Forever ep 1
"တိမ်ညို ထစမ်း ဘယ်အချိန်ရှိနေပြီလဲ"
"ငါ အိပ်နေတယ်လေ ခွေးကောင်ရ"
စက္ကန့်ပင်မခြား လွယ်အိတ်နှင့်ပစ်ပေါက်ခြင်းခံလိုက်ရမှ တိမ်ညိုက အိပ်ချင်မူးတူးဖြင့် မျက်လုံးတစ်ဖက် ဖွင့်လာသည်။ တစ်ဖက် ၊ နှစ်ဖက် ..
မျက်လုံး နှစ်ဖက် ဖွင့်ပြီးသည့်နောက်တွင်တော့ တိမ်ညိုတစ်ယောက် တစ်ဖက်သို့လှည့်ကာ ပြန်အိပ်ပါတော့သည်။
မျိုးသူရ ကြည့်ရင်း ပင် စိတ်တိုလာရသည်။ ကျောင်းတက်ရမည့်နေ့မို့ နှိုးနေသည်ကို အဖက်ပင်မလုပ် လှည့်ပင်အိပ်နေလိုက်သေးသည် ။
"ဟေ့ကောင် နွားရ ကျောင်းတက်ရမှာမလို့ နှိုးနေတာ
မထလည်းနေခဲ့ ငါသွားပြီ"
ထိုအခါမှ ပြူးတူးပြဲတဲ နာရီကြည့်ကာ ထလာသော တိမ်ညို ။ စူးစိုက်ကြည့်နေသော သူ့ကို တွေ့မှ သွားလေးဖြဲပြရင်း ငါမေ့သွားလို့တဲ့ ။ ဒီကောင်နဲ့လည်း အသက်တိုမှာပဲ ။
"သွား ရေသွားချိုးတော့ အဆောင်မှာ လူတန်းစီရတာ မင်းလည်း သိရဲ့သားနဲ့"
ဆပ်ပြာခြင်းကို ထိုးပေးရင်း ပြောလိုက်တော့မှ အပြေးအလွှားသွားလေရဲ့ ။
သူရ အတွက် တိမ်ညိုဆိုတာ ငယ်ငယ်တည်းက တွဲခဲ့ရသည့် သူငယ်ချင်းမို့ ခင်လည်း ခင်ရသည် ၊ သနားလည်းသနားရသည် ။ ငယ်ငယ်ရွယ်ရွယ် ဖြင့် မိဘ နှစ်ပါးလုံး ဆုံးသွားပြီးသည့်နောက်တွင် အဒေါ်တို့ဖြင့်နေရာမှ သူရဆီရောက်လာသူ ။ Gay ဟူသော သတ်မှတ်ချက်ကြောင့် ဆွေမျိုးတို့ကလည်း စွန့်လွှတ်ထားကြသည်။
******
တစ်နေ့ မိုးသည်းသည်းမဲမဲ ရွာနေသည့်နေ့တွင် သူရဆီ တိမ်ညိုရောက်လာခဲ့သည် ။
"တိမ်ညို ဟေ့ကောင် ဘာဖြစ်လာတာလဲ"
သူရ အမေးကို မဖြေနိုင်ခင်မှာပင် ခွေခေါက်လဲကျသွားသော တိမ်ညို့ကို ကုန်းပိုးရင်းသာ အိမ်ထဲဝင်ရတော့သည်။
"ဟဲ့သား မင်းသူငယ်ချင်း ဘာဖြစ်လာတာလဲ"
"မသိဘူး သားကိုတွေ့တာနဲ့ လဲကျသွားတာ"
"ဒီကလေးတော့ ဒဏ်ရာ တွေနဲ့ ၊ နေဦး ဆရာဝန်ေခါ်ပေးမယ် သူ့ကို အောက်ထပ်က အခန်းထဲ ခဏခေါ်ထားလိုက်"
ပြောပြောဆိုဆို မေမေ ထွက်သွားမှ တိမ်ညို့ကို ကြည့်မိသည်။ မျက်နှာတွေရော လက်တွေမှာပါ ဒဏ်ရာတွေနဲ့ ၊ မျက်ခုံးနားက အကွဲရာကလည်း သွေးပင် မတိတ်သေး ။
"ဘယ်လိုတွေ ဖြစ်လာရတာလဲ ငါ့ကောင်ရာ"
********
မိုးသည်းသည်းထဲ အဝတ်တစ်ထည် ကိုယ်တစ်ခု နဲ့ ထွက်လာရတာမို့ မျက်ရည်တို့က ဆီးမရ တားမရ ။
အမေ တို့ အဖေတို့သာ ရှိသေးရင် ဟူသော ခံစားချက်ကြောင့် ရင်နာရပြန်သည်။ ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်ကြားမှ သတိရမိသည်က သူရ ။
