0
1
2
2
Unicode

မင်းဘာလုပ်​နေတာလဲ။

တံခါး​ရှေ့မှာရပ်​နေ​သော လွန်းခန့်ညားကို ခိုင်ခန့်​မေးလိုက်သည်။
ခိုင်ခန့်က ​ကျောင်းဆင်း​သောအခါ သူ့ချစ်သူနှင့်သွား​တွေ့ပြီး​တော့မှ အခန်းပြန်လာခြင်းဖြစ်သည်။
အခန်း​နားသို့​ရောက်​သောအခါ အခန်းထဲမဝင်ဘဲအခန်း​ရှေ့ရပ်​နေ​သော လွန်းခန့်ညားကို​တွေ့ရ​လေသည်။

"ဟို ငါအခန်းpasswordမသိလို့။"
လွန်းခန့်ညား အခန်း​ရှေ့မှာရပ်​စောင့်​နေတာ ၁နာရီ​​လောက်ရှိပြီဖြစ်သည်။အခန်းpasswordကိုလည်း​မေ့ပြီးမ​မေးမိလို့​နောင်တရမိသည်။
သူက ခိုင်ခန့်​ နည်းနည်းဘဲ​ နောက်ကျမယ်လို့ထင်​နေတာ။

"ဖုန်းဆက်​မေးလို့ရ​နေတာကို မင်းက ငအ လား။"

"မင်းဖုန်းနံပါတ်မှ ငါ့မှာမရှိတာ"

"ငါ့ဖုန်းနံပါတ်မရှိရင်လည်း ငါ့ဦး​လေးကိုဖုန်းဆက်ပြီး ငါ့ဖုန်းနံပါတ်​မေး​ပေါ့ အဲ့​လောက်အရလား"
ခိုင်ခန့် ပြန်လာတဲ့အချိန် ၅နာရီခွဲ​တော့မည်ဖြစ်သည်။
သူတို့​ကျောင်းက ၄နာရီဆင်းတာဖြစ်ပြီး ခိုင်ခန့်က​ကျောင်းဆင်းပြီး​သောအခါ ဒါလီနဲ့အပြင်သွား​နေတာဖြစ်တယ်။

သူလည်း လွန့်ခန့်ညားကို​မေ့သွားတာ။

"ငါလည်းအဲ့​လောက်ထိမစဥ်းစားမိလိုက်ဘူး မင်းအရမ်း​နောက်မကျဘူးလို့ ထင်ထားတာ။
ထားလိုက်ပါ​တော့ အခု​တော့အခန်းထဲဝင်ရ​အောင် ငါ​ခြေ​ထောက်​​တွေနာ​နေပြီ။"

"Passwordက 7788"
ခိုင်ခန့် လွန်းကို​ပြောပြလိုက်ပြီး passwordရိုက်
ထည့်ကာ အခန်းထဲသို့ဝင်လိုက်သည်။

လွန်းလည်း ​အောက်မှာချထားတဲ့ သူ့​ကျောပိုးအိတ်ကိုယူကာ အခန်းထဲဝင်သည်။
အခန်းထဲ​ရောက်​တော့ သူ့ကုတင်​ပေါ်မှာ ​မွေ့ယာ​၊ခေါင်းအုံး​နဲ့၊​စောင်​တွေ ရှိ​နေပြီဆိုတာ​တွေ့လိုက်ရသည်။
လွန်းလည်း ဘာစကားမှဆက်မ​ပြော။
အင်္ကျီကို ချွတ်၍သာ ​ရေချိုးခန်းထဲတန်းဝင်သည်။
​ရေချိုးခန်းထဲ​ရောက်​တော့ လွန်းမှန်ကိုကြည့်မိသည်။
​ကောက်​​နေ​သောဆံပင်နက်နက်များက သူ့မျက်စိ​ပေါ်သို့ဖြာကျ​နေသည်။ လွန်းဆံပင်ကိုလှန်တင်လိုက်ပြီး မျက်နှာကို​သေချာပြန်ကြည့်မိသည်။
မဲနက်​​နေတဲ့မျက်လုံးများကလည်း ဆံပင်များနဲ့ထပ်တူကျစွာပင်။ မျက်နာဖြူဖြူ​ပေါ်မှာ မျက်ခုံး​မွှေးများနှင့် မျက်​တောင်များကထင်း​နေပြီး ပါးသိုင်း​မွှေး​ရေး​ရေးက သူ့ကို​ယောက်ျားပိုဆန်​စေသည်။
အရင်က သူဒီမျက်နှာကို ​သေချာမကြည့်ဖူး​ပေ။
မမြင်ရတာလည်းပါမှာ​ပေါ့။ လွန်းက ငယ်ငယ်​လေးတည်းက မျက်လုံးမ​ကောင်း၍မျက်မှန်တပ်ရသည်။
မျက်မှန်မပါလျှင်အရာရာဟာ မှုန်ဝါးဝါး။
သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်လျှင်​တောင် မျက်မှန်မပါလျှင် ဝါးတားတားပင်။
သူ​လောကကြီးကို မျက်မှန်မပါဘဲနဲ့ ကြည့်ချင်သည်။
မျက်မှန်​တွေက သူ့ကို​ဘောင်ခတ်ထားသလိုဘဲ။
မျက်မှန်အပြင်က အရာ​တွေအားလုံးက ဝါး​နေပြီး မျက်မှန်ထဲကမြင်ရတာ​တွေကဘဲကြည်လင်​နေတာ။
အဲ့တာကသူ့ကို အရာရာကို အကန့်အသတ်နဲ့ကြည့်​နေရသလို ခံစားရ​စေတယ်။

