Вірші
အညို
အညိုလေးနေမကောင်းလို့ ညှိုးနေရင်
ကိုယ့်စိတ်မှာနွမ်းလှပါတယ်
အညိုတွေက တစ်ခါတလေ ဆိုးတာဂျစ်တာကလွဲလို့ တကယ်တော့ အချစ်ခံလေးတွေပါ
0
0
307
အညို
အချိန်တွေတရွေ့ရွေ့ပြောင်းလဲတယ်
ဒီနေရာ ဒီပတ်ဝန်းကျင်ကို သတိရနေရအုံးမယ်
အပြုံးတွေ အရယ်တွေနဲ့
ဖမ်းစားတဲ့အညိုရောင်လေးကိုရောပေါ့။
မှိုင်းပြတဲ့အရောင်တွေကိုကြိုက်ခဲ့မိတာ
အညိုလေးကြောင့်ဆိုတာ သိစေချင်။
1
0
376
ရင်တွင်းမေ/လွှမ်းမိုး
မှန်ရာကို သစ္စာဆိုပါမည်
ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်
ရင်မှာ တစ်ယောက်တည်း ချစ်ခဲ့ဖူးပါသည်။
...............
ကြင်နာသူသိစေချင်ပါသည်
ကိုယ့်စေတနာ ဖြူစင်ခဲ့ပါသည်
အမှန်တကယ်မြတ်နိုးမိတဲ့အဖြစ်တွေသည်
အရိပ်တကြည့်ကြည့်နဲ့ မပြောရက်မဆိုရက်ပြီ။
..................
1
0
367
Valentine Day
V-dayတိုင်း အေးအေးလူလူဖြတ်သန်းလာခဲ့တာ
ဒီနှစ် v-dayမှာတော့
ချိုမြိန်ခြင်းတွေရောယှက်နေတယ်။
1
2
436
Sweet Chocolate
လျှာဖျားမှာပျော်ဝင်နေတာ
ချိုမြိန်တဲ့ချောကလက်တွေလား
ဒါမှမဟုတ် ချိုမြိန်တဲ့အပြုံးတွေလားဆိုတာ ကိုယ်တကယ်မသိဘူး....။
1
0
233
ကမ္ဘာဟာ ခင်ဗျားဖြစ်ကြောင်း
စာအုပ်ပါးပါးလေးနဲ့ပုတ်လိုက်တာကတော့
ကျွန်တော့်လက်မောင်းကိုပါပဲ
ခက်တာက နှလုံးသားပါအဆစ်ပါနေတယ်ဗျာ။
2
0
464
လွင့်မျောတိမ်စိုင်
အချိန်တွေပြောင်းလဲလာလေ....
တိမ်စိုင်ကတော့ ဆုတ်ခွာသွားလေပါပဲ။
လေနှင်ရာလွင့်တဲ့ တိမ်စိုင်ကိုတော့
ကလေးတစ်ယောက်လိုလိုက်ပြီး
မဖမ်းဆုတ်ချင်တော့ဘူး။
စိတ်ကြိုက်သာ လွင့်မျောစေတော့....
