Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-16
"ကျွန်တော်မျိုးလို သန့်စင်မြင့်မြတ်တဲ့လူက ဒီလိုအိမ်တော်မျိုးမှာ အိပ်စရာလား~"

Shiro၏ မျက်နှာတည့်တည့်ကို ကြည့်၍ ကြောက်လန့်မှုကင်းစွာ အပြုံးဖြင့်ပြောလိုက်သော Pacilo၏ အစေခံမျက်နှာစာ...

တစ်နည်းအားဖြင့် Paciloမှအစေခံတို့၏ ခေါင်းဆောင်~

Shouyu အစေခံတစ်ဦး၏ သြဇာညောင်းမှုတို့က ဤမျှလောက်ကြီးလား

သို့မဟုတ်... သူကပဲ ရဲရင့်လွန်းနေတာလား....

အဖိုးတန် ရတနာနှင့် လှပသော အဆင်တန်ဆာတို့ကို ဆင်မြန်းထားသူ Moshiဟာ Pacilo၏ မျက်နှာစာ အစေခံဖြစ်သည်

SanTa အိမ်တော်သည် Shouyuအိမ်တော် တစ်သောင်းတွင် အနိမ့်ဆုံးအိမ်တော်ငယ်ဖြစ်သည်

YamaTo.. Pacilo... Norga တို့သည် ထိပ်တန်း အဆင့်အိမ်တော်ကြီး သုံးအိမ်ဖြစ်သည်

Umita သည် Paciloထက် ခုနှစ်ဆင့်နိမ့်သည်

ကြီးမြတ်သော အိမ်တော်၏ ရောင်ပြန်ဟပ်မှုကြောင့် အစေခံသည်လည်း အရှိန်အဝါမြင့်ကြသည်

အဘယ်ကြောင့်ဆိုသော် အိမ်တော်၏ တိုးတတ်မှုသည် အစေခံကောင်းများ ရှိခြင်းကြောင့်ဖြစ်သည်

ထို့အတူ Defuloသည် ဥစ္စာပစ္စည်းကို အခြေခံ၍ တည်ဆောက်ထားခြင်း မဟုတ်ဘဲ နှလုံးသားချင်း နီးစပ်မှုများကို အခြေခံ တည်ဆောက်ထားခြင်းဖြစ်သဖြင့် အိမ်တော်သခင်သည် မိမိအစေခံအားလုံးကို ကာကွယ်မှုပေး၏

တစ်ပါးသော အိမ်တော်အနိမ့်မှ လာရောက်စော်ကားထိခိုက်ခြင်းသည် နယ်မြေကျူးကျော်ခြင်း ခံရသည်နှင့်တူ၏

ထို့ကြောင့် Paciloမှ မျက်နှာစာအစေခံသည် အိမ်တော်၏ အရှိန်အဝါကြောင့် အခြားသော အိမ်တော်သခင်ကိုပင် ဂရုမစိုက်ပေ....

"ကျွန်တော်မျိုးရဲ့ မျိုးရိုးက မြင့်မြတ်သန့်စင်တာမို့.... ဒီလို နေရာမျိုးမှာ ကျောချဖို့ စိတ်ကူးမရှိပါဘူး.... "

Shiroဟာ Moshi၏ စကားအား လက်ခုပ်တီး၍ ဟက်ဟက်ပက်ပက် ရယ်သည်

Moshiထိုင်နေသော နေရာသို့ Shiroလမ်းလျှောက်လာပြီး ခုံပေါ်လက်ထောက်၍ ပြောလိုက်၏

"ကျွန်တော်မျိုးကလည်း ထင်ပါတယ်... Paciloကထက်မြတ်တဲ့ မျက်နှာစာအိမ်တော်မှူးက သူ့သခင်လွှတ်ရင်တောင် ဒီလိုနေရာကို လာမှာမဟုတ်ဘူးဆိုတာ..."

သခင်က လွှတ်လိုက်တာတောင် ညစ်ညမ်းနေသော အိမ်တော်သို့ မသွားနိုင်သည့် မိမိ၏ မျိုးရိုးသန့်စင်မှုကို တန်ဖိုးထားတတ်သော အစေခံ...

"ကျွန်တော်မျိုးက Paciloမှာ မွေးဖွားလာတဲ့ Pacilo-Moshiမို့ အိမ်တော်အတွက် ကျွန်တော့်ရဲ့အရာအားလုံးကို ပေးဆပ်ထားပါတယ်... အိမ်တော်ရဲ့ မျက်နှာစာအစေခံအနေနဲ့ ကိုယ့်ရဲ့အရာအားလုံးကို ချို့ယွင်းချက်မရှိအောင် စောင့်ထိန်းထားတာမို့... Umita သခင်ကြီးက နားလည်ပေးပါလို့ တောင်းဆိုပါတယ်"

"ကံကောင်းလိုက်တာ... Paciloမှာ ဒီလို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သစ္စာစောင့်သိတတ်တဲ့ အစေခံမျိုးရှိနေတာ မနာလိုတောင် ဖြစ်မိတယ်~"

×××××

Shiro နံရံကို လက်သီးဖြင့် ထိုးချလိုက်သည်

"ဒုန်း))))!"

ကျောက်သားနံရံဟာ အက်ကွဲသွားပြီး လက်မှ အနီရောင်သွေးများ စီးကျလာသည်

Defuloမှာ အနီရောင်သွေး သန္ဓေသားဖြစ်ရတာဟာ မိမိအတွက် ကံဆိုးမှုတစ်ခုပင်

အနီရောင်သွေးဖြစ်နေသောကြောင့် လူတွေနဲ့ မတွေ့ချင်ပဲ တွေ့နေရပြန်သည်

မပြုံးချင်ဘဲ ပြုံးပြနေရပြန်သည်

သွေးစက်များနှင့်အတူ Shiro၏ မျက်နှာပေါ်သို့ ဒေါသမျက်ရည်တို့ စီးကျလာသည်

လိင်လုပ်သားတွေနဲ့ လိင်ဆက်ဆံတာက အဲ့လောက်တောင် ဆိုးဝါးလား...

သူတို့ကို ရိုက်နှက်နေတာမှ မဟုတ်တာ...

"သခင်ကြီး~~ စိတ်လျော့လိုက်ပါ~~ Paciloက အိမ်တော်မှုးက ဘယ်လောက်တောင် မာနကြီးလဲဆိုတာ လူတိုင်းသိနေတာပဲကို...."

"တိတ်စမ်း))))))))... ငါ့ရဲ့ နေထိုင်မှုပုံစံကို ဘယ်သူမှ ဆုံးဖြတ်ခွင့်မရှိဘူး!!!!"

Shiro၏ နှုတ်ခမ်းတို့သည် ရှက်စိတ်ကြောင့် အသာတို့သည် တစ်ဆက်ဆက် တုန်ခါနေ၏

အသက်ရှုနှုန်းများသည် များစွာပင်ပန်းမိသည်

ကောင်းကင်မှ ဖြာကျနေသော လရောင်အား ငေးမောစွာ အချိန်ကြာကြာ ရပ်ကြည့်မိသည်

"ဟုတ်တယ်:::: ငါ့ရဲ့ ကိုယ်ပိုင်ပုံစံအတွက် ဘယ်သူကိုမှ အားနာနေစရာ မလိုဘူး::::"

ငါက ကြည့်ရင်တောင် ငါ့ကို ဘယ်သူကမှ ပြန်ကြည့်မှာမှ မဟုတ်တာ:::::

ငါ့ကို ငါပဲကြည့်ရမယ်::::::

×××××

Shiro၏ အိမ်တော်သို့ပို့လိုက်သည့် အစေခံများ Umita အိမ်တော်ရင်းသို့ ညတွင်း ပြန်ရောက်လာ၍ Shiro၏ ဖခင်နှစ်ဦး ထိတ်လန့်သွားသည်

"သခင်ကြီး... သခင်လေးရဲ့ အိမ်တော်ကို ပို့လိုက်တဲ့ အစေခံရထားလုံးတွေ အကုန်ပြန်ရောက်လာပါတယ်"

"ဘာ!!!!"

