Part-10
"သူက ဘယ်သူလဲ Kasami"
Seishoဟာ Kasamiထံမှ စာအုပ်ထုတ်သယ်သွားသော ငွေမှင်ရောင် ဆံပင်ဖြူရှိသည့် လူငယ်လေးကို လှမ်းကြည့်ကာ ပြောလိုက်၏
"သူက Shouyuအိမ်တော်သားလား... နန်းတွင်း စာသင်ဆောင်မှာ စာသင်နေတာဆိုတော့~~??"
"omm.. ဟုတ်တယ်... အဲ့ကောင်လေးက စာသင်နှစ်5ကလေ... Fuita တာဝန်ယူပေးထားရတဲ့ ကလေး"
"ဘာဖြစ်လို့ သူ့မျက်နှာမှာ အဲ့လောက်ကြီးတဲ့ ကန့်လန့်ဖြတ် အနီရောင်ဒဏ်ရာကြီးရှိနေတာလဲ... အပြာရောင် မျက်လုံးလေးတွေက အဲ့လောက်လှနေရဲ့သားနဲ့ ဒဏ်ရာကြီးက ဖျက်ဆီးလွန်းနေတယ်.."
Seishoဟာ သွေးမျိုးစပ်သည့်ပညာရပ်အား လေ့လာနေသူတစ်ဦးပီပီ ပြောလိုက်၏
"သူ့မျက်လုံးအကြည့်က သာမန်သန္ဓေသားပေမယ့်... သူ့အဖေရဲ့ သွေးမျိုးစိတ်က သုံးမျိုးစပ်သန္ဓေသားထင်တယ်"
"မင်းဘယ်လိုလုပ်သိလဲ... Umita Shouyuအိမ်တော်သားလေ"
Seishoဟာ အံ့အားသင့်စွာ မျက်လုံးပြူးသွားသည်
"Umita???... Umitaအိမ်တော် သခင်ကြီးက ဒီလိုမျိုး အဖြူရောင်အလှလေးကို မွေးထားတာလား"
"inm... အဲ့ဒါကြောင့် လှလွန်းတဲ့ သူ့ကလေးကို ဓားတွေနဲ့ လှီးထားတာ"
"arr..!! ဘာ??"
"အဲ့လောက်ကြီးတဲ့ ဒဏ်ရာကြီးအပြင် သူ့အဖေကြောင့် သူ့ကို ဘယ်အိမ်တော်သားက ချစ်ခင် ကြည်ဖြူရဲပါ့မလဲ~~~ သူ့ကလေးကို တစ်ချက်လွှတ်အမိန့်တော်နဲ့သူ့အထက်အိမ်တော်တွေက လာတောင်းမှာစိုးလို့ တစ်ကိုယ်လုံးကို ဓားရာတွေပေးထားတာ"
"Shouyu အိမ်တော်တွေက လက်မခံရင် Gravityက အစေခံ ဒါမှမဟုတ် အထက်တန်းလွှာထဲက ကြင်ယာဖက်တစ်ဦးဦးကို ပြန်ရွေးချယ်လို့တော့ ရတယ်လေ... သူ့အဖေက Shouyuအိမ်တော်သခင်ကြီးဆိုတော့ လက်ထပ်ဖို့အတွက် အောက်အထက်တန်းစား အိမ်တော်တွေကို ရွေးဖို့တွေးထားတယ်"
".. နှမြောဖို့ကောင်းလိုက်တာ...."
×××××
ZiYiဟာ အထုပ်သယ်ပြီး အူယားဖားယား ပြေးလာခိုက် လမ်း၌ Aitaနဲ့ ဝင်တိုက်မိ၏
Aitaဟာ ဝိုင်းစက်နေသော အပြာရောင် မျက်လုံးလေးများနှင့် အရုပ်ဆိုးလှသော မျက်နှာပေါ်မှ မျက်ခုံးနှစ်ခုကြား နဖူးနှင့် ပါးပြင်ပေါ် ထောင့်ချိုး ကန့်လန့်ဖြတ် အနီရောင် အမာရွတ်ကြီးကို မြင်သွားသည်
Aitaဟာ လန့်သွား၏
Ziyiဟာ သူ၏ မျက်နှာလေးအား နဖူးရှေ့ရှိဆံပင်ဖြူလေးများဖြင့် ကပြာကယာ အုပ်၍ Aitaအား တောင်းပန်စကားဆိုသည်
"Ziyi... တောင်းပန်ပါတယ်.. သခင်လေး"
Ziyiဟာ ပြုတ်ကျသွားသော သူ၏စာရွက်များနှင့် မင်စုတ်တံများကို ကောက်ယူသည်
Aitaဟာ Ziyiအား မျက်လုံးမှေးဖြင့်ပြန်ကြည့်၏
Ziyiဟာ Aitaအား ခေါင်းလေးငုံ့၍ အရိုအသေပေးကာ အဝေးသို့ ထွက်ပြေးသွားသည်
×××××
ညနေရောက်သော်...