နိုးလာတော့ နွေးနွေးထွေးထွေးမို့ အံ့ဩသွားမိပေမယ့် နောက်ဆုံး မြင်ခဲ့ရသော သူရ မျက်နှာကြောင့် သက်ပြင်းချမိပြန်သည်။ သူ့အိမ်မှာ ရောက်နေတာပဲ။
"တိမ်ညို နိုးလာပြီလား မင်းကွာ ညက ဘယ်လောက်စိတ်ပူသွားရလဲ"
"ဆောရီးပါကွာ ငါလည်း မင်းကိုပဲ သတိရမိလို့ပါ"
အသံတိမ်ဝင်သွားသော တိမ်ညို့ကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရပြန်သည်။ သူ့ခမျာ အခုမှ သတိရလာတာ။
"ငါ့အမေ အလုပ်မသွားခင် ဆန်ပြုတ်ပြုတ်ပေးထားခဲ့တယ် တဲ့ ၊ငါ သွားထည့်ပေးမယ်"
"သူရ"
လက်ကောက်ဝတ်ကို ဆွဲလာသော ကြောင့် ပြန်ထိုင်ချလိုက်ရသည်။ ဒီကောင် နေမကောင်းဘဲ အားသုံးချင်နေတာလား။ ပြော ဟူသော သဘောဖြင့် မေးငေါ့ပြတော့မှ လက်လွှတ်ရင်း တိုးတိုး ပြောလာသည်။
"မင်း ငါ့ကို မရွံဘူးလား"
"ဟမ် "
"မင်း ငါ့ကို မရွံဘူးလား"
သူရ ထိုင်ချလိုက်ရသည်။
ကိုယ့်သူငယ်ချင်းက Gay ဆိုတာ သိပေမယ့် နှိမ့်ချလိုတဲ့ စိတ်တောင် မရှိခဲ့တာ ၊ ဒီကောင် ဘာတွေ လာမေးနေတာလဲ ။ သူ့ကို သေချာကြည့်တော့လည်း မျက်နှာသေနဲ့ ။
"တိမ်ညို ငါ့ကောင် ၊ ငါ မင်းကို တစ်ခုပြောပြမယ် ။ လူတိုင်းမှာ သူ့ရပ်တည်ချက် ၊ သူ့ခံယူချက်ရှိတယ် ။ ကိုယ်နဲ့ မတူလို့ နှိမ့်ချစရာမလိုဘူး ၊ အနိုင်ကျင့်စရာ မလိုဘူး ။ ကိုယ့် ဖြစ်တည်မှုနဲ့ ကိုယ် ကွဲပြားခွင့်ရှိတာ မလို့ ဖြစ်တည်မှုတိုင်းကို ငါလေးစားပေးတယ် ။ ဒီတော့ ငါ့ကို မင်းအဲလို မေးစရာတောင်မလိုဘူးလေ"
မျက်ရည်ဝဲနေသော တိမ်ညိုက ငြိမ်နေပြန်သည်။
"မင်းက ငါ့သူငယ်ချင်းဖြစ်နေတဲ့အတွက် ငါမင်းကိုရွံစရာအကြောင်းမရှိဘူး ကဲ ပြော မင်း ဘာဖြစ်လာတာလဲ"
"ငါ .."
"အင်း ပြော'
"ငါ့ ကို နှင်ချလိုက်ပြီ ၊ ငါ့ကို ရွံတယ်တဲ့ ၊ ယောက်ျားတန်မဲ့ ယောက်ျားချင်းစိတ်ဝင်စားတဲ့ အခြောက်တဲ့"
မျက်ရည်ကျကာပြောနေသော တိမ်ညိုကို ကြည့်ရင်း သက်ပြင်းသာ ချရတော့သည်။ သူတို့ အိမ်က ဒါတွေ မှ လက်မခံတာသိနေတော့လည်း ရုတ်တရက် နှစ်သိမ့်စရာ စကား ရှာမတွေ့မိ။
"မင်း အိမ်က နှင်ချလိုက်ရင် ငါ့ အိမ်လာနေလေ"
"သူရ"
"အင်း ငါ အတည်ပြောတာ ၊ ငါတို့ အိမ်မှာအခန်း အပို တွေ ရှိနေတာပဲ "
နေစရာရပေမယ့်လည်း လက်မခံရဲသေး ၊ သူများအိမ်ကို တက်နေလို့ကောင်းတာမှ မဟုတ်ဘဲ။
"ဒါပေမယ့် မင်းအမေကရော သဘောတူပါ့မလား ၊ ပြီးတော့ မင်းတို့ သိတဲ့ အတိုင်း ငါက .."
