စိတ္တဇနာမ်
အရင်တစ်ချိန်ကပုံရိပ်တွေဟာ
မျက်လှည့်ပြသလို
အသိစိတ်ထဲဝင်ရောက်လာတဲ့အခါ
ကိုယ့်ရဲ့ဘေးနားကို လှည့်ကြည့်ဖြစ်တယ်
အော် သူမရှိဘူးပဲ
ဘေးနားမှာ အမြဲရှိပေးနေကျ
စကားတွေ ဆိုနေကျ
ရယ်စရာတွေပြောနေကျ
ကောင်မလေးတစ်ယောက် မရှိဘူးပဲ
အထီးကျန်ခြင်းဆိုတဲ့ စိတ္တဇနာမ်ဟာ
ကိုယ်နဲ့တော့ မစိမ်းသက်ပေမယ့်
နောက်တစ်ခါ ထပ်ရောက်လာမယ်လို့
ကိုယ်မထင်ထားခဲ့ဘူး
#Su
2021-06-07 09:43:34
3
0