Chapter 1
Part 1 (Hello, My New Life)
"ဟူး....နောက်ဆုံးတော့ပြီးသွားခဲ့ပြီ။ အတန်းတတ်ရမဲ့အချိန်ပဲ။"
ယန်ချန်းတယောက် ဝတ္ထုတစ်အုပ်ကို သုံးရက်နီးပါးအချိန်ယူကာနောက်ဆုံးတွင်တော့ဖတ်ပြီးခဲ့ပြီ။အမြဲတမ်းလူများသည့်နေရာများကိုရှောင်ချင်တာကြောင့် မည်မျှပင်ကျောင်းစာကြည့်တိုက်သို့စောရောက်ကာ ထိုင်ခုံနေရာများရှိနေပါစေ ထိုစာကြည့်တိုက်ရှိ စာအုပ်တန်းစင်တန်းများ၏ ထောင့်တစ်နေရာတွင်သာ နေရာယူလေ့ရှိသည်။
ယန်ချန်းကသူ၏လက်ကိုအပေါ်သို့မြှောက်ကာပျင်းကြောဆန့်လိုက်သည်။ထို့နောက်သူ၏ ပါဝါထူမျက်မှန်ကြီးအား တစ်ချက်ပင့်တင်လိုက်ပြီး သူ၏နှခေါင်းရိုးအား လက်ညိုးနှင့်လက်မကိုသုံးကာအသာဖိနှိပ်လိုက်သည်။ တစ်ခဏနေမှ ပြန်ချလိူက်ပြီး
"တကယ်ကောင်းတဲ့ဝတ္ထုတစ်ပုဒ်ပါပဲ။"
ပြောပြောနှင့်ပင် ထိုစာအုပ်အားသူ၏ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ကျောပိုးအိတ်ကိုလွယ်ကာစာကြည့်တိုက်အပြင်ဘက်သို့ထွက်လာခဲ့လိုက်တော့သည်။
...................................
"ဟေ့ကောင် လေးလူံး။"
ယန်ချန်းကသူ၏အဆောင်ရှိရာဘက်သို့ထွက်လာခဲ့လိုက်သည်။ အဆောင်နားရောက်လေတော့ ၄၊ ၅ ယောက်လန့်ရှိသည့် ကောင်လေးတစ်စုက သစ်ပင်အောက်တွင်ရပ်နေကြပြီး ယန်ချန်းအား ပြုံးစိစိဖြင့်ကြည့်နေကြသည်။
ယန်ချန်းက ထိုကောင်လေးများ၏ခေါ်သံကို ဂရုမစိုက်ဟန်လုပ်လိုက်ပြီးနောက် သူ၏ကျောပိုးအိတ်ရှိ ကြိုးစအား တင်းတင်းဆွဲကိုင်လိုက်ကာ ခပ်သွက်သွက်လျှောက်လိုက်သည်။နောက်မှကောင်လေးတစ်ယောက်က ယန်ချန်းအနောက်သိူ့ အမြန်လိုက်လာလိုက်ပြီး သူ၏ပုခုံးအား လှမ်းဆုပ်ကာဖမ်းကိုင်လိုက်သည်။
"နေပါအုန်းဟ။ ငါတို့ကိုတွေ့တာနဲ့ ပြေးမယ်ဆိုတာချည်းပဲ။ မသိရင်ငါတို့က သရဲတွေကျလို့။"
(မင်းတို့က သရဲတွေထက်ဆိုးတယ်)
ယန်ချန်းကသူတို့ကို မော့ကြည့်လိုက်သည်။ သူ၏မျက်မှန်ကိုင်းကိုပင့်ကာတင်လိုက်ရင်း
"ငါ့......ငါ့ကိုမနှောက်ယှက်ကြပါနဲ့။"
ယန်ချန်းကခေါင်းကိုငုံ့လျက် တုန်တုန်ကီရီဖြင့်ဆိုသည်။ သူ၏ ဂုတ်ကလေးက ပုခုံးနှစ်ခုကြားတွင်တိုဝင်နေလေ၏။ ထိုတစ်ယောက်က ယန်ချန်းအားကြည့်၍ရီလေသည်။ သစ်ပင်အောက်တွင် ရှိသော ကောင်လေးများကလည်း ယန်ချန်းတို့အနားသို့ရောက်လာကြလေသည်။
"သားကြီးတို့...ဒီကောင် အတန်းသွားတတ်မလို့ထင်တယ်။ ငါတိူ့အဖော်လိုက်ပြီး စောင့်ရှောက်ပေးကြမလား။ ငါတို့ရဲ့ အကောင်ပေါက်လေးလုံးကို။"
"ကျန်သူများက ခေါင်းညိမ့်လျက်ထောက်ခံကြသည်။
"ကောင်းတာပေါ့။ ငါတို့လည်း အတန်းတတ်စရာမလိုတာနဲ့ ပျင်းနေကြတာလေ။"
တစ်ယောက်ကယန်ချန်း၏ကျောပိုးအိတ်အားဆွဲလုလိုက်သည်။ ကောျပိုးအိတ်ထဲတွင် ပါသောစာအုပ်များကြောင့် ယန်ချန်း၏ ကျောပိုးအိတ်က အတော်လေးသည်။ သူကအနညး်ဆုံး ဝတ္ထုစာအုပ်သုံးအုပ်လောက်ကိုသယ်တတ်သောသူမျိူးဖြစ်သည်။