"ကဲ တော်ပြီ ၊ မင်းအကြောင်း ငါ့အမေ အကုန်သိတယ် ၊ ပြီးတော့ ငါ့အမေက မင်းကိုနားလည်ပါတယ်၊ ဒီအခန်းကလည်း မင်းကို ပေးထားတာ"
အခုမှ အသက်ကျသွားတဲ့ပုံနဲ့ မျက်လုံးမှိတ်သွားသော တိမ်ညို့ပခုံးကို လက်သီးဖြင့်ဖွဖွ ထိုးမိတော့ မျက်နှာက ပြုံးလာသည်။
"ကဲ ငါ ဆန်ပြုတ်သွားထည့်လိုက်မယ်"
"ဟေ့ကောင် ငါ မကြိုက်ဘူးလေ"
"မကြိုက်လည်းသောက်ရမှာပဲ ၊ နေကောင်းတာမဟုတ်ဘဲ ငါ လုပ်ထည့်လိုက်ရ ၊ မသောက်ရင် အိမ်ပေါ်ကဆင်း "
အိမ်ပေါ်က ဆင်းဟူသော စကားကြားမှ ငြိမ်သွားသည်။ လှမ်းကြည့်တော့ စူပုတ်ပြီး အိပ်နေလေရဲ့။
သူနဲ့မေမေ ညနက်တဲ့အထိ စကား ပြောခဲ့ရသည်။ လူတစ်ယောက်ကို အိမ်မှာထားဖို့က ထင်သလောက်မလွယ်ကြောင်း၊ သူ့အိမ်က ပြဿနာရှိလာမှာကို စိုးရိမ်ကြောင်း ကို ညနက်တဲ့ အထိ စကားပြောပြီးမှ အဖြေတစ်ခု ထွက်လာရသည်။
"ဒါဆို သား သူငယ်ချင်းအိမ်က သူနဲ့ မပတ်သတ်တော့တာ သေချာရင် မေမေသူ့ကို ဒီမှာနေခွင့်ပေးမယ်"
တစ်နာရီခန့် ဖုန်းပြောအပြီးမှာတော့ မေမေက ပြတ်သားစွာဆိုလာသည် ။
"သားသူငယ်ချင်းကို အောက်ထပ်က အခန်းပေးလိုက်တော့ ၊ မနက်ဖြန် သူနိုးလာမှ စကားပြောကြမယ် "
"ဟုတ်ကဲ့ ကျေးဇူးတင်လိုက်တာ မေမေရာ"
ပြောပြောဆိုဆို သူပြေးဖက်လိုက်တော့ ပြုံးရင်းရယ်ရင်း ကြည့်လာသည်။
"ဒါနဲ့ မင်းတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက"
"ဟောဗျာ အထင်မလွဲပါနဲ့ ၊ သားတို့က သူငယ်ချင်းတွေ ၊ ပြီးတော့ သူက သားအပေါ် ဖြူစင်ပါတယ်"
"အေးအေး ကာကွယ်ပေးနေလိုက်တာများ ၊ ကဲ နားတော့ "
**********
နွေးထားသော ဆန်ပြုတ်က အနံ့သင်းသင်းလေးတောင်ရလာပြီ။
ဟုတ်သားပဲ ၊ သူ အတွေးလွန်နေတာ ။
"တိမ်ညို "
"မစားချင်ဘူး ၊ ငါမကြိုက်ဘူး"
"ဟေ့ကောင် ၊ ကောင်းကောင်းမစားရင် ငါ့အိမ်ပေါ်ကဆင်း"
မျက်မှောင်ကျုံ့ရင်း ကြည့်လာသော တိမ်ညို့ကို မြင်တော့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
"စားပါကွာ ငါ့အမေက စားစေချင်လို့ အလုပ်မသွားခင် အပြေးအလွှား ချက်ထားရတာ"
သူရပြောမှ တိမ်ညိုက ထပြီး ဆန်ပြုတ်ပန်းကန်ကို ကြည့်လာသည်။ ဆန်ပြုတ်ကို တစ်ဇွန်းချင်းသောက်နေရင်းက
"မင်းအမေက ဘာမှ မပြောဘူးလား ၊ ငါ့ကို ဒီမှာ နေခိုင်းတယ်ဆိုတော့လေ "
"ပြောစရာ ရှိတယ်လို့တော့ ပြောတယ် ၊ ပြီးတော့ မနေ့က ငါ့အမေ မင်းအိမ်ကို ဖုန်းဆက်သေးတယ် "
"ငါ့ကို အိမ်မှာတောင် နေခိုင်းတယ်ဆိုတော့ ၊ အရမ်း အားနာလို့ပါ ၊ ပြီးတော့ ကျေးဇူးလည်းတင်လို့ "
"အားမနာပါနဲ့ ငါ့အမေက လူတိုင်းကို ကူညီနေကျ ၊ ပြီးတော့ ညနေ ပြန်လာရင် မင်းနဲ့ စကားပြောချင်တယ်တဲ့၊ မင်းလည်း ဆေးသောက်ပြီးနားတော့ "
သူရ ထွက်သွားမှ စောင်ခြုံပြီး ပြန်အိပ်လိုက်သည်။ အိမ်ရောက်နေသလိုနွေးနွေးထွေးထွေးပါပဲ ။
AN
Hanna ဒီ Fic လေးကို Sunday. တိုင်း တင်သွားမှာပါ ။ ဒီ ထဲက ဇာတ်ကောင်တွေက နူးညံ့လွန်းတဲ့ ပုံစံတော့ မဟုတ်ပါဘူးနော်။
အကြံပြုတာလေးတွေကိုလည်း မျှော်နေပါ့မယ်ရှင့် ❤️

Коментарі