Part-5
(Zawgyi)
"ဟုတ်ကဲ့ အစ်ကိုလေး"
"ဒီဘက်ကို ကြွပါ ဆရာ"
"မလိုဘူး...
"ဟုတ်ကဲ့"
"ဟုတ်"
"ဟုတ် မေးပါ "
"ဗျာ"
" လာပြီ လာပြီ"
" ဟဲ့ သွေး ရှိလား "
"အင်း "
"နင် ဘာလုပ်မလို့လဲ "
" ဟယ်လို"
"ဆိုတော့"
"အင်း စိုက်ပါတယ်...."
" OK see you..."
"မို "
"လာပြီ အစ်ကိုလေး"
" မို"
"လာပြီ ဒီမှာဗျ "
"ဘာတွေဖြစ်နေတာလဲကွ "
"ဦးလေးထွန်းကရော..."
"ဘာ"
"ဘာ"
"နေ့ခင်းကတည်းက"
"ဟုတ်"
"ဟင်းး မောလိုက်တာ"
"ဟင် အစ်ကိုလေး ဟို"
"ဘာလဲ "
"ဟင် ဘာ ငါ့မျက်နှာမှာ "
"မဟုတ် ဟင့်"
(Unicode)
ဒီနေ့မနက်ခင်းကလည်း သာမန်ရက်တွေလို ပုံမှန်ပါပဲ။ မူမမှန်တာကတော့ အစ်ကိုလေးက သူ့အသိဆရာတစ်ယောက်ကို ခေါ်လာခဲ့တာပဲ။ ပထမဦးဆုံးချိန် အစ်ကိုလေး၏မိတ်ဆွေတစ်ယောက်နှင့် သိကျွမ်းခွင့်ရတာပေါ့။
" မို ဒါ မင်းကို ကွန်ပျူတာ သင်ပေးမဲ့ဆရာ ကိုကျော်မင်းတဲ့ "
"ဟုတ်ကဲ့ အစ်ကိုလေး"
အစ်ကိုကျော်မင်းက မိုနှင့် အစ်ကိုလေးကို အကဲခတ်နေသည်။
"ဒီဘက်ကို ကြွပါ ဆရာ"
" ဆရာလို့ တလေးတစားကြီးခေါ်စရာမလိုပါဘူး ငါ့ညီရာ အစ်ကိုလို့ပဲ တရင်းတနှီးခေါ်လို့ရပါတယ် "
အစ်ကိုကျော်မင်းပုံစံက သဘောကောင်းဟန်ရှိပြီး သူ့ကို ပြုံးပြ၍ သူညွှန်ပြသောနေရာသို့ ဦးဆောင်သွား၏။သူ အစ်ကိုလေးဘက်ပြန်လှည့်လိုက်တော့ အစ်ကိုလေးက လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်၍ တည်တည်တံ့တံ့ရပ်နေပြီး သူ့ကို ကြည့်နေသည်။
" ဟို အစ်ကိုလေးကို ကျွန်တော် ကျေးဇူးတင်ပါတယ် "
"မလိုဘူး...