အခု​တော့ သူ့ဆန္ဒ​တွေပြည့်သွားပါပြီ။ လွန်ခဲ့တဲ့ ၁နှစ်​လောက်က သူ့မျက်လုံးကိုခွဲစိတ်ကုသခဲ့တယ်။
အဲ့ထဲကစပြီး မျက်မှန်တပ်စရာမလို​တော့တာ။ တစ်ခါတစ်​လေ သူမျက်မှန်တပ်စရာမလို​တော့တာကို​မေ့ပြီး သူ့မျက်မှန်ကိုလိုက်ရှာ​နေတတ်​သေးတာ။
အခု​တောင် သူသူ့မျက်မှန်​လေးကိုယူလာ​သေးတယ်။
အသုံးမဝင်​တော့ဘူးဆို​ပေမဲ့​ပေါ့။

လွန်းသူ့ ဝမ်းဗိုက်ကြွက်သားများကိုကြည့်မိသည်။
ဒါသူ​နေ့စဥ်နဲ့အမျှ ​လေ့ကျင့်ခန်းလုပ်လာတာရဲ့ရလဒ်ဘဲ​လေ။ လွန်းအရပ်က ၅​ပေ၁၁လက်မဖြစ်သည်။
ငယ်ငယ်က သူများ​တွေထက်ပု​ပေမဲ့ ကြီးလာ​တော့သူ့အလိုလို အရပ်ရှည်လာခြင်းပင်။ လွန်းအ​ဖေ​ရော အ​မေ​ရော အရပ်ရှည်ကြသည်။ ထို့​ကြောင့် လွန်းလည်း အခုလိုအရပ်ရလာခြင်းဖြစ်မည်။

လွန်း​ရေပန်းကိုဖွင့်လိုက်ပြီး သူ့ရဲ့ဆံပင်​ကောက်များထဲသို့ လက်ထိုးလိုက်ပြီး ​ခေါင်းကို ဖွဖွ​လေး​လျှော်လိုက်သည်။ ​ခေါင်း​လျှော်ပြီး​သောအခါ တစ်ကိုယ်လုံး ဆပ်ပြာတိုက်ပြီး ​ရေပါချိုးလိုက်သည်။
ပြီး​သောအခါ မျက်နှာသစ်ပြီး သွားတိုက်သည်။

လွန်းမှာက အကျင့်တစ်ခုရှိတယ်။ လွန်းက သွားတိုက်ပြီးဆို သွားတိုက်​ဆေးအမြှပ်​တွေကိုဘဲ​ထွေးပစ်တာ ​ရေနဲ့ပါးလုတ်မကျင်းဘူး။ ပါးစပ်ထဲမှာသွားတိုက်​ဆေးအရသာ​လေးရ​နေမှသူက​နေသာထိုင်သာရှိတာ။ ​ရေနဲ့ပလုတ်ကျင်းလိုက်ရင်ပါးစပ်ကဟာတာတာနဲ့​နေလို့မ​ကောင်းဘူး။

လွန်း​ရေချိုးပြီး​တော့ ​ခါးတွင်သဘတ်ပတ်ကာ အဝတ်ဘီရိုရှိရာသို့သွားပြီး ​ပေါ့​ပေါ့ပါးပါးညအိပ်ဝမ်းဆက်တစ်စုံဝတ်လိုက်သည်။ ​ခေါင်းကို​တော့ ​လေလည်းမမှုတ်​ပေ ​သုတ်လည်းမသုတ်​ပေ။ ​ခေါင်း​​ပေါ်တွင်သာ သဘတ်တစ်ထည် တင်ထားသည်။

ခိုင်ခန့်က​တော့ ထုံးစံအတိုင်းgame​ဆော့​နေပြီး လွန်းထွက်လာ​တော့မှ ​ရေချိုးရန်​ရေချိုးခန်းထဲဝင်သွားသည်။

ထိုအခါမှသာ လွန်း မီးဖို​ချောင်သို့သွားပြီး ​​ခေါက်ဆွဲပြုတ်ဖို့​ရေ​နွေးတည်လိုက်သည်။ လွန်းကဟင်းသိပ်မချက်တတ်​ပေ။ သူကျွမ်းကျင်တာက​ခေါက်ဆွဲပြုတ်တာဘဲ။

​ရေ​နွေးရ​သောအခါ ​ခေါက်ဆွဲဗူး နှစ်ဗူးကိုယူပြီး ​ဖောက်ကာ ​ရေ​နွေးထည့် အနှစ်​တွေ​ဖောက်ထည့်လိုက်ပြီး ပြန်အုပ်ထားလိုက်သည်။ ထို့​နောက် ခွက်တစ်ခွက်ထဲသို့ ​ရေ​နွေးအပြည့်ထည့်လိုက်ပြီး ​​မှုတ်ကာ အနည်းငယ်​သောက်လိုက်သည်။

