အတိတ်ရဲ့ နိဒါန်း
မြစ်ဖျားခံရာ
ဘယ်အရာတွေမှားနေလည်း
အတိတ်ရဲ့ နိဒါန်း
အချစ်က ခါးတယ်
ကိုယ့်အတွက် သီးသန့်ဖြစ်တည်တဲ့ အခါးမျိုး
သိတတ်စ အရွယ်မှာ အမေ့အတွက် အဖေ့အချစ်တွေက ခါးတယ် ...အမေက ချစ်တတ်သူတယောက်ဆို အဖေက အချစ်ကို အလေးမထား ကစားတတ်သူတယောက်လို့ထင်တယ်
ဘယ်အကြောင်းအရာကနေ စမှားခဲ့သလဲဆိုတာ ကိုယ်မသိခဲ့သလိုပဲ အချစ်က ကိုယ့်အတွက်တော့ တကယ်ခါးတယ်။
အမေ့အတွက် အဖေဟာ အရာရာပဲ
အချစ်ဦး
အချစ်ဆုံး..... သီးသန့်ဖြစ်တည်မှုတခုလိုပေါ့
အဖေအတွက် ဆိုရင်တော့ အမေက
ဒီအတိုင်းဖြတ်သွားဖြတ်လာ အရာတခုပေါ့
သူ့အတွက် မိန်းမဆိုတာပေါသလို
အချစ်ဆိုတာလည်း တကယ်ပေါများခဲ့တယ်
အမေ့အတွက် အချစ်က ချိုမြိန်လားလို့တော့
ကိုယ်မမေးမိခဲ့ဘူး။
သူ့ဘဝမှာ တယောက်တည်းချစ်ခဲ့ပြီး
အဲ့တယောက်ကို တဘဝလုံးစာပုံအပ်ခဲ့တယ်
သူ့ယုံစားပုံအပ်ခဲ့တဲ့ ဘဝတခုမှာပဲသူက
အချစ်အတွက် အသက်ပါပေးခဲ့တယ်
အမေ့ အချစ်ရဲ့ သူရဲကောင်းလို့ပြောရင်
အဖေက ကိုယ့်အတွက် နတ်ဆိုးဖြစ်ခဲ့တယ်
ကိုယ်မယုံကြည်ရာ မနှစ်သက်ရာရဲ့ အခြေခံကျခြင်းက
အတိတ်တွေမှာ အခြေခံထားတယ်
© Mya Thadan Sein,
книга «အတိတ်ရဲ့ ကောက်ကြောင်း».
မြစ်ဖျားခံရာ
Коментарі