1
ပြန်ဆုံတွေ့ခြင်း
ဆူညံနေသော ကျောင်းခန်းကြီးသည် အတန်းပိုင်ဆရာမဝင်လာသည်နှင့်တပြိုင်နက် တိတ်ဆိတ်သွားတော့သည်။
ဆရာမ၏အနောက်တွင် အရပ်မြင့်မြင့် ခန့်ညားသော
ကောင်လေးတစ်ယောက်ပါလာလေသည်။
"အားလုံးဘဲကြိုဆိုလိုက်ကြပါဦး ဒါကဆရာမတို့ကျောင်းကိုဒီနေ့မှ အသစ်ပြောင်းလာတဲ့ကျောင်းသားသစ်ဖြစ်တယ်။"
အတန်းထဲမှ ကျောင်းသားများကထိုကျောင်းသားသစ်ကို စူးစမ်းသလိုကြည့်နေကြသည်။
ကျောင်းသားသစ်ကို နေရာချပေးကာ ဆရာမသည် စာစသင်လေတော့သည်။
•••••••••••
ညရောက်သောအခါ လွန်း အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားများ နေထိုင်ရာအဆောင်သို့ ပစ္စည်းများသယ်၍ သူနေရမည့်အခန်းကိုလိုက်ရှာလေသည်။
ဝိုး....ကျောင်းအုပ်ကြီး ပြောလိုက်တာ ဒီအခန်းထင်တယ်
တံခါးခေါက်လိုက်သောအခါ ကောင်လေးတစ်ယောက်ကတံခါးလာဖွင့်ပေးလေသည်။
ရင်းနှီးနေသော မျက်နှာလေးကိုတွေလိုက်ရတော့ လွန်း အံ့သြသွားပြီး ကြောင်ကြည့်နေမိလေသည်။
"မင်းက ဘယ်သူလဲ"
တစ်ဖက်ကမေးလာတော့မှ လွန်း ရုတ်တရက်သတိပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်လေသည်။
"ငါက ဒီနေ့မှအသစ်ပြောင်းလာတဲ့ကျောင်းသားသစ်ပါ။
ကြည့်ရတာ မင်းကငါ့အခန်းဖော်ထင်တယ်။
တွေ့ရတာဝမ်းသာပါတယ်။
ငါ့နာမည်က လွန်းခန့်ညား ပါ။"
"မင်းကငါ့အခန်းမှာလာနေမှာ!!??...
ဟုတ်လား! ဒီလောက်ထိ တစ်ခြားသူတွေနဲ့မနေချင်ဘူးလို့ပြောထားတာကိုကွာ ဘယ်သူကမင်းကိုလာနေခိုင်းလိုက်တာလဲ"
"ကျောင်းအုပ်ကြီးက လာနေခိုင်းလိုက်တာ။
ကျန်တဲ့အခန်းတွေလည်း တစ်ခန်းမှမလွတ်တော့တာကြောင့် ဒီအခန်းမှာလာနေခိုင်းလိုက်တာ"
လွန်းခန့်ညား အလွန်ပြောင်းလဲသွားသော သူ့ရှေ့ကလူကိုကြည့်ရင်း သက်ပြင်းဖွဖွချမိလေသည်။
"ဘာ...