"သခင်လေးက ဧည့်သည်တွေကို သူ့အိမ်က အစေခံလိင်လုပ်သားတွေနဲ့ ဧည့်ခံခိုင်းမလို့ထင်ပါတယ်..."

အိမ်တော်မှုး၏ အပူတပြင်းလျှောက်တင်မှုကြောင့် Umitaအိမ်တော်သခင်ကြီး Karouဒေါသထွက်သွားသည်

"ဒီကောင်!!!!!! မြင့်မြတ်တဲ့ ကြင်ယာတော် မိတ်ဆက်ပွဲမှာ လိင်လုပ်သားတွေ တစ်ရုန်းရုန်းနဲ့ ငါ့ကို မျက်နှာပျက်အောင် လုပ်တော့မယ် ထင်တယ်"

ဖခင်ငယ် Mikaဟာ တရှုံ့ရှုံ့ငိုနေသည်

Mikaဟာ Shiroကြောင့် ခဏခဏ ငိုပွဲရဆင်လေ့ရှိ၏

"သခင်ကြီး.... ကလေးက ဘာဖြစ်လို့လဲ မသိဘဲနဲ့... ဟိုနေ့ကတောင် အစေခံတွေ လက်ခံပြီး စကားကောင်းကောင်းနားထောင်နေတာကို:::::"

"တိတ်စမ်း!!!!!! အဲ့ကောင်အတွက် ငိုမနေနဲ့!! သူများအိမ်တော်က သားကိုလည်း ခွင့်တောင်းသဝဏ်လွှာမပို့ဘဲ စာသင်ဆောင်ကနေ အိမ်ပြန်တဲ့လမ်းမှာ ဖမ်းခေါ်သွားလို့ ငါတို့မှာ နောက်မှ ပြာကလူးခါပြီး အမြင်တင့်တယ်အောင် သားကြင်ယာတော်လေးကို လက်ဆောင်ပဏ္ဍာတွေနဲ့ လျာထားခဲ့တဲ့ပုံလုပ်ရတယ်!!!! အခုလည်း ကြင်ယာတော်မိတ်ဆက်ပွဲမှာ လိင်လုပ်သားတွေ တရုန်းရုန်းနဲ့!!!!! တောထဲမှာ တစ်ယောက်တည်း ပစ်ထားတာတောင် အမှတ်မရှိဘူး... အခုထိဆိုးတုန်း"

"သခင်ကြီးကလည်း... ကလေးကို ချော့ပြောပါဦး.."

"ဘယ်လိုဖြစ်လို့ ငိုနေတာတုန်း!!!!!!"

Umitaအိမ်တော်၏ သားကြီး Shokiဟာ ပြဿနာကောင် ညီငယ်လေးထံသို့ မြင်းဖြင့်ပြေးလေ၏

"ခွေးသားလေး!! ငါထုဦးမယ်"

သားကြီးပြေးထွက်သွားသောအခါ ဖခင်ငယ် UmiTa-Mika မေ့လဲသွား၍ အိမ်တော်သခင်ကြီး ပြူးပြာသွား၏

"Mika~~ သတိထားဦး!! Mika!!! ~~အဲ့ဒါကြောင့် အရမ်းမငိုပါနဲ့လို့ ပြောတာကို~~"

"ဒုက္ခပါပဲ~~~ တစ်ကောင်က ထွက်သွားပြန်ပြီ~_ ရှိတဲ့သားနှစ်ကောင်လုံးက တစ်ကောင်က မူမမှန်သန္ဓေသား... တစ်ကောင်က သုံးမျိုးစပ်သန္ဓေသား!!!"

"သမားတော်ခေါ်လိုက်စမ်း မြန်မြန်!!!!"

×××××

ကြင်ယာတော် SanTaသခင်လေး Hoshi ထွက်ပြေးသဖြင့် အိမ်တော် အစောင့်တပ်သားတို့က ပြန်လည်ဖမ်းခေါ်လာပေးသည်

Shiroထံသို့ Hoshiအား ပုခုံးပေါ်ထမ်း၍ ခေါ်လာ၏

"arrrrrrr)))))) လွှတ်စမ်း... လွှတ်စမ်း!!!!!"

Hoshiအား Shiro၏ ရှေ့သို့ချပေးကာ အပြင်သို့ တံခါးပိတ်၍ ပြန်ထွက်သွားကြ၏

Hoshiဟာ ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထ၍ အပြင်သို့ ပြန်ထွက်ပြေးရန်ကြိုးစားသည်

Shiroဟာ Hoshi၏ လက်မောင်းအား ဖမ်းဆွဲ၍ သူ့ဘက်သို့ ဆောင့်ဆွဲလိုက်သည်

"ar!!"

"မင်း ဘယ်လိုဖြစ်နေတာလဲ~ အသားနာချင်လို့လား!!"

Hoshiဟာ Shiroအား အော်၍ ရိုက်နှက်လေသည်

"arrrrr)))))) လွှတ်~~~ ခင်များကြီးကို လက်မထပ်နိုင်ဘူး!!!!!"

"မင်း---"

Hoshiဟာ Shiroအား ထိန်းမနိုင် သိမ်းမရ အော်ဟစ်ရုန်းကန် ရိုက်နှက်လေ၏

"Hoshi))))))!!"

Shiroဟာ Hoshi၏ မျက်နှာအား ဖြတ်ရိုက်လိုက်၏

သန်မာသော အားအင်မဟုတ်သော်လည်း Hoshiဟာ နုနယ်ငယ်ရွယ်သူမို့ ချက်ချင်း တစ်ပတ်လည်ကာ ကြမ်းပြင်ပေါ် ဗိုင်းဗိုင်းလဲသွားသည်

Hoshiဟာ ပူပြီး ကျိန်းစပ်သွားသော နားစည်သံနှင့် ပါးပြင်ကို လက်ဖဝါးတို့ဖြင့် တုန်လှုပ်စွာ ကိုင်မိ၏

Hoshiဟာ အံ့သြတုန်လှုပ်စွာ Shiroအား ပြန်မော့ကြည့်သည်

မျက်ဝန်း၌ မျက်ရည်တို့ဟာ ပြည့်နေ၏

Shiroဟာ သူ၏ လက်တို့အား တစ်ဆက်ဆက် တုန်သည်အထိ ကျစ်နေအောင် ဆုပ်ထား၏

Umita အိမ်တော်ရင်းမှ လက်ထောက် အိမ်တော်မှုး  Naluဟာ ကြင်ယာတော်အား ရိုက်လိုက်ခြင်းကြောင့် အံ့သြတုန်လှုပ်စွာ ကြည့်နေသည်

Shiroဟာ Hoshiအား ပြောလိုက်၏

"..နောက်တစ်ခါ ထွက်ပြေးရင် ကြာပွတ်နဲ့ ရိုက်မယ်...!!"

Shiroဟာ အဝေးသို့ ထွက်ခွာသွားပြီး စားပွဲခုံကို မ ကာ လွှင့်ပစ်လိုက်သည်

ဝုန်း ဒိုင်းကြဲ ဆူညံနေသော အသံများနှင့်အတူ Hoshiဟာ ငိုကြွေးလို့နေ၏

×××××

"သခင်လေး.. နောက်တစ်ခါ ထွက်မပြေးပါနဲ့တော့... သခင်လေး ကိုယ်မှာ ဒဏ်ရာတွေ များနေပြီ~~"

Nunuဟာ Hoshiအား ရေချိုးပေးရင်း ရေစည်းအတွင်းမှ Hoshi၏ ထွက်ပြးရင်း ပွတ်တိုက်ချော်လဲ၍ ညိုမဲစွဲနေသော ပွန်းပဲဒဏ်ရာလေးများကို ကြည့်၍ ပြော၏

"ဒီအတိုင်းလေးပဲ သခင်ကြီးအနားမှာ နေလိုက်လို့မရဘူးလား~~ သခင်ကြီးက သခင်လေးကို ချစ်ပါတယ်"