တစ်ချိန်မင်းငါ့ကို ဒါတွေပြန်ဆပ်ရမှာ.... ငါမင်းကို ခိုင်းစားဖို့ ဒီဟာသင်ပေးတာမို့... မင်းကျေးဇူးတင်စရာမလိုဘူး "
"ဟုတ်ကဲ့ အစ်ကိုလေးသဘောပါ "
"သွားတော့... ကျော်မင်းစောင့်နေတာ ကြာပြီ "
"ဟုတ်ကဲ့"
အစ်ကိုလေး၏ရှေ့ကနေ ကုပ်ကုပ်လေးဖြင့် အစ်ကိုကျော်မင်းရှိရာ အခန်းကိုဝင်သွားလိုက်သည်။ ကွန်ပျူတာဘေးမှာ မတ်တပ်ရပ်နေသော အစ်ကိုကျော်မင်းက သူဝင်လာတာမြင်တော့ လှမ်းပြုံးပြသည်။
"ညီ ဒီမှာ ထိုင်လိုက်နော် "
"ဟုတ်"
"ဒါနဲ့ ကိုယ်မေးခွင့်ရှိလားတော့မသိဘူး "
"ဟုတ် မေးပါ "
"မင်းရဲ့ ခေါင်းနဲ့လက်က ပတ်တီးတွေက ဘာဖြစ်တာလဲ "
"ဗျာ"
"အာ sry ကိုယ်စည်းကျော်သလိုဖြစ်သွားတယ်... ကဲ ကဲ စာသင်မယ်"
အစ်ကိုကျော်မင်းက ဆက်မမေးတော့၍ တော်သေးသည်။ မေးလျှင် သူ့မှာ ဖြေဖို့ အခက်အခဲရှိသည်။ အထူးသဖြင့် ဒီဒဏ်ရာတွေက အစ်ကိုလေးကြောင့်ရတာပါလို့ မဖြေချင်ပါ။ တော်ကြာ အစ်ကိုလေးကနှိပ်စက်သည်ဟုထင်သွားမှ ခက်ပေမည်။
အစ်ကိုကျော်မင်းပြန်သွား၍ သူခြံထဲဆင်းပြီး ပန်းပင်များရေလောင်းနေတုန်း ခြံရှေ့၌ကားဟွန်းသံကြားရသည်။
" လာပြီ လာပြီ"
ခြံထဲကို ကားချိုးကွေ့လာတော့ ကားမောင်းလာသူက မယာချိုဖြစ်နေသည်။
" ဟဲ့ သွေး ရှိလား "
" သွေးက လူတိုင်းမှာ ရှိတယ်လေ မယုံရင် ကိုယ့်ဘာကို ဖောက်ကြည့်"
"ဟဲ့ စကားကို လူလိုပြောနော် ငါနင့်ကို အကောင်းမေးနေတာ အကောင်းပြန်ဖြေ "
"မရှိဘူး ကုမ္ပဏီသွားပြီ "
"အင်း "
မာယာချိုက သူ့ကိုဝင်တိုက်ပြီး မျက်နှာကို မော့ချည်၍အပေါ်ထပ်ကို တက်သွားဖို့ ခြေလှမ်းစသည်။
"နင် ဘာလုပ်မလို့လဲ "
"ငါ့ခင်ပွန်းလောင်းအိမ်ပဲ ငါဘာလုပ်လုပ်ပေါ့ နင့်ကို သံတော်ဦးတင်ရဦးမှာလား "
"နင်နဲ့ အစ်ကိုလေးနဲ့က ဘယ်လိုပဲ ပတ်သတ်နေပါစေ နင့်အနေနဲ့ အစ်ကိုလေးမရှိတုန်း အစ်ကိုလေးအခန်းကို မဝင်သင့်ဘူးလို့ ငါ ထင်တယ် "
"နင် ထင်တာမြင်တာ ငါစိတ်မဝင်စားဘူး ငါ့အလုပ်ကိစ္စနဲ့ငါမို့ နင်ဝင်မပါနဲ့ "
မိုတားလို့မရလို့ လွှတ်ပေးလိုက်သည်။ အပေါ်ထပ်ကို ခြေလှမ်းမြန်မြန်နှင့်တက်သွားပြီး အစ်ကိုလေးအခန်းထဲကို တန်းဝင်သွားသည်။ ခဏနေတော့ ချက်ချင်းပြန်ဆင်းလာသည်။ မိုက ထွက်မသွားဘဲ သူမကိုစောင့်ကြည့်နေတာသိနေ၍ မို့ကိုဘာစကားမှမပြောဘဲ ပြန်သွားသည်။ အစ်ကိုလေးအခန်းထဲဝင်တာ ဘာကိစ္စမှန်းမသိ၍ မို အစ်ကိုလေးအခန်းကို တက်သွားလိုက်သည်။ အခန်း၏ အခြေအနေအရဘာမှပြောင်းလဲသွားခြင်းမရှိ၍ မို အောက်ပြန်ဆင်းလာခဲ့လိုက်သည်။
" ကိုမြင့်ဆွေတို့လက်လွှဲယူထားတဲ့ကိစ္စမဟုတ်ဘူးလား ဘာလို့အနီးကပ်မှ တလွဲတချော်ဖြစ်ရတာလဲ "