တိမ်စိုင်တွေမရှိလည်း
ကောင်းကင်ကြီးက လှပပြီးသား မဟုတ်လား။
2
0
327
အတွေးနယ်
ချောင်ပိတ်မိနေတဲ့လူတစ်ယောက်လိုပဲ
ဟိုပြေးလည်း မလွတ် ဒီပြေးလည်းမလွတ်။
အတွေးနွံထဲ ဝဲချာချာလည်
စိတ်တွေ အညစ်ရောင်ပြောင်းရာမယ်
ချမိလိုက်တဲ့ သက်ပြင်းတွေက
ရေတွက်မရနိုင်တယ်။
အဆုံးသတ်က ဘာဖြစ်မယ်ဆိုတာ မသိ
ဘာတွေဆက်ဖြစ်လာအုံးမလဲ ကြိုမသိ
အို မသိခြင်းပေါင်းများစွာနဲ့
ဘဝရယ်ပါ။
တိမ်တွေလိုပဲ
ပျောက်ကွယ်သွားရင်ကောင်းမယ်။
1
2
304
အသက်
~စမ်းရေလို့အေးမြကြည်လင်တဲ့
အသက်ရဲ့အသံလေးက ငယ့်နှလုံးသားကို
ဖြတ်သန်းစီးဆင်းသွားလိုက်တာ
အချစ်သမုဒ္ဒရာကြီးကိုဖြစ်လို့ အသက်ရေ~
#KM
4
5
331
I want to
လေပြေညှင်းတွေ တိုက်ခတ်တော့
မိုးရနံ့လေးက နှာဖျားဝကို
လာရောက်ကျီစားတယ်။
Octမှာရွာတဲ့မိုးမလို့ မိုးဓာတ်လေးက
ချမ်းစိမ့်စိမ့်နဲ့။
စောင်လေးခြုံကာ ကွေးလို့ရယ်
နှပ်လိုက်ချင်ပါတယ်။
#KM
1
3
339
Tulip
အငယ်သိလား
ကျူးလစ်ပန်းတွေက
ပြီးပြည့်စုံတဲ့အချစ်၊
နက်ရှိုင်းတဲ့အချစ်ကို ဆောင်တယ်တဲ့။
#KM
4
2
378
A NGE
ဒီအတိုင်းလေး
မသိချင်ယောင်ဆောင်ထားတာပါ အငယ်..
အငယ့်အပေါ် သဝန်တိုတာတွေလည်းရှိတာပေါ့
ဒါပေမဲ့ ထုတ်မပြပါဘူး။
အငယ့်အပေါ် ဆိုးချင်တာတွေလည်းရှိတာပေါ့
ဒါပေမဲ့ မဆိုးရဲဘူး
အငယ်စိတ်ကွက်သွားမှာကြောက်လို့။
အငယ့်အမြင်မှာ ကိုယ်ဟာ
လူလိမ္မာလေးတစ်ယောက်အနေနဲ့ပဲ
ရှိနေချင်တယ်။
#KM
3
6
303
OD
စိမ်းနုရောင် မြက်ခင်းလေးပေါ်
ဟိုပြေးဒီပြေးလုပ်ချင်တယ်။
သဘာဝတရားကြီးကို ငေးမောချင်တယ်
အရာအားလုံးမေ့သွားတဲ့အထိပေါ့။
ဂစ်တာတစ်လက်နဲ့
ဒေါင်ဒေါင်ဒင်ဒင်လုပ်ချင်တယ်
သီချင်းတွေ အကျယ်ကြီးအော်ဆိုရင်းပေါ့။
တစ်ခါတလေတော့လည်း
စိတ်ထွက်ပေါက်ရှိရာအရပ်ဆီ
အပြေးလှမ်းချင်မိတော့တယ်။
#KM
4
2
211
ကိုယ့်ရဲ့အလင်း
နေမင်းကြီးအနောက်အရပ်ဆီ
ပျောက်ကွယ်သွားရင်
ကမ္ဘာကြီး အမှောင်ကျသွားသလို...
