Forever 4
တစ်နေ့လုံး စာထိုင်ရိုက်နေတဲ့ ကောင်လေးဟာ မှန်ကို မှီရင်း ငိုက်နေတော့တာပါပဲ။ ဒီကောင်လေး တော်တော် ပင်ပန်းသွားတာလား။ နောက်ဆို အလုပ်တွေ လျှော့ပေးမှပါ ။
မီးပွိုင့်မိမှ ဘေးကို လည်း လှည့်လှည့်ကြည့်ရသေးသည်။ ဘယ်သူ့ကိုမှ နယ်နယ်ရရ အဖက်မလုပ်ချင်တဲ့ သူဟာ ဒီကောင်လေးကို တော့ မြင်မြင်ချင်းပင် အချစ်ပိုမိခဲ့သည်။ တစ်ချက်တစ်ချက် ကျုံ့သွားတဲ့ ကောင်လေးက အေးနေတယ် ထင်ပါရဲ့။ သူ အဆင်သင့် ယူလာတဲ့ ကုတ်လေးကို ခြုံပေးလိုက်တော့ ဆွဲယူထားလိုက်တာများ။
တိမ်လေးရဲ့ ကိုယ်က မင်းဆီက အလျော်လိုချင်လို့ အလုပ်လာလုပ်ခိုင်းတာမဟုတ်ဘူး။ မင်း ကို ကိုယ့်အနားမှာ ထားချင်လွန်းလို့ အလုပ်ခန့်ခဲ့တာ။
" ညီရေ ညီ အကို ဘယ်နားကားရပ်လိုက်ရမလဲ"
ပခုံးကို အသာပုတ်လိုက်တော့ အိပ်ချင်မူးတူးနဲ့ ထလာတဲ့ ကောင်လေးက ချစ်စရာကောင်းနေတာပါပဲ။
"ဟာ ကျွန်တော် အိပ်ပျော်သွားတာလား ရတယ်အကို ဒီလမ်းထိပ်ကပဲ သွားလိုက်ပါ့မယ်
"အင်း"
"ဟို ဒီအင်္ကျီက .."
"မင်း အေးနေတယ်ထင်လို့ ၊ ယူသွားလိုက်ပါ ၊ ငါ သူများဝတ်ပြီးသား မဝတ်တတ်လို့ "
ကြီးကျယ်ရန်ကောဟုသာ တွေးလိုက်မိသည်။ တော်တော် ပိုက်ဆံပေါနေလားမသိဘူး။
သူကားတံခါး ပြန်ပိတ်ပြီး နှုတ်ဆက်လိုက်တော့ အကိုက ပြုံးပြလာသည်။
"File တွေ သန်ဘက်ခါ ပို့ပေးထားမယ်၊ တနင်္ဂနွေက ပိတ်ရက်ဆိုတော့လေ ၊ နောက်တစ်ပတ်မှ တွေ့ရအောင် "
"ဟုတ်ကဲ့ ဒါဆို သွားပြီနော်"
***
"ဟေ့ကောင် ငါ့ကို မှတ်တိုင်မှာ လာမကြိုချင်ဘူးလား"
"မကြိုချင်ဘူး"
ပြတ်သားလိုက်တဲ့ သူရပါပဲ ။
"ကြက်ကြော်ဝယ်ကျွေးမယ်လေကွာ"
"အေး အခု လာပြီ "
ဖုန်းကို ချက်ချင်းချသွားသော သူရက သုံးမိနစ်ပင်မကြာဘဲ မှတ်တိုင်ရောက်လာသည်။
"ဟေ့ကောင် Lotteria လား KFC လား"
"မင်း အဘိုး ငါက အလုပ်က ပြန်လာတာ ရေချိုးရဦးမယ်လေ ၊ ရော့ ဒီအိတ်တွေ ယူ ၊ ဒီ အပေါ်ထပ်လည်းယူ "
လက်ထဲက ပစ္စည်းမှန်သမျှ ထိုးထည့်ပေးနေသော တိမ်ညို့ကို သူစောင်းကြည့်လိုက်သည်။ ငါကွာ ကြက်ကြော် မျက်နှာလေး ထောက်နေလို့ ။
"ကြက်ကြော်တကယ်ကျွေးမှာနော် ဟေ့ကောင် "
"....."
"Lotteria နော်"
"......"