"သူ့ကျောပိုးအိတ်ကြီးကလေးတာကွာ။"
"နင်တို့သူ့ကိုအနိုင်ကျင့်နေကြတာလား။"
ရုတ်တရက်ထွက်ပေါ်လာသောအသံကျယ်လောင်လှသည်။ အာဏာအပြည့်ရှိသော မိန်းကလေးတသ်ယောက်၏ ခပ်သြသြအသံတစ်ခု။ သူတို့အားလုံးနောက်သိူ့လှည့်ကြည့်လေတော့ မိန်းကလေးတစ်ယောက်။ သူမ၏ဆံနွယ်တွေက လိမ်ကောက်နေပြီး ထိုဆံနွယ်တိူ့ကို နှစ်ဖက်ခွဲကာစည်းထားပြီး အပေါ်ကအောက် အားကစားဝတ်စုံကိုသာဝတ်ဆင်ထားသည်။ သူမက ခြေနှစ်ဖက်ကိုကားကာ လက်နှစ်ဖက်ကမူ ခါးကိုထောက်လျက်သူတို့အားကြည့်နေသည်။
ယန်ချန်းကခေါင်းကိုငုံ့ထားရင်း သူမဆီသို့ အကြည့်ရောက်မိသေးသည်။ ချက်ချင်း မျက်လွှာကိုပြန်ချလိုက်ပြီး ခေါင်းကို ပုံမှန်အတိုင်း ပြန်ငုံ့နေလိုက်သည်။ ယန်ချန်း၏ကျောပိုးအိတ်အားလုယူထားသော ကောင်လေးက ကျောပိုးအိတ်အားမြေပြင်ပေါ်သို့ လွှတ်ချလိုက်သည်။ ထို့နောက် ကောင်မလေးအားသေချာစွာကြည့်၍
"မင်းကဘာလဲ။"
သူ၏ဘေးရှိကောင်လေးတစ်ယောက်က သူ့အား နားအနားသိူ့ကပ်၍ခပ်တိုးတိုးပြောလိုက်သည်။
"အဲ့တာ...ရှိရာလေ အကိုကြီးရဲ့။ ကျောင်းဂုဏ်ဆောင် ခါးပတ်နက်။"
"ဟုတ်လား။"
ထိုကောင်လေးက အနည်းငယ်တေယ့လန့်သွားသည့်ပုံစံပင်။
"အင်း"
သူမ၏သတင်းတို့က ကျောင်းတသ်ခုလုံးမွှေးပျံ့နေပါလေ၏။ တိုက်ကွမ်ဒို ကစားသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည့်အပြင် အားစကစားမှန်သမျှ အကုန်ပါဝင်တတ်သည့် ထူးချွန်လွန်းသည့် သူတစ်ယောက်။ ကျောင်းရှိ သူမ၏သတင်းကြားဖူးသူမှန်သမျှသည် သူမအား မထိရဲကြချေ။ ယောက်ျားလေးဆယ်ယောက်အား အလဲထိုးနိုင်လောက်သည်အထိ သန်မာသော မိန်းကလေးတစ်ယောက်လည်းဖြစ်သည်။
အခြားမိန်းကလေးများကဲ့သို့ နူးညံသည့်ပုံစံမျိုးသူမထံတွင် လုံးဝကင်းမဲ့နေသော်လည်း ရုပ်ဆိုးသည့်သူတစ်ယောက်တော့မဟုတ်ချေ။ သူမ၏ဘဝအား အားကစားတွင်သာ မြုပ်နှံထားသူတစ်ဦး။
"နင်တို့မသွားကြသေးဘူးလား။"
"သွားရအောင် ။ သွားရအောင် ။ ဟေ့ကောင်တွေ။"
အနားရှိတခြားကောင်လေးများကထွက်ပြေးကြလေတေယ့၏။ ယန်ချန်းဘေးရှိသူကသာ တစ်ခဏမျှ အရှုံးမပေးချင်သည့်ပုံစံဖြင့် ရပ်နေပြီးမှ သူမအားသေချာကြည့်ကာ ပြီးနောက် ထွက်ပြေးသွားလေတော့သည်။
ယန်ချန်းကမြေပြင်တွင်ကျနေသောသူ၏ကျောပိုးအိတ်အား ကေယက်ယူကာ ဖုန်ခါလိုက်ပြီးနောက် ကျောတွင် ပြန်လွယ်လိုက်သည်။ထို့နောက်သူသွားစရာရှိသည့် လမ်းကိုသာဆက်သွားရန်ပြင်လိုက်သည်။
ကောင်မလေးက ချက်ချင်းပင်သူ့နောက်မှလိုက်ကာသူ့ရှေ့တွင် ပိတ်ရပ်လိုက်ရင်းဆိုသည်။ယန်ချန်းက ဘေးကိုတချက်စောင်းလိူက်ပြီး ခေါင်းကိုငုံ့ကာထားသည်။
"ဟဲ့...နင်ငါ့ကိုကျေးဇူးတင်စကားလေးဘာလေး မပြောတော့ဘူးလား။"
"ကေျးဇူးပါ။"
ယန်ချန်းက ခပ်ပြတ်ပြတ်ပင်ပြော၍ သူမကိုဖြတ်သွားရန်ကြိုးစားလိုက်သည်။ကောင်မလေးကလည်း သူ့ဘေးမှ အတူလျှောက်ရင်း
