Chapter 2
Part 2 (စစ်စခန်း)
ယန်ချန်း သူ၏မျက်ဝန်းအစုံကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ ယခုအချိန်ထိ ထိုနေရာတွင်ရှိနေဆဲ။ ဆူညံသံများကတော့ တိတ်ဆိတ်ကာသွားကြလေပြီ။ သူ့နံဘေးတွင် ဝတ်စုံမတူညီသော စစ်သားများကလည်း ငြိမ်သက်နေကြသည်။
တစ်ချို့သော ရဲမက်များက ဓားများ၊ လှံများကိုကိုင်၍ လူသေအလောင်းများကို လိုက်လံထိုးဆွနေကြသည်။ ယန်ချန်းက သစ်တုံးအကွယ်တွင် အမြန်ကပ်ကာနေရာယူလိုက်သည်။
"ဘယ်လိုဖြစ်လို့ ငါဒီနေရာမှာပဲရှိနေရသေးတာလဲ။ အိမ်မက်ဆိုလည်း နိုးပါတော့။"
*ဖြန်း....ဖြန်း...*
ယန်ချန်းက သူ၏ပါးနှစ်ဖက်အား လက်ဝါးဖြင့် နှစ်ချက်ခန့်ရိုက်လိုက်လေသည်။
"အ့...နာတယ်။ အဲ့တော့...ဒါကတကယ်ကြီးဖြစ်ပျက်နေတာလား။"
ယန်ချန်း၏ မျက်ဝန်းတို့က အနည်းငယ်ပြူးကျယ်လာလေ၏။ သူ၏ဘေးတွင် ခုနက သူ့အားထားခဲ့သော သူတစ်ယောက်က ခါးကိုကုန်းကာ ရောက်လာလေ၏။
" ရှောင်ဖန်း။ ထလို့ရပြီ။ သွားရအောင်။ စခန်းကိုပြန်ရတော့မယ်။"
"အမ်...အင်း..."
ယန်ချန်းက စွံ့အနေဆဲပင်။ ထိုလျှောက်သွားကာ အလောင်းများကို လှံဖြင့်ထိုးစွနေကြသော သူများက သူတို့ဘက်ကရဲမက်များဖြစ်ချေလိမ့်မည်။ ယန်ချန်းက မတ်တပ်ကောက်ရပ်လိုက်ပြီး လူသေအလောင်းများ စုတ်ပြတ်သတ်နေသော အလံများ၊ မီးလောင်နေသော ပစ္စည်းများဖြင့် မီးခိုးငွေ့တို့တလူလူဖြင့် စက်ဆုပ်စရာကောင်းသော စစ်မြေပြင်အားကြည့်လိုက်ပြီး ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။
ရုတ်တရက်ဝုန်းစိုင်းရောက်လာသော မြင်းစစ်သည်များက လေးငါးယောက်ခန့်ရှိလိမ့်မည်။ ရှေ့ဆုံးမှဦးဆောင်လာသူတစ်ယောက်က ယန်ချန်းတို့နှင့် မနီးမဝေးရှိ အလောင်းစစ်ဆေးနေသော ရဲမက်များဆီသို့ရောက်ကာလာပြီး မြင်းပေါ်မှဆင်းလိုက်သည်။ အခြားသောမြင်းပေါ်ရှိ သူများကလည်း သူ၏နောက်မှ လိုက်ကာ မြင်းပေါ်မှ ဆင်းလိုက်ကြသည်။
ထိုသူတို့၏ တစ်ကိုယ်လုံးသည် သံထည်ချပ်ဝတ်တန်ဆာတို့ဖြင် ဆင်ယင်ကာထားပြီး ထိုအဝတ်တို့တွင် သွေးစတို့များစွာစွန်းထင်းနေသေးသည်။ ထိုသူတိူ့အား ရဲမက်များက မြင်လေတော့ ချက်ချင်းပင် ဒူးထောက်ကာအရိုအသေပြုကြသည်။ ယန်ချန်းဘေးရှိ လူသည်လည်း ချက်ချင်းပင် ဒူးထောက်ထိုင်ကာ ခေါင်းကိုငုံ့လိုက်လေ၏။
မတ်တပ်ရပ်ကာ ကြောင်ကြည့်နေဆဲ ယန်ချန်းအယး ထိုလူက လက်မှဆွဲကိုင်ကာ သူနှင့်အတူ ဒူးထောက်စေသည်။
"ထိုင်...ထိုင်..."