အချက်အချာကြသည့်ရန်ကုန်မှာ Shopping Mallနောက်တစ်ခုဆောက်ဖို့ လွန်ခဲ့သည့်၆လလောက်ကတည်းက ရန်ကုန်ကိုဆင်းပြီး နေရာကောင်းကို သက်တံ့ကြိုရှာထားတာ ဖြစ်သည်။ မြေပိုင်ရှင်နှင့်ရော စည်ပင်နှင့်ပါ စကားပြောပြီးခါမှ မြေပိုင်ရှင်က တခြားဝယ်လက်ကို ငွေပိုရ၍ ဒီရက်အတွင်းရောင်းလိုက်သည်တဲ့။ အဲ့ဒီနေရာကို ရောင်းဖို့အပေးအယူလုပ်ပြီး လက်မှတ်ထိုးထားရသည်ကို မြေပိုင်ရှင်က အနားကပ်မှ ဒီလိုမျိုးလုပ်ချသွားသည်။ လက်မှတ်ထိုးထားသည့်စာချုပ်ကလည်း ပြန်ရှာမတွေ့တော့၍ သူတို့ဘက်မှ ဘာဆိုဘာမှလုပ်လို့မရတော့ပါ။
"ဒီပရောဂျက်ကို Bossနဲ့ကျွန်တော်ပဲသိတာ ကျွန်တော့် လက်ထောက်မန်နေဂျာတောင် ကျွန်တော်အသိပေးထားတာမဟုတ်ဘူးဗျ "
"တောက်! ဒါတမင်သက်သက်ကျောသွားတာ ဟိုတစ်ခေါက် ပဲခူးက မြေကွက်ကိုလည်း အဲ့Moon group ကပဲ အနီးကပ်မှလုယူသွားတာ "
"Bossဘက်ကရော ဘယ်သူတွေကို စကားကျွမ်ထားသေးလဲ... နည်းနည်းစဉ်းစားကြည့်ပါဦး "
ကိုမြင့်ဆွေပြောမှ သူတစ်ချက်ပြန်တွေးမိသည်။ သူဒီကိစ္စအကြောင်းမည်သူမှမပြော ဦးလေးထွန်းကိုပင် အသိမပေးရသေး သူတိုင်ပင်မိသည်က ချို ဟုတ်သည်။ ချို့ကို လုပ်ငန်းအသစ်စီမံကိန်းအကြောင်းပြောမိသည်။ ဒါပေမဲ့ ချိုက အဲ့လိုလုပ်မည့်လူမျိုးမှမဟုတ်တာ ဟိုဘက်ကိုသတင်းပေးပြီး သူ့ကို လှည့်ဖျားရလောက်အောင် ချိုကသူ့ဇနီးလောင်းလေ။ ဟိုတစ်ခေါက်ပဲခူးက မြေကွက်ကို လုဝယ်သွားကတည်းက အဲ့လုပ်ငန်းစုကို သတိထားမိပြီးသားဖြစ်သည်။ အဲ့လုပ်ငန်းစုက ယခင်နှစ်တွေမှာ နာမည်ကျော်ကြားခြင်းမရှိ။ မနှစ်ကပဲခူးကိစ္စမှစ၍ သူတို့ Rainbow group ကို စပြီးတိုက်ခိုက်လာတာဖြစ်၏။
အလုပ်ကိစ္စတွေက တဖြည်းဖြည်း လူကိုပင်ပန်းစေသည်။ ကိုမြင့်ဆွေကလည်း အခန်းထဲမှထွက်သွားသည်မို့ သူခုံကို နောက်နည်းနည်းဆွဲချလိုက်ပြီး တစ်ရေးလောက်အိပ်ရန်ပြင်လိုက်သည်။ အိပ်ပျော်ခါနီးကြမှ သူ့ဟန်းဖုန်းက ထမည်လာ၏။
" ဟယ်လို"
"ကိုကြီး ကျွန်တော် လရောင်ပါ "
" ဟာ ညီလေး ကိုကြီးကို ခုမှ ဖုန်းဆက်ရသလားကွာ "
"ဟားဟား ဒီအတောအတွင်းကျွန်တော်စာမေးပွဲ ဖြေနေရလို့ပါဗျ "
"ဆိုတော့"
"ဟုတ်တယ် ကျွန်တော် စာမေးပွဲပြီးပြီမို့ နောက်၂ပတ်လောက်နေရင် ပြန်ရောက်မယ် "
"ဟာ တကယ်ကြီးလား....ငါ့ညီနဲ့ပြန်တွေ့ရတော့မယ်ဆိုတော့ ကိုကြီးဝမ်းသာလိုက်တာကွာ "
"ဒါနဲ့ ကိုကြီးရော အဆင်ပြေရဲ့လား ... ဦးလေးထွန်းနဲ့မိုက ကိုကြီးကို သေချာဂရုစိုက်ရဲ့လား "
"အင်း စိုက်ပါတယ်...."