" အအေးလေးရောပဲနော် ၊ ငါ အိတ်ရော အင်္ကျီကို သယ်လာပေးရတာ"
"မင်း အဖေငါ ရေချိုးနေတာ ခဏလေး နားအေးပါးအေး နေပါရစေကွ"
အဆောင် ရေချိုးခန်းရှေ့ထိ လိုက်လာကာ တတွတ်တွတ် ပြောနေသော သူရကို ဟောက်ထည့်လိုက်မှ ငြိမ်သွားသည်။ အစားနဲ့ ပတ်သတ်လာရင် ဒီကောင် ဘီလူးလိုပဲ ။
ထိုညက သူက တစ်ယောက်တည်း နဲ့ တစ်သောင်းနီးနီး ကုန်သွားခဲ့ပါသည်။ စားထား သူရရေ ၊ စားထား ၊ အားလုံးက မင်းအမေပေးတဲ့ မုန့်ဖိုးတွေပဲ ။
******
"Super Sunday ဟားဟား"
" ဟိတ်ကောင် တိုးတိုးနေစမ်း ငါ အိပ်နေတယ် "
"အပြင်ထွက်ရအောင်ကွာ ထ "
" ငါ မနေ့က ပင်ပန်းထားတယ်လေ ၊ ထတောင် ထချင်တာမဟုတ်ဘူး"
တိမ်ညိုပြောလာသော စကားကြောင့် တဘုန်းဘုန်း ရိုက်လာသော သူရ။
"ဟေ့ကောင် မင်း မဟုတ်မှ ဟိုလူနဲ့ "
"နွားရဲ့ မနေ့က တစ်နေ့လုံး အလုပ်လုပ်ပြီး၊ ညလည်း မင်းနဲ့ အပြင်ထွက်သေးတယ်လေ ၊ ဘာတွေ လာတွေးနေတာလဲ"
ထိုအခါမှ ငြိမ်ကျသွားသော သူရ။
"ဖယ် ငါ ထတော့မယ် ၊ ခဏနေ ဈေးလိုက်ဝယ်ပေးမယ်"
ကုတင်ပေါ်က စူစူပုတ်ပုတ်ဖြင့် ဆင်းသွားသော တိမ်ညို့ကို သူကြည့်ကာ ခေါင်းခါမိသည်။ မနေ့က ဟိုလူရှေ့မှာ ဟုတ်ကဲ့ချင်း ၊ ခင်ဗျချင်းထပ်နေတာ သူ မဟုတ်တဲ့အတိုင်း ၊ ဒီကောင် က ဟိုလူနဲ့တွေ့မှ ယဉ်ကျေးတာလား။
ရုတ်တရက်ကြားရသော အရေးပေါ်ကားသံကြောင့် လန့်ပင်သွားရသည်။ လက်စသတ်တော့ တိမ်ညို့ဖုန်း ringtone ပဲ။ Contact က နာမည်ကို ကြည့်လိုက်တော့လည်း အကြွေးရှင် တဲ့။
"ဟဲလို "
"တိမ်ညို ၊ ကိုယ် မိုးမြင့် ပါ
"အော် ဟုတ်အကို တိမ်ညိုက ရေချိုးနေလို့ ပြီးမှ ပြန်ခေါ်ခိုင်းလိုက်ပါ့မယ်"
"ဟင်"
သူအလန့်တကြား ဖုန်းချမိသည်။ ဘာလို့ တိမ်လေးက အခြားတစ်ယောက်နဲ့ အတူတူရှိနေတာလဲ ။ အင်း တိမ်လေးက အဆောင်မှာ နေတာပဲ ၊ အခန်းဖော် ဖြစ်မှာပေါ့။ ဒါပေမယ့် ဖုန်းကို ယူကိုင်စရာလား ။ ညီ့ ဖုန်းကို ယူကိုင်တဲ့ ကောင်ကို မနာလိုလိုက်တာ။
အေးစက်သွားတဲ့ ငါ့နှလုံးသား....မင်းနဲ့ တွေ့မှ နိုးလာတယ် ..
