Part 3
"လ၀န်းငယ် ကျူရှင်ဆင်းတာ နောက်ကျလိုက်တာ"
အိမ်ထဲရောက်ရောက်ချင်း ဒယ်ဒီ့အသံကြားတော့ ကိုယ်လေးက တုန်သွားရသည်။ ကျူရှင်မသွားဘဲ ကိုကိုနဲ့ သွားတွေ့နေတာသာ သိရင် မိုးမီးလောင်မှာ။
"မင်း ဘယ်တွေဝင်နေသေးလဲ"
"မဝင်ပါဘူး ၊ ကားလမ်းပိတ်နေလို့ပါ"
ခေါင်းငုံ့ကာ ပြောနေသော သားဖြစ်သူကို ဦးမြင့်မိုရ် တစ်ချက်ကြည့်လိုက်သည်။
"သွားတော့ "
အခန်းဆီသို့ ခပ်သွက်သွက်လျှောက်ရင်း တံတွေးအကြိမ်ကြိမ်မျိုချမိသည်။ တော်ပါသေးရဲ့ ဒယ်ဒီ မသိသေးလို့။
တံခါးသေချာပိတ်ပြီး လွယ်အိတ်ဇစ်ကို ဖွင့်လိုက်ရင်း ဓာတ်ပုံတစ်ပုံကို ထုတ်ကာ နမ်းလိုက်သည်။
"ကိုကို ကလေး ပြန်ရောက်ပြီ"
******
ငယ် ဒုတိယနှစ်ရောက်သည့် အချိန်တွင် ကိုကို က ဘွဲ့ရခဲ့ပြီ။ အလုပ်များသော ကိုကိုက တစ်ခါတလေ မှ ကျောင်းလာလည်တတ်သောကြောင့် ငယ့်မှာ ကိုကို့အိမ်သို့ သွားရသည်သာများသည်။
ဒီနေ့ ကျောင်းသင်္ကြန် ၊ ချယ်ရီလမ်းတွင် လူတော်တော် များနေတာမို့ လမ်းထဲမဝင်ဘဲ ခုံတန်းလေးပေါ်တွင်သာ ထိုင်ရင်း စောင့်နေလိုက်သည်။
"ငယ်"
နောက်က ခပ်တိုးတိုးခေါ်လိုက်တော့ လှည့်ကာ ဖက်လာသည်။ ငယ်လေးဟာ အရမ်းချွဲတတ်တာပဲ။
"ကိုကို ငယ်စောင့်နေတာ ကြာလှပြီ"
"ကိုကိုက အလုပ်က လာရတာမလို့ ကြာသွားတာလေ ၊ ငယ်လေးရဲ့ "
ဆူပုတ်နေသော ကလေးကို ချော့ရင်း ချယ်ရီလမ်းဘက် ခေါ်လာရတော့သည်။
"ကဲ လာ လမ်းထဲသွားရအောင် "
ကျောင်းသင်္ကြန်ကို သူသွားလေ့သွားထ မရှိသော်လည်း ငယ်လေးအတွက်တော့ အရောက်လာခဲ့ပါသည်။ ရေစိုနေသော အဝတ်တို့နဲ့ ချမ်းနေတဲ့ ငယ်လေးဟာ သူ့အနားကို တိုးကာကပ်လာတော့ ပခုံးကို အသာအယာ ပွေ့ထားမိသည်။ မော့ကြည့်လာသော ငယ်လေးက သူ့ကို ပြုံးပြလို့။
"ငယ် အေးစက်နေတာပဲ ၊ ချမ်းနေပြီလား "
"ချမ်းလည်း ကိုကို ရှိတာပဲ ၊ ငယ့်ကို ဖက်ထားပေးပေါ့"
စကားတတ်လွန်းသော ငယ်လေးကို ပြုံးကြည့်လိုက်တော့ ရယ်ပြလာသည်။
"ကိုကို အိမ်က လာကြိုတော့မယ် ၊ အဆောင်ရှေ့ ပြန်သွားရမှာ ၊ ကိုကိုလည်း ပြန်တော့လေ"
"အင်း ငယ့်ကို လိုက်ပို့ခဲ့မယ်"
အဆောင်ရှေ့ရောက်တော့ ကိုကို က နဖူးကို နမ်းရင်း နှုတ်ဆက်သည်။
"ကိုကို ပြန်တော့မယ်"
သူခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ တွဲထားသဘ့်လက်ကို မဖြုတ်သေးဘဲ လက်တစ်ဖက်ဖြင့် ကိုကို့ ခါးကို ဖက်ထားမိသည်။ ဖြစ်နိုင်ရင် သူ အိမ်မပြန်ချင်သေး။
"ငယ်လေး ကျောင်းပိတ်ရက်မှ တွေ့မယ်လေ"
သူ ဖက်ထားသော လက်ကို ဖယ်ကာ လာကြို့မည့်ကားကို ကြည့်လိုက်မိသည်နှင့် အထိတ်တလန့်ဖြစ်သွားရသည်။
သူ့ကို လာကြိုသည့်ကားဟာ ဒယ်ဒီ့ကား ဖြစ်နေခဲ့သည်ကို သိသိချင်း အလျင်အမြန်ပင် တွဲထားေသာ ကိုကို့ လက်ကို ဖြုတ်ချကာ ခပ်ဝေးဝေး နေလိုက်ရသည်။
"ငယ် ဘာလို့လဲ"
"ဒယ် ဒယ်ဒီ ရောက်နေ..တယ်"
အထစ်ထစ်အငေါ့ငေါ့ ထွက်လာသော စကား၏နောက်တွင် တုန်လှုပ်စိတ်တို့ကပ်ပါလာသည်။ ဒယ်ဒီ သူတို့ကို မြင်သွားပြီလား။
ကားတံခါး ဖွင့်လိုက်တော့ ဒယ်ဒီက စူးစူး စိုက်စိုက် ကြည့်လာသည်။ ဖုံးကွယ်ထားတာ ရှိတော့လည်း လက်တို့က အတုန်တုန်အယင်ယင် ၊ သူ ဟန်ဆောင်တတ်ဖို့ အများကြီးလိုသေးတာပဲ။
****
"မင်း ဘာစောက်ချိုး ချိုးတာလဲ !"
