Chapter 3
" အဲတော့ မင်းက အလုပ်လုပ်ရတော့မှာပေါ့"
သူရ အမေးကို ခေါင်းသာ ညိမ့်ပြလိုက်သည်။
"ငါကြောင့် ဖြစ်သွားတာဆိုတော့ ငါတာ၀န်ယူသင့်တယ်မလား"
"မင်း က အခု ကျောင်းတစ်ဖက်နဲ့လေ ၊အဆင်မပြေရင် ငါ ငါ့အမေကို ပြောပြီး.."
စကားပင်မဆုံးလိုက် လက်တကာကာဖြင့် တားလာသော တိမ်ညို ။
"ဟေ့ကောင် မပြောနဲ့ ၊ တစ်သက်လုံး လုပ်ရမှာလည်းမဟုတ်ဘဲ ၊ အခုကလည်း စနေတစ်ရက်ပဲ သွားရမှာ"
"ဒါနဲ့ မင်းလူက ယုံရလို့လား ၊ တော်ကြာ မင်းကို ရုံးခန်းထဲခေါ်တယ် ဆိုပြီး တစ်ခုခု လုပ်သွားရင်ရော"
"ဟေ့ကောင် ဘာတွေတွေးနေတာလဲ ၊ အဲလောက် စိတ်ပူနေရင်လည်း လိုက်ခဲ့ "
"တကယ်လိုက်လို့ရလား "
"အေး လိုက်ခဲ့ ၊ သန်ဘက်ခါ သွားမယ် "
******
ဖုန်းဆက်နေသော တိမ်ညို့ကို သူရ စောင်းကြည့်လိုက်မိသည်။ ဒီကောင် ဒီလိုကျတော့ ယဉ်ကျေးနေလိုက်တာ။
ဟုတ်ကဲ့ချင်း ထပ်နေအောင် ပြောပြီး လိမ္မာနေသော ကြောင့် သူ့သူငယ်ချင်း အစစ်လားဟုပင် အထင်မှားချင်စရာ။
"ဟေ့ကောင် နွား ငါခေါ်နေတာ လည်ပင်းကွဲတော့မယ်"
ဒါမှ ငါ့သူငယ်ချင်းအစစ်ကွ ၊ သူတွေးရင်း ရယ်လိုက်တော့ ပခုံးကို လှမ်းထိုးလာသည်။
"ဟေ့ကောင် မရွနဲ့ ၊ အခု ဘယ်သွားရမှာလဲ "
"သူနဲ့ ဟိုနေ့က တွေ့တဲ့ ကော်ဖီဆိုင်မှာ စောင့်နေတဲ့ ၊ သူလာခေါ်မယ်တဲ့ "
*******
တွေ့ပါပြီ ။ ထိုကောင်လေးက ထောင့်စွန်းနားမှာ ကျကျ နနထိုင်လို့ ၊ ရှပ် အပြာလေးနဲ့ ဂျင်းဘောင်းဘီလေးကို တွဲဝတ်ထားတာက လူငယ်ဆန်နေသည်။ ဘေးနားက တစ်ယောက်ကို တွေ့တော့ ချက်ချင်းမျက်မှောင်ကျုံ့မိသွားသည်။
"ညီလေး မင်းတို့ တော်တော်စောင့်လိုက်ရလား"
" မကြာသေးပါဘူးဗျ ခုနလေးတင်ရောက်တာပါ"
"မင်းတို့ တစ်ခုခုသောက်ပါဦးလား"
သူထိုင်ရင်း ပြောလိုက်တော့ ကောင်လေးက ပြုံးလာသည်။ ဒီအပြုံးလေးကို မြင်ချင်နေရတာ။
"မသောက်တော့ပါဘူးဗျ ၊ အလုပ်ကိစ္စနဲ့ တွေ့တာပဲ ၊ အကို သောက်မယ်ဆိုရင် ကျွန်တော် မှာပေးမယ်လေ"
သူနှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်မိသည်။
"ဒါနဲ့ ဒီဘက်က ညီလေးကရော"
"ရပါတယ် ၊ အကိုတို့ အလုပ်ကိစ္စပဲပြောကြပါ"
သူခေါင်းညိတ်ရင်း ဖိုင်တစ်ခုကို ဆွဲထုတ်လိုက်သည်။
"ဒီ Form လေး အရင် ဖြည့်ပါဦး "
Form ကို ကြည့်လိုက်တော့ TMT Company တဲ့ ။ ရုပ်ရှင် တွေကို ဘာသာပြန်တဲ့ လုပ်ငန်းပဲ ။ စာချုပ်က သုံးလ ဆိုပဲ ။ အင်း သုံးလဆိုလည်း သုံးလပေါ့။ သူ့ သေချာ ဖြည့်ပြီး လက်မှတ်ထိုးခါနီးတော့ အသိသက်သေ ဆိုတာကို တွေ့လိုက်ရသည်။
"သူရ ငါ့ကို လက်မှတ်လေး ကူထိုးပေးပါလား"
"ဟမ်"
"အသိသက်သေနေရာ အတွက် "
ထိုအခါမှ သူ့ရှေ့တွင်ထိုင်နေသော အကိုက ကြည့်လာသည်။
"ညီလေးတို့ အဆင်ပြေလား ၊ အသိသက်သေနေရာ အတွက် တစ်ယောက် ခေါ်ခဲ့ဖို့ ပြောမလို့ပဲ ၊ ခေါ်လာပြီးသားဆိုတော့လည်း အဆင်သင့်သွားတာပေါ့ ၊ ဒါနဲ့ ညီလေး နာမည်က .."
