Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-2
Zawgyi


ေန့ရက္ တစ္ခုအတြင္း၌ ရာသီဥတု သံုးမ်ိဳးရိွေသာ Defulo၏ ေနေရာင္ထြန္းလင္းေသာ ေန့ရက္တို႔၏ ပထမဆံုးအခ်ိန္ ယေန့ မနက္ပိုင္း ေနြဦးရာသီ အခ်ိန္၌ မင္းသားငယ္ေလး၏ အိမ္ေရ႔ွစံဘြဲ႔ ခံယူသၫ့္ အခန္းအနားရိွသည္

ေတာင္ေပၚနတ္နန္း၌ ငါးႏွစ္အရြယ္ မင္းသားငယ္ေလး၏ အိမ္ေရ႔ွစံတို႔ႏွင့္ သက္ဆိုင္ေသာ က်ိန္စာရြတ္ဆိုပြဲရိွေသာေၾကာင့္ ေတာင္ေျခရင္း၌ လူအမ်ား ႀကိတ္ႀကိတ္တိုးေနၾကသည္

လူအမ်ားဟာ တီးတိုးေျပာဆိုေနၾကသည္

"မင္းသားက ဘာလို႔ငယ္ငယ္ေလးနဲ႔ အိမ္ေရ႔ွစံဘြဲ႔ခံယူရတာလဲ~~"

"ငယ္ငယ္ေလးနဲ႔ က်ိန္စာရြတ္ရတာ အဆင္ေျပပါ့မလား~~"

"စာေတာင္ ဖတ္တတ္ေသးရဲ့လား~~"

"အိမ္ေရ႔ွစံတစ္ေယာက္ရဲ့ က်ိန္စာစည္းေတြက အျမင့္ဆံုးစည္းမ်ဉ္းေတြပဲ~ ကေလးက ေစာင့္ထိန္းႏိုင္ပါ့မလား မသိဘဲနဲ႔~~"

"ဘုရင္ႀကီးက သားတစ္ေယာက္ပဲ ေမြးတာမို႔ ေစာေစာစီးစီး အိမ္ေရ႔ွစံဘြဲ႔ ယူခိုင္းလိုက္တာေနမယ္"

"ကေလးက ငယ္ေသးေတာ့ ပံုသြင္းရတာလည္း လြယ္တယ္ေလ~~ မခက္ခဲေလာက္ပါဘူး"

"က်ိန္စာကို ပါးစပ္က တိုင္ေပးၿပီး ရြတ္ခိုင္းလိမ့္မယ္ထင္တယ္"

"အရမ္းမလြန္ဘူးလား~~ သူက ကေလးပဲရိွေသးတယ္ေလ~"

"မင္းႀကီးက Siaမင္းသားေလးကို နန္းအပ္ၿပီး သူ႔ရဲၾကင္ယာေတာ္ေနာက္ကို အျမန္လိုက္ခ်င္ေနတဲ့ပံုပဲ"

"အိုးးး!!! မျဖစ္ႏိုင္တာ~~ ေၾကာက္စရာစကားေတြ မေျပာစမ္းပါနဲ႔~~!"

ထိုစဉ္ ခရာမႈတ္သံႀကီးတစ္ခု ျပန႔္လြင့္လာသည္

"ဟာ... မင္းသား လာေတာ့မယ္ ဟိုမွာ ျမင္ေနရၿပီ အရိုအေသေပး~~"

ဘုရင္ႀကီးSiaYama၏ ခန္းနားေသာ ပတၲျမားရတာနာ ေဝါယာဉ္ႀကီး အနီးသို႔ ေရာက္လာခါနီးေသာအခါ အနီေရာင္စစ္သည္ကြၽန္တစ္ေထာင္၏ ေျခသံႏွင့္ အနီေရာင္ျမင္းတပ္တို႔၏ ျမင္းခြာသံမ်ားကလည္း ညီညာဆူေဝေန၏

Maku ဟိုေခ်ာင္း ဒီေခ်ာင္းျဖင့္ လူအမ်ားၾကားတိုးကာ ေျမျပင္၌ ဝပ္ေနရင္း ေခါင္းေလးေထာင္ ၾကၫ့္လိုက္သည္

ငါးႏွစ္သား မင္းသားေလး Siaဟာ ေဝါယာဉ္ ျပတင္းေပါက္မွ အျပင္လူမ်ားကို ေခါင္းေလးျပဴျပီး ေခ်ာင္းၾကၫ့္၏

အနီေရာင္ စစ္သည္မ်ားသည္ ေတာင္တတ္လမ္း၌ အနီေရာင္နဂါးႀကီး ေရြ့သြားသလိုပင္ ထင္ရ၏

ထိုအေနာက္ Shouyu အိမ္ေတာ္ႀကီး မ်ိဳးႏြယ္မ်ား၏ ေရႊဝါေရာင္ ေဝါယာဉ္ႀကီးမ်ားဟာ စီတန္း၍ လိုက္လာသည္

ေဝါယာဉ္တစ္ခုကို လူ အေယာက္ ေလးဆယ္ မရသည္

ကိုယ္ပိုင္ ဆင္တပ္ ျမင္းတပ္ ေျခလ်င္တပ္မ်ားႏွင့္ အေစခံမ်ားကလည္း ဝန္းရံထားေသးသည္

ShouYu အိမ္ေတာ္မ်ား၏ ေဝါယာဉ္ေတြ မ်ားျပားလြန္းသျဖင့္ ေတာင္တစ္ခုလံုး ေရႊေရာင္နဂါးႀကီးအုပ္စိုးသြားသလိုပင္ ထင္ရသည္

Defuloေတာင္တန္းေျမၾကီးဟာ ေရႊေရာင္ေတြ ဖ်က္ဖ်က္လင္းသြားသည္

Makuဟာ လွမ္းၾကၫ့္ရင္း စိတ္ပ်က္စြာ ေရရြတ္လိုက္၏

"အနီေရာင္နဂါးထက္ ေရႊေရာင္နဂါးေတြက အဆေပါင္းမ်ားစြာ ႀကီးထြားေနတာပဲ~~~"

ထိုစဉ္ အနားရိွ လူတစ္ေယာက္က ေျပာသည္

"အဲ့ဒါေတာင္ YamaToက ကြၽန္စစ္သည္ေတြ မပါ လာလို႔ ပါလာရင္ ေတာင္ေျမေတာင္ဆန႔္မွာ မဟုတ္ဘူး~~"

YamaTo Shouyuအိမ္ေတာ္ဆိုသည္မွာ စစ္တပ္ပိုင္ဆိုင္မႈအမ်ားဆံုးႏွင့္ ဂုဏ္သေရႀကီး ရတနာအိမ္ျဖစ္သည္

Maku အံ့အားသင့္စြာ ခပ္တိုးတိုး ျပန္ေမးလိုက္သည္

"သူတို႔က ဘာလို႔မလာတာလဲ~~!!"
"အျပစ္သင့္မွာ မေၾကာက္ဘူးလား!!"
"Shouyu အိမ္ေတာ္ႀကီးျဖစ္ၿပီး အိမ္ေရ႔ွစံရဲ့ အခန္းအနားကို မလာဘူးေပါ့!!!"

"သူတို႔ အိမ္ေတာ္မွာ ဒီေန့ ၾကင္ယာေတာ္ရဲ့ ေသြးသႏၶေ ေမြးဖြားသန႔္စင္မွာမို႔ မလာႏိုင္ဘူးေလ~~ ၾကင္ယာေတာ္က ဒီေန့မွ ဓာတ္ခြဲခန္းက ထြက္ရမွာ"

×××××

Shouyu အိမ္ေတာ္မ်ား၏ အေစာင့္စစ္သည္ကြၽန္မ်ားႏွင့္ ေတာ္ဝင္စစ္သည္ကြၽန္မ်ားသည္ Defulo ေတာင္ကမ္းပါးအထက္ရိွ နတ္နန္းအား ဝန္းရံကာ ကာကြယ္ေစာင့္ေရွာက္ေပးထား၏

ေတာ္ဝင္မိသားစုအေပၚ ၄င္းတို႔၏ သစၥာရိွမႈကို ျပသခ်င္တာလည္းပါဝင္သလို ႂကြယ္ဝခ်မ္းသာမႈကိုလည္း ျပသခ်င္သၫ့္ သေဘာလည္းရိွသည္

စစ္သည္ကြၽန္တပ္မ ပိုင္ဆိုင္ေသာ Shouyu အိမ္ေတာ္လည္းရိွသလို လံုးဝမပိုင္ဆိုင္ေသာ အိမ္ေတာ္လည္းရိွသည္

