Shoon V
@shoon_v
Книги Всі
Вірші Всі
ADDICTION
မင်းရဲ့အချစ်ကဝီစကီ​တွေလို ​ဆေးပြင်းလိပ်​တွေလို ကိုယ့်မှာဖြတ်မရနိုင် စွဲလမ်းမှုနွံမှာနစ်​မြောရင်း ကိုယ့်ကိုပြန်စိုက်မဲ့ဓါးကို ​သွေးကာ​​ပေးနေမိ မင်းမရှိရင်ကိုယ်မဖြစ်​တော့ပါ​လေ။
1
0
235
Unwritten dream
အိပ်မက်​တွေ ချမ​ရေးဖြစ်တာကြာပြီ မင်းအ​ကြောင်း​တွေလည်း ထပ်မ​တွေးဖြစ်​တော့ဘူး ချမ​ရေးဖြစ်တဲ့အိပ်မက်​တွေလို မင်းအ​ကြောင်း​တွေကို​ မေ့​ပျောက်ချင်တာမို့ မျက်ဝန်း​တွေမှိတ်ပြီး အိပ်​နေမိတယ် အိပ်မ​ပျော်တာ​တော့ ကိုယ်သာအသိပါ​လေ။
2
0
309
My shining star
​တောက်ပတဲ့ကြယ်​လေး​ရေ ဒီလူက မင်းရဲ့အပြုံး​လေး​တွေကိုသာ မြင်ချင်တာမို့ ​တောက်ပစွာနဲ့ ​ပျော်ရွှင်​နေပါ ကြယ်​လေးငိုရင် ဒီလူရင်မှာ ကမ္ဘာပျက်တာမို့ အချစ်ခံရတဲ့ ကြယ်​လေးက ဒီလူရဲ့မြူမှုန်​လောက်အချစ်​တွေကို ခံစားမိ​ပါ​စေလို့သာ ဆု​တောင်းရင်း ကြယ်​လေးအတွက် နှလုံးသားတစ်စုံ လက်​ဆောင်​ပေးလိုက်ပါတယ် ကိုယ့်ရဲ့ကြယ်​လေး ​ပျော်ရွှင်ပါ​စေ။
1
0
236