ခိုင်ခန့်​ရေချိုးတာဘယ်​လောက်မြန်လဲဆိုတာ ​ခေါက်ဆွဲပြုတ်လည်းရ​ရော သူလည်း​ရေချိုးခန်းထဲကထွက်လာ​ရောဘဲ။

လွန်းခိုင်ခန့်ကိုကြည့်မိသည်။ ခိုင်ခန့်အရပ်ကလည်း သူ့​လောက်ဘဲရှိမည်ထင်သည်။ ခိုင်ခန့်ဆံပင်ကိုတိုတိုညှပ်ထားပြီး အမြဲတမ်းမျက်​မှောင်ကျုံ့​နေလို့ထင်သည်
နှဖူးမှာ​အ​ကြောင်း​တွေ​ထောင်​ပေါ်​နေသည်။
ခိုင်ခန့်အသားက အနည်းငယ်နီပြီးညိုသ​ယောင်ရှိသည်။

ခိုင်ခန့်အဝတ်အစားဝတ်ပြီး​သောအခါ လွန်း သူ့ကို​ခေါက်ဆွဲပြုတ်စားရန်​ခေါ်လိုက်သည်။
ခိုင်ခန့်က ဘာမှ​တော့မ​ပြောဘဲ တစ်ချက်ကြည့်ကာ သူပြုတ်​ပေးထား​သော ​ခေါက်ဆွဲဗူးကို လက်တစ်ဖက်ဖြင့်စားကာ ကျန်လက်တစ်ဖက်ဖြင့်သဘတ်ကိုကိုင်ကာ
​ခေါင်းသုတ်​နေသည်။

လွန်းလည်း သူ့ရဲ့​ခေါက်ဆွဲဗူးကို ဖွင့်စားလိုက်သည်။
ဒီအရသာက သူ့အကြိုက် ပုဇွန်ချဥ်စပ်အရသာဖြစ်သည်။ လွန်းက အစပ်သိပ်မစားနိုင်​ပေ။ ဒီ​ခေါက်ဆွဲက သူစား​နေကျ​ခေါက်ဆွဲ​တွေထက် ပိုစပ်​နေ​လေသည်။

လွန်း စပ်လာ​သော​ကြောင့် ​သူ့ရဲ့ရေ​နွေးကို အ​လောတကြီး​သောက်လိုက်မိကာ လျှာအပူ​လောင်သွား​လေသည်။

"စပ်တယ်ဆိုရင်လည်း ​ရေ​အေး​သောက်ပါလား ​ရေ​နွေး​သောက်​တော့ပူပြီမလား။"
ခိုင်ခန့် သူ့​ရှေ့မှာ​​ယောက်ယက်ခက်​နေ​သော လွန်းကိုကြည့်ကာ ​ရေ​အေးတစ်ခွက်သွားခပ်​ပေးလိုက်သည်။

လွန်း ခိုင်ခန့်​ပေးလာ​သော​ရေကို​သောက်ကာ ​ကျေးဇူးတင်လိုက်သည်။
"​ကျေးဇူး ငါက​ရေ​နွေး​သောက်​နေကျမို့လို့ပါ"

ထို့​နောက် ခိုင်ခန့်ကစားပြီးသွား​တော့ အမှိုက်ကိုအမှိုက်ပုံးထဲထည့်ကာ သူ့အိပ်ယာ​ပေါ်သို့ပြန်သွား​တော့သည်။

လွန်းက​တော့ ဖြည်းဖြည်းချင်းစားပြီး ​သူ့​ရေ​နွေးကိုပါကုန်​အောင်​သောက်လိုက်သည်။
ပြီး​နောက် ခွက်များကို​ဆေးကာ သူ့​နေရာသူပြန်ထားလိုက်သည်။

လွန်းလည်း သန့်စင်ခန်းဝင်လိုက်ပြီး သူ့ခုတင်ဆီသို့သွားကာအိပ်ဖို့လုပ်​တော့သည်။

ည၁၂နာရီ​လောက် ခိုင်ခန့်game​ဆော့​နေတဲ့အချိန်မှာ လွန်းကုတင်ဖက်က​နေအသံ​တွေကြားရသည်။
လွန်းက ကုတင်​ပေါ်မှာ ဟိုဖက်ဒီဖက်လှိမ့်​နေပြီး ပါးစပ်ကလည်း ဗလုံးပ​​ထွေး​ယောင်​နေ​သေးသည်။

ခနအကြာတွင် ပြန်ငြိမ်သွား​သော​ကြောင့် ခိုင်ခန့်လည်းဂရုမစိုက်​တော့​ချေ။ သူ့ဖုန်းသာဆက်ကြည့်​နေသည်။

၁နာရီ​လောက်​ရောက်​​သောအခါ ခိုင်ခန့်လည်း ညနက်​နေပြီဖြစ်​သော​ကြောင့်အိပ်ဖို့လုပ်​တော့သည်။
ခိုင်ခန့် ဖုန်းကိုချကာ သန့်စင်ခန်းသို့သွားသည်။

သန့်စင်ခန်းကထွက်အလာ လွန်းခန့်ညား ကုတင်ဖက်က အသံ​တွေ ပြန်ထွက်​နေတာကို ကြားလိုက်ရသည်။