စစ္တပ္ျရိွခင္းက အိမ္ေတာ္၏သြင္ျပင္ ဂုဏ္သေရ ခန္းနားမႈပိုမိုရိွေစ၏

သို႔ေသာ္လည္း ထိပ္တန္းအိမ္ေတာ္တစ္ခုျဖစ္သၫ့္ Pacilo Shouyuအိမ္ေတာ္ကေတာ့ စစ္သည္ကြၽန္တပ္မ လံုးဝမရိွေပ

စစ္တပ္ပိုင္ဆိုင္သၫ့္ အိမ္ေတာ္မ်ားတြင္ YamaToအိမ္ေတာ္က အမ်ားဆံုးျဖစ္သည္

တပ္မငါးေထာင္အထိရိွၿပီး တစ္ဝက္ကို ေတာ္ဝင္မိသားစုအား ေထာက္ပံ့မႈအေနနဲ႔ ေပးအပ္ထား၏

အိမ္ေတာ္ႀကီးမ်ားတြင္ အေထာက္အပံ့အေပးႏိုင္ဆံုး အိမ္ေတာ္က ထိပ္တန္းအိမ္ေတာ္ဂုဏ္ကို အစြဲရသည္

Pacilo အိမ္ေတာ္က စီးပြားေရးအရ အေထာက္အပံ့ျမင့္မားသလို Yamato အိမ္ေတာ္က စစ္ေရးအေထာက္အပံ့ ပိုမိုျမင့္မားသည္

ထို႔ေၾကာင့္ ထိုအိမ္ေတာ္ ႏွစ္ခုယွဉ္ေသာ္ စစ္ေရးျဖင့္ အသာစီးရကာ YamaToက ဦးေဆာင္၏

ထို႔အတူ YamaTo အိမ္ေတာ္သည္ အျခားသူမ်ားႏွင့္ ပူးပူးတြဲတြဲလံုးဝမရိွဘဲ မာနႀကီးစြာ သီးျခားရပ္တည္ေသာ အိမ္ေတာ္ျဖစ္သည္

ေတာ္ဝင္မ်ိဳးႏြယ္ကလြဲ၍ မည္သၫ့္အိမ္ေတာ္ကိုမ်ွ ရိုေသမႈပင္ မေပးတတ္ေသာ အေျခအျမစ္ႀကီးသၫ့္ တစ္ခုတည္းေသာ အိမ္ေတာ္ႀကီးမ်ိဳးရိုးျဖစ္၏

×××××

နတ္နန္းေျမအတြင္း၌ အိမ္ေတာ္ႀကီးမ်ိဳးရိုးမ်ား သီးသန႔္နားေနသၫ့္ အေဆာင္ဘံုေက်ာင္းဆိုတာ ရိွသည္

ထိုဘံုေက်ာင္းအား ေတာ္ဝင္မိသားစုအတြက္ ShinYaအိမ္ေတာ္က သီးသန႔္ေဆာင္လုပ္ေပးထားျခင္း ျဖစ္သည္

သို႔ေသာ္လည္း Shouyu အိမ္ေတာ္မ်ားဟာ ဝတ္ျပဳျပီးလ်ွင္ ထိုဘံုေက်ာင္းႀကီး၌ အခ်င္းခ်င္းေတြ့ဆံု စကားစျမည္ဆိုၾကကာ မိတ္ဖြဲ႔ေလ့ရိွၾကသည္

တစ္ခ်ိဳ႕ကလည္း အိမ္ေတာ္ႀကီးအခ်င္းခ်င္း အခါသင့္လ်ွင္ သားေတာ္ သခင္ေလးမ်ားကို တစ္ခါတည္း ရင္းႏွီးေအာင္ အမ်ိဳးစပ္ေပးၾက၏

ထို႔ေၾကာင့္ အိမ္ေရ႔ွစံ ဘိသိတ္ပြဲအား Shouyu အိမ္ေတာ္ႀကီးမ်ား၏ ေဆြမ်ိဳးစပ္သၫ့္ပြဲဟုလည္း ေလွာင္ေျပာင္ၾကသည္

ေခ်ာေခ်ာလွလွ အရြယ္မေရာက္တစ္ေရာက္ ကေလးငယ္ေလးမ်ားအား အစြမ္းကုန္ျပင္ဆင္ေပးၿပီး ေခၚေဆာင္လာကာ အိမ္ေတာ္၏ အင္အားဓနကို ထုတ္ေဖာ္ ျပသရင္း ေမြးထားေသာ သားမ်ားကို စင္တင္ဖို႔ရာ ႀကိဳးစားၾက၏

အခန႔္မသင့္လ်ွင္ အိမ္ေရ႔ွစံမင္းသား၏ သေဘာက်ႏွစ္ၿခိဳက္မႈကိုေတာင္ ရႏိုင္ၿပီး ေတာ္ဝင္မိသားစုဝင္ျဖစ္ႏိုင္သည္

ဘံုေက်ာင္းသည္ စက္ဝိုင္းႀကီးပံုရိွၿပီး ေကာင္းမြန္ေသာ ေနရာထိုင္ခင္းႏွင့္ ကန္ေရျပင္ ေတာရိပ္ေတာေတာင္ အစရိွသည္တို႔ကို စနစ္တက်စီရင္ထားသည္

အိမ္ေတာ္ႀကီးမ်ားမွ ခ်စ္စရာေကာင္းေသာ သခင္ေလးမ်ားျဖင့္ ေဝစီကာ ပိုမိုလွပတင့္တယ္ေန၏

××××

ငါးႏွစ္သားမင္းသားငယ္ေလးအား မင္းႀကီးSiaYama က ႀကီးက်ယ္ခန္းနားေသာ နတ္နန္းအတြင္းသို႔ လက္ဆြဲ၍ ေခၚေဆာင္လာရဲ့သည္

နတ္နန္းအတြင္းသို႔ ဝင္သၫ့္ ေလ်ွာက္လမ္းအဝ၌ Shouyu မ်ိဳးဆက္ငယ္မ်ားက တန္းစီကာ ေျမျပင္၌ဝပ္တြား၍ အရိုအေသေပးေနသည္

မင္းသားငယ္၏ က်ိန္စာရြတ္ဆိုရာ အခန္းတြင္းသို႔ ခံုရံုးအမတ္ႀကီး 60 အမတ္ငယ္ 60 က ရိုေသစြာ အေနာက္မွ စီတန္း၍ လိုက္ပါသြားၾကသည္

Siaဟာ မင္းႀကီးYama၏ လက္ကိုဆြဲ၍ က်ိန္စာရြတ္ဆိုရသၫ့္ အခန္းႀကီးေရ႔ွတြင္ မတ္တပ္ရပ္လိုက္၏

အေနွာက္အယွက္ ညစ္ညမ္းသားေကာင္မ်ား၏ရန္မွ ကာကြယ္ထားေသာ က်ိန္စာဘံုတံခါး ခုႏွစ္ထပ္သည္ တစ္က်ီက်ီေအာ္ျမည္ကာ တစ္ဆင့္ဆီ ျဖည္းညင္းစြာ ပြင့္ဟလာသည္

အတြင္း၌ ေမွာင္မိုက္ေနၿပီး တံခါးမ်ားသည္ အနီေရာင္အဆင္းရိွသည္

အရြယ္အစားသည္ ေကာင္းကင္ယံသို႔ ထိေလာက္ေအာင္ပင္ အဆံုးမဲ့ျမင့္မားေန၏

အတြင္း၌ သန႔္စင္ေသာ မ်က္ႏွာျပင္ အသြင္တို႔ျဖင့္ ျပၫ့္စံုသၫ့္ နတ္သူငယ္ 10000 ႏွင့္ နတ္ဆရာ 500 နတ္နန္းသခင္ 50 တို႔က ေစာင့္ႀကိဳေနၾကသည္

အားလံုးဝင္ေရာက္သြားေသာအခါ တံခါးခ်ပ္မ်ားဟာ သူ႔အလိုလို ျပန္ပိတ္သြားၾကသည္

မင္းသားငယ္ေလးဟာ ကေလးတို႔သဘာဝ ႀကီးက်ယ္ခန္းနားေသာ က်ိန္စာ နတ္နန္းဘံုႀကီးအား စိမ္းသက္သက္ျဖစ္ေန၏

ဟိုၾကၫ့္ဒီၾကၫ့္ျဖင့္ Siaဟာ နတ္ဘီလူးရုပ္မ်ားႏွင့္ နံရံေပၚရိွ က်ိန္စာေဆးေရးတို႔အား ျမင္ေသာအခါ ဖခင္၏ လက္အားလႊတ္၍ ေျပးကိုင္ၾကၫ့္သည္

ထို႔ေနာက္ အထဲသို႔ ေပ်ာ္ရႊင္စြာ ေျပးဝင္သြားသည္

မင္းႀကီးYamaဟာ တစ္ေယာက္တည္း ေျပးလႊားေဆာ့ကစားေနေသာ Siaအားၾကၫ့္၍ ခ်စ္ျမတ္ႏိုးစြာၿပံဳး၏

အနားရိွ အထိန္းေတာ္ႀကီး Yuka လိုက္ပါလာခဲ့သည္

နတ္နန္းသခင္က မင္းသားငယ္ Siaအား ၾကၫ့္၍ဆိုသည္

"မင္းသားေလး Siaက နတ္နန္းဘံုရဲ့ ေၾကာက္စရာ အသြင္အျပင္ကို ရင္းရင္းႏွီးႏွီးရိွေနပံုပဲ~~"

Sia၏ ရယ္သံေလးမ်ားဟာ နတ္နန္းအတြင္းဝယ္ ပ်ံ့ဝဲေန၏

Siaဟာ သူ႔အေဖထံသို႔ ျပန္ေျပးလာသည္

"Papa~~ ဘာလို႔ နံရံအရုပ္ေတြအမ်ားႀကီး ရိွေနတာလဲဟင္!!"