တိမ်လေး ပြန်ခေါ်နေတာပဲ။
"ဟဲလို "
"ဟို ကျွန်တော့ကို ဖုန်းခေါ်ထားလို့ ပါ ၊ သူရ က အကို ဖုန်းခေါ်ထားတယ်လို့ပြောတာနဲ့ "
ဒါဆို ဖုန်းလာကိုင်တာ သူရဆိုတဲ့ ကောင်လေးပေါ့ ။
"အင်း ကိုယ် ဒီနေ့ ပစ္စည်းဝယ်စရာ ရှိလို့ မင်းတို့ဘက်ရောက်နေတာ ၊ ယူနီဖောင်း ဝင်ပေးလိုက်မလို့ ၊ မင်း စနေနေ့ ရုံးလာရင် ဝတ်လာလို့ရအောင်"
"အော် ယူနီဖောင်းလား ၊ ရတယ်လေ ကျွန်တော် ထွက်လာလိုက်ပါ့မယ် ၊ ကျွန်တော်တို့လည်း ဒီနေ့ ဈေးဝယ်စရာ ရှိနေတာ"
"ဒါဆို ကိုယ် Parisian မှာ စောင့်နေမယ်"
"ဟုတ်ကဲ့"
ဖုန်းချသွားတော့ ကားမှန်က တဆင့် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်။ ဒီလောက်ဆို အဆင်ပြေမှာပါ ။ တကယ်ဆို ယူနီဖောင်းကို Admin ဌာနက စီစဉ်ပြီး ဝန်ထမ်းကိုယ်တိုင် သွားထုတ်ရတာပေမယ့် ဒီကောင်လေးအတွက်တော့ သူကိုယ်တိုင်ပေးချင်သည်။ ဒါကြောင့်လည်း မနက်တွေ့ဖို့ အကြောင်းရှာပြီး မနေ့ကတည်းက မပေးလိုက်တာ။
ကိုယ့် ကော်ဖီ မှာရင်း ကောင်လေးတွေ အတွက်ပါ ကိတ်မှာလိုက်သည်။ သူနဲ့ သူရက အတူတူလာလောက်တယ် ။
ဆိုင်ထဲဝင်လာသော တိမ်ညို့ကို မြင်တော့ သူ လက်လှမ်းပြလိုက်သည်။ ထင်တဲ့ အတိုင်း သူရ လည်း ပါလာတာပဲ ။
"ရော့ စနေနေ့ ရုံးလာ တက်ရင် ယူနီဖောင်းနဲ့ပဲ လာရမှာ"
"ဟုတ်ကဲ့"
"ရော့ မင်း တို့အတွက် မှာထားတာ "
သူမှာပေးထားတဲ့ ချောကလက် ကိတ်ကို ရှေ့တိုးပေးလိုက်တော့ ကောင်လေးက အားနာစရာဗျာ တဲ့ ။
အားနာရင် ကိုယ့်အနားမှာနေပေးပါလား။
သူ တကယ်တော့ မပြောဖြစ်လိုက်ပါ။ မတော်လို့ ဖုန်းအသစ် ပြန်ဝယ်ပေးပြီး အလုပ်ကပါထွက်သွားမှ မျက်နှာလေးပါ ကြည့်ခွင့်မရ ဖြစ်သွားမှာ။
"ဒါနဲ့ မင်းတို့ ဈေးဝယ်စရာ ရှိတယ်ဆို ၊ ကိုယ်နဲ့ တစ်ခါတည်း လိုက်ခဲ့ကြပါလား"
"အာ ရပါတယ် ၊ ကျွန်တော်တို့ ကိုယ့်ဘာသာ သွားပါ့မယ်"
"ကိုယ်လည်း လိုတာသွားဝယ်ရမှာပဲ၊ အတူတူသွားကြတာပေါ့"
"အေးလေ မင်းကလည်း လူကြီးက ခေါ်နေတာကို ၊ သွားကြတာပေါ့ အကို"
တိမ်ညိုက ဘာမှ မပြောဘဲ ခေါင်းညိမ့်လာတော့ သူရကို ကျေးဇူးတင်မိသည်။ မင်းတော်တယ် ကောင်လေး။
ကားမောင်းနေရင်း နောက်က ကောင်လေး နှစ်ယောက်ကို လှမ်းကြည့်မိတော့ တစ်ယောက်က မျက်မှောင်ကျုံ့လို့ ၊ တစ်ယောက်က တိုးတိုးတိုးတိုး နဲ့ စကားတွေပြောလို့ ။ မိုးမြင့် က နားပါးသူမို့ သူတို့ စကားတိုးတိုးကို ကြားနေရပါသည်။