အိမ်ထဲရောက်ရောက်ခြင်း အော်လိုက်သောကြောင့် လဝန်းငယ် လန့်သွားရသည်။
"ဟေ့ကောင် မင်း စောက်ရှက်မရှိဘူးလား!"
ပိုကျယ်လာသော အသံကြောင့် တံတွေးမျိုချမိသည်။ သူ အခုထိ ဒယ်ဒီ့ကို မကြည့်ရဲ။
"လဝန်းငယ် အဲ့ကောင်နဲ့ မင်းက ဘာလဲ "
ဖန်ခွက်ကို နံရံဆီကို ပစ်ပေါက်ကာ အော်လိုက်သောကြောင့် သူ ခြေထောက်တို့ပင် မခိုင်ချင်တော့ ။ ဒယ်ဒီက မြင်သွားခဲ့တာလား။
"ဒယ် ..ဒယ်ဒီ"
"မင်းနဲ့ အဲ့ကောင်က ဘာလဲလို့ ငါမေးနေတယ် !"
သူမညာချင်ဆိုသည်ထက် မညာရဲ ဆိုသည်က ပိုမှန်မည်။ ဒယ်ဒီ့ဒေါသကို သူသိပြီးသားမို့ ညာမိရင် ပြဿနာ ပိုကြီးမည်။ ဒါဆို ဒီကိစ္စကို ဘယ်လို ပြောရမှာလဲ ၊ ဝန်ခံလိုက်ရမှာလား။
"လဝန်းငယ်!"
"သားတို့ က တွဲ..တွဲနေကြတာ"
"ဘာ ! မင်း!!"
ရှေ့တစ်လှမ်းတိုးလာသော ဒယ်ဒီကြောင့် သူ နောက်တစ်လှမ်းဆုတ်မိသည်။ သူ ဒီနေရာတွင် သေသွားနိုင်သည်။
"စောက်လုပ် မဟုတ်တာတွေ လူကြားလို့မှ မကောင်း တောက် !"
တောက်ခေါက်သံ အဆုံးတွင် သူ မျက်ရည်ကျလာရတော့သည်။ ကိုကို နဲ့ ချစ်သူ ဖြစ်တာ လူကြားလို့မကောင်းဘူးတဲ့လား။ သူ က ကိုကို့ ကို ချစ်တာ ဘာမှားနေလို့လဲ"
"ဘယ်လောက်ကြာပြီလဲ"
မာထန်နေသော ဒယ်ဒီ့အသံက ကြောက်စိတ်ကို ပိုဆိုးစေသည်။
"တစ်နှစ်လောက်.."
ထူပူသွားသော ပါးတစ်ဖက်နှင့်အတူ သူ လဲကျသွားရသည်။
"မင်း စောက်ရှက်မရှိဘူးလား !"
"..."
"ယောက်ျားတစ်ယောက်နဲ့ တွဲရအောင် မင်း စောက်ရှက်မရှိဘူးလား!"
သူ မျက်ရည်သာ ကျမိသည်။
"မျက်ရည်က ကျတတ်တယ် ၊ မင်းက ဘာလဲ ဟမ်! စောက်ခြောက်လား ! "
ဟုတ်တယ်ဒယ်ဒီ ၊ ကျွန်တော်က ဒယ်ဒီတို့ပြောတဲ့ အဲလိုလူ။ ဒါပေမယ့် ဒီလို ဖြစ်လာတာကျွန်တော့် အမှားမှ မဟုတ်တာ ။
"မင်း အမေက ပျော့ညံ့တယ် ၊ မင်းလည်း အတူတူပဲ ၊ အေး ဒါပေမယ့် ကြီးလာရင် ပြောင်းလဲသွားမှာပါ ဆိုပြီး ငါ စောင့်ကြည့်ခဲ့တယ် ၊ အခုတော့ မင်းက စောက်ရှက်မရှိတာတွေပါ လုပ်နေပြီလား"
"....."
