နေရောင်အောက်က လိပ်ပြာ
Chaos Theory
Chaos Theory
ကစဥ့်ကလျားသီအိုရီဆိုသည်မှာ ပရမ်းပတာဖြစ်စဉ်များကို စူးစိုက်လေ့လာသော သင်္ချာဘာသာရပ်အခွဲတစ်ခုဖြစ်သည်။ ပရမ်းပတာဖြစ်စဉ်များ dynamical systems တွင် ၎င်းတို့၏ ရှုပ်ထွေးမှုနှင့် ပုံစံမမှန်ခြင်းများ၏ သိသာစွာအစီအစဉ်တကျမရှိသော အခြေအနေများကို အမှန်တကယ်ထိန်းချုပ်ထားသည်မှာ ပုံတွင်ပေါ်ပြထားသည့်ပုံစံနှင့် စဦးအခြေအနေများအား တံု့ပြန်မှုမြင့်မားသည့် ပြဋ္ဌာန်းထားသော ဥပဒေသများ ဖြစ်ကြပေသည်။
ကစဥ့်ကလျားသီအိုရီသည် တစ်ခုထက်ပိုသောပညာရပ်များနှင့် ပတ်သက်သည့် သီအိုရီတစ်ခုဖြစ်ပြီး ပရမ်းပတာ၊ ရှုပ်ထွေးသောစနစ်များ (chaotic complex systems) ၏ သိသိသာသာအစီအစဉ်မကျခြင်းတွင် ထင်ရှားသောပုံစံများ၊ ဆက်သွယ်ခြင်းများ၊ ကိန်းသေတုံ့ပြန်မှုကွင်းဆက် (feedback loops) များ၊ ထပ်တလဲလဲဖြစ်ခြင်းများ၊ ပင်ကိုတူညီမှု (self-similarity)၊ ဂျီဩမေတြီပုံစံများ (fractals) နှင့် ပင်ကိုဖွဲ့စည်းပုံ (self-organization) တို့ ရှိကြောင်း ဖော်ပြပေးသည်။
ပရမ်းပတာဖြစ်စဉ်များ၏ အခြေခံသဘောတရားတစ်ခုဖြစ်သော Butterfly Effect သည် ပြဋ္ဌာန်းထားသော အစီအစဉ်မကျသည့်စနစ်တစ်ခု၏ အခြေအနေတစ်ခုတွင် သေးငယ်သော ပြောင်းလဲမှုတစ်ခုသည် နောင်အခြေအနေတစ်ခု၌ ကြီးမားသောကွဲပြားမှုများ မည်ကဲ့သို့ဖြစ်လာနိုင်သည်ကို ဖော်ပြသည်။
တက္ကဆက်တွင် လိပ်ပြာတစ်ကောင်အတောင်ပံခတ်ခြင်းသည် တရုတ်တွင် လေပြင်းမုန်တိုင်းတစ်ခု ဖြစ်စေနိုင်သည်ဟု Butterfly Effect ကို တင်စားဖော်ပြကြသည်။


ကစဥ့်ကလျားသီအိုရီ အကျဉ်းချုပ်
"ပစ္စုပ္ပန်က အနာဂတ်ကို ဆုံးဖြတ်တယ်။ ဒါပေမဲ့ ခန့်မှန်းပစ္စုပ္ပန်ကတော့ အနာဂတ်ကို အနီးစပ်ဆုံးဖြစ်ေအာင်မဆုံးဖြတ်နိုင်ဘူး။"
(Edward Lorenz)
■■■■■■■■
© Demon ,
книга «Back to My Sunshine (One shot)».
Коментарі