Hoshiဟာ ထိုစကားအား နားမဝင်စွာ မျက်ရည်များဖြင့် မျက်နှာတစ်ဖက်သို့ လှည့်သွား၏

×××××

ညတွက်းပြီး အပြင်ကို အလည်ထွက်သွားကြသော လိင်လုပ်သား တစ်ထောင် အိမ်ပြန်ရောက်လာသည်

"ကျွန်တော်တို့ကို ဘာလို့ ချက်ချင်းကြီး ပြန်ခေါ်လာတာလဲ~~"

Manaဟာ သူ၏ ခြေတံသွယ်သွယ်လေးများကို ရထားလုံးအတွင်းရှိ ပြတင်းပေါက်ဘောင်လှမ်းတင်းရင်း အညောင်းဆန့်သည်

"arr~~~ ငါက အပြတ်လည်ဖို့ တွေးထားတာ မလည်ရတော့ဘူးပေါ့"

အဆောင်မှူးဟာ သူ၏ လက်အာက်ငယ်သားများကို ကြည့်ရင်း ရင်လေးစွာ ပြောလိုက်သည်

"အားလုံး အိမ်ပြန်ရောက်ရင် တိတ်တိတ်နေကြနော်... အိမ်တော်ထဲမှာ အခြေအနေမကောင်းဘူး~~"

မျက်လုံးလှလှလေးများနှင့် LaLaဟာ စိတ်ဝင်စားစွာ  ပြန်မေးသည်

"အယ်~~ ဘာလို့လဲ~~"

"တိတ်တိတ်နေဆို တိတ်တိတ်နေ~~!! အိမ်တော်မှာ Shouyuမျက်နှာစာတွေ ရောက်နေတယ်လေ~~ အိမ်တော်ကို အရှက်ရစေချင်လို့လား"

"... "

"နောက်ပြီး~~ အကုန်လုံး အဝတ်အစားနဲ့ အပြောအဆိုကို သတိထားနော်~~ အရင်လို ရှက်ပြာရှက်ပြာ လုပ်မနေကြနဲ့~~"

အဆောင်မှူး သက်ကြီး လိင်လုပ်သားအစေခံ Mukaဟာ ရထားလုံးပြတင်းမှ ခေါင်းလေးပြူ၍ ရထားလုံးမောင်းနှင်နေသော လုပ်သားသုံးကောင်အား လှမ်းအော်လိုက်၏

"နင်တို့ သုံးကောင်~ အသံတိတ်စမ်း~! လရောင်အောက်မှာ ပျော်နေရမယ့် အချိန်မဟုတ်ဘူး~ သေချင်လို့လား!!!"

ရထားလုံးခေါင်း၌ ရထားလုံးနှင်ရင်း ဘယ်ညာယိမ်း၍ အူမြူးနေသော လုပ်သားငယ်လေး သုံးယောက်၏ ပြိုင်တူသီချင်းဆိုနေသော အသံဟာ ချက်ချင်းတိတ်သွားသည်

××××

Yamaမင်းကြီးတစ်ယောက် နတ်ဆရာများနှင့်အတူ Aitaဝတ်ပြု၍ ကျိန်စာရွတ်ဆိုခဲ့သော နေရာသို့ ရောက်လာသည်

နတ်နန်းသခင်က ခေါင်းငြိမ့်ပြလိုက်သောအခါ သူငယ်လေးများဟာ နံရံပြင်ကြီးပေါ်ရှိ ပိတ်အဖြူစကြီးကို ခွာချလိုက်သည်

Yamaမင်းကြီးဟာ နံရံပေါ်ရှိ အဖြူရောင်မျဉ်းကြောင်းများကိုမြင်တွေ့ရသောအခါ ထိတ်လန့်သွားသည်

Defuloရဲ့ လောက စက်ဝန်းမြေပုံ---

Yamaမင်းကြီးဟာ နံရံပေါ်ရှိ ကလေးတစ်ဦး၏ ရေးခြစ်ထားသော မြေဖြူခဲအမှတ်အသားလေးများကို လက်ချောင်းများ ထိကိုင်ကြည့်၏

အနည်းငယ်ကြမ်းရှရှနဲ့ မသပ်မရပ်ဖြစ်နေသော မြေဖြူပြတ်တောက်ရာလေးများကို တွေ့ရလေသည်

"... အဲ့ဒါ သူ ဆွဲထားတာလား"

"ဟုတ်ပါတယ် မင်းကြီး... ကြည့်ရတာ Aitaက နံရံပေါ်က မြေပုံမျဉ်းတွေကို မြင်တွေ့ရတဲ့ပုံပါပဲ~~ ဟိုတစ်နေ့ညက ကျိန်စာရွတ်ရင်း မြေဖြူနဲ့ ပုံတူလိုက်ခြစ်နေတာတွေ့ပါတယ်"

ဘုရင်ဆိုသည် မိမိကိုယ်တိုင်တောင် မြင်တွေ့နိုင်ခြင်း မရှိသည့် ဤကျိန်စာနတ်နန်း၏ နံရံကြီးပေါ်မှ မြေပုံကားချပ်ကြီးကို Shouyuအိမ်တော်လေးမှ Aitaဟူသော မိမိ၏ သွေးမျိုးစိတ်လေးက မြင်တွေ့ရသည်တဲ့လား

Yamaဟာ Aita ရေးခြစ်ထားသော မြေဖြူမျဉ်းလေးများကို ကြည့်ရင်း ရေးရွတ်မိ၏

"အဲ့ဒါဆို သူက ဘုရင်ဖြစ်ဖို့ မွေးဖွားလာတာ မဟုတ်ဘူးပေါ့.. "

ဝမ်းနည်းရမှာလား...

ဝမ်းသာရမှာလား ဟု မတွေးမိသော်လည်း ထိုအကြောင်းကိစ္စကို သိလိုက်ရသည်နှင့် တပြိုင်နက် ရင်ထဲမှာ ဟာတာတာကြီးဖြစ်သည်

ဘုရင်တစ်ပါးအနေနဲ့ လောကအပေါ်ထားရှိသော မေတ္တာတရားတို့အရ လောကအတွက် ကြီးမြတ်သူတစ်ဦး ဆုံးရှုံးသွား၍ ဝမ်းနည်းမိခြင်းလား...

ဒါမှမဟုတ် ဘုရင်ဟူသော မိမိ၏ ဘုန်းတန်ခိုးကြောင့် ထိုကလေးအတွက် အခြားသော မကောင်းသည့် ခံစားချက်ကို ကြိုတင်ခံစားမိလို့များလား... ဟု Yama ဝေခွဲမရနိုင်ပါ

×××××

Aita အိပ်ယာမှနိုးသော် Siaဟာ Aita၏ အနားတွင်ရှိမနေပါ

ကုတင်နှင့် မနီးမဝေးနေရာရှိ မှန်ချပ်များကာရံထားသော အိပ်ဆောင်မျက်နှာစာဘေးနံရံမှ နေရောင်ခြည်များ ဖြာကျလို့နေသည်

Sia၏ အိပ်ဆောင်ကုတင် ရွှေရောင်လိုက်ကာစတို့ဟာ Aitaအနား၌ ဝင်းဝင်းတောက်လို့နေ၏

Aitaဟာ မျက်စိကျိန်းစပ်၍ ကုတင်ပေါ်မှဆင်းကာ အနားရှိ ပိုးရွှေချည်လိုက်ကာအား ဆွဲဖယ်လိုက်သည်

"ရှုပ်လိုက်တာ....."

