4
(Unicode)
3 နှစ်ဆိုသော ကာလကြီးကို ကုန်ဆုံးဖို့ Sehun ရော Jongin ပါ ဆုတောင်းမိသည်ပင်။
လူချင်းအနီးမှာ မရှိပေမဲ့ သုံးရက်တစ်ခါ Video call ပြောဖြစ်သလို Message တွေလည်း ပို့ဖြစ်သည်မလို့ Sehun အတွက် အလွမ်းပြေရုံလေးသာ။
ပြည်ပမှာ ပိုနုနေသည့် အူကြောင်ကြောင်လေးကို Sehun စိတ်မချပေမဲ့ Hun ကိုသာ အချစ်ဆုံးဆိုသော စကားလေးအောက်တွင် ကျေနပ်ရမြဲ။
ပြည်ပကို ရောက်ပြီး တစ်လအကြာမှ အဖြေပေးသည့် ငဂျစ်ကလေးက Sehun ကို နိုင်စားလွန်းသည်။ မိဘတွေကလည်း သဘောတူတော့ ပိုပြီး အချစ်ခံရသည့် အချစ်ကလေးပါပင်။
Sehun စိတ်ဆိုးလျှင် ငိုမဲ့မဲ့လေးနှင့် ပြန်ချော့တတ်သလို ဖုန်းscreen ကို ပါးကပ်ခိုင်းကာ အာဘွားပေးပြီးလည်း ချော့တတ်လွန်းသည့် အချွဲလေး။
အခုဆို Sehun က တက္ကသိုလ်ကျောင်းသားကြီးပင် ဖြစ်နေပြီ။
Appa ၏ ကုမ္ပဏီကို ဆက်ခံဖို့ စီးပွားရေးနှင့် သက်ဆိုင်သော မေဂျာကို ယူထားသည်မို့ ကုမ္ပဏီတွင်လည်း လေ့လာစရာများလာသည်။
အူကြောင်ကြောင်လေးကလည်း စာမေးပွဲဖြေနေသည်မို့ မတွေ့ရတာ တစ်ပတ်နီးပါး မတွေ့ရသေး။
အူကြောင်ကြောင်ကိစ္စနှင့် ပတ်သက်ပြီး အတော်လေးရှင်းလိုက်ရသည်။ စိတ်ကောက်ပြီး ဖုန်းမကိုင်တာ တစ်ပတ်နီးပါးမလို့ သူ့ရှေ့တွင် မခေါ်ရဲ။ သူ့ကွယ်ရာသာ ခိုးခေါ်ရသည်။
Beakhyun hyung ကိစ္စက ပိုကြီးသွားသည်။ မိမိနှင့် Beakhyun ဘယ်သူ့ကိုပိုချစ်လဲ လို့ မေးမိသည်ကို အဂျစ်ကလေးက စိတ်ဆိုးကာ တစ်လလောက် စကားမပြောတော့။ မမေးသင့်တာတွေ မမေးအောင် ပညာပြသည်ဆိုဘဲ။ မနည်းကို ချော့ခဲ့ရသည်ပင်။
" Idol က Idol ပဲ....မင်းက မင်းပဲလေ...Beakhyunne ကို ချစ်တဲ့အချစ်မျိုးနဲ့ မင်းကို ချစ်တဲ့အချစ်မျိုးက မတူပါဘူး"
စိတ်မကောင်းဟန် မျက်နှာလေးငယ်ပြမှ ထွက်လာသည့် ရင်တွင်းဖြစ်လေးကြောင့် Sehun ခမျာ ကျေနပ်ခဲ့ရတာ။
"Ti...Ti"
Answer လေးကို နှိပ်လိုက်တော့ Screen ပေါ်တွင် ပေါ်လာသည့် မျက်နှာလေးက ချောင်ကျသွားသယောင်။
" Hun...ah...စာမေးပွဲပြီးသွားပြီ သိလား"
"ပင်ပန်းနေတယ်မလား...Nini ရာ...အစားအသောက် ဂရုစိုက်ဦး"
"ဟုတ်ပါပြီ...Hun ရော ဟိုမှာ ဂရုတစိုက်နေနော်...ဘာသံမှ မကြားချင်ဘူး"
လက်ညှိုးတစ်ထောင်ထောင်နဲ့ သတိပေးနေတာက အနားမှာရှိရင် ဆွဲမွပစ်ချင်စရာ။
"Nini....ပြန်လာတော့မှာမလား"
"အင်း...မကြာတော့ပါဘူး"
"လွမ်းလိုက်တာ...အဂျစ်လေးကို...ပြန်လာမှ အာဘွားအကြီးကြီး တောင်းပစ်မယ်"
"ဟာ Hun...ရာ"
"မျက်လုံးမပွင့်တော့တဲ့ အာပေတူးလေးရေ အိပ်တော့နော်...ချစ်တယ်"
"ဟုတ်....Nini....လည်း ချစ်တယ်"
______________________________
Sehun ကို Surprise ချင်လွန်း၍သာ ဘယ်သူ့ကိုမှ အသိမပေးဘဲ ပြန်လာရသည်မို့ Jongin စိတ်လှုပ်ရှားနေမိသည်။
နောက်ထပ်ပြန်သွားစရာမလိုတော့ဘဲ Hun ဘေးနားမှာ နေနိုင်သွားပြီမို Jongin ပျော်မိသည်ပင်။
အိမ်ကို အရင်ပြန်ပြီး အဝတ်အစားလဲ Omma တို့ကို ကပ်ချွဲကာ Sehun အိမ်ဘက်ကို ထွက်လာလိုက်သည်။
Sehun Omma က အံ့သြသွားဟန်ရှိပေမဲ့ Jongin ရဲ့ ရှူး ဆိုသော အမူအရာကြောင့် ပြုံးပြုံးစိစိလုပ်လျက်။
Jongin လည်း Sehun အခန်းကို တက်သွားတော့ အခုထိ အိပ်ရာမထသေးသည့် Sehun....