ဦးလေးက နေခိုင်းတာ!! ငါဒီလောက်အတန်တန်မှာထားရက်နဲ့ကွာ။
ထားလိုက်တော့ ဦးလေးကနေခိုင်းတယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။
ဝင်လာခဲ့"
လွန်းခန့်ညား သူ့အဝတ်အိတ်ကိုဆွဲပြီး အခန်းထဲ ဝင်လာလိုက်သည်။
အခန်းက လူနှစ်ယောက်နေဖို့အတွက်လုံလုံလောက်လောက် ကျယ်ဝန်းပြီး ရေချိုးခန်းနှင့် အိမ်သာပါ အခန်းထဲမှာရှိလေသည်။
ဟင်းချက်ရန် မီးဖိုချောင်လည်းရှိပြီး တစ်ခန်းမှာကျောင်းသားနှစ်ယောက် နေရန်စီစဥ်ထားသောကြောင့် ကုတင်လည်း နှစ်လုံးရှိလေသည်။
ပုဂ္ဂလိက ကျောင်းဆိုတော့လည်း ဒီလောက်တော့ကောင်းရမှာပေါ့။
လွန်းခန့်ညား သူနေရမဲ့ ကုတင်ကိုကြည့်ပြီး လန့်သွားလေသည်။
"ကု..ကုတင်က အိပ်ယာတွေဘာတွေဘာမှမထားထားပေးဘူးလား"
"မထားထားပေးဘူးလေ ဘာလဲမင်းက အကုန်အဆင်သင့်လုပ်ထားပေးပြီးတက်နေရုံဘဲလို့ထင်နေတာလား"
"ဒါ ဒါပေမဲ့...."
လွန်းခန့်ညား ပြောစရာစကားစွံ့အသွားသည်။
သူကဒီနေ့မှ ဒီနိုင်ငံကိုပြန်လာတာဖြစ်ပြီး သူ့မှာအဝတ်အိတ်နဲ့ ကျောပိုးအိတ်ဘဲပါလေသည်။
သူသူ့အမေတို့နှင့်နေတုန်းက အိမ်မှာနေ၍သာကျောင်းတက်သဖြင့် အဆောင်မနေဖူးပေ။
သူထင်တာက အဆောင်နေရင် အကုန်လုံးပြင်ဆင်ပြီးသားဖြစ်ပြီး အဝတ်တွေယူသွားရင်ရပြီလို့ဘဲထင်နေတာ။
သူကဒီနေ့ရောက်ရောက်ချင်း ကျောင်းတန်းတက်တာဖြစ်လေတယ်။
သူ့မိဘတွေက ဒီကကျောင်းအုပ်ကြီးနှင့် ရင်းနှီးသဖြင့်
သူဒီနိုင်ငံပြန်လာပြီးကျောင်းလာတက်မည်ဟုပြောသောအခါ သူတို့က လွန်းခန့်ညားကိုကျောင်းအုပ်ကြီးထံသာ အပ်ပြီး ဒီကျောင်းကိုလာတက်ခိုင်းခြင်းဖြစ်သည်။
သူ့မိဘတွေကတော့ အလုပ်ကိစ္စများရှိသည်ကတစ်ကြောင်း သူ့မိဘများကိုအလုပ်မရှုပ်တစေချင်သောကြောင့် လွန်းခန့်ညားသူ့သူသာ လေယာဥ်စီးပြီး လာခဲ့ခြင်းဖြစ်သည်။
လွန်း သူ့အဝတ်အိတ်နဲ့ ကျောပိုးအိတ်ကို ကုတင်ပေါ်ချပြီး ဖုန်းကိုထုတ်လိုက်သည်။