ယန်ချန်းကထိုလူဆွဲရာနောက်သို့ပါသွားကာ သူပါဒူးထောက်ထိုင်ချလိုက်ရသည်။ ထိုနားတစ်ဝိုက်ရှိလူများအားလုံးသည်လည်း ထိုလူများအား အရိုအသေပေးနေကြသည်။ ရှေ့ဆုံးရှိလူက လက်ကို မြှောက်ကာတစ်ခုခုပြောလိုက်ပုံပင်။ ကျန်သူများက ခေါင်းထောင်လာကြပြီးနောက် မတ်တပ်ပြန်ရပ်လိုက်ကြသည်။ ယန်ချန်းက တစ်ချိန်လုံး ခေါင်းငုံ့မနေပဲ ထိုလူများကိုသာကြည့်နေခဲ့သည်။
အားလုံးကိုအမိန့်ပေးနေပုံရသော သူကသူ၏နောက်တွင်ရပ်နေသော သူများထက်ပင် ပို၍အရောင်အဝါတောက်ပနေသေးသည်။ ထိုသူကတစ်ဖက်သို့လှည့်ကာ သူ၏ စစ်ခေါင်းစွပ်ကိုချွတ်လိုက်သည်။ ကျန်သူများကလည်း သူတို့၏ ခေါင်းစွပ်များကိုချွတ်လိုက်ပြီး အချင်းချင်းတစ်ခုခုကိုဆွေးနွေးနေပုံရသည်။ ထိုသူ၏ ခါးတွင် ကြက်သွေးနီရောင်နှင့် အနက်ရောင် သားရေတို့ဖြင့်ရောယှက်ကာလုပ်ထားသော ကြာပွတ်ကိုခွေကာ ချိတ်ဆွဲထားသည်။ ကြာပွတ်၏လက်ကိုင်က အနက်ရောင်ဖြစ်သည့်တိုင် ပြောင်လက်ကာနေသေးသည်။
စကားပြောဆိုပြီးသည့်နောက် ထိုသူ မြင်းပေါ်သို့ပြန်တတ်ရန် ပြင်လိုက်စဥ်တွင် သူ၏ အကြည့်က ရုတ်တရက်ပင် ယန်ချန်းဘက်သို့ရောက်လာ၏။ ယန်ချန်းကလည်း တစ်ချိန်လုံးသူ့အားကြည့်ကာ နေသည့်အတွက် နှစ်ဦးသားထိုတစ်ခဏတွင် အကြည့်ချင်းဆုံကြလေ၏။
ယန်ချန်း၏ မျက်ဝန်းတို့ကပြူးကျယ်ကာလာလေသည်။ တောက်ပနေသော မျက်ဝန်းတစ်စုံက ယန်ချန်းကိုစူးစိုက်ကြည့်နေဆဲပင်။ ထိုလူ၏ မျက်နှာတစ်ဝိုက်တွင်သွေးစတို့က ထင်ကျန်ရစ်နေသေးသည်။ ခန့်ညားထယ်ဝါသော အသွင်အပြင်နှင့် ရုပ်ရည်က အားလုံး၏ကြားထဲတွင်ထင်ပေါ်နေဆဲ။ ယန်ချန်း၏ရင်ဘတ်က တဒိန်းဒိန်းခုန်ကာပေါက်ကွဲထွက်လုမတတ်ပင်။
(သူဘာလို့ငါ့ကိုဒီလောက်တောင်ကြည့်နေရတာလဲ။)
ထိုလူက သူ့ခါးတွင်ချိတ်ကာထားသောကြာပွတ်ကိုအသာလှမ်းကိုင်လိုက်ပြီးနောက် ကျန်လက်တစ်ဖက်က နောက်ကျောပြင်မှ ကျဆင်းနေသော ဝတ်ရုံစရှည်ကိုခါလိုက်ရင်း မြင်းပေါ်သို့ ပြန်တတ်ကာ ထွက်ခွာသွားတော့သည်။ ကျန်သူများကလည်း သူ့နောက်မှလိုက်ကာထွက်ခွာသွားကြလေတော့၏။ ထိုနားဝန်းကျင်တွင်ရှိသော ရဲမက်များက မိမိတို့လုပ်စရာရှိသည့်အလုပ်ကိုသာဆက်လူပ်နေကြသည်။
