2
(Unicode)
"Hyung....တွက်လို့ပြီးပြီ"
သင်နေတာ သုံးလကျော်သွားပြီမို့ Sehun လည်း အူကြောင်ကြောင်အား Hyung လို့ ပြောင်းခေါ်ခွင့်ရပြီ ဖြစ်သည်။
သင်နေတဲ့ကာလအတွင်း အူကြောင်ကြောင်က သိပ်ကို ဆိုးကြောင်း Sehun သိလိုက်ရသည်။
စာမှားရင် အော်သည်။ စာမရရင် အော်သည်။ အိမ်စာမပြီးရင် အော်သည်။ ဘာပဲဖြစ်ဖြစ် အော်သည်မို့ Sehun လည်း နားဆေးခန်းပြရတော့မည်ပင်။
"မဆိုးဘူး...မှန်လာပြီ...တော်တယ် Sehun"
သဘောတကျ ချီးကျူးလာသည့် အူကြောင်ကြောင် ကြောင့် ထီပြေးထိုးရန် Sehun စဉ်းစားလိုက်သည်။
"အန်တီ ပြန်ပါတော့မယ်"
"သားရေ ခဏလောက်စောင့်ပါဦး....မိုးရွာနေတယ်....မိုးစဲမှပြန်ပါလား"
Sehun အမေရဲ့ စကားကြောင့် Jongin လည်း သဘောတူကာ ဧည့်ခန်းတွင် ထိုင်စောင့်နေလိုက်သည်။
"Sehun မင်းဆရာကို လိုက်ပို့ပေးလိုက်ပါဦး"
မိုးစဲသွားပြီမို့ Jongin လည်း ဧည့်ခန်းမှအထွက် Sehun Omma က သားဖြစ်သူကို လှမ်းပြောလိုက်ခြင်း။
မာတာမိခင်၏ အမိန့်အရ Hyung ကို လိုက်ပို့ရန် ဆိုင်ကယ်ထုတ်ပြီး ဆိုင်ကယ်ပေါ်တက်ကာ စောင့်နေတော့ Hyung က အူကြောင်ကြောင် ရပ်နေလျက်။
"တက်လေ...ဘာလုပ်နေတာလဲ"
မေးလိုက်မှ အလျင်စလို ဦးထုပ်စောင်းပြီး တက်လာသည့် အူကြောင်ကြောင်။
Sehun အကျႌစကို ကိုင်ရုံသာကိုင်ထားပြီး လိုက်လာသည့် အူကြောင်ကြောင်ကို စချင်တာကြောင့် အရှိန်တင်လိုက်တော့ Sehun ရဲ့ ခါးကိုတင်းတင်းကျပ်ကျပ်ဖက်လာသည့် လက်နှစ်ဖက်။
"ဖြေးဖြေးမောင်း....ငါမသေချင်သေးဘူး"
အလန့်တကြား ဘုကန့်လန့်တိုက်သံကြောင့် ဆယ်ဟွန်းလည်းပြုံးမိကာ အရှိန်လျော့လိုက်သည်။
"ရောက်ပြီ....ကျေးဇူးတင်ပါတယ်"
Sehun ကို ကျေးဇူးတင်ကြောင်း ပြောလာသည့် အူကြောင်ကြောင်ကို အိမ်ထဲက အမေက မြင်သွားသည့်ဟန် ဆယ်ဟွန်းကိုပါ အိမ်ထဲထိ ဖိတ်ခေါ်လိုက်သည်ပင်။
"Jongin....Sehunလေးကို မင်းအခန်းထဲ ခေါ်သွားပြီး ခေါင်းသုတ်ဖို့ သဘက်ရှာပေးလိုက်ပါဦး"
အမေဖြစ်သူစကားကြောင့် မခေါ်ချင်ခေါ်ချင်နှင့် ခေါ်လာရသော အူကြောင်ကြောင်ပုံက ရယ်စရာ။