"ငါ့နာမည်က ရှီးရာ။ နင်ငါ့ကိုသိမယ်ဆိုတာ သိပေမဲ့ ငါထပ်ပြီး မိတ်ဆက်ချင်လို့။ ငါနင့်ကိုသတိထားမိနေတာကြာပြီ။ စာကြည့်တိုက်ရဲ့ ထောင့်တစ်နေရာမှာထိုင်နေကြမလား။ ငါပြေးတိုင်း နင့်ကိုပြတင်းပေါက်ကနေမြင်ရတယ်။"
ယန်ချန်းက အမှန်တကယ်ပင် သူမကိုမသိပါချေ။ သူစိတ်ဝင်စားသည်က စာအုပ်တွေနှင့် ကျောင်းစာသာ။ သူက လူတွေနှင့်ဆက်ဆံစကားပြောရသည်ကို လုံးဝစိတ်ကုန်နေသည့်သူတစ်ယောက်ပင်။ ယန်ချန်းက သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမကဆက်ပြောနေဆဲပင်။
"နင်စာဖတ်ရတာဝါသနာပါတယ်မလား။ ငါရော...အဲ..နည်းနည်းပေါ့။ တကယ်လို့နင်အဆင်ပြေမယ်ဆိုရင် ငါတို့အတူစာလုပ်ရအောင်လေ။ နင်ကစာအတော်ဆုံးဆိုတော့ နင်ငါ့ကိုကူညီနိုင်မလာလို့ပါ။"
ယန်ချန်းက ပြတ်သားစွာဆိုသည်။ အခုတောင်ဤမျှလောက်နားညီးနေသည်ဆိုလျက် အတူသာစာလူပ်လျှင်တော့ဖြင့် သူ့နားပင် ကန်းသွားလေမလားဟု ယန်ချန်းတွေးမိသည်။
"ငါ တစ်ယောက်တည်းနေရတာပဲ ကြိုက်တာမလို့။"
ယန်ချန်းက ထိုစကားကိုပြောပြီးနောက် ထွက်လာခဲ့လိုက်သည်။သူမကဆက်မလိုက်တော့ပဲ ထိုနေရ.တွငသာ ရပ်လျက်ကျန်နေခဲ့သည်။ ယန်ချန်းက သူမအားနောက်သိူ့တခေါက်လှည့်ကြည့်လိုက်မိသေးသည်။
........................................................
ရှီးရာက ထိုနေ့မှစပြီး ယန်ချန်း၏စကားအား မကြားဖူးခဲ့သလိုပင် နေ့တိုင်းနီးပါး ယန်ချန်းပုန်းကာစာဖတ်လေ့ရှိသည့် နေရာသို့ကြိုရောက်ကာ ယန်ချန်းအားစောင့်နေလေရှိသည်။သို့သော်သူမက အနှောက်အယှက်ပေးသည်မျိုးလည်းမဟုတ်ပဲ သူ့ဘေးနားတွင်သာ တိတ်တိတ်လေးထိုင်လျက် သူ့ကိုငေးကြည့်နေတတ်သည်။
ယန်ချန်းက သူဖတ်နေသောစာအုပ်ကိုပိတ်ချလိုက်ပြီး ဘေးတွင် သု့အားငေးကြည့်နေသာ ရှီးရာအား ပြောလိုက်သည်။
"ငါမနက်ဖြန်ကစပြီး စာကြည့်တိုက်ကိုမလာတော့ဘူး။"
သူမကချက်ချင်းကောက်ထလိုက်ပြီး
"ဘာလို့လဲ။ ငါကအနှောက်အယှက်ဖြစ်စေလို့လား။ ငါအသံလည်းမထွက်မိပါဘူး။"
"ဘာမှမဖြစ်ဘူး။ ငါ့ဘာသာမလာချင်တော့လို့။"
ရှီးရာကတစ်ခဏတော့ စိတ်မကောင်းဖြစ်သွားပုံပေါ်သည်။ ချက်ချင်းပင် သူမကတစ်ခုခုကိုသတိရသွားဟန်ဖြင့်ဝမ်းသာအားရဆိုလေ၏။
"ချန်း....နင်သိလား။ ငါရှေးဟောင်းစာအုပ်အရောင်းဆိုင်တစ်ခုတွေ့ထားတယ့။ ဒီနဲ့သိပ်မဝေးဘူးဆိုပေမဲ့ လူသူအရောက်အပေါက်နည်းတဲ့ ဂျောင်ကျတဲ့နေရာဆိုတော့ သိတဲ့သူသိပ်မရှိဘူး။ ငါတောင် အားစကားအတွက် မြို့ပတ်ပြေးရင်းတွေ့မိတာ။.
ငါကြားမိတာ အဲ့ဒီဆိုင်က ဖွင့်ထားတာနှစ်တစ်ရာလောက်ရှိပြီပြောတယ်။အဆင့်ဆင့်လက်ဆင့်ကမ်းလာတာမျိုးထင်တယ်။ အပြင်အဆင်က လုံးဝကိုအိုဟောင်းနေတာပဲ။ နင်စိတ်ဝင်စားရင်သွားကြည့်ပါလား။"
ယန်ချန်းကတွေးတောနေဟန်ပင်။ ထို့နောက်သူကဘာမှပြန်မဖြေတော့ပဲ ရှီးရာအား နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။
.............. ....................
