အတိတ်ရဲ့ နိဒါန်း
မြစ်ဖျားခံရာ
ဘယ်အရာတွေမှားနေလည်း
ဘယ်အရာတွေမှားနေလည်း
လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ကိုယ့်အတွက်
လမ်းပြကြယ်လေးက ဝိုးတဝါး
မြူတွေအုပ်ဆိုင်းနေတဲ့ အရပ်မှာ ကိုယ်ပျော်နေမိတယ်
ဘယ်သူမှန်းမသိတဲ့ ဘယ်ကမှန်းမသိတဲ့
အရာတွေအတွက် ကိုယ်အရင်လိုမငိုမိတော့ဘူး
အမြဲတော့ မမှားပေမဲ့ အမှန်အတွက်ပေးဆပ်ရတာတွေများလာတော့ အမှားကို ရပ်ကြည့်နေတတ်ခဲ့သလို
အမှန်ကိုလည်း လျစ်လျူရှူတတ်ခဲ့တယ်။
မြစ်ဖျားခံရာက အစ အက်ကွဲနေမှ စီးဆင်းရာဒေသက
အက်ကြောင်းတွေလိုက်နေတာ ဆန်းကြယ်လို့လား
ဖြစ်စဉ်တခုလိုပဲ မိုးလင်းတယ် မိုးချုပ်တယ်
သဘာဝတရားကြီးက မျှတတယ်လေ
ကိုယ့်အတွက် မျှတမှုကကော
ဘယ်နတ်ဘုရားဆီ တောင်းဆုခြွေရမလဲ 😣😣
© Mya Thadan Sein,
книга «အတိတ်ရဲ့ ကောက်ကြောင်း».
Коментарі