ့အခန္းကို ငါမရွိတုန္းဝင္တာကို မင္းက မတားဘူးလား "

"ကြၽန္ေတာ္ တားပါတယ္ အစ္ကိုေလး ဒါမဲ့ သူကေလ အတင္း"

"ထားေတာ့...မင္းသြားလို႔ရၿပီ "

မိုလည္း ဘာမွဆက္မေျပာေတာ့ဘဲ အခန္းထဲမွျပန္ထြက္ခါနီး...

" ေအာ္ ေနဦး "

"ဟုတ္ "

"မနက္က ကိုေက်ာ္မင္းက မင္းကို ေသခ်ာသင္ေပးရဲ႕လား "

"ဟုတ္.... သူေသခ်ာသင္ေပးပါတယ္ "

"ေအးေအး ၿပီးတာပဲ.... သြားေတာ့ "

"ဟုတ္ကဲ့ အစ္ကိုေလး"

မို သူ႔အခန္းထဲက ျပန္ထြက္သြားေတာ့ သူ႔ေခါင္းေတြက ရႈပ္ေနသည္။ ခ်ိဳက သူ႔အခန္းကို သူမရွိတုန္းလာတယ္။ ေနာက္ၿပီး ႐ုံးပိတ္ရက္မဟုတ္လို႔ သူအိမ္မွာမရွိမွန္း သိလ်က္ႏွင့္ ဘာလို႔လာရတာလဲ။ သူ ခ်ိဳ႕ကို သတိထားေစာင့္ၾကည့္ဖို႔ လိုလာၿပီထင္သည္။

အစ္ကိုေက်ာ္မင္းက အေတာ္ဝီရိယရွိသည္။ မနက္မိုးလင္း၇နာရီဆိုတာႏွင့္ ေရာက္လာၿပီ ျဖစ္၏။ အရင္ကဆို အစ္ကိုေလးတစ္ေယာက္တည္းအတြက္သာ မနက္စာျပင္ေပးရေသာ္လည္း အခုေတာ့ အစ္ကိုေက်ာ္မင္းအတြက္ပါ တစ္ေယာက္စာပိုလာသည္။ အစ္ကိုေက်ာ္မင္းက မနက္စာစားၿပီးသည္ႏွင့္ သူ႔ကို ကြန္ပ်ဴတာသင္ေပးသည္။ အစ္ကိုေလးကေတာ့ အလုပ္သြားသည္ေပါ့။ သူ႔ဘဝမွာ သူငယ္ခ်င္း၄ေယာက္ရယ္၊ ဒီအိမ္က မိသားစုရယ္၊သူအသက္တမွ်ခ်စ္ျမတ္ႏိုးရေသာအစ္ကိုေလးရယ္ ၿပီးလွ်င္ ရင္ႏွီးခြင့္ရေသာပထမဦးဆုံးလူက အစ္ကိုေက်ာ္မင္းျဖစ္သည္။ စာသင္ခ်ိန္ တစ္ပတ္ ၿပီးသြားၿပီးေနာက္ အစ္ကိုေက်ာ္မင္းႏွင့္  ညီအစ္ကိုအရင္းေတြလို ရင္ႏွီးေနၿပီ။ အစ္ကိုေလးႏွင့္ အစ္ကိုေက်ာ္မင္း မနက္စာစားတိုင္းသူက အနားမွာ ေနေပးရသည္။

" ကိုေက်ာ္မင္း မို စာလိုက္ႏိုင္ရဲ႕လား "

ေဘးနားမွာရပ္ေနသည့္ မို႔မွာ ကိုယ့္နားကိုယ္မယုံႏိုင္ ျဖစ္ရသည္။ အစ္ကိုေလးက သူ႔အတြက္ စိတ္ပူၿပီးေမးေပးတဲ့စကားတဲ့။ဘယ္ေလာက္ေတာင္ နားဝင္ခ်ိဳလိုက္သလဲ။

" လိုက္ႏိုင္တာေပါ့ ညီကေတာ္ပါတယ္...ကိုယ္ တျခားေက်ာင္းသားေတြလိုက္သင္ေပးေနတဲ့ တစ္ေလွ်ာက္လုံး ညီ့ေလာက္ ဉာဏ္ေကာင္းတာမရွိဘူး... ညီက မွတ္သားလြယ္တယ္ ...ေရွ႕ကို ႀကိဳေတြး ႀကိဳျမင္တတ္တယ္... ကိုယ္သင္ေပးရတာ သိပ္မခက္ခဲဘူးေလ..."