ယန်ချန်းက ရှီးရာပြောသည့်နေရာသို့ရောက်လာခဲ့သည်။တကယ်ပဲ အပြင်အဆင်က တိုက်အိုပျက်ကြီးကဲ့သို့ပင်။ ပိုဆိုးသည်က အနညး်ငယ်ပင်စောင်းကာနေသေးသည်မှာ ယခုချက်ချင်း လေတိုက်လျင် လဲသွားနိုင်သည့်ပုံစံ။
ယန်ချန်းကတံတွေးတစ်ချက်မြိုချလိူက်ပြီး သူ၏မျက်မှန်အား အသာပင်တင်ရင်း ဆိုင်အတွင်သို့ ဝင်လာခဲ့လိုက်သည်။
ဆိုင်ထဲတွင် အရွယ်အစားမျိုးစုံဖြင့် အထပ်ထပ်စီကာထားသော စာအုပ်များ၊ စာအုပ်များဖြင့် ပြည့်နှက်နေသော စာအုပ်စင်များ၊ စားပွဲပေါ်တွင်လည်း စာအုပ်များဖြင့် ပြည့်နှက်နေပြီး ထိုစာအုပ်များပေါ်တွင် ဖုန်မှုန့်များနှင့် ပင့်ကူမျှင်များက နေရာယူနေလေ၏။
ယန်ချန်းကပတ်ပတ်လည်ကို ကြည့်နေမိသည်။ အခန်းတစ်ခန်းလုံးသည် စာအုပ်များနှင့် ပြည့်နှက်ကာနေလေ၏။ ထို့အပြင် စားပွဲအလွတ်နေရာတစ်ခုတွင် တင်ကာထားသော ရေနံဆီမီးအိမ်လေးတစ်ခုသာရှိသည်။
ယန်ချန်းအပြင်သို့ပြန်ထွက်ရန်သာ ဆုံးဖြတ်လိုက်ပြီး လှည့်ရန်အလုပ် အနောက်ဘက်မှ အသံတစ်ခုပေါ်ပေါက်လာသည်။
"စာအုပ်လိုချင်တာရှိလို့လား။"
အသံကအဘိုးအိုတစ်ဦး၏အသံပင်။ ယန်ချန်းရုတ်တရက်ပေမို့အနည်းငယ် လန့်ကာတုန်တတ်သွားသေးသည်။ သူကပြန်လှည့်လိုက်ြသြံလာရာသို့ကြည့်လိုက်သည်။အမှန်တကာ်ပင် အဘိုးကြီးတစ်ယောက်ဖြစ်နေပြီး အသက်က ၇၀ကေျာ့ခန့်ပင်ရှိလောက်မည်။ ယန်ချန်းက ဂါရဝပြုလိုက်ပြီး
"ဟို...ကျွန်တော့သူငယ်ချင်းက ဒီဆိုင်ကို လမ်းညွှန်လိုက်လို့ရောက်လာတာပါ။"
အဘိုးကြီးကသူ့အားခေါင်းအစခြေအဆုံးနှစ်ခြိုက်စွာကြည့်ကာ ပြုံးလိုက်ရင်းသူ့အနားသို့ရောက်ချလာသည်။
"ဒါဆို...ကြည့်လေ။ အဘိုးဆိုင်မှာစာအုပ်တွေကအစုံပဲ။ဖတ်လိုက်တိုင်း ကိုယ်တကယ်ရောက်သွားသလိုခံစားရစေနိုင်မဲ့ စာအုပ်တွေချည်းပဲ။စိတ်ကြိုက်ကြည့် စိတ်ကြိုက်သာကြည့်။"
အဘိုးအိုကယန်ချန်း၏ ဘယ်ဘက်ပုခုံးအားလက်ဖြင့်အသာပုတ်လိုက်ရင်းဆိုသည်။ယန်ချန်းကလည်းခေါင်းတချက်ညိမ့်လိုက်ပြီးလျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤမျှလောက်စာအုပ်အများကြီးတွေထဲ သူစိတ်ဝင်စားသည့ စာအုပ်များကလည်း အတော်များများရှိမည်ကိုသူယုံကြည်သည်။ ကျောချမ်းစရာကောင်းလှသော အခန်းပုံစံပေါ်နေသော်လည်း သူ့ရှေ့ရှိစာအူပ်အထပ်များက သူ့အားဆွဲဆောင်နိုင်လွန်းကြသည်။
တစ်ခဏလောက်ကြည့်ပြီး ပြန်ထွကလျင်လည်းအဆင်ပြေသည်ဟူသောအတွေးကြောင့်စာအုပ်တစ်ချို့ကိုယူကာ အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။နှစ်အုပ်သုံးအုပ်ခန့်ကြည့်ပြီးနောက် သူ၏နောက်မှ ထိုအဘိုးအိုကရုတ်တရက်ရောက်ချလာလေ၏။
"