Aitaဟာ မိမိအား လာကြိုသော ရထားလုံးအနီးသို့ ရောက်လာသည်
ထိုစဉ် ရထားလုံးများ ရပ်ထားသော နေရာနှင့် ထိုမနီးမဝေးနေရာအကွယ်ကြားမှ အသံတို့တိတို့တိ ကြားရ၏
မြေပြင်ပေါ်မှာလည်း စက္ကူဖြူများပြန့်ကြဲနေ၏
"စက္ကူတွေ~~"
Aitaဟာ ခြေထောက်နားရှိ မြေပြင်ပေါ်မှ စက္ကူစာရွက်ဖြူတစ်ရွက်အား ကောက်ကိုင်ကြည့်လိုက်သည်
ထို့နောက် လက်မလေးနဲ့ အချိန်ကြာကြာ အာရုံစိုက်၍ ပွတ်ကြည့်၏
ထိုစက္ကူနှင့် ထိစပ်နေသော Aita၏စိတ်နှလုံးဟာ အချိန်ကာလတစ်ချို့သို့ Aitaအား ပြန်ဆွဲခေါ်သွားသည်
ထိုစက္ကူ၏ အထိအတွေ့သည် နေ့ခင်းတုန်းက ဆံပင်အဖြူရောင်နှင့် စာသင်သားနဲ့ တိုက်မိတုန်းက မိမိ၏လက်ဖမိုးကို လျှပ်ထိပြီး လျောကျပြန့်ကြဲသွားခဲ့သော စက္ကူရွက်များဖြစ်သည်
Aitaဟာ ပြန်လည် ရေရွတ်လိုက်၏
"arr~~ ဒါ ဟိုပိုးဟပ်ဖြူ စာသင်သားဆီက စက္ကူတွေလား~~"
Aitaဟာ ပြန့်ကြဲနေသော စက္ကူစာရွက်များကို လိုက်လံကောက်ယူပေးလိုက်သည်
ထိုစဉ် အော်သံထွက်ပေါ်လာ၏
"အား)))))"
"On!! ပိုးဟပ်ဖြူရဲ့ အသံမလား!!"
Aitaဟာ ပြေးသွားသည်
အသံလာသို့ရောက်သော် ပိုးဟပ်ဖြူ စာသင်သားလေးအား အကျီများကို ဝိုင်းချွတ်၍ အုပ်စုလိုက် အနိုင်ကျင့်ကာ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအမာရွတ်များကို လှောင်ပြောင်နေကြ၏
"ကြင်ယာတော်ကလည်း အမာရွတ်တွေနဲ့ ရွံဖို့ကောင်းလိုက်တာ"
Aitaဟာ လှမ်းအော်လိုက်သည်
"ဘာလုပ်နေတာလဲ)))))"
ZiYanဟာ Aitaအား မြင်သည်နှင့် အကျီကို ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာများကိုအုပ်ကာ ပြေးလာသည်
ထို့နောက် Aita၏ အနောက်၌ ကပ်နေ၏
"သခင်လေး ကူညီပါဦး..."
"သူက YamaToက Aitaမလား~~~"
"arr~~ ကလေးက ကလေးလို မနေဘူး"
"သွားစမ်း"
Aitaဟာ မိမိအား နဖူးကို လက်ညိုးဖြင့်ထိုးလိုက်သော စာသင်သားကြီးကို ဘုကြည့်ကြည့်သည်
Aitaဟာ ပြန်ပြောလိုက်၏
"ငါ့ အသားကို မထိနဲ့... ရွံဖို့ကောင်းတယ်... ယုတ်ညံ့တဲ့ လက်တွေ...!"
"စောက်ခလေး...!!"