သူ့အမေတို့ကိုဖုန်းဆက်ရင်လည်း သူ့မိဘတွေစိတ်ပူရုံသာရှိပြီး သူ့မိဘတွေကဒီနိုင်ငံမှာမဟုတ်သဖြင့်လွန်း ကျောင်းအုပ်ကြီးကိုသာ ဖုန်းဆက်ပြီး အကူအညီတောင်း လိုက်တော့သည်။
"ဟယ်လို
ဦးလေး ကျွန်တော့်အိပ်ယာက ဘာမှလည်းမပါဘူး။ ဒီတိုင်းသံကုတင်ကြီးဘဲဖြစ်နေတယ်။ ကျွန်တော့်ကိုတစ်ခုခုစီစဥ်ပေးလို့ရမလားမသိဘူးခင်ဗျ။ ကျွန်တော်ကလည်း အဆင်သင့်ပါမယ်ထင်လို့ အိပ်ယာတွေဘာတွေအတွက် မပြင်ဆင်လာရဘူး။"
"စောတီး။ ဦးလေးအမှားပါ။ မင်းမိဘတွေက ဦးလေးကိုအပ်ထားတာ ဦးလေးက အကုန်သေချာစီစဥ်ပေးရမှာကို မင်းလည်းဒီလောက်မြန်မြန်ရောက်လာမယ်မထင်လို့ ဦးလေးစီစဥ်တာနည်းနည်းလိုသွားတာ။ ဦးလေးတို့ကျောင်းကပုံမှန်ဆိုအိပ်ယာတွေအကုန်စီစဥ်ပြီးသား။ ဦးလေးတူကသူတစ်ယောက်တည်းတစ်ခန်းနေပြီး နောက်ကုတင်တစ်ခုကိုပါပစ္စည်းတွေဖယ်ခိုင်းထားတာကိုဦးလေးမေ့နေတာ။
သူ့ကိုတစ်ချက်လောက်ဖုန်းပေးလိုက်ပါလား။
ဦးလေးအဆင်ပြေအောင်ပြောကြည့်လိုက်မယ်။"
လွန်း ဖုန်းကို တစ်ဖက်ခုတင်တွင် အိပ်ကာ gameဆော့နေသောကောင်လေးဆီသို့ပေးလိုက်လေသည်။
"ဘာလဲကွာ gameဆော့နေတာကို"
"မင်းဦးလေး"
ဒေါသအနည်းငယ်ထွက်သွားပုံရသော ကောင်လေးထံသို့ ဖုန်းထိုးပေးလိုက်ပြီး လွန်းဘာမှမရှိသော သူ့ကုတင်လေးပေါ်တွင်သာ ထိုင်နေလိုက်သည်။
ခနအကြာတွင် ကောင်လေးက လွန်းခန့်ညားထံသို့ သူ့ဖုန်းကိုပြန်လာပေးလေသည်။
လွန်းဖုန်းကိုကိုင်လိုက်တော့ ကျောင်းအုပ်ကြီးက သူသူ့တူကိုအဆင်ပြေအောင်လုပ်ပေးဖို့ပြောပြီးပြီဖြစ်ကြောင်းနှင့် သူ့တူကအဆင်ပြေအောင်လုပ်ပေးမည်ဖြစ်ကြောင်းပြောပြီး ဖုန်းချသွားလေသည်။
လွန်း ငြိမ်ငြိမ်လေးသာ ကုတင်ပေါ်ထိုင်နေလိုက်သည်။
ကုတင်တွေက နံရံအစွန်းနှစ်ဖက်မှာရှိတာဖြစ်ပြီး လွန်းရဲ့ကုတင်က ဘယ်ဖက်မှာရှိတာဖြစ်လေတယ်။
"ဒီနေ့တော့ ငါနဲ့လာအိပ်လိုက်။ နောက်နေ့ကြရင်တော့ ကိုယ့်ကိုယ်အဆင်ပြေအောင်လုပ်။ မနက်ဖြန်မှ မင်းအိပ်ယာကအဆင်မပြေသေးဘူးဆိုရင်တော့ ကိုယ့်ကိုယ်ဘာမှမရှိတဲ့ကုတင်ပေါ်ဘဲအိပ်။ ငါတော့ မင်းကိုဒီနေ့တစ်ရက်ဘဲပေးအိပ်နိုင်မယ်။"