ေဘးကခ်ီးက်ဴးခံေနရတဲ့ မိုကလည္း ေခါင္းတညိတ္ညိတ္၊ ခ်ီးက်ဴးေနသူကလည္း ဂုဏ္ယူဝမ္းေျမာက္စြာႏွင့္မို႔ သက္တံ့ဘာမွ စကားမျပန္ျဖစ္ေတာ့။ 

ကိုယ္ေတာင္အတူေနခဲ့သည့္ ၁၅ႏွစ္တာလုံးဒီေကာင္ေလး၏အေၾကာင္းကို ဒီေလာက္မစပ္စု၊ မစူးစမ္းသလို စိတ္ဝင္စားျခင္းလည္းမရွိ။ ဒီေကာင္ေလး၏အမွတ္စာရင္းေတာင္မေမးၾကည့္ဖူးပါ။ ခ်ီးက်ဴးဂုဏ္ေျမႇာက္ေနျခင္းလည္း မရွိ၍ ကိုေက်ာ္မင္းအပိုေျပာေနျခင္းသာျဖစ္မည္ဟု ေတြးမိသည္။ အပိုေျပာေျပာမေျပာေျပာအခ်ိန္တန္သင္တန္းေၾကးေပးမွာပဲဟာ သူ႔ေရွ႕မွာ ဒီေလာက္ဖားေျပာဖို႔ လိုသလား။ တညီညီနဲ႔ နားၾကားျပင္းကပ္ေအာင္လို႔ေလ။ အဲ့လို လူမ်ိဳးဆို သူ႔ဘက္ကသိပ္မႀကိဳက္ သိပ္မၾကည္ပါ။ အေျခအေနဆိုးလာလွ်င္ မို႔ကို ဆရာေျပာင္းေပးမည္ဟု ေတြးလိုက္သည္။

"ကဲ ကိုေက်ာ္မင္း ကြၽန္ေတာ္ ကုမၸဏီသြားေတာ့မယ္... ခြင့္ျပဳပါဦး.."

အေရွ႕က ၿပဳံးေပ်ာ္ၾကည္ႏူးေနေသာ ႏွစ္ေယာက္ကို ဆက္မၾကည့္ခ်င္ေတာ့၍ ေကာ္ဖီကိုေတာင္ ကုန္ေအာင္မေသာက္ေတာ့ဘဲ ထထြက္လာလိုက္သည္။

မိုက အရင္ကဆို သူ႔ကို ကားနားထိ လိုက္ပို႔ေပးေနက် သူ ကားထြက္သြားသည္အထိ သူ႔ကားကိုလိုက္ၾကည့္တတ္ေၾကာင္း back မွန္မွ တစ္ဆင့္ျမင္ရသည္။ ကိုေက်ာ္မင္းေရာက္လာကတည္းက မနက္တိုင္းကိုေက်ာ္မင္းနဲ႔ မနက္စာဝိုင္းမွာ အေဖာ္ျပဳၿပီးေနေပးေလသည္။ သူထထြက္သြားတာေတာင္ အၿမဲသူ႔ကိုရီေဝေငးေမာတတ္တဲ့ မီးခိုးေရာင္မ်က္ဝန္းမ်ားက အခု ကိုေက်ာ္မင္းဆီမွ  အၾကည့္ကမခြာ။ သူ႔အေမအတိုင္းပဲ။ သာရာ နားတတ္တယ္။ သူ႔အေမကလည္း မိန္းမယုတ္မို႔ သူ႔သားကလည္း ယုတ္တယ္။ လူက ကားသာ ေမာင္းေနတာ စိတ္ကေတာ့ မနက္စာဝိုင္းမွာ က်န္ခဲ့သည္။ ဒီေကာင္ေလးၾကည့္ရတာ ကိုေက်ာ္မင္းကို ႀကိဳက္ေနျပန္ၿပီထင္သည္။ အဲ့ေၾကာင့္ထင္သားပဲ။ ေယာက်္ားေလးေတြခ်င္း ခ်စ္တယ္ဆိုတာ မတည္ၿမဲဘူးလို႔။ အထူးသျဖင့္ အေျခာက္ဆိုေတာ့ သူတို႔အေပၚၾကင္နာေပးတဲ့ ေယာက်္ားတိုင္းကို ႀကိဳက္ၾကတာမလား။ အခု ကိုေက်ာ္မင္းက အေျခာက္ဟုတ္မဟုတ္ေတာ့ သူမသိ။ မို႔အေပၚၾကင္နာေပးေနေတာ့ မိုက ကိုေက်ာ္မင္းအေပၚစိတ္ယိုင္ေနတာမ်ိဳးျဖစ္မွာေပါ့။ အဲ့တာလည္း သူ႔အတြက္ တစ္မ်ိဳးေကာင္းသည္မဟုတ္လား။ သူအာ႐ုံမေနာက္ရေတာ့ဘူးေပါ့။

သူညေနအိမ္ျပန္လာေတာ့ ၿခံထဲမွာ ပန္းပင္ေတြႏွင့္ အလုပ္ရႈပ္ေနေသာ မို..

" မို "

"ဗ်ာ အစ္ကိုေလး"

" မင္း အလုပ္ၿပီးရင္ ငါ့ဆီခဏလာခဲ့ဦး "

" ဟုတ္ အစ္ကိုေလး"

သူ အေပၚထပ္တက္သြားၿပီး အေတာ္ၾကာသည္အထိ ဒီေကာင္ေလးက လိုက္တက္မလာ အရင္ကဆိုသူမေခၚရင္ေတာင္ သူ႔အနားေရာက္လာတတ္တာပါ။ မနက္ကကိစၥေၾကာင့္ သိပ္စိတ္မၾကည္ေသာေၾကာင့္ သူအိမ္ကို ေစာေစာျပန္လာျခင္း ျဖစ္၏။

ေဒါက္ ....ေဒါက္....