Aitaဟာ အသံကျယ်ကျယ်ဖြင့် အာခေါင်ခြစ်အော်လိုက်သည်
"Arrrrrrrrrrrrrrr)))))))"
Aita အသံကြားသည်နှင့် YamaToမှ ညစ်ညမ်းအစေခံငယ် Yamသည် ရထားလုံးအနားမှ ချက်ချင်းပြေးလာကာ ဓားအိမ်မှ ဓားကိုချက်ချင်းဆွဲထုတ်ပြီး အကုန်လုံးကို ခုတ်သတ်ရန်ကြိုးပမ်းလေ၏
ကျောင်းသားများသည် မျက်လုံးပြူး၍ မကောင်းဆိုးဝါးအသွင်ရှိသော ဓားတစ်ချောင်းနဲ့ ကလေးအစေခံလေး ပေစုတ်စုတ်လေးကို ကြည့်ပြီးနောက် ကြောက်လန့်စွာ ထွက်ပြေးကြလေသည်
YamaToညစ်ညမ်းသန္ဓေသားငယ်သည် ဓားကိုင်၍ အနောက်မှ ထပ်ချပ်မကွာပြေးလိုက်လာ၏
"အဲ့ဒါ လူသေကို အသက်ပြန်သွင်းထားတဲ့ ညစ်ညမ်းသန္ဓေသားမလား"
"YamaToမှာ အဲ့လိုအစေခံတွေ အများကြီးရှိတယ်တဲ့"
"စာသင်ဝန်းထဲထိလိုက်လာတာလား"
"စာသင်ဆောင်မြေက ညစ်ညမ်းသန္ဓေသား ဝင်လို့ရလို့လား!!!"
"ညစ်ညမ်းသန္ဓေသားတွေက ဘုရင်နဲ့ သခင်စကားကလွဲရင် ဘယ်သူစကားကိုမှ မသိတတ်ကြဘူး"
"ငါတို့ သေရတော့မှလား"
Yamသည် လေပေါ်အထက်မှခုန်၍ ခုနှစ်တောင်ရှည်သော ဓားကိုကိုင်မြှောက်လိုက်၏
"Arrrr~~~~"
Shouyuကျောင်းသားကို ခုတ်သတ်ရန်ပြင်လေ၏
ထိုစဉ် မြှားတစ်စင်းသည် Yam၏ မျက်နှာဘေးမှ ဖြတ်ပြေးသွား၏
Yamဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်
Siaဟာ မြင်းတစ်ကောင်ဖြင့် အနားသို့ရောက်လာ၏
Fuitaဟာ အူယားဖားယား ပြေးလိုက်လာ၏
"အခုချက်ချင်း ရပ်လိုက်စမ်း Yam!!!"
Yamဟာ Fuitaအား မြင်သော် မြေပြင်၌ ဒူးထောက်၍ ဝပ်နေ၏
ဖရိုဖရဲ ကွဲပြဲနေသော ကျောင်းသားများနှင့်အတူ Siaအား Fuitaမြင်လိုက်ရ၏
Fuitaဟာ စိုးရိပ်ပူပန်မှုတို့ဖြင့် Siaအား တောင်းပန်လိုက်သည်
"ကျွန်တော်မျိုး တောင်းပန်ပါတယ် Siaမင်းသား"
"YamaToက အပြစ်ပြုမိပါပြီ~~~"
သို့သော်Aitaဟာ သူဘာမှ မလုပ်ထားသလိုမျိုး မျက်နှာပေးလေးဖြင့် Fuitaအနားသို့ ရောက်လာသည်
ထို့နောက် မြေပြင်၌ ဝပ်တွားနေသော Yamအား လက်မှဆွဲခေါ်၍ ပြန်သွား၏
Fuitaဟာ လှမ်းဆူလိုက်သည်
"Aita!!!!"
