Блог користувача
Кого читати?
Expired
Думки вголос
အစွဲအလမ်းကြီးတဲ့သူတွေက ပြတ်သားပြီဆိုလုံးဝလှည့်မကြည့်တတ်ကြတော့ဘူးတဲ့။
ဒီစကားကိုအရင်ကလက်မခံနိုင်ခဲ့ဘူး။ ရူးမတတ်စွဲလမ်းနေမိတဲ့သူကို ဘယ်လိုလုပ်ပြီးမေ့ပစ်နိုင်မှာလဲလို့ တွေးမိခဲ့ဖူးတယ်။
ကိုယ့်ရဲ့ရူးသွပ်မှုတွေ expired ဖြစ်မသွားခင်အချိန်အထိပေါ့...။
@KM အမှန်ပဲ expired ဖြစ်သွားတဲ့အခါ ဘယ်လောက်စွဲလမ်းခဲ့တဲ့အရာဖြစ်ပါစေ ပြန်မလိုချင်တော့ဘူး
What else can I do ??
Думки вголос
ဖြစ်ခဲ့ပြီးသားအတိတ်တစ်ခုကို နားလည်လက်ခံပေးရုံကလွဲပြီး ကျွန်တော်ဘာများတတ်နိုင်ဦးမှာလဲ ??
လက်မခံချင်လို့ဆိုပြီး အတင်းငြင်းဆန်ရှောင်ပုန်းနေလို့လည်း အတိတ်ကအမှန်တရားတစ်ခုက ပြောင်းလဲသွားမှာမှမဟုတ်တာဘဲလေ။
2
57
မိုးခါးရေ
Особисте
အမြဲတမ်းအရှုံးပေးနေတဲ့ငါ့ကို...
ချနင်းပြီး ဟားတိုက်လှောင်ဦးမလား...
ခံနိုင်ရည်ရှိသောလူသားတစ်ယောက် ဖြစ်ချင်တယ်....။
1
32
Pain
Особисте
တချို့နာကျင်မှုတွေက စကားလုံးတွေအဖြစ်မပြောင်းလဲဘဲ မျက်ရည်တွေအဖြစ်စီးဆင်းသွားတယ်။
မြစ်ဖျားခံရာရပ်ဝန်းလေးကတော့ တဆစ်ဆစ်ကိုက်နေတုန်းပဲ...။
2
49
Everything Will Be OK
Особисте
အဆင်မပြေမှုတွေကြားထဲက ပျော်ရွှင်ခြင်းကိုရှာဖွေရတာ သဘာဝပဲမဟုတ်လား။
အကောင်းအဆိုးဒွန်တွဲနေတဲ့လောကကြီးမှာ စိတ်ညစ်စရာတွေပဲတစ်ချိန်လုံးတွေးနေရင် ရှင်သန်ရတာဘာအဓိပ္ပာယ်ရှိတော့မှာလဲ။
အဆင်မပြေမှုတွေကိုကြိုးစားကျော်ဖြတ်နေရတဲ့ကျွန်တော်တို့လည်း ပျော်ရွှင်ရဖို့ထိုက်တန်ပါတယ်။
နေ့သစ်တိုင်းမှာ အရာအားလုံးအဆင်ပြေသွားဖို့ မျှော်လင့်ရင်း.....
1
48
Silent
Особисте
ပြောမထွက်ခဲ့တဲ့စကားတွေနဲ့ အသံမထွက်တဲ့မျက်ရည်တွေထက် လေးလံတဲ့အရာရှိဦးမလား....။
@KM အင်း နင်လဲဖိုက်တင်း😊
Reason
Особисте
တချို့သူတွေက ကျွန်တော်ပြောင်းလဲသွားတာကိုပဲမြင်ကြတာပါ။
ပြောင်းလဲခြင်းရဲ့နောက်ကွယ်ကတရားခံက သူတို့ဆိုတာကိုတော့ မတွေးမိကြဘူး။
ကျွန်တော်အေးစက်လာတာကိုပဲ သူတို့ပြောကြတာပါ။
နွေးထွေးပေးခဲ့တုန်းက တန်ဖိုးမထားခဲ့တဲ့သူတို့အကြောင်းကိုတော့ သတိမရကြဘူး။
@KM ငါနဲ့တွေ့တဲ့အချိန်ဆိုရင်တော့ အဲ့ဘွဲ့ကြီးကိုဘေးချထားပေးနော် 🙄
@SILENT_SOUL . နင်နဲ့တွေ့ရင် မီးကျီးခဲပါ😁
Best Friend
Особисте
အပေါ်ယံတွေပေါများလွန်းတဲ့လောကကြီးမှာ စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ကို ငါပိုင်ဆိုင်ထားတယ်။
ငါတကယ်ကိုကံကောင်းတာပဲ...။
2
62