ကောင်လေး။ ရွေးရခက်နေတာလား။"
"ဗျာ...အာ..ဟုတ်ကဲ့။ စာအုပ်ကောင်းတွေက များနေတော့ ကျွန်တော်လည်းအများကြီးမသယ်နိဒင်ဘူးလေ ။ အဲ့ဒါကြောင့်။"
"တကယ်လို့ရွေးရခတ်နေတယ်ဆိုရင် ဒီတစ်ခုကိုဖတ်ကြည့်ပါလား။"
အဘိုးအိုကသူ၏လက်ထဲတွင် အနည်းငယ်ဟောင်းနွမ်းနေပုံပေါ်သော စာအုပ်အားကိုင်ကာပြသည်။ယန်ချန်းက သူ၏လက်ထဲတွင် ကိုင်ကာထားသော စာအုပ်ကို စာအုပ်စင်၌ပြန်တင်လိုက်ပြီး အဘိုးအို၏လက်ထဲရှိ စာအုပ်အား လှမ်းယူလိုက်သည်။ စယအုပ်၏ပုံစံကဟောင်းနွမ်းနေပြီး အပြင်အဆင်ကအတော်ပင်ရှေးကျနေသည်။
ဖူန်မှုန့်များက စာအုပ်မျက်နှာဖုံးပေါ်တွင် ကပ်တွယ်နေကြသည်။ ယန်ချန်းက စာအုပ်ပေါ်ရှိ
ဖုန်မှုန့်များကို သူ့လက်ဖြင့် အသာခါချလိုက်လေတော့ စာအုပ်၏မျက်နှာဖုံးအား သေချာစွာရှင်းးရှင်းလင်းလင်းမြင်ရလေသည်။ အလည်တွင် စာလုံးအလှဖြင့်ရေးဖွဲ့ထားသော "စစ်သူကြီးလန်ကျင်းယွင်၏ ဒဏ္ဍာရီ " ဟူသော စာတန်းပါရှိပြီး လေးဖက်လေးလံတွင် သက်ဝင်လှူပ်ရှားသည့်ပုံစံမျိုးထွင်းထုထားသော နဂါးလေးကောင်ပုံပါဝင်နေ၏။ ထိုနဂါးလေးကောင်၏ ဦးတည်ရာများက အလည်ဗဟိုရှိ စာလုံးများကိုပင်။
"စစ်သူကြီးလန်ကျင်းယွင်ရဲ့ ဒဏ္ဍာရီ "
ယန်ချန်းကအသာရေရွတ်လိုက်ပြီးနောက် စာအုပ်ကိုဖွင့်ရန် ပြင်လိုက်စဥ်အဘိုးအိုက စာအုပ်အပေါ်မှ လက်ဖြင့် ပြန်ဖိချကာ စာအုပ်ကိုပိတ်စေလိုက်သည်။ယန်ချန်းက သူ့ကိုမော့ကြည့်လာလေတော့ မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်ပြီး
"အိမ်ရောက်မှဖတ်။ ဒီလိုစာအုပ်မျိူးတွေက အကြမ်းဖတ်ရင် အရသာပေါ့သွားတတ်တယ်။"
"အာ...ဟုတ်ကဲ့။ ကျွန်တော်ဘယ်လောက်ပေးရမလဲ။ ပြီးတော့ ဒီစာအုပ်လည်းယူမယ်။"
အဘိုးအိုက ယန်ချန်း၏လက်ထဲရှိစာအုပ်တစ်အုပ်ကိုလက်ညိုးထိုးပြလိုက်ရင်း
"ရတယ်။ ဒီတစ်အုပ်ဖိုးပဲပေး။ဟိုစာအုပ်က ေငေ်းမကောင်းစမ်းဖတ်ခိုင်းတဲ့သဘောမလို့ ကောင်းတာ်ဆိုမှ အဘိုးဆီကိုပိုက်ဆံလာပေးလေ။"
"အဲ့လိုရှိလို့လား။"
အဘိုးအိုက မျက်လုံးနှစ်ဖက်ကိုအပေါ်ပင့်တင်ကာ သူ၏ပါးပို လက်ဖြင့်အသာကုတ်လျက်
"အမ်း....မရှိလည်းရှိတယ်မှတ်ပေါ့ကွာ။"
"ဒါဆိုလည်း ကျေးဇူးပါ "
ဤသို့ဖြင့်ယန်ချန်းက စာအုပ်တစ်အုပ်ဖိုးသာ ငွေချေခဲ့ပြီး အိမ်သို့နှသ်အုပ်သယ်လာခဲ့လိုက်သည်။ အိမ်ပြန်ရောက်ရောက်ချင်း သူ၏စာကြည့်စားပွဲတွင် ထိုစာအုပ်နှစ်အုပ်အား တင်ထားလိုက်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
တခဏနေတော့ ပြန်ထွက်လာလိုက်ပြီး ယန်ချန်းကရေစိုနေသော သူ၏ ဆံနွယ်ညိုတို့ကို တဘတ်ဖြင့်ခပ်ဖွဖွသုတ်နေရင်း စာကြည့်စားပွဲနားသို့လျှောက်လာခဲ့လိုက်သည်။