မနှိုးရက်တဲ့အဆုံး Jonginလည်း Sehun ဘေးနားသာ ဝင်အိပ်လိုက်သည်။
Sehun နိုးလာတော့ ဘေးနားက လူတစ်ယောက်ကြောင့် အလန့်တကြား ဖြစ်သွားသည်။
"Nini...ဟာ...အိပ်မက်လား"
"ဟင့်....Hun..ya...ဘာဖြစ်တာလဲ..."
အိပ်ချင်မူးတူးနှင့် မျက်လုံးကို ပွတ်ကာ ထလာသည့် Mini ကိုဖက်လိုက်ရင်း Sehun အပျော်တွေကို အတောမသတ်နိုင်တော့။
အသက်ရှူကျပ်နေပြီဟုဆိုကာ အသံသေးသေးလေးထွက်လာတော့ အချိန်အတော်ကြာ လွမ်းမိသည့် နှုတ်ခမ်းလေးကို စားသုံးလိုက်မိသည်။
အလိုက်သင့် ပြန်လည်နမ်းလာသည့် Nini ကို Sehunနဲ့ ပိုပြီး နီးကပ်အောင် ဆွဲလိုက်ပြီး ချိုမြိန်သော အနမ်းတစ်ခုကို ဆက်စေသည်။
နမ်းတာကြာသွားသည်မို့ Nini ခမျာ အသက်လုရှူနေရသည်မှာ ကုန်းပေါ်က ငါးလေးသဖွယ်။
အသည်းတယားယားနှင့် မျက်နှာအနှံကို မွှေးကြူရင်း လည်တိုင်လေးကို တစ်ချက်စုပ်နမ်းကာ အရာထင်စေပြီးမှ အဆုံးသတ်လိုက်သည်။
ရင်ခွင်ထဲက အူကြောင်ကြောင်လေးကတော့ ရှက်လွန်းသည်ထင်....မျက်နှာပင်မဖော်တော့။
"Nini....ရာ...လွမ်းနေတာ"
"Nini ရောပဲ...."
ပြောရင်း လာနမ်းတဲ့အချစ်ကလေးက Sehun ကို စမ်းသပ်နေပုံ။
သမာဓိအားကောင်းသည့် Sehun ကတော့ Jongin လေးကို အိပ်ယာပေါ်ကို နေရာချပြီး အပီအပြင်နမ်းကာ သုံးနှစ်တာအချစ်တွေကို အတိုးချနမ်းနေသည်။
ရှေ့ဆက်ကြုံဆုံလာမဲ့ အတားအဆီးတွေကို အတူရင်ဆိုင်မယ်လို့ ကတိကို နှစ်ဦးသဘောတူ အနမ်းလေးတွေနဲ့ သက်သေထူနေသည့် ကြင်စဦး ချစ်သူနှစ်ယောက်ကို နေမင်းကြီးက ကောင်းချီးပေးလျက်။
You are my Sapphire.
The world owns billions of love.
But I want only you to be mine.
ချစ်ပေးပါ။
ခင်ဗျားရဲ့ ချစ်ခြင်းတွေကြား ရုန်းမထွက်နိုင်လောက်တဲ့အထိ
များစွာသော ချစ်ခြင်းတွေကို ဖန်တီးပေးပါ။
Fin
Miracle လေးက ပြီးသွားခဲ့ပါပြီ❤
စိတ်ကူးပေါက်ရင်း တစ်ထိုင်တည်း ရေးခဲ့တဲ့ လက်ရာလေးမလို့ အမှားတွေများခဲ့ရင် ခွင့်လွှတ်ပေးပါ🙏
One Shot လေးအဖြစ် ဖန်တီးဖို့ စဉ်းစားရင်းကနေ ခုလို Short Story လေးဖြစ်လာတာပါ❤
နောက်လည်း ကြုံရင် ကြုံသလို ခုလိုမျိုးလေးတွေ ဖန်တီးပေးပါ့မယ်❤
အားပေးကြပါ အလှလေးတို့🙄
အလှလေးတို့ အားပေးမှသာ Zein Z ဆိုတဲ့ကောင်ကြီးက ဆက်ပြီးဖန်တီးနိုင်မှာပါ❤
#Zein🦁
(Zawgyi)
"Ti...Ti"
"အင်း...မကြာတော့ပါဘူး"
"ဟာ Hun...ရာ"
"ဟုတ်....Nini....လည်း ချစ်တယ်"
______________________________
"Nini...ဟာ...အိပ်မက်လား"
"ဟင့်....Hun..ya...ဘာဖြစ်တာလဲ..."
"Nini....ရာ...လွမ်းနေတာ"
"Nini ရောပဲ...."
You are my Sapphire.
ချစ်ပေးပါ။
Fin

Коментарі