အခုမှ သတိရသည်။ မိတ်မဆက်ပေးရသေးဘူးပဲ။
"အော် အကို ဒါက ကျွန်တော့ သူငယ်ချင်း မျိုးသူရ တဲ့ ၊ သူရ ဒါက ကို မိုးမြင့်သာ တဲ့"
"တွေ့ရတာ ဝမ်းသာပါတယ် "
"ဟုတ်ကဲ့ခင်ဗျ"
ဟုတ်ကဲ့ ဟုသာ ပြောလိုက်ရသည်။ သူဝမ်းမသာချင် ၊ တိမ်ညိုနဲ့ အတူ သောင်းကျန်းဖို့ အချိန်လျော့ပြီမလား။ တိမ်ညိုမရှိရင် သူပျင်းနေရတော့မှာ။
"ဒါနဲ့ သူရ ရုံးရော လိုက်ခဲ့ဦးမလား "
ရလားဟု မေးကာ လိုက်ချင်သော်လည်း အလုပ်ကိစ္စဆိုတော့လည်း သူ့သူငယ်ချင်းငြိုငြင်ခံရမှာ စိုးရိမ်သည်။
"မလိုက်တော့ပါဘူး ငါ ခဏနေ ပြန်လိုက်တော့မယ်လေ ၊ မင်းမရှိတော့ နားတော့အေးနေမှာပဲကွာ"
ခွေးကောင် ဟု ဆဲလိုက်ချင်သော်လည်း အရှေ့က လူကို အားနာစရာ မို့ ၊ ပြောချင်သမျှကို မျိုချလိုက်ရသည်။ အကို့ကို လှမ်းကြည့်တော့လည်း မှာထားသော ကော်ဖီကိုသာ သောက်နေသည်။
မျက်တောင်ကို မှေးကာ တစ်ခုခုကို တွေးရင်း ပြုံးနေသော အကို့ပုံစံက တည်ငြိမ်နေသည်။ ကော်ဖီခွက်ကို ကိုင်လာသော လက်ချောင်းသွယ်သွယ် ၊ ရှပ်လက်ရှည်ကို လည်ပင်းကြယ်သီးဖြုတ်ထားတော့ ဖြူစင်းနေသော လည်တိုင်တို့က ဆွဲဆောင်မှုကို မြှင့်ပေးနေသယောင်။ အပိုအလိုမရှိသော မျက်ခုံးထူထူ ၊ ဖြောင့်စင်းနေသော နှာတံ ၊ အနည်းငယ်ရဲနေသော နှုတ်ခမ်းပါး ။
သူဆတ်ခနဲခေါင်းခါ ပစ်လိုက်သည်။ မပြစ်မှားနဲ့ တိမ်ညို။ ဒါ မင်းအလုပ်ရှင်။
******
"ညီလေး တိမ်ညို ၊ ဒါ ညီအလုပ်လာတဲ့ရက်မှာ အလုပ်လုပ်ရမယ့်နေရာ။ တစ်ခု ခု မသိတာရှိရင် အကိုတွေ ၊ အမတွေကို အကူအညီတောင်းလို့ရတယ် "
"ဟုတ်ကဲ့"
"ဒါက မင်း အလုပ်လုပ်ဖို့အတွက် Laptop ၊ ဘာသာပြန်စရာရှိတဲ့ ဇာတ်လမ်းက ဗီဒီယို ဖိုင်နဲ့ စာဖိုင်တွေကို mail ပို့ပေးထားမယ် ၊ မင်း အဆင်ပြေတယ်မလား "
မပြေလို့မှ မရတာ ပြေရမှာပေါ့ ။ ဘာသာ ပြန်စရာများလည်း သူရ ကို ကူခိုင်းလို့ရသားပဲ။ ဆယ်တန်းစာမေးပွဲဖြေပြီးပြီးချင်း ကွန်ပြူတာသင်တန်း တက်ခိုင်းခဲ့သော အန်တီ့ကို လှမ်းပြီး ကျေးဇူးတင်မိရပြန်သည်။
"ဟုတ် ပြေပါတယ်ဗျ ၊ စာချုပ်က သုံးလနော်၊"
"အင်း ဟုတ်တယ် ၊ ငါတို့ သဘောတူထားတာ သုံးလပေမယ့် မင်းဆက်လုပ်ချင်ရင် လုပ်လို့ရပါတယ် ၊ လုပ်ရင်း မှ ကြည့်ကြည့်ပေါ့"
"ဟုတ်ကဲ့"
"သိချင်တာရှိသေးလား "
"မရှိတော့ပါဘူး ၊ ဒါနဲ့ ကျွန်တော် အခု ဘာလုပ်ရမလဲဟင် "
"အင်း ၊ ဒီနေ့က စနေဆိုတော့ မင်း ဒီမှာပဲ ဘာသာပြန်စရာတွေ ပြန်လိုက်ပါ ၊ နောက်နေ့တွေက ဘာသာ ပြန်ပြီးသားတွေကို mail နဲ့ လှမ်းပို့ ရုံပဲ ၊ deadline ကိုလည်း mail ပို့တဲ့ အခါ တစ်ခါတည်း ရေးပေးထားမယ် "