"မင်း တွေးကြည့် ၊ ငါတို့ taxi ငှားရင် လှည်းတန်းက မြန်မာပလာဇာကို အနည်းဆုံး သုံးထောင်ပဲ ၊ အခု အလကား လိုက်လာရတာလေ "
"Bus ကားနဲ့ သွားလို့ရတာပဲကွ ၊ အခု သူက ငါ့အလုပ်ရှင်လေ"
"မင်း contact မှာ မှတ်ထားတော့ အကြွေးရှင် ဆို"
"ဟေ့ကောင် မင်း တိတ်တိတ်နေလို့မရဘူးလား"
ဒီကောင်လေးက သူ့ကို အကြွေးရှင်တဲ့လား ။ သူမထိန်းနိုင်ပဲ တစ်ချက်ရယ်မိတော့ ကောင်လေး နှစ်ယောက်လုံးက သူ့ကို ကြည့်လာသည်။
"မင်းတို့ကို မြင်ရတာ အကို့ညီကိုသတိရမိလို့ပါ"
"အကို့ ညီက အဝေးမှာမလို့လား"
"အင်း သူက ပြည်မှာလေ ၊ အခုလည်း သူ့မွေးနေ့ အတွက် လက်ဆောင်တွေ လာဝယ်တာ"
"ကျွန်တော်တို့လည်း ပြည်ကပဲ ဗျ ၊ တိုက်ဆိုင်လိုက်တာ"
"ဟုတ်လား အကိုတို့ဇာတိကတော့ ပန်းတောင်းလေ ၊ အခုတော့ အကို့ မိသားစုက ပြည်မှာ ပဲနေတာ ၊ အကိုက တော့ ဒီမှာ တစ်ယောက်တည်းပေါ့ "
ပန်းတောင်းဟူသော စကားကြောင့် အသက်ရှူပင် ရပ်သွားရသော သူရ။ သူ့ အတိတ်ဆိုးက ပန်းတောင်းမှာ ရှိခဲ့သည်မဟုတ်လား။ အသက် ဆယ်နှစ်အရွယ်နှင့် မမျှအောင် နာကျင်ခဲ့ရတာတွေက ပန်းတောင်းမှာ စတင်ခဲ့သည်မို့ သူ ဒီ မြို့နာမည်ကိုတောင် မကြားချင်။
"သူရ ဟေ့ကောင် ၊ အဆင်ပြေရဲ့လား ၊ ချွေးတွေနဲ့ "
တိမ်ညို့ အသံကြားမှ သူ အသိဝင်လာသည်။
"ငါ ..ငါ နည်းနည်း ခေါင်းမူးနေလို့ "
"ညီလေး နားရင် နားနေခဲ့လေ ၊ အကို Aircon ဖွင့်ပေးခဲ့မယ်"
"မင်း လိုတာတွေပါ ငါကြည့်ဝယ်လာခဲ့မယ် ၊ နားနေလိုက်"
သူခေါင်းညိမ့်ပြရင်း မှေးနေလိုက်သည်။ ဒီ အတိတ်ကိုပြန် မတွေးချင်ဘူး။
*****
မုန့်တွေ တစ်ခုပြီးတစ်ခု ခြင်းထဲ ထည့်နေသော ကောင်လေးကို မိုးမြင့် ပြုံးကြည့်မိသည်။ ဒီကောင်လေးက လူကြည့်တော့သာ ပိန်ပိန်လေး။
"ညီလေး မင်း မုန့်တွေ အများကြီးပဲ"
"သူရ အတွက်ပါ ၊ တစ်ပတ်တစ်ခါ သူ့ ဗီဒိုထဲ မုန့်ဖြည့်ထားပေးတာ"
ဒီကောင်လေးက သူ့သူငယ်ချင်းကို တော်တော် ဂရုစိုက်တာပဲ ။ သူငယ်ချင်းမှ ဟုတ်ရဲ့လားမသိ ၊ မဟုတ်လို့လည်း မရဘူး တိမ်လေးရေ ၊ ငါက မင်းကို အရယူမှာမလို့ ။
"ဒါနဲ့ ညီလေး မင်းက ပြည်ကဆို "
"ဟုတ်တယ်ဗျ"
"မင်း အကို့ညီရဲ့ မွေးနေ့ကို လိုက်ခဲ့ပါလား"
AN:
သူရ ရဲ့ နောက်ကြောင်းကို ကိုယ် နောက်အပိုင်းမှ ချပြမယ်နော် 😁
ဒါလေးက bromance ရော ၊ love ရော မလို့ ၅၂၈ရော ၁၅၀၀ ကိုပါ တွေ့ရမှာပါ ❤️
ဒီကာလမှာ အပြင်မထွက်ဘဲ fic ဖတ်ရင်း ကျန်းမာရဂရုစိုက်ကြပါလို့ 😁
ချစ်ခြင်းများစွာဖြင့်

Коментарі