Siaဟာ ဥယျာဉ်အတွင်းရှိ နွေဦးရောင်ခြည်အောက်၌ရှိသော ကန်ရေပြင်အတွင်းတွင် ဓားရေးလေ့ကျင့်နေသည်

Aitaဟာ စိတ်ဝင်စားစွာ လှမ်းကြည့်နေသည်

"Yam~~"

Aita၏ အစေခံပေါက်စလေးအား ပေစုတ်စုတ် ညစ်ပတ်ပတ် အသွင်ဖြင့် တွေ့ရသည်

Yamဟာ Siaနှင့်အတူ ဓားရေးလေ့ကျင့်နေသည်

ရေပြင်ပေါ်ရှိ သစ်သားကျွန်းပေါ်၌ ဓားတစ်ချောင်းဖြင့် ခုန်ပျံ၍ Siaအား ထိုးနှက်တုန့်ပြန်နေသော Yamလေးကို တွေ့ရသည်

ရေပြင်အလယ်၌ သစ်သားဖြင့်ပြုလုပ်ထားသော လေ့ကျင့်ရေး ရေကပြင်ဖြစ်၍ ဝေးဝေးလည်း ပြေးလွှားခုန်ပေါက်လို့မရနိုင်ပေ

ိုထို့အတူ Yamလေးဟာ ဆယ်နှစ်သားအထိ ရေမချိုးဘဲ ညစ်ညစ်ပတ်ပတ်နေရမည့် ညစ်ညမ်းသန္ဓေသားလေးဖြစ်သည်

အစားထိုး ထည့်သွင်းထားသော သန့်စင်သည့် ကျိန်စာစည်းများ Yamလေး၏ ကိုယ်ထဲတွင် ခိုင်မြဲနေသည့်အထိ Yamလေးအား ညစ်ညမ်းစွာနေစေခြင်းက ညစ်ညမ်းသန္ဓေသားဖြစ်သည့် Yamလေးကို အသက်ရှင်ကျန်းမာရန် ကောင်းကောင်း ထောက်ပံ့ပေးနိုင်သောကြောင့်ဖြစ်သည်

Aitaဟာ သူ၏ အစေခံလေးကို လွန်စွာချစ်မြတ်နိုးသောသူဖြစ်သည်

Aitaအား မြင်သောအခါ Yamဟာ ရေကပြင်ပေါ်မှ Aitaရှိရာသို့ လှမ်း၍ အရိုအသေပေးသည်

Siaဟာ Aitaအိပ်ယာ နိုးနေမှန်း သိလိုက်၏

×××××

တော်ဝင်အစေခံများ Aitaအား စာသင်ဆောင်သွားရန် ပြင်ဆင်ပေးနေကြသည်

Siaဟာ Aitaအား အကျီဝတ်ပေးနေတုန်း အခန်းထဲသို့ ဝင်လာ၏

Siaအားမြင်သောအခါ အထိန်းတော်နှင့် အစေခံတို့အား အပြင်သို့ ထွက်သွားကြသည်

Siaဟာ Aita၏ ဖိနပ်ပိတ်ကြိုးလေးအား ချည်ပေးသည်

စာသင်သားဝတ်စုံလေးအား သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် သူ၏ လက်ဖြင့်ထပ်မံ ပြင်ဆင်ပေး၏

Aitaဟာ Siaအား မေးသည်

"ညက ပြောသလို Siaနဲ့ အတူလာနေရင် ကျိန်စာကောင်ဆွဲတာ သင်ပေးမှာလား~~"

Siaဟာ Aitaအား ပြုံးပြသည်

"... အတူလာနေရင် သင်ပေးမယ်"

"အတူလာမနေရင်ရော..?"

"အတူတူ မရှိမှတော့ သင်ပေးလို့ရပါ့မလား~"

Aitaဟာ ရွှေနန်းဆောင်ကြီးအတွင်း၌ မနေချင်ပုံပင် ရှိနေ၏

Siaဟာ Aita မိမိနှင့် အတူမနေချင်မှန်း သိသည်

အဘယ်ကြောင့် ဆိုသော် ရွှေနန်းဆောင်ကြီးအတွင်း၌ ပျော်ရွှင်စရာလည်းမရှိသလို လွတ်လပ်မှုလည်း မရှိသောကြောင့် ဖြစ်သည်

ထို့နောက် Aitaဟာ စာသင်ဆောင်သို့ ထွက်ခွာသွား၏

×××××

"   "Aitaက သာမန်လူတွေ မမြင်အပ်တဲ့အရာတွေကို မြင်နိုင်တယ်ဆိုတော့ နတ်နန်းသခင် ဖြစ်လာဖို့ မွေးဖွားခဲ့တဲ့ပုံပါပဲ အရှင်မင်းကြီး... ဒါပေမယ့် သုံးမျိုးစပ် သန္ဓေသားမို့ သူက စာသင်သား နတ်သူငယ် ဖြစ်ခွင့်မရှိပါဘူး~~ အသားသန္ဓေနဲ့ သာမန်သန္ဓေသားသာလျှင် နတ်သူငယ်ဖြစ်ခွင့်ရှိတာပါ~~ အခြားသန္ဓေသားတွေက စိတ်နှလုံးထိန်းချုပ်နိုင်စွမ်း အားနည်းလို့ နတ်သူငယ်ဖြစ်ခွင့် မရှိပါဘူး~~"  "

နတ်နန်းသခင်တို့၏ စကားအား စိတ်ဝင်စားစွာ အတွေးများနေသော Yama မင်းကြီး

"အဲ့ဒါဆို သူက ဘာလဲ~~"

"သူ့ရဲ့ မွေးဖွားခြင်းက ရိုးရိုးသာမန် လောကသားအနေနဲ့ ရှင်သန်ဖို့ပဲလား"

Aitaကို မွေးတဲ့နေ့မှာ စန်းလ တာရာ နက္ခတ်တွေ ကောင်းကင်ယံမှာ ရှုပ်ထွေးနေခဲ့တဲ့ အချိန်မို့ သူ့ရဲ့သန္ဓေသား ဖန်တီးမှုက YamaToမှာ ရှုပ်ထွေးသွားခဲ့တာလား

သုံးမျိုးစပ် သန္ဓေသား...

Shouyu အိမ်တော်မှာ မွေးဖွားတဲ့ သုံးမျိုးစပ် သန္ဓေသားက အားကြီးတဲ့ မကောင်းဆိုးဝါးလိုပဲ

ထိန်းရခက်တယ်...

ဒါပေမယ့် ငါကိုယ်တော်ရဲ့ တော်ဝင်သွေးသားဖြစ်နေတာမို့ လစ်လျူရှုလို့ မဖြစ်ဘူး~

Yamaမင်းကြီးဟာ Aita၏ ကံကြမ္မာပေစာခန့်မှန်းချက်အရ တော်ဝင်ဘုရင်ဖြစ်လာနိုင်ခြင်း မရှိမှန်းသိလေသောအခါ စိတ်ပြောင်းလေပြန်၏

"အထိန်းတော်~"

"ဟုတ်ကဲ့... မင်းကြီး~"

"မနက်ဖြန် အမတ်တွေကို ခုံရုံးအစည်းအဝေးထိုင်ဖို့ စီစဉ်ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ မင်းကြီး~"

×××××

Continue.....

Zawgyi Code:

"ကြၽန္ေတာ္မ်ိဳးလို သန္႔စင္ျမင့္ျမတ္တဲ့လူက ဒီလိုအိမ္ေတာ္မ်ိဳးမွာ အိပ္စရာလား~"

Shiro၏ မ်က္နွာတည့္တည့္ကို ၾကည့္၍ ေၾကာက္လန္႔မႈကင္းစြာ အၿပံဳးျဖင့္ေျပာလိုက္ေသာ Pacilo၏ အေစခံမ်က္နွာစာ...

တစ္နည္းအားျဖင့္ Paciloမွအေစခံတို႔၏ ေခါင္းေဆာင္~

Shouyu အေစခံတစ္ဦး၏ ၾသဇာေညာင္းမႈတို႔က ဤမ်ွေလာက္ႀကီးလား

သို႔မဟုတ္... သူကပဲ ရဲရင့္လြန္းေနတာလား....

