Bunny Baby
@bunnybaby
Вірші
Questions
ချစ်ရသူအတွက် ဝိုင်တစ်ခွက်ကို အပြုံးမျက်နှာဖုံးတပ်ဆင်ပြီး ရင်နာနာနဲ့ ကမ်းပေးခဲ့ရတာမျိုးလား။ မြတ်နိုးရတဲ့သူကို အဖြူရောင် ပိုးကြိုးတစ်စ ပို့ပေးဖို့ အမိန့်ပေးလိုက်ရတဲ့ အချိန်လား။ ဒါမှမဟုတ် သူမရဲ့ အိပ်ဆောင်ကိုသွားပြီး နောက်တစ်နေ့မနက်တိုင်း ဆေးတိုက်နေခဲ့ရတဲ့ ခံစားချက်လား။ သစ္စာမဖောက်မှန်း ယုံကြည်ပေမယ့် အများနဲ့တစ်ယောက် စကားစစ်ထိုးကြတဲ့အခါ ကိုယ့်ဘက်က လုံလောက်စွာ မသန်မာနိုင်ခဲ့တဲ့အတွက် နောင်တရခဲ့ ဖူးတာမျိုးလား။
3
0
295
Windly
1980 ပြည့်နှစ်မှာ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။ သူ(မ) ကလေ သိပ်ကို အေးချမ်းတာ မြင်သူတကာ မှင်သက် သွားစေနိုင်တဲ့ အပြုံးမျိုးနဲ့ မိန်းကလေး သူ(မ)ရဲ့ ရယ်သံတွေဟာ သမုဒ္ဒရာ တွေကို တောင် ဦးညွတ်စေနိုင်တဲ့အထိ တစ်နေ့တော့ အဲ့အမျိုးသမီးလေးဟာ သူ(မ) ရဲ့ အခြားတစ်ဖက်ကို ရှာတွေ့ခဲ့တယ် အနည်းဆုံးတော့ သူ(မ) ရဲ့ အခြားတစ်ဖက်လို့ သူ(မ) သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ အခြား အမျိုးသား တစ်ယောက်ကို ချစ်မိသွားသတဲ့။ ဂုဏ်တွေ၊ ရမ္မက်တွေ၊ ပကာသန တွေ တစ်ခုမှမပါတဲ့ အဖြူရောင်‌မေတ္တာမျိုးနဲ့တဲ့လေ။ အဲ့နေ့ညမှာပဲ သူ(မ) ဟာ အဆုံးစီရင်သွားခဲ့တယ်။ သူ(မ) ရဲ့ အခြားတစ်ဖက်လို့ သူ(မ) သတ်မှတ် ထားခဲ့တဲ့ မိန်းကလေးကတော့ နေကြာတွေ ပြည့်နှက်နေတဲ့ ပန်းခင်းကြီးထဲမှာ ချစ်ရသူ အမျိုးသားရဲ့ လက်ကို ဆုပ်ကိုင်လို့ ဘဝတစ်သက်လုံး ထိုသူ ကိုပဲ သစ္စာရှိသွားဖို့ ကျမ်းကျိန် နေခဲ့လေရဲ့။ ။
3
0
286
...
ချစ်ရတာ ပင်ပန်းလိုက်တာ ခင်ဗျားရယ်
3
0
381
You
ခင်ဗျားကြောင့်ပဲ ပူလောင်ခြင်း တရားတွေကို သင်ယူတတ်မြောက်ခဲ့ပြီ
3
0
303
She
ခုတလော အအေးဓာတ်တွေ များလာပါတယ်မှတ်‌တာ တကယ်တော့အနွေးဓာတ်ပေးနိုင်တဲ့ မင်းက အနားမှာမှ မရှိတော့တာ
5
0
431
ဝိပါက
မကောင်းတာ လုပ်ခဲ့ဖူးသူတစ်ယောက်က လက်ရှိအချိန် ကောင်းအောင်နေသည့်တိုင် မကောင်းတာတွေကို ထပ်လုပ်ဦးမှာပဲ ငါ့ကို မချစ်ခဲ့တဲ့ လူ‌တစ်ယောက်က အခု ငါ့ကို ချစ်နေသည့်တိုင် တစ်ချိန်ချိန်မှာတော့ ငါ့အတွက် အချစ်တွေ ပျောက်ကွယ်သွားဦးမှာပဲမလား
2
0
424
သီတင်းကျွတ် လပြည့်ည
လူကြီးတွေကို သွားကန်တော့ပြီး အိမ်ပြန်ရောက်တဲ့အချိန် ရလာတဲ့ မုန့်ဖိုးတွေကို ရေရတာက တကယ်ကို အပျော်ဆုံး အချိန်တွေပါပဲ
6
0
356
I'm OK.
တစ်ယောက်တည်း နေတယ် တိမ်တွေကို ငေးမယ် နေလုံးကြီးက မကြည်ဖြူတဲ့ အခါ စာအုပ်ပေါ်ကို အကြည့် ပြန်ရောက်သွားမယ် ဒီလို ပါပဲ မင်းမရှိလည်း အဆင်ပြေတယ်
4
0
136
Maybe
ကမ်းခြေမှာ အိမ်လေး တစ်အိမ် ဆောက်မယ် စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်မယ် မင်းက စားဖိုမှူး ငါက အကူပေါ့ ညနေဘက်ဆို ဆိုင်သိမ်းပြီး နေဝင်ဆည်းဆာကို ငေးရင်း ကမ်းခြေမှာ လမ်း အတူတူ လျှောက်မယ် နေလုံးကြီးဝင်သွားပြီဆို အိမ် ကို ပြန်ကြမယ် ငါ ညစာ ချက်နေတဲ့ အချိန် မင်းက lucky နဲ့ ဆော့နေ ညစာ အတူစားပြီး ဇာတ်ကားကြည့်မယ် မင်းသဘောကျတဲ့ ဇာတ်ကားတွေကို ကြည့် ငါကတော့ မင်းကို ငေးကြည့်မယ် ဇာတ်ကား ကြည့်နေရင်း မင်း အိပ်ပျော်သွားရင် ငါ မင်းကို ပွေ့ပြီး အခန်းထဲခေါ်သွားမယ် ညတိုင်း ငါ့ရဲ့ ရင်ခွင် ထဲမှာ မင်းရှိနေမယ် ငါတော့ အဲ့လိုစိတ်ကူးထားတယ် ဒါပေမယ့် မင်းက အခြားတစ်ယောက်နဲ့။ ။
4
0
213