Windly
            
            1980 ပြည့်နှစ်မှာ
ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။
သူ(မ) ကလေ သိပ်ကို အေးချမ်းတာ
မြင်သူတကာ မှင်သက် သွားစေနိုင်တဲ့ အပြုံးမျိုးနဲ့ မိန်းကလေး
သူ(မ)ရဲ့ ရယ်သံတွေဟာ သမုဒ္ဒရာ တွေကို တောင် ဦးညွတ်စေနိုင်တဲ့အထိ
တစ်နေ့တော့ အဲ့အမျိုးသမီးလေးဟာ သူ(မ)
ရဲ့ အခြားတစ်ဖက်ကို ရှာတွေ့ခဲ့တယ်
အနည်းဆုံးတော့ သူ(မ) ရဲ့ အခြားတစ်ဖက်လို့ သူ(မ) သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ အခြား အမျိုးသား
 တစ်ယောက်ကို ချစ်မိသွားသတဲ့။
ဂုဏ်တွေ၊ ရမ္မက်တွေ၊ ပကာသန တွေ 
တစ်ခုမှမပါတဲ့ 
အဖြူရောင်မေတ္တာမျိုးနဲ့တဲ့လေ။
အဲ့နေ့ညမှာပဲ သူ(မ) ဟာ အဆုံးစီရင်သွားခဲ့တယ်။
သူ(မ) ရဲ့ အခြားတစ်ဖက်လို့ သူ(မ) သတ်မှတ် ထားခဲ့တဲ့ မိန်းကလေးကတော့ 
နေကြာတွေ ပြည့်နှက်နေတဲ့ ပန်းခင်းကြီးထဲမှာ ချစ်ရသူ အမျိုးသားရဲ့ လက်ကို ဆုပ်ကိုင်လို့ ဘဝတစ်သက်လုံး ထိုသူ ကိုပဲ သစ္စာရှိသွားဖို့  ကျမ်းကျိန် နေခဲ့လေရဲ့။ ။
            2023-03-17 16:20:18
            
            
                                                    1
                
                
                
        0