"ဒါက နတ္နန္းေလး~ သားေတာ္က ေနာင္အခါက်ရင္ ဒီအရုပ္ေတြဆြဲရတဲ့လူ ျဖစ္လာမွာ~~ Papaတို႔ ေရ႔ွဆက္ရေအာင္~~ မေဆာ့နဲ႔ေတာ့~"

"inm~~"

×××××

ကေလးမ်ား ေဆာ့ကစားေနသၫ့္အသံသည္ ဘံုေက်ာင္းႏွင့္ ကန္ေရျပင္အနီးတစ္ဝိုက္၌ ဆူညံေန၏

ထိုအနီးတစ္ဝိုက္ရိွ ေတာ္ဝင္ဘံုေက်ာင္းအတြင္း Shouyu အိမ္ေတာ္မွ လူႀကီးမင္းမ်ား စကားစျမည္ေျပာေနၾကသည္

သခင္ႀကီး Shoujoႏွင့္ သခင္ႀကီး MokiSaဟာ  သက္မွတ္ ေနရာထိုင္ခင္း၌ အနားယူ၍ မုန႔္ပဲ အခ်ိဳတို႔အား စားသံုးရင္း ရင္းႏွီးစြာ စကားစျမည္ဆိုေနၾကသည္

"ကေလးေတြက က်န္းမာလွပလိုက္တာေနာ္ လူႀကီးမင္း~"

"ဟုတ္တယ္~"
"အခုလိုေကာင္းေကာင္း မြန္မြန္ႀကီးျပင္းလာတာ ျမင္ေတာ့ စိတ္ခ်မ္းသာရတယ္ေလ"

"ဒါနဲ႔ သခင္ႀကီးတို႔ အိမ္ေတာ္က သားငယ္ေလး ShinYaက ဘယ္သူေလးလဲ..."

"ဟိုမွာေလ စိမ္းျပာေရာင္ ပိုးဝတ္ေလးနဲ႔ သစ္ပင္ေပၚက ကေလး..."

"arr~ ဟုတ္လား~ သခင္ေလး ShinYaေလးက ႀကီးလာရင္ ထူးခြၽန္ထက္ျမတ္မယ့္ပံုပဲ~"

Shoujoသခင္ႀကီးဟာ MokiSaသခင္ႀကီး၏ အနားတြင္ထိုင္ေနေသာ ၾကင္ယာေတာ္ေလး၏ ဝမ္းဗိုက္ပူပူေလးအား ၾကၫ့္ရင္းေမးလိုက္၏

"Moki~~သင္ေရာ~ ဒုတိယ ကေလးအေျခအေနက ဘယ္ေတာ့လဲ~"

"ေနာက္ႏွစ္လေလာက္ေနရင္ ေမြးပါၿပီ~~ အိမ္ေတာ္အတြက္ ဒုတိယသားေတာ္ လိုခ်င္လို႔ ၾကင္ယာေတာ္ကို အသားသႏၶေယူခိုင္းထားတာ"

"အသားသႏၶေဆိုေတာ့ ကိုယ္ဝန္ေဆာင္ရတာ နာက်င္ပင္ပန္းေနမွာေပါ့~~"

MokiSaသခင္ႀကီး၏ ၾကင္ယာေတာ္ KamiSamaသည္ သန႔္စင္ေသာအထိန္းသိမ္းခံ အေစခံလူတန္းစားဘဝမွ ၾကင္ယာေတာ္အျဖစ္ ဝယ္ယူျခင္းခံထားရသူျဖစ္၏

ေနြးေထြးႏူးညံ့ေသာ ခ်စ္ခင္မႈတို႔ရရိွဖို႔ထက္ ၾကင္ယာေတာ္ျဖစ္လာေသာ အထိန္းသိမ္းခံ အေစခံလူတန္းစားတို႔၏ တာဝန္က ျမင့္ျမတ္ေသာ အိမ္ေတာ္အတြက္ က်န္းမာေသာ ေသြးႏွင့္ ကေလးသႏၶေသား ေဆာင္ေပးရန္ျဖစ္သည္

တန္ျပန္အေနႏွင့္ ၾကင္ယာေတာ္အျဖစ္ ဂုဏ္သေရရိွစြာ အိမ္ေတာ္ႀကီးတြင္ ရွင္သန္ခြင့္ရၿပီး ေရႊ ေငြ ရတနာ စည္းစိမ္တို႔ကိုလည္း ရရိွသည္

Kamiဟာ သခင္ႀကီးShoujoအား ယဉ္ေက်းသိမ့္ေမြ့စြာ ျပန္လည္ေျဖၾကားသည္

"အနည္းငယ္ေတာ့ ပင္ပန္းတယ္လို႔ ထင္ရေပမယ့္လည္း ကြၽန္ေတာ္မ်ိဳးရဲ့ အလုပ္တာဝန္က သခင္ႀကီးMokiအတြက္ လိုအပ္တဲ့ ကိုယ္ဝန္ေပးေဆာင္ေပးရံုပါပဲ~ အဲ့ဒါေၾကာင့္ လံုးဝ မပင္ပန္းလွပါဘူး~ ဗိုက္ထဲက ကေလးကို သန႔္သန႔္စင္စင္ျဖစ္ေစဖို႔ နတ္ဆရာတို႔ရဲ့ အကူအညီနဲ႔ က်ိန္စာစည္းသစ္ေတြကို အတတ္ႏိုင္ဆံုး ေစာင့္ထိန္းေပးေနပါတယ္"

Kamiဟာ ၾကင္ယာေတာ္ျဖစ္ေသာ္လည္း အေစခံဘဝမွလာသၫ့္ ၾကင္ယာေတာ္ျဖစ္သၫ့္အတြက္ အေစခံတို႔၏ ကိုယ့္ကိုကိုယ္ႏိုမ္ခ်တတ္သၫ့္ ေလယူေလသိမ္းေလးကေတာ့ လံုးဝေပ်ာက္မသြားေပ~

ၾကင္ယာေတာ္ဆိုသည္ထက္ တာဝန္ေက်ၿပီး သခင္ကို စိတ္ခ်မ္းသာေစေသာ ထက္ျမတ္ေသာ အေစခံေကာင္း တစ္ေယာက္လို ဇာတိဂုဏ္အား မပ်က္ေစဘဲ ျမႇင့္တင္ခ်ီမြမ္းၾကသည္

"Mokiသခင္ႀကီးက အေရြးေတာ္လိုက္တာ~~ ပစၥည္းေကာင္းေလးကိုရထားတာပဲ~~ အားက်မိတယ္~~ ဒီလိုမ်ိဳးဆိုရင္ အိမ္ကသားကိုေတာင္ ထက္ျမတ္တဲ့ သန႔္စင္တဲ့ အထိန္းသိမ္းခံ ေကာင္းေကာင္းတစ္ေယာက္ကိုပဲ ဝယ္ယူၿပီး လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ေပးခ်င္စိတ္ ျဖစ္လာၿပီ"

"hk hk hk... သခင္ႀကီး Shoujoကေတာ့ ေနာက္ေျပာင္ေနပါၿပီ...ကေလးကငယ္ေသးတာပဲ အဲ့ဒီလိုမလုပ္ပါနဲ႔... သူ႔ဟာ သူရွာပါေစ... ကိုယ္နဲ႔ တစ္သက္လံုးေနရမယ္သူကို ကိုယ္တိုင္ေရြးတာပဲ ေကာင္းပါတယ္"