အဖိုးတန္ ရတနာနွင့္ လွပေသာ အဆင္တန္ဆာတို႔ကို ဆင္ျမန္းထားသူ Moshiဟာ Pacilo၏ မ်က္နွာစာ အေစခံျဖစ္သည္

SanTa အိမ္ေတာ္သည္ Shouyuအိမ္ေတာ္ တစ္ေသာင္းတြင္ အနိမ့္ဆံုးအိမ္ေတာ္ငယ္ျဖစ္သည္

YamaTo.. Pacilo... Norga တို႔သည္ ထိပ္တန္း အဆင့္အိမ္ေတာ္ႀကီး သံုးအိမ္ျဖစ္သည္

Umita သည္ Paciloထက္ ခုနွစ္ဆင့္နိမ့္သည္

ႀကီးျမတ္ေသာ အိမ္ေတာ္၏ ေရာင္ျပန္ဟပ္မႈေၾကာင့္ အေစခံသည္လည္း အရွိန္အဝါျမင့္ၾကသည္

အဘယ္ေၾကာင့္ဆိုေသာ္ အိမ္ေတာ္၏ တိုးတတ္မႈသည္ အေစခံေကာင္းမ်ား ရွိျခင္းေၾကာင့္ျဖစ္သည္

ထို႔အတူ Defuloသည္ ဥစၥာပစၥည္းကို အေျခခံ၍ တည္ေဆာက္ထားျခင္း မဟုတ္ဘဲ နွလံုးသားခ်င္း နီးစပ္မႈမ်ားကို အေၿခခံ တည္ေဆာက္ထားျခင္းျဖစ္သျဖင့္ အိမ္ေတာ္သခင္သည္ မိမိအေစခံအားလံုးကို ကာကြယ္မႈေပး၏

တစ္ပါးေသာ အိမ္ေတာ္အနိမ့္မွ လာေရာက္ေစာ္ကားထိခိုက္ျခင္းသည္ နယ္ေျမက်ဴးေက်ာ္ျခင္း ခံရသည္နွင့္တူ၏

ထို႔ေၾကာင့္ Paciloမွ မ်က္နွာစာအေစခံသည္ အိမ္ေတာ္၏ အရွိန္အဝါေၾကာင့္ အျခားေသာ အိမ္ေတာ္သခင္ကိုပင္ ဂရုမစိုက္ေပ....

"ကြၽန္ေတာ္မ်ိဳးရဲ႕ မ်ိဳးရိုးက ျမင့္ျမတ္သန္႔စင္တာမို႔.... ဒီလို ေနရာမ်ိဳးမွာ ေက်ာခ်ဖို႔ စိတ္ကူးမရွိပါဘူး.... "

Shiroဟာ Moshi၏ စကားအား လက္ခုပ္တီး၍ ဟက္ဟက္ပက္ပက္ ရယ္သည္

Moshiထိုင္ေနေသာ ေနရာသို႔ Shiroလမ္းေလ်ွာက္လာၿပီး ခံုေပၚလက္ေထာက္၍ ေျပာလိုက္၏

"ကြၽန္ေတာ္မ်ိဳးကလည္း ထင္ပါတယ္... Paciloကထက္ျမတ္တဲ့ မ်က္နွာစာအိမ္ေတာ္မွဴးက သူ႔သခင္လႊတ္ရင္ေတာင္ ဒီလိုေနရာကို လာမွာမဟုတ္ဘူးဆိုတာ..."

သခင္က လႊတ္လိုက္တာေတာင္ ညစ္ညမ္းေနေသာ အိမ္ေတာ္သို႔ မသြားနိုင္သည့္ မိမိ၏ မ်ိဳးရိုးသန္႔စင္မႈကို တန္ဖိုးထားတတ္ေသာ အေစခံ...

"ကြၽန္ေတာ္မ်ိဳးက Paciloမွာ ေမြးဖြားလာတဲ့ Pacilo-Moshiမို႔ အိမ္ေတာ္အတြက္ ကြၽန္ေတာ့္ရဲ႕အရာအားလံုးကို ေပးဆပ္ထားပါတယ္... အိမ္ေတာ္ရဲ႕ မ်က္နွာစာအေစခံအေနနဲ႔ ကိုယ့္ရဲ႕အရာအားလံုးကို ခ်ိဳ႕ယြင္းခ်က္မရွိေအာင္ ေစာင့္ထိန္းထားတာမို႔... Umita သခင္ႀကီးက နားလည္ေပးပါလို႔ ေတာင္းဆိုပါတယ္"

"ကံေကာင္းလိုက္တာ... Paciloမွာ ဒီလို ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ သစၥာေစာင့္သိတတ္တဲ့ အေစခံမ်ိဳးရွိေနတာ မနာလိုေတာင္ ျဖစ္မိတယ္~"

×××××

Shiro နံရံကို လက္သီးျဖင့္ ထိုးခ်လိုက္သည္

"ဒုန္း))))!"

ေက်ာက္သားနံရံဟာ အက္ကြဲသြားၿပီး လက္မွ အနီေရာင္ေသြးမ်ား စီးက်လာသည္

Defuloမွာ အနီေရာင္ေသြး သေနၶသားျဖစ္ရတာဟာ မိမိအတြက္ ကံဆိုးမႈတစ္ခုပင္

အနီေရာင္ေသြးျဖစ္ေနေသာေၾကာင့္ လူေတြနဲ႔ မေတြ႕ခ်င္ပဲ ေတြ႕ေနရျပန္သည္

မၿပံဳးခ်င္ဘဲ ၿပံဳးျပေနရျပန္သည္

ေသြးစက္မ်ားနွင့္အတူ Shiro၏ မ်က္နွာေပၚသို႔ ေဒါသမ်က္ရည္တို႔ စီးက်လာသည္

လိင္လုပ္သားေတြနဲ႔ လိင္ဆက္ဆံတာက အဲ့ေလာက္ေတာင္ ဆိုးဝါးလား...

သူတို႔ကို ရိုက္နွက္ေနတာမွ မဟုတ္တာ...

"သခင္ႀကီး~~ စိတ္ေလ်ာ့လိုက္ပါ~~ Paciloက အိမ္ေတာ္မႈးက ဘယ္ေလာက္ေတာင္ မာနႀကီးလဲဆိုတာ လူတိုင္းသိေနတာပဲကို...."

"တိတ္စမ္း))))))))... ငါ့ရဲ႕ ေနထိုင္မႈပံုစံကို ဘယ္သူမွ ဆံုးျဖတ္ခြင့္မရွိဘူး!!!!"

Shiro၏ နႈတ္ခမ္းတို႔သည္ ရွက္စိတ္ေၾကာင့္ အသာတို႔သည္ တစ္ဆက္ဆက္ တုန္ခါေန၏

အသက္ရႈနႈန္းမ်ားသည္ မ်ားစြာပင္ပန္းမိသည္

ေကာင္းကင္မွ ျဖာက်ေနေသာ လေရာင္အား ေငးေမာစြာ အခ်ိန္ၾကာၾကာ ရပ္ၾကည့္မိသည္

"ဟုတ္တယ္:::: ငါ့ရဲ႕ ကိုယ္ပိုင္ပံုစံအတြက္ ဘယ္သူကိုမွ အားနာေနစရာ မလိုဘူး::::"

ငါက ၾကည့္ရင္ေတာင္ ငါ့ကို ဘယ္သူကမွ ျပန္ၾကည့္မွာမွ မဟုတ္တာ:::::

ငါ့ကို ငါပဲၾကည့္ရမယ္::::::

×××××

Shiro၏ အိမ္ေတာ္သို႔ပို႔လိုက္သည့္ အေစခံမ်ား Umita အိမ္ေတာ္ရင္းသို႔ ညတြင္း ျပန္ေရာက္လာ၍ Shiro၏ ဖခင္နွစ္ဦး ထိတ္လန္႔သြားသည္

"သခင္ႀကီး... သခင္ေလးရဲ႕ အိမ္ေတာ္ကို ပို႔လိုက္တဲ့ အေစခံရထားလံုးေတြ အကုန္ျပန္ေရာက္လာပါတယ္"

"ဘာ!!!!"

"သခင္ေလးက ဧည့္သည္ေတြကို သူ႔အိမ္က အေစခံလိင္လုပ္သားေတြနဲ႔ ဧည့္ခံခိုင္းမလို႔ထင္ပါတယ္..."