ကိုယ့်ရဲ့ အလင်းရောင်လေး မရှိတော့ရင်လည်း
အမှောင်ကျသွားနိုင်တဲ့ ကိုယ့်ဘဝကို
အလင်းလေးသိနိုင်မလား~
#KM
2
0
243
IDK
ပြောင်းလဲသွားတဲ့မင်းအပေါ်
ဘယ်လိုပြစ်ချက်မျိုးနဲ့ စွဲချက်တင်ရမလဲဆိုတာ
ဒီကလူမသိဘူး။
မင်းသိတဲ့အတိုင်း ဒီလူက
ထုံအအလေကွာ။
3
0
234
မေမေ့မွေးနေ့
Happy Birthdayပါ မေမေ
အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့
သမီးတို့ဘေးမှာ ရှိနေပေးပါ ❤
3
0
294
Lucky
ဖြစ်ပြီးရင်ပျက်တတ်တဲ့ လောကကြီးမှာ
ငါ့အပေါ် နားလည်သည်းခံပေးတတ်တဲ့
သူငယ်ချင်းတစ်ယောက်ကို ရထားတာ
ငါ့အတွက်တော့ ကံကောင်းမှုလေးတစ်ခုပါပဲ
💙
#Khoon Maple
2
0
218
To Someone
မင်းကတော့ မသိနိုင်ပေမယ့်
တကယ်ကို ရင်ထဲမှာ ပူလောင်နေခဲ့တာ
မင်းရဲ့ ပန်ကာလေးတွေက
အရမ်းကိုစိတ်ပူနေခဲ့တာ
ကိုယ်အပါအဝင်ပေါ့
မင်း ဘေးကင်းတယ်ဆိုရင် ရပါပြီ 💙
#KDPPE
2
0
267
အကြည်ဓာတ်လေး
ပင်ပန်းမှုတွေပျောက်အောင်
ဟာသ ပုံလေးတွေ လာပို့ပေးတဲ့
အကြည်ဓာတ်လေးကို ချစ်လိုက်တာ💙
#su
1
0
236
အကြည်ဓာတ်လေး
လူတိုင်းမှာ
သူဘာလုပ်လုပ် အပြစ်မမြင်မိတာမျိုး
သူဘာလုပ်လုပ် အမြဲ ယုံကြည်ပေးနေမိတာမျိုး
သူ့နာမည်ကြားတာနဲ့
နှုတ်ခမ်းစွန်းလေး ကော့တက်သွားတာမျိုး
သူ့ကိုဆို အမြဲ ကူညီပေးချင်မိတာမျိုး
အစရှိသဖြင့်ပေါ့...
အဲ့လိုမျိုးလူတစ်ယောက်ရှိကိုရှိကြတယ်..
ငါ့မှာလည်း အဲ့လိုလူတစ်ယောက်ရှိတယ်..
သူက ငါ့ရဲ့ အကြည်ဓာတ်လေးပေါ့💚
#Su
1
0
243
ငါ့မှာ
ငါ့မှာ အခြားသူတွေလို
ပိန်ပိန်သွယ်သွယ်ခန္တာကိုယ်မရှိဘူး
ချောမွတ်ပြေပြစ်ပြီး လှပတဲ့
မျက်နှာအသွင်အပြင်လည်းမရှိဘူး
ရည်းစားဆိုတာကလည်း
ဂျိုနဲ့လားလို့ မေးရလောက်တယ်
ဒါပေမဲ့ ငါ့မှာ
ငါ့အပေါ် အမြဲနားလည်ပေးတတ်တဲ့
အချစ်ဆုံးသူငယ်ချင်းလေး
တစ်ယောက်တော့ရှိတယ်
Su
2
1
238
Friendship anni
Happy 4 years friendship anniပါ
Bff gyiရေ
ဒီ့ထက်ပိုပြီး ခင်ချင်ပါတယ် ✌
အများကြီးလည်း ချစ်တယ် 💙
#Su
2
0
277
ဘယ်သူသိနိုင်မလဲ
Maskအောက်မှာ ဖြစ်ပေါ်နေတဲ့
ဝမ်းနည်းမှုတွေကို ဘယ်သူသိနိုင်မလဲ
အပြုံးတုတစ်ခုကို ပန်ဆင်ရင်း
မျက်လုံးတွေက ဝမ်းနည်းရိပ်သန်းနေတယ်
ငါလေ အရမ်းမွန်းကြပ်နေတယ်
Su
2
4
301
ငါ့အကြောင်းလို့ပဲ ဆိုရမှာပေါ့
သူများတွေက သူတို့ချစ်ခင်ရတဲ့ သူအပေါ်
ဘယ်လိုနည်းမျိုးနဲ့ ချစ်လဲမသိပေမယ့်
ငါကတော့ ငါချစ်ခင်ရတဲ့သူနဲ့ ပတ်သက်တဲ့
Conversation တွေကို ss ရိုက်ပြီး
တမြတ်တနိုး သိမ်းထားတတ်တယ်
သိမ်းထားတတ်တဲ့ အရာတွေထဲမှာ
သူ့ဓာတ်ပုံတွေလည်း ပါမှာပေါ့...
ပြီးတော့
သူ့အကြိုက်တွေကိုလည်း
ငါမှတ်ထားတတ်တယ်...