ဖတ်ရန်အရင်ကောက်ကိုင်လိုက်မိသည့်စာအုပ်က ငွေပေးကာဝယ်လာခဲ့သည့် အကြမ်းဖျင်းဖတ်ထားမိသော စာအုပ်ပင်။ ပထမစာမျက်နှာကိုလှန်ရန်ပြင်လိုက်စဥ်တွင်ပဲ သူ၏အကြည့်တို့ြ အောက်ရှိ နဂါးလေးကောင်ပါသော စာအုပ်ဆီသို့ရောက်သွားတော့သည်။
ယန်ချန်းကသက်ပြင်းချလိုက်ပြီး သူ၏ပါဝါထူမျက်မှန်ကြီးကိုကောက်တပ်လိူက်သည်။ လက်ထဲရှိစာအုပ်အား ပြန်ချလိုက်ပြီး စားပွဲပေါ်ရှိ ကျန်စာအုပ်တစ်အုပ်အား ယူလိုက်ကာ မိမိအခမ်းရှိလသာဆောင် ဝရံတာဘက်သို့ထွက်လာခဲ့လိုက်သည်။ ဝရံတာတွင်ရှိသော ပက်လက်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာထိုင်လိူက်ရင်း
"စစ်သူကြီးလန်ကျင်းယွင်ရဲ့ဒဏ္ဍာရီ ပေါ့။"
စာအုပ်၏ပထမစာမျက်နှာကိုသူစတင်လှန်လိုက်သည်။အစကတည်းကပင်စာဖတ်ဝါသနာပါသူဖြသ်သောကြောင့် ဤကဲ့သို့စာအုပ်မျိုးကလည်း သူ့အတွက်ဆွဲဆောင်နိုင်သည့်အရာမျိုးပင်။ စာအုပ်၏အထူက သုံးလက်မနီးပါးလောက်ရှိသည်။ ထိုစာအုပ်ဆိုင်မှ အိမ်ပြန်ရောက်သည်နှင့် ရေချိုးကာ စတင်ဖတ်လာခဲ့သည်မှာ ဝတ္ထု၏ဆွဲဆောင်မှုကြောင့် ညသန်းခေါင်ပင်ရောက်သည်ကိုသတိမထားမိချေ။ စာအုပ်စာမျက်နှာသည်လည်း ထက်ဝက်ကျော်ခန့်တော့ ပြီးဆုံးသွားခဲ့လေပြီ။
ယန်ချန်းကသူ့အကြိုက်စာအုပ်များနှင့်တွေ့တိုင်း ညလုံးပေါက်ဖတ်တတ်သည့်သူမျိုးပင်။ မိဘများကလည်း သူနှင့်ဝေးရာတွင် အလုပ်လုပ်နေကြသောကြောင့်သူ့အား ပိုက်ဆံထောက်ပံ့ကြသည်မှလွဲ၍ သိပ်ဂရုမထားကြချေ။
စစ်သူကြီ၏ တိုက်ပွဲအောင်နိုင်မှုများကမရေတွက်နိုင်အောင်ပင်။ အင်ပါယာတစ်ခုထူထောင်နိုင်ခဲ့သည့် ဘုရင်တစ်ပါး၏ လက်ရုံးတော်တယောက်ဖြစ်ခဲ့ပြီး တိုက်ပွဲတိုင်းတွင် အနိုင်ရခဲ့သည်။ ဘုရင်ကပင် ပုန်ကန်မည်ကိုကြောက်ရလောက်သည်အထိ သူ၏ အာဏာကကြီးမားလာသည်။
သို့သော်စစ်မြေပြင်မှလွဲ၍ကျန်ပရာများကို စိတ်ဝင်စားခြင်းမရှိခဲ့သည့် သူသည် ဘုရင့်အား ဘုရားတစ်ဆူကဲ့သို့ပင် ယုံကြည်ခဲ့သည်။ အလေးထားပြီး အရာအားလုံးကို စတေးခဲ့သည်။ဘုရင်၏ အမိန့်သည်သာ သူ့အတွက်အရေးပါသည်။
လင်းရှန်းတိုက်ပွဲအပြီး မြို့တော်ကိုအောင်နိုင်မှူအကြီးကြီးဖြင့် ပြန်ရောက်လာခဲ့သည့် လန်ကျင်းယွင်အား ဘုရင်က အမျိုးသမီးတစ်ယောက်ဖြင့် လက်ဆက်စေခဲ့သည်။ ပုံမှန်ကျလွန်သော အိမ်ထောင်ရေးဖြစ်ပြီး ဘာဆိုဘာမျှ အထွေအထူးမရှိခဲ့ချေ။ ဇနီးဖြစ်သူနှင့် ရင်းနှီးလွန်းသည့်ဆက်ဆံရေးမရှိသော်လည်း သူမကိုချစ်မြတ်နိုးသည့်အမူအရာတော့အများရှေ့တွင် ပြတတ်သည်။ သို့သော် သူ၏ စိတ်သည်က အမြဲလိုလိုစစ်ပွဲတွင်သာ ရောက်နေတတ်သည်။