လွန်း ပြုံးပြလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
ထို့နောက် ရေချိုးရန် အဝတ်အစားများ ထုတ်ပြီး ရေချိုးခန်းရှိရာသို့ ဦးတည်တော့သည်။
လွန်း ရေချိုးပြီးသောအခါ ပေါ့ပေါ့ပါးပါးရှိသော ညအိပ်ဝတ်စုံ ကိုဝတ်ဆင်လိုက်ပြီး ပခုံးတွင်သဘက်တစ်ထည်တင်ပြီး အပြင်ကိုထွက်လာလိုက်သည်။
လွန်းကုတင်ပေါ်တက်ဖို့လုပ်တော့ အိပ်ယာပေါ်တွင်ရှိနေသော ကောင်လေးကလှမ်းတားလေသည်။
"မင်းဒီတိုင်းအိပ်တော့မလို့လား"
"အွန်း ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"ရူးနေလား ခေါင်းမသုတ်ဘဲအိပ်ရင် အိပ်ယာတွေစိုကုန်မှာပေါ့"
"ငါအမြဲဒီလိုဘဲအိပ်နေကြ"
"သေချင်လို့လား ခေါင်းသုတ်ပြီးမှတက်လာခဲ့ အိပ်ယာစိုမှာစိုးလို့ပြောနေတာ စိတ်ပူလို့ပြောနေတာမဟုတ်ဘူး။ မသုတ်ချင်ရင်တက်မလာနဲ့ ဒါငါ့အိပ်ယာ"
လွန်း သက်ပြင်းသာဖြည်းဖြည်းချလိုက်ပြီး ခေါင်းကိုစသုတ်တော့သည်။
ခေါင်းခြောက်ခါနီးအချိန်တွင် လွန်း ကုတင်ပေါ်ကကောင်လေးကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမတုန့်ပြန်သောကြောင့် ကုတင်ပေါ်သာတက်လိုက်တော့သည်။
လွန်းကုတင်ပေါ်တက်လာသောအခါ တစ်ဖက်က တစ်ချက်ကြည့်ပြီး ဘာမှမပြောပေ။
လွန်းလည်း ခရီးပန်းနေသောကြောင့် တန်းသာအိပ်လိုက်တော့သည်။
ခုတင်က တစ်ယောက်အိပ်ကုတင်ဖြစ်သောကြောင့် အရမ်းမကြီးသော်လည်း လွန်းတို့နှစ်ယောက်အိပ်ဖို့အတွက်တော့အဆင်ပြေလေသည်။
ထိုနေ့က ထူးခြားစွာဘဲ ရင်းနှီးနေခဲ့သော ကိုယ်သင်းနံ့လေးကိုရှူကာ လွန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်။
••••••••••
မနက်ခင်းနေမင်းရဲ့အလင်းရောင်က ပြတင်းပေါက်ကနေ ဖြာကျနေလေသည်။
ငှက်ကလေးများကလည်း တကျိကျိနှင့် အော်နေကြပြီး တစ်စုံတစ်ယောက်ကလည်း နှစ်ခြိုက်စွာအိပ်မောကျနေလေသည်။
"ဟေ့ရောင် ထတော့ မင်းနေဖင်ထိုးတဲ့အထိအိပ်နေမလို့လား။
လွန်းခန့်ညား ထတော့လို့ဆို!!!"