ခိုင်ခန့်လည်း လွန်း ကုတင်ဖက်သို့သွားကြည့်လိုက်သည်။ လွန်းခန့်ညားက ​စောင်ကို ​ခေါင်းအထိခြုံထားပြီး ဖိပါဖိထားသည်။

ခိုင်ခန့်​စောင်ကို ဖယ်ကြည့်လိုက်​တော့ ​ချွေး​တွေရွှဲ​နေတာကို​တွေ့ရသည်။

ခိုင်ခန့်လည်း လွန်းခန့်ညားဖျား​များဖျား​နေလားဟုထင်ကာ နှဖူးကိုစမ်းကြည့်သည်။ အဖျားကမရှိ။
ဒီ​ကောင်ဘာဖြစ်​နေတာလဲ။

ခိုင်ခန့်လည်းသူ့ကုတင်သူသွား၍သာ အိပ်​တော့သည်။
သို့​သော်အိပ်မ​ပျော်။ လွန်းကဆက်ပြီးလူးလှိမ့်​နေဆဲဖြစ်သည်။

သူငါနဲ့အိပ်တုန်းက​တောင်ဘာမှမဖြစ်ပါဘူး။ အခုကဘာလို့ဒီလိုဖြစ်​နေရတာလဲ။

လွန်းခိုင်ခန့်နဲ့အိပ်တုန်းက ငြိမ်ငြိမ်​လေးပင်။ ဘာသံမှမထွက်။ အိပ်​မောကျ​နေတာများ ဆင်နင်း​တောင်နိုးမဲ့ပုံမ​ပေါ်ဘူး။ ခိုင်ခန့်​တောင်အံ့သြ​နေတာ သူအိပ်တာအရမ်းငြိမ်လွန်းလို့။

အခုက​တော့ အဲ့တာနဲ့တစ်ခြားစီဘဲ။

​နောက်ဆုံးတွင် ခိုင်ခန့်လည်း အ​တွေးများပြီးအိပ်​ပျော်သွား​တော့သည်။

မနက်၃နာရီ​လောက်အချိန်တွင် လွန်းခန့်ညား အိပ်​နေရာက လန့်နိုးလာ​တော့သည်။

မက်ပြန်ပြီ ဒီလိုအိပ်မက်ဘဲ။
အိပ်မက်ထဲတွင် သူက တစ်စုံတစ်ခုလိုက်ဖမ်းတာခံရပြီး ထွက်​ပြေး​နေရခြင်းဖြစ်သည်။ လိုက်ဖမ်းသည့်အရာက ဘာမှန်းသူမသိ​ပေ။ ​ကြောက်​နေတာဘဲသိသည်။ ​နောက်ဆုံး​တော့လည်း ဘာမှန်း​တောင်မသိတဲ့အရာရဲ့လိုက်တာခံရပြီး ​သေ​အောင်ထွက်​ပြေးလည်း အဆုံးကျ​တော့ မလွတ်​မြောက်နိုင်ပြန်ဘူး။

သူဒီလိုအိပ်မက်မျိုးမက်တာ အကြိမ်တစ်​ထောင်မက​တော့​ပေ။ အမြဲတမ်းလည်း လိုက်ဖမ်း​နေတဲ့အရာကဘာမှန်းမသိသလို အမြဲတမ်းလည်းမလွတ်​မြောက်နိုင်ခဲ့​ပေ။ အိပ်မက်ထဲမှာသူလုပ်တဲ့အရာက ထွက်​​ပြေး​နေခြင်းသာဖြစ်ပြီး ရှိသမျှအင်အားနဲ့ ရှိသမျှနည်းလမ်းကိုသုံးကာထွက်​ပြေး​နေသည်။

သူတစ်ခါ​လောက်​တော့ လွတ်​မြောက်ချင်မိသည်။
ဒါမှမဟုတ်ရင်လည်း သူ့ကိုလိုက်ဖမ်း​နေတဲ့အရာကဘာလဲ သိချင်မိသည်။ ဒါမှသာ သူ​ပြေးရတဲ့အ​ကြောင်းအရင်းကိုရာ​တွေ့နိုင်မှာဖြစ်ပြီး အနည်းဆုံး​တော့ ဘာ​ကြောင့်​ပြေး​နေရလဲသိရတာ​ပေါ့။

အလွန်ထူးဆန်းသည်။ မ​နေ့ကတစ်ရက်သာ သူထိုအိပ်မက်မမက်ခဲ့ခြင်းဖြစ်သည်။

မ​နေ့ကတကယ်နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်​ပျော်တာ။ သူ​နောက်ထပ်လည်းမထွက်​ပြေးရ​တော့ဘူး။ အဲ့ဒီအိပ်မက်လည်းမမက်​တော့ဘူး။မ​နေ့ကတစ်ရက်ဘဲသူ အဲ့အိပ်မက်ကလွတ်​​​မြောက်ခဲ့တာ။

ခိုင်ခန့် မင်းကငါ့ရဲ့ လွတ်​မြောက်မှု လမ်းစများလား။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

