3
(Unicode)
အနမ်းခံရလို့ လန့်ဖျားဖျားသွားသည့် Jongin ခမျာ ဆန်ပြုတ်နှင့်် နှစ်ပါးသွားနေရသည်မှာ ငါးရက်ကျော်ကျော်လောက် ရှိနေပြီ ဖြစ်သည်။
ဂိုက်သင်တာကိုလည်း နားထားရသည်မို့ မျက်နှာပူစရာမရှိပေမဲ့ Jongin ကတော့ ပြန်တွေးမိတိုင်း မျက်နှာကြီးပူလာရသည်။
ပထမဦးဆုံးအနမ်းလေးကို အချစ်ဦးက နမ်းသွားသည်မို့ ပိုရှက်ရသည်။
Sehun က Jongin ရဲ့ အချစ်ဦးပင်။ Jongin က အထက်တန်းနောက်ဆုံးနှစ်မှာ Sehun က ပထမနှစ်။
Basketball ကစားနေသည့် Sehun ကို Jongin က ချစ်မိသွားခြင်း။
ချစ်မိတာသာ ပြောတာ Jongin အနေနဲ့ Sehun ကို အဝေးကကြည့်ရင်း ကျေနပ်မိသည်မို့ ဖွင့်လည်းမပြောခဲ့....လူကြောက်တာလည်း ပါသည်ကို။
ကျောင်းပေါင်းစုံ Basketball ပြိုင်ပွဲတွင်သာ Sehun တို့အသင်းအတွက် ရေဘူးကမ်းတော့မှ သူ့အနားကို ပထမဆုံးသွားသလို နောက်ဆုံးသွားခဲ့ခြင်း။
လွန်ခဲ့တဲ့သုံးလ Omma ဈေးသွားရင်း သူ့ သူငယ်ချင်းအကူအညီတောင်းမှုကြောင့် guide သင်ပေးရင်း ပြန်တွေ့ရသည်မို့ ငြင်းမည်ပြုျသော်လည်း Omma ၏ ခြိမ်းခြောက်မှုကြောင့် အောင့်အီးကာ သင်နေရခြင်းပင် ဖြစ်သည်။
_________________________________
"Hyung....ကျွန်တော်တောင်းပန်ပါတယ်....အဲ့နေ့က မတော်တဆဖြစ်သွားတာပါ"
" မတော်တဆ....ဟက်....ဘာမှမဖြစ်ဘူး"
ငိုချင်စိတ်ကို ထိန်းရင်း Jongin ပြန်ပြောလိုက်သည်။
အခြေအနေမကောင်းသည်မို့ Sehun လည်း ဘာမှ မပြောတော့။
"Sehun...ငါနောက်နေ့က စပြီး လာမသင်နိုင်တော့ဘူး။ငါ ပညာတော်သင်လျှောက်တာ ပါသွားပြီမလို့ နောက်နှစ်ရက်နေရင် ပြည်ပသွားရမှာ....အန်တီ့ကိုလည်း ပြောပြပြီးပြီ"
Sehun တောင်းပန်ပြီး တစ်လအကြာ ပြောလာသည့် အူကြောင်ကြောင် ကြောင့် အံ့သြမိပေမဲ့ ဘာမှမပြောမိ။
Sehun စိတ်တွေလေးနေသည်။ ဒီနေ့က အူကြောင်ကြောင် သွားမည့်နေ့။ အထင်သေးသွားမည်ကို စိုးရိမ်လို့ တောင်းပန်စကားပြောလိုက်ကတည်းက အူကြောင်ကြောင်ဟာ Sehun အပေါ်အေးစက်လာသည်ပင်။
Sehun လည်း အူကြောင်ကြောင်ကိုမြင်တိုင်း ထူးဆန်းသည့်ခံစားချက်တွေက ပေါ်ပေါ်လာသည်။ ဒါကို အချစ်လို့ခေါင်းစဉ်တပ်လည်း တပ်ပါစေတော့....။
Sehun လည်း ဆိုင်ကယ်ကို အမြန်မောင်းရင်း အူကြောင်ကြောင်ရှိရာ အင်ချွန်းလေဆိပ်ဆီ အပြေးနှင်ရသည်။
လေဆိပ်ရောက်တော့ အူကြော်ကြောင်က Luggage အိတ်လေးကို ကိုင်ကာ ခေါ်မည့်အချိန်ကို စောင့်နေပုံ။
Sehun လည်း အချိန်မဆွဲဘဲ အူကြောင်ကြောင်ရှေ့ကို သွားရပ်မိတော့ မော့ကြည့်လာသည့် အူကြောင်ကြောင်က မြတ်နိုးချင်စရာ။
" မင်း...ဘာလာလုပ်တာလဲ"
အံ့သြတကြီး မေးလာသည့် အူကြောင်ကြောင်ကို Sehun ဖက်လိုက်တော့ လန့်ဖြန့်သွားပုံ။
" ဘာလုပ်တာလဲ...လူတွေကြည့်နေတယ်...လွှတ်.ပါ..."