Shoujoဟာ ျပန္ေမးသည္

"အဲ့ဒါဆို သခင္ႀကီးMokiက ၾကင္ယာေတာ္ေလးကို သေဘာက်လို႔ ဝယ္ယူခဲ့တာေပါ့~~~"

Mokiဟာ Shoujo၏ စကားေၾကာင့္ ရွက္ေသြးျဖာစြာ ရယ္လိုက္သည္

"အဲ့လိုလည္း ေျပာလို႔ရပါတယ္... ၿပီးေတာ့ ကြၽန္ေတာ္က အားအင္နည္းပါးခဲ့လို႔ အိမ္ရဲ့တာဝန္ကို အျပၫ့္အဝ ထမ္းေဆာင္ႏိုင္ဖို႔ကိုပဲ ဖခင္ေတြက အေလးေပးခဲ့တာ... ၾကင္ယာရွာေပးဖို႔ေတာင္ သူတို႔ေမ့ေနခဲ့ၾကတယ္ ထင္တယ္... k k k"

Mokiဟာ သူ႔အေၾကာင္း သူေျပာရင္ သေဘာက်စြာ ရယ္ျပန္သည္

Mokiဟာ ရယ္ေမာလိုက္လ်ွင္ ပန္းေလးလိုပင္ လြန္စြာ ၾကၫ့္ေကာင္းလွ၏~ သြားတတ္ေလးကလည္း ပါေသးသည္

ၾကင္ယာေတာ္ယူထားလို႔ သခင္ႀကီးျဖစ္လာေပမယ့္ မိမိတို႔သည္ အသက္ ၃၀ ဝန္းက်င္သာ ရိွၾကေသးသည္

Mokiဟာ ဆက္ေျပာသည္

"သႏၶေခြန္ဖို႔ ေပးဖို႔ေနာက္က်လို႔ ရံုးေတာ္ကေခၚၿပီး ဒဏ္ရိုက္ခံရေတာ့မွ Papaတို႔က ကြၽန္ေတာ့္ကို ႀကီးျပင္းလာမွန္း သိခဲ့ၾကတယ္... "

"ငါတို႔သားေလးေတာက္ ႀကီးျပင္းလာၿပီတဲ့... အဲ့အခ်ိန္ ကြၽန္ေတာ့အသက္ 30 ျပၫ့္ေတာ့မယ္... ရံုးေတာ္က ဒဏ္ေခၚမရိုက္ရင္ ဘယ္အခ်ိန္အထိ ကြၽန္ေတာ့္ကို ကေလးလို႔ျမင္ၾကမလဲ မသိဘူး.."

"အိမ္ေတာ္ႀကီး အမ်ားစုက အႀကီးတန္းပဲ ေမြးၾကေတာ့ နီးနားစပ္အိမ္ေတာ္က သက္တူရြယ္တူ ကိုယ္ဝန္ေဆာင္ႏိုင္တဲ့ အငယ္တန္းလူတန္းစားကလည္း ရွားတယ္ေလ... အဲ့ဒါနဲ႔ အနီေရာင္ၿမိဳ႔ေတာ္က ၾကင္ယာေတာ္အျဖစ္ ပစၥည္းေကာင္းေကာင္းရႏိုင္တဲ့ ေနရာေတြကေန ကိုယ္ဟာ ကိုယ္ပဲ ရွာၿပီးဝယ္လာတာ~~"

Mokiဟာ သူ၏ ၾကင္ယာေတာ္ေလးအား ျပကာ ႂကြားလိုက္သည္

"ကြၽန္ေတာ္ရဲ့ ၾကင္ယာေတာ္ေလးက လွတယ္မလား~~ ေတာ္လည္း ေတာ္တယ္~~ စာရင္းအင္းလည္း ကြၽမ္းက်င္တယ္"

ShouJoဟာ ခ်ီးက်ူးစကားဆို၏

"အိမ္တစ္အိမ္ကို ေကာင္းေကာင္း အေထာက္အပံ့ေပးႏိုင္ဖို႔က အေစခံလူတန္းစား တစ္ေယာက္အတြက္ အရည္အခ်င္းေကာင္းက စာေပနဲ႔ စာရင္းအင္းႏိုင္ဖို႔ပဲ လိုတာပါ~~ အိမ္ေတာ္ က်က္သေရအတြက္ အဆင္းအဂၤါ တင့္တယ္မႈေတြ ေပါင္းစပ္လိုက္ေတာ့ တန္ဖိုးႀကီး အေစခံကေန ၾကင္ယာေတာ္ျဖစ္သြားတာေပါ့~~"

ခ်စ္ရည္ရႊန္းလဲ့ေနေသာ အၾကၫ့္ေလးမ်ားျဖင့္ Mokiဟာ Kamiအား ၾကၫ့္ရွာသည္

Moki၏ ShinYaအမည္ရိွ အိမ္ေတာ္သည္ Shouyu အိမ္ေတာ္ႀကီးမ်ား၏ ေနာက္တိုးအိမ္ေတာ္ငယ္ေလး ျဖစ္သည္

သာမန္အထက္တန္းစား အိမ္ေတာ္မွ Shouyuအိမ္ေတာ္ႀကီးဘြဲ႔ ရရိွခဲ့သည္ မၾကာလွေသးပါ

Mokiသည္ မိမိ၏ အိမ္ေတာ္ShinYaအတြက္ Shouyuဘြဲ႔ကို ယူေဆာင္ေပးႏိုင္ခဲ့သည္ ဂုဏ္သေရရိွ မ်ိဳးဆက္ေလး ျဖစ္လာခဲ့သည္

စိတ္သေဘာထားျပၫ့္ဝၿပီး အလုပ္ႀကိဳးစားကာ ႏူးညံ့သိမ့္ေမြ့ၾကသၫ့္ Shouyuအိမ္ေတာ္ေလးျဖစ္သည္

Shoujoဟာ ေရႊသတၲာငယ္ တစ္လံုးအား ေရ႔ွသို႔ခ်ေပးလိုက္၏

"ဒါနဲ႔ ၾကင္ယာေတာ္ေလးက အသားသႏၶေဆာင္ေနတာဆိုေတာ့ ကြၽန္ေတာ္က ေဆးေကာင္းဝါးေကာင္းေတြ လက္ေဆာင္ေပးပါ့မယ္~~"

Mokiဟာ ေရႊေသတၲာျမင္ေသာအခါ အနည္းငယ္ အံ့အားသင့္သြားသည္

Mokiဟာ အသာဖြင့္ၾကၫ့္လိုက္၏

ျပၫ့္ႏွက္ေနေသာ စိန္ေရႊ ပတၲျမားတို႔အတြင္း နစ္ျမႇစ္ေနသၫ့္ ေဆးရိုးေျခာက္အား ေတြ့ရသည္

ေဆးရိုးသည္ Defulo၌ အေပါမ်ားဆံုး အရာျဖစ္သည္

ေဆးရိုးသည္ တန္ဖိုးသိပ္မရိွပါ

သို႔ေသာ္ ရတနာမ်ားကေတာ့ တန္ဖိုးရိွလွ၏

ေသးငယ္ေသာ ရတနာေသတၲာပင္ျဖစ္ေသာ္လည္း ထိုအရြယ္အစား ရတနာေသတၲာေပးသၫ့္ အဓိပၸါယ္ဟာ တစ္မ်ိဳးရိွေသး၏

ယခုလက္ရိွ အိမ္ေရ႔ွစံအခမ္းအနား တတ္ေရာက္လာေသာ အိမ္ေတာ္ႀကီးတိုင္း၌ ထိုကဲ့သို႔ေသာ ေသတၲာငယ္မ်ား အဆင္သင့္ပါလာၿပီးသား ျဖစ္ၾက၏

Mokiႏွင့္ Kamiဟာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကၫ့္လိုက္ၾကသည္

Shoujoဟာ ေျပာလိုက္သည္

"ၾကင္ယာေတာ္ေလးက အသားသႏၶေဆိုေတာ့ ေမြးဖြားလာမယ့္ကေလးက အငယ္တန္းေလး ျဖစ္မွာေပါ့"

"အဲ့ဒါေၾကာင့္ အဲ့ဒီကေလးကို ႀကီးျပင္းလာရင္ အိမ္ကသားနဲ႔ လက္ထပ္ေပးေစခ်င္တယ္"

"ေမာင္မင္း Moki ရဲ့ ShinYaအိမ္ေတာ္က လက္ခံႏိုင္ပါသလား~~"

Mokiဟာ ျပာျပာသလဲ ျပန္ေျဖလိုက္သည္

"arr~~ လက္ခံပါတယ္ သခင္ႀကီး.... ကြၽန္ေတာ္တို႔ အိမ္ေတာ္က Shouyuအိမ္ေတာ္ေတြၾကားမွာ မ်က္ႏွာမပြင့္ေသးတဲ့ အိမ္ေတာ္မို႔ ရုတ္တရက္ႀကီးဆိုေတာ့ မယံုႏိုင္မိလို႔ပါ....ၿပီးေတာ့ ကေလးကလည္း အသားသႏၶေျဖစ္ေနတာမို႔...ညစ္ညမ္းသႏၶေ...."