အိမ္ေတာ္မႈး၏ အပူတျပင္းေလ်ွာက္တင္မႈေၾကာင့္ Umitaအိမ္ေတာ္သခင္ႀကီး Karouေဒါသထြက္သြားသည္

"ဒီေကာင္!!!!!! ျမင့္ျမတ္တဲ့ ၾကင္ယာေတာ္ မိတ္ဆက္ပြဲမွာ လိင္လုပ္သားေတြ တစ္ရုန္းရုန္းနဲ႔ ငါ့ကို မ်က္နွာပ်က္ေအာင္ လုပ္ေတာ့မယ္ ထင္တယ္"

ဖခင္ငယ္ Mikaဟာ တရႈံ႕ရႈံ႕ငိုေနသည္

Mikaဟာ Shiroေၾကာင့္ ခဏခဏ ငိုပြဲရဆင္ေလ့ရွိ၏

"သခင္ႀကီး.... ကေလးက ဘာျဖစ္လို႔လဲ မသိဘဲနဲ႔... ဟိုေန႔ကေတာင္ အေစခံေတြ လက္ခံၿပီး စကားေကာင္းေကာင္းနားေထာင္ေနတာကို:::::"

"တိတ္စမ္း!!!!!! အဲ့ေကာင္အတြက္ ငိုမေနနဲ႔!! သူမ်ားအိမ္ေတာ္က သားကိုလည္း ခြင့္ေတာင္းသဝဏ္လႊာမပို႔ဘဲ စာသင္ေဆာင္ကေန အိမ္ျပန္တဲ့လမ္းမွာ ဖမ္းေခၚသြားလို႔ ငါတို႔မွာ ေနာက္မွ ျပာကလူးခါၿပီး အျမင္တင့္တယ္ေအာင္ သားၾကင္ယာေတာ္ေလးကို လက္ေဆာင္ပ႑ာေတြနဲ႔ လ်ာထားခဲ့တဲ့ပံုလုပ္ရတယ္!!!! အခုလည္း ၾကင္ယာေတာ္မိတ္ဆက္ပြဲမွာ လိင္လုပ္သားေတြ တရုန္းရုန္းနဲ႔!!!!! ေတာထဲမွာ တစ္ေယာက္တည္း ပစ္ထားတာေတာင္ အမွတ္မရွိဘူး... အခုထိဆိုးတုန္း"

"သခင္ႀကီးကလည္း... ကေလးကို ေခ်ာ့ေျပာပါဦး.."

"ဘယ္လိုျဖစ္လို႔ ငိုေနတာတုန္း!!!!!!"

Umitaအိမ္ေတာ္၏ သားႀကီး Shokiဟာ ျပႆနာေကာင္ ညီငယ္ေလးထံသို႔ ျမင္းျဖင့္ေျပးေလ၏

"ေခြးသားေလး!! ငါထုဦးမယ္"

သားႀကီးေျပးထြက္သြားေသာအခါ ဖခင္ငယ္ UmiTa-Mika ေမ့လဲသြား၍ အိမ္ေတာ္သခင္ႀကီး ျပဴးျပာသြား၏

"Mika~~ သတိထားဦး!! Mika!!! ~~အဲ့ဒါေၾကာင့္ အရမ္းမငိုပါနဲ႔လို႔ ေျပာတာကို~~"

"ဒုကၡပါပဲ~~~ တစ္ေကာင္က ထြက္သြားျပန္ၿပီ~_ ရွိတဲ့သားနွစ္ေကာင္လံုးက တစ္ေကာင္က မူမမွန္သေနၶသား... တစ္ေကာင္က သံုးမ်ိဳးစပ္သေနၶသား!!!"

"သမားေတာ္ေခၚလိုက္စမ္း ျမန္ျမန္!!!!"

×××××

ၾကင္ယာေတာ္ SanTaသခင္ေလး Hoshi ထြက္ေျပးသျဖင့္ အိမ္ေတာ္ အေစာင့္တပ္သားတို႔က ျပန္လည္ဖမ္းေခၚလာေပးသည္

Shiroထံသို႔ Hoshiအား ပုခံုးေပၚထမ္း၍ ေခၚလာ၏

"arrrrrrr)))))) လႊတ္စမ္း... လႊတ္စမ္း!!!!!"

Hoshiအား Shiro၏ ေရွ႕သို႔ခ်ေပးကာ အျပင္သို႔ တံခါးပိတ္၍ ျပန္ထြက္သြားၾက၏

Hoshiဟာ ၾကမ္းျပင္ေပၚမွ ကုန္းရုန္းထ၍ အျပင္သို႔ ျပန္ထြက္ေျပးရန္ႀကိဳးစားသည္

Shiroဟာ Hoshi၏ လက္ေမာင္းအား ဖမ္းဆြဲ၍ သူ႔ဘက္သို႔ ေဆာင့္ဆြဲလိုက္သည္

"ar!!"

"မင္း ဘယ္လိုျဖစ္ေနတာလဲ~ အသားနာခ်င္လို႔လား!!"

Hoshiဟာ Shiroအား ေအာ္၍ ရိုက္နွက္ေလသည္

"arrrrr)))))) လႊတ္~~~ ခင္မ်ားႀကီးကို လက္မထပ္နိုင္ဘူး!!!!!"

"မင္း---"

Hoshiဟာ Shiroအား ထိန္းမနိုင္ သိမ္းမရ ေအာ္ဟစ္ရုန္းကန္ ရိုက္နွက္ေလ၏

"Hoshi))))))!!"

Shiroဟာ Hoshi၏ မ်က္နွာအား ျဖတ္ရိုက္လိုက္၏

သန္မာေသာ အားအင္မဟုတ္ေသာ္လည္း Hoshiဟာ ႏုနယ္ငယ္႐ြယ္သူမို႔ ခ်က္ခ်င္း တစ္ပတ္လည္ကာ ၾကမ္းျပင္ေပၚ ဗိုင္းဗိုင္းလဲသြားသည္

Hoshiဟာ ပူၿပီး က်ိန္းစပ္သြားေသာ နားစည္သံနွင့္ ပါးျပင္ကို လက္ဖဝါးတို႔ျဖင့္ တုန္လႈပ္စြာ ကိုင္မိ၏

Hoshiဟာ အံ့ၾသတုန္လႈပ္စြာ Shiroအား ျပန္ေမာ့ၾကည့္သည္

မ်က္ဝန္း၌ မ်က္ရည္တို႔ဟာ ျပည့္ေန၏

Shiroဟာ သူ၏ လက္တို႔အား တစ္ဆက္ဆက္ တုန္သည္အထိ က်စ္ေနေအာင္ ဆုပ္ထား၏

Umita အိမ္ေတာ္ရင္းမွ လက္ေထာက္ အိမ္ေတာ္မႈး  Naluဟာ ၾကင္ယာေတာ္အား ရိုက္လိုက္ျခင္းေၾကာင့္ အံ့ၾသတုန္လႈပ္စြာ ၾကည့္ေနသည္

Shiroဟာ Hoshiအား ေျပာလိုက္၏

"..ေနာက္တစ္ခါ ထြက္ေျပးရင္ ၾကာပြတ္နဲ႔ ရိုက္မယ္...!!"

Shiroဟာ အေဝးသို႔ ထြက္ခြာသြားၿပီး စားပြဲခံုကို မ ကာ လႊင့္ပစ္လိုက္သည္

ဝုန္း ဒိုင္းႀကဲ ဆူညံေနေသာ အသံမ်ားနွင့္အတူ Hoshiဟာ ငိုေႂကြးလို႔ေန၏

×××××

"သခင္ေလး.. ေနာက္တစ္ခါ ထြက္မေျပးပါနဲ႔ေတာ့... သခင္ေလး ကိုယ္မွာ ဒဏ္ရာေတြ မ်ားေနၿပီ~~"

Nunuဟာ Hoshiအား ေရခ်ိဳးေပးရင္း ေရစည္းအတြင္းမွ Hoshi၏ ထြက္ျပးရင္း ပြတ္တိုက္ေခ်ာ္လဲ၍ ညိဳမဲစြဲေနေသာ ပြန္းပဲဒဏ္ရာေလးမ်ားကို ၾကည့္၍ ေျပာ၏

"ဒီအတိုင္းေလးပဲ သခင္ႀကီးအနားမွာ ေနလိုက္လို႔မရဘူးလား~~ သခင္ႀကီးက သခင္ေလးကို ခ်စ္ပါတယ္"