ကျန်ရှိနေသော သူ၏ အချိန်တွေကိုလည်း စစ်မြေပြင်၌သာ ကုန်ဆုံးစေခဲ့သည်။တိုင်းပြည်မအေးချမ်းနိုင်သရွေ့ သူ့အသက်ကိုမမှုပဲ တိုက်ခိုက်ရန်သာ ဆန္ဒရှိသူပင်။
နောက်ဆုံးသော ပြည်နယ်တစ်ခုဖြင့်တိုက်ခိုက်ကာငြိမ်းချမ်းရေးရပြီးသည့်နောက် ဘုရင်ကသူ့အား အဆိပ်တိုက်ပြီး မိမိကိုယ်ကိုသတ်သေစေခဲ့သည်။
"ခ...ခဏ...ခဏနေပါအုန်း။ ဘာကြီးတုန်း
ဘုရင်ကဘာလို့သူ့ကိုအဆိပ်တိုက်သတ်ရတာတုန်း။ စး်သူကြီးကတိုက်ပွဲမှာ တိုက်ခိုက်ရင်းပဲသေဆုံးသင့်တာလေ။ တိုက်ပွဲတွေ အကုန်နိုင်လာပြီးမှ ဘုရင်ကသတ်လို့သေရတယ်လို့။ ဘယ်လိုကြီးလဲ။ "
ထိုအကြောင်းအရာကိုတော့ ယန်ချန်းမည်သို့မျှနားမလည်နိုင်ချေ။ စာရေးဆရာက တမင်ပင် လုပ်လိုက်လေသလားဟု သူတွေးမိသည်။ စာရွက်အရေအတွက်ကိုကြည့်မိတော့ ဆယ်ရွက်ခန့်လောက်ကျန်သေးသည်။ မထူးတော့မည်အတူတူ ဆက်ဖတ်ရန်သာဆုံးဖြတ်လိုက်သည်။
တလောကလုံး လူထုရဲ့အျကိုးကိုပြုပြီး တိုက်ပွဲတိုင်း ဖြောင့်မတ်တည်ကြည်ပြီး ဘုရင်အားထားရပါတယ်ဆိုတဲ့ စစ်သူကြီးကျင်းယွင်ဟာ ဘုရင်ကိုပုန်ကန်မှုကြောင့် အဆိပ်တိုက်သတ်ခံခဲ့ရတယ်။
"မဖြစ်သင့်တာကြီးကွာ။ ဘာလို့အရင်ခေတ်က ဘုရင်တွေက အရမ်းတုံးရတာလဲမသိဘူး။ ဖတ်မိတဲ့ငါကိုကအမှား။ Drop တယ် Drop တယ်။"
ယန်ချန်းထိုသို့ အော်ချိန်၌ စာအုပ်၏နောက်ဆုံးစာမျက်နှာပင်ရောက်နေချေပြီ။ ဤမျှလောက် စာအုပ်တစ်အုပ်ထဲ စီးဝင်မျောပါပြီး ထိုဇာတ်ကောင်အစား စိတ်တိုရသည်မှာ ဒါပထမဆုံးဟုပင်ဆိုရလောက်မည်။ ယန်ချန်းကတော်ရုံထိုသို့ဖြစ်တတ်သည့်သူမျိုးမဟုတ်ချေ။
ယန်ချန်းတစ်ယောက် *ပြီးပါပြီ* ဟူသောစာလုံးကိုမြင်တော့ အနည်းငယ်တော့ စိတ်တိုမိသည်။ ထိုစာလုံး၏အောက်တွင် အနည်းငယ်ခပ်သေးသေးရေးထားသည်က *ပြောင်းလဲချင်လား* ဟူသောစာလုံးပင်။
"ပြောင်းလဲချင်လား ဟုတ်လား။ ပြောင်းလဲချင်တာပေါ့။ မသေသင့်တာကြီး။ သူ့ဇနီးနဲ့ပျော်ပျော်ကြီးနေသွားသင့်တယ်။ ကလေးတွေမွေး။ ဖအေတူရင် နိုင်ငံကိုထပ်အကျိုးပြုနိုင်မှာ။ ဦးနှောက်မရှိတဲ့ဘုရင်။ ဦးနှောက်မရှိတဲ့စာရေးဆရာ။"
ယန်ချန်းက ထိုစာအုပ်အား ဆက်ခနဲပိတ်ချလိုက်သည်။ တစ်ခဏကြာတော့ သမ်းဝေလိုက်တာကြောင့် သူနာရီကိုလှမ်းကြည့်မိတော့ သုံးနာရီခန့်ပင်ရှိချေပြီ။
"မနက်သုံးနာရီတောင်ထိုးတော့မယ်။ အဲ့ဒါကြောင့် အိပ်ချင်သလိုဖြစ်နေတာ။ ဝါး......."
ယန်ချန်းက သန်းဝေးလိုက်ပြီးနောက် စာအုပ်အား ရင်ဘတ်ပေါ်တင်ကာ ထိုပက်လက်ကုလားထိုင်ပေါ်၌ပင် အိပ်ပျော်သွားလေတော့သည်။
.......................................................
" ရှောင်ဖန်း...သတိထား။ ရှောင်ဖန်း။"
"ဟင်.....ဟင်..."
