အတိတ်ရဲ့ နိဒါန်း
မြစ်ဖျားခံရာ
ဘယ်အရာတွေမှားနေလည်း
မြစ်ဖျားခံရာ
အိမ်ထဲက အိမ်ပြင်မထွက်ရဘူး၊
ဘာလို့လည်း မမေးနဲ့ အိမ်နီးနားချင်းတွေနဲ့လည်း မဆော့ရဘူး အိမ်ထဲမှာ ကစားစရာအစုံဝယ်ပေးထားတယ် မလား။
ကျောင်းမှာလည်း သူငယ်အများကြီးမထားရဘူး
ယောကျာ်းလေးသူငယ်ချင်း မထားရဘူး။
မရဘူး မလုပ်ရဘူး မဖြစ်သင့်ဘူး 😣
လှောင်အိမ်ထဲ ပိတ်ထားတဲ့ မေမေ
ကိုယ်က အရုပ်လည်းမဟုတ် အိမ်မွေးတိရစ္ဆာန်လည်း မဟုတ်
သူမပေးတဲ့ အကြောင်းပြချက်က တခုတည်း
ယောကျာ်းတွေက မယုံရဘူး။
လူတွေက သစ္စာဖောက်တတ်ကြတယ် ။
ကိုယ်ကြီးပြင်းရာ ရဲ့ အိပ်ရာဝင်ပုံပြင်တွေ
ကိုယ်တောင် သတိမထားမိတဲ့ အချိန် လူတွေကို သံသယတွေနဲ့ မိတ်ဆက် ခဲ့ရတယ်
တကယ်တမ်းကျတော့ မေမေပြောတာလည်း မမှားခဲ့ပါဘူး
ကိုယ်တကယ်ချစ်တဲ့ သူငယ်ချင်းတွေကပဲ
စာမေးပွဲဖြေခါနီး ကျက်စာစာအုပ်ငှားတယ် ပြန်မပေးဘူး
အမေသိတော့ ဆူခံရတယ် ထပ်ပြီးပုံပြင်အသစ်တွေနားထဲ ရိုက်သွင်းတယ်။ ခုချိန်ပြန်တွေ့တာတောင် သူ့အပေါ်ကိုယ့်အမှတ်အတေးတွေက မပျောက်ဘူး
သူ့ဘက်က ရည်ရွယ်ခဲ့သလား မရည်ညွှန်းခဲ့သလားဆိုတာတော့ သူ့ကိုယ်တိုင်ပဲ နားလည်မှာပေါ့နော်
သံသယနဲ့ အိပ်စက်ရတဲ့ ညတွေကများလာတော့
ကိုယ်တိုင် နေသားတကျပဲ
ဆေးစက်ကျရာ အရုပ်ထင်ခဲ့သလား
ပန်းပုဆရာကပဲ တော်လွန်းခဲ့တာထင်တယ်
ခုလက်ရှိ ကိုယ့်ကိုပြောကြတယ်
"နင့်မှာ ချစ်တတ်တဲ့နှလုံးသား မရှိဘူးတဲ့"
ဟုတ်မှာပါ ကိုယ့်နှလုံးသား အဆိပ်သင့်နေတာ
ဘယ်သူကမှ ဖြေဆေးလာမပေးကြတော့
နှလုံးသားတခုလုံး အဆိပ်သင့်နေတာပါ
© Mya Thadan Sein,
книга «အတိတ်ရဲ့ ကောက်ကြောင်း».
ဘယ်အရာတွေမှားနေလည်း
Коментарі