Hoshiဟာ ထိုစကားအား နားမဝင္စြာ မ်က္ရည္မ်ားျဖင့္ မ်က္နွာတစ္ဖက္သို႔ လွည့္သြား၏

×××××

ညတြက္းၿပီး အျပင္ကို အလည္ထြက္သြားၾကေသာ လိင္လုပ္သား တစ္ေထာင္ အိမ္ျပန္ေရာက္လာသည္

"ကြၽန္ေတာ္တို႔ကို ဘာလို႔ ခ်က္ခ်င္းႀကီး ျပန္ေခၚလာတာလဲ~~"

Manaဟာ သူ၏ ေျခတံသြယ္သြယ္ေလးမ်ားကို ရထားလံုးအတြင္းရွိ ျပတင္းေပါက္ေဘာင္လွမ္းတင္းရင္း အေညာင္းဆန္႔သည္

"arr~~~ ငါက အျပတ္လည္ဖို႔ ေတြးထားတာ မလည္ရေတာ့ဘူးေပါ့"

အေဆာင္မွဴးဟာ သူ၏ လက္အာက္ငယ္သားမ်ားကို ၾကည့္ရင္း ရင္ေလးစြာ ေျပာလိုက္သည္

"အားလံုး အိမ္ျပန္ေရာက္ရင္ တိတ္တိတ္ေနၾကေနာ္... အိမ္ေတာ္ထဲမွာ အေျခအေနမေကာင္းဘူး~~"

မ်က္လံုးလွလွေလးမ်ားနွင့္ LaLaဟာ စိတ္ဝင္စားစြာ  ျပန္ေမးသည္

"အယ္~~ ဘာလို႔လဲ~~"

"တိတ္တိတ္ေနဆို တိတ္တိတ္ေန~~!! အိမ္ေတာ္မွာ Shouyuမ်က္နွာစာေတြ ေရာက္ေနတယ္ေလ~~ အိမ္ေတာ္ကို အရွက္ရေစခ်င္လို႔လား"

"... "

"ေနာက္ၿပီး~~ အကုန္လံုး အဝတ္အစားနဲ႔ အေျပာအဆိုကို သတိထားေနာ္~~ အရင္လို ရွက္ျပာရွက္ျပာ လုပ္မေနၾကနဲ႔~~"

အေဆာင္မွဴး သက္ႀကီး လိင္လုပ္သားအေစခံ Mukaဟာ ရထားလံုးျပတင္းမွ ေခါင္းေလးျပဴ၍ ရထားလံုးေမာင္းနွင္ေနေသာ လုပ္သားသံုးေကာင္အား လွမ္းေအာ္လိုက္၏

"နင္တို႔ သံုးေကာင္~ အသံတိတ္စမ္း~! လေရာင္ေအာက္မွာ ေပ်ာ္ေနရမယ့္ အခ်ိန္မဟုတ္ဘူး~ ေသခ်င္လို႔လား!!!"

ရထားလံုးေခါင္း၌ ရထားလံုးနွင္ရင္း ဘယ္ညာယိမ္း၍ အူျမဴးေနေသာ လုပ္သားငယ္ေလး သံုးေယာက္၏ ၿပိဳင္တူသီခ်င္းဆိုေနေသာ အသံဟာ ခ်က္ခ်င္းတိတ္သြားသည္

××××

Yamaမင္းႀကီးတစ္ေယာက္ နတ္ဆရာမ်ားနွင့္အတူ Aitaဝတ္ျပဳ၍ က်ိန္စာ႐ြတ္ဆိုခဲ့ေသာ ေနရာသို႔ ေရာက္လာသည္

နတ္နန္းသခင္က ေခါင္းၿငိမ့္ျပလိုက္ေသာအခါ သူငယ္ေလးမ်ားဟာ နံရံျပင္ႀကီးေပၚရွိ ပိတ္အျဖဴစႀကီးကို ခြာခ်လိုက္သည္

Yamaမင္းႀကီးဟာ နံရံေပၚရွိ အျဖဴေရာင္မ်ဥ္းေၾကာင္းမ်ားကိုျမင္ေတြ႕ရေသာအခါ ထိတ္လန္႔သြားသည္

Defuloရဲ႕ ေလာက စက္ဝန္းေျမပံု---

Yamaမင္းႀကီးဟာ နံရံေပၚရွိ ကေလးတစ္ဦး၏ ေရးျခစ္ထားေသာ ေျမျဖဴခဲအမွတ္အသားေလးမ်ားကို လက္္ေခ်ာင္းမ်ား ထိကိုင္ၾကည့္၏

အနည္းငယ္ၾကမ္းရွရွနဲ႔ မသပ္မရပ္ျဖစ္ေနေသာ ေျမျဖဴျပတ္ေတာက္ရာေလးမ်ားကို ေတြ႕ရေလသည္

"... အဲ့ဒါ သူ ဆြဲထားတာလား"

"ဟုတ္ပါတယ္ မင္းႀကီး... ၾကည့္ရတာ Aitaက နံရံေပၚက ေျမပံုမ်ဥ္းေတြကို ျမင္ေတြ႕ရတဲ့ပံုပါပဲ~~ ဟိုတစ္ေန႔ညက က်ိန္စာ႐ြတ္ရင္း ေျမျဖဴနဲ႔ ပံုတူလိုက္ျခစ္ေနတာေတြ႕ပါတယ္"

ဘုရင္ဆိုသည္ မိမိကိုယ္တိုင္ေတာင္ ျမင္ေတြ႕နိုင္ျခင္း မရွိသည့္ ဤက်ိန္စာနတ္နန္း၏ နံရံႀကီးေပၚမွ ေျမပံုကားခ်ပ္ႀကီးကို Shouyuအိမ္ေတာ္ေလးမွ Aitaဟူေသာ မိမိ၏ ေသြးမ်ိဳးစိတ္ေလးက ျမင္ေတြ႕ရသည္တဲ့လား

Yamaဟာ Aita ေရးျခစ္ထားေသာ ေျမျဖဴမ်ဥ္းေလးမ်ားကို ၾကည့္ရင္း ေရး႐ြတ္မိ၏

"အဲ့ဒါဆို သူက ဘုရင္ျဖစ္ဖို႔ ေမြးဖြားလာတာ မဟုတ္ဘူးေပါ့.. "

ဝမ္းနည္းရမွာလား...

ဝမ္းသာရမွာလား ဟု မေတြးမိေသာ္လည္း ထိုအေၾကာင္းကိစၥကို သိလိုက္ရသည္နွင့္ တၿပိဳင္နက္ ရင္ထဲမွာ ဟာတာတာႀကီးျဖစ္သည္

ဘုရင္တစ္ပါးအေနနဲ႔ ေလာကအေပၚထားရွိေသာ ေမတၲာတရားတို႔အရ ေလာကအတြက္ ႀကီးျမတ္သူတစ္ဦး ဆံုးရႈံးသြား၍ ဝမ္းနည္းမိျခင္းလား...

ဒါမွမဟုတ္ ဘုရင္ဟူေသာ မိမိ၏ ဘုန္းတန္ခိုးေၾကာင့္ ထိုကေလးအတြက္ အျခားေသာ မေကာင္းသည့္ ခံစားခ်က္ကို ႀကိဳတင္ခံစားမိလို႔မ်ားလား... ဟု Yama ေဝခြဲမရနိုင္ပါ

×××××

Aita အိပ္ယာမွနိုးေသာ္ Siaဟာ Aita၏ အနားတြင္ရွိမေနပါ

ကုတင္နွင့္ မနီးမေဝးေနရာရွိ မွန္ခ်ပ္မ်ားကာရံထားေသာ အိပ္ေဆာင္မ်က္နွာစာေဘးနံရံမွ ေနေရာင္ျခည္မ်ား ျဖာက်လို႔ေနသည္

Sia၏ အိပ္ေဆာင္ကုတင္ ေ႐ႊေရာင္လိုက္ကာစတို႔ဟာ Aitaအနား၌ ဝင္းဝင္းေတာက္လို႔ေန၏

Aitaဟာ မ်က္စိက်ိန္းစပ္၍ ကုတင္ေပၚမွဆင္းကာ အနားရွိ ပိုးေ႐ႊခ်ည္လိုက္ကာအား ဆြဲဖယ္လိုက္သည္

"ရႈပ္လိုက္တာ....."