ယန်ချန်းဘေးရှိ လူက သက်ပြင်းတစ်ချချလိူက်၏။
"ဟူး.....စခန်းကိုပြန်ရတော့မယ်။ ငါတို့ဒီလိုနဲ့ပဲ အသက်ရှင်လာတာ ကံကောင်းလို့ပဲမှတ်ရမယ်။ဒီတစ်ခါလည်းအသက်ရှင်ကျန်ပြန်ပြီ။"
"သူကဘယ်သူလဲ။"
ယန်ချန်းက ရုတ်တရက်မေးလာတော့ ထိုသူက လန့်သွားသည့်အမူအရာဖြင့် သူ့အားကြည့်သည်။ ယန်ချန်းက သူ့အားပြန်ကြည့်နေတော့ ထိုသူက *မင်းကြောင်နေတာလား။ သူ့ကိုမသိစရာလား* ဟူသော အမူအရာက မျက်နှာထက်တွင်အတိုင်းသား။ ယန်ချန်းက သူ့ကိုသာဆက်လက်စိုက်ကြည့်နေပြီး ထိုသူဖြေလာမည့်အချိန်ကိုသာစောင့်နေသည်။
"စစ်သူကြီး လန်ကျင်းယွင်လေ။ သတိလွတ်သွားတာလား။ ကိုယ့်တိုင်းပြည်ရဲ့ စစ်သူကြီး၊ မင်းနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မင်းရဲ့ကျေးဇူးရှင်ကိုတောင် ဘယ်သူလဲလို့မေးစရာလား။ ခုနက မေ့လဲပြီးအတိတ်မေ့သွားတာလားကွာ..."
ထိုသူက ယူကျုံးမရသည့်လေသံမျိုးဖြင့် ယန်ချန်းကိုပြောလာသည်။ ထိုအခါမှ ယန်ချန်းက ထိတ်လန့်သွားပြီး ထိုသူတို့ထွက်သွားသည့်ဘက်ကို လက်ညိုးထိုးရင်း ထစ်ထစ်ငေါ့ငေါ့ဆိုသည်။
"သူ...သူ...က...စစ်...စစ်သူကြီးလန်....လန်..ကျင်းယွင်...ဟုတ်လား။"
"အေးလေ...ကြောင်နေတာလား။ ရှောင်ဖန်း။"
"မဟုတ်ဘူး။ ကျွန်...ကျွန်တော်..."
ယန်ချန်းရုတ်တရက်ပင် မြေပြင်ပေါ်သို့ လဲကျကာသွားလေတော့သည်။
" ရှောင်ဖန်း....ရှောင်ဖန်း....သတိထားအုန်း။"
အဆက်မပြတ်ခေါ်သံတွေက သူရဲ့နားစည်အတွင်းသို့ဝင်တစ်ချက်မဝင်တချက်ဖြင့် ကြားနေရသေးသည်။ ဝေဝါးလာသော အကြည့်တို့က အပြာရောင်ကောင်းကင်ကိုသာ မြင်ရတော့လေ၏။ ထိုနောက်တွင် သူ၏ လောကတစ်ခုလုံး အမှောင်ကျသွားလေတော့သည်။
....................................
"မဟုတ်ဘူး!!!"
"ဟ့...ဟ့...ဟ့.."