လွန်း သူ့နာမည်ခေါ်သံကြားလို့ အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
"ခိုင်ခန့် ငါ့ခနလောက်ဆက်အိပ်ဦးမယ် ခနမှနှိုး"
ခွန်ခိုင်ခန့် လွန်းခန့်ညားကို ပြူးကြည့်နေမိသည်။
ငါဒီကောင့်ကို ငါ့နာမည်လည်းမပြောပြထားဘဲနဲ့ဒီကောင် ငါ့နာမည်ဘယ်လိုသိနေတာလဲ။
ခိုင်ခန့် လွန်းခန့်ညားကိုဆက်မနှိုးတော့ဘဲ ကျောင်းတက်ဖို့သာပြင်ဆင်တော့သည်။
ခိုင်ခန့် ဘီရိုထဲကသဘက်တစ်ထည်ယူလိုက်ပြီး ရေချိုးခန်းသို့သွား၍ ရေမိုးချိုးပြင်ဆင်ကာ သဘက်ကိုခါးတွင်ပတ်ပြီး ပြန်ထွက်လာသည်။
မနက်စာအတွက် ပေါင်မုန့်တစ်ချက်ကို မီးကင်လိုက်ပြီး ကြက်ဥတစ်လုံးပါကြော်လိုက်သည်။
ထို့နောက် ရေခဲသေတ္တာထဲက မုန်လာဥနီအနည်းငယ်ကိုယူလိုက်ပြီး ရေဆေးကာ blenderထဲထည့်လိုက်သည်။
ပြီးနောက် Blenderထဲသို့ ရေအနည်းငယ်ပါထည့်လိုက်ပြီး မွှေလိုက်သည်။
လွန်းခန့်ညား blenderကထွက်တဲ့အသံကြောင့် နိုးလာလေသည်။
သူထထိုင်လိုက်ကာ အသံလာရာသို့လှမ်းကြည့်လိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လွန်းခန့်ညား အိပ်ချင်နေတာတွေပါပျောက်ကုန်သည်။
ခွန်ခိုင်ခန့်က သဘက်တစ်ထည်ကိုသာ ခါးမှာပတ်ထားပြီး မီးဖိုချောင်တွင် ဟိုသွားဒီသွားလုပ်ကာ မနက်စာပြင်ဆင်နေလေသည်။
မီးဖိုချောင်က သူတို့ရဲ့ အိပ်ယာ အောက်တည့်တည့်မှာရှိတာဖြစ်ပြီး မီးဖိုချောင်က ကာထားခြင်းမရှိပေ။
အခန်းအကျယ်ကြီးထဲမှာ ခုတင်နှစ်လုံးရှိပြီး အောက်တည့်တည့်တွင် မီးဖိုချောင်ရှိကာ ဘေးနားတွင်တော့အိမ်သာရေချိုးခန်းရှိလေသည်။
အခန်းထဲတွင် ဘီရို နှစ်လုံးလည်းရှိပြီး ဘီရိုများက နံရံနှင့်တစ်သားတည်းဖြစ်လေသည်။
လွန်းခန့်ညား အိပ်ယာကထလိုက်ပြီး မျက်နှာသစ်ဖို့ပြင်ဆင်လိုက်သည်။
ဆက်အိပ်ချင်စိတ်လည်း မရှိတော့ပေ။
သူမနေ့က ကောင်းကောင်း အိပ်ပျော်တာတော့သတိထားမိတယ်။ သူညဖက်တွေအိပ်မပျော်တာ ၁နှစ်လောက်ရှိပြီ။ ဆရာဝန်မျိုးစုံနဲ့ပြပြီး အိပ်ဆေးတွေပါသောက်ပေမဲ့လည်း သူ့အခြေအနေက မတိုးတက်လာဘူး။ ကြာလာတော့ ဆရာဝန်က သူအိပ်ဆေးကိုစွဲသွားပြီး သူ့ကျန်းမာရေးပိုဆိုးသွားမှာစိုးလို့ အိပ်ဆေးကိုဆက်မသောက်ခိုင်းတော့ဘဲ သဘာဝနည်းနဲ့ အိပ်ပျော်နိုင်အောင် ကြိုးစားခိုင်းတော့တယ်။