ယန်ချန်းသူ၏ပါးအားတစ်ယောက်ယောက်ကလာရိုက်နေသည်ကိုခံစားလိုက်ရတာကြောင့် မျက်ဝန်းနှစ်ဖက်ကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ပင်ဖွင့်လိုက်သည်။
ဝေဝါးလှသောအကြည့်တို့က ပတ်ပတ်လည်တွင်မီးခိုးများ နှင့် မီးတောက်များ ဟိုတစ်ပုံသည်တစ်ပူံတို့ကိုသာမြင်တွေ့ရသည်။
" ရှောင်ဖန်း... ထဟ။သေချင်လို့လား။ မြန်မြန်ပုန်းနေ။"
"ကျွန်တော်..ဘယ်ရောက်နေ။"
ထိုသူကယန်ချန်းအားလက်မောင်းမှဆွဲကိုင်လိုက်ပြီး သစ်တုံးအကြီးတစ်ခုနောက်သို့ ခေါ်သွားသည်။
ပတ်ပတ်လည်တွင် လူများအချင်းချင်း လက်နက်မျိူးစူံတို့ဖြင့် တိုက်ခိုက်သတ်ဖြတ်နေကြသည်။ ကြွေးကြော်ဟစ်ကြွေးသံတို့ကလည်း ဆူညံကျဲလျက်ရှိ၏။မြင်းစစ်သည်မျာကလည်း ဟိုဘက်သည်ဘက်ဝုန်းဆိုင်းမောင်းနှင်လျက်။
ယန်ချန်းက ရှေ့ကိုသာအာရုံစိုက်ကြည့်နေမိတာကြောင့် ရုတ်တရက်သူ့ဘေးဘက်ကိုကြည့်မိတော့ သွေးများနှင့် ညစ်ပတ်ကာ အသားအရောင်ကပြာနှမ်းစပြုနေသော လူသေအလောင်းအချို့ပင်။
"အား..အား...လူ..လူသေ...လူသေကြီး။"
ယန်ချန်းက ဖင်ထိုင်ရက်ကျသွားပြီး ထိုလူသေအလောင်းများအား လက်ဘိုးထိုကာအော်လေသည်။ သူ့ဘေးရှိလူက သူ၏ပါးစပ်အား အမြန်ပိတ်လိုက်ပြီး
" ရှောင်ဖန်း..မင်းသေချင်လို့လား။ စစ်မြေပြင်မှာ လူသေအလောင်းတွေနဲ့ ရှင်ကျန်နေသေးလို့ အသက်မသေအောင် ဆက်တိုက်ခိုက်နေတဲ့ သူတွေပဲရှိတာ်။ မင်းအသံကိုတိတ်စမ်း။"
ယန်ချန်းက ထိုလူကိုမျက်ဝန်းအဝိုင်းသားတို့ဖြင့်ကြည့်ရင်း ခေါင်းညိမ့်ပြလိုက်သည်။ ထိုအခါမှထိုလူက လက်ကိုပြန်ဖယ်ပေးလိုက်ပြီး
"စစ်သူကြီးက သူရဲဘောကြောင်တာကိုကြိုက်မှာမဟုတ်တာသိပေမဲ့ ငါမင်းအမေကို မင်းကိုစောင့်ရှောက်ပါ့မယ်လို့ ကတိပေးထားတာမလို့ နည်းနည်းလောက်ပဲဖြစ်ဖြစ်နောက်ကျမှသေလည်းအဆင်ပြေတယ်။
ရော့.....ဒါတွေကု ဒီလိုလိမ်းထားပြီး သေချင်ယောင်ဆောင်နေလိုက်။ ဒီသစ်တုံးနာမှာလှဲနေ။ မဟုတ်ရင် မင်းကိုတတ်နင်းသွားကြလိမ့်မယ်။"
ယန်ချန်၏ တစ်ကိုယ်လုံးကတုန်တတ်နေပြီး ထိုလူကိုကြည့်၍သာခေါင်းတစက်စက်ညိမ့်နေသည်။ ထိုသူက လူသေအလောင်းမှ သွေးများကို သူ၏လက်ဖြင့် ပွတ်ယူလိုက်ပြီး ယန်ချန်း။ မျက်နှာနှင့် ဝတ်ရုံ၏ အချို့နေရာများတွင် သုတ်လိမ်းပေးလိုက်သည်။
"ခဏနေရင်ပြီးသွားတေယ့မှာ။ အဲ့ကျမှထွက်လာခဲ့။ ဟုတ်ပြီလား။"
ယန်ချန်းကဘာတစ်ခုမှနားမလည်သေးသော်လည်း ခေါင်းကိုသာ ညိမ့်နေလိုက်သည်။ သူ၏မျက်နှာက ငိုချင်စိတ်ကိုမနည်းထိန်းနေရသည့်နှယ် ရှုံမဲ့နေလေ၏။ ထိုသူကယန်ချန်းကိုလှဲခိုင်းလိုက်ပြီး သူကမူ ဘေးတွင် ချထားသော ဓားကိုကိုင်လျက် ပြန်ထွက်သွားသည်။
ယန်ချန်းကသူ၏ပါးစပ်ကိုလက်နှစ်ဖက်ဖြင့် ပိတ်ထားရင်း ထိုသူထားခဲ့သည့်နေရာတွင်သာ ငြိမ်သြိမ်လေး လှဲနေသည်။ ဤအိမ်မက်ကနေ နိုးထချင်လာပြီမငိ့ အမြန်ဆုံးနိုးလာရန် သာဆုတောင်းရင်း သူ၏ မျက်ဝန်းများကို အတင်းစိပိတ်လိုက်လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~

Коментарі