Aitaဟာ Fuitaအား စွဖက်ပင် မလုပ်ပေ.. သူ့၏ ညစ်ညမ်းသန္ဓေအစေခံ စုတ်ဖွားလေးအား ပြန်ခေါ်၍ ကော့တော့ ကော့တော့နဲ့ ပြန်သွား၏
Siaဟာ Fuitaအား မေးလိုက်သည်
"သူက Aitaရဲ့ အစေခံလား~~ Fuita~"
"ဟုတ်ကဲ့ Siaမင်းသား~~... Yamလေးက Aitaရဲ့ အစေခံလေးပါ"
Siaဟာ Fuitaအား သူ၏ နန်းဆောင်သို့ အလည်ခေါ်သွား၏
×××××
Aita၏ ရထားလုံးလေး ရွှေရောင်ခြံဝန်းကြီးထဲ ပြေးဝင်လာသည်နှင့် ဆူငေါက်သံထွက်လာ၏
"Aita!!!... ညစ်ညမ်းသန္ဓေသားကို စာသင်မြေထဲခေါ်သွားတယ်ဆို~~"
အိမ်တော်ထဲ၌ တိုင်စာရောက်နေလေပြီဖြစ်သည်
Aitaဟာ ဖခင်Yima၏ အော်သံကြား၍ Yamအား လက်မှဆွဲ၍ အိမ်တော်ထဲသို့ ချောင်းကြည့်သည်
Yimaသခင်ကြီးတစ်ယောက် Aitaအား ကြိမ်းမောင်းနေသည်
Aitaဟာ အိမ်တော်ကို ပတ်၍ အပြင်သို့ ပြန်ပြေးထွက်သွား၏
ပေစုတ်စုတ် Yamလေးဟာ Aita၏ အနောက်မှ ပြန်ပါသွားသည်
တစ်နေရာအရောက် Yamဟာ မြေပြင်၌ အဆင်သင့် လေးဘက်ထောက်ပေးသည်
Aitaဟာ Yam၏ ကျောပေါ်တတ်၍ အိမ်တော်ထဲသို့ ပြတင်းပေါက်မှ ဝင်သွားသည်
Yamဟာ Aitaအား အောက်မှလှမ်း၍ သွားလေးများပေါ်သည့်အထိ ရယ်ပြသည်
Aitaဟာ အိတ်ထဲမှ ငွေပြားထုပ်လေးအား Yamထံသို့ ပစ်ပေးလိုက်၏
"ရော့--"
"ကျေးဇူးတင်ပါတယ်.. အရှင်Aita~~"
"ပြန်တော့"
"ဟုတ်ကဲ့"
Yamဟာ ငွေပြားထုပ်လေးယူ၍ အိမ်တော်နှင့် အဝေးသို့ ပြန်လည်ထွက်ပြေးသွား၏
Aitaဟာ ဟိုကြည့် ဒီကြည့်နဲ့ အိမ်ထဲဝင်သွား၏
×××××
"အရှင့်သား~~ ကျန်းမာရေး ပြန်အဆင်ပြေသွားပြီလား... အရှင့်သားကို ကြည့်ရတာ လန်းဆန်းနေတဲ့ပုံပဲ"
"ဟုတ်တယ်"
"သွေးသွင်းကုသမှု တစ်ကြိမ်ပြုပြီးတိုင်း ခန္ဓာကိုယ်က အသစ်ပြန်ဖြစ်လာသလိုပဲ ပိုပြီးသန်မာလာတယ်"
"အရှင့်သား ကျန်းမာရေး ပြန်လည်အဆင်ပြေသွားတဲ့အတွက် ဝမ်းသာပါတယ်"
"ဒါနဲ့ မောင်မင်း... အဆောင်ပြောင်းပြီလား"
"အဲ့.....မနက်ဖြန် ပြောင်းပါပြီ!.. မနက်ဖြန်ကစပြီ နန်းတွင်းမှာ နေရတော့မှာပါ"
Siaငှဲ့ပေးသော ရေနွေးအား သုံးဆောင်နေရင်း အဆောင်ပြောင်းရမည်ဆို၍ ပြောင်းလဲသွားသော Fuita၏ မျက်နှာအခြေအနေကြောင့် Siaဟာ ရယ်၏
"ကြည့်ရတာ နန်းတွင်းကို ပြောင်းရမှာ မပျော်တဲ့ပုံပဲ~"
"arr.. hk... ဟုတ်တယ်.. ကျွန်တော်မျိုးက ညီငယ်လေးကို မခွဲချင်တာမို့..."
"အင်မ်.... Aitaကိုလား... Aitaဆိုရင် မခွဲချင်ရင်လည်း ခေါ်လာခဲ့ပေါ့.. နန်းတွင်းမှာ နေစရာနေရာတွေ အများကြီးရှိနေတာပဲ... ကိုယ်တော်လည်း အဖော်ရတယ်"
"နန်းတွင်းကို ခေါ်ချင်ပေမယ့်.... မခေါ်ရဲပါဘူး အရှင့်သားရယ် ဟီ.. ဟီ.. "
Fuitaဟာ လျှို့ဝှက်သော ရယ်သံလေးဖြင့် ရယ်လိုက်သောကြောင့် Siaဟာ စိတ်ဝင်စားသွား၏
"ဘာလို့လဲ Fuita~~ ညီငယ်လေးက ??"
