အပိုင်း _၁ ( ကိုကို့ရဲ့ ငယ်)
#UNICODE
"ကိုကို"
"ကိုကို လို့ဆို"
"ကိုကိုရေ"
"ကိုကို့!"
အော်ခေါ်လိုက်မှ သူက ခပ်ပြုံးပြုံးဖြင့် လှည့်ကြည့်လာသည်။
"ငယ်လေး ကိုကို ကြက်သားကြော်နေတာလေ ၊ ငယ်လေး စားဖို့လေ"
အသားဖြူဖြူ အရပ်နိမ့်နိမ့်နဲ့ကောင်လေးက ခြောက်ပေ နှစ်လက်မရှိသော သူနဲ့ ယှဉ်ရင်တော့ ရင်ခွင်မီလေးပါပဲ။
အသက်ချင်း ငါး နှစ်လောက်ကွာနေတော့ ကိုကို ကိုကို ဆိုပြီး ချွဲသမျှကို ဒီကကောင်က ခပ်ပြုံးပြုံး။ ချွဲသမျှ ဆိုးသမျှကလည်း အမောပြေချင်စရာလေးကိုး။
"ကိုကို့ ငယ်လေးက ကြက်ကြော်မစားဘူးလား ပြော"
ပြုံးစစနဲ့မေးလိုက်တော့ သွားဖွေးဖွေးလေးတွေ ပေါ်သည်ထိ ရယ်ပြလာသည်။
"စားမှာ"
"စားမယ်ဆို ထမင်းစားပွဲမှာ ငြိမ်ငြိမ်လေးစောင့်နေပေး ၊ ကိုကို ပြီးတာနဲ့ ချက်ချင်းလာပို့မယ်"
စကားဆုံးသည်နှင့် ခပ်ခွာခွာ ရပ်နေသော ကလေးလေးက သူ့ဆီသို့တိုးလာကာ နောက်ကနေ ခါးကို သိုင်းဖက်ထားပြန်သည်။
"ငယ်လေး ဆီတွေ စင်မယ်လေ"
"ဟင့်အင်း"
"ဟော ကိုကို့ငယ်လေး ဘာလုပ်ချင်နေတာလဲ"
သိုင်းဖက်ထားသည့် လက်တစ်ဖက်ကို သူ့လက်ဝါးနဲ့ အုပ်ကာ ကိုင်ရင်း မေးလိုက်တော့ ခါးသို့ဖက်ထားသည့် လက်တို့က ပိုလို့ပင် တင်းကျပ်လာသည်။
"ကိုကို့ အနားမှာနေချင်တာ ၊ ကိုကို့ဆီကို တစ်ပတ်တစ်ခါပဲ လာလို့ရတာလေ ၊ အချိန်တွေကို ရပ်ထားလို့မှမရတာ ၊ ကိုကို့ အနားမှာပဲ ကပ်နေရတော့တာပေါ့"
"ဟောဗျာ"
ကျွန်တော် အသံထွက်ကာ ရယ်လိုက်မိတော့လည်း သူ့ကို လှောင်တယ်ဆိုပြီး နှုတ်ခမ်းလေးက ဆူထားပြန်သည်။ ဆူနေသည့် နှုတ်ခမ်းလေးကို တစ်ချက်နမ်းလိုက်တော့ ရှက်သွားသည်ထင်ပါရဲ့ ။ နားရွက်လေးတွေကရဲလို့။
"ကိုကို ငယ် ဟိုနားမှာပဲ သွားစောင့်တော့မယ်"
ရှက်ရှက်နှင့် ပြေးထွက်သွားသော ငယ်လေးကို ကြည့်လို့မဝ။ ဒီကလေးဟာ လာစတော့လည်းသူ၊ ရှက်ပြီး ထွက်ပြေးတော့လည်း သူ။
*****
ငယ်လေးကို သူစတွေ့တော့ မေဂျာ king ရွေးတဲ့ အချိန် ချစ်စရာကောင်လေးအနေနဲ့ စသိခဲ့တာ ။
သူတို့ကတော့ နောက်ဆုံးနှစ်ကျောင်းသားတွေမလို့ ပွဲစီစဉ်သူနေရာကပေမယ့် ငယ်လေးက ပထမနှစ်ကလေးလေး။