"အယ္..........~~~~ အသားသႏၶေက ဘာသႏၶေတြက အရမ္းအေရးမႀကီးပါဘူး.... ကြၽန္ေတာ္တို႔က အဲ့ဒါမ်ိဳးအယူမရိွဘူး... "

Mokiအား Shoujoဟာ ရတနာတို႔ျပၫ့္ေနေသာ ေရႊေသတၲာျဖင့္ သားေတာ္အတြက္ ၾကင္ယာေတာ္ေလးကို ေနရာဦးေပးထားခဲ့သည္

မၾကာခင္ နတ္နန္းဗိမၼာန္ႀကီး၏ ေခါင္ထပ္ဖ်ားမွာ ေတာက္ပေသာ ေရာင္ျခည္တို႔ ကြန႔္ျမဴးလာသည္ကို လွမ္းလိုက္ရသည္

အားလံုးေသာ သက္ရိွလူသားမ်ားဟာ အျပင္သို႔ထြက္လာၿပီး ေနရာယူကာ အရိုအေသေပးလိုက္ၾကသည္

နတ္နန္းအတြင္းမွ အိပ္ေပ်ာ္ေနေသာ မင္းသားSiaဟာ ဖခင္၏ ရင္ခြင္၌မွီလ်က္ အိမ္ေရ႔ွစံမင္းသားႀကီးအျဖစ္ ဘဝသစ္ တစ္ဖန္ေမြးဖြားကာ ထြက္လာခဲ့သည္

×××××

Continue----

Unicode

နေ့ရက် တစ်ခုအတွင်း၌ ရာသီဥတု သုံးမျိုးရှိသော Defulo၏ နေရောင်ထွန်းလင်းသော နေ့ရက်တို့၏ ပထမဆုံးအချိန် ယနေ့ မနက်ပိုင်း နွေဦးရာသီ အချိန်၌ မင်းသားငယ်လေး၏ အိမ်ရှေ့စံဘွဲ့ ခံယူသည့် အခန်းအနားရှိသည်

တောင်ပေါ်နတ်နန်း၌ ငါးနှစ်အရွယ် မင်းသားငယ်လေး၏ အိမ်ရှေ့စံတို့နှင့် သက်ဆိုင်သော ကျိန်စာရွတ်ဆိုပွဲရှိသောကြောင့် တောင်ခြေရင်း၌ လူအများ ကြိတ်ကြိတ်တိုးနေကြသည်

လူအများဟာ တီးတိုးပြောဆိုနေကြသည်

"မင်းသားက ဘာလို့ငယ်ငယ်လေးနဲ့ အိမ်ရှေ့စံဘွဲ့ခံယူရတာလဲ~~"

"ငယ်ငယ်လေးနဲ့ ကျိန်စာရွတ်ရတာ အဆင်ပြေပါ့မလား~~"

"စာတောင် ဖတ်တတ်သေးရဲ့လား~~"

"အိမ်ရှေ့စံတစ်ယောက်ရဲ့ ကျိန်စာစည်းတွေက အမြင့်ဆုံးစည်းမျဉ်းတွေပဲ~ ကလေးက စောင့်ထိန်းနိုင်ပါ့မလား မသိဘဲနဲ့~~"

"ဘုရင်ကြီးက သားတစ်ယောက်ပဲ မွေးတာမို့ စောစောစီးစီး အိမ်ရှေ့စံဘွဲ့ ယူခိုင်းလိုက်တာနေမယ်"

"ကလေးက ငယ်သေးတော့ ပုံသွင်းရတာလည်း လွယ်တယ်လေ~~ မခက်ခဲလောက်ပါဘူး"

"ကျိန်စာကို ပါးစပ်က တိုင်ပေးပြီး ရွတ်ခိုင်းလိမ့်မယ်ထင်တယ်"

"အရမ်းမလွန်ဘူးလား~~ သူက ကလေးပဲရှိသေးတယ်လေ~"

"မင်းကြီးက Siaမင်းသားလေးကို နန်းအပ်ပြီး သူ့ရဲကြင်ယာတော်နောက်ကို အမြန်လိုက်ချင်နေတဲ့ပုံပဲ"

"အိုးးး!!! မဖြစ်နိုင်တာ~~ ကြောက်စရာစကားတွေ မပြောစမ်းပါနဲ့~~!"

ထိုစဉ် ခရာမှုတ်သံကြီးတစ်ခု ပြန့်လွင့်လာသည်

"ဟာ... မင်းသား လာတော့မယ် ဟိုမှာ မြင်နေရပြီ အရိုအသေပေး~~"

ဘုရင်ကြီးSiaYama၏ ခန်းနားသော ပတ္တမြားရတာနာ ဝေါယာဉ်ကြီး အနီးသို့ ရောက်လာခါနီးသောအခါ အနီရောင်စစ်သည်ကျွန်တစ်ထောင်၏ ခြေသံနှင့် အနီရောင်မြင်းတပ်တို့၏ မြင်းခွာသံများကလည်း ညီညာဆူဝေနေ၏

Maku ဟိုချောင်း ဒီချောင်းဖြင့် လူအများကြားတိုးကာ မြေပြင်၌ ဝပ်နေရင်း ခေါင်းလေးထောင် ကြည့်လိုက်သည်

ငါးနှစ်သား မင်းသားလေး Siaဟာ ဝေါယာဉ် ပြတင်းပေါက်မှ အပြင်လူများကို ခေါင်းလေးပြူပြီး ချောင်းကြည့်၏

အနီရောင် စစ်သည်များသည် တောင်တတ်လမ်း၌ အနီရောင်နဂါးကြီး ရွေ့သွားသလိုပင် ထင်ရ၏

ထိုအနောက် Shouyu အိမ်တော်ကြီး မျိုးနွယ်များ၏ ရွှေဝါရောင် ဝေါယာဉ်ကြီးများဟာ စီတန်း၍ လိုက်လာသည်

ဝေါယာဉ်တစ်ခုကို လူ အယောက် လေးဆယ် မရသည်

ကိုယ်ပိုင် ဆင်တပ် မြင်းတပ် ခြေလျင်တပ်များနှင့် အစေခံများကလည်း ဝန်းရံထားသေးသည်

ShouYu အိမ်တော်များ၏ ဝေါယာဉ်တွေ များပြားလွန်းသဖြင့် တောင်တစ်ခုလုံး ရွှေရောင်နဂါးကြီးအုပ်စိုးသွားသလိုပင် ထင်ရသည်

Defuloတောင်တန်းမြေကြီးဟာ ရွှေရောင်တွေ ဖျက်ဖျက်လင်းသွားသည်

Makuဟာ လှမ်းကြည့်ရင်း စိတ်ပျက်စွာ ရေရွတ်လိုက်၏

"အနီရောင်နဂါးထက် ရွှေရောင်နဂါးတွေက အဆပေါင်းများစွာ ကြီးထွားနေတာပဲ~~~"

ထိုစဉ် အနားရှိ လူတစ်ယောက်က ပြောသည်

"အဲ့ဒါတောင် YamaToက ကျွန်စစ်သည်တွေ မပါ လာလို့ ပါလာရင် တောင်မြေတောင်ဆန့်မှာ မဟုတ်ဘူး~~"

YamaTo Shouyuအိမ်တော်ဆိုသည်မှာ စစ်တပ်ပိုင်ဆိုင်မှုအများဆုံးနှင့် ဂုဏ်သရေကြီး ရတနာအိမ်ဖြစ်သည်

Maku အံ့အားသင့်စွာ ခပ်တိုးတိုး ပြန်မေးလိုက်သည်

"သူတို့က ဘာလို့မလာတာလဲ~~!!"
"အပြစ်သင့်မှာ မကြောက်ဘူးလား!!"
"Shouyu အိမ်တော်ကြီးဖြစ်ပြီး အိမ်ရှေ့စံရဲ့ အခန်းအနားကို မလာဘူးပေါ့!!!"