"arr~ ဟိုဟာ.. ကျွန်တော်မျိုးရဲ့ ညီငယ်လေးက အရမ်းကြီး လိမ္မာတဲ့ ကလေးမဟုတ်ပါဘူး အရှင့်သား... အဲ့ဒါကြောင့်..."
"အဲ့ဒီစကားကို ကိုယ်တော့်ကိုပြောတာ နှစ်ခါတောင်ရှိနေပြီ ထင်တယ် "
"ဟုတ်မယ် ထင်ပါတယ် မင်းသား~~"
"ကလေးက အဲ့လောက်ဆိုးလို့လား... ဟိုတစ်ခါ ကိုယ်တော်နဲ့ တွေ့တုန်းက လိမ္မာပါတယ်... ကိုယ်တော့်စကားနားထောင်ပြီး ကိုယ်တော်နဲ့ အတူတူတောင် အိပ်သွားသေးတယ် မဟုတ်လား... လတ်တလော နန်းတွင်းမှာ ကိုယ်တော်တစ်ယောက်တည်း ပျင်းနေတာနဲ့ သူ့ကိုတောင် သတိရမိတယ်... အဆင်ပြေရင် အတူတူခေါ်လာခဲ့ပေးပါ"
"အယ်.... ဖြစ်ပါ့မလား"
Fuitaဟာ Aitaအကြောင်းသိ၍ ဖင်ကုပ်ခေါင်းကုပ် လုပ်နေ၏
Siaဟာ မိမိစကားကို ဆန့်ကျင်ခြင်းမရှိ တုန့်ပြန်ပေးခဲ့သော Fuitaအား နှစ်လိုစွာ ပြန်လည်ပြုံးပြခဲ့သည်
××××××
Makuတစ်ယောက် ငွေမြူရောင်မြို့တော်၌ ကျက်စားခဲ့စဉ်...
"ဟေးးး Maku"
Makuဟာ ကျောကုန်းပေါ်ထမ်းလာသော အထုပ်ကို အောက်ချပြီး လှည့်ကြည့်လိုက်သည်
"ဘာလဲ~~!"
Maku ကပြာကယာ ဟိုကြည့်ဒီကြည့် ပြူးပြဲကြည့်လိုက်၏
"Maku~~~ ဟိုဟို ဒီဒီ ကြည့်မနေပါနဲ့... Maku ဆေးရိုးတွေ ခိုးလာတာ ဘယ်သူမှ မသိပါဘူး"
အသံနှင့်အတူ Maku၏ အနောက်မှ Pochiဟာ မြင်းတစ်ကောင်းနှင့် ခုန်ထွက်လာသည်
Pochiဆိုသည်မှာ တောင့်တင်း ဖြောင့်မတ်သော ရုပ်ရည်သွင်ပြင်နှင့် မြင့်မားသော အရပ်ရှိသူ လူချောတစ်ယောက်ဖြစ်သည်
Pochi၏ လက်မောင်းတစ်ဖက်သည် Makuတစ်ကိုယ်စာခန့်ရှိ၏
Pochiဟာ ငွေမြူရောင်မြို့တော်နှင့် ကပ်နေသော မြစိမ်းရောင်တောင်ကုန်းအနီးရှိ Shouyuအိမ်တော်တစ်ခု၌ အလုပ်ကျွေးပြုနေသော အလုပ်ကြမ်း အစေခံဖြစ်သည်
အလုပ်ကြမ်း အစေခံဖြစ်သော်လည်း Shouyuအစေခံဖြစ်သည့်အတွက် Pochiဟာ အနီရောင်မြို့တော်၌ ငွေကောင်းကောင်း ဖြုန်းနိုင်သောသူဖြစ်သည်
Pochiဟာ မြင်းလှည်းပေါ်မှ Makuအား အထုပ်လေးတစ်ထုပ် လှမ်းပစ်ပေးသည်
"မနက်ဖြန် Umitaအိမ်တော်ဝန်းထဲမှာ သန့်ရှင်းရေးလုပ်ဖို့ ပြင်ပလုပ်သားခေါ်ဖို့ရှိတယ်.... Makuကို စေတနာနဲ့ ကြိုပြီး လာပြောပြတာ.... ဒီည နတ်နန်းမှာကြိုပြီး သွားပြင်ဆင်ထားပါ"
"ဟုတ်ကဲ့"
×××××