သူဒီကိုပြောင်းလာရတဲ့အကြောင်းအရင်းထဲမှာ အဲ့တာကြောင့်လည်းပါတယ်။
လွန်းခန့်ညား မျက်နှာသစ်လိုက်ပြီး ခိုင်ခန့်ရှိရာ မီးဖိုချောင်သို့ သွားကာ ထမင်းစားစားပွဲမှာ သွားထိုင်လိုက်သည်။
"မနက်စာက ငါ့အတွက်ရောပါလား"
တစ်ယောက်စာသာ ပြင်ထားသည်ကိုတွေ့သော်လည်း တမင်သက်သက်မေးလိုက်သည်။
"မင်းမျက်လုံးက မမြင်ဘူးလား မင်းစားချင်ရင်ကိုယ့်ကိုယ်ပြင်စားပေါ့ ငါကဘာလို့မင်းအတွက်ပြင်ပေးရမှာလဲ"
ခိုင်ခန့် ပါမုန့်ကင်နှင့်ကြက်ဥကြော်ကိုစားပြီး မုန်လာဥဖျော်ရည်ကို အေးအေးဆေးဆေးသောက်လေသည်။
လွန်းလည်း ထကာ ကိုယ့်မနက်စာကိုယ်ပြင်ဖို့လုပ်တော့သည်။
စင်ပေါ်က ပေါင်မုန့်နှစ်ချက်ကိုထုတ်ကာ ရေတစ်ခွက်ပါခပ်လိုက်ပြီး ထမင်းစားစားပွဲတွင် ပြန်ထိုင်လိုက်သည်။
ထို့နောက် ပေါင်မုန့်နှစ်ချပ်နှင့် ရေတစ်ခွက်ကို မနက်စာအဖြစ် စားတော့သည်။
ခိုင်ခန့် သူ့ရှေ့တွင်မနက်စာစားနေသော လွန်းခန့်ညားကိုကြည့်ကာ မျက်မှောင်ကျုံ့မိသည်။
ခိုင်ခန့်မနက်စာစားကာ ပန်းကန်နှင့်ခွက်များကို ဘေစင်မှာသွားဆေးကာ ပြန်မှောက်ထားလိုက်သည်။
ထို့နောက် စားပြီးသားကိုယ်ပန်းကန်ကို ပြန်ဆေးခဲ့ရန် လွန်းခန့်ညားကိုပါသတိပေးလိုက်သည်။
ခိုင်ခန့်ရဲ့ အမှာစကားကို ကြားတော့ လွန်း ပြုံးကာတွေးမိသည်။
ခိုင်ခန့် မင်းက ကောင်းကောင်းအရွယ်ရောက်လာတာဘဲ ကြွက်သားတွေနဲ့ခက်ထန်လာတဲ့မင်းက အရင်က ငါ့ရှေ့မှာငိုနေတတ်တဲ့ ကလေးလေးမဟုတ်တော့ဘူးဘဲ။
ခိုင်ခန့် ကျောင်းဝတ်စုံဝတ်လိုက်ပြီး ကျောပိုးအိတ်ယူကာ ကျောင်းသွားတော့သည်။
သူတို့အဆောင်နဲ့ ကျောင်းက ဆယ်မိနစ်လောက်လမ်းလျှောက်ရုံနဲ့ ရောက်ပြီဖြစ်တယ်။
ထွက်သွားသော ကျောပြင်ကိုကြည့်ကာ လွန်းခန့်ညား ထိုသူနဲ့ ပိုဝေးကွာသွားသလိုခံစားရတယ်။
ခိုင်ခန့်ကို ပြန်တွေ့လို့ ဝမ်းသာပေမဲ့ ခိုင်ခန့်က သူလက်လှမ်းမမှီတော့သလိုမျိုးဘဲ။
မင်းအရမ်းပြောင်းလဲသွားတယ် ခွန်ခိုင်ခန့်။
•••••••••••••••
လွန်း ကျောင်းဝတ်စုံလဲလိုက်ပြီး ကျောပိုးအိတ်ယူကာ ထွက်လာသည်။
သူစဥ်းစားမိနေတာက ဒီကျောင်းမှာ အထက်တန်းနောက်ဆုံးနှစ်က တစ်ခန်းဘဲရှိတာကို သူမနေ့ကဘာလို့ ခိုင်ခန့်ကိုမတွေ့မိတာလဲ။
အခန်းထဲမှာ လူတွေက များတယ်ဆိုပေမဲ့ သူခိုင်ခန့်
ရဲ့မျက်နှာကိုမမှတ်မိစရာအကြောင်းမရှိပေ။