12.11.2020
#VK


Zawgyi

မင္းဘာလုပ္ေနတာလဲ။

တံခါးေရွ႕မွာရပ္ေနေသာ လြန္းခန့္ညားကို ခိုင္ခန့္ေမးလိုက္သည္။
ခိုင္ခန့္က ေက်ာင္းဆင္းေသာအခါ သူ႕ခ်စ္သူႏွင့္သြားေတြ႕ၿပီးေတာ့မွ အခန္းျပန္လာျခင္းျဖစ္သည္။
အခန္းနားသို႔ေရာက္ေသာအခါ အခန္းထဲမဝင္ဘဲအခန္းေရွ႕ရပ္ေနေသာ လြန္းခန့္ညားကိုေတြ႕ရေလသည္။

"ဟို ငါအခန္းpasswordမသိလို႔။"
လြန္းခန့္ညား အခန္းေရွ႕မွာရပ္ေစာင့္ေနတာ ၁နာရီေလာက္ရွိၿပီျဖစ္သည္။အခန္းpasswordကိုလည္းေမ့ၿပီးမေမးမိလို႔ေနာင္တရမိသည္။
သူက ခိုင္ခန့္ နည္းနည္းဘဲ ေနာက္က်မယ္လို႔ထင္ေနတာ။

"ဖုန္းဆက္ေမးလို႔ရေနတာကို မင္းက ငအ လား။"

"မင္းဖုန္းနံပါတ္မွ ငါ့မွာမရွိတာ"

"ငါ့ဖုန္းနံပါတ္မရွိရင္လည္း ငါ့ဦးေလးကိုဖုန္းဆက္ၿပီး ငါ့ဖုန္းနံပါတ္ေမးေပါ့ အဲ့ေလာက္အရလား"
ခိုင္ခန့္ ျပန္လာတဲ့အခ်ိန္ ၅နာရီခြဲေတာ့မည္ျဖစ္သည္။
သူတို႔ေက်ာင္းက ၄နာရီဆင္းတာျဖစ္ၿပီး ခိုင္ခန့္ကေက်ာင္းဆင္းၿပီးေသာအခါ ဒါလီနဲ႕အျပင္သြားေနတာျဖစ္တယ္။

သူလည္း လြန့္ခန့္ညားကိုေမ့သြားတာ။

"ငါလည္းအဲ့ေလာက္ထိမစဥ္းစားမိလိုက္ဘူး မင္းအရမ္းေနာက္မက်ဘဴးလို႔ ထင္ထားတာ။
ထားလိုက္ပါေတာ့ အခုေတာ့အခန္းထဲဝင္ရေအာင္ ငါေျခေထာက္ေတြနာေနၿပီ။"

"Passwordက 7788"
ခိုင္ခန့္ လြန္းကိုေျပာျပလိုက္ၿပီး passwordရိုက္
ထည့္ကာ အခန္းထဲသို႔ဝင္လိုက္သည္။

လြန္းလည္း ေအာက္မွာခ်ထားတဲ့ သူ႕ေက်ာပိုးအိတ္ကိုယူကာ အခန္းထဲဝင္သည္။
အခန္းထဲေရာက္ေတာ့ သူ႕ကုတင္ေပၚမွာ ေမြ႕ယာ၊ေခါင္းအုံးနဲ႕၊ေစာင္ေတြ ရွိေနၿပီဆိုတာေတြ႕လိုက္ရသည္။
လြန္းလည္း ဘာစကားမွဆက္မေျပာ။
အကၤ်ီကို ခြၽတ္၍သာ ေရခ်ိဳးခန္းထဲတန္းဝင္သည္။
ေရခ်ိဳးခန္းထဲေရာက္ေတာ့ လြန္းမွန္ကိုၾကည့္မိသည္။
ေကာက္ေနေသာဆံပင္နက္နက္မ်ားက သူ႕မ်က္စိေပၚသို႔ျဖာက်ေနသည္။ လြန္းဆံပင္ကိုလွန္တင္လိုက္ၿပီး မ်က္ႏွာကိုေသခ်ာျပန္ၾကည့္မိသည္။
မဲနက္ေနတဲ့မ်က္လုံးမ်ားကလည္း ဆံပင္မ်ားနဲ႕ထပ္တူက်စြာပင္။ မ်က္နာျဖဴျဖဴေပၚမွာ မ်က္ခုံးေမႊးမ်ားႏွင့္ မ်က္ေတာင္မ်ားကထင္းေနၿပီး ပါးသိုင္းေမႊးေရးေရးက သူ႕ကိုေယာက္်ားပိုဆန္ေစသည္။
အရင္က သူဒီမ်က္ႏွာကို ေသခ်ာမၾကည့္ဖူးေပ။
မျမင္ရတာလည္းပါမွာေပါ့။ လြန္းက ငယ္ငယ္ေလးတည္းက မ်က္လုံးမေကာင္း၍မ်က္မွန္တပ္ရသည္။
မ်က္မွန္မပါလွ်င္အရာရာဟာ မႈန္ဝါးဝါး။
သူ႕ကိုယ္သူ မွန္ထဲျပန္ၾကည့္လွ်င္ေတာင္ မ်က္မွန္မပါလွ်င္ ဝါးတားတားပင္။
သူေလာကႀကီးကို မ်က္မွန္မပါဘဲနဲ႕ ၾကည့္ခ်င္သည္။
မ်က္မွန္ေတြက သူ႕ကိုေဘာင္ခတ္ထားသလိုဘဲ။
မ်က္မွန္အျပင္က အရာေတြအားလုံးက ဝါးေနၿပီး မ်က္မွန္ထဲကျမင္ရတာေတြကဘဲၾကည္လင္ေနတာ။
အဲ့တာကသူ႕ကို အရာရာကို အကန့္အသတ္နဲ႕ၾကည့္ေနရသလို ခံစားရေစတယ္။