"ဟုတ်ပါပြီ ဒါဆို မကြာခင်တွေ့ကြတာပေါ့ Bye bye.... "
" OK see you..."
ဖုန်းချလိုက်ပြီးတော့ သက်တံ့အလွန်ပျော်နေမိ၏။ သူချစ်ရသော ညီလေးနှင့် ပြန်ဆုံရတော့မည်။ ဒီတစ်ခေါက်သူ့ညီလေးပြန်ရောက်လျှင် သူဘယ်မှထပ်ထွက်သွားခွင့်မပေးတော့ပါ။ သူ့လုပ်ငန်းတစ်ဝက်ကို ခွဲဝေပေးပြီး သူ့ညီလေးကို ဦးစီးခိုင်းရမည်။ ရန်ကုန်မှာ Mallဆောက်ဖို့အတွက် မြေနေရာအသစ်ပြန်ရှာဝယ်ပြီး ညီဖြစ်သူကို လက်ဆောင်ပေးမည်ဟု သူတွေးထားလိုက်သည်။
ခြံတံခါးကြီးကိုလည်း ဒီအတိုင်းဖွင့်ထားပြီး ကားမောင်းဝင်လာသည်ကိုတောင် ဘယ်သူမှသိပုံမပေါ် ။ ဟွန်းတီးတာတောင် ဘယ်သူမှထွက်မလာ။ တစ်အိမ်လုံးလည်း မှောင်မဲနေ၍ အိမ်တံခါးကတော့ ဖွင့်ထားလျက်သား....
" ဦးလေးထွန်း ဒေါ်ကြီး ဟ ဘယ်သူမှ မရှိကြဘူးလား"
"မို "
"လာပြီ အစ်ကိုလေး"
အသံသာကြားရပြီးလူကရောက်မလာ။
" မို"
"လာပြီ ဒီမှာဗျ "
သူ နောက်လှည့်ကြည့်လိုက်တော့ ဓာတ်မီးတစ်လတ်ကို ကိုင်ထားသောမို့ကို တွေ့ရသည်။
"ဘာတွေဖြစ်နေတာလဲကွ "
"ဟိုလေ မီးပျက်သွားလို့ မီးစက်သွားနှိုးနေတာ "
"ဦးလေးထွန်းကရော..."
"ဦးလေးထွန်းက ဘုရားသွားတယ်"
"ဘာ"
"ဟုတ် ဟို ဒေါ်ကြီးပါ ပါသွားတယ်"
"ဘာ"
"ဟုတ်တယ် ဘဘဝင်းက ကားမောင်းပို့တာ.... ကောင်မလေးတွေလည်း ပါသွားကြတယ်...."
