Part 2
"ကိုကို ငယ်လေးရှိတာကို ဘာတွေတွေးနေတာလဲ"
"မဟုတ်ပါဘူးကွာ ဘာတွေးရမှာလဲ ကိုကိုက"
ခေါင်းက ဆံပင်လေးကို လက်နဲ့ အသာဖွလိုက်တော့ ကောင်လေးက မျက်စောင်းထိုးကာ ကြည့်လာသည်။
"ကိုကို ဒီမှာ စားနေတာကို ! "
သူ့ကို နှောင့်ယှက်လို့ ထထအော်တဲ့ကလေးရယ်ပါ။ ပန်းကန်ထဲကြည့်မိတော့ အရိုးတောင် မကျန်တကျန်။
"ကဲကဲ စားပြီးရင် ကိုကို ပန်းကန်သွားဆေးလိုက်မယ် ၊ ဒီမှာ ခဏလေးစောင့် ဟုတ်ပြီလား"
"ဟင့်အင်း ၊ ကိုကို့နောက်လိုက်မှာ "
ချွဲလည်း ချွဲတတ်တဲ့ကလေး။ ဒီလို ချွဲလေလေ ဒီကကောင်က အရည်ပျော်လေလေပါပဲ။
"ကဲ ဒါဆိုလည်း လာ " လို့ ခေါ်လိုက်တော့ ခါးကို သူ့လက်သေးသေးလေးများနှင့် ဖက်ကာလိုက်လာသည်။ တကယ့်ကလေးလေး။ သူ့မှာလည်း ဒီကလေးလေးကိုပဲ အချစ်ပိုနေရသည်မလား။
ပန်းကန်ဆေးပြီးတော့ ငယ်လေးလက်ကို ဆွဲကာ ပန်းခြံထဲသို့ ခေါ်သွားလိုက်သည်။ ကိုယ့်အိမ်က ပန်းခြံမို့ သိပ်မကျယ်သော်လည်း သူတို့နှစ်ယောက်ရဲ့ သီးသန့်ကမ္ဘာလေးတစ်ခုမလို့ အမြတ်နိုးရဆုံးနေရာလေး။
"ကိုကို ငယ်လေးစိုက်ထားတဲ့ နှင်းဆီတွေက အဖူးဖူးလာပြီ "
"ကိုကို့ ဒီစံပယ်ရုံလေးကို ရေသေချာလောင်းနော်"
"ကိုကို့ ဟိုဘက်မှာ ဇီဇဝါပင်တွေ ထပ်စိုက်ရမယ်"
တတွတ်တွတ်ပြောနေသော လူကောင်သေးသေးလေးက အပင်စိုက်ရတာတော့ တော်တော်ဝါသနာပါသည်။
ဒီပန်းခြံလေးထဲမှာရှိတဲ့ အပင်မှန်သမျှ ငယ်လေးပဲ စိုက်ခဲ့တာ။ မစိုက်ထားတာဆိုလို့ ပိတောက်ပင် တစ်ပင်သာ ရှိသည်။ ဒီပိတောက်ပင်ကလည်းထောင့်နားမှာ သူ့အလိုလို ပေါက်နေတာမလို့ ။
ငယ်လေးက တစ်ပတ်တစ်ရက် အိမ်ကိုလာတိုင်း အပင်တွေကို ယုယသည်။
"ကိုကိုက အမြဲတမ်း အလုပ်လုပ်နေရတာလေ ၊ ငယ်လေးမရှိတဲ့ အချိန်မှာ အမောပြေအောင် ကလေးအစား ဒီအပင်လေးတွေကို ကြည့်နေပေါ့"
ကလေးဆန်တဲ့ ငယ်လေးဟာ သူ့အတွက် တွေးပေးဖို့လည်း ဘယ်တော့မှမမေ့ ။
"ကိုကို အိမ်က ဖုန်းခေါ်နေပြီ ၊ ပြန်ရတော့မယ်"
မျက်နှာငယ်ငယ်နဲ့ ကြည့်လာတဲ့ ကောင်လေးက အိမ်ပြန်ချင်သေးပုံပဲ။
"ငယ်လေးကလည်း ဒယ်ဒီစိတ်ပူနေမှာပေါ့ ၊ နောက်တစ်ပတ် ကျောင်းသင်္ကြန် ကိုကို လာခဲ့မယ်လေ"
ထိုအခါမှ "ဟုတ်" ဟု တစ်ခွန်းဆိုကာ သူ့ပခုံးကို လာကိုင်သည်။ ခြေဖျားထောက်ခါ မမီ့တမီဖြင့် မျက်နှာနားကပ်လာတော့မှ သူဒူးကွေးပေးလိုက်ရသည်။ မျက်နှာလေးက ပြုံးရွှင်ပြီး ပါးကို နမ်းသွားတာမှ ရွှတ်ခနဲ။
သူနှုတ်ခမ်းကို ပြန်နမ်းလိုက်တော့ ရှက်ရယ်ရယ်ကာ တွန်းထုတ်ပစ်သည်။
"ကိုကိုက အသားယူလိုက်တာ"
"ဟောဗျာ အရင်လာနမ်းတာ ငယ်လေးလေ "
ရှက်သွားတဲ့ ငယ်လေးက သူ့ကို စောင်းကြည့်ပြန်သည်။
"တော်ပြီ မခေါ်ဘူး ကိုကို့ ကို တစ်ပတ် စိတ်ဆိုးတယ် ၊ တစ်ပတ်မပြည့်မချင်း လုံးဝ အတွေ့မခံဘူး"
ငယ်လေးက အတွေ့ခံလည်း တွေ့လို့ရတာမှ မဟုတ်ဘဲ ၊ ငယ်လေးက ကျောင်းမှာ ၊ သူက အလုပ်မှာမို့ တစ်ပတ်တစ်ခါပဲ တွေ့လို့ရတာကို။ အခုတောင် ကားပေါ်မှာ
ဒရိုင်ဘာက စောင့်ကြည့်နေတာ။
ခက်သွက်သွက် ပြေးသွားသော ငယ်လေးက ခြံဝရောက်မှ လှည့်ကြည့်လာသည်။
"ကိုကို အပင်တွေ ဂရုစိုက်"
"ဟုတ်ပါပြီဗျာ"
*******
"သားလေး မင်း ဒယ်ဒီ သိရင် ပြဿနာတက်မှာနော်"
"ဒါကြောင့် မသိအောင်လာတာလေ ဦးရဲ့ ၊ ဒယ်ဒီမေးရင် သား ကျူရှင်က ပြန်လာတာလို့ပဲ ဖြေပေးနော် နော် "
မျက်တောင်လေး ပုတ်ကာ ပုတ်ကာဖြင့် ချွဲလိုက်တော့ ခေါင်းညိတ်လိုက်ရသည်။ ဒီကလေး နဲ့တော့ ခက်တာပါပဲ ။ ဦးမြင့်မိုရ် ကလည်း ခက်သည်။ လဝန်းငယ် ကလည်း ခက်သည်။
#AN
ကဲ ကိုယ် အပိုင်း 2 ကို စောစော တင်လိုက်ပါတယ်နော် 😁
မျှော်ပေးကြတာ အရမ်းကျေးဇူးတင်ပါတယ်လို့ ❤️❤️
ZAWGYI