"ေအး ဝင္ခဲ့"

သူခြင့္ျပဳလိုက္ေတာ့ အခန္းထဲကို ဝင္လာေသာ မို.....
ပုဆိုးကို ဒူးနားေရာက္ေတာ့မည္အထိ တိုတိုဝတ္ထားသည္။

" မင္းၾကာလွခ်ည္လား ငါေခၚေနရင္ ခ်က္ခ်င္းေရာက္လာရမယ္ဆိုတာ မင္းမသိဘူးလား.... ဟမ္ အခုတေလာ မင္းအခ်ိဳးေတြ ေျပာင္းေနတယ္ေနာ္.... မို ဘာလဲ ငါမင္းကို အျပစ္မေပးတာၾကာလို႔လား "

"အဲ့လို မဟုတ္ပါဘူး အစ္ကိုေလးရယ္....အစ္ကိုေလးက အလုပ္ၿပီးရင္လာဆိုလို႔.... ကြၽန္ေတာ္ အလုပ္ၿပီးေအာင္ အျမန္လုပ္ၿပီး အစ္ကိုေလးဆီကို လာတာပါ "

"မင္းေျပာလိုက္ရင္ ဒီဆင္ေျခေတြခ်ည္းပဲ ထားလိုက္ေတာ့..."

မိုေျပာတာလည္း မွန္သည္မို႔ သူဆက္မရစ္ေတာ့.....

"အစ္ကိုေလး ကြၽန္ေတာ့္ကို ဘာခိုင္းစရာရွိလို႔လဲ.."

"ေအာ္.... မင္းကို ငါေမးစရာရွိလို႔ပါ"

"ဟုတ္"

"မင္း ကိုေက်ာ္မင္းနဲ႔ သင္ရတာအဆင္ေျပလား..  ငါ ဆရာေျပာင္းေပးရမလားလို႔ ..."

"ဗ်ာ... မေျပာင္းပါနဲ႔ ...... အဆင္ေျပပါတယ္။"

" ဘာကိုအဆင္ေျပတာလဲ။ စာလား... တျခားဟာလား..."

"ဗ်ာ "

"ေအာ္ ငါေျပာတာက သူ႔ရဲ႕ အပိုစကားေတြမွာပဲ ေမ်ာၿပီး စာအေၾကာင္းသိပ္မသိလိုက္မွာစိုးလို႔ပါ "

" အဲ့တာကလည္း မင္းကို စိတ္ပူလို႔မဟုတ္ဘူးေနာ္.....တစ္ခ်ိန္ ငါ့လုပ္ငန္းခြင္မွာ မင္းကို ခိုင္းစားတဲ့အခါ ဘာမွအသုံးမဝင္တဲ့ လူပိုႀကီး ျဖစ္ေနမွာ စိုးလို႔ "

"ေအာ္.... ဟုတ္ကဲ့ပါ ကြၽန္ေတာ္ စာကို ေသခ်ာအာ႐ုံစိုက္ပါတယ္... အစ္ကိုေလးအတြက္ အခ်ည္းအႏွီးမျဖစ္ေစရပါဘူး..."

"အင္း ဒါနဲ႔ ႀကိဳသတိေပးဦးမယ္ ကိုေက်ာ္မင္းမွာ ခ်စ္သူေကာင္မေလးရွိတယ္ေနာ္ မင္းဘက္ကစိတ္ဝင္စားခ်င္ရင္ေတာင္ တစ္ဖက္မိန္းကေလးကို ႏွမခ်င္းကိုယ္ခ်င္းစာသင့္တယ္...ေအာ္ ေမ့လို႔ မင္းမွာ ႏွမမွ မရွိတာ မင္းမွာ ယုတ္မာတတ္တဲ့ အေမပဲ ရွိတာေလ ဟုတ္တယ္မလား.... "

"ကြၽန္ေတာ္ အစ္ကိုေက်ာ္မင္းကို အစ္ကိုအရင္းတစ္ေယာက္လိုပဲ ျမင္တာပါ... ဘာစိတ္မွမပါပါဘူး..."

" ၿပီးတာပဲေလ.. ဒါနဲ႔ ဒီအပတ္ထဲ ငါ့ညီ လေရာင္ေသြးျပန္လာမယ္..."

"ဗ်ာ အစ္ကိုေလး တကယ္ေျပာေနတာလား..  လေရာင္တကယ္ႀကီး ျပန္လာေတာ့မွာေပါ့...."