အခုေတာ့ သူ႕ဆႏၵေတြျပည့္သြားပါၿပီ။ လြန္ခဲ့တဲ့ ၁ႏွစ္ေလာက္က သူ႕မ်က္လုံးကိုခြဲစိတ္ကုသခဲ့တယ္။
အဲ့ထဲကစၿပီး မ်က္မွန္တပ္စရာမလိုေတာ့တာ။ တစ္ခါတစ္ေလ သူမ်က္မွန္တပ္စရာမလိုေတာ့တာကိုေမ့ၿပီး သူ႕မ်က္မွန္ကိုလိုက္ရွာေနတတ္ေသးတာ။
အခုေတာင္ သူသူ႕မ်က္မွန္ေလးကိုယူလာေသးတယ္။
အသုံးမဝင္ေတာ့ဘူးဆိုေပမဲ့ေပါ့။

လြန္းသူ႕ ဝမ္းဗိုက္ႂကြက္သားမ်ားကိုၾကည့္မိသည္။
ဒါသူေန႕စဥ္နဲ႕အမွ် ေလ့က်င့္ခန္းလုပ္လာတာရဲ႕ရလဒ္ဘဲေလ။ လြန္းအရပ္က ၅ေပ၁၁လက္မျဖစ္သည္။
ငယ္ငယ္က သူမ်ားေတြထက္ပုေပမဲ့ ႀကီးလာေတာ့သူ႕အလိုလို အရပ္ရွည္လာျခင္းပင္။ လြန္းအေဖေရာ အေမေရာ အရပ္ရွည္ၾကသည္။ ထို႔ေၾကာင့္ လြန္းလည္း အခုလိုအရပ္ရလာျခင္းျဖစ္မည္။

လြန္းေရပန္းကိုဖြင့္လိုက္ၿပီး သူ႕ရဲ႕ဆံပင္ေကာက္မ်ားထဲသို႔ လက္ထိုးလိုက္ၿပီး ေခါင္းကို ဖြဖြေလးေလွ်ာ္လိုက္သည္။ ေခါင္းေလွ်ာ္ၿပီးေသာအခါ တစ္ကိုယ္လုံး ဆပ္ျပာတိုက္ၿပီး ေရပါခ်ိဳးလိုက္သည္။
ၿပီးေသာအခါ မ်က္ႏွာသစ္ၿပီး သြားတိုက္သည္။

လြန္းမွာက အက်င့္တစ္ခုရွိတယ္။ လြန္းက သြားတိုက္ၿပီးဆို သြားတိုက္ေဆးအျမႇပ္ေတြကိုဘဲေထြးပစ္တာ ေရနဲ႕ပါးလုတ္မက်င္းဘူး။ ပါးစပ္ထဲမွာသြားတိုက္ေဆးအရသာေလးရေနမွသူကေနသာထိုင္သာရွိတာ။ ေရနဲ႕ပလုတ္က်င္းလိုက္ရင္ပါးစပ္ကဟာတာတာနဲ႕ေနလို႔မေကာင္းဘူး။

လြန္းေရခ်ိဳးၿပီးေတာ့ ခါးတြင္သဘတ္ပတ္ကာ အဝတ္ဘီရိုရွိရာသို႔သြားၿပီး ေပါ့ေပါ့ပါးပါးညအိပ္ဝမ္းဆက္တစ္စုံဝတ္လိုက္သည္။ ေခါင္းကိုေတာ့ ေလလည္းမမႈတ္ေပ သုတ္လည္းမသုတ္ေပ။ ေခါင္းေပၚတြင္သာ သဘတ္တစ္ထည္ တင္ထားသည္။

ခိုင္ခန့္ကေတာ့ ထုံးစံအတိုင္းgameေဆာ့ေနၿပီး လြန္းထြက္လာေတာ့မွ ေရခ်ိဳးရန္ေရခ်ိဳးခန္းထဲဝင္သြားသည္။

ထိုအခါမွသာ လြန္း မီးဖိုေခ်ာင္သို႔သြားၿပီး ေခါက္ဆြဲျပဳတ္ဖို႔ေရႏြေးတည္လိုက္သည္။ လြန္းကဟင္းသိပ္မခ်က္တတ္ေပ။ သူကြၽမ္းက်င္တာကေခါက္ဆြဲျပဳတ္တာဘဲ။

ေရႏြေးရေသာအခါ ေခါက္ဆြဲဗူး ႏွစ္ဗူးကိုယူၿပီး ေဖာက္ကာ ေရႏြေးထည့္ အႏွစ္ေတြေဖာက္ထည့္လိုက္ၿပီး ျပန္အုပ္ထားလိုက္သည္။ ထို႔ေနာက္ ခြက္တစ္ခြက္ထဲသို႔ ေရႏြေးအျပည့္ထည့္လိုက္ၿပီး မႈတ္ကာ အနည္းငယ္ေသာက္လိုက္သည္။