"သူတို့ အိမ်တော်မှာ ဒီနေ့ ကြင်ယာတော်ရဲ့ သွေးသန္ဓေ မွေးဖွားသန့်စင်မှာမို့ မလာနိုင်ဘူးလေ~~ ကြင်ယာတော်က ဒီနေ့မှ ဓာတ်ခွဲခန်းက ထွက်ရမှာ"

×××××

Shouyu အိမ်တော်များ၏ အစောင့်စစ်သည်ကျွန်များနှင့် တော်ဝင်စစ်သည်ကျွန်များသည် Defulo တောင်ကမ်းပါးအထက်ရှိ နတ်နန်းအား ဝန်းရံကာ ကာကွယ်စောင့်ရှောက်ပေးထား၏

တော်ဝင်မိသားစုအပေါ် ၄င်းတို့၏ သစ္စာရှိမှုကို ပြသချင်တာလည်းပါဝင်သလို ကြွယ်ဝချမ်းသာမှုကိုလည်း ပြသချင်သည့် သဘောလည်းရှိသည်

စစ်သည်ကျွန်တပ်မ ပိုင်ဆိုင်သော Shouyu အိမ်တော်လည်းရှိသလို လုံးဝမပိုင်ဆိုင်သော အိမ်တော်လည်းရှိသည်

စစ်တပ်ရြှိခင်းက အိမ်တော်၏သွင်ပြင် ဂုဏ်သရေ ခန်းနားမှုပိုမိုရှိစေ၏

သို့သော်လည်း ထိပ်တန်းအိမ်တော်တစ်ခုဖြစ်သည့် Pacilo Shouyuအိမ်တော်ကတော့ စစ်သည်ကျွန်တပ်မ လုံးဝမရှိပေ

စစ်တပ်ပိုင်ဆိုင်သည့် အိမ်တော်များတွင် YamaToအိမ်တော်က အများဆုံးဖြစ်သည်

တပ်မငါးထောင်အထိရှိပြီး တစ်ဝက်ကို တော်ဝင်မိသားစုအား ထောက်ပံ့မှုအနေနဲ့ ပေးအပ်ထား၏

အိမ်တော်ကြီးများတွင် အထောက်အပံ့အပေးနိုင်ဆုံး အိမ်တော်က ထိပ်တန်းအိမ်တော်ဂုဏ်ကို အစွဲရသည်

Pacilo အိမ်တော်က စီးပွားရေးအရ အထောက်အပံ့မြင့်မားသလို Yamato အိမ်တော်က စစ်ရေးအထောက်အပံ့ ပိုမိုမြင့်မားသည်

ထို့ကြောင့် ထိုအိမ်တော် နှစ်ခုယှဉ်သော် စစ်ရေးဖြင့် အသာစီးရကာ YamaToက ဦးဆောင်၏

ထို့အတူ YamaTo အိမ်တော်သည် အခြားသူများနှင့် ပူးပူးတွဲတွဲလုံးဝမရှိဘဲ မာနကြီးစွာ သီးခြားရပ်တည်သော အိမ်တော်ဖြစ်သည်

တော်ဝင်မျိုးနွယ်ကလွဲ၍ မည်သည့်အိမ်တော်ကိုမျှ ရိုသေမှုပင် မပေးတတ်သော အခြေအမြစ်ကြီးသည့် တစ်ခုတည်းသော အိမ်တော်ကြီးမျိုးရိုးဖြစ်၏

×××××

နတ်နန်းမြေအတွင်း၌ အိမ်တော်ကြီးမျိုးရိုးများ သီးသန့်နားနေသည့် အဆောင်ဘုံကျောင်းဆိုတာ ရှိသည်

ထိုဘုံကျောင်းအား တော်ဝင်မိသားစုအတွက် ShinYaအိမ်တော်က သီးသန့်ဆောင်လုပ်ပေးထားခြင်း ဖြစ်သည်

သို့သော်လည်း Shouyu အိမ်တော်များဟာ ဝတ်ပြုပြီးလျှင် ထိုဘုံကျောင်းကြီး၌ အချင်းချင်းတွေ့ဆုံ စကားစမြည်ဆိုကြကာ မိတ်ဖွဲ့လေ့ရှိကြသည်

တစ်ချို့ကလည်း အိမ်တော်ကြီးအချင်းချင်း အခါသင့်လျှင် သားတော် သခင်လေးများကို တစ်ခါတည်း ရင်းနှီးအောင် အမျိုးစပ်ပေးကြ၏

ထို့ကြောင့် အိမ်ရှေ့စံ ဘိသိတ်ပွဲအား Shouyu အိမ်တော်ကြီးများ၏ ဆွေမျိုးစပ်သည့်ပွဲဟုလည်း လှောင်ပြောင်ကြသည်

ချောချောလှလှ အရွယ်မရောက်တစ်ရောက် ကလေးငယ်လေးများအား အစွမ်းကုန်ပြင်ဆင်ပေးပြီး ခေါ်ဆောင်လာကာ အိမ်တော်၏ အင်အားဓနကို ထုတ်ဖော် ပြသရင်း မွေးထားသော သားများကို စင်တင်ဖို့ရာ ကြိုးစားကြ၏

အခန့်မသင့်လျှင် အိမ်ရှေ့စံမင်းသား၏ သဘောကျနှစ်ခြိုက်မှုကိုတောင် ရနိုင်ပြီး တော်ဝင်မိသားစုဝင်ဖြစ်နိုင်သည်

ဘုံကျောင်းသည် စက်ဝိုင်းကြီးပုံရှိပြီး ကောင်းမွန်သော နေရာထိုင်ခင်းနှင့် ကန်ရေပြင် တောရိပ်တောတောင် အစရှိသည်တို့ကို စနစ်တကျစီရင်ထားသည်

အိမ်တော်ကြီးများမှ ချစ်စရာကောင်းသော သခင်လေးများဖြင့် ဝေစီကာ ပိုမိုလှပတင့်တယ်နေ၏

××××

ငါးနှစ်သားမင်းသားငယ်လေးအား မင်းကြီးSiaYama က ကြီးကျယ်ခန်းနားသော နတ်နန်းအတွင်းသို့ လက်ဆွဲ၍ ခေါ်ဆောင်လာရဲ့သည်

နတ်နန်းအတွင်းသို့ ဝင်သည့် လျှောက်လမ်းအဝ၌ Shouyu မျိုးဆက်ငယ်များက တန်းစီကာ မြေပြင်၌ဝပ်တွား၍ အရိုအသေပေးနေသည်

မင်းသားငယ်၏ ကျိန်စာရွတ်ဆိုရာ အခန်းတွင်းသို့ ခုံရုံးအမတ်ကြီး 60 အမတ်ငယ် 60 က ရိုသေစွာ အနောက်မှ စီတန်း၍ လိုက်ပါသွားကြသည်

Siaဟာ မင်းကြီးYama၏ လက်ကိုဆွဲ၍ ကျိန်စာရွတ်ဆိုရသည့် အခန်းကြီးရှေ့တွင် မတ်တပ်ရပ်လိုက်၏

အနှောက်အယှက် ညစ်ညမ်းသားကောင်များ၏ရန်မှ ကာကွယ်ထားသော ကျိန်စာဘုံတံခါး ခုနှစ်ထပ်သည် တစ်ကျီကျီအော်မြည်ကာ တစ်ဆင့်ဆီ ဖြည်းညင်းစွာ ပွင့်ဟလာသည်

အတွင်း၌ မှောင်မိုက်နေပြီး တံခါးများသည် အနီရောင်အဆင်းရှိသည်

အရွယ်အစားသည် ကောင်းကင်ယံသို့ ထိလောက်အောင်ပင် အဆုံးမဲ့မြင့်မားနေ၏

အတွင်း၌ သန့်စင်သော မျက်နှာပြင် အသွင်တို့ဖြင့် ပြည့်စုံသည့် နတ်သူငယ် 10000 နှင့် နတ်ဆရာ 500 နတ်နန်းသခင် 50 တို့က စောင့်ကြိုနေကြသည်

အားလုံးဝင်ရောက်သွားသောအခါ တံခါးချပ်များဟာ သူ့အလိုလို ပြန်ပိတ်သွားကြသည်

မင်းသားငယ်လေးဟာ ကလေးတို့သဘာဝ ကြီးကျယ်ခန်းနားသော ကျိန်စာ နတ်နန်းဘုံကြီးအား စိမ်းသက်သက်ဖြစ်နေ၏

ဟိုကြည့်ဒီကြည့်ဖြင့် Siaဟာ နတ်ဘီလူးရုပ်များနှင့် နံရံပေါ်ရှိ ကျိန်စာဆေးရေးတို့အား မြင်သောအခါ ဖခင်၏ လက်အားလွှတ်၍ ပြေးကိုင်ကြည့်သည်

ထို့နောက် အထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားသည်

မင်းကြီးYamaဟာ တစ်ယောက်တည်း ပြေးလွှားဆော့ကစားနေသော Siaအားကြည့်၍ ချစ်မြတ်နိုးစွာပြုံး၏

အနားရှိ အထိန်းတော်ကြီး Yuka လိုက်ပါလာခဲ့သည်

နတ်နန်းသခင်က မင်းသားငယ် Siaအား ကြည့်၍ဆိုသည်

"မင်းသားလေး Siaက နတ်နန်းဘုံရဲ့ ကြောက်စရာ အသွင်အပြင်ကို ရင်းရင်းနှီးနှီးရှိနေပုံပဲ~~"

Sia၏ ရယ်သံလေးများဟာ နတ်နန်းအတွင်းဝယ် ပျံ့ဝဲနေ၏

Siaဟာ သူ့အဖေထံသို့ ပြန်ပြေးလာသည်

"Papa~~ ဘာလို့ နံရံအရုပ်တွေအများကြီး ရှိနေတာလဲဟင်!!"