သူ႔ညီျပန္လာမယ္ဆိုေတာ့ ေပ်ာ္ျမဴးသြားေသာ မို႔ပုံစံေၾကာင့္

" အယ္...ေနဦး ငါ့ညီတစ္ေယာက္နဲ႔ေတာ့ မင္း ကင္းကင္းရွင္းရွင္းေန "

"ဗ်ာ.... "

"ဟုတ္တယ္ ငယ္ငယ္တုန္းကေတာ့  ညီကမင္းနဲ႔အေရာတဝင္ေနတာကို ဘာမွမေျပာေပမယ့္ အခုေတာ့မရဘူးေနာ္ မင္းလိုပုန္းေနတဲ့လူနဲ႔ ငါ့ညီကို မပတ္သတ္ေစခ်င္ဘူး.... မင္းအေမရဲ႕ ေသြးပါတဲ့ မင္းနဲ႔ မပတ္သတ္ေစခ်င္တာမို႔ မင္း ကင္းကင္းရွင္းရွင္းေနပါ... ငါႀကိဳသတိေပးထားမယ္.... မဟုတ္ရင္ မင္း ဒီအိမ္မွာ ဆက္ေနခြင့္မရွိေတာ့ဘူးေနာ္ "

"ဗ်ာ အစ္ကိုေလး အဲ့လိုေတာ့ မလုပ္ပါနဲ႔.....ကြၽန္ေတာ္ အစ္ကိုေလးေျပာတဲ့ အတိုင္းေနပါ့မယ္..... ကြၽန္ေတာ့္ကိုေတာ့ အစ္ကိုေလး အနားက အေဝးကို မပို႔ပါနဲ႔ဗ်ာ "

" အဟက္.. ေအးပါ ဒါနဲ႔ မင္းေခါင္းက ငါလုပ္လို႔ရထားတဲ့ အမာ႐ြတ္ကို ေဆးမလိမ္းဘူးလား "

"ဟင့္အင္း။ ကြၽန္ေတာ္မလိမ္းခ်င္ဘူး။ အစ္ကိုေလးေပးတဲ့ ဒဏ္ရာေတြကို အမာ႐ြတ္အျဖစ္ေျပာင္းၿပီး သိမ္းထားခ်င္တာ..... "

"မင္းရဲ႕ မ်က္ႏွာႏုႏုေလးမွာ အမာ႐ြတ္ထင္းထင္းေလးျဖစ္သြားတာေတာ့ စိတ္မေကာင္းပါဘူးကြာ ....ဒါေပမဲ့ မင္းအမာ႐ြတ္က ငါ့အမာ႐ြတ္ေလာက္ေတာ့မရွိပါဘူး.... မင္းအေမေပးခဲ့တဲ့ အမာ႐ြတ္က ေဆးလိမ္းလို႔မရတဲ့ ဟိုးးးအနက္ရႈိင္းဆုံးႏွလုံးသားထဲမွာမို႔ ဘယ္လိုအရာနဲ႔မွ ေဖ်ာက္လို႔မရဘူး... အဲ့တာ မင္းသိလား..."

မို႔ရဲ႕ ေမးဖ်ားေတြကို ဆြဲေမာ့ၿပီး မီးခိုးေရာင္မ်က္ဝန္းေတြကို  မဲ့ၿပဳံးျဖင့္ စူးစိုက္၍ၾကည့္ၿပီးေျပာသည္။

"အစ္ကိုေလး ေျပာစရာၿပီးၿပီဆိုရင္ ကြၽန္ေတာ္ သြားပါရေစေတာ့ "

အစ္ကိုေလးလက္ကို ဖယ္ခ်လိုက္ၿပီး အခန္းထဲမွ ေျပးထြက္သြားမိသည္။ ေလွကား၊ အိမ္ေအာက္ထပ္ ေနာက္ၿပီး ၿခံထဲက ႏွင္းဆီနီပန္းခင္းႀကီး၊ အစ္ကိုေလးေရွ႕ေမွာက္မွာ မက်ျဖစ္ခဲ့တဲ့ မ်က္ရည္ေတြကို လေရာင္ေအာက္က ႏွင္းဆီခင္းႀကီးၾကားမွာ က်ျဖစ္သည္။ ခ်ဳံးပြဲခ်ငိုလိုက္သည္ေပါ့။ နာက်င္ကိုက္ခဲေစတတ္ေသာ ဒဏ္ရာမ်ိဳးေတြကိုမွ တယုတယထုတ္ပိုးတတ္သူေတြဟာ သိပ္ခ်စ္တတ္တဲ့သူေတြတဲ့ အဲ့တာအမွန္ပဲလားဆိုတာ မို မေတြးတတ္ေတာ့ဘူး။ ေအးစက္စက္ေလညင္းေတြက ပန္းခင္းႀကီးကို ျဖတ္တိုက္သြားတဲ့ ခံစားခ်က္မ်ိဳးကို ႏွင္းဆီနီေတြႏွင့္အတူ မိုလည္း ခံစားေနရသည္။ ၾကယ္ေႂကြတာကို ေတြ႕သည္။ ေႂကြသြားတဲ့ ၾကယ္ေလးေတြက ဘယ္ဆီကို က်သြားမွန္း သူမသိဘူး။ ထို႔ေၾကာင့္လည္း မျပည့္ႏိုင္ေသာ ဆုေတာင္းမ်ားကို သူဆုမေတာင္းျဖစ္ေတာ့ပါ။ တစ္ပါးသူနဲ႔ အထင္လြဲမွားတတ္ေသာ သူ႔အေပၚအထင္ေသးတတ္ေသာ အစ္ကိုေလး၏ အၾကည့္မ်ား ထင္ျမင္ခ်က္မ်ားေအာက္မွာ သူ႔၏အခ်စ္ေတြက ၾကယ္ေႂကြသလိုပါပဲေလ။ ဒါေပမယ့္ ခ်စ္ေနရတုန္းပါပဲ။ ဟိုးအရင္အခ်ိန္ထဲကစလို႔ အခုအခ်ိန္ထိေပါ့။