ခိုင္ခန့္ေရခ်ိဳးတာဘယ္ေလာက္ျမန္လဲဆိုတာ ေခါက္ဆြဲျပဳတ္လည္းရေရာ သူလည္းေရခ်ိဳးခန္းထဲကထြက္လာေရာဘဲ။

လြန္းခိုင္ခန့္ကိုၾကည့္မိသည္။ ခိုင္ခန့္အရပ္ကလည္း သူ႕ေလာက္ဘဲရွိမည္ထင္သည္။ ခိုင္ခန့္ဆံပင္ကိုတိုတိုညွပ္ထားၿပီး အၿမဲတမ္းမ်က္ေမွာင္က်ဳံ႕ေနလို႔ထင္သည္
ႏွဖူးမွာအေၾကာင္းေတြေထာင္ေပၚေနသည္။
ခိုင္ခန့္အသားက အနည္းငယ္နီၿပီးညိုသေယာင္ရွိသည္။

ခိုင္ခန့္အဝတ္အစားဝတ္ၿပီးေသာအခါ လြန္း သူ႕ကိုေခါက္ဆြဲျပဳတ္စားရန္ေခၚလိုက္သည္။
ခိုင္ခန့္က ဘာမွေတာ့မေျပာဘဲ တစ္ခ်က္ၾကည့္ကာ သူျပဳတ္ေပးထားေသာ ေခါက္ဆြဲဗူးကို လက္တစ္ဖက္ျဖင့္စားကာ က်န္လက္တစ္ဖက္ျဖင့္သဘတ္ကိုကိုင္ကာ
ေခါင္းသုတ္ေနသည္။

လြန္းလည္း သူ႕ရဲ႕ေခါက္ဆြဲဗူးကို ဖြင့္စားလိုက္သည္။
ဒီအရသာက သူ႕အႀကိဳက္ ပုဇြန္ခ်ဥ္စပ္အရသာျဖစ္သည္။ လြန္းက အစပ္သိပ္မစားနိုင္ေပ။ ဒီေခါက္ဆြဲက သူစားေနက်ေခါက္ဆြဲေတြထက္ ပိုစပ္ေနေလသည္။

လြန္း စပ္လာေသာေၾကာင့္ သူ႕ရဲ႕ေရႏြေးကို အေလာတႀကီးေသာက္လိုက္မိကာ လွ်ာအပူေလာင္သြားေလသည္။

"စပ္တယ္ဆိုရင္လည္း ေရေအးေသာက္ပါလား ေရႏြေးေသာက္ေတာ့ပူၿပီမလား။"
ခိုင္ခန့္ သူ႕ေရွ႕မွာေယာက္ယက္ခက္ေနေသာ လြန္းကိုၾကည့္ကာ ေရေအးတစ္ခြက္သြားခပ္ေပးလိုက္သည္။

လြန္း ခိုင္ခန့္ေပးလာေသာေရကိုေသာက္ကာ ေက်းဇူးတင္လိုက္သည္။
"ေက်းဇူး ငါကေရႏြေးေသာက္ေနက်မိဳ႕လို႔ပါ"

ထို႔ေနာက္ ခိုင္ခန့္ကစားၿပီးသြားေတာ့ အမွိုက္ကိုအမွိုက္ပုံးထဲထည့္ကာ သူ႕အိပ္ယာေပၚသို႔ျပန္သြားေတာ့သည္။

လြန္းကေတာ့ ျဖည္းျဖည္းခ်င္းစားၿပီး သူ႕ေရႏြေးကိုပါကုန္ေအာင္ေသာက္လိုက္သည္။
ၿပီးေနာက္ ခြက္မ်ားကိုေဆးကာ သူ႕ေနရာသူျပန္ထားလိုက္သည္။

လြန္းလည္း သန့္စင္ခန္းဝင္လိုက္ၿပီး သူ႕ခုတင္ဆီသို႔သြားကာအိပ္ဖို႔လုပ္ေတာ့သည္။

ည၁၂နာရီေလာက္ ခိုင္ခန့္gameေဆာ့ေနတဲ့အခ်ိန္မွာ လြန္းကုတင္ဖက္ကေနအသံေတြၾကားရသည္။
လြန္းက ကုတင္ေပၚမွာ ဟိုဖက္ဒီဖက္လွိမ့္ေနၿပီး ပါးစပ္ကလည္း ဗလုံးပေထြးေယာင္ေနေသးသည္။

ခနအၾကာတြင္ ျပန္ၿငိမ္သြားေသာေၾကာင့္ ခိုင္ခန့္လည္းဂ႐ုမစိုက္ေတာ့ေခ်။ သူ႕ဖုန္းသာဆက္ၾကည့္ေနသည္။

၁နာရီေလာက္ေရာက္ေသာအခါ ခိုင္ခန့္လည္း ညနက္ေနၿပီျဖစ္ေသာေၾကာင့္အိပ္ဖို႔လုပ္ေတာ့သည္။
ခိုင္ခန့္ ဖုန္းကိုခ်ကာ သန့္စင္ခန္းသို႔သြားသည္။

သန့္စင္ခန္းကထြက္အလာ လြန္းခန့္ညား ကုတင္ဖက္က အသံေတြ ျပန္ထြက္ေနတာကို ၾကားလိုက္ရသည္။

ခိုင္ခန့္လည္း လြန္း ကုတင္ဖက္သို႔သြားၾကည့္လိုက္သည္။ လြန္းခန့္ညားက ေစာင္ကို ေခါင္းအထိၿခဳံထားၿပီး ဖိပါဖိထားသည္။