"ဒါက နတ်နန်းလေး~ သားတော်က နောင်အခါကျရင် ဒီအရုပ်တွေဆွဲရတဲ့လူ ဖြစ်လာမှာ~~ Papaတို့ ရှေ့ဆက်ရအောင်~~ မဆော့နဲ့တော့~"

"inm~~"

×××××

ကလေးများ ဆော့ကစားနေသည့်အသံသည် ဘုံကျောင်းနှင့် ကန်ရေပြင်အနီးတစ်ဝိုက်၌ ဆူညံနေ၏

ထိုအနီးတစ်ဝိုက်ရှိ တော်ဝင်ဘုံကျောင်းအတွင်း Shouyu အိမ်တော်မှ လူကြီးမင်းများ စကားစမြည်ပြောနေကြသည်

သခင်ကြီး Shoujoနှင့် သခင်ကြီး MokiSaဟာ  သက်မှတ် နေရာထိုင်ခင်း၌ အနားယူ၍ မုန့်ပဲ အချိုတို့အား စားသုံးရင်း ရင်းနှီးစွာ စကားစမြည်ဆိုနေကြသည်

"ကလေးတွေက ကျန်းမာလှပလိုက်တာနော် လူကြီးမင်း~"

"ဟုတ်တယ်~"
"အခုလိုကောင်းကောင်း မွန်မွန်ကြီးပြင်းလာတာ မြင်တော့ စိတ်ချမ်းသာရတယ်လေ"

"ဒါနဲ့ သခင်ကြီးတို့ အိမ်တော်က သားငယ်လေး ShinYaက ဘယ်သူလေးလဲ..."

"ဟိုမှာလေ စိမ်းပြာရောင် ပိုးဝတ်လေးနဲ့ သစ်ပင်ပေါ်က ကလေး..."

"arr~ ဟုတ်လား~ သခင်လေး ShinYaလေးက ကြီးလာရင် ထူးချွန်ထက်မြတ်မယ့်ပုံပဲ~"

Shoujoသခင်ကြီးဟာ MokiSaသခင်ကြီး၏ အနားတွင်ထိုင်နေသော ကြင်ယာတော်လေး၏ ဝမ်းဗိုက်ပူပူလေးအား ကြည့်ရင်းမေးလိုက်၏

"Moki~~သင်ရော~ ဒုတိယ ကလေးအခြေအနေက ဘယ်တော့လဲ~"

"နောက်နှစ်လလောက်နေရင် မွေးပါပြီ~~ အိမ်တော်အတွက် ဒုတိယသားတော် လိုချင်လို့ ကြင်ယာတော်ကို အသားသန္ဓယေူခိုင်းထားတာ"

"အသားသန္ဓဆေိုတော့ ကိုယ်ဝန်ဆောင်ရတာ နာကျင်ပင်ပန်းနေမှာပေါ့~~"

MokiSaသခင်ကြီး၏ ကြင်ယာတော် KamiSamaသည် သန့်စင်သောအထိန်းသိမ်းခံ အစေခံလူတန်းစားဘဝမှ ကြင်ယာတော်အဖြစ် ဝယ်ယူခြင်းခံထားရသူဖြစ်၏

နွေးထွေးနူးညံ့သော ချစ်ခင်မှုတို့ရရှိဖို့ထက် ကြင်ယာတော်ဖြစ်လာသော အထိန်းသိမ်းခံ အစေခံလူတန်းစားတို့၏ တာဝန်က မြင့်မြတ်သော အိမ်တော်အတွက် ကျန်းမာသော သွေးနှင့် ကလေးသန္ဓသေား ဆောင်ပေးရန်ဖြစ်သည်

တန်ပြန်အနေနှင့် ကြင်ယာတော်အဖြစ် ဂုဏ်သရေရှိစွာ အိမ်တော်ကြီးတွင် ရှင်သန်ခွင့်ရပြီး ရွှေ ငွေ ရတနာ စည်းစိမ်တို့ကိုလည်း ရရှိသည်

Kamiဟာ သခင်ကြီးShoujoအား ယဉ်ကျေးသိမ့်မွေ့စွာ ပြန်လည်ဖြေကြားသည်

"အနည်းငယ်တော့ ပင်ပန်းတယ်လို့ ထင်ရပေမယ့်လည်း ကျွန်တော်မျိုးရဲ့ အလုပ်တာဝန်က သခင်ကြီးMokiအတွက် လိုအပ်တဲ့ ကိုယ်ဝန်ပေးဆောင်ပေးရုံပါပဲ~ အဲ့ဒါကြောင့် လုံးဝ မပင်ပန်းလှပါဘူး~ ဗိုက်ထဲက ကလေးကို သန့်သန့်စင်စင်ဖြစ်စေဖို့ နတ်ဆရာတို့ရဲ့ အကူအညီနဲ့ ကျိန်စာစည်းသစ်တွေကို အတတ်နိုင်ဆုံး စောင့်ထိန်းပေးနေပါတယ်"

Kamiဟာ ကြင်ယာတော်ဖြစ်သော်လည်း အစေခံဘဝမှလာသည့် ကြင်ယာတော်ဖြစ်သည့်အတွက် အစေခံတို့၏ ကိုယ့်ကိုကိုယ်နိုမ်ချတတ်သည့် လေယူလေသိမ်းလေးကတော့ လုံးဝပျောက်မသွားပေ~

ကြင်ယာတော်ဆိုသည်ထက် တာဝန်ကျေပြီး သခင်ကို စိတ်ချမ်းသာစေသော ထက်မြတ်သော အစေခံကောင်း တစ်ယောက်လို ဇာတိဂုဏ်အား မပျက်စေဘဲ မြှင့်တင်ချီမွမ်းကြသည်

"Mokiသခင်ကြီးက အရွေးတော်လိုက်တာ~~ ပစ္စည်းကောင်းလေးကိုရထားတာပဲ~~ အားကျမိတယ်~~ ဒီလိုမျိုးဆိုရင် အိမ်ကသားကိုတောင် ထက်မြတ်တဲ့ သန့်စင်တဲ့ အထိန်းသိမ်းခံ ကောင်းကောင်းတစ်ယောက်ကိုပဲ ဝယ်ယူပြီး လက်တွဲဖော်အဖြစ် ရွေးချယ်ပေးချင်စိတ် ဖြစ်လာပြီ"

"hk hk hk... သခင်ကြီး Shoujoကတော့ နောက်ပြောင်နေပါပြီ...ကလေးကငယ်သေးတာပဲ အဲ့ဒီလိုမလုပ်ပါနဲ့... သူ့ဟာ သူရှာပါစေ... ကိုယ်နဲ့ တစ်သက်လုံးနေရမယ်သူကို ကိုယ်တိုင်ရွေးတာပဲ ကောင်းပါတယ်"

Shoujoဟာ ပြန်မေးသည်

"အဲ့ဒါဆို သခင်ကြီးMokiက ကြင်ယာတော်လေးကို သဘောကျလို့ ဝယ်ယူခဲ့တာပေါ့~~~"

Mokiဟာ Shoujo၏ စကားကြောင့် ရှက်သွေးဖြာစွာ ရယ်လိုက်သည်

"အဲ့လိုလည်း ပြောလို့ရပါတယ်... ပြီးတော့ ကျွန်တော်က အားအင်နည်းပါးခဲ့လို့ အိမ်ရဲ့တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ဖို့ကိုပဲ ဖခင်တွေက အလေးပေးခဲ့တာ... ကြင်ယာရှာပေးဖို့တောင် သူတို့မေ့နေခဲ့ကြတယ် ထင်တယ်... k k k"