"ဟင်းးး ဒါဆို မင်းက အိမ်မှာ တစ်ယောက်ထဲပေါ့ ဘယ်အချိန်ကတည်းက သွားကြတာလဲ "
"နေ့ခင်းကတည်းက"
"မင်း မီးစက်သွားနှိုးတာဆို ဘာလို့ မီးကမလာတာလဲ "
"မီးက စောနတင်ပျက်သွားတော့ ကျွန်တော်သွားနှိုးနေတုန်း အစ်ကိုလေးအသံကြားလို့ ပြန်လှည့်လာတာ "
"ပြန်လှည့်လာတယ် ထားတော့... ထား... ငါပါ လိုက်ခဲ့မယ် "
ဒီအူကြောင်ကြားကို စိတ်မရှည်တော့၍ မိမိကိုယ်တိုင် ဂိုဒေါင်ထဲလိုက်ရသည်။
"အင်း အဲ့တာလှည့်ရမှာလား "
"ဟုတ်"
"ဖယ် ငါ့ကိုမီးပြပေး ငါလုပ်မယ် "
သူနှိုးလိုက်တော့ မီးကလင်းလာသောကြောင့် ဂိုဒေါင်ထဲမှပြန်ထွက်လာပြီး အိမ်ဘက်ပြန်လျှောက်လာတော့ ခြံရှေ့၌ ကားသံကြားရသည်။ ဦးလေးထွန်းတို့ ပြန်ရောက်လာကြပြီထင်တယ်.....။
"ဟင်းး မောလိုက်တာ"
"ဟင် အစ်ကိုလေး ဟို"
"ဘာလဲ "
"ဟို မျက်နှာမှာ စက်ဆီတွေ ခွီးးး"
"ဟင် ဘာ ငါ့မျက်နှာမှာ "
မျက်နှာပေါ်က ချွေးများကိုသုတ်ရင်း သူ့လက်မှစက်ဆီများက မျက်နှာတွင် ပေကျံသွားပုံရသည်။ သူ လက်ဖြင့် အမြန်သုတ်နေပေမယ့် စက်ဆီတွေက ပိုပြီးပေကျံသွားသည်။
" ဟို အစ်ကိုလေး ကျွန်တော် သုတ်ပေးမယ်နော် "
"အင်း သုတ်ပေးလေ... မင်းက ဘောမို့ ရယ်နေတာလား...."
"မဟုတ် ဟင့်"
သူပြောနေတာတောင် ထိုကောင်လေးက နှုတ်ခမ်းကိုအတင်းစေ့ထားပြီး ရယ်ချင်စိတ်ကို ထိန်းနေသည်။ ထိုကောင်လေး၏လက်ဖဝါးနုနုက သူ့မျက်နှာပေါ်မှစက်ဆီများကို နူးညံ့ညင်သာစွာ သုတ်ပေးလျက်ရှိ၏။
" ဒီတိုင်းဆို အစ်ကိုလေး မျက်နှာသစ်လိုက်မှ ရမယ်နော် "
"မင်းသေချာသုတ်ပါ ရီမနေနဲ့"
မိုသည် သူ့မျက်နှာကစက်ဆီတွေကိုသာ သေချာသုတ်ပေးနေသော်လည်း သူကတော့ မို့မီးခိုးရောင်မျက်ဝန်းများကိုသာ တည်တည်ငြိမ်ငြိမ်စိုက်ကြည့်လျက် ရှိသည်။
"ဟီး အစ်ကိုလေးက စက်ဆီတွေနဲ့တောင် မို့မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိတုန်း"
မိုပြောပြီးမှ သူ့စကားမှားသွားမှန်းသိ၍ အစ်ကိုလေးကိုပြန်မော့ကြည့်တော့ သူ့အား စိုက်ကြည့်နေသောအစ်ကိုလေး၏မျက်ဝန်းများနှင့် အကြည့်ချင်းဆုံလျက်.....
" သက်တံ့ သားတို့ ဘာလုပ်နေကြတာလဲ "
ဦးလေးထွန်းက သူတို့ကို မတွေ့၍ လိုက်ရှာပုံရသည်။
" ဟင် သက်တံ့ မင်းမျက်နှာမှာ ဘာတွေတုန်း "
"အော် အစ်ကိုလေးက မီးစက်နှိုးတာ ဝိုင်းလုပ်ပေးရင်း စက်ဆီတွေပေသွားတာလေ "
သူကပြန်ဖြေဖို့ သတိမရသော်လည်း မီးခိုးရောင်မျက်ဝန်းများပိုင်ရှင်ကတော့ သွက်လက်စွာ ဦးလေးထွန်းအား သဘောတကျရယ်သံများဖြင့် လျှောက်တင်တော့သည်။
"အင်း မီးပြန်လင်းလာပြီဆိုတော့ အထဲဝင်ကြရအောင်"
ဦးလေးထွန်းက ထိုမျှသာပြောပြီး အိမ်ထဲဝင်သွားတော့ မိုကလည်းနောက်မှ လိုက်ဝင်သွားသည်။ သူကသာ မီးရောင်မှိန်မှိန်အောက်၌ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်နားထောင်ရင်း ကျန်နေခဲ့၏။

Коментарі