ဆောင်းအကုန် မိုးအကူး ညနေစောင်း နေရီရီ ရေခဲမိုးရွာခါနီးသည့်အချိန်လေး၌ Fuita နန်းတွင်းမှ အိမ်သို့ပြန်ရောက်လာသည်
ထုံးစံအတိုင်း Aitaဟာ အိမ်တော်ထဲ၌ လက်ကလေး မြောက်၍ ဒူးလေးထောက်နေရ၏
Aitaဟာ အစ်ကို၏ မြင်းခွာသံကြားသည်နှင့် အသံကြားအောင် အော်ငိုပြလေသည်
"arrrrrr~~~~~ rrrrr~~~~"
ရုတ်တရက်ကြီး ထငိုသဖြင့် ကြိမ်လုံးကိုင်၍ ထိုင်စောင့်နေသော သခင်ကြီး Yimaမျက်လုံးပြူးသွား၏
မညှာမတာ ထုထောင်းရိုက်နှက်နေသလိုမျိုး Aitaဟာ မျက်ရည်အသွယ်သွယ်ဖြင့် မရပ်မနားငိုလေ၏
ထုံးစံအတိုင်း ကလေးငိုနေသည်အား မြင်လေသောအခါ ဖခင်နှစ်ဦးအား Fuitaဟာ ပက်ရမ်းလေတော့သည်
"ကလေးကို အဲ့လောက်ငိုအောင် ရိုက်ရလား"
"အဖေတွေဖြစ်ပြီး ကြင်ယာတော်ဖြစ်မယ့် ကလေးကို ကြမ်းကြမ်းတမ်းတမ်း လုပ်ပြနေတာ!!!!"
"အဖေတို့က ဘလ ဘလ
"အဖေတို့က ဘလ ဘလ.....
"အဖေတို့က....
"အဖေတို့က...
Fuitaဟာ လက်ညှိုးကြီးထိုးပြီး အိမ်တော်ထဲ၌ ဆူညံနေ၏
မကြာမီ Fuitaပါ ရောပြီး Aitaနှင့်အတူ ဒူးထောက် လက်မြှောက်ရလေသည်
"အကြီးဖြစ်ပြီး အသုံးကိုမကျဘူး!!!!"
"Aitaကို တစ်ချက်ရိုက်မယ်ဆိုရင် မင်းကို ငါးချက်ပိုရိုက်မယ်"
"အဖေတို့ကလည်း..."
"တိတ်စမ်း... စာသင်ဆောင်မြေထဲကို Yamကိုခေါ်သွားလို့ တိုင်စာရောက်လာတယ်... အပြစ်ဒဏ်ပေးခံရတော့မယ်"
"ဘာလို့အပြစ်ဒဏ်ပေးမှာလဲ Aitaက ကလေးပဲရှိသေးတာလေ~~~~~"
"Yamကြောင့် စာသင်ဆောင်မြေက စွန်းထင်းသွားပြီလေ!!!!.. မင်းရဲ့ညီလုပ်တာ!! ဒီည နတ်နန်းကိုသွားပြီး ကျိန်စာရွတ်ရမယ်"
×××××
Continue....
~~~~~~~~~~
Zawgyi Code
"သူက ဘယ္သူလဲ Kasami"
"arr..!! ဘာ??"
×××××
Aitaဟာ လန့်သွား၏
×××××
ညနေရောက်သော်...
"စက္ကူတွေ~~"
"အား)))))"
Aitaဟာ ပြေးသွားသည်
"ဘာလုပ်နေတာလဲ)))))"
"သခင်လေး ကူညီပါဦး..."
"သူက YamaToက Aitaမလား~~~"
"သွားစမ်း"
"စောက်ခလေး...!!"
"Arrrrrrrrrrrrrrr)))))))"
"ငါတို့ သေရတော့မှလား"
"Arrrr~~~~"
"Aita!!!!"
×××××
"ရော့--"
"ပြန်တော့"
"ဟုတ်ကဲ့"
×××××
"ဟုတ်တယ်"
"အယ်.... ဖြစ်ပါ့မလား"
××××××
"ဟေးးး Maku"
"ဘာလဲ~~!"
"ဟုတ်ကဲ့"
×××××
"arrrrrr~~~~~ rrrrr~~~~"
"အဖေတို့က ဘလ ဘလ
"အဖေတို့က ဘလ ဘလ.....
"အဖေတို့က....
"အဖေတို့က...
"အဖေတို့ကလည်း..."

Коментарі