(Unicode)

ည၉နာရီလောက်ရောက်တော့ မိုသည် အစ်ကိုလေးအခန်းကို နွားနို့တစ်ခွက်ကိုင်ပြီး ဝင်သွားလိုက်၏။ အစ်ကိုလေးက သူ့ကုတင်ပေါ်မှာ ဖုန်းပြောနေရာမှ မို့ကို လှမ်းကြည့်သည်။ ဖုန်းပြောတာပြီးသွားတော့ မို့လက်ထဲက နွားနို့ခွက်ကို လှမ်းယူသည်။

" အစ်ကိုလေး နေ့ခင်းကလေ...မယာချိုလာသွားတယ် "

"ချိုလာသွားတယ်"

အစ်ကိုလေးက သူ့ကို အမေးသဘောဖြင့်ပြန်ပြောပြီး တစ်ချက်တွေဝေသွား၏။

"ဟုတ်တယ် အစ်ကိုလေး"

" မင်းကို ဘာမှာသွားသေးလဲ " 

" ဘာမှမပြောသွားဘူး..... အစ်ကိုလေးအခန်းထဲကို ခဏဝင်သွားပြီး ပြန်ထွက်သွားတယ် "

"ဟမ်....ငါ့အခန်းကို ငါမရှိတုန်းဝင်တာကို မင်းက မတားဘူးလား "

"ကျွန်တော် တားပါတယ် အစ်ကိုလေး ဒါမဲ့ သူကလေ အတင်း"

"ထားတော့...မင်းသွားလို့ရပြီ "

မိုလည်း ဘာမှဆက်မပြောတော့ဘဲ အခန်းထဲမှပြန်ထွက်ခါနီး...

" အော် နေဦး "

"ဟုတ် "

"မနက်က ကိုကျော်မင်းက မင်းကို သေချာသင်ပေးရဲ့လား "

"ဟုတ်.... သူသေချာသင်ပေးပါတယ် "

"အေးအေး ပြီးတာပဲ.... သွားတော့ "

"ဟုတ်ကဲ့ အစ်ကိုလေး"

မို သူ့အခန်းထဲက ပြန်ထွက်သွားတော့ သူ့ခေါင်းတွေက ရှုပ်နေသည်။ ချိုက သူ့အခန်းကို သူမရှိတုန်းလာတယ်။ နောက်ပြီး ရုံးပိတ်ရက်မဟုတ်လို့ သူအိမ်မှာမရှိမှန်း သိလျက်နှင့် ဘာလို့လာရတာလဲ။ သူ ချို့ကို သတိထားစောင့်ကြည့်ဖို့ လိုလာပြီထင်သည်။

အစ်ကိုကျော်မင်းက အတော်ဝီရိယရှိသည်။ မနက်မိုးလင်း၇နာရီဆိုတာနှင့် ရောက်လာပြီ ဖြစ်၏။ အရင်ကဆို အစ်ကိုလေးတစ်ယောက်တည်းအတွက်သာ မနက်စာပြင်ပေးရသော်လည်း အခုတော့ အစ်ကိုကျော်မင်းအတွက်ပါ တစ်ယောက်စာပိုလာသည်။ အစ်ကိုကျော်မင်းက မနက်စာစားပြီးသည်နှင့် သူ့ကို ကွန်ပျူတာသင်ပေးသည်။ အစ်ကိုလေးကတော့ အလုပ်သွားသည်ပေါ့။ သူ့ဘဝမှာ သူငယ်ချင်း၄ယောက်ရယ်၊ ဒီအိမ်က မိသားစုရယ်၊သူအသက်တမျှချစ်မြတ်နိုးရသောအစ်ကိုလေးရယ် ပြီးလျှင် ရင်နှီးခွင့်ရသောပထမဦးဆုံးလူက အစ်ကိုကျော်မင်းဖြစ်သည်။ စာသင်ချိန် တစ်ပတ် ပြီးသွားပြီးနောက် အစ်ကိုကျော်မင်းနှင့်  ညီအစ်ကိုအရင်းတွေလို ရင်နှီးနေပြီ။ အစ်ကိုလေးနှင့် အစ်ကိုကျော်မင်း မနက်စာစားတိုင်းသူက အနားမှာ နေပေးရသည်။

" ကိုကျော်မင်း မို စာလိုက်နိုင်ရဲ့လား "

ဘေးနားမှာရပ်နေသည့် မို့မှာ ကိုယ့်နားကိုယ်မယုံနိုင် ဖြစ်ရသည်။ အစ်ကိုလေးက သူ့အတွက် စိတ်ပူပြီးမေးပေးတဲ့စကားတဲ့။ဘယ်လောက်တောင် နားဝင်ချိုလိုက်သလဲ။

" လိုက်နိုင်တာပေါ့ ညီကတော်ပါတယ်...ကိုယ် တခြားကျောင်းသားတွေလိုက်သင်ပေးနေတဲ့ တစ်လျှောက်လုံး ညီ့လောက် ဉာဏ်ကောင်းတာမရှိဘူး... ညီက မှတ်သားလွယ်တယ် ...ရှေ့ကို ကြိုတွေး ကြိုမြင်တတ်တယ်... ကိုယ်သင်ပေးရတာ သိပ်မခက်ခဲဘူးလေ..."