ရုန်းနေသော အူကြောင်ကြောင်ကို Sehun ပိုတိုးဖက်ရင်း ပါးနှစ်ဖက်ကို မွှေးကြူမိသည်။
ရုတ်တရက် ငြိမ်ကျသွားသည်မို့ ကြည့်လိုက်တော့ ငိုနေသည့် အူကြောင်ကြောင်။
"ငါက အထင်သေးဖို့ကောင်းလို့ မင်းနမ်းချင်တိုင်း နမ်းနေတာလား"
ငိုကာ မေးလာသည့် အူကြောင်ကြောင်ရဲ့ နဖူးကို Sehun နဖူးချင်းကပ်ရင်း တိတ်စေလိုက်သည်။
" ကိုယ် အူကြောင်ကြောင်ကို ချစ်တယ်"
" တစ်ဘဝလုံးစာ သိမ်းထားချင်တဲ့အထိကို ချစ်တယ်...အထင်သေးတာမဟုတ်ပါဘူး...အသည်းယားမိလို့ပါ ခင်ဗျားလေးရာ"
Sehun စကားလည်းဆုံးရော အံ့သြတကြီး ကြည့်လာသည့် အူကြောင်ကြောင်လေး.....
" ***သွားမည့် လေယာဉ်ထွက်ခွာပါတော့မည်ဖြစ်ပါသဖြင့် ခရီးသည်များ အဆင့်သင့် နေရာယူထားကြပါရှင်"
ရုတ်တရက်ထွက်ပေါ်လာသော ကြေညာချက်ကြောင့် အူကြောင်ကြောင်က ကပျာကယာ ထပြီး သွားရန်ပြင်ဆင်နေသည်။
နောက်မှ Sehun ဘက်ကို လှည့်ပြီး နောက်သုံးနှစ်နေရင်တွေ့မယ်ဟုဆိုကာ ဖက်ပြီး နမ်းပြေးသွားသည်မို့ Sehun ခမျာ အပျော်နှင့် အလွမ်းကို ဒွန်တွဲလျက်။
ထွက်သွားသည့် ကျောပြင်ငယ်လေးပျောက်ကွယ်သွားမှသာ လေဆိပ်က ပြန်ထွက်လာကာ ကောင်းကင်ပေါ်တွင် ပျံသွားသော လေယာဉ်ကြီးကို ကြည့်ရင်း အူကြောင်ကြောင်ပြောသွားသည့် သုံးနှစ်ကို ဖြတ်သန်းနိုင်ဖို့ အားတင်းလျက်။
လေယာဉ်ပေါ်က ကောင်လေးကလည်း သုံးနှစ်အတွက် အားတင်းလျက်ပင်။
TBC
သဘောကျမယ်လို့ မျှော်လင့်လျက်🙄
နောက်တစ်ပိုင်းဆို ပြီးပါပြီနော်🌚
Vote 20 ပြည့်ရင် ပြန်လာပါမယ် အလှလေးတို့❤
#Zein🦁
(Zawgyi)
အနမ်းခံရလို့ လန့်ဖျားဖျားသွားသည့် Jongin ခမျာ ဆန်ပြုတ်နှင့် နှစ်ပါးသွားနေရသည်မှာ ငါးရက်ကျော်ကျော်လောက် ရှိနေပြီ ဖြစ်သည်။
လွန်ခဲ့တဲ့သုံးလ Omma ဈေးသွားရင်း သူ့ သူငယ်ချင်းအကူအညီတောင်းမှုကြောင့် guide သင်ပေးရင်း ပြန်တွေ့ရသည်မို့ ငြင်းမည်ပျြုသော်လည်း Omma ၏ ခြိမ်းခြောက်မှုကြောင့် အောင့်အီးကာ သင်နေရခြင်းပင် ဖြစ်သည်။
_________________________________
" မင်း...ဘာလာလုပ်တာလဲ"
TBC

Коментарі