"ဖြေလေ ဟမ် ၊ ဟိုကောင်ကရော ဘာလဲ ၊ မင်းကရော ဘာလဲ ၊ မင်းတို့ နည်းနည်းမှ စောက်ရှက်မရှိဘူးလား ၊ ပြီးတော့ လူမြင်ကွင်းမှာ တောက် ! "
"အဲလိုဖြစ်တိုင်း အရှက်မရှိတာမှမဟုတ်တာ"
သူ မသိလိုက်ခင်မှာပင် အသံတိုးတိုး ထွက်သွားမိသည်။ ဒယ်ဒီ့ကို အလန့်တကြားကြည့်မိတော့ စူးရဲ နေသည့် မျက်လုံးတို့က ဒေါသအငွေ့တို့ လွှမ်းနေသည်။
"ခွပ်!"
နှုတ်ခမ်းထောင့်မှ သွေးစများပင် ထွက်လာသော်လည်း သူမနာကျင်တော့ ။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်နှာလွှဲထားမိသည်။
"ဖုန်းခေါ်စမ်း အဲ့ကောင်ကို ၊ အခု ချက်ချင်း ဒီအိမ်ကို လာခဲ့လို့ ဖုန်းခေါ်စမ်း"
ဟင့်အင်း ၊ ဒယ်ဒီ ။ ဒယ်ဒီက ကိုကို့ကို တစ်ခုခု လုပ်တော့မှာ ။
"ငါ မင်းကို ဖုန်းခေါ်ခိုင်းနေတယ်၊ မင်းတို့ နှစ်ယောက်လုံး သေသွားချင်လို့လား!"
အတုန်တုန် အယင်ယင်ဖြင့် ဖုန်းခေါ်ရင်း ဆုတောင်းမိသည် ။ ကိုကို ဖုန်းမကိုင်ပါနဲ့။
"ဟဲလို"
သူ့ဆုတောင်းတို့ မပြည့်ဝခဲ့ပါ။ စကားပြန်မပြောဘဲ ဒယ်ဒီ့ကို ကြည့်လိုက်မိတော့ မီးတောက်မတတ်မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲ။
"ကိုကို .."
ရုတ်တရက် ဖုန်းကို လုယူခံလိုက်သည်။
"တောက်! ကိုကို တဲ့လား"
သူ့ကို စူးစူးရဲရဲ ကြည့်ကာ ဖုန်းယူသွားသော ဒယ်ဒီ။
"မင်း ငါ့အိမ်ကို အခု ချက်ချင်းလာခဲ့ "
**************
#AN
ကိုယ် ဒီ fic လေးကို mature on ထားပါတယ်နော်၊ စကားရိုင်းရိုင်းတွေလည်း ပါလာနိုင်တာမလို့ ၊ အသက်ငယ်တဲ့ သူတွေရှောင်လို့ရအောင်ပါ။
အရေးအသားကတော့ သည်းခံ သည်းခံ 🤧🤧
ကိုယ် weekly update ပါ
အခု ရက်ပိုင်း အိပ်ချိန်တောင် လုနေရတာမလို့ နေ့တိုင်းလို့ အာမ မခံရဲလို့ပါ 😓
ပုံမှန်ဖြစ်သွားရင် daily ပြန် up ပါ့မယ်နော်
ချစ်ခြင်းများစွာဖြင့်
HanNaychiThway ♥️
Zawgyi
"သွားတော့ "
******
"ငယ်"
"ကိုကို ပြန်တော့မယ်"
သူ့ကို လာကြိုသည့်ကားဟာ ဒယ်ဒီ့ကား ဖြစ်နေခဲ့သည်ကို သိသိချင်း အလျင်အမြန်ပင် တွဲထားသော ကိုကို့ လက်ကို ဖြုတ်ချကာ ခပ်ဝေးဝေး နေလိုက်ရသည်။
"ငယ် ဘာလို့လဲ"
"ဒယ် ဒယ်ဒီ ရောက်နေ..တယ်"
****
"ဒယ် ..ဒယ်ဒီ"
"လဝန်းငယ်!"
"ဘာ ! မင်း!!"
"ဘယ်လောက်ကြာပြီလဲ"
"တစ်နှစ်လောက်.."
"..."
သူ မျက်ရည်သာ ကျမိသည်။
"....."
"ခွပ်!"
"ဟဲလို"
"ကိုကို .."
"တောက်! ကိုကို တဲ့လား"
**************
#AN
ကိုယ် weekly update ပါ