ချွေးပြိုက်ပြိုက်ကျနေသော ကိုယ်ခန္ဓာတစ်ခုဖြင့် ယန်ချန်းနိုးထလာသည်။ အတော်ဆိုးရွားသည့်အိမ်မက်တစ်ခုပင်။ လက်တစ်ဖက်က မျက်နှာထက်စီးကျနေသော ချွေးတို့ကိုသုတ်လိုက်သည်။ ထုံးစံအတိုင်း ဘေးရှိမျက်မှန်ကိုစမ်းတော့ ခုံပင်မရှိချေ။ မျက်ဝန်းက မျက်ဆံတို့ပင်ဝိုင်းစက်လာချေသည်။
ပတ်ပတ်လည်က ရွက်ဖျင်တဲပုံစံ ပိတ်စကြီးများဖြင့် ဆောက်ကာထားပြီး ထိုတဲ၏ အလည်တွင် အတော်ကြီးသော သစ်သားတုံးအရှည်ကြီးအား ထောင်ကာအမှီပြုထားသည်။ပတ်ပတ်လည်တွင် လူသံများဆူညံနေပြီး အားလုံးက အလုပ်ကိုယ်စီဖြင့်ရှုပ်ယှက်ခတ်နေကြပုံပင်။
သစ်သားဖြင့်ပြုလုပ်ထားသည့် ကုတင်ထက်တွင် လှဲကာငြိမ်သက်နေကြသူများရှိသလို၊ တစ်ချို့ကလည်း ဘေးရှိ သစ်သားခုံများ၊ တန်းလျားများပေါ်တွင် နာကျင်မှုကြောင့် ညည်းညူနေကြသည်။ သန့်စင်သော အဖြူရောင် ဝတ်ရုံလက်စများကို ကြိုးအပြာတို့ဖြင့်စည်းကာထားသောလူများက ထိုဝတ်ရုံတို့ သွေးများစွန်းထင်နေသည့်တိုင် ပြေးလွှားကာ ဆေးထည့်ပေး၊ ဆေးစည်းပေး၊ ဂရုစိုက်ပေးနေကြသည်။
ယန်ချန်းကအားလုံးကို သူနိုးလာသော ကုတင်ထက်မှနေ၍ ပြူးကြောင်ကြောင်ဖြင့်ကြည့်နေမိသည်။ ထပ်မံပြီး ရင်ဘတ်ကတလှပ်လှပ်ခုန်လာပြန်လေ၏။ သူ၏ အတွေးတို့က ယောက်ယက်ခတ်နေကြသည်။ အတော်ကြောက်လန့်ဖွယ်ကောင်းသော အရာတစ်ခုက ထိုအရာအားလုံးကိုသူ၏ မျက်မှန်မပါပဲ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ သူ၏ မျက်လုံးက လုံးဝပင်မှူန်ဝါးနေခြင်းမရှိချေ။ ဘေးရှိ ဒဏ်ရာရနေသူများ၊ လဲလျောင်းနေကြသူများတွင် တစ်ချို့သည်ပင် သူတို့၏ ခြေတစ်ဖက်များကို ဆုံးရှုံးထားကြသူများပင် ပါနေသေးပြီး တစ်ချို့ကတော့ ခန္တာကိုယ်၏ နေရာအစုံကိုပင် ပတ်တီးအထပ်ထပ်စည်းထားကြသည်။ယန်ချန်း ထပ်ပြီးတော့ပင် မမြင်ချင်လောက်တော့အောင် ဖြစ်နေလေ၏။
"အော့...."
ယန်ချန်းသူ၏ ပါးစပ်ကိုလက်ဖြင့် ပိတ်လိုက်ရင်း ပျို့တတ်လာသော အန်ချင်စိတ်ကို မနည်းထိန်းလိုက်သည်။ ဤအရာတွေက တကယ် တကယ့်ကိုပင်အမှန်တကယ်ဖြစ်နေကြသလိုပင်။
"အဆင်ပြေရဲ့လား။"
သူ့အနားသို့ နောက်ထပ်ကောင်လေးတစ်ယောက်က ရောက်လာသည်။ အဝတ်ဖြူတွင် သွေးစွန်းနေသည်မှာ မြင်လို့ပင်မကောင်းချေ။ သွေးညှီနံ့တိူ့ကလှိုင်ထွက်နေ၏။ ထိုကောင်လေးက ယန်ချန်း၏လက်တစ်ဖက်ကိုအမြန်ယူလိုက်ပြီး လက်ကောက်ဝတ်နားကို လက်ဖြင့်စမ်းသပ်လိုက်သည်။ သူက စိတ်ချသွားသည့်ပုံစံဖြင့် သက်ပြင်းချလိုက်သည်။
"ဟူး....တော်သေးတယ်။ မင်းအဆင်ပြေသွားပြီ။"
ယန်ချန်းက အနည်းငယ်တုန်ယင်နေသောလေသံဖြင့်ထိုကောင်လေးအားမေးလိုက်သည်။
"ဆရာဝန်လား။"
"ဗျာ..."