ကျောင်းသွားသည့်လမ်းတွင် ကျောင်းသားများစွာကိုတွေ့ရသည်။
တစ်ချို့ကျောင်းသားတွေကိုတော့ လွန်းခန့်ညား မြင်ဖူးပေမဲ့ အများစုကိုတော့မမြင်ဖူးပေ။
အငယ်တန်းတွေဖြစ်ဟန်တူသည်။
လွန်းလည်း နောက်ကျနေပြီဖြစ်သောကြောင့် ကျောင်းကို မြန်မြန်သာ လျှောက်သွားလိုက်တော့သည်။
ကျောင်းခန်းထဲတွင်တော့ ခိုင်ခန့်သည် ကောင်မလေးတစ်ယောက်နှင့်စကားပြောနေသည်။
စကားပြောရင်းနဲ့ တစ်ချက်တစ်ချက်ပြုံးနေသည်မှာ လွန်းကို စကားပြောတဲ့ပုံနဲ့ လားလားမျှမတူ။
သူနဲ့တစ်ခန်းထဲမှာနေရတဲ့ ခိုင်ခန့်မှ ဟုတ်ရဲ့လားလို့ သံသယဝင်မိတယ်။
လွန်း သူ့နေရာတွင်သာ သွားထိုင်လိုက်ပြီး နားကြပ်တပ်ကာ သီချင်းဖွင့်လိုက်သည်။
လွန်းထိုင်တဲ့နေရာက အနောက်ဆုံးမှာဖြစ်ပြီးတော့ ပြတင်းပေါက်နှင့် ကပ်ရပ်ဖြစ်သည်။
လွန်း သီချင်းနားထောင်ကာ ပြတင်းပေါက် အပြင်က မြင်ကွင်းတွေကို ကြည့်မိသည်။
အောက်တွင် တချို့ကျောင်းသားများက သူငယ်ချင်းတွေနှင့် စနောက်နေကြပြီး တစ်ချို့ကတော့ ခုံတန်းပေါ်မှာထိုင်နေလေသည်။
အငယ်တန်း ကျောင်းသားတွေရဲ့ဘဝက လွတ်လပ်ပြီး ပျော်စရာကောင်းလိုက်တာ။
လွန်း အရှေ့ဖက်ကို ကြည့်မိတော့ ခိုင်ခန့်က သူ့ဘေးကကောင်မလေးနဲ့ စကားပြောနေတုန်းဖြစ်သည်။
ဆရာမဝင်လာသောအခါ ခိုင်ခန့်က လွန်းဘေးက ခုံအလွတ်မှာလာထိုင်လေသည်။
အော် ဒါဆိုအဲ့ခုံကသူ့ခုံပေါ့။ ငါကငါ့ဘေးခုံမှာလူမရှိဘူးထင်နေတာ ခိုင်ခန့်ရဲ့ခုံဖြစ်နေတာကိုး။
ဒါနဲ့ သူမနေ့ကဘာလို့ ကျောင်းမလာလဲမသိဘူး။
လွန်း ခိုင်ခန့်နဲ့ရင်းနှီးအောင် ဘယ်လိုလုပ်ရမလဲစဥ်းစားနေမိသည်။
ငါတို့ အရင်လိုပြန်ဖြစ်နိုင်ပါ့မလား။
°°°°°°°°°°°°°°°
နေ့လည် ထမင်းစားချိန်ရောက်တော့ လွန်းအောက်ဆုံးထပ်က ထမင်းစားဆောင်တွင်သာ ထမင်းစားရန်ဆုံးဖြတ်လိုက်သည်။
သူတို့ကျောင်းက အပြင်မှာသွားစားလည်းရပေမဲ့ သူကအပြင်မှာစားစား ဒီမှာစားစားတစ်ယောက်တည်းဘဲကို။
မထူးသောကြောင့် အချိန်ကုန်သက်သာရန် ကျောင်းမှာသာစားဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထမင်း ဟင်းများ ယူပြီးသောအခါ ထိုင်ဖို့ထိုင်ခုံရှာကြည့်တော့ ခိုင်ခန့်ကို စားပွဲတစ်ခုတွင် တစ်ယောက်တည်း ထိုင်နေတာတွေ့လေသည်။
လွန်း ခိုင်ခန့်ရှိရာသို့ လျှောက်သွားလိုက်ပြီး
"ဒီမှာထိုင်လို့ရလား"
"......."
