နွေဦးစောင့်စားခြင်း
အမေပြောခဲ့ဖူးတာက
နေဝင်ညကိုကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်တဲ့
ကျွန်တော်တို့ရဲ့နှလုံးသွေးနဲ့ရင်းခဲ့ရတဲ့
နေဝင်ညဆိုးကို
ဘယ်လောက်ကြာကြာ ကူးဖြတ်ရမလဲဆိုတာ
သိခွင့်ရှိနိုင်မလား?
2021-03-03 14:32:05
0
0