Mokiဟာ သူ့အကြောင်း သူပြောရင် သဘောကျစွာ ရယ်ပြန်သည်

Mokiဟာ ရယ်မောလိုက်လျှင် ပန်းလေးလိုပင် လွန်စွာ ကြည့်ကောင်းလှ၏~ သွားတတ်လေးကလည်း ပါသေးသည်

ကြင်ယာတော်ယူထားလို့ သခင်ကြီးဖြစ်လာပေမယ့် မိမိတို့သည် အသက် ၃၀ ဝန်းကျင်သာ ရှိကြသေးသည်

Mokiဟာ ဆက်ပြောသည်

"သန္ဓခွေန်ဖို့ ပေးဖို့နောက်ကျလို့ ရုံးတော်ကခေါ်ပြီး ဒဏ်ရိုက်ခံရတော့မှ Papaတို့က ကျွန်တော့်ကို ကြီးပြင်းလာမှန်း သိခဲ့ကြတယ်... "

"ငါတို့သားလေးတောက် ကြီးပြင်းလာပြီတဲ့... အဲ့အချိန် ကျွန်တော့အသက် 30 ပြည့်တော့မယ်... ရုံးတော်က ဒဏ်ခေါ်မရိုက်ရင် ဘယ်အချိန်အထိ ကျွန်တော့်ကို ကလေးလို့မြင်ကြမလဲ မသိဘူး.."

"အိမ်တော်ကြီး အများစုက အကြီးတန်းပဲ မွေးကြတော့ နီးနားစပ်အိမ်တော်က သက်တူရွယ်တူ ကိုယ်ဝန်ဆောင်နိုင်တဲ့ အငယ်တန်းလူတန်းစားကလည်း ရှားတယ်လေ... အဲ့ဒါနဲ့ အနီရောင်မြို့တော်က ကြင်ယာတော်အဖြစ် ပစ္စည်းကောင်းကောင်းရနိုင်တဲ့ နေရာတွေကနေ ကိုယ်ဟာ ကိုယ်ပဲ ရှာပြီးဝယ်လာတာ~~"

Mokiဟာ သူ၏ ကြင်ယာတော်လေးအား ပြကာ ကြွားလိုက်သည်

"ကျွန်တော်ရဲ့ ကြင်ယာတော်လေးက လှတယ်မလား~~ တော်လည်း တော်တယ်~~ စာရင်းအင်းလည်း ကျွမ်းကျင်တယ်"

ShouJoဟာ ချီးကျူးစကားဆို၏

"အိမ်တစ်အိမ်ကို ကောင်းကောင်း အထောက်အပံ့ပေးနိုင်ဖို့က အစေခံလူတန်းစား တစ်ယောက်အတွက် အရည်အချင်းကောင်းက စာပေနဲ့ စာရင်းအင်းနိုင်ဖို့ပဲ လိုတာပါ~~ အိမ်တော် ကျက်သရေအတွက် အဆင်းအင်္ဂါ တင့်တယ်မှုတွေ ပေါင်းစပ်လိုက်တော့ တန်ဖိုးကြီး အစေခံကနေ ကြင်ယာတော်ဖြစ်သွားတာပေါ့~~"

ချစ်ရည်ရွှန်းလဲ့နေသော အကြည့်လေးများဖြင့် Mokiဟာ Kamiအား ကြည့်ရှာသည်

Moki၏ ShinYaအမည်ရှိ အိမ်တော်သည် Shouyu အိမ်တော်ကြီးများ၏ နောက်တိုးအိမ်တော်ငယ်လေး ဖြစ်သည်

သာမန်အထက်တန်းစား အိမ်တော်မှ Shouyuအိမ်တော်ကြီးဘွဲ့ ရရှိခဲ့သည် မကြာလှသေးပါ

Mokiသည် မိမိ၏ အိမ်တော်ShinYaအတွက် Shouyuဘွဲ့ကို ယူဆောင်ပေးနိုင်ခဲ့သည် ဂုဏ်သရေရှိ မျိုးဆက်လေး ဖြစ်လာခဲ့သည်

စိတ်သဘောထားပြည့်ဝပြီး အလုပ်ကြိုးစားကာ နူးညံ့သိမ့်မွေ့ကြသည့် Shouyuအိမ်တော်လေးဖြစ်သည်

Shoujoဟာ ရွှေသတ္တာငယ် တစ်လုံးအား ရှေ့သို့ချပေးလိုက်၏

"ဒါနဲ့ ကြင်ယာတော်လေးက အသားသန္ဓဆောင်နေတာဆိုတော့ ကျွန်တော်က ဆေးကောင်းဝါးကောင်းတွေ လက်ဆောင်ပေးပါ့မယ်~~"

Mokiဟာ ရွှေသေတ္တာမြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်

Mokiဟာ အသာဖွင့်ကြည့်လိုက်၏

ပြည့်နှက်နေသော စိန်ရွှေ ပတ္တမြားတို့အတွင်း နစ်မြှစ်နေသည့် ဆေးရိုးခြောက်အား တွေ့ရသည်

ဆေးရိုးသည် Defulo၌ အပေါများဆုံး အရာဖြစ်သည်

ဆေးရိုးသည် တန်ဖိုးသိပ်မရှိပါ

သို့သော် ရတနာများကတော့ တန်ဖိုးရှိလှ၏

သေးငယ်သော ရတနာသေတ္တာပင်ဖြစ်သော်လည်း ထိုအရွယ်အစား ရတနာသေတ္တာပေးသည့် အဓိပ္ပါယ်ဟာ တစ်မျိုးရှိသေး၏

ယခုလက်ရှိ အိမ်ရှေ့စံအခမ်းအနား တတ်ရောက်လာသော အိမ်တော်ကြီးတိုင်း၌ ထိုကဲ့သို့သော သေတ္တာငယ်များ အဆင်သင့်ပါလာပြီးသား ဖြစ်ကြ၏

Mokiနှင့် Kamiဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်

Shoujoဟာ ပြောလိုက်သည်

"ကြင်ယာတော်လေးက အသားသန္ဓဆေိုတော့ မွေးဖွားလာမယ့်ကလေးက အငယ်တန်းလေး ဖြစ်မှာပေါ့"

"အဲ့ဒါကြောင့် အဲ့ဒီကလေးကို ကြီးပြင်းလာရင် အိမ်ကသားနဲ့ လက်ထပ်ပေးစေချင်တယ်"

"မောင်မင်း Moki ရဲ့ ShinYaအိမ်တော်က လက်ခံနိုင်ပါသလား~~"

Mokiဟာ ပြာပြာသလဲ ပြန်ဖြေလိုက်သည်

"arr~~ လက်ခံပါတယ် သခင်ကြီး.... ကျွန်တော်တို့ အိမ်တော်က Shouyuအိမ်တော်တွေကြားမှာ မျက်နှာမပွင့်သေးတဲ့ အိမ်တော်မို့ ရုတ်တရက်ကြီးဆိုတော့ မယုံနိုင်မိလို့ပါ....ပြီးတော့ ကလေးကလည်း အသားသန္ဓဖြေစ်နေတာမို့...ညစ်ညမ်းသန္ဓေ...."

"အယ်..........~~~~ အသားသန္ဓကေ ဘာသန္ဓတွေက အရမ်းအရေးမကြီးပါဘူး.... ကျွန်တော်တို့က အဲ့ဒါမျိုးအယူမရှိဘူး... "

Mokiအား Shoujoဟာ ရတနာတို့ပြည့်နေသော ရွှေသေတ္တာဖြင့် သားတော်အတွက် ကြင်ယာတော်လေးကို နေရာဦးပေးထားခဲ့သည်

မကြာခင် နတ်နန်းဗိမ္မာန်ကြီး၏ ခေါင်ထပ်ဖျားမှာ တောက်ပသော ရောင်ခြည်တို့ ကွန့်မြူးလာသည်ကို လှမ်းလိုက်ရသည်

အားလုံးသော သက်ရှိလူသားများဟာ အပြင်သို့ထွက်လာပြီး နေရာယူကာ အရိုအသေပေးလိုက်ကြသည်

နတ်နန်းအတွင်းမှ အိပ်ပျော်နေသော မင်းသားSiaဟာ ဖခင်၏ ရင်ခွင်၌မှီလျက် အိမ်ရှေ့စံမင်းသားကြီးအဖြစ် ဘဝသစ် တစ်ဖန်မွေးဖွားကာ ထွက်လာခဲ့သည်

×××××

Continue----


© GOD OF DEFULO,
книга «King Sia».
Коментарі