ခိုင်ခန့်က ဘာမှမပြောဘဲ ဒီတိုင်းကြည့်နေသဖြင့် ခိုင်ခန့်ရဲ့ မျက်နှာချင်းဆိုင်တွင်သာ ဝင်ထိုင်လိုက်သည်။
"မင်းတစ်ယောက်တည်းလား "
"ခနနေလာမှာ"
"အော်"
ခိုင်ခန့်ကို ကြည့်ရသည်မှာ သူနဲ့စကားမပြောချင်သလို ဖြစ်နေသဖြင့် လွန်းစကားဆက်မပြောဘဲ ထမင်းသာ ငုံစားတော့သည်။
ခနအကြာတွင် ကောင်မလေးတစ်ယောက် ရောက်လာပြီး ခိုင်ခန့်ရဲ့ ခုံဘေးမှာ လာဝင်ထိုင်လေသည်။
"ကို စောင့်နေတာကြာပြီလား ဒါလီတို့အတန်းက ဆင်းတာနောက်ကျသွားလို့ကြာနေတာ"
"အွန်း"
နောက်မှ ကောင်မလေးက လွန်းကိုသတိထားမိသွားဟန်ဖြင့်
"ကို ကို့သူငယ်ချင်းအသစ်လား မိတ်ဆက်ပေးဦးလေ"
"ဒီတိုင်း ကိုယ့်အခန်းဖော်ပါ"
လွန်း ရင်ထဲ စို့နင့်သွားလေသည်။
ဒီတိုင်း အခန်းဖော်ဘဲတဲ့လား။
လွန်း ကောင်မလေးကို အားနာသဖြင့် နှုတ်ဆက်လိုက်လေသည်။
"ကိုယ့်နာမည်က လွန်းခန့်ညားပါ တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်
ကျွန်မက ခိုင်ခန့်ရဲ့ ချစ်သူ ဒါလီပါ"
"အော်...."
မဟုတ်ပါစေနဲ့လို့ တောင်းခဲ့တဲ့ဆုသည် မပြည့်ခဲ့ပါ။
ခိုင်ခန့်ရဲ့ ချစ်သူတဲ့လား။
လွန်း ဘာမဆက်မပြောတော့ဘဲ တိတ်တဆိတ်သာ ဆက်စားတော့သည်။
အရှေ့က စုံတွဲကတော့ ကြည်နူးစွာ ထမင်းစားနေကြလေရဲ့။
ကိုယ်ကတော့ မျှော်လင့်ချက်တွေ တစ်ပုံကြီးနဲ့ ပြန်လာခဲ့ပေမဲ့ အဲ့ဒီမျှော်လင့်ချက်တွေက ကိုယ်ပြန်မရောက်ခင်တည်းက ပျက်စီးပြီးသားဖြစ်နေခဲ့တာကို ပြန်ရောက်မှ သိလိုက်ရတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2.11.2020
Zawgyi
ပြန်ဆုံတွေ့ခြင်း
"မင်းက ဘယ်သူလဲ"
တွေ့ရတာဝမ်းသာပါတယ်။
"ဘာ...
ဝင်လာခဲ့"
"ဒါ ဒါပေမဲ့...."
"ဟယ်လို
"မင်းဦးလေး"