အရပ်နိမ့်နိမ့်နဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးက King မဖြစ်ခဲ့ပေမယ့် Charming Prince တော့ ဖြစ်ခဲ့ပါသည်။ စင်အောက်ကနေ လက်ခုပ်တီးပေးခဲ့တာက ငယ်လေးအတွက် ပထမဆုံး သူ့ရဲ့ ဂုဏ်ပြုလက်ခုပ်သံပေါ့။
ထိုကအချိန်ကတည်းက ကျွန်တော် ငယ်လေးကို စကားတစ်ခွန်း ခပ်တိုးတိုး ပြောခဲ့သည်။
"ချစ်တယ် ငယ် ၊ ကိုယ့်ရဲ့ ငယ်အဖြစ် ထာဝရ ရှိပေးပါ"
ငယ်လေးကတော့ မကြားပေမယ့် သူ့နှလုံးသားကတော့ ထိုအချိန်အတည်းက ထိန်းမနိုင်သိမ်းမရ။
အခုတော့လည်း ငယ်လေးက သူ့အပိုင်ဖြစ်လာတာပါပဲ။ အရင်က ချေခဲ့လွန်းတဲ့ ငယ်လေးဟာ အခုဆို မျက်စိအောက်ကပင် အပျောက်မခံ ။ သဝန်တိုတတ်တာလည်း နှစ်ယောက်မရှိ ။ အင်း ..မေတ္တာမှန်ခဲ့လို့ ထင်ပါရဲ့။
"ကိုကို ကြာလိုက်တာ ငယ်လေး ဗိုက်ဆာနေပြီ"
အတွေးတို့ကို ဖြတ်ကာ ကြက်ကြော်ကို သတိထားဆယ်ရင်း ပန်းကန်ထဲ ထည့်လိုက်ရသည်။
သူစပ်ပေးသော အချဉ်နဲ့ အားပါးတရ စားနေတဲ့ ကလေးလေးက တကယ် ဖြူဖြူစင်စင်လေး။ ဒီကလေးလေးကို အချိန်ကြာလေလေ ချစ်မိလေလေ၊ အချိန်ကြာလေလေ ပိုပြီး သူ့အပိုင်အဖြစ် ထားချင်လေလေ။
နောက်ဆို စာချုပ်ချုပ်ပြီး အပိုင်သိမ်းထားရတော့မှာပဲ ကလေးလေးရေ။
AN/
သွေး ဒီနေ့ ပထမပိုင်းကို အရမ်းတင်ချင်နေလို့ တင်လိုက်ပါပြီ 😁😁
ကိုကိုရဲ့ ငယ်လေးက ဖြူဖြူသေးသေးလေး အရမ်းချစ်ဖို့ကောင်းတာ ၊ အသွေးလေးနဲ့တူတယ် သိလား သူက ဖြူဖြူသေးသေးလေး ၊ အသွေးက မဲမဲသေးသေးလေး 😝😝
Daily update မဟုတ်ပေမယ့် တစ်ပတ်ကို သုံးပိုင်း ပြည့်အောင် တင်ပေးမှာမလို့ စောင့်ပေးကြပါနော် 😘
ဒါဖတ်ပြီး ကိုကို လိုချင်သွားရင်တော့ အသွေးမသိဘူး 😝
######
zawgyi
"ကိုကို"
"ကိုကို လို့ဆို"
"ကိုကိုရေ"
"ကိုကို့!"
"စားမှာ"
"ငယ်လေး ဆီတွေ စင်မယ်လေ"
"ဟင့်အင်း"
"ဟောဗျာ"
*****
AN/

Коментарі
Упорядкувати
- За популярністю
- Спочатку нові
- По порядку
Показати всі коментарі
(1)
အပိုင်း _၁ ( ကိုကို့ရဲ့ ငယ်)
အပိုင်း ၁ က နည်းနည်း တိုသွားရင် နောက်နေ့ အရှည်ကြီး ရေးထားပါ့မယ်နော် 😁
Fic cover လေးက အသစ်ရတာနဲ့ ပြောင်းမှာပါလို့ 😁😁
Відповісти
2020-11-02 14:36:01
Подобається