Siaဟာ ဥယ်ာဥ္အတြင္းရွိ ေႏြဦးေရာင္ျခည္ေအာက္၌ရွိေသာ ကန္ေရျပင္အတြင္းတြင္ ဓားေရးေလ့က်င့္ေနသည္

Aitaဟာ စိတ္ဝင္စားစြာ လွမ္းၾကည့္ေနသည္

"Yam~~"

Aita၏ အေစခံေပါက္စေလးအား ေပစုတ္စုတ္ ညစ္ပတ္ပတ္ အသြင္ျဖင့္ ေတြ႕ရသည္

Yamဟာ Siaနွင့္အတူ ဓားေရးေလ့က်င့္ေနသည္

ေရျပင္ေပၚရွိ သစ္သားကြၽန္းေပၚ၌ ဓားတစ္ေခ်ာင္းျဖင့္ ခုန္ပ်ံ၍ Siaအား ထိုးနွက္တုန္႔ျပန္ေနေသာ Yamေလးကို ေတြ႕ရသည္

ေရျပင္အလယ္၌ သစ္သားျဖင့္ျပဳလုပ္ထားေသာ ေလ့က်င့္ေရး ေရကျပင္ျဖစ္၍ ေဝးေဝးလည္း ေျပးလႊားခုန္ေပါက္လို႔မရနိုင္ေပ

ိုထို႔အတူ Yamေလးဟာ ဆယ္နွစ္သားအထိ ေရမခ်ိဳးဘဲ ညစ္ညစ္ပတ္ပတ္ေနရမည့္ ညစ္ညမ္းသေနၶသားေလးျဖစ္သည္

အစားထိုး ထည့္သြင္းထားေသာ သန္႔စင္သည့္ က်ိန္စာစည္းမ်ား Yamေလး၏ ကိုယ္ထဲတြင္ ခိုင္ၿမဲေနသည့္အထိ Yamေလးအား ညစ္ညမ္းစြာေနေစျခင္းက ညစ္ညမ္းသေနၶသားျဖစ္သည့္ Yamေလးကို အသက္ရွင္က်န္းမာရန္ ေကာင္းေကာင္း ေထာက္ပံ့ေပးနိုင္ေသာေၾကာင့္ျဖစ္သည္

Aitaဟာ သူ၏ အေစခံေလးကို လြန္စြာခ်စ္ျမတ္နိုးေသာသူျဖစ္သည္

Aitaအား ျမင္ေသာအခါ Yamဟာ ေရကျပင္ေပၚမွ Aitaရွိရာသို႔ လွမ္း၍ အရိုအေသေပးသည္

Siaဟာ Aitaအိပ္ယာ နိုးေနမွန္း သိလိုက္၏

×××××

ေတာ္ဝင္အေစခံမ်ား Aitaအား စာသင္ေဆာင္သြားရန္ ျပင္ဆင္ေပးေနၾကသည္

Siaဟာ Aitaအား အက်ီဝတ္ေပးေနတုန္း အခန္းထဲသို႔ ဝင္လာ၏

Siaအားျမင္ေသာအခါ အထိန္းေတာ္နွင့္ အေစခံတို႔အား အျပင္သို႔ ထြက္သြားၾကသည္

Siaဟာ Aita၏ ဖိနပ္ပိတ္ႀကိဳးေလးအား ခ်ည္ေပးသည္

စာသင္သားဝတ္စံုေလးအား သပ္သပ္ရပ္ရပ္ေလး ျဖစ္ေအာင္ သူ၏ လက္ျဖင့္ထပ္မံ ျပင္ဆင္ေပး၏

Aitaဟာ Siaအား ေမးသည္

"ညက ေျပာသလို Siaနဲ႔ အတူလာေနရင္ က်ိန္စာေကာင္ဆြဲတာ သင္ေပးမွာလား~~"

Siaဟာ Aitaအား ၿပံဳးျပသည္

"... အတူလာေနရင္ သင္ေပးမယ္"

"အတူလာမေနရင္ေရာ..?"

"အတူတူ မရွိမွေတာ့ သင္ေပးလို႔ရပါ့မလား~"

Aitaဟာ ေ႐ႊနန္းေဆာင္ႀကီးအတြင္း၌ မေနခ်င္ပံုပင္ ရွိေန၏

Siaဟာ Aita မိမိနွင့္ အတူမေနခ်င္မွန္း သိသည္

အဘယ္ေၾကာင့္ ဆိုေသာ္ ေ႐ႊနန္းေဆာင္ႀကီးအတြင္း၌ ေပ်ာ္႐ႊင္စရာလည္းမရွိသလို လြတ္လပ္မႈလည္း မရွိေသာေၾကာင့္ ျဖစ္သည္

ထို႔ေနာက္ Aitaဟာ စာသင္ေဆာင္သို႔ ထြက္ခြာသြား၏

×××××

"   "Aitaက သာမန္လူေတြ မျမင္အပ္တဲ့အရာေတြကို ျမင္နိုင္တယ္ဆိုေတာ့ နတ္နန္းသခင္ ျဖစ္လာဖို႔ ေမြးဖြားခဲ့တဲ့ပံုပါပဲ အရွင္မင္းႀကီး... ဒါေပမယ့္ သံုးမ်ိဳးစပ္ သေနၶသားမို႔ သူက စာသင္သား နတ္သူငယ္ ျဖစ္ခြင့္မရွိပါဘူး~~ အသားသေနၶနဲ႔ သာမန္သေနၶသားသာလ်ွင္ နတ္သူငယ္ျဖစ္ခြင့္ရွိတာပါ~~ အျခားသေနၶသားေတြက စိတ္နွလံုးထိန္းခ်ဳပ္နိုင္စြမ္း အားနည္းလို႔ နတ္သူငယ္ျဖစ္ခြင့္ မရွိပါဘူး~~"  "

နတ္နန္းသခင္တို႔၏ စကားအား စိတ္ဝင္စားစြာ အေတြးမ်ားေနေသာ Yama မင္းႀကီး

"အဲ့ဒါဆို သူက ဘာလဲ~~"

"သူ႔ရဲ႕ ေမြးဖြားျခင္းက ရိုးရိုးသာမန္ ေလာကသားအေနနဲ႔ ရွင္သန္ဖို႔ပဲလား"

Aitaကို ေမြးတဲ့ေန႔မွာ စန္းလ တာရာ နကၡတ္ေတြ ေကာင္းကင္ယံမွာ ရႈပ္ေထြးေနခဲ့တဲ့ အခ်ိန္မို႔ သူ႔ရဲ႕သေနၶသား ဖန္တီးမႈက YamaToမွာ ရႈပ္ေထြးသြားခဲ့တာလား

သံုးမ်ိဳးစပ္ သေနၶသား...

Shouyu အိမ္ေတာ္မွာ ေမြးဖြားတဲ့ သံုးမ်ိဳးစပ္ သေနၶသားက အားႀကီးတဲ့ မေကာင္းဆိုးဝါးလိုပဲ

ထိန္းရခက္တယ္...

ဒါေပမယ့္ ငါကိုယ္ေတာ္ရဲ႕ ေတာ္ဝင္ေသြးသားျဖစ္ေနတာမို႔ လစ္လ်ဴရႈလို႔ မျဖစ္ဘူး~

Yamaမင္းႀကီးဟာ Aita၏ ကံၾကမၼာေပစာခန္႔မွန္းခ်က္အရ ေတာ္ဝင္ဘုရင္ျဖစ္လာနိုင္ျခင္း မရွိမွန္းသိေလေသာအခါ စိတ္ေျပာင္းေလျပန္၏

"အထိန္းေတာ္~"

"ဟုတ္ကဲ့... မင္းႀကီး~"

"မနက္ျဖန္ အမတ္ေတြကို ခံုရံုးအစည္းအေဝးထိုင္ဖို႔ စီစဥ္ခိုင္းလိုက္"

"ဟုတ္ကဲ့ပါ မင္းႀကီး~"

×××××

Continue.....

© GOD OF DEFULO,
книга «King Sia».
Коментарі