ဘေးကချီးကျူးခံနေရတဲ့ မိုကလည်း ခေါင်းတညိတ်ညိတ်၊ ချီးကျူးနေသူကလည်း ဂုဏ်ယူဝမ်းမြောက်စွာနှင့်မို့ သက်တံ့ဘာမှ စကားမပြန်ဖြစ်တော့။ 

ကိုယ်တောင်အတူနေခဲ့သည့် ၁၅နှစ်တာလုံးဒီကောင်လေး၏အကြောင်းကို ဒီလောက်မစပ်စု၊ မစူးစမ်းသလို စိတ်ဝင်စားခြင်းလည်းမရှိ။ ဒီကောင်လေး၏အမှတ်စာရင်းတောင်မမေးကြည့်ဖူးပါ။ ချီးကျူးဂုဏ်မြှောက်နေခြင်းလည်း မရှိ၍ ကိုကျော်မင်းအပိုပြောနေခြင်းသာဖြစ်မည်ဟု တွေးမိသည်။ အပိုပြောပြောမပြောပြောအချိန်တန်သင်တန်းကြေးပေးမှာပဲဟာ သူ့ရှေ့မှာ ဒီလောက်ဖားပြောဖို့ လိုသလား။ တညီညီနဲ့ နားကြားပြင်းကပ်အောင်လို့လေ။ အဲ့လို လူမျိုးဆို သူ့ဘက်ကသိပ်မကြိုက် သိပ်မကြည်ပါ။ အခြေအနေဆိုးလာလျှင် မို့ကို ဆရာပြောင်းပေးမည်ဟု တွေးလိုက်သည်။

"ကဲ ကိုကျော်မင်း ကျွန်တော် ကုမ္ပဏီသွားတော့မယ်... ခွင့်ပြုပါဦး.."

အရှေ့က ပြုံးပျော်ကြည်နူးနေသော နှစ်ယောက်ကို ဆက်မကြည့်ချင်တော့၍ ကော်ဖီကိုတောင် ကုန်အောင်မသောက်တော့ဘဲ ထထွက်လာလိုက်သည်။

မိုက အရင်ကဆို သူ့ကို ကားနားထိ လိုက်ပို့ပေးနေကျ သူ ကားထွက်သွားသည်အထိ သူ့ကားကိုလိုက်ကြည့်တတ်ကြောင်း back မှန်မှ တစ်ဆင့်မြင်ရသည်။ ကိုကျော်မင်းရောက်လာကတည်းက မနက်တိုင်းကိုကျော်မင်းနဲ့ မနက်စာဝိုင်းမှာ အဖော်ပြုပြီးနေပေးလေသည်။ သူထထွက်သွားတာတောင် အမြဲသူ့ကိုရီဝေငေးမောတတ်တဲ့ မီးခိုးရောင်မျက်ဝန်းများက အခု ကိုကျော်မင်းဆီမှ  အကြည့်ကမခွာ။ သူ့အမေအတိုင်းပဲ။ သာရာ နားတတ်တယ်။ သူ့အမေကလည်း မိန်းမယုတ်မို့ သူ့သားကလည်း ယုတ်တယ်။ လူက ကားသာ မောင်းနေတာ စိတ်ကတော့ မနက်စာဝိုင်းမှာ ကျန်ခဲ့သည်။ ဒီကောင်လေးကြည့်ရတာ ကိုကျော်မင်းကို ကြိုက်နေပြန်ပြီထင်သည်။ အဲ့ကြောင့်ထင်သားပဲ။ ယောကျ်ားလေးတွေချင်း ချစ်တယ်ဆိုတာ မတည်မြဲဘူးလို့။ အထူးသဖြင့် အခြောက်ဆိုတော့ သူတို့အပေါ်ကြင်နာပေးတဲ့ ယောကျ်ားတိုင်းကို ကြိုက်ကြတာမလား။ အခု ကိုကျော်မင်းက အခြောက်ဟုတ်မဟုတ်တော့ သူမသိ။ မို့အပေါ်ကြင်နာပေးနေတော့ မိုက ကိုကျော်မင်းအပေါ်စိတ်ယိုင်နေတာမျိုးဖြစ်မှာပေါ့။ အဲ့တာလည်း သူ့အတွက် တစ်မျိုးကောင်းသည်မဟုတ်လား။ သူအာရုံမနောက်ရတော့ဘူးပေါ့။

သူညနေအိမ်ပြန်လာတော့ ခြံထဲမှာ ပန်းပင်တွေနှင့် အလုပ်ရှုပ်နေသော မို..