ခိုင္ခန့္ေစာင္ကို ဖယ္ၾကည့္လိုက္ေတာ့ ေခြၽးေတြ႐ႊဲေနတာကိုေတြ႕ရသည္။

ခိုင္ခန့္လည္း လြန္းခန့္ညားဖ်ားမ်ားဖ်ားေနလားဟုထင္ကာ ႏွဖူးကိုစမ္းၾကည့္သည္။ အဖ်ားကမရွိ။
ဒီေကာင္ဘာျဖစ္ေနတာလဲ။

ခိုင္ခန့္လည္းသူ႕ကုတင္သူသြား၍သာ အိပ္ေတာ့သည္။
သို႔ေသာ္အိပ္မေပ်ာ္။ လြန္းကဆက္ၿပီးလူးလွိမ့္ေနဆဲျဖစ္သည္။

သူငါနဲ႕အိပ္တုန္းကေတာင္ဘာမွမျဖစ္ပါဘူး။ အခုကဘာလို႔ဒီလိုျဖစ္ေနရတာလဲ။

လြန္းခိုင္ခန့္နဲ႕အိပ္တုန္းက ၿငိမ္ၿငိမ္ေလးပင္။ ဘာသံမွမထြက္။ အိပ္ေမာက်ေနတာမ်ား ဆင္နင္းေတာင္နိုးမဲ့ပုံမေပၚဘူး။ ခိုင္ခန့္ေတာင္အံ့ၾသေနတာ သူအိပ္တာအရမ္းၿငိမ္လြန္းလို႔။

အခုကေတာ့ အဲ့တာနဲ႕တစ္ျခားစီဘဲ။

ေနာက္ဆုံးတြင္ ခိုင္ခန့္လည္း အေတြးမ်ားၿပီးအိပ္ေပ်ာ္သြားေတာ့သည္။

မနက္၃နာရီေလာက္အခ်ိန္တြင္ လြန္းခန့္ညား အိပ္ေနရာက လန့္နိုးလာေတာ့သည္။

မက္ျပန္ၿပီ ဒီလိုအိပ္မက္ဘဲ။
အိပ္မက္ထဲတြင္ သူက တစ္စုံတစ္ခုလိုက္ဖမ္းတာခံရၿပီး ထြက္ေျပးေနရျခင္းျဖစ္သည္။ လိုက္ဖမ္းသည့္အရာက ဘာမွန္းသူမသိေပ။ ေၾကာက္ေနတာဘဲသိသည္။ ေနာက္ဆုံးေတာ့လည္း ဘာမွန္းေတာင္မသိတဲ့အရာရဲ႕လိုက္တာခံရၿပီး ေသေအာင္ထြက္ေျပးလည္း အဆုံးက်ေတာ့ မလြတ္ေျမာက္နိုင္ျပန္ဘူး။

သူဒီလိုအိပ္မက္မ်ိဳးမက္တာ အႀကိမ္တစ္ေထာင္မကေတာ့ေပ။ အၿမဲတမ္းလည္း လိုက္ဖမ္းေနတဲ့အရာကဘာမွန္းမသိသလို အၿမဲတမ္းလည္းမလြတ္ေျမာက္နိုင္ခဲ့ေပ။ အိပ္မက္ထဲမွာသူလုပ္တဲ့အရာက ထြက္ေျပးေနျခင္းသာျဖစ္ၿပီး ရွိသမွ်အင္အားနဲ႕ ရွိသမွ်နည္းလမ္းကိုသုံးကာထြက္ေျပးေနသည္။

သူတစ္ခါေလာက္ေတာ့ လြတ္ေျမာက္ခ်င္မိသည္။
ဒါမွမဟုတ္ရင္လည္း သူ႕ကိုလိုက္ဖမ္းေနတဲ့အရာကဘာလဲ သိခ်င္မိသည္။ ဒါမွသာ သူေျပးရတဲ့အေၾကာင္းအရင္းကိုရာေတြ႕နိုင္မွာျဖစ္ၿပီး အနည္းဆုံးေတာ့ ဘာေၾကာင့္ေျပးေနရလဲသိရတာေပါ့။

အလြန္ထူးဆန္းသည္။ မေန႕ကတစ္ရက္သာ သူထိုအိပ္မက္မမက္ခဲ့ျခင္းျဖစ္သည္။

မေန႕ကတကယ္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုအိပ္ေပ်ာ္တာ။ သူေနာက္ထပ္လည္းမထြက္ေျပးရေတာ့ဘူး။ အဲ့ဒီအိပ္မက္လည္းမမက္ေတာ့ဘူး။မေန႕ကတစ္ရက္ဘဲသူ အဲ့အိပ္မက္ကလြတ္ေျမာက္ခဲ့တာ။

ခိုင္ခန့္ မင္းကငါ့ရဲ႕ လြတ္ေျမာက္မႈ လမ္းစမ်ားလား။
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

12.11.2020
#VK





© Shoon V,
книга «ကိုယ့်ရဲ့ဂျူလိုင်(ကိုယ့္ရဲ႕ဂ်ဴလိုင္)».
Коментарі