နောက်ပြီးဘာအကူအညီပဲဖြစ်ဖြစ်
ငါ့ဘက်က တတ်နိုင်သမျှ ကူညီပေးချင်မိတယ်
ဒါကငါ့စိတ်ရင်းအမှန်
ရင်ဖွင့်လာရင်လည်း
ငါ့ဘက်က အမြဲနားထောင်ပေးဖို့
အဆင်သင့်
ငါက ချစ်တာကို စကားအနေနဲ့
ထုတ်ဖော်မပြတတ်ဘူး
ငါ့အပြုအမူတွေကနေတစ်ဆင့်
မြင်နိုင်ပါတယ်...
#Su
4
4
378
စိတ္တဇနာမ်
အရင်တစ်ချိန်ကပုံရိပ်တွေဟာ
မျက်လှည့်ပြသလို
အသိစိတ်ထဲဝင်ရောက်လာတဲ့အခါ
ကိုယ့်ရဲ့ဘေးနားကို လှည့်ကြည့်ဖြစ်တယ်
အော် သူမရှိဘူးပဲ
ဘေးနားမှာ အမြဲရှိပေးနေကျ
စကားတွေ ဆိုနေကျ
ရယ်စရာတွေပြောနေကျ
ကောင်မလေးတစ်ယောက် မရှိဘူးပဲ
အထီးကျန်ခြင်းဆိုတဲ့ စိတ္တဇနာမ်ဟာ
ကိုယ်နဲ့တော့ မစိမ်းသက်ပေမယ့်
နောက်တစ်ခါ ထပ်ရောက်လာမယ်လို့
ကိုယ်မထင်ထားခဲ့ဘူး
#Su
3
0
269
ဘယ်သူလဲလို့မေးခဲ့ရင်
ကိုယ့်အကြောင်းကို
ကိုယ့်ထက်ပိုပြီးနားလည်နေတတ်သူ
ကိုယ့်အပေါ်ကိုလည်း
နားလည်မှုပေးနိုင်သူ
ကိုယ်ရဲ့ရင်ဖွင့်မှုတွေကို
စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတတ်သူ
ဝမ်းနည်းလို့မျက်ရည်ကျတိုင်း
ဘေးနားကနေ ရယ်စရာတွေပြောပြီး
အငိုရပ်အောင် လုပ်တတ်သူ
ပျော်ရွှင်စရာတွေရှိလာရင်လည်း
အတူတူ မျှဝေခံစားပေးမယ့်သူ
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ
အားတက်စေတဲ့စကားတွေသာ ဆိုခဲ့သူ
အိုဗျာ အရှင်းဆုံးပြောရရင်
ဘယ်အချိန်ဖြစ်ဖြစ်
အနားရှိနေပေးမယ့်သူပေါ့
ထိုသူဟာ ဘယ်သူလဲလို့ မေးခဲ့ရင်
ကျွန်တော်ဖြေလိုက်မယ်
ကျွန်တော့်ရဲ့ အချစ်ဆုံး BFFကြီးပါပေါ့
#ICE
2
0
218
ဆံနွယ်ကောက်ကောက်လေး
ဆံနွယ်ကောက်ကောက်လေးတွေက
လေတစ်ချက်အဝှေ့မှာ
ပေါ့ပါးစွာ လွင့်ပျံ့နေတယ်
Shampoo နံ့ သင်းသင်းလေးက
ရုတ်တရက် တိုးဝင်ရောက်လာတဲ့အခါ...
ဆံနွယ်ကောက်ကောက်လေးတွေ
ပိုင်ဆိုင်ထားတဲ့ သူမရဲ့ ဦးခေါင်းထက်ကို
နမ်းရှုံ့လိုက်တယ်..
အရမ်းကိုမွှေးပျံ့နေသော
သူမရဲ့ ဆံနွယ်ကောက်ကောက်လေးတွေပါပဲ..
# Khoon Maple
1
0
364
ကြိုက်မိသော စကားစုများ
ရိုးရှင်းစွာနဲ့ ငါမင်းကို သိပ်ချစ်ခဲ့တယ်
ရုတ်တရက်ပါပဲ
မင်းသူ့ကို သိပ်ချစ်သွားခဲ့တယ်...
Crd to အကြင်နာမွန်
# ကြယ်ခြွေသူ
2
0
435