" မို "

"ဗျာ အစ်ကိုလေး"

" မင်း အလုပ်ပြီးရင် ငါ့ဆီခဏလာခဲ့ဦး "

" ဟုတ် အစ်ကိုလေး"

သူ အပေါ်ထပ်တက်သွားပြီး အတော်ကြာသည်အထိ ဒီကောင်လေးက လိုက်တက်မလာ အရင်ကဆိုသူမခေါ်ရင်တောင် သူ့အနားရောက်လာတတ်တာပါ။ မနက်ကကိစ္စကြောင့် သိပ်စိတ်မကြည်သောကြောင့် သူအိမ်ကို စောစောပြန်လာခြင်း ဖြစ်၏။

ဒေါက် ....ဒေါက်....

"အေး ဝင်ခဲ့"

သူခွင့်ပြုလိုက်တော့ အခန်းထဲကို ဝင်လာသော မို.....
ပုဆိုးကို ဒူးနားရောက်တော့မည်အထိ တိုတိုဝတ်ထားသည်။

" မင်းကြာလှချည်လား ငါခေါ်နေရင် ချက်ချင်းရောက်လာရမယ်ဆိုတာ မင်းမသိဘူးလား.... ဟမ် အခုတလော မင်းအချိုးတွေ ပြောင်းနေတယ်နော်.... မို ဘာလဲ ငါမင်းကို အပြစ်မပေးတာကြာလို့လား "

"အဲ့လို မဟုတ်ပါဘူး အစ်ကိုလေးရယ်....အစ်ကိုလေးက အလုပ်ပြီးရင်လာဆိုလို့.... ကျွန်တော် အလုပ်ပြီးအောင် အမြန်လုပ်ပြီး အစ်ကိုလေးဆီကို လာတာပါ "

"မင်းပြောလိုက်ရင် ဒီဆင်ခြေတွေချည်းပဲ ထားလိုက်တော့..."

မိုပြောတာလည်း မှန်သည်မို့ သူဆက်မရစ်တော့.....

"အစ်ကိုလေး ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ.."

"အော်.... မင်းကို ငါမေးစရာရှိလို့ပါ"

"ဟုတ်"

"မင်း ကိုကျော်မင်းနဲ့ သင်ရတာအဆင်ပြေလား..  ငါ ဆရာပြောင်းပေးရမလားလို့ ..."

"ဗျာ... မပြောင်းပါနဲ့ ...... အဆင်ပြေပါတယ်။"

" ဘာကိုအဆင်ပြေတာလဲ။ စာလား... တခြားဟာလား..."

"ဗျာ "

"အော် ငါပြောတာက သူ့ရဲ့ အပိုစကားတွေမှာပဲ မျောပြီး စာအကြောင်းသိပ်မသိလိုက်မှာစိုးလို့ပါ "

" အဲ့တာကလည်း မင်းကို စိတ်ပူလို့မဟုတ်ဘူးနော်.....တစ်ချိန် ငါ့လုပ်ငန်းခွင်မှာ မင်းကို ခိုင်းစားတဲ့အခါ ဘာမှအသုံးမဝင်တဲ့ လူပိုကြီး ဖြစ်နေမှာ စိုးလို့ "

"အော်.... ဟုတ်ကဲ့ပါ ကျွန်တော် စာကို သေချာအာရုံစိုက်ပါတယ်... အစ်ကိုလေးအတွက် အချည်းအနှီးမဖြစ်စေရပါဘူး..."

"အင်း ဒါနဲ့ ကြိုသတိပေးဦးမယ် ကိုကျော်မင်းမှာ ချစ်သူကောင်မလေးရှိတယ်နော် မင်းဘက်ကစိတ်ဝင်စားချင်ရင်တောင် တစ်ဖက်မိန်းကလေးကို နှမချင်းကိုယ်ချင်းစာသင့်တယ်...အော် မေ့လို့ မင်းမှာ နှမမှ မရှိတာ မင်းမှာ ယုတ်မာတတ်တဲ့ အမေပဲ ရှိတာလေ ဟုတ်တယ်မလား.... "

"ကျွန်တော် အစ်ကိုကျော်မင်းကို အစ်ကိုအရင်းတစ်ယောက်လိုပဲ မြင်တာပါ... ဘာစိတ်မှမပါပါဘူး..."

" ပြီးတာပဲလေ.. ဒါနဲ့ ဒီအပတ်ထဲ ငါ့ညီ လရောင်သွေးပြန်လာမယ်..."

"ဗျာ အစ်ကိုလေး တကယ်ပြောနေတာလား..  လရောင်တကယ်ကြီး ပြန်လာတော့မှာပေါ့...."