"ဟုတ်ကဲ့ "
သူ ဇာတ်လမ်းကြည့်လိုက် ၊ ဘာသာ ပြန်လိုက်ဖြင့် ပခုံးပင် ညောင်းလာသည်။ ပြန်ရောက်မှ သူရကို နှိပ်ပေးခိုင်းဦးမယ် ။ သူ့အတွေးနဲ့ သူ ပြုံးနေတုန်း laptop ရှေ့ရောက်လာသော ပုဆိုး နီညိုရောင်လေးကို လှမ်းမြင်လိုက်မှ မော့ကြည့်မိသည် ။ အကို့ အရပ်က တော်တော်ရှည်တာပဲ ။ ၆ ပေတောင် ကျော်လောက်တယ် ။
"ညီလေး ၊ လှည်းတန်းမှာနေတာမလား ၊ ရုံးဆင်းရင် အကို ဝင်ပို့ခဲ့မယ် ၊ တစ်ခါတည်းလိုက်ခဲ့ "
"ဟာ ရတယ် ၊ ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ပြန်လိုက်မယ် "
"ဒီနဲ့ ကားမှတ်တိုင်က ဝေးတယ်လေ ၊ နောက်တစ်ပတ်မှ ဖယ်ရီ စီစဉ်ထားလိုက်မယ် "
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
" ဒါဆို နောက်ဆယ်မိနစ်နေရင် ရုံးရှေ့မှာ တွေ့မယ် "
မိုးမြင့် ရုံးခန်းထဲ ပြန်ဝင်လာပြီး ကုတ် အင်္ကျီတစ်ထည်ကို ထုတ်လိုက်သည်။ သူက အအေးကြိုက်လွန်းသောကြောင့် သူ့ကားထဲက အအေးဒဏ်ကို တော်ရုံလူ မခံနိုင် ။ မတော်လို့ ဒီကောင်လေး အအေးမိသွားမှ ရင်ကျိုးရချည်ရဲ့။
သူတစ်ချက်ရယ်ရင်း အတွင်းရေးမှူးကို ခေါ်လိုက်သည်။
" ဒီနေ့ အသစ်ဝင်လာတဲ့ ကောင်လေး ဖယ်ရီနဲ့ မလိုက်ဖြစ်ဘူး ဆိုတာ ရုံးဆင်းရင် ပြောပေးပါ ၊ ပြီးတော့ သူ့အတွက် ယူနီဖောင်း စီစဉ်ပေးဖို့ Admin ဌာနကို လှမ်းပြောလိုက်ပါ"
"ဟုတ်ကဲ့ရှင့်"
ဖုန်းချပြီး မနက်က စာချုပ်ကို ပြန်ကြည့်လိုက်သည်။ မျက်လုံးဝိုင်းဝိုင်း ၊ မျက်နှာ သွယ်သွယ်လေး၊ အရပ်မြင့်မြင့်လေးနဲ့ ကောင်လေးက အတွေးထဲမှာ ထင်းခနဲ။ အရပ်မြင့်ပေမယ့် သူ့အရပ်က ၆ ပေ၂ မလို့ သူ့လောက်တော့မြင့်မနေ ။
မင်းနဲ့ စာချုပ်မပြည့်အောင် ငါကြံရတော့မှာပဲ။ တကယ်ဆို ကိုယ်မင်းနဲ့ လက်မှတ်အတူတူ ထိုးချင်တာ ဒီစာချုပ်မဟုတ်ဘူး တိမ်လေး။
AN :
Translation က ကိုယ်ရင်းနှီးနေတဲ့ လုပ်ငန်းမလို့ ထည့်လိုက်တာပါ 😁
ပထမနှစ်ကျောင်းသားလေးတွေ ဘာသာပြန်တဲ့ ဩချလောက်စရာ skill တွေကို တွေ့ဖူးတာမလို့ ကိုယ်က တိမ်ညိုလေး လုပ်နိုင်မယ်လို့ ယုံကြည်တယ် ။ ဖိုက်တင်း 👏👏👏
သုံးပွင့်ဆိုင်မှာလား မေးနေကြလို့
သုံးပွင့်မဆိုင်ပါဘူးနော် သူရလေးက အဖြောင့် 😁😁
ပြီးတော့
Stay at home ကာလမှာ ဂရုစိုက်ကြပါနော် ❤️
ကိုယ်ကတော့ အိမ်မက်ထဲမှာ Covid ကူးခါနီးဆဲဆဲ လန့်နိုးလာလို့ ဒီနေ့ ခံစားချက်မကောင်းဘူး 🤦🤦

Коментарі