ထိုကောင်လေးက သူ့အားနားမလည်သည့်ပုံစံဖြင့်ကြည့်သည်။ ယန်ချန်းကထိုအခါမှ သူတို့၏ ဝတ်စားဆင်ယင်ပုံကိုတစ်ချက်ကြည့်လိုက်သည်။ တရုတ်ရှေးခေတ်ပုံစံများ၊ဆံနွယ်ရှည်တိူ့ကိုဆံချည်မျှင်များဟိုတစ်စသည်တစ်စထွက်ကာ ယော့ရဲရဲ စီးနှောင်ထားသည့်ပုံစံ၊ အစောပိုင်းကစစ်မြေပြင်တွင် ကြုံတွေ့ခဲ့ရသော ပုံစံများက သူ့အားအသိဝင်စေသည်။ ယန်ချန်းက တွေးကြည့်လိုက်သည်။ ရှေးခေတ်သမိုင်းကြောင်းနဲ့ပတ်သတ်တဲ့စာအုပ်တွေအများကြီးကိုသူဖတ်ဖူးတာပဲလေ။ ထိုအရာများက ဤသို့သောဖြစ်ရပ်များကိုစာဖြင့်ရေးသားမှတ်တမ်းတင်ထားကြခြင်းဖြစ့သည်။ တကယ်တမ်း ဤသို့ကြုံတွေ့ရသည်ကတော့ သူ့ကိုထိတ်လန့်သွားစေသည်။ ယန်ချန်းကသက်ပြင်းချလိုက်ပြီး
"သမားတော်လားလို့မေးတာ။"
"မဖြစ်သေးပါဘူး ။ အကူပဲရှိသေးတာပါ။"
ထိုကောင်လေးက ပြုံးလျက်ဆိုသည်။
"ချိယွင်....ဒီဘက်ကိုလာကူ။"
"ဟုတ်ကဲ့ သမားတော်ကြီး။
ဒါဆို မင်းအပြင်ထွက်လို့ရပြီေနာ်။ ဒီအချိန်ဆို ထမင်းစားဖို့ ဝေနေလောက်ပြီ။"
ထိုကောင်လေးက သူ့ကိုပြောပြီးနောက် အမြန်ပင် တဖက်ရှိ လူကိုကူညီရန်ထွက်သွားလေတော့သည်။
ယန်ချန်းကထိုနေရာတွင်သာ ကျောက်ရုပ်ကြီးကဲ့သို့ ထိုင်နေပြီး ပတ်ဝန်းကျင် အခြေအနေကို ကြည့်နေလိုက်သည်။
"အဲ့တော့ ဒီပုံစံက စစ်ပွဲအတွင်းဒဏ်ရာရတဲ့သူတွေကိုကုသတဲ့ ပုံစံမျိုးတွေပေါ့။ စာအုပ်ထဲမှာဖတ်ရတာထက်ကို ပိုပြီးကြောက်ဖို့ကောင်း၊ ကျောချမ်းစရာကောင်းတယ်လို့ပြောရမယ်။"
ယန်ချန်းကသူ၏စိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင်ကြိုးစားနေသည်။ အမှန်တော့ သူ၏ ရင်ဘတ်တစ်ခုလုံးက ဗလောင်ဆူနေလေ၏။ စစ်ပွဲဆိုတာ တစ်ချက်လှည့်တာနဲ့ သေနိုင်တဲ့နေရာ။ သူကထိုနေရာသို့တည့်တည့်ကျလာရလေတယ်လို့။ အမြဲတမ်းအရာရာကို ရင်ဆိုင်ရမှာ၊ လူတွေနဲ့ တွေ့ဆုံရမှာကိုကြောက်လန့်နေတတ်တဲ့ သူ့အတွက် ထိုအရာတွေက လက်ခံရန်ခက်ခဲနေသည်။
~~~~~~~~~~~

Коментарі