သူ့ညီပြန်လာမယ်ဆိုတော့ ပျော်မြူးသွားသော မို့ပုံစံကြောင့်

" အယ်...နေဦး ငါ့ညီတစ်ယောက်နဲ့တော့ မင်း ကင်းကင်းရှင်းရှင်းနေ "

"ဗျာ.... "

"ဟုတ်တယ် ငယ်ငယ်တုန်းကတော့  ညီကမင်းနဲ့အရောတဝင်နေတာကို ဘာမှမပြောပေမယ့် အခုတော့မရဘူးနော် မင်းလိုပုန်းနေတဲ့လူနဲ့ ငါ့ညီကို မပတ်သတ်စေချင်ဘူး.... မင်းအမေရဲ့ သွေးပါတဲ့ မင်းနဲ့ မပတ်သတ်စေချင်တာမို့ မင်း ကင်းကင်းရှင်းရှင်းနေပါ... ငါကြိုသတိပေးထားမယ်.... မဟုတ်ရင် မင်း ဒီအိမ်မှာ ဆက်နေခွင့်မရှိတော့ဘူးနော် "

"ဗျာ အစ်ကိုလေး အဲ့လိုတော့ မလုပ်ပါနဲ့.....ကျွန်တော် အစ်ကိုလေးပြောတဲ့ အတိုင်းနေပါ့မယ်..... ကျွန်တော့်ကိုတော့ အစ်ကိုလေး အနားက အဝေးကို မပို့ပါနဲ့ဗျာ "

" အဟက်.. အေးပါ ဒါနဲ့ မင်းခေါင်းက ငါလုပ်လို့ရထားတဲ့ အမာရွတ်ကို ဆေးမလိမ်းဘူးလား "

"ဟင့်အင်း။ ကျွန်တော်မလိမ်းချင်ဘူး။ အစ်ကိုလေးပေးတဲ့ ဒဏ်ရာတွေကို အမာရွတ်အဖြစ်ပြောင်းပြီး သိမ်းထားချင်တာ..... "

"မင်းရဲ့ မျက်နှာနုနုလေးမှာ အမာရွတ်ထင်းထင်းလေးဖြစ်သွားတာတော့ စိတ်မကောင်းပါဘူးကွာ ....ဒါပေမဲ့ မင်းအမာရွတ်က ငါ့အမာရွတ်လောက်တော့မရှိပါဘူး.... မင်းအမေပေးခဲ့တဲ့ အမာရွတ်က ဆေးလိမ်းလို့မရတဲ့ ဟိုးးးအနက်ရှိုင်းဆုံးနှလုံးသားထဲမှာမို့ ဘယ်လိုအရာနဲ့မှ ဖျောက်လို့မရဘူး... အဲ့တာ မင်းသိလား..."

မို့ရဲ့ မေးဖျားတွေကို ဆွဲမော့ပြီး မီးခိုးရောင်မျက်ဝန်းတွေကို  မဲ့ပြုံးဖြင့် စူးစိုက်၍ကြည့်ပြီးပြောသည်။

"အစ်ကိုလေး ပြောစရာပြီးပြီဆိုရင် ကျွန်တော် သွားပါရစေတော့ "

အစ်ကိုလေးလက်ကို ဖယ်ချလိုက်ပြီး အခန်းထဲမှ ပြေးထွက်သွားမိသည်။ လှေကား၊ အိမ်အောက်ထပ် နောက်ပြီး ခြံထဲက နှင်းဆီနီပန်းခင်းကြီး၊ အစ်ကိုလေးရှေ့မှောက်မှာ မကျဖြစ်ခဲ့တဲ့ မျက်ရည်တွေကို လရောင်အောက်က နှင်းဆီခင်းကြီးကြားမှာ ကျဖြစ်သည်။ ချုံးပွဲချငိုလိုက်သည်ပေါ့။ နာကျင်ကိုက်ခဲစေတတ်သော ဒဏ်ရာမျိုးတွေကိုမှ တယုတယထုတ်ပိုးတတ်သူတွေဟာ သိပ်ချစ်တတ်တဲ့သူတွေတဲ့ အဲ့တာအမှန်ပဲလားဆိုတာ မို မတွေးတတ်တော့ဘူး။ အေးစက်စက်လေညင်းတွေက ပန်းခင်းကြီးကို ဖြတ်တိုက်သွားတဲ့ ခံစားချက်မျိုးကို နှင်းဆီနီတွေနှင့်အတူ မိုလည်း ခံစားနေရသည်။ ကြယ်ကြွေတာကို တွေ့သည်။ ကြွေသွားတဲ့ ကြယ်လေးတွေက ဘယ်ဆီကို ကျသွားမှန်း သူမသိဘူး။ ထို့ကြောင့်လည်း မပြည့်နိုင်သော ဆုတောင်းများကို သူဆုမတောင်းဖြစ်တော့ပါ။ တစ်ပါးသူနဲ့ အထင်လွဲမှားတတ်သော သူ့အပေါ်အထင်သေးတတ်သော အစ်ကိုလေး၏ အကြည့်များ ထင်မြင်ချက်များအောက်မှာ သူ့၏အချစ်တွေက ကြယ်ကြွေသလိုပါပဲလေ။ ဒါပေမယ့် ချစ်နေရတုန်းပါပဲ။ ဟိုးအရင်အချိန်ထဲကစလို့ အခုအချိန်ထိပေါ့။

© အမရာခွန်း (Ten),
книга «The Star Of Mo».
Коментарі