အူကြောင်ကြောင်ရဲ့ အခန်းထဲလည်းရောက်ရော Sehun မှာ ပါးစပ်အဟောင်းသား။
"ရော့....သဘက်...ငါ့ Beakhyunne ကို မျက်လုံးကျွတ်ထွက်မတတ် ကြည့်မနေနဲ့...ငါမကြိုက်ဘူး"
တဘက်ပေးရင် ဆူပုတ်ကာ ပြောလာသည့် အူကြောင်ကြောင်။
တကယ်မထင်ရဘူး။ Sehun ညီမဝမ်းကွဲတစ်ယောက်လည်း ထိုကဲ့သို့ အခန်းထဲတွင် လုပ်ထားပေမဲ့ ဒီအူကြောင်ကြောင်ကတော့ ပိုပြီး Sensitive ဖြစ်ပုံရသည်။
အခုလည်း ဘေးမှာရှိတဲ့ Sehun ကို မေ့ပြီး နံရံပေါ်က ပုံကိုကြည့်နေတာ အချိန်အတော်ကြာပြီပင်။
"Hyung....Hyung"
"Wae...ဘာလဲ...ဘာလဲလို့"
စိတ်မရှည်သလို ပြန်ထူးလာသည့် အူကြောင်ကြောင်။
"ပြန်တော့မယ်နော်"
"အင်း...အင်း"
အကြည့်မပျက်သော အူကြောင်ကြောင်ကို Sehun ကြည့်မိတာ နေရာမှားသွားသည်။
နီနီရဲရဲ နှုတ်ခမ်းလုံးလေးက ဆေးအကူမပါဘဲ နီစွေးနေသယောင်။
Sehun မှာ ရင်တွေပူပြီး ရေငတ်လာပြီဖြစ်သည်။
မတတ်နိုင်သည့်အဆုံး အကြည့်မပြတ်သည့် အူကြောင်ကြောင်ကို ဆွဲလှည့်ပြီး နီနီရဲရဲနှုတ်ခမ်းလေးကို Sehun ငုံထွေးလိုက်တော့ ပြူးကျယ်လာသည့် မျက်လုံးလေး။
ရင်ဘတ်ကို ထုရိုက်လာသည့် လက်နှစ်ဖက်ကို Sehun လက်တစ်ဖက်ထဲနှင့် ချုပ်ကိုင်လိုက်ပြီး နီနီရဲရဲနှုတ်ခမ်းလေးကို အပေါ်တစ်လှည့် အောက်တစ်လှည့် စားသုံးပြီးမှ ပြန်လွှတ်လိုက်သည်။
ပြန်လွှတ်ပေးပြီးပြီးချင်း ပြေးထွက်သွားသည့် Sehun
အခန်းထဲမှာ နှုတ်ခမ်းကို ကိုင်ကာ အရုပ်ကြိုးပျက်ကျန်ခဲ့သည့် Jongin ကတော့ အခုထိ အသိမဝင်သေးပုံရသည်။
TBC
အားပေးကြမ်းတဲ့ အလှလေးတို့အတွက် နောက်တစ်ပိုင်းပါ🙄❤
သဘောကျမယ်လို့ မျှော်လင့်လျက်❤
Vote 20 ပြည့်ရင် ပြန်လာပါ့မယ် အလှလေးတို့ရေ❤
#Zein🦁
(Zawgyi)
"အန်တီ ပြန်ပါတော့မယ်"
"တက်လေ...ဘာလုပ်နေတာလဲ"
Sehun အင်္ကျီစကို ကိုင်ရုံသာကိုင်ထားပြီး လိုက်လာသည့် အူကြောင်ကြောင်ကို စချင်တာကြောင့် အရှိန်တင်လိုက်တော့ Sehun ရဲ့ ခါးကိုတင်းတင်းကျပ်ကျပ်ဖက်လာသည့် လက်နှစ်ဖက်။
"Hyung....Hyung"
"Wae...ဘာလဲ...ဘာလဲလို့"
"ပြန်တော့မယ်နော်"
"အင်း...အင်း"
TBC